Monday, 5 January 2015

                          အင်းစိန်မှသည် ဂျိမ်းဖော နရသိမ်ဆီသို့  (၃)

ကျနော်တို့ စီးနင်းလိုက်ပါလာသော အချုပ်တွဲ ပါ ရထားကြီးက ရန်ကုန်ဘူတာကြီး သို့  ရောက်ရှိချိန်မှာ 
မနက် (၉း၀၀)ခန်သာ ရှိပေဦးမည်...။ကျနော်တို့ အချုပ်တွဲ ကို အခြား စက်ခေါင်းတွဲ တခုက လာရောက်
ချိတ်ဆွဲ သွားပြီး ဘူတာကြီှး ထောင့်တနေရာ တွင် ထိုးရပ်ထားခဲ့သည် ။မြန်မာ မီးရထားနှင် ဘူတာရုံတို့ 
ထုံးစံအတိုင်း အနံအသက်က အင်မတန်ဆိုးဝါးလှသည်...။ဧပြီလ နေပူပူ အချုပ်တွဲ ကျဉ်းကျဉ်းတွင် လူလေးဆယ်  ကြပ်ညပ်နေအောင် လောင်ပိတ်ထားသောကြောင့် လူငွေ...အပူငွေ...အနံအသက်
များစွာရှိသည်တိုင် ရထားတွဲ ပြတင်းပေါက်များကို ပိတ်ထားသဖြင့် တကယ် ငရဲခန်း တခု လို့ ဖြစ်နေတော
သည်....။
ထောင်ပြောင်းအကျဉ်းသား လေးဆယ် မပြည့် တတ်ပေမဲ့ လိုက်ပါ စောင့်ကြပ်သည် ရဲ အင်အား ၅၀ ကရထားတွဲ ပါတ်လည်မှာ နေရာယူထားကြသည်....။ ရထားတွဲ အချုပ်ခန်း ကိုခတ်ထားသည့်သော့ ခလောက် ကြီးကြီး ဖြင့်ခတ်ထားပြီး အကျဉ်းသား အားလုံးမှာ လည်း ခြေကျင်းကိုယ်စီ နှင့် ......။
ဒါကို ရဲ အင်အား (၅၀) ကျော်က စောင့်ကြပ်နေကြသည် ဆိုသည်ကတော့ လွန်လွန်းလှသည်....။
နေလည် (၁၂း ၀၀ ) လောက်ဖြစ်မည်ထင်သည်...။ ကျနော်တို့  ထောင်ပြောင် အုပ်စုထဲမှ ဒေါက်တာ 
လှိုင်မြင် က ရထားပြတင်းများဖွင်ပေးရန်ပြောရင်း လုံခြုံရေး ရဲ အရာရှိနှင့် အော်ပာစ် စကားများတော့သည် 
။ ဦးဝင်ထိန်....ဒေါက်တာ ဦးဇော်မြင်မောင် တိုက ပါ ၀ိုင်းဝန်းပြောဆို ကြတော့မှသာ ပြတင်းတချိုကိုဖွင့်
ပေးသည် ....။
နေလည် ၁၂ နာရီ ခန်မှာတော့ ထောင်က ပေးလိုက်သည့် ထမင်းထုတ်များ ဖြေကာ နေလည်စာ စားကြ
သည် ...ထောင်ဝင်စာ အစားအသောက် လက်ကျန် ပါရှိသူများက မပါသူတွေကို ခွဲဝေပေးရင်း စားသောက်
ရင်း စကားတွေ ဖောင်ဖွဲ့ ရင်း အပူဒဏ်တွေကို မေ့လျော့ပြစ်ခဲ့ကြသည်....။ထောင်စကျသည် ဆိုကတဲက
အခန်းတခန်းအတွင်း (၄)ယောက်သာ နေခဲ့ကြရပြီး အခုလို လူများစွာ နှင့် နေခွင့်  စကားပြောခွင့် မရခဲ့
ကြ.....။ထိုကြောင့် ထောင်ကို အရင်ရောက်သောသူ တို့ရဲ့ ထောင် အတွေ့ အကြုံ ...နောက်မှ ရောက်လာ
သူတို့ ရဲ့ နိုင်ငံရေး နောက်ဆုံး အခြေအနေ... အတွေ အကြုံတွေကို မေးကြ.....ပြောကြ ....ဆွေးနွေး ..
ငြင်းခုန်ကြ ရင်းနွေ နေ အပူကို အံတု နေခဲ့ကြသည်.....
ဒီဘူတာ ....ဒီဒေသ ...ကခွာရင်ဖြင့် ဘယ်သူတွေ ဘယ်ရောက်ကြမယ် ....ဘာတွေဖြစ်ကြမယ် ....
အပြင်လောက မှာ ပြန်လည် ဆုံတွေ့ ခွင့် ရနိုင်မည် ....မရနိုင်မည်ကတော့ မသေချာသေး.....။


                                                                                    ခိုင်ကိုဦး....။