.....ဆုတောင်းချင်တဲ့ မွေးနေ့ ဆုတောင်း....
ဒီနေ့  (၁၂)ရက်နေ့ ဆိုရင် ကျနော် လူလောက ကြီးထဲ ရောက်လာခဲ့ တာ (၄၃)နစ်ပြည့်ပါပြီ.......။
ဦးစွာ ကျနော်ကို ဒီလူလောကကြီးထဲ ရောက်အောင် ဆောင်ကျဉ်းပေးလာခဲ့သော အဖေ နဲ့  အမေ ကို
ကျေးဇူးတင်စွာ ရှိခိုးကန်တော့ လိုက်ပါတယ် ။
လူလောက ကြီးထဲ ရောက်ခဲ့ တာ (၄၃)နှစ်ဆိုတော့ ညီမျှတဲ့ အတွေ့ အကြုံ ရင့်ကျက်မှု့ တွေ လဲ ရခဲ့ပါပြီ
လွန်ခဲ့တဲ့ နှစ် အတော်ကြာကြာက စပြီး ကိုယ့်ဖြတ်သန်းခဲ့တဲ့ မွေးနေတွေကို ပြန်ငဲ့ ကြည့်မိတယ်.....။
အသက် (၁၅)နှစ်လောက်က စပြီးမွေးနေ့ အတော်များများမှာတော့ ဘုရားသွား ဆီမီး ၊ပန်း ၊ ရေချမ်း
လှု တယ် ...နောက်ပိုင်း လဖက်ရည်ဆိုင်ဖွင့်တဲ့ ကာလ ...ဗွီဒီယို အခွေငှာဆိုင်ဖွင့်တဲ့ ကာလ တွေ မှာတော့
အဲဒီနေ့  တနေ့ လုံး တွေသမျှ ဆင်းရဲသူတွေ (သူဖုန်းစား)ကို ငါးကျပ် တဆယ် လှူတဲ့ ကုသိုလ် မျိုးတွေ
လုပ်ခဲ့ဖူးတာမှတ်မိပါတယ်....။ ချစ်သူ (ထိုက်စု)နဲ့ တွေပြီးနောက်ပိုင်းမွေနေ့ မှာတော့ မနက် အစောကြီး
ရွှေတိဂုံ ဘုရားအတူသွားပြီး ကုသိုလ်တွေ မျှဝေယူခဲ့ဖူးတယ် ။ ငယ်ဘ၀မှာတော့ အဖေ အမေပာာ ကျနော်
မွေးနေ့ မှာ မွေးနေ အမှတ်တရ တခုခု လုပ်ပေးခဲ့ သလား ဆိုတာတော့ မမှတ်မိတော့ပါဘူး....။သို့ ပေမဲ့
မွေးပေးခဲ့ရုံနဲ့ တင် ကျေးဇူးကအတော်ကြီးနေပါပြီ....။
နောက်ပိုင်း (၁၉၉၆)ကစလို့  (၂၀၀၂ ) အထိ ရှစ်ပေ ဆယ်ပေ အခန်းလေးထဲနေရင်း ဘ၀တူ အကျဉ်းစံ
တွေရဲ့ မွေးနေ့ ဆုတောင်းတွေရယ်...ညဖက် အလှည်ကျ သီဆိုကြတဲ့မွေးနေသီချင်းတွေရယ်....၊နောက်
လာမဲ့ မွေးနေ တော့ ပြင်ပလောက မှာ ဆင်နွှဲ ရကောင်းရဲ့ ဆိုတဲ့ မွေးနေ့ မျှော်လင့်ချက်တွေရယ်နဲ့(၆)
နှစ်ကျော်ကြာမွေးနေ့  တွေကို ဖြတ်သန်းခဲ့ဖူးပါတယ်....။ အိမ်ထောင်ရက်သားကျလို့ သားသမီးတွေ ရ
လာတော့ သူတို့ လေးတွေရဲ့ မွေးနေ့ တွေကိုသာ အလေးထားဖြစ်ပြီး ကိုယ့်မွေ့ နေဆိုရင် အိမ်က ဘုရား
မှာပဲ ဆွမ်းရေချမ်းဆီမီးပန်း ကပ်လှူ လို့ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုပွားများလို့ သာ ကုသိုလ်ယူဖြစ်တော့
တယ်...။
လွန်ခဲ့တဲ့နှစ်အနည်းငယ် ကစလို့  နေထိုင်ရာ နိုင်ငံမှာ ရှိတဲ့ မြန်မာမိတ်ဆွေ တွေရဲ့  မွေးနေ့ ပွဲတွေ ...သူတို့ 
သားသမီးတွေရဲ့ မွေးနေ့ ပွဲတွေ ဖိတ်ရင် မလွဲမသွေ အကြောင်း ကြီးကြီးမားမာ မရှိရင် မပျက်ကွက်အောင်
တက်ဖြစ်ခဲ့ ဆင်နွှဲဖြစ်ခဲ့ပါတယ်....။ ပုံစံ မျိုးစုံနဲ့ ၊ အစားအသောက်မျိုးစုံ ၊ နေရာ ဒေသ မျိုးစုံမှာ မွေးနေတွေ ဆင်နွှဲ ကြပါတယ်...။ ကျနော် ကြားဖူးတာက မွေးနေ့ ဆိုတာက ကိုယ်မွေးတဲ့ မွေးနေ့ မွေးရက်မှာ အလှူ
ဒါနတွေ ပြုလုပ်ပြီး ကုသိုလ်ယူကြတယ်လို့ ဆိုတယ်...။ ခုနောက်ပိုင်ကြုံ ရတဲ့မွေးနေပွဲတွေကတော့ကုသိုလ်
ကောင်းမှု့ လုပ်တဲ့မွေးနေ့ ပွဲ ဆိုတာထက် မွေးနေ့ ပါတီ ဆိုတာတွေ အတွေ့ များလာပါတယ်..။
ဘယ်လိုပင် ဆိုဆို မွေးနေ့ ...မွေးနေ့  ပွဲတွေ လုပ်ဖြစ်ကြပါတယ်...။မွေးနေ့ ဆိုတာကို ဘယ်လိုစဉ်းစားကြ
သလဲ ဘယ်လိုမြင်ကြသလဲ ဆိုတာတော့ တဦးချင်းဆီရဲ့  အတွေး အယူအဆ ပေါ်တည်မှီမှာပါပဲ...ကုသိုလ်
အတွက်...လား....ပကာသန အတွက်လား ....အပျော်လား...?
ကျနော် အတွက်တော့ မွေးနေ့ ဆိုတိုင်းသတိရ မိတာ တခုက (၅ နှစ်လောက်ရှိပါပြီ) အသက်တနှစ်ကြီး
သွားပြီ သေဖို့ တနှစ်နီးလာပြီ ဆိုတာပါပဲ.....။ အခု ကျနော်အသက် ၄၀ ကျော် ဆိုတော့ လူသက်တမ်း
(၈၀) ထားပြီးတွက်ရင် သက်တမ်း တ၀က် ရှိသွားလေပြီ...။ဒါတောင်သက်တမ်းစေ့ နေရဦးပါမှ............။
သက်တမ်းစေ့ မပာုတ်ပဲ (ကွေးသောလက်မဆန့် ခင်...ဆန်သောလက်မကွေးခင် ဆိုတဲ့ အတိုင်း) သဘာဝ
ဘေးကြောင့်....ဒါမှမပာုတ် ကားတိုက် ဓါတ်လိုက် ....သူတပါး လက်ချက်ကြောင့်....(၉၆)ပါးသော ရောဂါ
ကြောင့် အချိန်မရွေး သေနိုင်တာ ပဲမပာုတ်လား...။သေခြင်းဆိုတာ ကြီးငယ်မပာူ ဆုံတွေ ရမဲ့  အရာ ဆိုလေတော့ ကိုယ်ဘယ်နေ ဘယ်အချိန်...ဘယ်လိုပုံစံ နဲ့ သေမလဲ ဆိုတာ ဘုရား ရဟန္တာ တွေသာကြို
သိနိုင်ပြီး ကိုယ်လို ပုထုဇဉ် တွေအတွက် ကြိုသိနိုင်တဲ့ အရာမှမပာုတ်တာ....။ ဒီတော့ အသက် တနှစ်ကြီး
လို့ သေဖို့  တနှစ်နီးလာပြီ ဆိုတိုင်းနောက်ဆက်တွဲ စဉ်းစားမိတာက သေခြင်း........။
သေခြင်း ကိုကပ်ပြီးစဉ်းစားမိလေတော့ မသေခင် အချိန်လေးမှာ သေဖို့ အတွက်ဘယ်လိုပြင်ဆင်ထားမလဲ
.................။
ကျနော် ဗုဒ္ဓ ဘာသာ ၀င်တယောက်အနေနဲ့  ဘုရားပောာ တရာတွေ အတိုင်း လိုက်နာကျင်သုံး နေရင်
တော့ သေခြင်းဆိုတာ တုန်လှုတ်ခြောက်ခြားစရာ မပာုတ်နိုင်ပါဘူး....။ ကောင်းတာလုပ်ရင်ကောင်းတာ
ဖြစ်မယ်....မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ် ဆိုတဲ့ သဘောအရ ကံ..ကံရဲ့ အကျိုးကို လက်ခံ
ပြီး ကံကောင်းအောင်အမြဲ ကြိုးစား အားထုတ်နေမယ် ဆိုရင် သေခြင်းဆိုတာ ဘာများကြောက်စရာ ရှိပါ
သလဲ....။ဒီနေရာမှာ ထပ်တိုးစဉ်းစာမိတာက ဗုဒ္ဓ၀ါဒ မပာုတ်တဲ့ အခြား ၀ါဒ တွေပါ....အခြား ဘာသာတွေ
အရ ဆိုရင် သေခြင်း ဆိုတာ ဘုရားသခင် ကဖန်ဆင်းပေးထားခြင်း ကို ဘုရားသခင် က ပြန်လည် ရယူ
သွားတာ ဘုရားသခင်ရဲ့  အမိန်တော် အရ ထာဝရ ဘုရားသခင် ရဲအိမ်တော်ကို ပြန်သွားတာ ၊ ရိုးရိုးလေးပါ
ပဲ...။လူသား တိုင်ပာာ အပြစ်သားတွေဖြစ်တယ်...အဲဒီ ဘုရားသခင် ဖန်ဆင်းပေးတဲ့ လူသားတွေ ရဲ့  အပြစ်
တွေကို ဘုရားသခင်က ခံယူပေးပြီး ယုံကြည်သူလူသားတိုင်ကို အကာအကွယ်ပေးတယ် လို့ ဆိုတယ်....။
ဒီတော့ သက်ရှိထင်ရှားရှိနေစဉ်ကာလမှာ အပြစ်တွေ လုပ်မိကောင်းလုပ်မိကြမှာပါပဲ....သို့သော် မလုပ်မိ
အောင် လဲ တဖက်က သွန်သင်ညွန်ပြပေးတယ်...လူသားတိုင်း သတ္တ၀ါ တိုင်း ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်း
တွေ ဖြစ်တာကြောင့် မေတ္တာထားဖို့  အမြဲညွန်ပြပေးတယ်...အဲဒီဘာသာ ရဲ့  အဓိက ကို ကျနော်
သိသလောက်နဲ့  ရှာ ကြည့်တော့ မေတ္တာတရားကို အတော် အလေးအနက်ထားတာ တွေ့ ရတယ်...... အဲဒီလို မေတ္တာ တရား ကြီးမားကြ ပြီး ဘုရားကို တကယ်သက်ဝင် ယုံကြည်ပြီး ဘုရားရဲ့  အဆုံးအမအတိုင်း ကျင်ကြံ နေထိုင်ကြ
တဲ့ အခါ သေခြင်းတရား ဆိုတာ ရုပ်ပျက်ဆင်းပျက် ဖြစ်လောက်အောင် မပူလောင်ကြတော့တာ တွေရ
တယ်...။ ဘုရာသခင် ဖန်ဆင်းပေးလို့ လူဘ၀ကိုရတယ်....ဘုရားသခင်ရဲ့ အမိန်တော် အရ ဘုရာသခင်
ရဲ့ အိမ်တော်ကို ပြန်သွားတယ်...။ လူအသက် ကို ရရှိလို့  မိသားစု ၀င်ဖြစ်လာတဲ့ အတွက် သာရှိပြီး ဘုရား
ဆီပြန်သွားတယ် ဆိုတဲ့ ယုံကြည်ချက်ကြောင့် အခြားဘာသာဝင်တို့ ရဲ့  နာရေးအခမ်းအနားတွေ တက်
ရောက်တိုင်း ရင်ဘတ်စည်တီးပြီး ရုပ်ပျက်ဆင်းပျက် ငိုကြွေးကြတယ် ..ပူလောင်ကြတယ် ဆိုတာ ကို မတွေ့ ဖူးပါဘူး...။( ဒီနေရာမှာ ကြားဖြတ်ပြီး ပြောချင်တာတခုက ကျနော် ကိုးကွယ်ရာဘာသာ မပာုတ်လို
ပုတ်ခတ်ပြောဆိုလိုခြင်းမရှိတာအမှန်ပါ... ) ထပ်ပြီးတွေးမိတဲ့ အခြားဘာသာ တခုမှာ ဆိုရင်လည်း ဒီလို
ပါပဲ မေတ္တာတရားကို အခြေခံပါတယ်...အဲဒီဘာသာ ရဲ့ ကျမ်းစာ တပိုဒ်မှာ ဆိုရင် သတ္ထဝါ တကောင်
ကောင်ကိုသတ်ပြီး ယာဇ်ပူဇော်မယ် ဆိုရင် အဲဒီသတ်မဲ့ သတ္ထဝါ ရဲ အလေးချိန်နဲ့  ညီမျှတဲ့ မီးကျီးခဲ ရဲရဲ
တွေ ကို စုပုံပြီး အဲဒီမီးပုံပေါ်တက်ရပ်ပြီးမှ သတ္ထဝါ ရဲ့ အသက်ကို တချက်တည်းနဲ့  သေအောင်သတ်ရမယ်
လို့ ဆိုတယ်...ဒါ...ဘာကိုညွှန်ပြသလဲ ဆိုတော့ မီးပုံပေါ် အခုအခံမပါ ခြေဗလာနဲ့  တက်ရပ်မယ် ဆိုရင်
ရပ်တဲ့သူ မပူလောင်ပဲ နေပါ့မလား ....ကိုယ်ပူလောင်သလို အသတ်ခံရမဲ့  သတ္ထဝါ လဲပူလောင်မယ် ဆိုတာ
ကို ကိုယ်ချင်းစာတတ်ဖို့ ညွှန်ပြတယ် လိုပဲ ကျနော်ယူဆမိတယ်....။ကိုယ်ချင်းစာတယ် ဆိုတာလဲ
မေတ္တာတရားကို အခြေခံ တာပါပဲ....။ ဒါပေမဲ့  အဲဒီဘာသာမှာကျတော့ ဘာသာဝင်ချင်းသာ ပိုပြီးစည်း
လုံးတာတွေ ရပြီး ဘုရားအမိန့် ခံယူတာကတော့ အတူတူ ပါပဲ....။ ဘုရားအမိန် ခံယူတယ်...ဘုရားရှိရာ
ပြန်သွားတယ်....။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ....။ ဘုရားရှိရာ အရပ်ရောက် မရောက် ဆိုတာတော့ မသေချာ.....ကျနော် ကိုယ်တိုင်မသိ.....။
ကျနော်ကိုးကွယ်ရာ ဘာသာ မှကျတော့ အခြားဘာသာတွေထက်စာရင် ပြီးပြည့်စုံတယ် လို့  ယုံကြည်မိ
တယ်...။ အတိတ်ဘ၀ က ကုသိုလ်ကံ ...အကုသိုလ်ကံ တွေကြောင့် လူဘ၀..တိရစ္ဆာန် ဘ၀...ငရဲဘ၀...
စတဲ့ ဘုံဘ၀ (၃၁)ခုမှ ကျင်လည်ကြရတယ်...။အဲဒီဘ၀တွေ ရဲ့  လွတ်မြောက်ရာ လမ်းက ဘယ်မှာ ရှိပြီး ဘယ်လိုသွားရတယ် ဆိုတာကို ဗုဒ္ဓမြတ်စွာ ဘုရားက အတိအကျညွှန်ပြ ထားပြီးသား...။အကုသိုလ် က
ဆိုတဲ့ အကျိုးပာာ ဘုရားဖြစ်တာတောင် မလွတ်ဖူးဆိုတာလဲ ဗုဒ္ဓမြတ်စွာ ဘုရားကိုတိုင် သက်သေရှိခဲ့ တာ
ပါပဲ....အသစ်ဘ၀ မရှိတော့တဲ့ နိဗ္ဗာန် ဆိုတာကို ရသွားတဲ့ နောက်ဆုံးဘ၀မှာ တောင် အတိတ်ဘ၀ က
အကုသိုလ် ကံ က အကျိုးလာပေးတော့ ၀မ်းတော်လား ခဲ့ရသေးတာပါပဲ....။ကုသိုလ် အလုပ် က ဘယ်လို
အကုသိုလ် အလုပ်ပာာ ဘယ်ပာာ ဆိုပြီး သေသေချာချာပိုင်းခြားပြ ထားပြီးသား...။ မေတ္တာတရား တင်
မက ပါဘူး စေတနာ...ဂရုဏာ...မုဒီတာ စတဲ့ မင်္ဂလာ တရား ဆိုတာ လဲသွန်သင်ပြ သလို့  မင်္ဂလာ နဲ့ 
အမင်္ဂလာ တွေလဲ ခွဲခြားပြထားပြီးသား....။ဘာမှ မရှိတဲ့ အနတ္ထ ဆိုတာကိုညွှန်ပြပြီး အတ္ထ နဲ့  အနတ္ထ ဆို
တာလဲ ခွဲခြားနိုင်စေခဲ့ပါတယ်...။ ဒါပေမဲ့ ကျနေိာတို့  ဘာသာဝင် တချိုမှာတော့ ကိုယ်ဘာသာ ကို ထဲထဲ
ဝင်ဝင် နားလည်အောင် မကြိုးစားကြသလို့  နားလည်ပြန်တော့လည်း လိုက်နာကျင်သုံးဖို့ ခက်နေကြပြန်
ရော... မေတ္တာ...စေတနာ...ဂရုဏာ...မုဒီတာ...ကောင်းတယ် လိုက်နာရမယ်..ကျင်သုံးရမယ် ...ဘုရား
ပောာတာမှန်ပေမဲ့ တကယ်လက်တွေ့ ကျင်သုံးတာက အတ္ထ တွေ ...မာနတွေ...စိတ်ဣသာတွေ...နဲ့ ပဲ
လုံးလည်လိုက်နေကြတာ များပါတယ်...။ အဲသည်လို လုံလည်လိုက်နေတာ များလေတော့ သေပြီပော့
ဆိုတဲ့အခါ ကျတော့ ကျန်ရစ်သူမိသားစုက ပူဆွေးသောက ရောက်ကြရလေရော....ကုသိုလ် အလုပ်ထက်
အကုသိုလ် အလုပ်တွေက များခဲ့တယ်....မင်္ဂလာ တရား (၃၆)ပါး နဲ့ အညီ မနေခဲ့တဲ့ အခါ သေခြင်းရဲ့ 
ပိာုဖက်ဘ၀ ဆိုတာ ကောင်းဖို့ ထက် ဆိုးဖို့ က ပိုများနေပြီမို့  ကျန်ရစ်သူမိသားစု ခမျာ သွားလေသူ ရဲ့ 
ဘုံဘ၀ ဆိုတာ တွေးရင်းပူဆွေးပြီး ရင်ဘတ်စည်တီး ကြရလေရော...။
တကယ်လို့ သာ ဘုရားပောာအတိုင်း နေမယ် ..ကျင်ကြံအားထုတ်မယ် ဆိုရင် ဆိုးဖို့  ရှိပါဦးမလား.....၊
ဆိုးဖို့ မရှိရင် သောကဖြစ်စရာ ရှိပါဦးမလား....အပါယ်(၄)ဘုံ ရောက်နိုင်ပါ့မလား....။
ဒါ...ဘာသာတရားနဲ့ သေခြင်းတရား ကိုကျနော်လက်လှမ်းမှီသလောက်စဉ်စားမိတာပါ.......။
ကျနော်စဉ်စားမိတာနဲ့  ကျနော် ကိုယ်တွေ ကြုံတာလေး ဆက်စပ် မိတာကိုပြောပါရစေဦး.......။
ကျနော်နေတဲ့ အိမ်ရဲ့ ဓါးလွယ်ခုတ်အရပ် ကအိမ်ကြီးအိမ်ကောင်း တစ်အိမ်မှာပေါ့ ၊ကျနော်အထင်ပြော ရ
ရင် အီတလီ လူမျိုးများထင်ပါရဲ့ ....။အိမ်ကြီးက တကယ်အကောင်းစား နှစ်ထပ်အိမ်ကြီးပါ...နေရာ အကွက်အကွင်းနဲ့  အိမ်ရဲ့  ကာလပေါက်ဈေး မှန်းကြည့်ရင် (၂) မီလီယံ ကျော်မလားပဲ...။အဲဒီအိမ်ကြီးမှာ
သက်ကြီးရွယ်အို အဖေ အမေ ရယ် ဘယ်နှစ်ယောက်မှန်းမသိတဲ့ သားသမီးတွေ ရယ်နေကြတာ သတိထား
မိပါတယ်...။သားသမီးတွေ က မနက်လင်းတာနဲ့ ကားကိုယ်စီ မောင်းပြီး အလုပ်သွားကြတာ ည အတော်
နက်မှ ပြန်လာကြတယ် ....။အဖေ အမေ ကတော့ တယောက်နဲ့  တယောက်တွဲ လို့  လမ်းလျှောက်ထွက်
ကြတယ်...၊ဈေးဝယ်ထွက်ကြတာ တွေရတတ်သလို တခါတရံမှာ ဖခင်ကြီး ခြံထဲဆင်း သန်ရှင်းရေးလုပ်
တာ မျိုးတွေ့ ရပါတယ်....။ဒီလိုနဲ့ တရက် ကျနော် တို့ မိသားစု အပြင်ထွက်ကာနီး အဲဒီ အိမ်ရှေ့ မှာ တံခါး
(၆)ပေါက် ကားကြီး နှစ်စင်း ရပ်ထားပြီး တွေတဲ့သူတွေ အားလုံး ကလဲ အနောက်တိုင်းဝတ်စုံ အပြည့် အစုံ
နဲ့  စမတ်တကျ ၀တ်စားထားကြ တာတွေရလေတော့ အမှတ်တမဲ့ တွေးမိတာက သားသမီးတွေထဲက တယောက်ယောက် မင်္ဂလာဆောင် တာ နေမှာ လို့ .......။
ဒါပေမဲ့ ကျနော်အထင်အမြင် တက်တက်စင်အောင် လွဲပါတယ်....မင်္ဂလာဆောင် မပာုတ်ပဲ ...အမင်္ဂလာ
ဖြစ်နေတာပါ ....အသုဘ တင်တဲ့ ကားမဲကြီး ရောက်လာပြီး အမေကြီး အပါအ၀င် မိသားစုတွေ တံခါး (၆)
ပေါက် ကားကြီးပေါ် တက်တော့မှ အဲသည်အိမ်က အဖိုးကြီး သေမှန်းသိတော့ တယ်....။ဒီနိုင်ငံ မှာ လူတ
ယောက် သေ သွားပြီ ဆိုရင် အသုဘ ရှု့  အခမ်းအနာ ကျမှသာလျှင် လူသေ ဆိုတာတွေရပြီ သေတဲ့အ ချိန်မှာ ဘယ်လိုသယ်သွားတယ် ဘယ်မှာထားတယ် ဆိုတာမိသားစုဝင်တွေက လွဲရင် မသိရတာ များပါ
တယ် ....သုဘရာဇာ ကို အပ်လိုက်တာနဲ့  အစစအရာရာ အကုန် စီစဉ်ပေးတာပါ....။
အဖိုးကြီးရဲ့  ရုပ်အလောင်းတင်တဲ့ ကားကြီးက ရှေ့ ကထွက် သားသမီးတွေ မိသားစုတွေ စီးတဲ့တံခါး (၆)ပေါက် ကားကြီး နှစ်စီး ကနောက် က လိုက်ပြီးထွက်သွား ကြတာပါ...( အဖိုးကြီး ရုပ်အလောင်း ကို
အရပ်ထဲ ပြန်သယ်လာလို့  ဘယ်သူက မှ မပြောသလို အရပ်လဲ မနာပါဘူး)....။
ဒီလိုနဲ့  ရက်တွေ အတော်ကြာ လာတော့ ကျနော် လဲ မေ့မေ့ ပျောက်ပျောက် ဖြစ်နေပြီး ည တ ည
မှာတော့ (ည ၁၂ နီးနေပါပြီ ကျနော်အိပ်မရတာ ကြောင့် အိမ်ရှေ့  ၀ရန်တာ ထွက်ရပ်နေခိုက်မှာ) သမီး
ဖြစ်သူ က တုတ် တချောင်းနဲ့  ၀၇န်တာ တိုင်တွေ လှေကား အတက်အဆင်းတိုင်တွေ ကို ရိုက်လဲရိုက်
အော်လဲအော်ပြော ပါတယ်.....။သူမ ပြောတာတွေ က (အဖေ မင်းရူးနေလား...မင်းဘာလိုချင်တာလဲ....
ငါတို့ ကို မနှောက်ယှက်ပါနဲ့ တော့....)တဲ့ လက်ဖက်မှာ လဲ ခြင်ဆေးဗူး လို ...ရေမွေးဗူး လို ဗူး နဲ့  ပက်
ဖျန်းတာ တွေ ရပါတယ် ....။ အဲဒီ ည မတိုင်ခင် က အမှု့ မဲ့ အမှတ်မဲ့ မြင်တွေ့  နေတာ တခုက အဲဒီအိမ်
ကြီးရဲ့ ရှေ့ မှာ ရှိတဲ့ လုံခြုံ ရေးမီး ပါ....များသောအားဖြင် အိမ်တိုင်းလိုလိုမှာ လုံခြုံရေးမီးတွေ တပ်ထားကြပါ
တယ် ...အဲဒီမီးက အရိပ် တခုခု ဒါမှ မပာုတ် လူဖြတ်သွားမှ လင်းတာ ကြောင့် ကိုယ်အိမ်နားကို လူကပ်
လာရင် ချက်ချင်းသိနိုင်အောင်ပါ......။ သုံးလေးကြိမ်ထက် မနည်း လူတယောက် ခွေးတကောင် ကြောင်
တမြှီး မှ မဖြတ်ပါပဲ မီးလင်း လင်းလာတာ ကျနော်တွေဖူးပါတယ်...။အဲဒီတွေဖူးတာရယ် သူသမီး လုပ်ရပ်
ရယ် ဆက်စပ်တွေးမိတော့ (ကျနော်တို့ ဘာသာ အရ )မကျွတ်လွတ်ဖူးပေါ့.....။ သူတို့ ဘယ်ဘာသာဝင်
တွေ လဲ ဆိုတြာတော့ မသိပါ....။
အဲဒီ အဖြစ်အပျက်တွေ နောက်ပိုင်း ကျနော် တွေး မိတာ က ငါ...သေပြီးရင် ရော...ဘယ်ဘုံ ဘယ်ဘဝ
ကိုရောက်မှာလဲ.... ?
ဘာမှမသေချာပေမဲ့ ငယ်စဉ်ဘ၀ က ကျနော်ပာာ မိရီုးဖလာ ဗုဒ္ဓ ဘာသာဝင် တယောက် ပါ....သြကာသ
ဘုရားရှိခိုး အဖေအမေ နှု တ်တိုက်သင်ပေးလိုသာ တတ်လာတယ် ....ဘာမှန်းမသိ....။ထောင် ကျပြီး
ထောင်ထဲမှာ လေ့လာသင်ယူ ခဲ့ လို့ သာ ဘာသာကြီး (၄)မျိုး ထဲက (၃)မျိုး အကြောင်း အတော်အသင့်
သိလာခဲ့ပြီးမှသာ အမှန်တကယ် သက်ဝင်ယုံကြည်သော ဗုဒ္ဓ ဘာသာဝင် တယောက်ဖြစ်ခဲ့တာပါ.....။
ဒီတော့ ကံ...ကံ ရဲ့ အကျိုး ကိုယုံတယ်...၊ အနတ္ထဆိုတာကိုယုံတယ်....၊ နိဗ္ဗာန်ဆိုတာ တကယ်ရှိတယ်
ဆိုတာကို လက်ခံလာ ခဲ့တာပါ....။ အခု ဘ၀ မှာ အတိတ်ကံ ကောင်းခဲ့ လို့  ရခဲလှတဲ့လူ ဘ၀ကိုရတယ် ဆိုပေမဲ့ အဲဒီအတိတ်ကံ ကြောင့် နောင်ဘ၀ မှ လူ ဖြစ်ပါဦးမလား...၊ဒါတော့ မသေချာ .....။အခု ဘ၀မှာ
အတတ်နိုင်ဆုံး ဒါန...သီလ....ဘာဝနာ စောင့်ထိန်း ပေမဲ့ အရင့် အရင် ဘ၀တွေ က ဘယ်လောက် အကုသိုလ် ကံတွေ ရှိခဲ့သလဲ ဆိုတာ မပြောနိုင်မသိနိုင်.....။
လက်တွေကျကျ ဗုဒ္ဓ ဘာသာဝင် တယောက်ဖြစ်ခဲ့ ပြီးတဲ့ နောက်မှာ ဘယ်တုန်းက မှ ကျနော် ဆုတောင်း
ခြင်း အလုပ်ကို မလုပ်တော့ပါ....နိဗ္ဗာန်ဆိုတာ ဆုတောင်းလို့  ရနိုင်တဲ့အရာ မပာုတ်မှန်း ကျနော်ကောင်း
ကောင်းကြီး သိခဲ့ပြီးပါပြီ.....။
သို့ သော်.................
နိဗ္ဗာန်....မရခင်စပ်ကြား ကုသိုလ် ကံ အကျိုးပေးကောင်းလို့  လူ ဘုံ....လူလောက....
လူဘ၀ ကို နောက်ထပ်ရဦးမယ် ဆိုရင်တော့ ဗုဒ္ဓ ဘာသာ ကို သက်ဝင်ယုံကြည်သော အမိ အဖ............ ညီအကိုမောင်နှမ.....တို့ ရှိသော မိသားစု တွင်မှာ သာ လူ ပြန်ဖြစ်ခွင့် ရပါစေ လို့  ဆုတောင်း ချင်ပါတော့တယ်..................။
လက်ရှိ ကျနော်နေထိုင်ရာ အရပ်သည် ဘာသာပေါင်းစုံ .....လူမျိုးပေါင်းစုံ .....စရိုက်ပေါင်းစုံ သော နေရာ
ဖြစ်သောကြောင့်ပင်..........................။(အဖေ မင်းရူးနေလား...မင်းဘာလိုချင်တာလဲ....ငါတို့ ကို မနှောက်ယှက်ပါနဲ့ တော့....)လို့ မောင်းထုတ်မဲ့ မိသားစု ထဲမှာ လူ မဖြစ် ချင်တာတော့ အမှန်ပါ.......။
ခိုင်ကိုဦး(ဆစ်ဒနီ)
၁၂ . ၃ . ၂၀၁၆ (စနေ နေ့ )