Saturday, 26 November 2016
" ကျနော်သိနားလည်သော အမြဲ ရှိသော မမြဲခြင်း .".....။
                             "  ကျနော်သိနားလည်သော အမြဲ ရှိသော မမြဲခြင်း .".....။
ဒီခေါင်းစဉ် လေးနဲ့ စာလေးတပုဒ်လောက်ရေးမယ် လို့ စိတ်ကူးတော့ ကျနော် အတွေးပာာ ပိာုးငယ်စဉ်ဘဝ
ဆီကို ပျံလွင့် သွားပါတော့တယ် ...။ ကြာခဲပါပြီ ......ကြခဲ့ပြီဆိုတာ ပိာုး............နှစ်ပေါင်း ၂၅ နှစ်ဆီကိုပေါ့။
အဲဒီအချိန် ကျနော် က အထက်တန်းကျောင်းသား ....
ကျနော်တို့ ငယ်ငယ်က ကားတွေ တီဗွီ တွေ ဆိုတာ အခုလိုမျိုးပေါပေါသီသီ သုံးနိုင်တာ မပာုတ် ..။သူတပါး
အိမ်မှာ ညဖက် တီဗွီ သွားကြည့် ရသလို ကားစီး ရဖို့  အတွက် ဆိုတာကလည်း အရပ်ထဲ ဘယ်သူနာရေး ရှိ
သလဲ ဘယ်နေပို့ မလဲ(သြ၈ိုလ် မလဲ ) ဆိုတာ စောင့်ကြည့် နေရတာပေါ့လေ....။ ကားခ မပေးရပဲ ကြံတော
နဲ့ ကိုယ်ရပ်ကွက် အသွားအပြန် ကားစီးရတယ် မပာုတ်လား...။ နောက်ပိုင်း အရွယ်ရောက်လာတော့ကျောင်း
ပြေး တတ် အတန်းလစ်တတ်တဲ့ အရွယ် ရောက်လာတော့ သူငယ်ချင်းတွေ နဲ့  ပိာုသွား ဒီသွားပေါ့ဗျာ ....။
ကျောင်းပြေးပြီး ဘုရားသွားတယ် ပန်းခြံသွားတယ် မြိုထဲ အလယ်ထွက်တယ် ...။အဲဒီခေတ်က ဗိုလ်ချုပ်ဈေး
သိမ်ကြီးဈေး သံဈေး လောက်သာ ရှိတဲ့ခေတ်ကို ...။နောက် ရုပ်ရှင် ရုံသွား တယ်ပေါ့.......။
တခါတရံ သူငယ်ချင်းတွေ မပါပဲ သွားတတ်တဲ့နေရာ တခု တော့ ရှိတယ် ။ အဖော်ညှိရင်လဲ ဘယ်သူငယ်
ချင်းက မှ မလိုက်ပါဘူး...။ အိမ်မှာ မိသားစု အဆင်မပြေတဲ့ အခါ ...၊ကျောင်းမှာ စာမရ လို့ စာမေးပွဲ ရှိလို့ 
ကျောင်းလစ်တဲ့ အခါ သွားတတ်လာတဲ့ နေရာ တခုပေါ့ ။ များသော အားဖြင့် ကိုယ်အိမ် ကိုယ်မိသားစု ထဲ
မှာ ပြသာနာတွေ နဲ့ စိတ်ရှုတ်ထွေးတဲ့ အခါတိုင်း အဲဒီနေရာလေးကို ကျနော် မလွဲမသွေ သွားဖြစ် လာပါ
တယ် .....။အဲဒီအချိန်က ကျနော် ပာာ ရန်ကင်းမှာ ရှိတဲ့ အမေ့ဖက်က အဖွားအိမ်မှာ နေစဉ် ကာလကပေါ့...
အမေဖက်က အဖွားက ချို့ တဲ့တယ် ...(ရှင်းရှင်းပြောရရင် အထည်ကြီးပျက်) အဖွား ရဲ့  အဖေ အမေတွေ က
ဆန်စက်ဆီစက် သူဠေး တွေ ရွှေပေါ်မြတင် နေလာခဲ့တော့ ဘာမှမလုပ်တတ် မကိုင်တတ်... ။ အဖိုးနဲ့  အိမ်ထောင်ကျပြီး ကျနော် အမေတွေ ဦးလေးတွေ မွေးပြီးတဲ့ အထိ ကားတစီနဲ့  ရှောပင်ထွက်လိုက် ၀ယ်လိုက်ခြမ်းလိုက် နေလာခဲ့တော့ ကျနော် အဖိုး ဆုံးပါးသွားချိန်မှာ ချို့ တဲ့ သွားတော့တာပါပဲ .....။အဲဒီ
အမေဖက်က အဖွားက ကျနော်ကို သိပ်ချစ်ပြီး သိပ် အလိုလိုက်ရှာတယ် ....တခါလည် မှာ ဆုံးသွားတဲ့
အဖိုးနဲ့ တူလွန်းလို့ တဲ့လေ.....။
ဒီတော့ အလိုလိုက်တဲ့ အဖွားအိမ်မှာ နေရင်း အစဉ်မပြေမှု့ တွေ ရှိတိုင်း စိတ်ညစ်တိုင်းသွားထိုင်လေ့ ရှိတဲ့
နေရာက ကြံတောသဂြိုင် ပါပဲ ......ရန်ကင်းကနေ နံပါတ်(၁၂) ကားစီး လှည်တန်းဆင်း ပြီးရင် (၄၈) ပြောင်း
စီး ပာံသာဝတီရောက်တော့ ဆင်းလမ်းလျှောက်ပြီး ကြံတော့ထဲ သွားထိုင်တတ်တယ်ပေါ့ ဗျာ.....။
ကျောင်းလွယ်အိပ်ထဲ မှာတော့ ဆေးပေါ့လိပ် ဒါမှမပာုတ် စီကရက် (အဲဒီ အချိန်က ဇင်ဇင်း တို့  မွန်ထရီ တို့ 
ခေတ်ပေါ့.....ခပေါင်းတို့ ဒူးယာ တိုတော့ မသောက်ဖြစ်ဖူး.....နိုင်ငံခြားဖြစ်ပဲ ကြိုက်တာကို )
ကြံတော ထဲ ရောက်ရင် အ၀င်ဝ နဲ့  မလှမ်းမကမ်းက ကျနော် အဖိုး ဗိုလ်မြသွေး (ပ.မ.ည.တ) ရဲ့ အုတ်ဂူ
ကိုဝင်ကန်တော့ ....ပြီးရင် မီးစက်(မီးသဂြိုလ်စက် )ဘေးနားက ဇရပ် ခပ်မြင်မြင့်ပေါ်တက်ထိုင် .............
ပါလာတဲ့ စီကရက် လေးဖွာ ရင်း အသုဘ ချသမျှကို ထိုင်ကြည့်ဖြစ်ပါတော့တယ် ။ အလောင်းနှစ်လောင်း
သုံးလောင်း လောက် စက်ထဲသွင်းပြီးရင် ကိုယ်ညစ်လာ တာ မှန်သမျှ ယူပြစ်လိုက်သလိုပါပဲ ........။
ကိုယ်တောက်လောင်နေတဲ့ ပရိဒေ၀ မီးထက် သူတို့ တောက်လောင်နေတာကို ကြည့်ရင်း ကိုယ်မီး ကိုယ်မေ့
သွားတာပါ .....။ငိုကြတယ် ....ရင်ဘတ်စည်တီးပြီး တက်မတတ်ချက်မတတ် ငိုကြတယ်လေ.....။ " သြော်...သူတို့ ဘ၀ထဲက ......သူတို့ မိသားစုထဲက အပြီး အပိုင်ထွက်ခွာ သွားကြလေပြီ " ဆိုတော့လဲ ပူဆွေး ၀မ်းနည်းကြပေမပေါ့ လို့ တွေးမိတယ် .....။ဇရပ်ပေါ်က နေ လှမ်းကြည့်တယ် မီးသဂြိုလ်စက်ထဲ
လာထည့်ကြတယ် မသာတွေ အသုဘတွေ အားလုံးလိုလို ပာာ တည်တည်ငြိမ်ငြိမ် နဲ့ ပြီးသွားတယ် ဆိုတာ
မတွေ့ ရလောက်အောင်ပါပဲ......။ မျက်ရည်လည်ရွဲ နဲ့  တက်သူက တက် ....သတိမေ့သူက မေ့ ....နှာနှပ်
ယူရသူကလဲ ရှိသေး.....။
တချို့ ကျတော့လဲ ဦးဘယ်သူ ဒေါ်ဘယ်သူ အသက် (၈၀ )တို့  (၉၀) တို့ ကျပြန်တော့ " သြော်.....ဒါက မီးဇာကုန် ဆီခမ်းသွားပြီးပဲ.......။လူဘ၀ သက်တမ်းစေ့ နေသွားရရှာတာပဲ....." လို့ တွေးမိသလို ....။
တချို့  ဆယ်ကိုးနှစ်ဆယ် လေးတွေ သေရင်တော့ စိတ်တ၀င်စားရှိပြီး ဇရပ်ပေါ်က အောက်ဆင်း.. နောက်ဆုံး
ကြည့်ခွင့်ပေးတဲ့ ခေါင်း အဖွင်မှာ ကိုယ်ပါ တိုးဝင်ပြီး ကြည့် ....စိတ်ထဲ မှာတော့" သြော် ငယ်ငယ်ရွယ်ရွယ် နဲ့ ဘာကြောင့် များ အသေစောသွားတာပါလိမ် "လို့ တွေးရင်း အသုဘ ပို့ လာသူထဲကတယောက်ယောက်
ကိုစပ်စုကြည့်မိတဲ့ အထိပါပဲ......။ အဲဒီအချိန်မှာ ကိုယ် အပူ ဆိုတာ လုံဝ (လုံဝ) ကိုမေ့သွားပြီပေါ့...........။
တခါတရံ အဲဒီလောက်စပ်စု ရုံနဲ့  မကျေနပ်နိုင်ပဲ မီးစက် အနောက်ဖက်က  ချောင်းကြည့်လို့ ရတဲ့ အ ပေါက်တွေ အထိ ရောက်သွားပြီး လူသေကြီး  မီးရှို့ နေတာကို ထိုင် ကြည့်မိပါသေးတယ် ...။
ရှေ့ ဖက်က သံတခါးကြီး"ဂျိုင်း " ကနဲ ပိတ်ပြီး အခေါင်းကြီးက စတီးပိုက်တန်းတွေ ပေါ်ရောက်လာ .....
နောက်က သဂြိုလ်စက် အလုပ်သမားက ပိုက်ခေါင်းကြီး လှည့်ဖွင့် ......ပထမ ဂစ်မီးခြစ် မီးတောက်လောက်
သာရှိတဲ့ မီးညွန့် လေးက နှစ်ပေ သုံးပေ အထိမြင်လာ .......အခေါင်ကြီးက အရင်မီးလောင် .......
နောက်တော့ မသာကောင် ရုပ်အလောင်းကြီး မီးဆွဲ.......။ မီးဆွဲလောင်တဲ့ ရုပ်အလောင်းတိုင်း လိုလို ....မီး
ပူ လာတော့ ကုန်းထ လာတာ လက်ကြီးမြောက်တက်လာတာ .....ခြေထောက်တွေ ထောင်လာတာ .....ခေါင်းထောင်ပြီးထ လာတာတွေ ဖြစ်တော့တာပါပဲ ....။ဒီတော့ မီးစက် အလုပ်သမားက (၇ပေ နဲ့  ၁၀ ပေ
လောက်ရှိတဲ့ )သံချောင်းတွေ သံဂေါက်တွေ ထွန်ဂျစ်လို အချောင်းကြီးတွေ နဲ့  ဆွဲချတဲ့ အခါ ဆွဲချ ....တွန်းချ
တဲ့ အခါ တွန်းချ ဂျိတ်နဲ့ ချတ်တဲ့ အခါ ချိတ်ပေါ့ ....တခါတရံ လက်တွေ ခြေထောက်တွေ ပြတ်ပြီးပါလာတဲ့
အခါ ပါလာ....။အဲဒီပါလာတာကြီး ပြန်ထည့် ....တဂျောင်းဂျောင်း နဲ့ ခေါက်ချ ....ရပြန်ပါတယ် .....။
အဲဒီမှာ ကျနော်တွေးမိတာ " ကျနော်တို့ တတွေ ပာာ မသေခင် အသက်ရှင်နေတဲ့ ကာလ မှာ ကိုယ့်ကိုပေါ်
 ဆေးလိပ်မီးပွားလေးကျရင်ပဲဖြစ်ဖြစ် ....ရေနွေးပူလေး တစက်လောက် ကျတာပဲဖြစ်ဖြစ် ဆွေ့ ဆွေ့ ခုန်
အောင်ပူတတ်ကြတယ် ...........အခုလို သေတဲ့ အခါ တကိုယ်လုံး ပြာကျအောင် မီးရှို တော့ ပူရကောင်းမှန်း မသိကြတော့ဘူး ...." ဆိုတာပါပဲ.....။ 
ခုချိန်ထိ ကျနော်ရင်ထဲ မှာ စွဲနေပါသေးတယ် ....အဲဒီမြင်ကွင်တွေ ကိုလေ.................
တကယ်ပါပဲ .....
ကျနော်တို့ တတွေ ပာာ ကိုယ်ကိုကောင်းကြောင်း....... တော်ကြောင်း....တတ်ကြောင်း....ချီးမွှမ်းစကား
တွေ ဆိုကြရင် ကျေနပ် နေတတ်ကြတယ် .....။ကိုယ်နဲ့  အကြောင်းတိုက်ဆိုင်ရင် ချစ်ကြတယ် ...သဘောထားလေး နည်းနည်း ကွဲလွဲတယ် ဆိုရင် မုန်းကြတယ် .............။
 အဆင်မပြေ တာ တခုခု ရှိလို့  စိတ်အခန့် မသင့်ရင် ...........
ကိုယ်ကို မီးစ နဲ့  ထိုးသလို ပူကြပြန်ရော .....။ ဒီတော့ မုန်းကြတယ် ....ရန်လိုကြတယ် ......နောက်ဆုံး ခိုက်ရန်တွေဖြစ်....သတ်ကြဖြတ်ကြ ........။
ကိုယ်သေသွားတဲ့ အခါ မှာ ........
ကိုယ့်ကို ချီးမွှမ်းတာတွေ ယူသွားလို့  ရသလား..........
ကိုယ့်ကို ချစ်တာတွေ မုန်းတာတွေ ......ကိုယ်ချစ်တဲ့သူတွေ ....ကိုယ်မုန်းတဲ့ သူတွေ .......
ကိုယ်သိသူတွေ ....မသိသူတွေ .....အားလုံး...(အားလုံး) ကို ချန်ထားခဲ့ကြရတာပါပဲ....ဆိုတာ ကျနော်
လွန်ခဲ့တဲ့ (၂၅) နှစ်လောက်ကတည်းက သိနေခဲ့တာပါပဲ.....
ဒါပေမဲ့ ပါရမီရင့်သန်တဲ့ သူတော်စင် မပာုတ်လေတော့ အာသဝေါ ကုန်ခမ်းတဲ့ အထိတော့ မရင့်ကျက်
သေးတာတော့ ကိုယ်ကိုကိုယ် ၀န်ခံ ပါတယ် ဗျာ........................။
                                                                       ခိုင်ကိုဦး (ဆစ်ဒနီ)
                                                                   ၂၇ . ၁၁ . ၂၀၁၆( တနင်္ဂနွေ)