Monday, 2 April 2018
အကယ်၍ အကယ်၍ မင်းအသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ခြားပြီး ဒါတွေဟာ မင်းကြောင့်လို့ ဝိုင်းဝန်း ပြစ်တင်ကြတဲ့အခါ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ် ဆိုရင်
အကယ်၍ အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့ မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ် ဆိုရင် အကယ်၍ စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ် ဆိုရင် ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကား ကြားရတဲ့အခါ မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူး ဆိုရင် ဒါမှမဟုတ် မင်းကို လူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ မင်းဟာ အမုန်းတွေပြန်မပွားဘူး ဆိုရင် ပြီးတော့ မင်းကိုယ်မင်း လူတော်တယောက်ရယ်လို့ မမြင်ဘဲ ပညာရှိဆန်လွန်းတဲ့ စကားတွေလည်း မပြောဘူး ဆိုရင်
အကယ်၍ စိတ်ကူးယဉ် အိပ်မက်တွေဟာ မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင် အတွေးအခေါ် စိတ်ကူးတွေဟာ မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ် ဆိုရင်
အကယ်၍ အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ တူညီသော လောကဓံတရားတွေပါလား ရယ်လို့ ခံယူထားနိုင်မယ် ဆိုရင်
အကယ်၍ မင်းရဲ့အမှန်စကားတွေကို လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ် ဆိုရင် ဒါမှမဟုတ် မင်းဘဝတခုလုံးပေးပြီး အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့ ပြန်လည် တည်ဆောက်နိုင်မယ် ဆိုရင်
အကယ်၍ မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ ကြွေတလှည့် ကြက်တခုန်ပမာ တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် ပြီးတော့ အစကနေ ပြန်စနိုင်မယ် ဆိုရင် ပြီးတော့တခါ ဆိုးလှတဲ့ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ညည်းညူမနေဘူး ဆိုရင်
အကယ်၍ သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ မင်းတယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ် ဆိုရင် အဲဒီလိုပဲ မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ အဲဒီ စိတ်ဓာတ်အင်အားကို ခိုင်မာစွာနဲ့ပဲ ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ် ဆိုရင်
အကယ်၍ လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့် စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူး ဆိုရင် တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ် ဆိုရင်
အကယ်၍ လူတွေနဲ့ ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ် ဆိုရင် ဒါမှမဟုတ် မင်းဧရာဇ်တွေနဲ့ အတူ လမ်းလျှောက်နေရပေမယ့် မာန်မာန သွေးမကြွဘူး ဆိုရင် ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ မင်းကို သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင် မင်းဟာ အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့ အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။
Monday, 19 June 2017
ဒေါ်အောင်ဆန်း စုကြည်၏ (၇၂)နှစ်ပြည့် မွေးနေ့
ယနေ့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်  ၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတရုံး နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်၏ (၇၂)နှစ်ပြည့် မွေးနေ့ ဖြစ်သည်။
အစိုးရခေါင်းဆောင် တာဝန် ယူပြီးနောက် ဒေါ်အောင်ဆန်းစု ကြည် ဒုတိယမြောက် ဖြတ်သန်းရ သည့် မွေးနေ့လည်းဖြစ်သည်။
တစ်ချိန်က ပုန်းလျှိုးကွယ် လျှိုးနှင့် ကျင်းပခဲ့ရသော လူထု ခေါင်းဆောင်၏ မွေးနေ့ပွဲများကို ယခုအခါ နေရာဒေသအချို့က ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကျင်းပ နေကြပြီဖြစ်သည်။ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင်ကတော့ မွေးနေ့နှင့်ပတ်သက်၍ တစ်ကြိမ် တစ်ခါမျှ မှတ်ချက်ပြုထုတ်ဖော် ပြောကြားခြင်းမရှိပေ။ စည်းရုံး ရေးခရီးများသွားစဉ်၊ နိုင်ငံရေး လုပ်ငန်းများ လုပ်ကိုင်စဉ် မွေးနေ့ နှင့် ကြုံကြိုက်တိုက်ဆိုင်ပါက လူ ထုဆုတောင်းမေတ္တာပို့သမှုအ ပေါ်တွင် နိုင်ငံရေးနှင့် ဆက်နွှယ်၍ ပြောကြားခြင်းအချို့သာ ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် လို ချင်တဲ့မွေးနေ့လက်ဆောင်က ဘာဖြစ်မလဲဟု မှန်းဆ၍ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ၊ ပြည်သူ များက တစ်နှစ်တစ်နှစ် ပေးပို့ကြ သည့် လက်ဆောင်များကမနည်း။
ဒေါ်အောင်ဆန်းစုကြည် အ မှန်တကယ် လိုချင်သည့် မွေးနေ့ လက်ဆောင်ကိုတော့ ၎င်းနှင့်အ တူ နေအိမ်အကျယ်ချုပ် ဒုတိယ အကြိမ် ခုနစ်နှစ်အပါအဝင် အ ကျဉ်းကျခံရချိန် ဆယ်နှစ်ကျော် ကြာ အတူနေထိုင်ဖြတ်သန်းခဲ့ သော ဒေါ်ခင်ခင်ဝင်းက ယခုကဲ့ သို့ ပြောသည်။
‘‘လူတွေကတော့ စေတနာ အရ သူ့ရှားပါးပုံလေးတွေ၊ ဗိုလ် ချုပ်ရှားပါးပုံလေးတွေ ပေးကြ တယ်။ သမိုင်းမှတ်တမ်းလို သိမ်း ရမယ့်ဟာက ကိစ္စမရှိဘူး။ ပန်းချီ ပုံတွေကျတော့ တစ်ထပ်ကြီး။ ထိန်းသိမ်းရတာလည်း ခက်တယ်။နောက် သူ့ကို အဝတ်အစားတွေ ပေးကြတယ်။ ဒါတွေ ပေးမယ့်အ စား အဖွဲ့ချုပ်အတွက်၊ ဖောင်ဒေး ရှင်းအတွက်၊ ပညာရေး၊ ကျန်းမာ ရေးအတွက် ပိုက်ဆံကို လှူတာ က အများကြီးထိရောက်တယ်တဲ့။ နောက် သူ့ကို ပန်းတွေပေးကြ တယ်။ ပန်းတွေက လူကိုမြုပ်နေ ရော။ ပန်းက နွမ်းရင်လွင့်ပစ်လိုက် ရရော။ သူက အဲဒီလိုကုန်မယ့် ပိုက်ဆံအစား ဆေးမကုနိုင်တဲ့သူ တွေ၊ စာမသင်နိုင်တဲ့သူတွေကို ပေးရင် ပိုကောင်းမှာပဲ ပြောတာ ကြားခဲ့ဖူးတယ်။ ဒီမွေးနေ့ရော၊ နောက်လုပ်မယ့်မွေးနေ့တွေရော သူ့ရဲ့ တိုင်းပြည်ပြုပြင်ရေး လုပ် ငန်းတွေထဲမှာ တစ်တပ်တစ်အား ပါဝင်ပြီး မွေးနေ့လက်ဆောင်ပေး ခြင်းမျိုးကို သူက ပိုနှစ်ခြိုက်တယ် ဆိုတာ သိရတယ်’’ဟု ၎င်းက ပြောသည်။
 ဒေါ်အောင်ဆန်းစုကြည် သည် မွေးနေ့တိုင်းတွင် ဘုရားကို ပန်းရေချမ်းနှင့် ဆီမီးကပ်လှူပူ ဇော်သည်။ သူအကြိုက်နှစ်သက် ဆုံးဖြစ်သည့် အုန်းထမင်းကို ချက် ကျွေးခိုင်းလေ့ရှိသည်။ ဒါက နှစ် စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေစဉ် မွေးနေ့ရောက်တိုင်း ဒေါ်ခင်ခင်ဝင်း မပျက်မကွက် ဆောင်ရွက်ပေးရသည့် တာဝန် ပင်ဖြစ်သည်။ ၂၀၀၉ ခုနှစ်က ဂျွန် ယက်တောအမှုကြောင့် အင်းစိန် ထောင်သို့ ပို့ဆောင်ခံရစဉ် တစ် ကြိမ်တွင် မွေးနေ့နှင့် သွား၍ကြုံ ကြိုက်သောကြောင့် ထောင် တာဝန်ရှိသူများက ဒေါ်အောင် ဆန်းစုကြည်ကို ဘာများဆောင် ရွက်ပေးရမလဲ မေးရာ ‘အုန်း ထမင်းကြိုက်သည်။ သို့သော် ဒေါ်ခင်ခင်ဝင်းလက်ရာမှလွဲ၍ မစားနိုင်’ဟု ပြောကြားခဲ့သည်။
‘‘မွေးနေ့ဆို အုန်းထမင်းကို ရေခဲသေတ္တာထဲထည့်ထားပြီး စား ချင်တဲ့အခါကျမှ တစ်ခါစာ၊ တစ်ခါစာ ယူစားတယ်။ နောက် ဗမာမုန့်လေးတွေ ကျွန်မက ကြော်ကျွေးတယ်။ မုန့်လက်ကောက်တို့၊ မုန့် ကြာစေ့လိုမျိုး ကောက်ညှင်းလေး တွေကို အလုံးလေးတွေလုံးပြီးမှ အုန်းနို့တို့၊ နို့စိမ်းတို့လောင်းပြီး ကျွေးတယ်။ ဘုရားဆွမ်းတော် လည်း ကပ်တယ်။ သူက ရယ် စရာပြောသေးတယ်။ အဝင်းက ဘာစိတ်ကူးနဲ့ မုန့်ကြာစေ့ကို ဆွမ်း ကပ်တာလဲဆိုတော့ ကျွန်မက အစ်မရယ် ကြာတော့လည်း စိသွားတာပေါ့လို့’’ဟု ၎င်း၏ ဧည့် ခန်းတွင် တလေးတစားနေရာပေး ချိတ်ဆွဲထားသော ဒေါ်အောင် ဆန်းစုကြည်၏ ဓာတ်ပုံများကို ကြည့်၍ ဒေါ်ခင်ခင်ဝင်းက ရယ် သွမ်းသွေးလျက် ပြောသည်။
 ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၀၄ မှ ၂၀၁၀ အထိ  နေအိမ်အကျယ်ချုပ် ခုနစ်နှစ်ကို ဒေါ်ခင်ခင်ဝင်းနှင့် ၎င်း၏ သမီး မဝင်းမမတို့နှင့် နေထိုင်ဖြတ်သန်းခဲ့သည်။
မွေးနေ့ရောက်တိုင်း မည်သို့ သော အကျဉ်းအကျပ်ထဲကျ ရောက်သည်ဖြစ်စေ ဒေါ်အောင် ဆန်းစုကြည်အတွက် ချည်စလေး များကို ကြိုတင်မှာယူထားပြီး ဒေါ်ခင်ခင်ဝင်းက မွေးနေ့လက် ဆောင်ပေးလေ့ရှိသည်။ ယနေ့ မွေးနေ့အတွက် လက်ဆောင်ကို လည်း ထုံးစံအတိုင်း ခြံနံပါတ် (၅၄) သို့ သွားရောက်ပို့ထားခဲ့ပြီး ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်ကာလ မွေးနေ့ဖြတ် သန်းမှုများကတော့ ရိုးရှင်းသည်။ ဒေါ်ခင်ခင်ဝင်းနှင့် မုန့်အတူတူစား သည်။ ထို့နောက် ရှားရှားပါးပါး တစ်ခါတစ်ရံမှာ ရုပ်ရှင်အတူ ကြည့်ကြသည်။
‘‘တစ်ခါ အတူကြည့်တာက တော့ နိုင်ငံရေးကား။ တစ်မြို့လုံး က ကျပ်တည်းပြီး မလှုပ်ရဲဘူး။ ဖိနှိပ်ခံနေရတယ်။ တခြားတစ်နေ ရာကတစ်ယောက်က လာပြီး ဒီ အုပ်ချုပ်မှုစနစ်ကို လှန်တဲ့အခါကျ တော့ သူ့နားကပ်ရဲတဲ့သူမရှိဘူး။ သူက အနာခံပြီးတော့ အကုန်လုံး လုပ်ပြီးသွားတော့ ကောင်းသွားပြီ ဆိုချိန်ကျမှ အကုန်လုံးက ဝိုင်းပြုံ လာပြီး သူ့နားမှာ သူ့ထက်ငါတိုး ဝှေ့ပြီးနေတော့မှ သူက အားလုံး ကို ထားခဲ့ပြီး ထွက်သွားတာ။ အဲ ဒီတော့ အန်တီဝင်းက မေးတယ်။ အဲဒီလို လုပ်မလို့လားဆိုတော့ သူ့ ရဲ့ဆန္ဒလေးကတော့ သူ့သားသမီး မိသားစုနဲ့ နောက်ဆုံးဖြတ်သန်း ချင်တယ်တဲ့။ ဒါပေမဲ့ ဒီတိုင်းပြည် မှာ စိတ်ချလုံခြုံရတဲ့ဥပဒေနဲ့ ခိုင် မာမှုမရှိသရွေ့ သူနိုင်ငံရေးလုပ် မှာပါလို့ သူပြောတာ နားထောင် ခဲ့ရဖူးတယ်’’
 ဒေါ်အောင်ဆန်းစုကြည် သည် မွေးနေ့ရက်ရယ်ဟု သီးသန့် မဟုတ်သော်လည်း သူတတ်နိုင် သည့် အလှူဒါနလေးများပြုခြင်း ဖြင့် ပါတီနှင့် နိုင်ငံရေးအတွက် တစ်တပ်တစ်အား ပံ့ပိုးလေ့ရှိသည်။
‘‘သူ့အဝတ်ကလေးတွေဆို အရင်က ပေးပစ်တာ။ အခုတော့ သူအဲဒါကို ရောင်းပြီး ရန်ပုံငွေထဲ ထည့်တယ်။ သူ့ကိုပေးတဲ့အဝတ် တွေကို ပေးတဲ့သူ စေတနာကို တန်ဖိုးထားတဲ့အနေနဲ့ ဝတ်တယ်။ ဝတ်ပြီး ဗီရိုထဲထပ်ထားရင်း ဆွေး သွားတာ အန်တီကိုယ်တိုင်လည်း မြင်ခဲ့ရတယ်။ အဲဒီလိုတွေဖြစ်မယ့် အစား ရန်ပုံငွေသဘော ပြန်ထည့် တာပေါ့’’ဟု ဒေါ်အောင်ဆန်းစု ကြည်ထက် ၂ နှစ်ခန့် ပိုကြီးပြီး ယခုအခါ အသက် (၇၄)နှစ်ထဲ ရောက်ရှိနေသော ဒေါ်ခင်ခင်ဝင်း က ပြောသည်။
 ဒေါ်အောင်ဆန်းစုကြည် သည် များပြားလှသော နိုင်ငံ့တာဝန်များ ထမ်းဆောင်နေရသော်လည်း အမြင်အားဖြင့် ကျန်းမာဖျတ်လတ်ဆဲ၊ သန်မာဆဲ၊ လန်းဆန်းတက်ကြွဆဲဖြစ်သည်။ နိုင်ငံ့ တာဝန်များနှင့် ကမ္ဘာတစ်လွှားက ဖိတ်ကြားသော ခရီးစဉ်များအကြား နားရက်မရှိ၊ အပန်းဖြေရန်မရှိ တာဝန်ထမ်းဆောင်နေသည်။ ၎င်း၏ အသက် အရွယ်သည် (၇၀)ကျော် တတိယအရွယ်ကို ရောက်နေပြီဖြစ်ရာ သူ့ကျန်းမာရေးအတွက် ပူပင်စိုးရိမ်သူများလည်းရှိသည်။ နားနားနေနေ နေစေလိုသူများလည်း ရှိသည်။
သို့သော် စည်းစနစ်ကြီးစွာ နေထိုင်သော ဒေါ်အောင်ဆန်းစု ကြည်အတွက် နှစ်ရှည်လများ အတူနေခဲ့သူ ဒေါ်ခင်ခင်ဝင်းက တော့ဖြင့် လုံးဝမပူ။ အနားမှာ လည်း စောင့်ရှောက်ပေးသည့် ဆရာဝန်များရှိသည်။ ထို့အပြင် အစားအသောက်ဆိုလည်း အာသီသကို အလိုမလိုက်။ စားချင်တာ ထက် စားသင့်တာကိုသာ စား သည်ကို နှစ်ရှည်လများ ချက်ပြုတ်ကျွေးမွေးခဲ့သူ ဒေါ်ခင်ခင်ဝင်းသိ၍ ဖြစ်သည်။
‘‘သူ့ကို ကျွေးရတဲ့ဟာတွေက ဆီမပါရဘူး။ ဆားမပါရဘူး။ အရသာ ဘာညာဆိုတာဝေးစွ။ ဥပမာ ကညွတ်ဆိုရင် ပြုတ်တဲ့ ခွက်ရှည်ရှည်လေးထဲမှာ အောက် ပိုင်းကို ရေနွေးထဲမှာမြှုပ်ပြီး အ ပေါ်က အညွန့်ကို အပြင်မှာထား။ ရှန်သား အဝတ်စလေးနဲ့ပတ်။ ဘယ်နှမိနစ်ထား။ ကြက်ဥဆို လေးမိနစ်ပဲပြုတ်။ ဘာဆို ဘာနှ မိနစ်ထား။ အကျက်လည်း မလွန် ရဘူး။ သင့်တင့်လျောက်ပတ်ဖြစ် ရမယ်။ အန်တီဝင်းက စိတ် မကောင်းလို့ ဩော်...အရသာမရှိ ဘဲစားနေရတယ်။ ဒီလောက်လေး တော့ သိမှာမဟုတ်ပါဘူးဆိုပြီး အရသာထည့်ရင် အဝင်းက လုပ် ပြန်ပြီဆိုပြီး ချက်ချင်းသိတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်၏ စည်း စနစ်ကြီးပုံကို ၎င်းက ပြောပြသည်။
‘‘လူပဲ ကောင်းကောင်းစား ချင်တာပေါ့တဲ့။ ဒါပေမဲ့ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ရပ်တည်နိုင်ဖို့အတွက် ဆင်ခြင်ရမယ်တဲ့။ ဒီလို အသိမျိုး ဒီလိုထိန်းသိမ်းစောင့် ရှောက်မှုမျိုးဟာ အတုယူစရာ လည်းကောင်းတယ်။ သူ့ကို စိတ် ပူစရာမရှိဘူးဆိုတာ ပြောချင် တယ်’’ဟု ဒေါ်ခင်ခင်ဝင်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် မလုပ်ချင်လှသော ကျန်းမာရေးလေ့ကျင့်ခန်းများကို လည်း ဒေါ်အောင်ဆန်းစုကြည်က မပျက်မကွက်လုပ်လေ့ရှိသည်။ ၎င်း၏ ကျီးပေါင်းဝေဒနာနှင့် အ ညောင်းထိုင်များရခြင်းအတွက် လမ်းလျှောက်စက်နှင့် အနည်းဆုံး ၄၅ မိနစ်ခန့် လေ့ကျင့်ခန်းကို လုပ် ဖြစ်သွားစေရန် လမ်းလျှောက် စက်ရှေ့တွင် White Board ထား ၍ သူစိတ်ဝင်စားသော စာကိုရေး သားထားခြင်းကို ဖတ်ရှုခြင်း၊ တစ်ခါတစ်ရံ သတင်းနားထောင်ခြင်း ဖြင့် လုပ်ရမည့်အလုပ်တစ်ခု မပြီး ပြီးအောင် လုပ်ဆောင်သွားသည် ဟု ဒေါ်ခင်ခင်ဝင်းက ဆိုသည်။
စည်းစနစ်မည်မျှကြီးလဲဆို လျှင် သူတာဝန်ပေးထားသည် ထက် ကျော်လွန်လုပ်ဆောင်ခြင်း များကို လုံးဝမကြိုက်။ တစ်ခါက မြောင်းတကာတွင် သူ့လမ်း ကြောင်း ပိတ်ခံထားချိန် ခြံအမှတ် (၅၄)တွင် တာဝန်ကျသူတစ်ဦးက စိတ်ပူစိုးရိမ်စွာဖြင့် သူ့နောက် လိုက်သွားခဲ့သည်။ ယင်းနေ့က သူအိမ်ပြန်ရောက်ချိန်ထိ နောက် က လိုက်သွားသူ ပြန်မရောက် သေး။ ပြန်ရောက်တော့လည်း စိုးရိမ်၍ လိုက်သွားတာပါလားဟု ဆိုကာ မျက်နှာကောင်းရမည် မထင်ပါနှင့်။ အိမ်ထဲမှာနေခိုင်း ထားသည်ကို သူ့နောက်လိုက်ရ ကောင်းလားဟု ဆူပူလိုက်သည် မှာ ရစရာမရှိ။
ထို့ကြောင့် ဒေါ်ခင်ခင်ဝင်းက လည်း ထိုအချက်ကို အလွန်သတိ ထား၍ နေထိုင်ခဲ့ရသည်။ တစ် ကြိမ်တွင် သံရုံးတစ်ခုသို့သွားရန် အကြောင်းဖန်လာသည်။ လုံခြုံ ရေးများက သူ၏ နေအိမ်အနီးရှိ ဂိတ်တွင် မောင်းတံကြီးချထားပြီး ပေးမသွား။ ဒေါ်အောင်ဆန်းစု ကြည်သည် နံနက် ၈ နာရီက တားမြစ်ခံရသည့်နေရာတွင်နေပြီး နေ အိမ်သို့ ပြန်သွားခိုင်းခြင်းကို လုံးဝ လက်မခံခဲ့။ ဒေါ်ခင်ခင်ဝင်းကို လည်း ရေလည်းလာမတိုက်ရ၊ ထမင်းလည်း လာမကျွေးရ။ အိမ် ထဲက ကိုယ့်အလုပ် ကိုယ်တာဝန်ကျေအောင်လုပ်ဟူ၍ မှာထားသည်။
‘‘မှတ်မှတ်ရရ သီတင်းကျွတ် လပြည့်နေ့။ လပြည့်နေ့မို့လို့ ၆ နာရီမှာ သူနဲ့အတူတူ ခြံထဲမှာ မီး ထွန်းဖို့ လုပ်ထားတာလည်း ကိုယ် တစ်ယောက်တည်း ထွက်ထွန်းရ တယ်။ ထမင်းလည်းမစားရသေး ဘူး။ ရေလည်း ဆာနေမှာပဲနဲ့ စိတ်တွေတော့ ဆင်းရဲတာပေါ့။ မနက် ပိုင်း ၈ နာရီလောက်ကတည်းက တားထားလိုက်တာ ညမှောင်ပြီး မီးတွေထွန်းပြီးချိန်ကျမှ ထွက် သွားခွင့်ရတယ်။ ဦးတည်ရာကို ရောက်အောင်သွားတာ။ စိတ် ဓာတ်က အတုယူဖို့လည်းကောင်းတယ်’’
 တချို့က ထင်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အနား ဆယ်နှစ်ဆယ်မိုးမက နေလာခဲ့ သဖြင့် ဒေါ်ခင်ခင်ဝင်းတွင် အထုပ်အထည်နှင့် ဩဇာအရှိန်အဝါ နောက်ခံရယူထားမည်ဟု။ သို့ သော် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်းကြား သဘောတူ ညီမှု ကတိကဝတ်က ရှိနှင့်ပြီးသား ဖြစ်သည်။ အိမ်ထဲသို့ လာနေ တော့မည်ဟု ဆုံးဖြတ်စဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ခင်ဝင်းအား ပါတီတွင်းရှိ နေသည့် ရာထူးထက်ပိုမယူရန်နှင့် မီဒီယာများနှင့် စကားမပြောရန် ကတိတို့ တောင်းယူထားပြီးဖြစ် သည်။ ဒေါ်ခင်ခင်ဝင်းသည် ၁၉၈၈ ပါတီထူထောင်ချိန်မှစ၍ ပါတီ စည်းရုံးရေးမှူး၊ ထိုမှတစ်ဆင့် ပါတီဗဟိုအမျိုးသမီးအဖွဲ့ဝင် တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။
 ဒေါ်ခင်ခင်ဝင်းရေးသားခဲ့ သော ‘ရေဆန်လမ်းမှ အိမ်အပြန်’ စာအုပ်သည် ဒေါ်အောင်ဆန်းစု ကြည်က သူ့နာမည်ကောင်း အောင်ရေးခိုင်းသည်ဟု စွပ်စွဲကြ သည်။ ထို့အပြင် စာအုပ်ထဲက ဒေါ်အောင်ဆန်းစုကြည် အကျယ် ချုပ်ဘဝ ဆင်းရဲကျပ်တည်းမှုများ ဖြင့် ဖြတ်သန်းရသည်ကိုလည်း မယုံကြည်ကြောင်း ဝေဖန်ပြောဆို မှုအချို့ရှိသည်။
‘‘စောင့်ကြည့်ရဦးမယ်ဆိုတဲ့ စကားကို ကျွန်မတို့ နိုင်ငံရေးတစ် လျှောက်မှာ ဒေါ်စုလည်း စိတ် မကောင်းဘူး။ ကျွန်မလည်း စိတ် မကောင်းဘူး။ ဘာကို ဘယ်အချိန်အထိ စောင့်ကြည့်မှာလဲ။ ပြော ချင်ရာပြော။ ကိုယ်အသိဆုံး။ အ ရှင်းဆုံးပဲ’’
 ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲကျင်းပမည်ဆိုတော့ ဝင်သင့်၊ မသင့် ဒေါ်ခင်ခင်ဝင်းနှင့် တိုင်ပင်သည်။ ထိုအခါ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအောက်က ဝင်ရင်တော့ မဟန်ဘူးထင်ကြောင်း ဒေါ်ခင်ခင်ဝင်းက အကြံပေး သည်။ သို့သော် ဒေါ်အောင်ဆန်း စုကြည်က သူ့ဆုံးဖြတ်ချက်ကို ယခုကဲ့သို့ ပြောပြခဲ့သည်။
‘‘မဟုတ်တာ၊ မမှန်တာ၊ မတရားတာတွေကို ဆန့်ကျင်ခဲ့ တာ နှစ်တော်တော်ကြာပြီ။ ဆယ် စုနှစ်နှစ်ခုလောက်ကျော်ခဲ့ပြီ။ ကိုယ့်လူတွေ ကိုယ့်ပြည်သူ၊ ပြည် သားတွေ၊ အမှုထမ်းတွေ နာပြီး တော့ အဖမ်းခံရတာပဲ အဖတ် တင်ခဲ့တယ်။ အဲဒီတော့ သူ ဒီထဲ ကို ဝင်မယ်။ သူများအထင်လွဲချင် လည်းလွဲ။ သူလုပ်ဖြစ်တာကို လုပ်မှာမို့လို့တဲ့ဆိုတော့ ဟုတ်ကဲ့၊ ယုံ ကြည်ပါတယ်ဆိုပြီး ကိုယ်လည်း ရပ်တည်ခဲ့တယ်’’
လက်ရှိ ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သော အစိုးရ အဖွဲ့၏ ရုန်းကန်ရမှု၊ အစိုးရအဖွဲ့ အပေါ် ဝေဖန်မှုများနှင့်ပတ်သက် ၍ ဒေါ်ခင်ခင်ဝင်းက မျက်ခြည် မပြတ် နားစွင့်ထားဆဲဖြစ်သည်။
‘‘၂၀၁၅ နောက်ပိုင်း ဖြစ်နေ တာက တချို့လက်ကျန်အမှုထမ်း တွေရှိတယ်။ အစ်မကလည်း သူ့ စေတနာရှိတယ်။ အမှုထမ်းတွေ ကို မဖြုတ်ပါဘူးဆိုတာ။ ဒီစေ တနာလေးကို တုံ့ပြန်သောအား ဖြင့် ရိုးရိုးသားသားလေး လက်တွဲ ပြီးတော့ ကိုယ့်တိုင်းပြည်တိုးတက် ရေးအတွက် လုပ်စေချင်တယ်။ အရင်က လမ်းကြောင်းအတိုင်း၊ ခေါက်ရိုးကြီးအတိုင်း သွားနေတာ တွေရှိတယ်။ ကျွန်မတို့သိတယ်။ ဒါကတော့ စစ်သားမို့၊ ဒါကတော့ အရပ်သားမို့ဆိုပြီး ခွဲခြားမှုမျိုး မလုပ်သင့်တော့ဘူး။ အဲဒီလို တော့ လုံးဝမဖြစ်သင့်ဘူး’’
 ဝေဖန်မှုများခံနေရသော ဒေါ်အောင်ဆန်းစုကြည် အစိုးရ အတွက်လည်း ၁၉၈၉ က ဝက်ထီးကန်မြို့ စည်းရုံးရေးခရီးစဉ်အ တွင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော စကားတစ်ခွန်း ကို ပြန်လည်သုံးစွဲ၍ ပြည်သူများ ကို ယခုကဲ့သို့ အကြံပြုသည်။
‘‘၁၉၈၉ မှာ သူ ဝက်ထီးကန် က စည်းရုံးရေးခရီးမှာ လူငယ် တစ်ယောက်က မေးတယ်။ တိုင်း ပြည်မှာ အာဏာရှင်စနစ်နဲ့ အုပ် ချုပ်တာ ၂၆ နှစ်ရှိပြီ။ ဘယ်သူ့အ ပြစ်လဲတဲ့။ ပထမသက်တမ်းတစ် ခုမှာ ဒီအာဏာရှင်အုပ်ချုပ်ခံရ တာ အာဏာရှင်အပြစ်။ နောက် သက်တမ်းတွေ တိုးတိုးလာပြီး ၂၆ နှစ်အထိခံတာ ပြည်သူ့အပြစ်တဲ့။ အဲဒီတော့ ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်တဲ့အစိုးရ အခုမှ တစ်နှစ်သား၊ ၂ နှစ်သားတောင် မပြည့်သေးတဲ့သူ လုပ်တာကို မအောင်မြင်ဘူးဆိုပြီးတော့ ဆူဆဲ နေတာတော့ မဖြစ်သင့်ဘူး။ သူ ပထမသက်တမ်း ဘယ်လောက် တိုးတက်သွားလဲ၊ ဘယ်လောက် ဆုတ်ယုတ်သွားလဲ။ နောက်သက် တမ်းတစ်ခု ထပ်တိုးနိုင်မလား ကြည့်လိုက်ပါ’’
ဒေါ်အောင်ဆန်းစုကြည်အ တွက် ခမ်းခမ်းနားနား ကျင်းပကြ သော မွေးနေ့ပွဲများသို့ ဒေါ်ခင်ခင် ဝင်း တက်ရောက်လေ့မရှိ။ သို့ သော် ခြံထဲမှာလုပ်သည့် မိသားစု ပွဲများကိုတော့ မပျက်မကွက် တက်ရောက်သည်။ ယင်းပွဲများ တွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး ရဲဘော်ရဲဘက်များကို ဆုံးမစကား ပြောလေ့ရှိသော ကြောင့် ဖြစ်သည်။
‘‘ညီညီညွတ်ညွတ်နေကြဖို့။ အရင်ကထက် တစ်ယောက်ကို တစ်ယောက် နားလည်ဖို့၊ စိတ် ရှည်ဖို့ အခုလုပ်ရတာက အာဏာ ရနေတယ်၊ နေရာရနေတယ်ဆို ပြီး သူများထင်သလို မဟုတ်ဘူး။ ရဲဘော်ရဲဘက်ဆိုတာ တကယ့်ကို စိတ်ရင်းစေတနာတူညီတဲ့ စိတ် ဓာတ်နဲ့၊ အမာခံစိတ်နဲ့ မကောင်း လည်း ညှိရမယ်။ ညီညွတ်ရမယ်။ သည်းညည်းခံရမယ်။ စိတ်ရှည်ရ မယ်။ ဇွဲရှိရမယ်ဆိုတဲ့ တန်ဖိုးရှိတဲ့ စကားတွေ ကြားရတယ်’’
ယခုနှစ် မွေးနေ့အတွက် ဒေါ်ခင်ခင်ဝင်း၏ ဆုတောင်း မေတ္တာစကားသံကလည်း ဒေါ်အောင်ဆန်းစုကြည် အင်တိုက်အားတိုက် လုပ်ဆောင်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ချိတ်ဆက်နေပါသည်။
‘‘သူကတော့ သူဆုံးဖြတ် ထားတဲ့ကိစ္စတစ်ခုကိုတော့ မရရ အောင် လုပ်တဲ့အကျင့်ရှိတယ်။ ဒါပေမဲ့ သူနဲ့ ဆွေးနွေးနေရတဲ့လူ တွေရဲ့ နောက်ခံဘက်ဂရောင်း၊ သူ့နောက်က ပါတဲ့လူတွေရဲ့ အ တွေးအခေါ်။ ဒါတွေကတော့ ရှိမှ ပေါ့။ သူ့တစ်ယောက်တည်းတော့ လုပ်လို့မရဘူးပေါ့။ သူက သူ့နား က လူတွေရဲ့စကားကိုတော့ ရဲ ဘော်ရဲဘက်ပီသစွာ နားထောင် တယ်။ ဒီလမ်းဟာ အန္တရာယ်ရှိ တယ်ဆိုရင်တောင်မှ သူက အဲဒီ လူစကားကို နားထောင်ပြီး သွား ဖြစ်အောင်ကိုသွားတယ်။ ဒီတော့ ငြိမ်းချမ်းရေးဟာ ဖြစ်အောင်လုပ် မယ်လို့ ယုံကြည်တယ်။ ဖြစ်လည်းဖြစ်မယ်လို့ ထင်တယ်။ ဒါပေမဲ့ မြန်တာ၊ နှေးတာကတော့ သူ့နား က လူတွေနဲ့ သူဆွေးနွေးနေရတဲ့ လူတွေအပေါ် မူတည်လိမ့်မယ်။ သူ့နားမှာလည်း အရောင်တွေရှိ တယ်။ ဒါပေမဲ့ သူက ပညာဉာဏ် ကြီးပါတယ်’’။     ။
Tuesday, 7 March 2017
"သတိထားဖွယ် ငရဲအနံ့ သင်းနေသော အလှူများ"
ဖတ်ကြည်ပါ။ပြီးရင် မသိသူများအတွက် မျှဝေပေးပါ။
ဓမ္မဒါနလေးပါဗျာ။ ကုသိုလ်အများကြီး ရပါတယ်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
"သတိထားဖွယ် ငရဲအနံ့ သင်းနေသော အလှူများ"
********************************************
အလှူဒါနပြုခြင်းသည် ကုသိုလ်ရရန်ဖြစ်၏။ အလှူပွဲ၌ ကြက်၊ ဝက်၊ နွားများကို သတ်၍ ကျွေးမွေးခြင်းဖြင့် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿသာ ဖြစ်ရ၏။
အလှူရှင်သည် ပင့်သံဃာ၊ ဖိတ်ထားသော ပရိသတ်အတွက် လောက်လောက်ငင ဖြစ်စေရန် ကြက်က ဘယ်နှစ်ကောင်၊ ဝက်က ဘယ်နှစ်ကောင် သတ်၍ ကျွေးရမည်ဟု စိတ်ကိုဖြစ်စေ၏။
မလှူမီကပင် မနောကံအကုသိုလ်များ ဖြစ်နေသည်။ တစ်ဖန် အလှူပွဲရောက်သောအခါ သတ္တဝါများကို မိမိကိုယ်တိုင် မသတ်စေကာမူ သင့်တော်မည့် ပုဂ္ဂိုလ်များကို သတ်ရန် ပြောဆိုစေခိုင်းရပြန်သည်။ ထိုအခါ ဝစီကံ အကုသိုလ်က ဖြစ်ရပြန်သည်။
တစ်ဖန်ဟင်းလျာများ ရရှိရေးအတွက် ရှေးဦးစွာ ကိုယ်တိုင်အားထုတ်ရ၏။ ကြက်၊ ဝက် ရနိုင်သည့်နေရာသို့ သွားရ၏။
အရောင်းအဝယ်ကိစ္စဆောင်ရွတ်ရ၏။ တန်ဖိုးကိုပေးချေရ၏။ ထိုအခါ ကာယကံအကုသိုလ် ဖြစ်တော့၏။
အလှူရှင်သည် ကောင်းမှုပြုမည်ဟု နှလုံးသွင်းကာ မကောင်းမှုကို ပြုဘိ၏။ ကုသိုလ်ပြုအံ့ဟူ၍ အကုသိုလ်ကို ပြုနေ၏။ သုဂတိလမ်းကြောင်းကို ရှာမည်ဟုကြံစည်လျှက် ဒုဂ္ဂတိလမ်းကြောင်းကို ရှာမှီးနေဘိ၏။
မှတ်ချက်။ ။ ၂၀၁၂ သြဂုတ်လထုတ် မေတ္တာရှင်မဂ္ဂဇင်းပါ ဦးငွေသန်း၏ ငရဲနံ့သင်းနေသော အလှူများ ဆောင်းပါးကို လေးအိမ်စု အရှင်ဝိစိတ္တသာရ၏ စကားလက်ဆောင် တရားလက်ဆောင်(၅) မှထုတ်နှုတ်ဖော်ပြသည်။
တစ်ဆက်တည်း အပါယ်ရောက်ကြောင်း ကိုယ်တိုင်ရေးဆောင်းပါးကိုလည်း အားလုံးအတွက် ထပ်ဆင့် မျှဝေလိုက်ပါ၏။
“သတိထားဖွယ် မပေးလှူကောင်းသော အလှူ(၁၀)မျိုး”
**********************************************************
ပေးကမ်းလှူဒါန်းမှုပြုသော်လည်း ဒါနဟု မခေါ်ရ။ အဒါနဟုသာ ခေါ်ရသည့် ပေးကမ်းမှု(၁၀)မျိုးကို မိလိန္ဒပဥှာပါဠိတော် (ဝေဿန္တရပဥှာ) ၌ ဟောကြားတော်မူသည့်အတိုင်း ဖော်ပြပါမည်။
ထိုမပေးလှူကောင်းသော အလှူ(၁၀)မျိုးမှာ
၁။ မူးယစ်စေတတ်သော သေရည်သေရက် စသောအရာများကို ပေးလှူခြင်း= မဇ္ဇဒါန။
၂။ ပွဲလမ်းသဘင် စသည်တို့ကို ပေးလှူခြင်း= သမဇ္ဇဒါန။
၃။ မေထုန်မှီဝဲမှုပြုရန် အမ-သတ္တဝါများကိုပေးလှူခြင်း= ဣတ္ထိဒါန
၎။ မေထုန်မှီဝဲစေရန် နွားလားဥသဘ စသည်ကို ပေးလှူခြင်း= ဥသဘဒါန။
၅။ ကာမဂုဏ်စိတ်ကို ထကြွပွားများစေတတ်သော ပန်းချီကား အရုပ်စသည်ကို ပေးလှူခြင်း= စိတ္တကမ္မဒါန။
၆။ တုတ် ဓား သေနတ်စသော လက်နက်များကို ပေးလှူခြင်း= သတ္တဒါန။
၇။ အဆိပ်ကို ပေးလှူခြင်း= ဝိသဒါန။
၈။ လက်ထိပ်၊ သံခြေကျဉ်း စသည်ကို ပေးလှူခြင်း= သင်္ခလိကဒါန။
၉။ သတ်ဖြတ်စားသောက်ရန် ကြက် ဝက် စသသည်ကို ပေးလှူခြင်း= ကုက္ကုဋသူကရဒါန။
၁၀။ မမှန်ကန်သော ချိန်ခွင်-အလေး တင်းတောင်းကြိုး စသည်ကိုပေးလှူခြင်း= တုလာကူဋဒါနတို့ ဖြစ်ပါသည်။
ထိုအလှူ(၁၀)မျိုးတို့တွင် တစ်မျိုးမျိုးကို ပေးလှူလျှင် ဒါနကုသိုလ် မဖြစ်သည့်အပြင် အကုသိုလ်တရားဖြစ်ပွား၍ အပါယ်သို့ပင် ကျရောက်နိုင်ကြောင်း မိလိန္ဒပဥှာပါဠိတော်၌ ဟောကြားတော်မူထား၏။
ဝိနည်းငါးကျမ်းတွင် တစ်ကျမ်းအဖြစ်ပါဝင်သော ပရိဝါပါဠိတော်၌လည်း “လူ့လောကတွင် မကောင်းမှုအကုသိုလ်သာ ဖြစ်ပါလျက် လူမိုက်များက ကုသိုလ်ဟု ခေါ်ဝေါ်နေကြသည့် အလှူတို့မှာ ငါးမျိုးရှိ၏။
ထိုငါးမျိုးမှာ
(၁)။ သေရည် သေရက် အလှူဟူသော မဇ္ဇဒါန၊
(၂)။ သဘင်အလှူဟူသော သမဇ္ဇဒါန၊
(၃)၊ မိန်းမအလှူဟူသော ဣတ္ထိဒါန၊
(၄)။ နွားလားဥသဘအလှူဟူသော ဥသဘဒါန၊
(၅)။ ကိလေသာပွားကြောင်း ပန်းချီဆေးရေးရုပ် အလှူဟူသော စိတ္တကမ္မဒါနတို့ ဖြစ်၏” ဟု ဟော်ကြားထား၏။
“သူတစ်ပါးတို့ သောက်စားရန် လှူသော ယစ်မျိုးအလှူ၊ သူတစ်ပါးတို့ ကြည့်ရှုပျော်ပါးစေရန်လှူသော ပွဲသဘင်အလှူ၊ အမျိုးသားများ မေထုန်မှီဝဲရန် လှူသော မိန်းမအလှူ၊ နွားမကို သန္ဓေရအောင် လှူသော နွားလားဥသဘအလှူ၊ ကိလေသာပွားရန် ရေးဆွဲထုလုပ်ထားသော ပန်းချီဆေးရေးရုပ်ဟူသော အလှူငါးမျိုးတို့မှာ တဏှာရာဂ ပွားကြောင်း အစစ်ဧကန်ဖြစ်သောကြောင့် ကုသိုလ်မဖြစ်၊ အကုသိုလ်ဖြစ်သော အလှူတို့သာဖြစ်၏။” ဟု ပရိဝါအဋ္ဌကထာ၌ မိန့်ဆိုထား၏။
သို့ရာတွင် ဝိနည်းမဟာဝါပါဠိတော်၌ ရဟန်းတော်တို့အား အရက်ကို လိမ်းကျံရသော နယ်ဆီအဖြစ် အသုံးပြုခွင့်ပေးထားသောကြောင့် အရက်သောက်သုံးရန် မဟုတ်ဘဲ လိမ်းဆေးအဖြစ် အသုံးပြုရန် လှူကောင်း၏။
လှူလျှင်ကုသိုလ်ဖြစ်၏။ အမျိုးသမီးတို့အား အရာမ်စောင့်အဖြစ် အလှူခံခွင့်ပြုထားသော ကြောင့် အမျိုးသမီးများကို အရာမ်စောင့်အတွက် လှူကောင်း၏။ လှူလျှင် ကုသိုလ်ဖြစ်၏။ နွားလား ဥဿဘကို သေနာသနအလို့ငှာ ကျောင်းအား လှူဒါန်းကောင်း၏။ လှူလျှင်ကုသိုလ်ဖြစ်၏။ ပရိဝါအဌကထာ၌ “ဇရပ် တန်ဆောင်း၊ ဂူ၊ ကျောင်း၊ ပြဿဒ်၊ မဏ္ဍပ် စသည်တို့၌ ငရဲခန်း၊ ဘုံခန်း၊ တောထွက်ခန်း၊ ပန်းချီ၊ ပန်းပု၊ ရေးထုခြင်းကို ပြုခြင်းငှာအပ်၏” ဟု မိန့်ဆိုထားသောကြောင့် ကိလေသာစိတ်များ မဖြစ်ပွားစေတတ်သည့် ပန်းချီကား၊ ပန်းပုရုပ်တို့ကို ပေးလှူကောင်း၏။ လှူလျှင်ကုသိုလ်ဖြစ်၏။
သမဇ္ဇဒါနအရာ၌ ယခုကာလကဲ့သို့ ပွဲသဘင်များ ငှား၍ ပူဇော်ခြင်းမျိုးကို မည်သည့်နည်းနှင့်မျှ မပြုကောင်း၊ ပထမရွှေကျင်ဆရာတော်ဘုရားကြီးက “အလှူပေးရာ၊ ပွဲထည့်ပါ၊ တိုက်တွန်းလာ၊ သူမိုက်တစ်ယောက် လူမိုက်စကား၊ နားယောင်မှား၊ ပွဲငှားအလှူရှင် သူမိုက်တစ်ယောက်၊” စသည့် ပွဲသဘင်အလှူနှင့်စပ်၍ လူမိုက်ဟူသော အသုံးအနှုန်းဖြင့် မိန့်ဆိုထား၏။
သို့ရာတွင် “အပျက်အချော်၊ အသရော်၊ အလော်မာ၊ ဒုစရိုက်မပါဘဲ၊ ပလလဲတော၌ ပျားလှူသော မျောက်ကဲ့သို့ဖြစ်စေ၊ ဝရုဏနတ်မင်းကဲ့သို့ဖြစ်စေ မိမိ၏ အလှူတွင် ဝမ်းမြောက်ကြည်ရုံ သဒ္ဓါဟုန်ဖြင့် ကိုယ်တိုင်ကခုန်၍ ရတနာသုံးပါးအား ပူဇော်ကောင်း၏။ ပူဇော်လျှင် ကုသိုလ်ဖြစ်၏” ဟု ဆုံးဖြတ်ထားပေသည်။
ထို့ပြင် အဆင်းလှပသော မိန်းမယောက်ျားတို့သည် ရူပဒါနဖြစ်စေရန် အကြည့်ရှုခံ၍ အဆင်းကိုလှူအံ့၊ သဒ္ဒဒါနဖြစ်စေရန် သီချင်းသီဆို၍ အသံကို လှူအံ့၊ ဂန္ဓဒါနဖြစ်စေရန် အနမ်းအရှုခံ၍ အနံ့ကို လှူအံ့။ ဖောဋ္ဌဗ္ဗဒါနဖြစ်စေရန် အမွေ့အပိုက်ကိုခံ၍ အတွေ့ကိုလှူအံ့။ ဤအလုံးစုံသည် ကုသိုလ်မဖြစ်၊ အကုသိုလ်သာဖြစ်သည်။ ကုသိုလ်ဇောမစော၊ အမိုက်ဇော၊ အမှားဇောတွေသာ စောသည်။ အမိုက်ဇော ဆိုသည်မှာ မောဟဇော၊ အမှားဇောဆိုသည်မှာ ဒိဋ္ဌိဇောကို ဆိုသည်။ “ဖလေပါဋိကင်္ခိတွာ” ဟု ဒက္ခိဏဝိဘင်္ဂသုတ် အဋ္ဌကထာဆိုသောကြောင့် ကုသိုလ်လို၍ ပေးမှ ဒါနဆိုရသည်။ “ချစ်ပေး၊ ကြိုက်ပေး၊ ကြောက်ပေး(လာဘ်မျှော်ပေး) စသည်တို့ကို ဒါနမဆိုရ၊”ဟု တတိယရွှေကျင်သာသနာပိုင် ဒီပဲယင်းဆရာတော်ဘုရားကြီးက ပရမတ္ထစက္ခု ကျမ်း၌ မိန့်ဆိုထား၏။
တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီးကလည်း “ကြည်လင်စင်ကြယ်သော သဒ္ဓါတရားဖြင့်ပေးခြင်း မဟုတ်ဘဲ ချစ်ကြိုက်၍ ပေးခြင်း၊ စိတ်ဆိုး၍ပေးခြင်း၊ ကြောက်ရွံ့၍ပေးခြင်း၊၊ မိုက်မဲတွေဝေ၍ပေးခြင်းမှ စ၍ပေးခြင်း ဟူသမျှကို လောက၌ ပြုကျင့်ကြမြဲ ဝတ္ထရားအတိုင်း ပေးခြင်းမျိုးဖြစ်၍ ဒါနပါရမီနှင့် မသက်ဆိုင်” ဟု ဒါနမမည်သော ပေးခြင်းမျိုးကို မိန့်ဆိုထားပေသည်။ သို့ဖြစ်၍ အထက်ပါ ဒါနမမည်သော အလှူဒါနများအား မပြုလုပ်မိ၊ မလှူမိစေရန် သတိထားသင့်ပါကြောင်း အသိပေးလိုက်ပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
Credit&Original
#Share ပေးလိုက်ကြပါအုံးမိတ်ဆွေတို့..
Wednesday, 21 December 2016
……..သံယောဇဉ် ဆိုတာ…….(၁)
      ……………..သံယောဇဉ် ဆိုတာ…….(၁)
ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဖေစ့်ဘုတ် မိတ်ဆွေ တယောက်ရဲ့ စတေးတပ် တခု
မှာ မမျှော်လင့် ပဲ ရဲဘော်တဦး ရဲ့ ဆေးရုံတက်ရတဲ့  သတင်းကို အမှတ်မထင် မြင်
ဒီလိုဗျာ……
ကျနော် နေခဲ့ဖူးတဲ့ မြစ်ကြီးနား အကျဉ်းထောင်မှာပေါ့.။ ဒုတိယ အသုတ် အဖြစ်
ပြောင်းလာတဲ့ အထဲ မှာ မရမ်းကုန်းမြိုနယ်က ဦးဥာဏ်သောင်းဆိုတာ ပါလာတယ်။
(ကျနော် ရေးဖူးတဲ့ ထောင်အကြောင်းတွေ ထဲမှာ ပါခဲ့ဖူးပါတယ် ) .။ သူ က အရပ်ပု
ပု အသားဖြူဖြူ  ၊ အသားဖြူတာကလည်း သူက တရုပ် မျိုးနွယ် စပ်တယ် လို့ ပြောဖူး
ပါတယ် ..။ တရုပ် လူမျိုးနာမည် က ချူးကို  ပါတဲ့ ။အဲဒီချူးကို ကို ခေါ်ကြရင်း ခေါ်ကြရင်းနဲ့ ချစ်ကို ဖြစ်လာပြီး ဦးချစ်ကို လို့ လဲ လူအများက သိကြပါတယ် .။
အဲဒီတော့ ကျနော်က လဲ ထောင်ထဲ မှာ နှုတ်ကျိုးခဲ့တဲ့ အတိုင်း ဦးချစ်ကို လိုပဲ ပြော ပါ
ရစေ တော့.။
ဦးချစ်ကို က လူပု စိတ်တို တယောက်ပါပဲ ၊ ဒါပေမဲ့ သူစိတ်တို တာ ပာာ ထောင်အာ
ဏာ ပိုင်တွေ အပေါ်မှာသာ စိတ်တို့ တတ်တာပါ ..။ကိုယ်ရဲဘော် အချင်းချင်း ဆိုရင်
အင်မတန် စိတ်ရှည်ပြီး ဖော်ရွေ တဲ့ လူကြီးတယောက်ပေါ့.။ အပြင်လောက မှာ
နေစဉ် က မရမ်းကုန်းမြိုနယ် အန်အယ်ဒီ ပါတီဝင် လူကြီး .။ဘယ်သူမှ မလုပ်ရဲ 
တဲ့ အချိန်မှာ သူပာာ သူကိုယ်ပိုင်အိမ်မှာ ပါတီရုံးခန်းဖွင့်ခွင့် ပေးထားသလို သား
သမီးတွေ ကလဲ နိုင်ငံရေးတက်ကြွ လှုတ်ရှားသူတွေ ပါပဲ ။ ကိုယ်ပိုင်စီးပွားရေး နဲ့ 
အဆင်ပြေ ချမ်းသာသူ သူဌေး တယောက် လို့ ပြောရင်ရပါတယ် ..။ သူလုပ်ငန်း အ
ကြောင်းကိုလဲ သူထိန်ချန်မထား ပဲ ပြောဖူးပါတယ် ။ ဒိတော့ ထောင်ထဲ မှာ ထောင်ဝင်
စာ ပုံမှန်လာနိုင်ပြီး အဆင်ပြေတဲ့ နိုင်ငံရေးအကျဉ်းသားတယောက်ပေါ့.။
သူထောင်ဝင်စာ ကိုလည်း သူတယောက်တည်း သုံးဆွဲ တာ မပာုတ်ပဲ ဘ၀ တူရဲဘော်
တွေ ကို အမြဲဝေချမ်း မျှတ ပေးတတ်သူ ပေါ့..။သူဆီမှာ မပြတ်တာ ကတော့ ဆေးလိပ် ပါ ။ ထောင်ဝင်စာ ရက် မရောက်သေးလို့ ထောင်ဝင်စာ မလာနိုင်လို့ 
ဆေးလိပ် သောက်စရာ မရှိ ရင် သူဆီက  သာ  တောင်း သူမှာ အမြဲရှိ ပါတယ် ။
ဆေးလိပ်ကြိုက်တတ်သလို ထောင်ထဲ မှာ လက်မှု့ ပညာလေးတွေ သင်ခွင့် လုပ်
ခွင်ရတော့ ဦးချစ်ကို အမြဲ လုပ်နေတာ လုပ်တတ်တာ က ဂက်စ်မီးခြစ်ထည့်တဲ့ 
သိုးမွေးထိုး မီးခြစ်အိပ်ကလေးတွေ ပါပဲ.။ ဘယ်ဈေးရယ်တော့ မမှတ်မိတော့ ပါ
ဘူး သူဆိုင်ဖွင်ထားတာလေ။ အဲဒီဈေး က သူဆိုင် ၀န်းကျင်က သူမိတ်ဆွေ တွေ
သူ သူငယ်ချင်းတွေ အတွက် ထောင်ဝင်စာလာတဲ့ မိသားစု ကနေ တဆင့် အဲဒီ မီး
ခြစ် အိပ်လေးတွေ ကို လက်ဆောင် ပေးနေကျ ပေါ့.။ ပြီးတော့ သူထိုးတဲ့  မီးခြစ်
အိပ် အလုံးအရေအတွက် ကိုလဲ သူမှတ်ထားပါတယ် ။  တနေ့ တရက် မီးခြစ် အိပ်
လေးတွေ ထိုးလိုက် ဘုရားတရားလုပ်လိုက် .ကျန်းမာရေး အတွက် လေ့ကျင့်ခန်း
မှာပါပဲ……
ကျနော် တို့ နေခဲ့တဲ့မြစ်ကြီးနား မြိုပာာ အေးပြီဆိုရင်လည်း အတော်အေး သလို ..
ပူပြီ ဆို၇င်လည်း နေစရာ မရှိအောင်  ပူ ပါတယ်.။နွေရာသီ ပူပြီပော့ ဆိုရင် ကျနာ်
တို့ မှာ ပုဆိုးတထည် ကို ရေစွတ်ပြီး စူပါမင်း လို ခြုံ ထားရတဲ့ အထိပေါ့.။
အတော်ပူတဲ့ မြစ်ကြီးနားနွေ    မှာ ဦးချစ်ကို တို့  နေတဲ့ တိုက်ဆောင် (၁) ပာာ
ကျနော် နေတဲ့ တိုက်(၂) ထက် ပိုလို့   ဆိုး ပါတယ် ။တိုက်(၂) က အုတ်တိုက် ဖြစ်တာ
ကြောင့် နေရထိုင်ရ အတော်အသင့် သက်သာပေမဲ့ ဦးချစ်ကိုတို့ တိုက်က ဖားတပိုင်း
ငါးတပိုင်း အုတ်တိုက် မပာုတ် သစ်သားအဆောင် မပာုတ် အောက်ခြေက အုတ်ခံ
အပေါ် မျက်နှာကျက် ကြတော့ သစ်သား ၄ ၊ ၂ တန်းတွေ ကာထားပြီး အပေါ်က သွပ်
မိုးထားတာပါ .။ဒီတော့ နွေအပူ ကသွပ်ပြား အရှိန်ကြောင့်  ညဖက် ထောင်ပိတ်ချိန်
လှောင်ရုံ.။ သိုလှောင်ရုံ တာဝန်ခံ ထောင်မှုး ဦးကျော်တင့် က ကြောင် ချစ်တတ်သူ
သူက ကြောင် သာချစ်တယ် သူအိမ်မှာ မမွေးပဲ ကြောင် တွေ ကို ထောင်ထဲ မှာ ထား
လေတော့ ညတခါတရံ ကြောင်အော်သံ (မိတ်လိုက်ဖို့  အဖော်ရှာသံ ) ကလည်း ကြားရသေးရဲ  …………….။
ဒီလို နဲ့  ………….
အဲဒီနွေ တရက် နေလည်ဖက် မှာ ဦးချစ်ကို တို့ တိုက် ခေါင်မိုးပေါ်က အမွှေးအတောင်
မစုံသေးတဲ့ စာကလေးငှက်ပေါက်လေးတကောင် က သူထိုင်နေရာ ( မီးခြစ်အိပ် ထိုင်
ထိုးနေရာ နေရာ ) ကို ပြုတ်ကျလာပါတယ် ။ ဦးချစ်ကို အတွက် အလုပ်မရှိ ကြောင်ရေ
ချိုး တာ မပာုတ်ပဲ အလုပ်မရှိ စာကလေးငှက် မွေးပါတော့တယ် .။
သူရဲ့ အသုံးအဆောင်တွေ ထဲက ထမင်းပာင်း ထည့်စားတဲ့  ကော်ဇလုံ တခု ထဲ ကို
ထောင်က ပေးတဲ့ ပုံစံ အင်္ကျီ ကို အပိုင်းပိုင်းစုတ်ဖြဲ ပြီး အသိုက်လုပ်ပေး .။ သောက်
ရေခွက် အပောာင်းကို  ငှက်ကလေးသောက်ဖို့ ရာ ရေခွက်လုပ် .။ထောင်ဝန်ထမ်း
ဆီက နေ မှင်ကုန်နေတဲ့ ဘောလ်ပင် တချောင်းတောင်း ……အထဲက မှင်တံ ကို အလယ် ကနေ  ဒါး နဲချိုင်ပြီးလှီးထုတ် ထိတ်နှစ်ဖက်မှာ  အမွေးတိုင် တုတ်ကလေး
ချိုးထည့် ပြီး မီးညှပ်လိုလို ဇာဂနာ လိုလို လုပ်ပါတယ် .။ငှက် ကလေး ကို အစာခွံ ဖို့ 
ကို အစာကြွေး ရေတိုက် .။သူလုပ်နေကျ နေ့ စဉ် အလုပ်တွေလဲ လုပ်ရင်းပေါ့
လေ.တနေ့ တနေ့  မအားရရှာတော့ပါဘူး.။
ဒီလို နဲ့  ဦးချစ်ကို တယောက် စာကလေးငှက်တကောင် နဲ့ နှစ်ပါးသွားလာတာ နှစ်လ
သုံးလ သာ ကြာလာတယ် .ငှက်ကလေး က အကောင်လေးသာထွားလာတယ်
အမွေးအတောင် က မစုံ အပေါ်လဲ မပျံ တတ်.နောက်မှ သိရတာက ဦးချစ်ကို ပာာ
ငှက်ကလေးကို ထမင်းစေ့ လေးတွေ တင် ခွံ တာ မပာုတ်ပဲ သူစားသလို အကုန်လုံး
ကြွေးနေတာပါတဲ့ .။ သူစားတဲ့ ကိတ်မုန့် လဲ ခွံတယ် ဘီစက်စလဲ ခွံတယ် .။
ကော်ဖီလဲ တိုက်တယ် ..။
အကုန်ပဲ.သူစားသလို ကြွေးတော့ ငှက် ကလေး ခမျာ ဗီဇ ပျောက်ပြီး ဖွံဖြိုးမှု့ အား
နည်း သွားတာပါ .။ သူ တိုက်ရှေ့ ထွက်ပြီး လမ်းလျှောက်ရင်ပဲဖြစ်ဖြစ် ၊မီးခြစ်အိပ်
လေးတွေ ထိုင်ထိုးနေရင်ပဲ ဖြစ်ဖြစ် သူငှက်ကလေး က သူပခုံးပေါ် မှာ အမြဲတမ်း ပါ
လေ့ ရှိပါတယ် .။ နောက်တော့လဲ တဖြည်းဖြည်း နဲ့  အမွေးအတောင်လေးတွေ ဖြစ်
လာတော့ မပျံ တတ်သေးတဲ့ ငှက် ကလေးကို ကိုထိန်လင်း က လေထဲ ပြစ်မြှောက်ပြီး
ပျံတတ်အောင် သင်ပေးပါသေးတယ် ..။ဒါပေမဲ့ အားနည်းတယ်ပေါ့ဗျာ ……  
တခါတရံ တိုက်အပြင်ဖက်မှာ လမ်းလျှောက် နေရင်း စကားစမြည် ပြောနေရင်း
ဦးချစ်ကို ပျောက်သွားတတ်လို့ မေးကြည့်ရင် အခန်းထဲ ပြန်ပြီး အစာသွားကြွေးတာ တို့  ရေသွားတိုက်တာ တို့ ကြားရတဲ့ ထိအောင်ကိုပဲ ငှက်ကလေးကို ဂရုစိုက် တတ်
ကြင်နာတတ် ပါတယ် ..။
ငှက် စာကြွေးရင် ရေတိုက်ရင် ဦးချစ်ကို တယာက် လေချွန် ပြီး အသံပေးတတ်တာ
မို့  တိုက်ထဲ မှာ လေချွန်သံ ကြားရင်ကိုပဲ သူဘာလုပ်နေတယ် ဆိုတာ တတ်အပ် သိ
ကြတယ်ပေါ့.။
တဖြည်းဖြည်းနဲ့ ရက်တွေ ကုန်လာလိုက်တာ ဦးချစ်ကို ငှက်ကလေး လေပေါ်ပျံ တတ်လာပါတယ် ။လူတယောက် တရပ်စာ ..လက်တမြှောက်စာ ကောင်းကောင်း
ပျံတတ်လာတော့ ဦးချစ်ကို တယောက် ၀မ်းသာ အားရ ဖြစ်ရရှာပါတယ် .။
ငါ့ကောင် ကောင်းကောင်း ပျံ တတ်နေပြီ ကွ လို့  ပြောရင်း သဘောတွေ ကျနေတတ်
ပါတော့တယ် ..။
ဒီလို နဲ့  နေလာကြ ရာကနေ တည……..
ထောင်ပိတ်ပြီး ဗပိာုကင်းမျှော်စင်က နေ ကိုးနာရီ သံချောင်မခေါက်ခင် လောက်မှာ
ဦးချစ်ကို ရဲ့ အသံ ကိုစူးစူးဝါးဝါး ကြားရတော့ ပိာုဖက်တိုက် ဒီဖက်တိုက် လှမ်းအော်
မေးရင်း သတင်းစုံစမ်းကြပါတော့တယ် .။တိုက်နှစ်တိုက် အကွာအဝေး က ငါးပေ
သာသာ လောက်သာ ရှိတာမို့  အော်ပြောတာ မပာုတ်ရင်တောင် ကောင်းကောင်း
ကြားရပါတယ် ။ကျနော် နေရာ တိုက်(၁) က အခန်းဆယ်ခန်းစလုံး က ရဲဘော်တွေ
အားလုံးလဲ နားစွင့် လို့ .။ ဆီးချိုတွေ သွေးတိုးတွေ ရှိတဲ့ ဦးချစ်ကို တယောက်
ဘာများဖြစ်လို့ လဲပေါ့...။
တခဏကြာမှ ဦးချစ်ကို အသံ ကိုကြားရပါတယ် .ငိုသံ ရောထွေးနေတဲ့ ကြေကွဲသံ
ကြီးနဲ့ ပေါ့…….။
ငါ့ စာကလေး ကို ကြောင်တကောင် ခုတ်သွားပြီကွာ”…..တဲ့
ညဖက် ထောင်ပိတ်ချိန် (တန်းပိတ်ချိန်)ဆိုတော့ အခန်းထဲ ကနေ အပြင် ထွက် လို့ 
မရကြတော့တာမို့ မနက်လင်း လို့ ထောင်ဖွင့်ချိန် ကျကာမှ အကြောင်းစုံ သိရပါတယ်။
ဘယ်လိုဖြစ်တာလဲ ဦးလေးချစ် ရယ် ဆိုတော့………
ပထမ သံတခါးဘောင် ပေါ်မှာ နား နေတာ ကွ.
အဲဒီအချိန်ကတည်း က ကြောင် ကလဲချောင်းနေတာ နဲ့ တူပါတယ် .
ငါ  ကောင်လေး ဘောင်ပေါ်ကနေ ထ အပျံမှာ ခုန်အုပ်သွားတာ ……  
တဲ့.။ တည လုံး ကောင်းကောင်းအိပ်ထားပုံ မရ သလို ငိုထားပုံလဲ ပေါ်ပါတယ် .။
ဦးချစ်ကို တယောက် အရင်လို မပာုတ်ပဲ ဆယ်ငါးရက် တလ လောက် ခံစား လိုက်ရ
ရှာပါတယ် .။ နောက် ပိုင်း ခေါင်မိုးပေါ်က စာကလေးပေါက် တွေ ပြုတ်ကြလာတိုင်း
ကိုထိန်လင်းက ဦးလေးချစ် ဒီမှာ စာကလေး တကောင် ပြုတ်ကျလာတယ် မွေး
ဦးမလား လို့ မေးတိုင်း ကြေကွဲ ရိပ်သမ်းနေတဲ့ မျက်နှာ နဲ့  ဦးချစ်ကို တယောက် ခေါင်း တွင်တွင် ခါပြရှာပါတော့တယ် ..။
သြော်……
လူဘုံ လူလောက.လူသဘာဝမှာ သံယောဇဉ် ဆိုတာ
                                                             ခိုင်ကိုဦး (ဆစ်ဒနီ)
                                                             ၂၂ ၊ ၁၂ ၊ ၂၀၁၆