……………..သံယောဇဉ် ဆိုတာ…….(၁)
ပြီးခဲ့တဲ့ နှစ်ရက်လောက်က
ဖေစ့်ဘုတ် မိတ်ဆွေ တယောက်ရဲ့  စတေးတပ် တခု
မှာ မမျှော်လင့် ပဲ ရဲဘော်တဦး
ရဲ့  ဆေးရုံတက်ရတဲ့  သတင်းကို အမှတ်မထင် မြင်
တွေ့  လိုက်ရာကနေ စပြီး ဒီစာစု လေးကိုရေးဖို့  ဖြစ်လာတယ် ဆိုကြပါစို့ ရယ် …။
ဒီလိုဗျာ……
ကျနော် နေခဲ့ဖူးတဲ့ မြစ်ကြီးနား
အကျဉ်းထောင်မှာပေါ့….။ ဒုတိယ အသုတ် အဖြစ်
ပြောင်းလာတဲ့ အထဲ မှာ မရမ်းကုန်းမြိုနယ်က
ဦးဥာဏ်သောင်းဆိုတာ ပါလာတယ်။
(ကျနော် ရေးဖူးတဲ့ ထောင်အကြောင်းတွေ
ထဲမှာ ပါခဲ့ဖူးပါတယ် ) ….။ သူ က အရပ်ပု
ပု အသားဖြူဖြူ ၊ အသားဖြူတာကလည်း သူက တရုပ် မျိုးနွယ် စပ်တယ် လို
့ပြောဖူး
ပါတယ် ..။ တရုပ် လူမျိုးနာမည်
က ချူးကို ပါတဲ့ …။အဲဒီချူးကို
ကို ခေါ်ကြရင်း ခေါ်ကြရင်းနဲ့  ချစ်ကို ဖြစ်လာပြီး
ဦးချစ်ကို လို့ လဲ လူအများက သိကြပါတယ် ….။
အဲဒီတော့ ကျနော်က လဲ ထောင်ထဲ
မှာ နှုတ်ကျိုးခဲ့တဲ့ အတိုင်း ဦးချစ်ကို လိုပဲ ပြော ပါ
ရစေ တော့….။
ဦးချစ်ကို က လူပု စိတ်တို
တယောက်ပါပဲ ၊ ဒါပေမဲ့ သူစိတ်တို တာ ပာာ ထောင်အာ
ဏာ ပိုင်တွေ အပေါ်မှာသာ စိတ်တို
့တတ်တာပါ ..။ကိုယ်ရဲဘော် အချင်းချင်း ဆိုရင်
အင်မတန် စိတ်ရှည်ပြီး ဖော်ရွေ
တဲ့ လူကြီးတယောက်ပေါ့….။ အပြင်လောက မှာ
နေစဉ် က မရမ်းကုန်းမြိုနယ်
အန်အယ်ဒီ ပါတီဝင် လူကြီး ….။ဘယ်သူမှ မလုပ်ရဲ
့
တဲ့ အချိန်မှာ သူပာာ သူကိုယ်ပိုင်အိမ်မှာ
ပါတီရုံးခန်းဖွင့်ခွင့် ပေးထားသလို သား
သမီးတွေ ကလဲ နိုင်ငံရေးတက်ကြွ
လှုတ်ရှားသူတွေ ပါပဲ ။ ကိုယ်ပိုင်စီးပွားရေး နဲ့ 
အဆင်ပြေ ချမ်းသာသူ သူဌေး
တယောက် လို့ ပြောရင်ရပါတယ် ..။ သူလုပ်ငန်း အ
ကြောင်းကိုလဲ သူထိန်ချန်မထား
ပဲ ပြောဖူးပါတယ် ။ ဒိတော့ ထောင်ထဲ မှာ ထောင်ဝင်
စာ ပုံမှန်လာနိုင်ပြီး အဆင်ပြေတဲ့
နိုင်ငံရေးအကျဉ်းသားတယောက်ပေါ့….။
သူထောင်ဝင်စာ ကိုလည်း သူတယောက်တည်း
သုံးဆွဲ တာ မပာုတ်ပဲ ဘ၀ တူရဲဘော်
တွေ ကို အမြဲဝေချမ်း မျှတ
ပေးတတ်သူ ပေါ့…..။သူဆီမှာ မပြတ်တာ ကတော့ ဆေးလိပ် ပါ ။ ထောင်ဝင်စာ ရက် မရောက်သေးလို
့…ထောင်ဝင်စာ မလာနိုင်လို့ 
ဆေးလိပ် သောက်စရာ မရှိ ရင်
သူဆီက သာ
တောင်း သူမှာ အမြဲရှိ ပါတယ် ။
ဆေးလိပ်ကြိုက်တတ်သလို ထောင်ထဲ
မှာ လက်မှု့ ပညာလေးတွေ သင်ခွင့် လုပ်
ခွင်ရတော့ ဦးချစ်ကို အမြဲ
လုပ်နေတာ …လုပ်တတ်တာ က ဂက်စ်မီးခြစ်ထည့်တဲ့ 
သိုးမွေးထိုး မီးခြစ်အိပ်ကလေးတွေ
ပါပဲ….။ ဘယ်ဈေးရယ်တော့ မမှတ်မိတော့ ပါ
ဘူး သူဆိုင်ဖွင်ထားတာလေ…။ အဲဒီဈေး
က သူဆိုင် ၀န်းကျင်က သူမိတ်ဆွေ တွေ
သူ သူငယ်ချင်းတွေ အတွက် ထောင်ဝင်စာလာတဲ့
မိသားစု ကနေ တဆင့် အဲဒီ မီး
ခြစ် အိပ်လေးတွေ ကို လက်ဆောင်
ပေးနေကျ ပေါ့….။ ပြီးတော့ သူထိုးတဲ့  မီးခြစ်
အိပ် အလုံးအရေအတွက် ကိုလဲ
သူမှတ်ထားပါတယ် ။ တနေ့ တရက် မီးခြစ် အိပ်
လေးတွေ ထိုးလိုက် ဘုရားတရားလုပ်လိုက်
….ကျန်းမာရေး အတွက် လေ့ကျင့်ခန်း
လုပ်လိုက်နဲ့  ဦးချစ်ကို
ရဲ့ ထောင်တွင်းဖြတ်သန်းမှု့  ဘ၀ ပာာ အေးချမ်းတယ် ဆိုရ
မှာပါပဲ……။
ကျနော် တို့ နေခဲ့တဲ့မြစ်ကြီးနား
မြိုပာာ အေးပြီဆိုရင်လည်း အတော်အေး သလို ..
ပူပြီ ဆို၇င်လည်း နေစရာ မရှိအောင် ပူ ပါတယ်.။နွေရာသီ ပူပြီပော့ ဆိုရင် ကျနာ်
တို့ မှာ ပုဆိုးတထည် ကို
ရေစွတ်ပြီး စူပါမင်း လို ခြုံ ထားရတဲ့ အထိပေါ့….။
အတော်ပူတဲ့ မြစ်ကြီးနားနွေ
မှာ ဦးချစ်ကို တို့  နေတဲ့ တိုက်ဆောင်
(၁) ပာာ
ကျနော် နေတဲ့ တိုက်(၂) ထက်
ပိုလို့  ဆိုး ပါတယ် ။တိုက်(၂) က အုတ်တိုက်
ဖြစ်တာ
ကြောင့် နေရထိုင်ရ အတော်အသင့်
သက်သာပေမဲ့ ဦးချစ်ကိုတို့ တိုက်က ဖားတပိုင်း
ငါးတပိုင်း အုတ်တိုက် မပာုတ်
သစ်သားအဆောင် မပာုတ် အောက်ခြေက အုတ်ခံ
အပေါ် မျက်နှာကျက် ကြတော့
သစ်သား ၄ ၊ ၂ တန်းတွေ ကာထားပြီး အပေါ်က သွပ်
မိုးထားတာပါ ….။ဒီတော့
နွေအပူ ကသွပ်ပြား အရှိန်ကြောင့် ညဖက် ထောင်ပိတ်ချိန်
ဆိုရင် ငရဲ ပါပဲ….။ ဒီကြားထဲ
အဲဒီ တိုက်ဆောင်(၁) တဖက်ခြမ်း က ထောင်ရဲ့ ကုန်သို
လှောင်ရုံ….။ သိုလှောင်ရုံ
တာဝန်ခံ ထောင်မှုး ဦးကျော်တင့် က ကြောင် ချစ်တတ်သူ
သူက ကြောင် သာချစ်တယ် သူအိမ်မှာ
မမွေးပဲ ကြောင် တွေ ကို ထောင်ထဲ မှာ ထား
လေတော့ ည…ည…တခါတရံ
ကြောင်အော်သံ (မိတ်လိုက်ဖို့  အဖော်ရှာသံ ) ကလည်း ကြားရသေးရဲ့ …………….။
ဒီလို နဲ့  ………….
အဲဒီနွေ တရက် နေလည်ဖက် မှာ
ဦးချစ်ကို တို့ တိုက် ခေါင်မိုးပေါ်က အမွှေးအတောင်
မစုံသေးတဲ့ စာကလေးငှက်ပေါက်လေးတကောင်
က သူထိုင်နေရာ ( မီးခြစ်အိပ် ထိုင်
ထိုးနေရာ နေရာ ) ကို ပြုတ်ကျလာပါတယ်
။ ဦးချစ်ကို အတွက် အလုပ်မရှိ ကြောင်ရေ
ချိုး တာ မပာုတ်ပဲ …အလုပ်မရှိ
စာကလေးငှက် မွေးပါတော့တယ် ….။
သူရဲ့  အသုံးအဆောင်တွေ ထဲက ထမင်းပာင်း ထည့်စားတဲ့  ကော်ဇလုံ
တခု ထဲ ကို
ထောင်က ပေးတဲ့ ပုံစံ အင်္က
ျီ ကို အပိုင်းပိုင်းစုတ်ဖြဲ ပြီး အသိုက်လုပ်ပေး ….။ သောက်
ရေခွက် အပောာင်းကို ငှက်ကလေးသောက်ဖို့ ရာ ရေခွက်လုပ် ….။ထောင်ဝန်ထမ်း
ဆီက နေ မှင်ကုန်နေတဲ့ ဘောလ်ပင်
တချောင်းတောင်း ……အထဲက မှင်တံ ကို အလယ် ကနေ ဒါး နဲချိုင်ပြီးလှီးထုတ် …ထိတ်နှစ်ဖက်မှာ အမွေးတိုင် တုတ်ကလေး
ချိုးထည့် ပြီး မီးညှပ်လိုလို
ဇာဂနာ လိုလို လုပ်ပါတယ် ….။ငှက် ကလေး ကို အစာခွံ ဖို့ 
တဲ့….။ ထမင်းစေ့
လေးတွေ ကို ငှက်စာခွံတဲ့ ဇာဂနာ နဲ့ ညှပ်ပြီး သူရဲ
့စာကလေးငှက်
ကို အစာကြွေး …ရေတိုက်
….။သူလုပ်နေကျ နေ့ စဉ် အလုပ်တွေလဲ လုပ်ရင်းပေါ့
လေ….တနေ့ တနေ
့ မအားရရှာတော့ပါဘူး….။
ဒီလို နဲ့  ဦးချစ်ကို တယောက်
စာကလေးငှက်တကောင် နဲ့ နှစ်ပါးသွားလာတာ နှစ်လ
သုံးလ သာ ကြာလာတယ် ….ငှက်ကလေး
က အကောင်လေးသာထွားလာတယ် …
အမွေးအတောင် က မစုံ အပေါ်လဲ
မပျံ တတ်….နောက်မှ သိရတာက ဦးချစ်ကို ပာာ
ငှက်ကလေးကို ထမင်းစေ့ လေးတွေ
တင် ခွံ တာ မပာုတ်ပဲ သူစားသလို အကုန်လုံး
ကြွေးနေတာပါတဲ့ ….။ သူစားတဲ့
ကိတ်မုန့် လဲ ခွံတယ် …ဘီစက်စလဲ ခွံတယ် ….။
ကော်ဖီလဲ တိုက်တယ် …..။
အကုန်ပဲ….သူစားသလို
ကြွေးတော့ ငှက် ကလေး ခမျာ ဗီဇ ပျောက်ပြီး ဖွံဖြိုးမှု့  အား
နည်း သွားတာပါ ….။ သူ တိုက်ရှေ
့ထွက်ပြီး လမ်းလျှောက်ရင်ပဲဖြစ်ဖြစ် ၊မီးခြစ်အိပ်
လေးတွေ ထိုင်ထိုးနေရင်ပဲ
ဖြစ်ဖြစ် သူငှက်ကလေး က သူပခုံးပေါ် မှာ အမြဲတမ်း ပါ
လေ့ ရှိပါတယ် ….။ နောက်တော့လဲ
တဖြည်းဖြည်း နဲ့  အမွေးအတောင်လေးတွေ ဖြစ်
လာတော့ မပျံ တတ်သေးတဲ့ ငှက်
ကလေးကို ကိုထိန်လင်း က လေထဲ ပြစ်မြှောက်ပြီး
ပျံတတ်အောင် သင်ပေးပါသေးတယ်
…..။ဒါပေမဲ့ အားနည်းတယ်ပေါ့ဗျာ ……။
တခါတရံ တိုက်အပြင်ဖက်မှာ
လမ်းလျှောက် နေရင်း …စကားစမြည် ပြောနေရင်း
ဦးချစ်ကို ပျောက်သွားတတ်လို
့မေးကြည့်ရင် အခန်းထဲ ပြန်ပြီး အစာသွားကြွေးတာ တို့  ရေသွားတိုက်တာ တို့ ကြားရတဲ့ ထိအောင်ကိုပဲ
ငှက်ကလေးကို ဂရုစိုက် တတ်
ကြင်နာတတ် ပါတယ် …..။
ငှက် စာကြွေးရင် ရေတိုက်ရင်
ဦးချစ်ကို တယာက် လေချွန် ပြီး အသံပေးတတ်တာ
မို့  တိုက်ထဲ မှာ လေချွန်သံ
ကြားရင်ကိုပဲ သူဘာလုပ်နေတယ် ဆိုတာ တတ်အပ် သိ
ကြတယ်ပေါ့….။
တဖြည်းဖြည်းနဲ့  ရက်တွေ ကုန်လာလိုက်တာ ဦးချစ်ကို ငှက်ကလေး လေပေါ်ပျံ
တတ်လာပါတယ် …။လူတယောက် တရပ်စာ ..လက်တမြှောက်စာ
ကောင်းကောင်း
ပျံတတ်လာတော့ ဦးချစ်ကို
တယောက် ၀မ်းသာ အားရ ဖြစ်ရရှာပါတယ် ….။
ငါ့ကောင် ကောင်းကောင်း ပျံ
တတ်နေပြီ ကွ လို့  ပြောရင်း သဘောတွေ ကျနေတတ်
ပါတော့တယ် …..။
ဒီလို နဲ့  နေလာကြ ရာကနေ
တည……..
ထောင်ပိတ်ပြီး ဗပိာုကင်းမျှော်စင်က
နေ ကိုးနာရီ သံချောင်မခေါက်ခင် လောက်မှာ
ဦးချစ်ကို ရဲ့  အသံ ကိုစူးစူးဝါးဝါး ကြားရတော့ ပိာုဖက်တိုက် ဒီဖက်တိုက်
လှမ်းအော်
မေးရင်း သတင်းစုံစမ်းကြပါတော့တယ်
….။တိုက်နှစ်တိုက် အကွာအဝေး က ငါးပေ
သာသာ လောက်သာ ရှိတာမို့ 
အော်ပြောတာ မပာုတ်ရင်တောင် ကောင်းကောင်း
ကြားရပါတယ် …။ကျနော်
နေရာ တိုက်(၁) က အခန်းဆယ်ခန်းစလုံး က ရဲဘော်တွေ
အားလုံးလဲ နားစွင့် လို့ ….။ ဆီးချိုတွေ
သွေးတိုးတွေ ရှိတဲ့ ဦးချစ်ကို တယောက်
ဘာများဖြစ်လို့ လဲပေါ့...။
တခဏကြာမှ ဦးချစ်ကို အသံ
ကိုကြားရပါတယ် ….ငိုသံ ရောထွေးနေတဲ့ ကြေကွဲသံ
ကြီးနဲ့ ပေါ့…….။
“ ငါ့
စာကလေး ကို ကြောင်တကောင် ခုတ်သွားပြီကွာ”…..တဲ့…။
ညဖက် ထောင်ပိတ်ချိန် (တန်းပိတ်ချိန်)ဆိုတော့
အခန်းထဲ ကနေ အပြင် ထွက် လို့ 
မရကြတော့တာမို့ မနက်လင်း
လို့ ထောင်ဖွင့်ချိန် ကျကာမှ အကြောင်းစုံ သိရပါတယ်။
ဘယ်လိုဖြစ်တာလဲ ဦးလေးချစ်
ရယ် ဆိုတော့………
“ပထမ သံတခါးဘောင်
ပေါ်မှာ နား နေတာ ကွ….
အဲဒီအချိန်ကတည်း က ကြောင်
ကလဲချောင်းနေတာ နဲ့ တူပါတယ် ….
ငါ့ ကောင်လေး ဘောင်ပေါ်ကနေ ထ အပျံမှာ ခုန်အုပ်သွားတာ ……”
တဲ့….။ တည လုံး
ကောင်းကောင်းအိပ်ထားပုံ မရ သလို ငိုထားပုံလဲ ပေါ်ပါတယ် ….။
ဦးချစ်ကို တယောက် အရင်လို
မပာုတ်ပဲ ဆယ်ငါးရက် တလ လောက် ခံစား လိုက်ရ
ရှာပါတယ် .။ နောက် ပိုင်း
ခေါင်မိုးပေါ်က စာကလေးပေါက် တွေ ပြုတ်ကြလာတိုင်း
ကိုထိန်လင်းက “ ဦးလေးချစ် ဒီမှာ စာကလေး တကောင် ပြုတ်ကျလာတယ် …မွေး
ဦးမလား” လို့ မေးတိုင်း ကြေကွဲ ရိပ်သမ်းနေတဲ့ မျက်နှာ နဲ့  ဦးချစ်ကို
တယောက် ခေါင်း တွင်တွင် ခါပြရှာပါတော့တယ် …..။
သြော်……
လူဘုံ …လူလောက….လူသဘာဝမှာ
သံယောဇဉ် ဆိုတာ
ခိုင်ကိုဦး (ဆစ်ဒနီ)
၂၂ ၊ ၁၂ ၊ ၂၀၁၆
No comments:
Post a Comment