Saturday, 31 October 2015

မကျေနပ် တာလေး ....ပြောပါဦးမယ်......

မကျေနပ် တာလေး ....ပြောပါဦးမယ်......
လူ တချိုပာာလေ....ပာုတ်တာရော မပာုတ်တာရော တပါးသူ အကြောင်း ဆို အတော် ပြောချင်ကြတာပါပဲ.....။
အခြေ အမြစ် မရှိ သူ တပါး အကြောင်း ပြောနေရမှ ထမင်းစားမိန်တယ် ထင်ပါရဲ့  ဗျာ.......။ ဆရာတော် တစ်ပါး အဆို အမိန် ကို ကိုးကားပြောရရင်
အလို လိုကမှ ပုတ်စော် နံ နေတဲ့ ပါးစပ် သူတစ်ပါး အတင်းပြော ရင်း ပိုပြီး
ပုတ်စော် မနံပ်စေနဲ့ တဲ့.....။ သမိုင်းရှိပြီး သမိုင်းသိသူ က ဖော်ထုတ် လိုက်ရင်
ကိုယ် အပုတ် ကိုယ်ဖော် သလို ဖြစ်လေ့ရှိပါတယ်....။
အကြောင်းက .....
တနေ့ က ဓါးခုတ်ခံရတဲ့ ကိုနိုင်ငံလင်း အကြောင်းပါ....။
ကိုနိုင်ငံလင်း ပာာ ကရာတေးဒို လက်ရွေးစင် အားကစားသမားတယောက်...
၁၉၉၀ ကျော် နှစ်တွေမှာ ကရာတေးဒို ကစားခဲ့တဲ့ လက်ရွေးစင် တယောက်ပါတဲ့ ....
ယခင်က သူပာာ လိင် နှစ်
မျိုးပါပြီး အမျိုးသမီး ကရာတေးဒို တယောက်အဖြစ် ၀င်ရောက်ကစားစဉ်က ဆု
တွေ များစွာ ရခဲ့ပြီး နောက်ပိုင်း သူရဲ့  နှစ်မျိုးပါတဲ့ လိင် ကိုခွဲစိတ်ပြုပြင်ပြီးမှ
ယောကျင်္ား ဘ၀ ကိုရယူခဲပြီး နောက်ပိုင်း မှာတော့ ရှုံးပွဲတွေသာ ရှိခဲ့ကြောင်း...။ထိုစဉ်က ကရာတေးဒို အဖွဲ့ ချုပ် က ဦးစိုးဝင်း ကို မေးကြည့်နိုင်
ကြောင်း လိင် (၂) မျိုး ကို ခွဲစိတ်ပြုပြင် ပြီးကာမှ နိုင်ငံလင်း ဆိုတဲ့ နာမည်ကို
မှည်ခေါ်ခဲ့တာ ဖြစ်ကြောင်း......။
ပြီးတော့ (၈)တန်းတောင်မှ မအောင်ခဲ့ ကြောင်း....ယခု အချိန်မှာတော့ ဘွဲ့ ရ
ပညာတတ် တစ်ယောက် အနေ နဲ့  ပါတီ အမတ်လောင်း ဖြစ်နေကြောင်း....
စသည်ဖြင့်....(ချက်ဘောက်စ်မှာ အပြန်အလှန် ပြောကြပုံကို တင်လိုက်တဲ့ ပိုစ်ပါ...။
ကျနော် ပြောချင်တာက ၁၉၉၀ ပြည်လွန်နှစ်တွေက မြန်မာ အားကစား ဘားဖြစ်တယ် ညာဖြစ်တယ် နဲ့  ပြည်သူလူထုကို နိုင်ငံရေးဖက် အာရုံ မရောက်
အောင် အမျိုးသား အားကစားပွဲတော် ကြီးဖန်တီးပြီး အားကစား ပေါင်းစုံ ပြိုင်ပွဲ
တွေ လုပ်ပေးနေတဲ့ ကာလ ပါ...။ မှန်ပါတယ် အဲဒီ အချိန်က အဖွဲချုပိ တာဝန်ရှိ
သူက ဦးစိုးဝင်းပါ...။ ကရာတေးဒို အားကစားနည်းမှာ အဖွဲ ဆို လို အများကြီး ရှိလှတာ မပာုတ်ပါဘူး...။ အားကစားနှင် ကာယနည်းပညာ က ကရာတေးဒို
အဖွဲ့ ချုပ်...၊YMCA ...၊ ယူနိုက်တက်....၊ ဇာမဏီ....၊သူရိန်....၊BLACK TIGER
စတာ တွေ လောက်သာ နာမည်ကြီး အဖွဲတွေပါ....။black Tiger က နည်းပြ
ချုပ် အမည် ကတော့ မမှတ်မိတော့ပါဘူး....၊ ယူနိုက်တက်က ဆရာ ထွန်းထွန်း
အောင်....၊သူရိန်က နှတ်ခမ်းမွှေး ကြီး ဦးဇော်မင်း....YMCA ကထင်ရဲ့ ဆရာ
မိုက်ကယ် ကျော်မြင့်....( သူက ၈၀ ကီလို အထက် မှာ ကစားနေကျ....အရပ်က
ခြောက်ပေနီးပါး လူကောင်း ကြီးကြီး)...ဇာမဏီ က နည်းပြချုပ် ဦးဇော်ဝင်း...
(သူ ရဲ ဇာမဏီ မှာ က အဖွဲ့ ခွဲတွေ လေးငါးခု ရှိ တယ်...၊ ယူနိုက်တက် လည်း
အတူတူပါပဲ....အဖွဲ့ ခွဲ တွေ အများကြီးပါ...) မြို့ နယ်ပေါင်းစုံ ကရာတေးဒို ပြိုင်
ပွဲ ဖြစ်ဖြစ်....အမျိုးသား အားကစားပွဲတော် က ကရာတေးဒို ပြိုင်ပွဲ တွေပဲ ဖြစ်
ဖြစ်...ပြိုင်ပွဲ မ၀င်ခင် စာရင်းသွင်းပြီ ဆိုကတည်းက ဆေးစစ်ကြရပါတယ်....
အရပ်...ကီလို ...ကစပြီး ဒူး တံတောင်...မေးရိုး...တစ်ကိုယ်လုံး အကျိုးအပဲ
ရှိမရှိ...ယောကျင်္ား ဆို ယောကျင်္ားဆရာဝန်...မိန်းမ ဆို မိန်းမ ဆရာဝန် နဲ့  အစစ်ဆေး ခံကြ ရပါတယ်....။ ဆရာဝန်နဲ့  နှစ်ယောက် ထဲ တွေ့ ပြီ ဆိုတာနဲ့ 
လိင် အင်္ဂါ က အစ လှန်ပြရတာပါ....ယောကျာင်္း ဆို အူ ကျမကျ....စစ်တာပေါ့
လေ....။ကိုယ်အလေးချိန် ချိန်ရင်လည်း ရှိသမျှ အ၀တ်အစား ကုန်လုနီးပါး ချွတ်ပြီးမှ ချိန်ရတာပါ...။ဘာကြောင့်ဆို့  ကီလို ပိုတက်အောင် အလေးချိန်ရှိတဲ့ ပိသာလေး လို အလေးမျိုး ဘောင်ဘီအိတ်...အင်္ကျီ အိပ်ထဲ ထည်ပြီး ချိန်တတ်ကြလိုပါ...ကိုယ်အလေးချိန် ကြီးလေလေ..ယှဉ်ပြိုင်ရမဲသူ
နည်းလေ ပါပဲ...များသော အားဖြင် ၅၅ ကီလိုတန်းမှာ ပြိုင်သူ များပြီး ရ၀...၈၀
တန်း ဆိုရင် လူနည်းပြီး ကစားရတဲ့ ပွဲစဉ်နည်းလေလေ ဆု တခုခု ရဖို့  ကျိန်သေလေပေါ့ဗျာ....အဲဒီလို ကီလိုချိန်..ဆေးဆစ်တဲ့ အထဲမှာလဲ လိင် နှစ်မျိုးပါပြီး ကရာတေးဒို ၀င်ကစားတဲ့ အားကစား သမားရယ်လို
တခါမှ မကြားဖူးခဲ့ပါဘူး.....။ တယောက်တော့ ရှိတယ် ...ရွှေပြည်သာ ဇာမဏီ
က Black Belt ရွှေရည် ဆိုသူကတော့ ယောကျာင်္း လိုလို မိန်းမ လိုလို ပါပဲ....
ဒါပေမဲ့ အမျိုးသမီး ပြိုင်ပွဲ တွေ မှာ ပဲ ၀င်ပြိုင်ခွင့်ရတာပါ....နိုင်ငံလက်ရွေးစင်
တစ်ယောက်ပါ...နောက် တစ်ယောက် က စမ်းချောင်းက တင်ဆန်းကြည်
...သူကိုတော့ ပြိုင်ပွဲ တွေမှာ ဘားမားဂျက်မ လို အမည်ပေးခံရပါတယ်...။
နောက် အေးအေးမော် ....စတာ...စတာတွေ အများကြီးပါပဲ....။
သေချာတာ တခုက လိင် နှစ်မျိုးပါတဲ့ အားကစားသမား ဆိုတာ တကယ်ကို မကြားခဲ့ ဖူးပါဘူး.....။ ကရာတေးဒို ကစားတယ် ဆိုတာကလည်း ခါးစည်း
အဆင့်ဆင်ကို ကျော်ဖြတ်ပြီးမှ နည်းပြဆရာ အဆင့် Black Belt အဆင့် ရတာပါ...။ ပထမ ခါးစည်းအဖြူ...အ၀ါ...အစိမ်း...အပြာ...အနီ...အညို...အနက်
...။ ခါးစည်း အဖြူ ကနေ အနက် ထိအောင် ကစားရတယ် ဆိုတာ နေချင်း...
ညချင်းတတ်သွားတဲ့ ပညာရပ် မပာုတ်ပါဘူး...။ ဒီလိုပဲ ကုမိတဲ့(KUMITA) (မြန်မာ အသံထွက်) လို ခေါ်တဲ့ တိုက်ခိုက် ခုခံခြင်း နဲ့  ခတ(KATA) လိုခေါ်တဲ့
ကရာတေးကကွက် တွေပာာလည်း တခဏ ခြင်း တတ်တဲ့ ပညာတွေ မပာုတ်ပါဘူး...။ အနည်းဆုံး (၃) နှစ် ကနေ (၅) နှစ် အထိ ကြာတတ်ပါတယ်...
ပြီးတော့ အမျိုးသား အားကစားပွဲတော် မှာ ကစား ရင် ၀န်ကြီးဌာန များအ
လိုက် ၀င်ရောက် ကစားကြရပါတယ်...။ဘောလုံးမှာ ဆိုရင် အကောက်ခွန်က
ဘောလုံးသမားများအတွက် အကြိုက်ဆုံးနေရာ ဖြစ်သလို ကရာတေးဒို ကစားသူများအတွက်ကတော့ ပြည်ထဲရေး (ရဲ)ဌာန ပါ....မြိုနယ် ပေါင်းစုံ ပြိုင်
ပွဲ လောက်မှာ ဆုတဆိပ် တစ်ခုလောက် ၇တယ် ဆိုရင်ပဲ ပြည်ထဲရေး မှာ ၀င်လျှောက်လို့ လွယ်ပါတယ်....ဒါမှလဲ ကိုယ်ကစားချင်တာလဲ ကစားရ သလို
လစာ လေးလဲရတော့ အစဉ်ပြေတယ် မပာုတ်လား....။ (၉၂ /၉၃) လောက်က
ဆို ပြည်ထဲရေး မှာ ကရာတေးသမား လေးဆယ် နီးပါးရှိ ပါတယ်...။
အဲဒီ အထဲမှာ လဲ လိင် နှစ်ခု ပါသူရယ်လို့  မကြားမိခဲ့ပါ...။
မြန်မာပြည်က ကရာတေးဒို မှာ ကတော့ အနက်က နောက်ဆုံးပါပဲ ဂျပန် နိုင်ငံ
လို Den တွေ မရှိပါဘူး....။ (၉၃) လောက် က ကရာတေးဒို့  အဖွဲ့ ချုပ်က
ဖိတ်ခေါ်လို ဂျပန်နိုင်ငံ IKO (International Karate Orginazation ) က
4 Den ဆရာ ဂျပန်ကြီး တယောက် နည်းပြဆရာ မွမ်းမံ သင်တန်း ပေးစဉ်
ကလည်းပဲ လိင် နှစ်ခု ပါသူ အားကစားသမား တယောက် အကြောင်း မကြား
မိခဲ့ဖူးပါ.......။
အခု ဓါးခုတ်ခံ ရတဲ့ ကိုနိုင်ငံလင်းပာာ တချိန်က ကရာတေးဒို အားကစားသမား
တယောက် ဖြစ်ကောင်းဖြစ်ပါလိမ်မယ်...ဒါပေမဲ့ လိင် နှစ်ခုပါတယ် တို့  ခွဲစိတ်ပြု
ပြင်တယ် တို့ ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပါ....။
ဘာကြောင်ဆိုရင် ၉၀ ကျော် နှစ်တွေ က ကရာတေးဒို လောက မှာ အားကစားသမား ဆိုတာ လက်ချိုး ရေ တွက်လို့ မရပေမဲ့ ဘယ်အဖွဲ မှာ ဘယ်သူ တွေ ဘာဖြစ်တယ် ဆိုတာကအစ ပာုတ်ရင်ပေါ်တာပါပဲ ....လိမ်လို့ ရ
တဲ့ အရာ မပာုတ်သလို ထိန်ချန်ထားလိုလဲ မရပါဘူး....ယုတ်ဆွ အဆုံး ...
ဇာမဏီ ကရာတေးဒို အဖွဲ့ ချုပ်က နည်းပြချုပ် သူတပည်မ တယောက်ကို ခြေ
တော်တင်တာ ...ကိုယ်ဝန်ဖျက်ချတာက အစ ကြားသိကြရတာပါ.....။
ပာုတ်ရင်ကျော်....ပုတ်ရင်ပေါ် တတ်တာ ပါပဲ......။ ဒါကို မပာုတ်မပာတ်စွပ်ဆွဲ
ပြီး ကိုနိုင်ငံလင်းကို အပုတ်ချ ကြတာတော့ အတော်လွန် လွန်းတယ် ထင်ပါရဲ့ 
........။
၉၀ ကျော် နှစ်တွေက ကရာတေးဒို အားကစား လောက အကြောင်းကို ကျနော် ပြောနေ ဆိုနေ ရေးနေ တာပာာ ကျနော်ကိုယ်တိုင် ပါဝင်ပါတ်သက်ခဲ့
ဖူးလိုပါပဲ.....။ ကစားသက် ၅ နှစ်မှာ မြို နယ်ပေါင်စုံရော အမျိုးသားအားကစားပွဲ
တော် မှာ ပြည်ထဲရေးဌာန ...ကုန်းလမ်းသယ်ယူပိုဆောင်ရေး ၀န်ကြီးဌာန မှာပါ
(၈၀ ကီလို အထက် ကနေ) ၀င်ကစားခဲ့ ဖူးပြီး ဆုတွေလဲ ရခဲ့ဖူးပါတယ်.....။
မပာုတ်မပာတ်တွေ လုပ်ဇာတ်ခင်းပြီး သတင်းမပာုတ် အတင်းတုတ်တာကို
တော့ ကန်ကွက်တယ်ဗျာ.....။ အခု ကျနော် ရေးခဲ့တာတွေ မှားနေရင် အချိန်မရွေး ချက်ဘောက်စ် ကနေ ဆွေး နွေးနိုင်ပါတယ်.....။
အစော ကလေးတင် ဘူလတ် ဦးလှဆွေ တင်လိုက်ပြီး ချက်ချင်းပြန်ဖျက်သွား
တဲ့ Post လေး တခုပါ....။
အဲသည်လို လုပ်တာတော့ ကန်ကွက်တယ်ဗျာ.....
ဆိုပြီး တင်သွားတာပါ...။ ကျနော် Comment ရေးနေဆဲ ပြန်ဖျက်ချသွားတာပါ....သူ Facebook ထဲ ၀င်ကြည့်တော့ လုံးဝ မတွေရတော့ပါဘူး....။ကျနော် ရေးနေတဲ့ Comment
ပြီးလို့ ကလစ် လုပ် ချိန်မှာ လုပ်မရတော့ပဲ ပျက်သွားပါတယ်.....။
လူအချင်းချင်း နှိမိချခြင်း ကင်းဝေးကြပါစေ.....။
                                                                    ခိုင်ကိုဦး (ဆစ်ဒနီ)
                                                                     ၃၁ . ၁၀ . ၂၀၁၅

Friday, 23 October 2015

                       စိတ်ထဲ ရှိတာလေး ....ပြောပါရစေ...(၁)

 ကျနော် လက်ရှိ နေထိုင်ရာ Australia နိုင်ငံ ပာာ တကယ်တန်းတွေးကြည့်ရင်
အင်မတန် အကုသိုလ် ကင်းအောင် နေ နိုင်တဲ့ နိုင်ငံ တခုပါ....။ အထူးတလည်
စောင့်ထိန်းစရာ မလိုပဲ နဲ့ ကို အကုသိုလ် အလုပ် ကင်းနိုင်ပါတယ်..။

(၁) သူ တပါး အသက် မသတ်ရ...ဆိုတဲ့ ကံ ....
ကိုယ်ကိုတိုင် ရိုက်နှက်သတ်ဖြတ်ပြီး မှ စားသောက်ရတဲ့ အလုပ်မျိုး လုပ်စရာ
အကြောင်းကို မရှိပါဘူး...။ သားသတ် လိုင်စင် ရှိ သူတွေသာ သတ်ခွင့် ရပါ
တယ် ။ ဒါကြောင့် ကြက်ရိုက်သတ်တာ ဘဲရိုက်သတ် တာ တခါမှကို မတွေဖူး
ခဲ့ပါ....ဘာသာရေးအရ သတ်မယ် ဆိုရင်လည်း မရ ပါဘူး...ဆိတ်တစ်ကောင်
နွားတကောင် ရဲ့ ဝယ်ယူ ရနိုင်တဲ့ တန်ဖိုးထက် ၁၀ ဆလောက် ဒဏ်ငွေ ပေး
ဆောင် ရနိုင်တဲ့ အတွက် ဘယ်သူမှ မလုပ်ပါဘူး.... အစိုးရမသိအောင် ရဲ မသိ
အောင် ခိုးသတ်တာမျိုး တော့ ရှိကောင်းရှိမှာပေါ့လေ....။ ကြိုက်တဲ့ အသားငါး
ကြိုက်သလောက် ရွေးချယ်ပြီး ကြိုက်တဲ့ ဆိုင်မှာ (HALA ဆိုလဲ HALA ဆိုင်မှာ) ၀ယ်ယူ နိုင်ပါတယ်.....။

(၂) သူတပါး ပစွည်း မခိုးရ.....ဆိုတဲ့ ကံ.....
လူတိုင်း လူတိုင်း သူအတိုင်းအထွာ နဲ့ သူ စားသောက်နေထိုင်နိုင်ပါတယ်....။
အလုပ်သမားတယောက် ပာာ အနည်းဆုံး တစ်နာရီ လုပ်ခ လစာ ၁၈ ၊ ၂၀
ဒေါ်လာ ရကြပါတယ်..။ပညာတတ်ရင် တတ်သလို အလုပ်ကောင်းရင် ကောင်း
သလို ငွေကြေးတန်ဖိုး စားသောက် နေထိုင်စရိတ်တန်ဖိုး ၀င်ငွေ...မျှ တအောင်
နေထိုင် နိုင်ကြပါတယ်....(၀င်ငွေ ထက် ထွက်ငွေ ပိုများအောင် သုံဖြုန်း တတ်
သူတွေ အတွက် တော့ မပြောတတ်ပါဘူး)။
အလုပ်အကိုင်မရှိ သူတွေတောင်မှ အစိုးရ နဲ့  အခွန်ထမ်းပြည်သူတွေက
ထောက်ပံ့ ထားလေတော့ သူခိုး လိုက်ဖမ်းတယ် ... သုခိုး ခိုးခံ ရတယ် ဆိုတာ ဘယ်တော့ မှ မကြား ဘူးပါဘူး...။ ခြေဆော့ လက်ဆော့ နဲ့ ကိုယ်ကျင့်တရား
မကောင်းသူ တွေတော့ ရှိ ပါတယ်....။ တီဗွီ အစီအစဉ် သတင်း တွေမှာ တခါ တရံ ပါလာတတ် လို့ ရှောပင် စင်တာထဲမှာ တိုလီမုတ်စ ခိုးထည့်သွား တာမျိုး
လောင်းကစားဖက် မူးယစ်ဆေးဝါးဖက်ပြီး မတော်လောဘ နဲ့  ၀င်လု တာမျိုးတွေ တွေ့ ရတတ်ပါ ...။

(၃) သူတပါးသား မယား မပြစ်မှား မဖောက်ပြားရ... ဆိုတဲ့ ကံ....
တရားဥပဒေ ဆိုတဲ့ ဘောင်က တိကျတင်းကြပ် လေတော့ အဲဒီကံကို ချိုး
ဖောက်သူ လုံးဝ မရှိ ဘူး လို့  မဆို နိုင်အောင် ရှိတော့ ရှိတယ် ရှာတယ် ပေါ့
ဗျာ...တရားဝင် ပျော်ပါးနိုင်တဲ့ နေရာတွေ ပာာ ရပ်ကွက်တိုင်းမှာ ရှိလေတော့
မဒိန်းမှု့  ဆိုတာလဲ ကြားရခဲသလို ...ဗိုက် တလုံးနဲ့  ထားခဲ့ လို့  လူသတ်ပွဲ ဖြစ်
တယ် ဆိုတာလဲ မကြားဖူးပါဘူး...။

(၄)အရက်သေစာ သောက်စားခြင်း ...ဆိုတဲ့ကံ.....
ငါးပါးသီလ ဆိုတာ စောင့်ထိန်းရကောင်းမှန်း မသိတဲ့ သူတွေ အများစု နေထိုင်
ရာ အရပ် ဆိုတော့ ဒီကံ ကို တော့ ကိုယ်အသိ နဲ့ ကိုယ် ထိန်းသိမ်း ကြရင် ငွေ
ကုန်ကြေးကျ အတော် သက်သာ သလို့  ပြသနာ လဲ အတော် ကင်းပါတယ်...။
အရက်သမား အမှားတစ်ထောင် လို့  စာရေးဆရာ ဘုန်းမြင့်သွေး ရေးခဲ့ဖူးသ
လို ...အမှားကင်းကင်ဲးပြသာနာရှင်းရှင်း နေချင်ရင် မသောက်တာ ကတော့ အကောင်းဆုံးပါပဲ....။ သောက်ကြတယ် ဆိုရင်ပဲ အရက် တလုံး ကိုအနည်းဆုံး
ဒေါ်လာ ၄၀ လောက်က စတာပါ..၂၀၀..၃၀၀ မက တဲ့ အထိ ကောင်းကောင်း
သောက်ချင်ရင် ပိုက်ဆံ ကောင်းကောင်း ပေးရပါတယ်....။ကောင်းကောင်း
သောက်...ကောင်းကောင်း မူးပြီး ကောင်းကောင်း ရန်ဖြစ် ကြတာလဲ မကြာခဏ ကြားရ ပါတယ်....ကွဲကြ ပြဲကြ....ရဲဖမ်းခံ ရတာ နဲ့  ဆေးရုံရောက်ရ
တာနဲ့  .....သူရာမေရိယ ...ကံ တခု ကို ချိုးဖောက် လိုက်ပြီ ဆိုတာနဲ့  ကျန်တဲ့ ကံတွေ အလိုလို ချိုးဖောက်ဖို့ လွယ်ကူ သွားတယ် ဆိုတာကို မသိသူတွေ အတွက်တော့ သောက်စားမူးယစ် မှ လူရာဝင်တယ် ထင်သူတွေ ထင်တတ်ကြ
သူတွေ ထင် ကြသလို .....ဘယ်လောက်တန်ဖိုးကြီးကြီး အရက် ကို သောက်
နေပါတယ် လို့  လူအထင်ကြီးအောင် (Facebook ပေါ် တင်သူတွေလဲ တင်တတ်ကြပါတယ်)...။ နိုင်ငံခြားယဉ်ကျေးမှူ အရ ဧည်ခံပွဲတွေ မှာ သောက်
တာ ကတော့ တမျိုး ပေါ့လေ....။

(၅) မုသာဝါဒ ကံ....လိမ်လည်ပြော ဆို ခြင်းဆိုတဲ့ ကံ .....
ဒီကံ ကတော့ သတိ...အသိ မရှိသူတွေ အတွက်တော့ အင်မတန် ချိုးဖောက်
လွယ်တဲ့ ကံပေါ့ဗျာ.....
တစ်နေ့ တစ်နေ့  ဒီကံ ကို အကြိမ်ပေါင်း မြောက်များစွာ ချိုးဖောက် နေသူ တွေ
ကတော့ ကိုယ် ဒီကံ ကို ချိုးဖောက်လို့  ချိုးဖောက်မှန်းမသိ.....။
သတိ...အသိ နဲ့  ပြောဆို ဆက်ဆံ ကြ ရင် မုသာဝါဒ ကံ ဆိုတာ လုံခြုံ နိုင်ပါတယ်....မုသာဒါဒ တွေ တင် မပာုတ်ပါဘူး....သူနဲ့ ဆက်စပ်နေတဲ့ အပလာပ တွေ...ဖရုသာ ၀ါစာ တွေ အားလုံးကင်း အောင် နေနိုင်ပါတယ်....။ အလာပ သာလပ အကြောင်းမရှိ အကြောင်း ရှာ နှစ်ယောက် ထဲ ရှိနေချိန်မှာ
တတိယ လူ အကြောင်း ပြောရင်း စကားတွေကြွံ မုသာဝါဒတွေ ပြော....အပြော
ခံရသူ ပြန်သိချိန်မှာ ဒေါသတွေ ဖြစ်..ရန်တွေဖြစ်တော့ နှုတ်က ဖရုသ၀ါစာ
စကားတွေ ပြောရ ဆိုရ ဆဲရ....ဒါနဲ့  သံသရာ လည်တတ်ပါလေရော......။ လူ
ဆိုတာကလည်း ကောင်းတာ လုပ်ရင် သြဘာပေးဖို့  လစ်လျှူ ရှု နေတတ်ကြပြီး
မကောင်းတာ တခု ဆိုရင်တော့ လက်ညှိုးထိုး ကဲရဲတတ်ကြတယ် မပာုတ်လား
....ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ လူ လောက ထဲ နေပြီး လူတစ်
ယောက်နဲ ပါတ်သက်ပြီ ဆိုကတည်းက ကောင်းမွေးဆိုးမွေ လက်ခံကြရမှာ မလွဲ ပါဘူး....။ ဖက် တရွက်ပာာ သူပာသူ နေရင် အကောင်း ငါး တစ်ကောင်
ထုပ်လိုက်ရင်တော့ ငါးညှီနံ ကူးမှာ အမှန်ပါ့ပဲ......ဒီတော့ ကောင်းသည်ဖြစ်စေ
ဆိုသည်ဖြစ်စေ စိတ်ရင်းမှန် နဲ့ လမ်းညွှန် တတ်ပါမှ မိတ်ကောင်းဆွေကောင်း ပီသ ပါပေလိမ်မယ် ....
စကား...စကား...ပြောပါများ စကားထဲက ဇာတိပြ ဆို သလို ကိုယ် အဆင့်အတန်း ကိုယ်ဖော်ပြ ရာလဲ ရောက်သလို နှုတ်ကြောင့်ကြေ....လက်
ကြောင့်သေ ဆိုတဲ့စကားလဲ ရှိလေတော့ နှုတ် ကိုစောင့်ထိန်းဖို့  တခု ပဲ လုံးလ
ဆိုက်မယ် ဆိုရင် ကံငါးပါးပာာ အလိုလို ပြီးမြောက်အောင်မြင်ပါတယ်...။
ကျနော် ကတော့ အစ ကတည်းက ဆိုတာထက် Australia မရောက်ခင် သား
ကြီး ကို ဇနီးသည် ကိုယ်ဝန်လွယ်ထားရချိန်က စလို အသောက်အစား ကင်းနိုင်သမျှ ကင်းအောင် နေခဲ့ နိုင်လေတော့ အထူးတလည် ထိန်းစရာ ဆိုလို့
မုသာဝါဒကံ တခုပါပဲ ရှိပါတယ်.....။
အကုသိုလ် ကင်အောင် နေ တယ် ဆိုတာ ကိုယ်အတွက် ကိုယ်လုပ်တာပါ....
နောင်ဘ၀ အတွက်ပေါ့ ...ဗျာ........။ အရင်ဘ၀ က ကုသိုလ်ကံ အကျိုးပေး
ကောင်းခဲ့ လို့  လူဘ၀ ကိုရတယ်.....။ အဲဒီ ရခဲလှတဲ့ လူဘ၀ မှာ နတ်ဘုံ နတ်နန်း မပာုတ်ပေမဲ့ မတောင်းတ မကြောင်းကြ ရအောင် နေနိုင်စားနိုင်တဲ့
အနေအထား တခုမှာ ခုချိန်ကတည်းက မျိုးစေ့ မချရင် နောင်ဘ၀ အတွက်
ဆိုတာ ...........
အကုသိုလ်ကင်အောင်နေပြီး နောင်ဘ၀ အတွက် မျိုးစေ့ ချ နိုင်ကြပါစေလို့ 
တွေးတောရင်း.........
                                                                                       ခိုင်ကိုဦး...။
                                                                                      ၂၃ . ၁၀ .၂၀၁၅ ။