စိတ်ထဲ ရှိတာလေး ....ပြောပါရစေ...(၁)
ကျနော် လက်ရှိ နေထိုင်ရာ Australia နိုင်ငံ ပာာ တကယ်တန်းတွေးကြည့်ရင်
အင်မတန် အကုသိုလ် ကင်းအောင် နေ နိုင်တဲ့ နိုင်ငံ တခုပါ....။ အထူးတလည်
စောင့်ထိန်းစရာ မလိုပဲ နဲ့ ကို အကုသိုလ် အလုပ် ကင်းနိုင်ပါတယ်..။
(၁) သူ တပါး အသက် မသတ်ရ...ဆိုတဲ့ ကံ ....
ကိုယ်ကိုတိုင် ရိုက်နှက်သတ်ဖြတ်ပြီး မှ စားသောက်ရတဲ့ အလုပ်မျိုး လုပ်စရာ
အကြောင်းကို မရှိပါဘူး...။ သားသတ် လိုင်စင် ရှိ သူတွေသာ သတ်ခွင့် ရပါ
တယ် ။ ဒါကြောင့် ကြက်ရိုက်သတ်တာ ဘဲရိုက်သတ် တာ တခါမှကို မတွေဖူး
ခဲ့ပါ....ဘာသာရေးအရ သတ်မယ် ဆိုရင်လည်း မရ ပါဘူး...ဆိတ်တစ်ကောင်
နွားတကောင် ရဲ့ ဝယ်ယူ ရနိုင်တဲ့ တန်ဖိုးထက် ၁၀ ဆလောက် ဒဏ်ငွေ ပေး
ဆောင် ရနိုင်တဲ့ အတွက် ဘယ်သူမှ မလုပ်ပါဘူး.... အစိုးရမသိအောင် ရဲ မသိ
အောင် ခိုးသတ်တာမျိုး တော့ ရှိကောင်းရှိမှာပေါ့လေ....။ ကြိုက်တဲ့ အသားငါး
ကြိုက်သလောက် ရွေးချယ်ပြီး ကြိုက်တဲ့ ဆိုင်မှာ (HALA ဆိုလဲ HALA ဆိုင်မှာ) ၀ယ်ယူ နိုင်ပါတယ်.....။
(၂) သူတပါး ပစွည်း မခိုးရ.....ဆိုတဲ့ ကံ.....
လူတိုင်း လူတိုင်း သူအတိုင်းအထွာ နဲ့ သူ စားသောက်နေထိုင်နိုင်ပါတယ်....။
အလုပ်သမားတယောက် ပာာ အနည်းဆုံး တစ်နာရီ လုပ်ခ လစာ ၁၈ ၊ ၂၀
ဒေါ်လာ ရကြပါတယ်..။ပညာတတ်ရင် တတ်သလို အလုပ်ကောင်းရင် ကောင်း
သလို ငွေကြေးတန်ဖိုး စားသောက် နေထိုင်စရိတ်တန်ဖိုး ၀င်ငွေ...မျှ တအောင်
နေထိုင် နိုင်ကြပါတယ်....(၀င်ငွေ ထက် ထွက်ငွေ ပိုများအောင် သုံဖြုန်း တတ်
သူတွေ အတွက် တော့ မပြောတတ်ပါဘူး)။
အလုပ်အကိုင်မရှိ သူတွေတောင်မှ အစိုးရ နဲ့  အခွန်ထမ်းပြည်သူတွေက
ထောက်ပံ့ ထားလေတော့ သူခိုး လိုက်ဖမ်းတယ် ... သုခိုး ခိုးခံ ရတယ် ဆိုတာ
ဘယ်တော့ မှ မကြား ဘူးပါဘူး...။ ခြေဆော့ လက်ဆော့ နဲ့ ကိုယ်ကျင့်တရား
မကောင်းသူ တွေတော့ ရှိ ပါတယ်....။ တီဗွီ အစီအစဉ် သတင်း တွေမှာ တခါ တရံ
ပါလာတတ် လို့ ရှောပင် စင်တာထဲမှာ တိုလီမုတ်စ ခိုးထည့်သွား တာမျိုး
လောင်းကစားဖက် မူးယစ်ဆေးဝါးဖက်ပြီး မတော်လောဘ နဲ့  ၀င်လု တာမျိုးတွေ တွေ့ ရတတ်ပါ ...။
(၃) သူတပါးသား မယား မပြစ်မှား မဖောက်ပြားရ... ဆိုတဲ့ ကံ....
တရားဥပဒေ ဆိုတဲ့ ဘောင်က တိကျတင်းကြပ် လေတော့ အဲဒီကံကို ချိုး
ဖောက်သူ လုံးဝ မရှိ ဘူး လို့  မဆို နိုင်အောင် ရှိတော့ ရှိတယ် ရှာတယ် ပေါ့
ဗျာ...တရားဝင် ပျော်ပါးနိုင်တဲ့ နေရာတွေ ပာာ ရပ်ကွက်တိုင်းမှာ ရှိလေတော့
မဒိန်းမှု့  ဆိုတာလဲ ကြားရခဲသလို ...ဗိုက် တလုံးနဲ့  ထားခဲ့ လို့  လူသတ်ပွဲ ဖြစ်
တယ် ဆိုတာလဲ မကြားဖူးပါဘူး...။
(၄)အရက်သေစာ သောက်စားခြင်း ...ဆိုတဲ့ကံ.....
ငါးပါးသီလ ဆိုတာ စောင့်ထိန်းရကောင်းမှန်း မသိတဲ့ သူတွေ အများစု နေထိုင်
ရာ အရပ် ဆိုတော့ ဒီကံ ကို တော့ ကိုယ်အသိ နဲ့ ကိုယ် ထိန်းသိမ်း ကြရင် ငွေ
ကုန်ကြေးကျ အတော် သက်သာ သလို့  ပြသနာ လဲ အတော် ကင်းပါတယ်...။
အရက်သမား အမှားတစ်ထောင် လို့  စာရေးဆရာ ဘုန်းမြင့်သွေး ရေးခဲ့ဖူးသ
လို ...အမှားကင်းကင်ဲးပြသာနာရှင်းရှင်း နေချင်ရင် မသောက်တာ ကတော့
အကောင်းဆုံးပါပဲ....။ သောက်ကြတယ် ဆိုရင်ပဲ အရက် တလုံး ကိုအနည်းဆုံး
ဒေါ်လာ ၄၀ လောက်က စတာပါ..၂၀၀..၃၀၀ မက တဲ့ အထိ ကောင်းကောင်း
သောက်ချင်ရင် ပိုက်ဆံ ကောင်းကောင်း ပေးရပါတယ်....။ကောင်းကောင်း
သောက်...ကောင်းကောင်း မူးပြီး ကောင်းကောင်း ရန်ဖြစ် ကြတာလဲ မကြာခဏ ကြားရ ပါတယ်....ကွဲကြ ပြဲကြ....ရဲဖမ်းခံ ရတာ နဲ့  ဆေးရုံရောက်ရ
တာနဲ့  .....သူရာမေရိယ ...ကံ တခု ကို ချိုးဖောက် လိုက်ပြီ ဆိုတာနဲ့  က
ျန်တဲ့ ကံတွေ အလိုလို ချိုးဖောက်ဖို့ လွယ်ကူ သွားတယ် ဆိုတာကို မသိသူတွေ
အတွက်တော့ သောက်စားမူးယစ် မှ လူရာဝင်တယ် ထင်သူတွေ ထင်တတ်ကြ
သူတွေ ထင် ကြသလို .....ဘယ်လောက်တန်ဖိုးကြီးကြီး အရက် ကို သောက်
နေပါတယ် လို့  လူအထင်ကြီးအောင် (Facebook ပေါ် တင်သူတွေလဲ တင်တတ်ကြပါတယ်)...။ နိုင်ငံခြားယဉ်ကျေးမှူ အရ ဧည်ခံပွဲတွေ မှာ သောက်
တာ ကတော့ တမျိုး ပေါ့လေ....။
(၅) မုသာဝါဒ ကံ....လိမ်လည်ပြော ဆို ခြင်းဆိုတဲ့ ကံ .....
ဒီကံ ကတော့ သတိ...အသိ မရှိသူတွေ အတွက်တော့ အင်မတန် ချိုးဖောက်
လွယ်တဲ့ ကံပေါ့ဗျာ.....
တစ်နေ့ တစ်နေ့  ဒီကံ ကို အကြိမ်ပေါင်း မြောက်များစွာ ချိုးဖောက် နေသူ တွေ
ကတော့ ကိုယ် ဒီကံ ကို ချိုးဖောက်လို့  ချိုးဖောက်မှန်းမသိ.....။
သတိ...အသိ နဲ့  ပြောဆို ဆက်ဆံ ကြ ရင် မုသာဝါဒ ကံ ဆိုတာ လုံခြုံ
နိုင်ပါတယ်....မုသာဒါဒ တွေ တင် မပာုတ်ပါဘူး....သူနဲ့ ဆက်စပ်နေတဲ့ အပလာပ
တွေ...ဖရုသာ ၀ါစာ တွေ အားလုံးကင်း အောင် နေနိုင်ပါတယ်....။ အလာပ သာလပ
အကြောင်းမရှိ အကြောင်း ရှာ နှစ်ယောက် ထဲ ရှိနေချိန်မှာ
တတိယ လူ အကြောင်း ပြောရင်း စကားတွေကြွံ မုသာဝါဒတွေ ပြော....အပြော
ခံရသူ ပြန်သိချိန်မှာ ဒေါသတွေ ဖြစ်..ရန်တွေဖြစ်တော့ နှုတ်က ဖရုသ၀ါစာ
စကားတွေ ပြောရ ဆိုရ ဆဲရ....ဒါနဲ့  သံသရာ လည်တတ်ပါလေရော......။ လူ
ဆိုတာကလည်း ကောင်းတာ လုပ်ရင် သြဘာပေးဖို့  လစ်လျှူ ရှု နေတတ်ကြပြီး
မကောင်းတာ တခု ဆိုရင်တော့ လက်ညှိုးထိုး ကဲရဲတတ်ကြတယ် မပာုတ်လား
....ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ လူ လောက ထဲ နေပြီး လူတစ်
ယောက်နဲ ပါတ်သက်ပြီ ဆိုကတည်းက ကောင်းမွေးဆိုးမွေ လက်ခံကြရမှာ မလွဲ ပါဘူး....။ ဖက် တရွက်ပာာ သူပာသူ နေရင် အကောင်း ငါး တစ်ကောင်
ထုပ်လိုက်ရင်တော့ ငါးညှီနံ ကူးမှာ အမှန်ပါ့ပဲ......ဒီတော့ ကောင်းသည်ဖြစ်စေ
ဆိုသည်ဖြစ်စေ စိတ်ရင်းမှန် နဲ့ လမ်းညွှန် တတ်ပါမှ မိတ်ကောင်းဆွေကောင်း ပီသ ပါပေလိမ်မယ် ....
စကား...စကား...ပြောပါများ စကားထဲက ဇာတိပြ ဆို သလို ကိုယ် အဆင့်အတန်း ကိုယ်ဖော်ပြ ရာလဲ ရောက်သလို နှုတ်ကြောင့်ကြေ....လက်
ကြောင့်သေ ဆိုတဲ့စကားလဲ ရှိလေတော့ နှုတ် ကိုစောင့်ထိန်းဖို့  တခု ပဲ လုံးလ
ဆိုက်မယ် ဆိုရင် ကံငါးပါးပာာ အလိုလို ပြီးမြောက်အောင်မြင်ပါတယ်...။
ကျနော် ကတော့ အစ ကတည်းက ဆိုတာထက် Australia မရောက်ခင် သား
ကြီး ကို ဇနီးသည် ကိုယ်ဝန်လွယ်ထားရချိန်က စလို အသောက်အစား ကင်းနိုင်သမျှ ကင်းအောင် နေခဲ့ နိုင်လေတော့ အထူးတလည် ထိန်းစရာ ဆိုလို့
မုသာဝါဒကံ တခုပါပဲ ရှိပါတယ်.....။
အကုသိုလ် ကင်အောင် နေ တယ် ဆိုတာ ကိုယ်အတွက် ကိုယ်လုပ်တာပါ....
နောင်ဘ၀ အတွက်ပေါ့ ...ဗျာ........။ အရင်ဘ၀ က ကုသိုလ်ကံ အကျိုးပေး
ကောင်းခဲ့ လို့  လူဘ၀ ကိုရတယ်.....။ အဲဒီ ရခဲလှတဲ့ လူဘ၀ မှာ နတ်ဘုံ
နတ်နန်း မပာုတ်ပေမဲ့ မတောင်းတ မကြောင်းကြ ရအောင် နေနိုင်စားနိုင်တဲ့
အနေအထား တခုမှာ ခုချိန်ကတည်းက မျိုးစေ့ မချရင် နောင်ဘ၀ အတွက်
ဆိုတာ ...........
အကုသိုလ်ကင်အောင်နေပြီး နောင်ဘ၀ အတွက် မျိုးစေ့ ချ နိုင်ကြပါစေလို့ 
တွေးတောရင်း.........
ခိုင်ကိုဦး...။
၂၃ . ၁၀ .၂၀၁၅ ။
No comments:
Post a Comment