Sunday, 24 January 2016

                               အမေ များနေ့ မှာ အမှတ်တရ ရေးတဲ့စာ......

အများတကာတွေ အမေများနေ့  ကိုသတိတရ နဲ့  ရေးကြတာတွေ တော့ ကျနော်လည်း ရေးချင်လာပါ
တယ်...။ဒီတော့ ဘာရေးမလဲ တွေးတယ်...။ကျနော် မိခင်ရဲ့  ဂုဏ်ပုဒ်တွေ လှစ် ကြည့်တော့ ရိုးသားခြင်း
ကိုတွေ့ တယ်....ချစ်ခြင်းတရား ကြီးမားပုံကိုတွေ့ တယ်....။ ကျနော် အမေ ရော အဖေ ပါ အိမ်ထောင်ကျ
စောလွန်းလှပါတယ် ။ အဖေက (၁၉)နှစ် အမေက (၁၈) နှစ်မှာ အိမ်ထောင် ကျခဲ့ ကြပြီး အိမ်ထောင်သက်
တနှစ် မှာ ပဲ ကျနော်ကို မွေးတာပါ...။အဲဒီတော့ ငယ်ဘ၀ ပြန်စဉ်းစားရင် အမေပာာ ကျနော်ရဲ့  ကစားဖော်
ဖြစ်ခဲ့တာ အမှန်ပါပဲ...။ပြီးတော့ သူမ ရဲ့ အဖေ ကျနော် အဖိုး ဗိုလ်မြသွေး ပြုစုလမ်းညွှန်မှု့ ကြောင့် အရင်က
နာမည်ကြီးခဲ့ တဲ့ မြန်မာသိုင်းဆရာကြီး ဦးချစ်သန်းရဲ့  လက်ရင်းတပည့် ဖြစ်ခဲ့ လေတာကြောင့် ကျနော်နဲ့ 
အမေ ပာာ အမြဲတမ်းလိုလို ဖိုက်တင်ချ(သိုင်းကစား)လေရှိသလို အမေ ကလည်း ဘယ်လိုထိုးရဘယ်လို
ကန်ရ တယ် ဆိုတာ သင်ပြပေးခဲ့ ဖူးတာလဲ အမှတ်ရပါရဲ့ ....။အဖိုး အဖွားတွေ ပြောစကားအရ ရန်ကင်းသူ
အမေ ကို ဘောက်ထော်သား အဖေက သိုင်းသင်တန်းအသွားအပြန်မှာ ရည်းစား စကားပြောရင်းချစ်ကြိုက်
သွားကြ ပြီး ခိုးရာလိုက်တယ် ဆိုပဲ.....။
အမေ ပာာ ဘ၀မှာ ပထမ ဆုံး ချစ်သူကို ပဲ ဦးစွာ ပိုင်ဆိုင်လိုက်ရလေတော့ အဖေ အပေါ် အတော် အချစ်
ကြီးတယ် ဆိုရမှာ ပါ...။ဘာကြောင့် ဆို ကျနော် ငယ်ဘ၀ တစ်လျှောက်လုံးမှာ အချစ်ကြီး လို သ၀န်တို
ပြီး အဖေ နဲ့ အမေ သတ်ကြတဲ့ရန်ပွဲ တွေပာာ မကြာခဏပေါ့.....။အဖေ အမေ ရန်ဖြစ်ကြတိုင်း ငိုခဲ့ ရတဲ့ 
အကြိမ် အရေအတွက်ပာာ နည်းမှ မနည်းပဲလေ.....။ ကျနော်ရဲ့ ဒုတိယ ညီလေး ပြုံးချိုကို ချီပိုးရင်း ..
အဖေ ..အမေ ရန်ပွဲတွေကို လိုက်ဆွဲ ရင်း ညီအကို နှစ်ယောက် ဖက်ပြီး ငိုခဲ့ ကြရတယ်.....။ ပြီးတော့ လူကြီးတွေ အပြော အရ စိန်ဂေါ်လီ ဂိုဏ်းဝင် ဖြစ်တဲ့ အဖေ နဲ့  ဦးချစ်သန်းတပည့် အမေရဲ့ ရန်ပွဲတွေ
အကြောင်း တွေးကြည်ရင်တောင်သိနိုင်ပါရဲ့ ....။ တကယ်တော့ အဖေ ကလည်း ရိုးသားသူတယောက်ပါ
အိမ်ထောင်ကျစ မှာ ဘာအလုပ်အကိုင်မှ မယ်မယ်ရရ မရှိ အတတ်ပညာ လဲအားနည်းတဲ့ အဖေ ကို
ယောက်ခမ ဖြစ်တဲ့ ဗိုလ်မြသွေး က တာမွေ အရပ်မှာ ရှိတဲ့ မိုးဒီဇယ်စက်ပြင် ယာဉ်မောင်းသင်တန်း လေး
ပိုပေးပြီး အသက်မွေးဝမ်းကြောင်းပညာ လေးသင်ပေးခဲ့ ပြီးတဲ့ နောက် ယနေထိတိုင် (ကျနော် အသက်
၄၀ ကျော်ထိတိုင် ) ကားမောင်းပြီး သားသမီးတွေ ကို ရိုးသားစွာ ရှာဖွေကြွေးခဲ့ သူပါ...။
အဖေ မောင်းခဲ့ ဖူးတဲ့ ကားတွေ ပာာ စုံလင်လှပါတယ်...(UNDP)မှာ ဒေါ်လာစား ကားမောင်းပြီးနောက်ပိုင်း
မှ မိသားစု စီးပွားရေး အဆင်ပြေခဲ့ ကြတယ်ပေါ့....။ အရင်ရှေက ပိာုင်လက် လိုင်းကားတွေ မောင်းတော့
 ဘေးမှာ ပါလာတဲ့ အမျိုးသမီးတွေနဲ့ ထင်ယောင်ထင်မှားဖြစ် ...ည မိုးကြီး ချုပ်မှ ကားမောင်းပြန်လာတဲ့ အဖေကို အမေက ရန်လုပ်....၊ကြာတော့လဲ ကျနော်အတွက် ရိုးသွားတာလား ကျရလွန်းလို့  မျက်ရည်
ခမ်းသွားတာလား မတွေးချင်တော့ပါ....။ ဒါပေမဲ့ သေချာတာ တခုက အဖေ နဲ့ အမေ ရဲ့ ရန်ပွဲပာာ အချိန်ကာလ မကြာမြင်ပါဘူး ....တခါ တရံ ဆို နာရီးပိုင်းအတွင်း မှာ ပဲ (မောင် ရေ....ငြိမ်း ရေ)
 ပြန်ဖြစ်  သွားကြတာပါ...။  ကျနော် အဖိုးတွေ အဖွားတွေ ခေတ်မှာ တယောက်ထဲ လုပ်စာ
နဲ့ မိသားစု တစု ထိုင်စားလို့ လောက်ပေမဲ့ အဖေ တို့ ခေတ်ကျတော့ မိသားစု တစု ကို တယောက်ထဲ
လုပ်စာ နဲ့ မလုံလောက်တော့ပါဘူး....။ဒီကြားထဲ ဘာမှ မလုပ်တတ်တဲ့ အမေ ပာာ နေတဓူရ သောက
တွေ များနေခဲ့ တာပါ.....။အိမ်ရှေ့ ပူ အိမ်နောက် မချမ်းသာ ဆိုတဲ့ အတိုင်း မိဘ အပူ ပာာ သားသမီး ကို
ကူးစက်စေခဲ့ တာအမှန်ပါ...။ အဲဒီအပြင် ကိုယ်ပိုင်အိမ်လေး တစ်လုံး ပိုင်ဆိုင်ဖို့ ဝေးစွ ငှားရမ်းပြီးတောင်
မှ မနေနိုင် ခဲ့တဲ့ အဖေ နဲ့  အမေပာ အမေဖက်မိဘ အိမ် ရန်ကင်းမှာ နေလိုက် အဖေ နဲ့  အဖွားမတည့် လို့ 
ဆင်းလိုက် ...အဖေဖက် မိဘအိမ် အင်းစိန်မှာ သွားနေလိုက် အမေ နဲ့  အဖိုးအဖွားမတည့် လိုက်ပြန်ပြောင်း
လိုက်နဲ့  ကျနော်တို့ မောင်နှမတွေ ပာာ ရန်ကင်းသား ရန်ကင်းသူ ပြော ရမလား...အင်းစိန်သား အင်းစိန်သူ
လို့ သတ်မှတ်ရမလား မသိအောင်ပါပဲ.....။ အမေ ပာာ အဖေ ရှာဖွေးပေးတဲ့ ငွေလေးနဲ့ ချိုးခြံ ချွေတာ ပြီး
နေတတ်ခဲ့ပြီး ရောင်ရဲတင်တိမ်တတ်အာင် အမြဲသင်ပေးခြင်းခံရတဲ သားကြီးကျနော်အတွက် ငယ်ဘ၀ မှာ ဘာကိုမှ မပူဆာရဲခဲ့ပါဘူး....။ အမေ
အိပ်ထဲ ပိုက်ဆံ မရှိတာ ကိုသိနေတဲ သားအတွက် ကျောင်းသုံး ကရိယာတွေ မပြည်စုံ ခဲ့တာက အစ သူတပါးတွေ နေသလို တန်ဖိုးကြီး ကျူ ရှင် တွေ တက်ခွင့်မရ ခဲ့တာလဲ မဆန်းလှပါဘူး....။ မှတ်မှတ်ရရ ပါ
ပဲ ရန်ကင်းမှာ (၄)တန်းတက်စဉ်က တလမ်းထဲ နေပြီး အတန်းပိုင် ဆရာမဖြစ်တဲ့ ဆရာမ ဒေါ်ကြည်ကြည်
ဌေး အိမ်မှာဖွင့်တဲ့ ကျူရှင်ကို အခမဲ့ မျက်နှာငယ် နဲ့ တက်ခဲ့ဖူးတာလဲ ဘ၀ရဲ့ တစိတ်တပိုင်းပါ....။
အဖေ....အမေ ပာာ ဘယ်လောက်ပဲ ဆင်းရဲ နွမ်းပါး ခဲ့ကြပေမဲ့ သူတပါး ရဲ့  ပိုင်ဆိုင်မှု့ ကို အပ်တို တချောင်
မှ မပြစ်မှားခဲ့ ကြပါဘူး.....ဒီလိုပဲ သူတို့ မလုပ်သလို သားသမီးတွေ ကိုလဲ မဖြစ်အောင်သွန်သင်ဆုံးမ နိုင်ခဲ့
ကြပါတယ်...။ မရှိရင် တောင်းစားမယ် သူတပါး ပိုင်ဆိုင်မှု့ ကို ခိုးဝှက်မစားနိုင်ဘူး ကွာ ဆိုတဲ့ အတိုင်း ကိုယ်
မှာ မရှိလို့  တခါက ပာင်းချို မှုံလေး အနည်းငယ်(ထိုစဉ်က ပြားငါးဆယ်တန် တထုတ်စာ လောက်) အဖိုး
အဖွားအိမ်မှာ သွားတောင်ခိုင်းလို့  တောင်းဖူးပါရဲ့ အဖိုးအဖွား နဲ့ အတူ နေတဲ့ ဦးလေး အငယ်က ပြောဆို
လွတ်လိုက်တဲ့ စကားသံ တွေက ခုထိ နားထဲ ကြားယောင်နေဆဲပါပဲ.....။ အဲဒီစကားတွေ ကို ခုချိန်ထိ အဖေ အမေကို ကျနော် မပြောပြခဲ့ ပါဘူး....ဘာကြောင့်ဆို  အမေသွန်သင်ထားခဲ့တဲ့ အဆုံးအမ တွေ ထဲ
က ချစ်စ ကိုရှည်စေ....မုန်းစ ကိုတိုစေ ဆိုတဲ့ စကားလေးကြောင့်ပါ....။
ဘ၀ မှာ တကယ်တမ်းတွေးကြည်တော့ မိဘ နဲ့  အတူနေခဲ့ ရ(မိသားစုနဲ့  အတူနေခဲ့ရ) တဲ့ အချိန်တွေ
ပာာ အတော်နည်းပါတယ်....။ (၇၃) မွေးတဲ့ ကျနော်အတွက် (၈၈) နှောင်းပိုင်းတွေ မှာ မိသားစု ...အမိ
အဖ နဲ့  နေခဲ့ရတဲ့ အချိန်တွေပာာ မရှိသလောက်ပါပဲ....ဒီလိုပါပဲ ...ငယ်စဉ်ကတည်းက လူတဖက်သားကို
သိတတ်လွန်းတဲ့ ကျနော့်ကြောင့် အမေ မျက်ရည်ပေါက်ကြီးငယ် ကျခဲ့ ရတယ် ဆိုတာလဲ မရှိသလောက်
ပါပဲ...။ ၁၉၉၆ ဒီဇင်ဘာ မှာ ကျနော်အိမ်ကို စစ်ထောက်လှမ်းရေးတွေ ၀ိုင်းဖမ်းပြီး ခေါ်ဆောင်သွားတဲ့ ည
မှာတော့ အမေ မျက်ရည်ကျကောင်း ကျပါလိမ်မယ်....။ ဒါပေမဲ့ အမေမျက်ရည်ကျ တာပာာ မိသားစု အတွက် နာမည်ပျက်စေမဲ့ ...ဂုဏ်ပျက်စေမဲ့ စိတ်ဆင်းရဲမှု ကြောင့်  မျက်ရည်ကျတာ မပာုတ် မှန်းတော့ သေချာပါတယ်....။ နောက် ထပ် အမေ အပေါ်မှာ တင်ကျန်နေသေးတဲ့ ကျေးဇူးတရား က
အမြဲတမ်းစိတ်ခွန်အားပေးတတ်ခြင်းပါ...။ ၁၉၈၈ ကာလနှောင်းပိုင်း ကျနော် နိုင်ငံရေးလောက(တော်လှန်
ရေးလောက) မှာ ကျင်လည်လှုတ်ရှားနေခဲ့တဲ့ ကာလ တစ်လျှောက်လုံးမှာ ဘယ်လို အရာကိုပဲဖြစ်စေ ရင်
ဆိုင်နိုင်ဖို့ စိတ်ခွန်အားပေးတတ်ခဲ့တာ အမေ ပါပဲ......။အဖေ ကတော့ မိသားစုထဲ မှာ အကြီးဆုံးသားဖြစ်တဲ့
ကျနော်ကို လက်တဖက်အဖြစ် အားကိုးချင်ပာန်တူရဲ့  အသက်မွေးဝမ်းကြောင်းပညာလေးရှာ ပြီးရင်အလုပ်
အကိုင်လေး တခုခု လုပ်ပြီး တည်ငြိမ်စေချင်တာပါ..။အမေ ကတော့ သူအဖေ ဗိုလ်မြသွေး ရဲ့ သွေးကြောင့်
သူကိုယ်တိုင်လည်း နိုင်ငံရေးထဲ ထဲထဲဝင်ဝင် ၀င်ပါ...သားဖြစ်တဲ့ ကျနော်ကိုလဲ (အဖေ မသိအောင်)
သွားရေးလာရေးသုံးဖို့  ခရီးစာရိတ်က အစ ထောက်ပံ လို့  လာမဲ့ဘေး သွေးကြောင်လို ရှောင်မပုန်းတတ်
အောင် အမြဲတွန်းအားပေးတတ်ခဲ့တယ်...။ မင်းအခု လုပ်နေတာတွေပာာ ထောင်နှတ်ခမ်း နင်းနေတယ် ဆို
တာ မမေ့ဖို့  ....မင်းဖိုးအေ ဆိုရင် မကြာခဏ လာဖမ်းတာကို ခံရပြီး ဘယ်တုန်းက မှ ထွက်ပြေးတာ မျိုး
လုပ်ခဲသူမပာုတ် တာ ကိုမမေ့ဖို့ .....တနေ့ နေ့  မင်းကို လာဖမ်းရင်လဲ ကိုယ်မပာုတ်တာ လုပ်ခြင်း မပာုတ်ပဲ
တရားတဲ့ အလုပ် မှန်တဲ့ အလုပ်ကို လုပ်တာမို့ သွေးမကြောင်ဖို့ ...ကြိုတင်ပြင်ဆင် ထားနိုင်ဖို့ ...။နောက်ဆုံး
ထောင်တန်း ကျသွားရင်တောင်မှ မင်းရှိရာ အရပ် အမေ မရောက်ရောက်အောင်လာပြီး ထောင်ဝင်စာ လာ
တွေမယ် ..ကွာ...လို့ပြောပြီး စိတ်ခွန်အားတွေ ပေးခဲ့သူပါ.....။ တကယ်လဲ အမေ လုပ်ခဲ့ ပါတယ် ရန်ကုန်
ကနေ မိုင် (၉၀၀)ကျော်ဝေးတဲ့ အရပ်မြစ်ကြီးနားထောင်ရှိရာ အရပ်ကို ရန်ကင်း နဲ့ အင်းစိန် က လွဲလို့  ခရီး
ဝေး မသွားဖူးတဲ့ အမေ ....ကျနော် ဆီကို (၆)လ တကြိမ် ထောင်ဝင်စာ ထုတ်တွေဆွဲ လို့  အရောက်လာခဲ့
ပါတယ်.....။ဒီတော့ ကျနော့် အမေ ပာာမွေးကျေးဇူး...ကြွေးကျေးဇူးတင် မက ထောင်ဝင်စာ ကျေးဇူးပါ
ရှိနေတယ်ပြောရင် လွန်မလားဗျာ...........။
ခု ချိန်မှာတော့ အဲဒီကျေးဇူးတွေကို ဆပ်ဖို့ မေလျှော့နေတာ မပာုတ်ပဲ....(တနည်း) ကြွေးပောာင်းတွေ
ကို မဆပ်နိုင်သေးပဲ ကျနော် မိုက်မဲစွာ ကြွေးသစ်တွေ ချနေမိပါတယ်.....။ ဒါပာာလည်း ကျနော်ဘ၀ နဲ့ 
ယှဉ်ပြီး ကျနော်သားသမီးတွေကို ကျနော်ခံစား ရသလိုမျိုး မခံစားစေချင်တာလဲ ပါပါလိမ့်မည်....။ ဒီအတွက် မိဘ ဆိုတာ စုန်ရေ သာ ရှိပြီး ဆန်ရေ မရှိလေတဲ့ သဘော သဘာဝ ကြောင့် ကျနော့်  အမေ
ကျနော့် ကို အပြစ်တင်မှာ မပာုတ်တာ ကိုလည်း ယုံကြည်မိပါတယ်.....။
သေချာတဲ့ နောက်တစ်ခုက ကျနော့် ကြောင့် ကျနော့် မိဘ ဂုဏ်မတက် ခဲ့တာရှိချင်ရှိပါလိမ်မယ်....
ကျနော့် ကြောင့် ကျနော့် မိဘ ဂုဏ်တော့ မပျက်ခဲ့ ပါဘူး...........။
ဒါပေမဲ့ သက်ရှိထင်ရှားရှိသေးတဲ့ မိဘ ကို ခုထက်ပိုပြီး ကျေးဇူးဆပ်နိုင်ဖို့  တော့ ကြိုးစားရပါဦးမယ်..........

မိမိကြောင့် မိဘ ဂုဏ်ပျက်စေသော သားသမီးမျိုး မဖြစ်ကြလေအောင် ထိန်းသိမ်းနိုင်ကြပါစေ.......


                                                              ခိုင်ကိုဦး(ဆစ်ဒနီ)
                                                      (၂၅ . ၁ . ၂၀၁၆. ည ၂း ၄၀)

Saturday, 23 January 2016

နိုင်ငံခြားထွက်ပြီး အလုပ် လုပ် ချင်တယ် ဆိုတဲ့ ညီမ တစ်ယောက် အတွက်

နိုင်ငံခြားထွက်ပြီး အလုပ် လုပ် ချင်တယ် ဆိုတဲ့ ညီမ တစ်ယောက် အတွက်
သိသ မျှလေးနဲ့ ရေးမိတဲ့ စာ......
ညီမ ရေ ....ညီမရေးတာလေး ကို အကိုမြင်သလောက် ပြောပြပါရစေ.....နိုင်ငံခြားထွက် ပြီးအလုပ်လုပ်တယ် ဆိုတာ ဘာသာစကား..နဲ့ .အတတ်ပညာ လိုပါတယ်.....ဘာသာစကား ကလဲ ကောင်းကောင်းပြောတတ်တယ် ..အတတ်ပညာက လည်း ကောင်းတယ် ဆို၇င်တော့ အဆင်ပြေ ချောမွေပါတယ်...။အဲသည်လို မပာုတ်ပဲ လုပ်အား တခုထဲ ကို အခြေပြုမယ် ဆို၇င်တော့ မလွယ်လှဘူး....။အမေရိကာ ဆို ဆူရှီ....သြစီ ဆို လောင်ဒရီ နဲ့  ညီမပြောတဲ့ တနာရီ အခြေခံလစာ ဒေါ်လာ ၂၀ ဆိုတာတော့ အသာလေးရကြပါတယ်....။သိုသော် မိသားစု စနစ် တော့ လုံးဝပျောက်သွားတယ်....။လူဆိုတာက လဲ လောဘ ဆိုတာလေး ရှိကြစမြဲမို့  အမြဲတမ်းအလုပ် ကလေး (ပါမင်နန့် အလုပ်ကလေး )တခု ရကြပြီဆိုရင် ဘဏ်တွေ ကနေ ငွေချေး ...ပြီးတော့ အိမ်တွေ ကားတွေ အကြွေးနဲ့ ဝယ် ပြီးတော့ ရသမျ ကိုကုန်းရုန်းဆပ် .....အလုပ်ဝင်ပြီ ဆိုတဲ့ အခါ ကျတော့ ကိုယ်ပိုင်အလုပ်မပာုတ်ပဲ ၀န်ထမ်းဖြစ်လေတော့ မလုပ်ချင်လဲ လုပ်ရ....လုပ်ချင် လဲ လုပ်ရ လေရော....တနှစ်စာ သတ်မှတ်ထားတဲ့ ခွင်ရက်ထက် ပိုပြီးယူလို မရ သေရေးရှင်ရေးရှိလို ခွင့်ယူမယ် ဆိုရင်တောင် လစာ မရ ...ဒီကြားထဲ အလုပ်များတဲ့ အချိန်မှာ ခွင့်မဖြစ်မနေယူ မယ် ဆိုလို့ ကံမကောင်းရင် အလုပ်ပါပြုတ်နိုင်ပြန်ရော.....။ ပိုဆိုးတာက ဇနီး ...လင်သား....သားသမီးတွေ အတွက် အချိန်မပေးနိုင်တော့ တာပါပဲ....။လင်မယား နှစ်ယောက် သားသမီးနှစ်ယောက်ရှိ တဲ့ မိသားစုမှာ ခင်ပွန်းက ညနေ ပိုင် အလုပ်လုပ် ပြန်ရောက်ချိန်ပာာ ည နှစ်နာရီ ....မနက် လင်းတော့ ဇနီး က ၅ နာရီလောက်ထ ပြီး အလုပ်သွား ညနေ နှစ်နာရီလောက်ပြန်ရောက် ခင်ပွန်းဖြစ်သူ မနက်ဖက်က ပိုထားပေးတဲ့ ကလေးတွေ ကိုကျောင်းကြီု ဈေးဝယ်....အိမ်မှာ လျှော်ဖွတ် ချက်ပြုတ်....။ ခင်ပွန်းလုပ်သူက ညနေစာ လေးစားသောက်ပြီး အလုပ်သွား ည သန်ခေါင်ကျော်မှပြန်ရောက်....။အဲဒီမှာ လစ်ပာင်းသွားတာက မိသားစု ဘ၀....သားသမီးတွေဘ၀....အဆိုး ဆုံးက သားသမီးတွေ ပါပဲ ....အခမဲ့ပညာ ရေးစနစ် ဆိုပေမဲ့ ကလေးတွေကို စောင့်ကြည့် သွန်သင် ပေးဖို့ အချိန်မရ တဲ့ အခါ ပထမ ဆုံးဖြစ်တာက ဘာသာစကား ပျောက်သွားပါတယ်....ကလေးတွေက တနေ့  (၆)နာရီ ကျောင်းမှာ နေရတော့ အင်္ဂလိပ် လို အပြော မျှားပြီး အိမ်မှာ မြန်မာလို ပြောမဲ့သူမရှိတဲ့ အခါ ကိုယ်ဘာသာစကားဆုံးရှုံးသွားသလို ကိုယ့်ဘာသာ ယဥင်္ကျေးမှု့ ပါ ပျေက်သွားတယ် ....ဘုရားတရား ရပာန်း....ဘာမှနာမလည်သလို ပြောဆို ဆက်ဆံ ရမှု့ တွေ မသိတော့ဘူး...။ဘုန်းကြီး နဲ့ စကားပြောလို့ တင်ပါ့ ဘုရားပြောရမဲ့ နေရာမှာ (Yes...တို့  I Know တို့ )ဖြစ်ကုန်ရော.....အဲဒီထက်ပိုဆိုးတာက မိဘ က အနီကပ်စောင့်မကြည်နိုင်တော့ အပေါင်းအသင်းမှား ပြီး မပျက်စီးသင့်ပါပဲ ပျက်စီးသွား တာတွေ ကြုံ ကြရတယ်.....။ ပြီးတော့ သားသမီးတွေ အသက် (၁၈) နှစ်ကျော်တာနဲ့ အိမ်ထောင်ကျသည်ဖြစ်စေ မကျသည်ဖြစ်စေ မိဘ ကိုခွဲ ပြီး သီးခြားရပ်တည် ကြတယ်.....ကိုယ်တွေက အိမ်တွေ ကားတွေ ၀ယ် မိသားစု စုစုစည်းစည်း နဲ့ နေနိုင်စားနိုင်ဖို့  အလုပ်တွေ သိမ်းလုပ် ငွေစု ...ပောာ အ ချိန်ကျတော့ သားသမီးတွေ က ခွဲထွက် သွားကြရော....(သူတို့ တွေမှာ လဲ ကျောင်းက သူငယ်ချင်းတွေ အပေါင်းအသင်းတွေ က Over 18 ဖြစ်နေရက် မိဘ ကို မှီခို နေတယ် ဆိုရင် ကိုပဲ လူ ၊စိတ်ဓါတ် နာမကျန်း ဖြစ်သူ လို့ သတ်မှတ်ကဲ့ရဲ့ ကြတာကြောင့် များသော အားဖြင့် ၁၈ ကျော်ရှုခွဲထွက်ကြတာ အစဉ်အလာပဲ) ။ နောက် တခုက ဒီမှာ ကော်ဖီ တခွက် ကစပြီး ကိုယ်စားတဲ့ ပန်းကန်က အဆုံး ကိုယ်ဖာသာကိုယ် လုပ်ရပါတယ်....အရမ်းချမ်းသာတဲ့ သူဌေး ကြီးတွေက လွဲ လို့  ၀င်ငွေ ကောင်းလှပါတယ် ဆိုတဲ့ ဆရာဝန်တွေ ရှေ့ နေတွေ က အစကိုယ်ဖာသာကို ရုန်းကြရတယ်.....အိမ်စေ ....ကားဒရိုင်ဘာ...ဆိုတာ ဝေးရော.....အလုပ်ပင်ပန်း လို့  အနင်းအနှိပ်ခံ ချင်ရင်တောင် တနာရီ ကို ဒေါ်လာ (၇၀) လောက်ပေးရတယ်....။အိမ် ၀ယ်ထားရင် အကြွေး (၂၅) နှစ်ဆပ်ရတယ် ....အိမ်ကြွေး လဲ ကြေရော ကိုယ်က လူအိုရုံရောက်နေပြီ....။သားသမီးတွေက သူတို့ ဘ၀ နဲ့ သူတို့  တပါတ်နေမှ တရက် ဆိုတာ အနိုင်နိုင်ရယ် ကိုယ်ကို လာကြည့် နိုင်တာ (ဒါတောင့် အသိစိတ်ရှိ့ တဲ့ သားသမီးမှ ရယ်) ။ အကိုတို့  အရပ်မှာ ရှိနေတဲ့ မိသားစု တဖက် အလုပ်တဖက် နဲ့ ရှိသူတွေ ထံက အမြဲ ကြားရတဲ့ စကားတခုက မိသားစု စုစုစည်းစည်း ဆုံဖြစ်တဲ့ အချိန်ပာာ နည်းပါတယ်ဗျာ.....တဲ့ ......ပိုဆိုးတာက ဘာသာ မတူတဲ့ လူအများစု နေထိုင်တဲ့ နိုင်ငံ ဖြစ်တာကြောင့် သားသမီးတွေ ပာာ ဘာသာပြောင်းကုန်ကြတာပါ...ကိုယ်ကိုတိုင်က ကိုယ်ဘာသာ ကိုယ်ယဉ်ကျေးမှု့ ကို ညွှန်ပြ သွန်သင်ပေးနိုင်မှုအားနည်းတာ (အချိန်မပေးနိုင်တာ) တွေ ကြောင့် ရီုးရာယဉ်ကျေးမှု့  ဓလေ တွေကိုစွန့် သွားကြတဲ့ အခါ ကိုယ် လိုချင်တဲ့ ငွေကြေး က လွဲ လို့  ကျန်တဲ့ အရာ အားလုံး ဆုံးရှုံး သွားကြရတယ်.......
 နောက်ထပ်စဉ်းစားရရင် သတိရရင် ထပ်ပြီးပြောပြပါဦးမယ်

( BBC က ဦးလေးကြီး ဦးဖေသန်း ထင်ပါရဲ့ သူ့ စကားနဲ့ ပြောရရင် လေ့လာဖို့ နဲ့ စဉ်ချင်ဖို့ ဝေငှလိုက်တယ် ဆိုပါရစေ.....)
                                                                           ခိုင်ကိုဦး( ဆစ်ဒနီ..)
                                                                             ၂၃ . ၁. ၂၀၁၆

Saturday, 16 January 2016

ကြောင်ကလေးတစ်ကောင်ေပးတဲ့အသက် .....(ရေးသူ ...။ မိုးမောင်မောင်)

ကြောင်ကလေးတစ်ကောင်ေပးတဲ့အသက်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၁၉၉၇ ရဲ့  တရက်သောနိုဝင်ဘာလ။ကျွန်တော် အင်းစိန်တွဲဘက်အကျဉ်းထောင် အခန်း၁၆ မှာ စံမြန်းနေချိန်။
မထင်မှတ်ဘဲ နေ့ လည် ၁၂ နာရီလောက်မှာ ကျွန်တော်အကြီးအကျယ် ဝမ်းပျက်ဝမ်းလျောဖြစ်တယ်။ဘာကြောင့်လည်းတော့ခုချိန်ထိမသိသေးဘူး။စဖြစ်တော့နည်းနည်း။ဆေးမှုးကြီးလာကြည့်တယ် ဆေးတချို့ ပေးတယ်။၁နာရီ ၂နာရီလောက်မှာ အခြေအနေဆိုးလာဘီ။ခေါင်းမထူချင်တော့ဘူး။ဂန်ဖလား ဆီကို မိကျောင်းတက် တွေဘာတွေသွားရမယ့်ကိန်းဆိုက်လာတယ်။လူကလည်း ခေါင်းမထောင်ချင်လောက်အောင်ဖြစ်လာတယ်။ဝန်ထမ်းကိုဆေးမှုးခေါ်ခိုင်းလို့ လည်းမရ။၃နာရီလောက်မှာ ထောင်ကျပြီး လွတ်ရက်စေ့ပေမယ့်မှတ်ပုံတင်လည်းမရှိ၊တရုတ်ပြည်လည်းပြန်လို့ မရတဲ့အကျဉ်းသားဆေးမှုး ချစ်ဖွယ်( ကျိပွေ့ ) ရောက်လာတယ်။ဒီကောင်က ဂေါ်နိုက်တွေပေါ်မှာ သိပ်မဆိုးလှဘူး။သွေးပေါင်ချိန်ပြီး မျက်စေ့မျက်နှာအပျက်ပျက်နဲ့  မိန်းဂျေးသတင်းသွားပို့ မယ်ဆိုပြီးပေါ်မလာတော့ဘူး။အခန်းအသီးသီးက သတင်းလှမ်းအော်မေးနေတဲ့ ကျွန်တော့်ကို ချစ်သောရဲဘော်တွေကိုလည်း အလတ်ကြီးရှိပါသေးတယ်ကွ လို့ အသံကျယ်ကျယ်နဲ့ ပြန်မနောက်နိုင်တော့ဘူးအဲအချိန်မှာဘဲထမင်းကားဝင်လာသံကြားတယ်။ကိုယ့်များ လာခေါ်မလားလို့ စောင့်နေတုန်းမှာဘဲ ထမင်းကားက ပြန်ထွက်သွားတယ်။အသံအရမ်း ကျယ်တဲ့ကျွန်တော် သူတို့ ကိုပြန်မဖြေနိုင်ကတည်းက ပွဲသိမ်းတော့မယ်ဆိုတာရဲဘော်တွေကသိနေပြီ။ထမင်းကားသည်သာ ထောင်မကြီးနဲ့ ဆက်သွယ်ရာတစ်ခုတည်းသောယာဉ်ဖြစ်တဲ့အတွက် ဒီအတိုင်းဆိုရင် ဒီမှာဘဲခေါင်းချရတော့မယ်သိထားတဲ့ကျွန်တော်တို့ အားလုံး နောက်ဆုံးလက်နက်ကြီးကိုထုတ်သုံးရပါတော့တယ်။ထောင်ထဲနေဘူးသူဆိုရင် ဘယ်လောက်အန္တရယ်များပြီးရင်းရတယ်ဆိုတာသိကြပါတယ်။ကျွန်တော်တို့ မှာရှိတဲ့ပုံစံ ဒန်ပုဂံပြားတွေနဲ့  အခန်းတံခါးသံတိုင်တွေကို ပွတ်တိုက်ဆွဲပြီး ဆူညံနေအောင်အော်ဟစ်ကြတာပါဘဲ။တနည်းပြောရင်ထောင်ဆူအောင်လုပ်တာပါ။ဝါသနာပါသူတွေလည်းဆဲကြတာပေါ့။ကိုယ့်လူအသက်ကိုး။ဒီနည်းကတော့တာဝန်ရှိသူများကို အချိန်တိုအတွင်းမှာ မိမိတို့ အခန်းရှေ့ ကို အသင့်အနေအထားနဲ့ ရောက်လာအောင်ဆင့်ခေါ်တဲ့ အဆင့်အမြင့်ဆုံးနည်းစံနစ်ပါ။ကံမကောင်းရင် ကူကလပ်ကလန် (KKK) ဂိုဏ်းသားတွေလို မျက်နှာဖုံးလေးတွေကိုယ်စီနဲ့  တုတ် တုတ် တုတ်တုတ် နဲ့ စည်းချက် ကျလှတဲ့ ဒရမ်သံလေးတွေနာခံရင်းစစ်ခွေးတိုက်မှာ ၂ပိသာ ၅ပိသာ ၇ပိသာ ၊ဒေါက်တို ၊ဒေါက်ရှည်၊အထူအပါး ခြေကျဉ်း ဘွဲ့တံဆိပ် များကို ရွပ်ရွပ်ချွံချွံ ပါဝင်ထမ်းဆောင်ခဲ့မှုများအလိုက် ဆက်ကပ် ချီးမြှင့်ဘို့  ပင့်ဆောင်ခြင်း ခံရတော့မယ့်နောက်ဆုံးတိုက်ကွက်ပါဘဲ။ပုံဇန်း........လို့ အရှည်ကြီးဆွဲအော်လိုက်တဲ့အသံနဲ့ တကွ ခွာသံတဖြောင်းဖြောင်းနဲ့  ထောင်မှုးကြီးကြွချီ လာပါတယ်။ဒီကကောင်က အေးဆေးဘဲ။သူများတွေ ပုံစံထိုင်နေချိန်မှာ ဂန်ဖလားကိုခေါင်းထိုးပြီး မှောက်လျက်ကြီး တောင်အိပ်နေ ပြလိုက်ပါသေးတယ်။သွေးကောင်းလှချည်လား..ဟရောင်..။အဲလိုမထင်ပါနဲ့ ။မျော့ နေလို့ ပါ။ဒါပေမယ့် ကျွန်တော်တို့ ခေတ်က ၅(ည)တွေကညီကြပါတယ်။အရာရှိရောက်လာတာနဲ့  ပုံစံဖျက်ပြီး သံတိုင်ကြားမှာ နှာခေါင်းလေးတွေပြူ ( ခေါင်းထုတ်လို့ မရဘူး။နှာခေါင်းဘဲလွတ်လို့ ) ပြီး ဒေါနဲ့ မောနဲ့ ဝိုင်းအာကြတာပါဘဲ။။ဆေးကြိမ်လုံးနဲ့ တို့ လိုက်သလို ဆေးမှုးကြီးလည်းရောက်ရှိလာပါပြီ။အတွေ့ အကြုံ ရင့်ကျက်ပြီးသားရဲဘော်များဖြစ်သည်နှင့်အညီ ထောက်လှမ်းရေး ညစ်ထားတာမဟုတ်ဘဲ ထောင်ကကြောက်လို့ မထုတ်တာဖြစ်ကြောင်း ထောင်မှုးကြီး က သူ့ ဝန်ထမ်းတွေ ကို ”ငါ အမျိုးညီမသားတွေ..ထီးမို့ လို့ ဒီလောက်ဖြစ်နေတာ သတင်းမပို့ တာလည်း“ အစချီပြီး ကိုယ်လွတ်ရုန်းနေကတည်းက ကိုယ့်အခန်းတွေမှာ ချိုးချိုး ချွတ်ချွတ်နဲ့ စတင်လှုပ်ရှားကြပါပြီ။နောက်ဆုံးဆိုလည်းကောင်းကောင်းလေးစားရစေ၊နောက်ဆုံးမဟုတ်ခဲ့လည်း နေရာသစ်မှာ အဆင်ပြေပြေ လုပ်ကိုင်စားသောက်လို့ ရအောင် ထောင်တွင်းသုံး ငွေကြေး တွေဖြစ်တဲ့  ကော်ဖီမစ်၊မားမား၊ဆေးပေါ့လိပ်စည်းလေးတွေအပါအဝင် ကောင်းနိုးရာရာလေးတွေကို စေတနာ အလျောက် ထည့်ဝင်လှုဒါန်းကြဘို့ ပြင်ဆင်နေကြပါဘီ။ဆေးမှုးကြီး ကသွေးပေါင်ချိန်ပါတယ်။ကျွန်တော်တို့ ရဲဘော်တွေကလည်း မမြင်ရပေမယ့် အော်ဟစ်အားပေးနေပါတယ်။ဆေးမှုးကြီးမျက်နှာ ပျက်သွားတယ် ခင်ဗျ။ထပ်ပြီးချိန်ပါတယ်။ဆေးမှုးကြီး မျက်နှာဝပ်ရှော့ပို့ ရမယ့်အခြေအနေရောက်နေပါပြီ။အပေါ်သွေး လေးဆယ် အောက်သွေးစမ်းမရ ။သိပ်မကြာခင်မှာဘဲ ထမင်းသယ်ယာဉ် D2000 လေးဟာ အမ်ဗျူ လန့် စ် အဖြစ်“အသွင်ယူပြီး “ပြန်လည်ဝင်ရောက်လာသံကိုကြားရပါတယ်။တိုက်ဝင်ပေါက်ရဲ့ အဝေးမှာရှိသော ရဲဘော်များရဲ့  လက်ဆောင်ပဏ္ဏာ များကို ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ၎င်း၊တိုက်ဝင်ပေါက်ဘက်က အခန်းတွေက ရဲဘော်တွေရဲ့  လက်ဆောင်ပဏ္ဏာ များကို ဖိုးတခေတ် စတိုင်နဲ့ ခံယူရင်း မျက်စေ့ကိုဖြဲ ပြီး တတ်နိုင်သမျှပြန်လည်နောက်ပြောင် ဆုပေးရင်းနဲ့ ဘဲ မိန်းဂျေး ရှေ့ က စီးတော်ယာဉ်နောက်ဘက်ခန်းကို ကြွမြန်း ခဲ့ပါတယ်။ဒီနေရာမှာ တိုင်းပြည်စီးပွားရေးမတိုးတက်တာ ဝန်ထမ်းတွေကြောင့် ၊အစိုးရကြောင့်မဟုတ်ဘဲ ဓါတ်ဆင်ဓါတ်ရိုက်မကောင်းလို့ ဆိုတာကိုထင်ရှားစေမယ့် အဖြစ်လေးကြုံရပါသေးတယ်။တွဲဘက်ထောင်ဘူးဝမှာ ကားကခနရပ်သွားပြီး အတော်ကြာတော့ လူချောကြီးတစ်ယောက် ဝတ်စုံဖြူလေးနဲ့ ကားပေါ်ထပ်ရောက်လာပါတယ်။နက်ဖြန် မနက်မှဆေးရုံထုတ်မယ့် ကိုသိန်းလွင် (ဗိုလ်မှုးအောင်သားမက်၊ဒီမိုကရေစီပါတီ) ကို တခါတည်းရောတင်လိုက်တာပါ။ဆီဖိုး အကုန်သက်သာသွားတာပေါ့။အကျဉ်းဦးစီးဌာန လိုဝန်ထမ်းတွေတောင်ဒီလောက်စီးပွားရေးအမြင်ရင့်သန်နေမှတော့ နိုင်ငံတော်လူကြီးတွေ ဆို ဘယ်လောက်များတော်လိုက်မလည်း အဲဒီတစ်ချက်နဲ့ ဘဲ စဉ်းစားကြည့်ကြပေါ့။(သဘောပါရဲ့ လားပရိသတ်ကြီး)။
..................
အမယ်..တွဲဘက်ဗူးထဲလည်းရောက်ရော လက်ထိပ်ခတ်ဘို့ ခေါင်းစွပ်စွပ်ဘို့ မမေ့လျော့ကြဘူးခင်ဗျ။ခြေချင်း မရိုက်လိုက်ရလို့ တောင်စိတ်မကောင်းဖြစ်နေတဲ့ပုံမျိုး။ဝန်ထမ်းကောင်းဆိုတာ အဲလိုမျိုးကြီးတွေကိုဆိုလိုတာ။ကရုဏာ နဲ့ တာဝန်ကို အဲဒီလိုကို အပီအပြင် ခွဲခြား နားလည်ထားတဲ့ အကစ များပါ။သေမယ့်လူကသေမှာဘဲ။လေမမွန်းလည်းသေချိန်တန် သေရမှာဘဲ လို့ မရဏာ နုသတိ ရှုမှတ်အောင်မြင်ပြီးသောတရားပြည့်ဝလှတဲ့ ဝန်ထမ်းကောင်းများပါ။
ကားထွက်ခါနီးမှာ ထောင်ပိုင်ကြီး က အားပေးစကားပြောပါတယ်။“မိုးမောင်..မင်းဟိုဘက်မှာတော့ ဒီမှာလိုမျိုး မနေမိစေနဲ့ ပေါ့ကွာ“တဲ့။ကားဘေးကို ၂ချက်လောက် လက်နဲ့ ဘုန်း..ဘုန်း ဆိုတောင်ပုတ်လိုက်ပါသေးတယ်။အပြီးသွားပေတော့ဆိုတဲ့မေတ္တာ သင်္ကေတ ကိုပြတဲ့သဘော။
...................
အမယ် ထောင်မကြီး ဗူးထဲလည်းရောက်ရော အဲဒီကဝန်ထမ်းတွေကလူရည်ပိုလည်သေးတယ်ခင်ဗျ။ခေါင်းစွပ်ချွတ် ၊လက်ထိပ်ချွတ်ပြီး လူပုံကြည့်လိုက်ကတည်း က အဝင်စာရင်းသွင်းပြီးနေဘီ။ထူးထူးခြားခြား ကျားပါးစပ်ကိုကျော်လိုက် ပြီးတာနဲ့  ဟိုမှာဆေးရုံ ...ထမ်းစင်ခေါ်လိုက်ဦးမယ်ဆိုပြီးထွက်သွားလိုက်တာ ဘုတ်တွေတောင်ဝင်ပြီး ထောင်မှုး အချို့ တောင် ဂတ်ကြီးဘက်ပြန်လာနေကြပြီ။ဒီနေရာမှာ လူမှာအဝတ် တောင်းမှာအကွပ်ဆိုတဲ့စကား ပုံလေးမှန်လှတာထည့်ပြောဦးမယ်။ကျွန်တော်ကအလှကြိုက်တော့ ဒီလောက်ဖြစ်နေတာတောင် ပုံစံကို အိမ်ကလာတဲ့ လည်ကတုံးလေးနဲ့ တက်ထရွန်လုံချည် အဖြူလေးနဲ့  ရအောင်လဲလာခဲ့သေးတယ်။ကိုသိန်းလွင်ကလည်းဒီလိုဘဲ။လူတွေကလည်းချောတယ်မဟုတ်လား။ကြည့်လိုက်တာနဲ့ ဂေါ်နိုက်လားကွလို့ ရိုက်စစ်ဘို့ မလိုအောင် ထင်ရှားနေတာပေါ့။အဲဒီလိုယောင်တောင်တောင်နဲ့ အတော်ကြာလာတော့မခံနိုင်တော့ဘူး။ထိုင်မှရတော့မယ်။အဲဒီမှာကိုသိန်းလွင်ကိုညှိရတာပေါ့။အကိုကြီး..ကျွန်တော်တော့ထိုင်မှရတော့မယ်ပေါ့။ကိုသိန်းလွင်ကကျွန်တော်ဆိုလိုချင်တာကိုသိတော့ မျက်နှာလေးတောင်တစ်ချက်ငယ်သွားသလို။ထောင်မှာက ထောင်ပိုင်လျောက်လမ်းခေါ်တဲ့ လမ်းမကြီးရှိတယ်။ဘေးတဖက်တချက်မှာမှ ပန်းပင်လေးတွေစီပြီးစိုက်ထားတဲ့ဘောင်တဘက်မှာအကျဉ်းသားတွေလျောက်တဲ့လမ်း။ထောင်ပိုင်လျောက်လမ်းပေါ်မှာရပ်နေတာတောင်လွန်လှပြီ။ဖြတ်သွားတဲ့ ဝန်ထမ်းတွေ ၊အကျဉ်းသားတွေကလည်းကျွန်တော်တို့ ၂ယောက် ထောင်စစ်ဆေးရေးဝင်နေတယ်ထင်လို့ လားမသိ။လှည့်ကြည့် လှည့်ကြည့်နဲ့ ။ဒါကြောင့်အပေါ်မှာပြောတာ။လူမှာအဝတ်တောင်းမှာအကွပ်ဆိုတာကို။
........
ကိုသိန်းလွင်က မျက်နှာငယ်လေးနဲ့ အကြည့်၊ကျွန်တော်ကလည်းပြုံးစိစိနဲ့ ကြည့်။အကြည့်ချင်းဆုံတော့ ကိုသိန်းလွင်လည်းပေါက်တဲ့နဖူး မထူးဘူးဆိုတဲ့ ရုပ်နဲ့  ကျွန်တော်ကိုပြုံးပြတယ်။တကယ်တော့ ကျောင်းသားတွေနဲ့ အတွဲဆုံး အရင်းနှီးဆုံး ကျောင်းသားတွေဒုက္ခပေးသမျှ အခံရဆုံး က ဒီမိုကရေစီပါတီဆို ရင် တကယ်လုပ်ခဲ့သူအများစု ကသဘောတူကြမယ်ထင်ပါတယ်။ဒီမိုကရေစီပါတီ စီအီးစီတွေကိုယ်တိုင်က သူတို့ ကိုယ်သူတို့  (ခု ကျွန်တော်တို့ ကိုယ်ကျွန်တော်တို့ထင်သလိုမျိုး) ဂေါ်လီလိုလို ဖိုက်တာလိုလို အပြင် ယူဂျီလေးကလည်းဝါသနာပါတော့ ကျောင်းသားတွေ လုပ်သမျှငြင်းခဲ့တာမရှိဘူး။ဒါနဲ့ စိတ်တူကိုယ်တူ ကျွန်တော်တို့ ၂ယောက်သား ထောင်ပိုင်လမ်းမကြီးပေါ်မှာ အင်းယားကန်ဘောင်ပေါ်လေညှင်းခံသလိုစတိုင်နဲ့ ထိုင်နေလိုက်ကြတယ်။အမယ်သူက ဆုံးဖြတ်ပြီးသွားတော့ ကိုယ့်ထက်တောင် ပိုကဲနေသေး။ဒူးလေး၂ဘက်ကိုလက်နဲ့ ပိုက်၊ဒူးခေါင်းပေါ်မေးလေးတင်လို့ အေးဆေးပါတောင်လုပ်လိုက်သေးတယ်။မကြာပါဘူး။၃ယောက် ပေါင်းလေးပွင့် ဗူးဘက်ကိုလျောက်လာတယ်။“ဟ..ဟ..ဒီကောင်တွေ ဘာကောင်တွေလည်း“ဆိုပြီးတောင်ကြည့်မြောက်ကြည့်နဲ့ ။ကိုသိန်းလွင်က ခင်ဗျားတို့ လူတွေ ဆေးရုံကအကူသွားခေါ်တာပြန်မလာသေးဘူး။ဒီလူ့ ပုံလည်းကြည့်ဦး။သူလမ်းမလျောက်နိုင်တော့လို့ ထိုင်နေတာ လို့ ဖြေလိုက်တယ်။
ထောင်မှုးကြီးက သဘောကောင်းပုံရပါတယ်။ဘုတ်ကိုင်တစ်ယောက်ကိုလှမ်းပြီး ဆေးရုံက အမေမျိုးတွေ ခုချက်ခြင်းလာခဲ့စမ်း လို့ ခိုင်းလိုက်တယ်။အကျဉ်းသားပြေးသွားလို့ ဆယ်လှမ်းလောက်ဘဲရှိသေး။ဆေးရုံမှာအလုပ်လုပ်ပုံရတဲ့အကျဉ်းသားတချို့ ထမ်းစင်နဲ့ ပြေးလာတာတွေ့ လိုက်ရတယ်။အကျဉ်းဦးစီးဌာနမှာတောင် တယ်လီပသီ ဆက်သွယ်ရေးနည်းစံနစ်တွေသုံးနေတယ်ဆိုတော့အဲဒီထက်အရေးကြီးတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေမှာ ဘယ်လိုစံနစ်မျိုးတွေရှိနေမယ်ဆိုတာသဘောပေါက် လိုက်ပေါ့။
...............
အဲဒီလိုနဲ့  မိုးမောင်လည်းဖိုးတခေတ်ပြန်ဖြစ်။ကိုသိန်းလွင်လည်း အော်တိုရံရွေတော်ကြီးဖြစ်ပြီးသကာလ ဆေးရုံအောက်ထပ်က ထောင်ဆရာဝန်ရုံးခန်းမှာ ကျွန်တော်တို့ ခွဲခွာကြရတော့တာပေါ့။အင်မတန် ချစ်ခင်မြတ်နိုးဘို့ ကောင်းတဲ့ဆရာဝန်လေးပါ။ဒေါက်တာမျိုးဆက်တဲ့။အဲကာလ ကပြည်ထဲရေးဝန်ကြီးမြသင်းရဲ့  တိုက်ရိုက်အမိန့် နဲ့ ခန့် ထားတယ်ပြောတယ်။ကျွန်တော်တို့ တွဲဘက်ထောင်ထောင်မှုးကြီးဆိုလည်းဒီလိုဘဲ။ဦးမြသင်းဗိုလ်ချုပ်ဘဝက တပ်ကြပ်လေးဘဝနဲ့ အိမ်မှာ လက်တိုလက်တောင်းလုပ်ပေးရတယ်။ဗိုလ်ချုပ်ကတော်ဈေးဝယ်သွားရင်အမြဲလိုက်ရတယ်ပြောတယ်။ဖင်အရမ်းပေါ့တော့သူ့ ကို ဦးမြသင်းတို့ ကတော်တော်ချစ်တယ်ပြောတယ်။ချစ်လည်းချစ်စရာလေးပါ။မနှိုင်းကောင်းနှိုင်းကောင်းနှိုင်းရရင် ဟာသ သရုပ်ဆောင် ချစ်စရာ ရဲ့ သားအရင်းလေးလားတောင်မှတ်ရတယ်။ပုတက်တက်လေးနဲ့ ။ဗိုလ်ချုပ် ကတော်ရှေ့ မှာ ရပ်ပြီး ချစ်စရာလိုဘဲ နဖူးပေါ် ဝဲဝဲ ကျလာတဲ့ ဆံနွယ်လေးတွေကို မှုတ် မှုတ်ပြီး တင်ပြ ဘူးလားမသိဘူး။အဲလို နဲ့ ဗိုလ်ချုပ် မြသင်း ပြည်ထဲရေးဝန်ကြီးဖြစ် ၊သူလည်းထောင်မှုးကြီးဖြစ်တာဘဲ။နောင် အရာရှိဖြစ်ချင်သူတွေ သေချာမှတ်ထားကြ။အရည်အချင်းနည်းနည်းနဲ့  ရာထူးကြီးကြီး ရချင်ရင် အောက်သက်ကြေဘို့ လိုတယ်ကွဲ့ ။
ဒေါက်တာမျိုးဆက်ကျတော့ ရာထူးလည်းကြီးသွားပြီ။နေရာကောင်းလည်းရထားပြီဆိုတော့ထောင်မှုးကြီး လောက် ပညာနဲ့ မရတော့ဘူး။ရှာဖွေပေးရတာတွေ၊ရှင်းလင်းပေးရတာတွေ ပိုလာတာပေါ့။သူကလည်းတာဝန်ကျေပါတယ်။သေတဲ့ လူနာ ၄ယောက်လောက်မှ ဒရစ်တလုံးကုန်တယ်။ဒီ အလုပ်က ဆရာဝန်ကြီးတွေတောင်မလုပ်နိုင်ဘူး။ရဲဘက်စခန်းက မိုင်းထိလို့ ငှက်ထိလို့ ၊ပြန်လာတဲ့ အမလေး အဘလေးတနေရရှာတဲ့လူနာတွေကိုဂရုတစိုက်စောင့်ကြည့်ရတယ်။တော်တော်သေချာမှ ဒရစ်ကိုချိတ်ရတာ။ပုလင်းလေးပုံတစ်ပုံကုန်ရင် လူနာသေဘို့ လိုတယ်။ဒါမှနောက်လူနာတွေကိုဒရစ်သွင်းဘို့ ကျန်မှာပေါ့။သေသွားပြီးရင် ဆေးကမဝင်တော့ဘူးလေ။အဲလိုနဲ့ ဒရစ် တစိတ်လောက်ချိတ်လိုက်ရတဲ့ မသာလည်း ဒရစ်၁၀လုံးကုန်တဲ့ မသာဘဝနဲ့ စာရင်းပေါက်သွားတာပေါ့။ဘာဘဲပြောပြော မသာလည်းမသေခင်ကုသိုလ်ရသွားရှာတာပေါ့။ဒေါက်တာမျိုးဆက်ကို ဒရစ်ကိုးလုံးလောက်လှုသွားနိုင်တာကိုး။ဒါက သူ့ ကြံရည်ဖန်ရည်ထဲကအသေးဆုံးတစ်ခုကိုတင်ပြတာပါ။ဘယ်လောက်အတွေးအခေါ်အားကောင်းလည်း။လူကိုလူနဲ့ ဖေါက်ရင် လူတစ်ယောက်အသာလေးထပ်ရနိုင်တယ်လေ။လူကိုလူနဲ့ ဖေါက်လို့ ဒရစ်ပုလင်းကိုးလုံးထွက်တယ်လို့ ခင်ဗျားတို့ ကြားဘူးလို့ လား။ဘယ်ဟာပိုအဖိုးတန်လည်းကို ဒေါက်တာမျိုးဆက်တို့ လိုမခွဲခြားနိုင်တဲ့ အတိုက်အခံတွေကြောင့် တိုင်းပြည်ဆင်းရဲတာ။
.............
အဲဒီမှာ အဲလိုစတွေ့ ကြတော့တာပါဘဲ။ကျနော် မှာအားကလုံးဝကုန်နေဘီ။အိပ်ချင်စိတ်..အိပ်ချင်စိတ်...အိပ်ချင်စိတ်.အားရပါးရအိပ်ချပစ်လိုက်ချင်စိတ်သာ ကျွန်တော့်မှာကြီးစိုးနေတယ်။သူက စားပွဲနောက်မှာ စာရွက်တွေဖတ်လိုက် ရေးမှတ်လိုက်ရေရေလည်လည်ကြီးကိုအလုပ်ရှုပ်နေရှာတာ။ကျွန်တော့်ရဲ့ မေတ္တာတရားတွေက တဗျမ်းဗျမ်း သွားနေခဲ့ တဲ့ ကျွန်တော့်ရဲ့ ဝမ်းတွေ ကိုတောင် မေတ္တာရည်အဖြစ် သူ့ မျက်နှာထဲကိုစီးဝင်သွားစေတယ်။ကျွန်တော်တို့ ထဲကနိုင်ငံရေးမူကြိုအဆင့်လောက်တောင်ဗိုက်နှိပ်ပြီးရယ်နေလို့ ရတဲ့ ထောက်လှမ်းရေးနည်းဟောင်းတွေ လာသုံးနေသေးတယ်။အမည် အဘအမည် အကျဉ်းသား အမှတ် ရောဂါဖြစ်ပုံ ဒါတွေကိုပတ်ချာလှည့်ပြီးမေးလိုက်။ကိုယ့်အတွက်ဘဲရေးသလို ။အခြားကိစ္စတစ်ခုဘဲရေးနေသလိုအထာနဲ့ ရှေ့ ကစာရွက်ပေါ်ခြစ်လိုက်။စဉ်းစားချင်ယောင်ဆောင်လိုက် ကျွန်တော့်ကိုခိုးကြည့်လိုက်ပေါ့လေ။သူနဲ့စကားပြတ်သွားရင်ဝမ်းကရစ်လာတယ်။အိပ်ချင်စိတ်တိုးလာတယ်။နားထင်နာရင်းတွေအူလာတယ်။ဒါပေမယ့် သူ ခိုးကြည့်တိုင်းမှာသူရလိုက်တာက ကျွန်တော့်ရဲ့  ခလေးဆိုးလေး တစ်ယောက်ကိုပြုံးပြတဲ့အပြုံးဘဲ။မိုးမောင်မောင် ၁၄၀၄ စီ ဦးမောင်မောင်ကြီး။သူ မေးလိုက်တိုင်းမှာ ကျွန်တော့်အဖြေပေးသံက သူ့ နားစည်ကို တူတစ်လက်နဲ့ ဆောင့်ထုလိုက်သလို ခိုင်မာပြတ်သားဆဲဘဲ။ပြသနာက အိပ်ချင်စိတ်၊နုံးခွေလာတယ်၊နားတွေထဲမှာအသံတွေအူလာတယ်။ပြုံးပြုံးလေးနဲ့ အိပ်ချလိုက်တော့မယ်ဆိုတဲ့စိတ်ကဝင်လာတယ်။စားပွဲကိုလက်တင်ပြီးဟန်ထားပေမယ့် ကြမ်းပြင်နဲ့ ထိတဲ့ ခြေထောက်တွေကခြေသလုံးကိုမထမ်းထားချင်တော့ဘူး။တဆတ်ဆတ်တုန်စပြုလာတယ်။ဒီအချိန်မှာဘဲ အင်မတန် ထူးခြားတဲ့ခံစားချက်တစ်ခုပေါ်လာတယ်။ကျွန်တော့်ခြေသလုံးတွေ ဒူးခေါင်းတွေ ကို အင်မတန် နူးညံ့ သိမ်မွေ့ တဲ့ အထိအတွေ့ တစ်ခုကလာပွတ်သပ်နေတယ်။ကျွန်တော့်ခြေဖမိုးတွေကို ဖွဖွလေးနင်းနင်းပြီး သတိပြန်ပြန်ဝင်လာအောင် တစ်စုံတစ်ယောက်ကလုပ်နေသလိုမျိုးဘဲ။လက်တံ၂ခုကြားက အောက်ကိုလှမ်းကြည့်လိုက်တော့ ကြောင်ကလေးတစ်ကောင်။ကျွန်တော်နဲ့ သူနဲ့ မျက်လုံးချင်းတန်းဆုံသွားတာ။သူကမော်ကြည့်နေပုံရတယ်။ကြောင်မျက်လုံးလေးတွေကသိတဲ့အတိုင်းလေ။ဝိုင်းစက်ရွှန်းလဲပြီးအကြင်နာတွေနဲ့ ပြည့်နေတာ။ဒေါသစိတ်တွေလျော့သွားလို့ လား။အာရုံပြောင်းစရာတစ်ခုရသွားလို့ လားမသိ။အိပ်ချင်စိတ်တွေ နည်းနည်းပျယ်သွားတယ်။ဒေါက်တာမျိုးဆက်ကိုပြန်ကြည့်နေချိန်မှာ ကြောင်လေးက တချိန်လုံးသူ့ ကိုယ်နဲ့ ကျွန်တော့်ခြေထောက်တွေကိုပွတ်တိုက်နေရောဘဲ။တခါတလေ အမြီးလေးနဲ့ ထိလိုက်။တခါတလေ ခြေ ဖမိုးတွေပေါ်နင်းသွားလိုက်နဲ့ ။ဒီလောက်ကြာတဲ့အထိသူဘာလို့ ထွက်မသွားပါလိမ့်လို့ တွေးရင်းဖျတ်ကနဲသတိရသွားတယ်။ကြောင်တွေဟာ သခင်အရင်းတောင်မှသေတော့မယ်ဆိုရင်ရက်လည်တဲ့အထိ အဝေးကိုစွန့် ခွာသွားတတ်တယ်ဆိုတဲ့အကြောင်းလေး။ကျွန်တော်သိလိုက်ပြီ။မိုးမောင် မင်းမသေဘူးကွ။မသေနဲ့ ကွလို့ လာပြောနေတာ။အဲဒီအတွေးလေးတွေနဲ့ အတူ ကျွန်တော့်ရဲ့ မာနတွေက ကျွန်တော့်ကို ခဏတာခွန်အားတစ်ခုပေးလိုက်တယ်။“မင်းလို လူလေးလူမွှားတစ်ကောင်ရဲ့ ရှေ့ မှာ ငါဘယ်တော့မှမသေစေရဘူးကွ“။မကြည်လင်တဲ့စိတ်တွေ၊ခုနကလို သူနဲ့  စိတ်ဓါတ်တိုက်ပွဲဆင်နေတာတွေဟာ မလိုအပ်ဘူး။ဆေးရုံပေါ်ကငါ့ရဲဘော်တွေဆီအရောက်သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။
ကျွန်တော်ဒေါက်တာမျိုးဆက်ကိုလှမ်းကြည့်လိုက်ပြီး အေးဆေးဘဲပြောလိုက်တယ်။
“ဒီမှာ..မင်းမေးစရာကုန်ပြီ၊ဒါမှမဟုတ်စဉ်းစားလို့ မရသေးဘူးဆိုရင်..ငါဆေးရုံပေါ်သွားတော့မယ်။“
ဒီကောင်ကြားချင်တာကိုကျွန်တော်သိတယ်။ဆရာရယ်..လုပ်ပါဦး။ကျွန်တော်အားတွေကုန်နေပါပြီ။သေပါတော့မယ်။ကယ်ပါဦးဆရာရယ်ဆိုတာမျိုး။ကယ်မကယ်သာမသေချာတာ။သူ့ နားထဲမှာချိုစိမ့်သွားမှာ။သူ့ ဆရာတွေ အရက်ဝိုင်းမှာ ရယ်ပွဲဖွဲ့ မယ့် နောက်ဆုံးတော့ ငါး ည ဆိုတဲ့ကောင်တွေလည်း လူဆိုးသူခိုးတွေလိုပါဘဲကွာ ဆိုတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို သခင်အားရ ကျွန်ဒဏ်ဝ ပဏ္ဏာ လုပ်ဆက်သချင်တာ။သူကလည်းခေသူမဟုတ်ပါဘဲ။
“အေးလေ..မင်း မဖြေ နိုင်တော့ဘူးဆိုရင်လည်း ဆေးရုံပေါ်သွားနားနေလိုက်ပေါ့“
တခွန်းဘဲပြောတယ်။ဆိုလိုတာ လူနာမှတ်တမ်း မလုပ်ရသေးလို့  ဘာဆေး အွန်ရမလည်းမသိဘူးဆိုတဲ့ အကာအကွယ်ကိုယူတာ။ကျွန်တော်တစ်ချက်သူ့ ကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်တယ်။ခုအချိန်မှာ ကိုယ်ကချဉ်ပေါင်..သူက ကြက်သား..လေ။ လာထားလိုက်ပေါ့။တွဲဘက်ကအထွက်မှာဆေးမှုးကြီးမှာမှတ်တမ်းရှိပြီးသား။သူပေးတဲ့ဆေးတွေပါပြီးသား။အဓိက က ကျွန်တော့်ကိုယ်ထဲကခန်းခြောက်လုဆဲဆဲ သကြားရည်ကိုအရင်ဆုံးဖြည့်ရမှာ။ရောဂါရှာဖို့ မလိုတဲ့ရောဂါ။ဒါမှမဟုတ် နောက်မှ ရှာဖို့ လိုတဲ့ရောဂါ။
************
ဘယ်သူမှလိုက်မပို့ ဘူး ။လှေခါးလက်တန်းတွေကိုအားယူပြီး တလှမ်းချင်းတက်ခဲ့တယ်။မြင့်မားလိုက်တဲ့လှေကားထစ်တွေ။ရှည်လျားလိုက်တဲ့လှေခါး။ခန်းမကြီးအဝကိုရောက်ပြီ ။တံခါးပွင့်နေတယ်။လူတစ်ယောက်ဖေးကိုင်ထားတယ်။မျက်နှာတွေ၊မျက်နှာတွေ မျက်နှာတွေအားလုံးကဝါးပြီးထပ်နေတယ်။လူတွေမသဲကွဲဘူး။ဒါပေမယ့် စိုးရိမ်ပူပန်နေတဲ့မျက်နှာတွေဆိုတာကိုသဲကွဲတယ်။ဘယ်အဖွဲ့ အစည်းကလည်းမသိဘူး။ဒါပေမယ့် ..ဒါ..ငါ့ရဲ့ ရဲဘော်တွေဆိုတာသေချာသိတယ်။အနံ့  အရလည်းသိတယ်၊အရိပ်အရလည်းသိတယ်၊အငွေ့ အရလည်းသိတယ်လာ ဖေးတွယ်တဲ့လက်တွေအရလည်းသိတယ်။သက်ပြင်းရှိုက်သံတွေအရလည်းသိတယ်။ဟစ်ကြွေးအော်ခေါ်လိုက်တဲ့အသံတွေအရလည်းသိတယ်။အတတ်နိုင်ဆုံးမျက်နှာကိုပြုံးထားလိုက်တယ်။လက်တွေကိုဖယ်တယ်။အခန်းဒေါင့်က စဥ့်အိုးကြီးရဲ့ စင်ပေါ်ကို တက်တယ်။အခန်းဖေါ်အားလုံးနဲ့ မျက်နှာချင်းဆိုင်ဖြစ်သွားပြီ။ချုပ်တည်းထားလို့ မရနိုင်ဘူးထင်တဲ့ အရည်ကျဲတောက်တောက်ဝမ်းတွေကို အားရပါးရသွားချလိုက်တယ်။ဝမ်းကိုစံနစ်တကျ အသန့် စင်ဆုံးဖြစ်အောင်သုတ်တယ်။
ရဲဘော်တွေခင်းပေးထားတဲ့ အိပ်ရာပေါ်ကိုလှဲလိုက်တယ်။သူ့ ကိုယ်သူ ကျွန်တော်လည်း ၅ည ပါဗျ လို့ အမြဲပြောတတ်တဲ့ ဆေးတပ်ကြပ် သိန်းဆန်း (ဂေါ်ကြောင်..မှားရင်ပြင်ပေးပါ။သူ့ နာမည်ကအရေးကြီးပါတယ်။)က လက်၂ဘက်မှာတပြိုင်တည်းဒရစ်ချိတ်ပေးတယ်။ခဏတာအိပ်ပျော်သွားတယ်။ပြန်နိုးလာတော့မူးနေသေးတယ်။ဒရစ်တွေကကုန်ခါနီးနေပြီ။ဘေးမှာ ဝိုင်းကြည့်အားပေးနေကြတဲ့ ဘိုနီအောင်၊ဦးဘဲဥ(ဦးကြည်တင်ဦး) နောက် မန်းဘိုအေး..ကျွန်တော်မသိသေးတဲ့ရဲဘော်တွေ။ဘိုနီအောင်က ကိုမိုးကြီး ဘာလုပ်ချင်လည်း လို့ မေးတယ်။ကျွန်တော်က ပါးစပ်နဲ့  လက်ညှိုးလက်ခလယ်ကိုကပ်ပြတော့ နောက်မှသောက်ပါလို့ ပြောတယ်။ကိုကြည်တင်ဦးက စီးကရက်လေးတစ်လိပ် တစ်ယောက်ဆီကတောင်းလာမီးညှိပြီး တုန်တုန်ရီရီ နဲ့ ပေးရှာတယ်။အမှန်ဆိုသူက သိပ်စိတ်ဓါတ်ခိုင်ကျဉ်တဲ့သူ။ကျွန်တော့်ထုံးစံအတိုင်း ဒီလောက်ဖြစ်နေတာတောင် တံဆိပ်ကိုရအောင်ဖတ်လိုက်သေးတယ်။လန်ဒန်။အကြိုက်ကြီးမဟုတ်ပေမယ့် သောက်လေ့ရှိတဲ့တံဆိပ်။၃ဖွာ၎ဖွာလောက်နဲ့ တစ်ဝက်ကျိုးအောင်ရှိုက်လိုက်ပြီး ပြန်အိပ်ပျော်သွားတယ်။နက်ဖြန်ကျတော့မှ သူတို့ က ကျွန်တော့်ကိုပြန်ပြောပြတယ်။မင်း အိမ်သာပေါ်ကနေ ပြုံးပြနေတာ ငါတို့ အားလုံးက အလောင်းကောင်ကြီးသွားဖြီးပြနေတယ်ထင်လို့ တဲ့။ဟီး..ဟီး..ဟား..ဟား နဲ့ ။လူကိုများနောက်စရာကျနေတာဘဲ။ညတုန်းကရုပ်တွေနဲ့ တခြားစီ။၅ ည ဆိုတာ အဲဒီလို ဒေါင်ဒေါင်မြည်တွေ။
***********
အမှန်တော့ သံချောင်းခေါက်သံကြားကတည်းက ဆေးရုံမှာရှိတဲ့ရဲဘော်ရဲဘက်တွေ က သူတို့ လုပ်စရာရှိတာလုပ်ပေးထားကြတာပါ။ဆေးတွေ၊ဆေးမှုးတွေအဆင်သင့်ဖြစ်နေတယ်ဆိုတာ မတော်တဆတိုက်ဆိုင်မှုတွေမဟုတ်ပါဘူး။ကိုယ့်ကိုယ်ပိုင် လိုင်းတွေကိုပါ ထုတ်သုံးခဲ့ကြတယ်။ဒီအတွက် အသက်ရှင်ခဲ့တယ်။ရဲဘော်တွေရဲ့ ဂုဏ်ကျေးဇူးကိုမမေ့ပါဘူး။ဒါပေမယ့် ကျွန်တော့်မာန နဲ့ ကျွန်တော်ယုံကြည်တန်ဘိုးထားတဲ့ဂုဏ်သိက္ခာအတွက် (ရှောင်လိုလျင်ရပါလျက်)ထိပ်တိုက်တိုးရင်း ပျော်မှတ်(melting point) ကိုရောက်ချိန်မှာ ကယ်တင်ခဲ့တာက ကြောင်လေးတစ်ကောင်ဖြစ်ခဲ့ပါတယ်။ဆေးရုံမှာ အနေကြာတဲ့သူတွေအနေနဲ့  အဲလိုကြောင်လေး တကယ်ရှိမရှိနဲ့  ရှိခဲ့ရင်လည်း သူ့ အကြောင်းလေးတွေ သိသလောက်ရေးပေးကြစေချင်ပါတယ်။
တော်လှန်ရေးသစ္စာဖြင့်
မိုးမောင်မောင်

Tuesday, 5 January 2016

  
                     အသုဘရှု့ဖိတ်ကြားလွှာ ဦးဝင်းခက် ဗဟိုဦးစီးအဖွဲ့ဝင်ဟောင်း (NLD)၊
                              အယ်ဒီတာ ၁၉၃၆ - ၂၀၁၆ အသက် (၈၀) နှစ်
          မြန်မာနိုင်ငံ၊ ၀ါးခယ်မမြို့နေ ကွယ်လွန်သူ ဦးမောင်စော+ဒေါ်သန်းယုံတို့၏သား၊
                     သြစတြေး လျနိုင်ငံ၊ ဆစ်ဒနီမြို့နေ ဒေါ်ခင်လေးမြိုင်၏ခင်ပွန်း၊
           ဆစ်ဒနီမြို့နေ ဒေါ်နီလာလွင်+ဦးဝင်းသိန်း၊ ဦးကိုကိုလငွ်+ဒေါ်ကြည်ကြည်ဝင်း၊ ဦးညီညီလွင်+ဒေါ်မြတ်မြတ်မိုးတို့၏ ကျေးဇူးရှင်ဖခင်ကြီး ၊ မြေး (၅) ယောက်၊ မြစ် (၆) ယောက်တို့၏အဖိုး ဦးဝင်းခက်သည် သြစတြေလျနိုင်ငံ ဆစ်ဒနီမြို့ရှိ Westmead ဆေးရုံတွင် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၃) ရက်နေ့ မနက် (၇) နာရီအချိန်တငွ် ဘ၀တစ်ပါးသို့ ကူးပြောင်း ကယ်ွလွန်သွားပြီ ဖြစ်ပါသည်။ ဈာပနအခမ်းအနားကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အသုဘ ရှု့ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက်။ ။ စနေနေ့၊ ၀၉-၀၁-၂၀၁၆
အချိန်။ ။ နေ့ (၂) နာရီမှ (၄) နာရီ နေရာ။ ။
Universal Chung Wah Funeral Directors
17 Railway Parade, Fairfield NSW 2165

မှတ်ချက်။ ။ ရက်လည်ဆမွ်းကို 65 Orchardleigh St, Yennora NSW 2161 ရှိ ဆစ်ဒနီမြန်မာဘုန်းကြီးကျောင်းတငွ် တနဂင်္နွေနေ့၊ ၁၀-၀၁-၂၀၁၆၊ နေ့လည် (၁၁) နာရီမှ (၂) နာရီ အတွင်းကပ်လှူမည်ဖြစ်ပါသဖြင့် ကြွရောက်ကြပါရန်လည်း လေးစားစွာ ဖိတ်ကြားအပ်ပါ သည်။
ဈာပနကော်မတီ....။
ဒေါ်နီလာလွင် ၀၄၃၀ ၈၅၁ ၁၂၂ ။                ဦးရွှေမြင့် ၀၄၀၅ ၅၄၃ ၈၉၇ ။
ဒေါ်အမာချို ၀၄၃၀ ၄၆၉ ၉၄၆ ။                   ဦးလှဦး ၀၄၇၈ ၆၈၈ ၄၄၃ ။
ဒေါ်ခင်ခင်ထွေး ၀၄၃၀ ၄၄၀ ၁၇၇ ။             ဦးထွန်းထွန်းဦး ၀၄၁၀ ၅၄၇ ၃၃၅
ဦးမောင်မောင်အေး ၀၄၅၂ ၃၈၈ ၃၈၄ ။        ဦးတင်ကိုလေး ၀၄၁၃ ၉၁၂ ၀၀၃
ဦးကိုကိုနိုင် ၀၄၃၄ ၄၃၇ ၈၃၀ ။                  ဦးခိုင်ကိုဦး ၀၄၀၄ ၇၁၅ ၉၇၃ ။
ဦးခင်မောင်သာ ၀၄၁၃ ၇၂၂ ၆၄၇ ။