Tuesday, 14 June 2016
                                     သြစတေးလျှ နိုင်ငံ မြတ်ဗုဒ္ဓ ဘာသာ သာသနာ
အဲသည်ခေါင်းစဉ်နဲ့ အဲဒီအကြောင်းစဉ်းစား လိုက်တိုင်း အထူးတလည် ကျေးဇူးတင်မိတာက ဘုန်းဘုန်းကြီး
ဒေါက်တာအရှင်ဇာဂရာဘိဝံသ လို့ ပြောရင် ဘယ်သူကများ အငြင်းပွားရဲ ပါမလဲ.....။
မှန်ပါတယ် ကျနော်တို့ ဆစ်ဒနီမြို့ မှာ ပထမဆုံး စတင်တည်ထောင်ခဲ့တာကတော့ ထိုင်းလူမျိုး များရဲ့  ဗုဒ္ဓဘာ
သာ ဘုန်းတော်ကြီးကျောင်းဖြစ်ပါတယ် ။၁၉၇၃ မတ်လ မှာ Roseberry အရပ်မှာ အိမ်တလုံးငှားပြီး ယာယီ
ကျောင်းအဖြစ်သတ်မှတ်ကာ ရပာန်းတော် နှစ်ပါး စတင် သီတင်းသုံးတယ် ဆိုတယ် ...။တပါးက ထိုင်းလူမျိုး
ဖြစ်ပြီး တပါးက အင်္ဂလန်နိုင်ငံသား အင်္ဂလန်လူမျိုး ဖြစ်ပါတယ်...။အဲဒီနောက် ၁၉၇၅ မှာ Stanmore ရပ်ကွက်
မှာ မြေ နဲ့ အဆောက်အအုံကိုပါ ၀ယ်ပြီး ကျောင်းတည်ဆောက်ခဲ့ပါတယ်..။ အဲဒီကျောင်းကို ၀ပ် ဗုဒ္ဓ ရံသီ
(Wat Buddha -Rangsee ) လို့ အမည်ပေးပြီး ထိုင်းအိမ်ရှေမင်းသား ကိုတိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်
လို့ ဆိုပါတယ် ..။ နောက်ပိုင်း ၁၉၉၀  နိုဝင်ဘာ လ (၂၄) ရက်မှာ အခု လူသိများတဲ့ Leumeath အရပ် က ၀ပ်ပါ ဗုဒ္ဓရံသီ (Wat Pa Buddharangsee ) တောရဘုန်းတော်ကြီးကျောင်းက စေတီတော်ကို အနေကဇာ တင်
ပွဲ ပြုလုပ်ခဲ့ပါတယ် ...။ အဲဒီအပြင် ၁၉၈၅ ခုနှစ်လောက် မှာ ခမာ ဘုန်းတော်ကြီး လောက်ဆတ်ခွန်း က ဖှဲယား
ဖှီး (Fair Field )၇ပ်ကွက်မှာ အိမ်တဆောင် ငှားပြီး ယာယီကျောင်းဆောက် ကာယာယီ သီတင်းသုံး ခဲ့ပြီး ခမာ ဗုဒ္ဓဘာသာ ကျောင်းလဲ ဖြစ်ပေါ်လာတယ် လို့ ဆိုပါတယ် ၊အခုအခါ ဘယ်အရပ်မှာ ရှိသည်ကိုတော့ ကျနော် မသိပါ...။
ကျနော် နေထိုင်ရာ New South Wales ပြည်နယ် တွင်မှာ ဗီယက်နမ် ဗုဒ္ဓ ဘာသာ အသင်း ၊ ခမာ ဗုဒ္ဓဘာသာ
ကျောင်း ၊ ထိုင်း ဗုဒ္ဓဘာသာကျောင်း ၊လာအို  ဗုဒ္ဓဘာသာကျောင်း ၊  အပြင် စကိုးဖှီးလ် ဒ်သီရိင်္လကာ  ဗုဒ္ဓဘာသာကျောင်း...၊စတာတွေလဲ ရှိပါတယ် ...။
၁၉၈၅ မတိုင်ခင် ကာလတွေမှာတော့ ကျနော်တို့ မြန်မာ  ဗုဒ္ဓဘာသာကျောင်း ဆိုတာ မရှိသေးတဲ့အပြင်
မြန်မာ ဘုန်းတော်ကြီး ဆိုတာလဲ မရှိပါ....။ ၁၉၈၅ ဒီဇင်ဘာ မှာ အပြည်ပြည်ဆိုင်ရာ မြန်မာသံဃာတော်များ
အဖွဲ ကိုယ်စား ပီနန်းဆရာတော် ဦးပညာဝံသ က ဆစ်ဒနီုမြိုမှာ မြန်မာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း
တည်ဆောက်ရန်ရည်ရွယ်ချက် နဲ့  ကြွရောက်လာခဲ့ပါတယ် ..။ အဲဒီနောက် ဒီဇင်ဘာ ၂၉ ရက်နေမှာ ဆရာ
တော် ကိုဆွမ်းကပ်လှု ပြီး ဆရာတော် ရဲ့ သြ၀ါဒကို ခံယူပြီး မြန်မာ ဗုဒ္ဓဘာသာ အသင်ကို တည်ထောင်ခဲ့ ပါတယ် ...။အဲဒီအဖွဲ့ က ဒေါက်တာအရှင်ဇာဂရာဘိဝံသ ၊ ဆ၇ာတော် ဦးပညာဝံသ အပါအ၀င် နောက်ထပ်
ဆရာတော် တပါး နှင့်အတူ သံဃ နာယက အဖြစ်တင်မြှောက်ခဲ့ကြပြီး ဆရာတော်ဒေါက်တာ  အရှင်ဇာဂရာ ဘိဝံသ ပင်ဆောင် သီတင်းဖို့ စီစဉ်ကြပါတောတယ် ...။ ၁၉၈၇ နှစ်လယ်ပိုင်းလောက်
မှာ ကွယ်လွန်သူ ဒေါက်တာဦးသန်လွင် က သူပိုင်ဆိုင်တဲ့  Brown Street , North Parramatta အရပ်က နေ
အိမ်ကို သာမန်အိမ်ငှားခထက် အဆများစွာ လျှောနဲပြီး ကျောင်းအဖြစ် အသုံးပြုရန် ပေးလှုခဲ့ပါတယ် ...။တပါတ်ကို သြစီဒေါ်လာ (၅၀)နဲ့ ပါ...။ ၁၉၈၇ ဒီဇင်ဘာ (၂ရ) ရက် နေမှာ မှ ဆစ်ဒနီရောက် မြန်မာ လူမျိုး
များအတွက် ကိုးကွယ်စရာ စည်းကပ်စရာ ပူဇော်စရာ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျေးဇူးတော်ရှင်
ဒေါက်တာအရှင်ဇာဂရာဘိဝံသ ဆရာတော် ဘုရားကြီး ကြွရောက်တော် မူတယ်လို့  ဖတ်ရှု့  ရပါတယ် ...။
ဆရာတော် ဘုရားကြီး ကြွရောက် သီတင်းသုံးတော်မူပြီး (၂)နှစ်အကြာမှာ တင် ဆရာတော်ကြီးရဲ့ ဂုဏ်တော်
ကျေးဇူးတော်ကြောင့်  121 John Street ,Marryland အရပ်မှာ ထိုစဉ်အခါက တန်ဖိုး (၁၄၅ ၀၀၀) နဲ့ မြေ အိမ်
ကို ၀ယ်ယူနိုင်ခဲ့ကြရက စလို့  ဆစ်ဒနီမြို့ မှာ မြန်မာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း စတင်ပေါ်ထွန်းလာပါ
တော့တယ် ....။ ကျောင်းဝယ်ရာတွင် လိုအပ်ငွေ (၅၅ ၀၀၀)ဒေါ်လာကို ဘဏ်မှနေ (၁၀)အကြွေးဖြင့် ချေးယူခဲ့
သော်လည်း မြန်မာပြည်ဖွား မြန်မာများရဲ့  လှူဒါန်မှု့ ကြောင့် (၄)နှစ်အတွင်းမှာ ပင် အကျေ ပေးဆပ်နိုင်ခဲ့ပါ
တယ် ....။ ၂၀၀၀ ပြည်နှစ် မေလ (၁၃)ရက်နေမှာတော့ ယခု လက်ရှိ No (65) Orchardleigh Street ,Yennora  ကျောင်း ကို ဆရာတော် ဘုရားကြီးပြောင်းရွှေ့  သီတင်းသုံး ခဲ့ပြီး ဘာသာ သာသနာ အတွက် ပျံလွန်တော် မူချိန်အထိ စွမ်းစွမ်းတမံ အကျိုးပြုခဲ့ပါသည် .....။
  မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ဖြစ်ပေါ်လာပြီး ဆရာတော်ကြီးရဲ့ ကျေးဇူးတော်ကြောင့်
သာပင် ကျနော် တို့ မြန်မာလူမျိုးများ တိုင်းတပါး ရေခြား မြေခြား မှာနေရပါသော်လည်း ဗုဒ္ဓဘာသာ သာသနာ နှင့် အလှမ်းမဝေး စေလျှက်  ဘုရား တရားတော် ဒေသနာတော် များနာကြားခွင့် ရှင်ပြု ..၊ရပာန်းခံ ၊ အလှု ဒါန
ရည် လျှက် ရှိခိုးကန်တော့ လိုက်ပါသည် ... ....။
 မှီငြမ်း
 သြစတြေးလျှ နိုင်ငံ ဗုဒ္ဓဘာသာ
ရေးသူ - ဆရာတော် ဦးဓမ္မ စာရ (M.A,Ph.D)
                                                                                                 ခိုင်ကိုဦး (ဆစ်ဒနီ)
No comments:
Post a Comment