သြစီပာာ နတ်ဘုံ နတ်နန်း တော့ မပာုတ်...(၃)
မှန်ပါတယ် ...
သြစီပာာ နတ်ဘုံနတ်နန်းတော့ မပာုတ်ဘူး ဆိုပေမဲ့ လူဘုံ လူ့ လောက မှာ နေဖို့ ရာ အကောင်းဆုံး နေရာ
တွေထဲမှာ ဒုတိယ နေရာ ဖြစ်ပါတယ်တဲ့.....။ဒါလည်း မှန်တာပါပဲ ....။အလုပ် မလုပ်နိုင်တဲ့သူ...အရွယ်မ
ရောက်သေးသူ ..အရွယ်လွန်နေသူ...တွေ အတွက် စောင့်ရှောက်မှု့ တွေ အပြည့်အ၀ ရှိပါတယ် ။
" အို "တာ မပာုတ်တဲ့ နာ...ကျိုး...ကန်းတွေ အတွက် အသက်ရှင်နေမှု့ မှာ သုံးနိုင်အောင် ငွေကြေး...ဆေးဝါး
နေစရာ ထောက်ပံပေးထားသလို ...လူအိုရုံတွေ များစွာမှာလဲ " အို "လို့ မစွမ်းနိုင်တော့တဲ့ သူတွေ အတွက်
နေစရာ...ပြုစုမဲ့သူ...ဆေးကုမဲသူ ...စတာတွေ ဖန်တီးပေးထားပါတယ်..။ နုပျို မစွမ်း တဲ့ ကလေးငယ်တွေ
အတွက် မွေးကင်းစ ကစပြီး မူလတန်းကျောင်းမရောက်ခင်အထိ ကလေးထိန်းကျောင်းတွေ ရပ်ကွက် တခုမှာ
အနည်းဆုံး (၃)ခု(၄)ခုတော့ ရှိပါတယ် ။
ဒီလိုပါပဲ အလုပ်လုပ်တဲ့ သူတွေ အတွက် အလုပ်က ခက်ခဲသည်ဖြစ်စေ ၊လွယ်ကူသည်ဖြစ်စေ ၊ပုံမှန် ၀င်ငွေ
က ရှိနေတာပါ..။ အဲဒီဝင်ငွေ နဲ့  ညီမျှရုံသာမက လုပ်နိုင်ရင်လုပ်နိုင်သလို ပိုလျှံ တဲ့ လုပ်အားခ လဲရှိပါတယ်..။
ထိုနည်းအတူ ထွက်ငွေ မှာ လဲသူအတိုင်းအတာ နဲ့ သူ မျှတနေတာပါပဲ...။
နေစာရိတ် ဈေးကြီးတယ် ဆိုပေမဲ့ သူနေရာ နဲသူ ဈေးချိုတဲ့ နေရာတွေ ရှိသလို အစိုးရ ကချပေးတဲ့ တန်ဖိုး
နည်းအိမ်ယာ ကိုလျှောက်ထားပြီး နေထိုင်ခွင့်လဲ ရကြပါတယ် ...။
စားစရိတ်မှာ ကိုယ်အားကိုယ်ကိုးပြီး ချက်ပြုတ်စား ရင် သက်သာပေမဲ့ စားသောက်ဆိုင်တွေမှာ ၀ယ်စား
ရင်တော့ သက်သာ လှတယ် မပာုတ်ပါဘူး ...။ကြက် တကောင် ကို ဈေးအကြီးဆုံးမှ (၈)ဒေါ်လာလောက်
သာ ပေးရပေမဲ့ အပေါဆုံး ကြက်ကင်ဆိုင်မှာ ကင်ပြီးသား ကြက်တကောင် ၀ယ်ရင်တော့ (၁၃)ဒေါ်လာ
လောက် ပေးရပါတယ် ...။နောက် မိသားစု တစု (ဥပမာ) ကျနော်အိမ်မှာ (လူကြီးနှစ်ယောက် ကလေးလေး ယောက်ရှိတဲ့ ကျနော်မိသားစုမှာ)ဆန်တအိပ် ကို (၅၀)ဒေါ်လာနဲ့ ပေးဝယ်ရင် နှစ်လ လောက်
တော့ အသာလေး စားရပါတယ် ....။ ဈေးတွေ ဆိုင်ခန်းတွေ ပာာ ရပ်ကွက်တိုင်းမှာ လိုလို ရှိပေမဲ့ တချို့ နေရာ
တွေ မှာ အိမ်နဲ့  အလှမ်းဝေးတာတွေ....အထူးသဖြင့် လမ်းလျှောက်ရင် နာရီဝက်သာသာ ရှိတာမို့  ဈေးဝယ်
ထွက်ရင် အိမ်က လိုအပ်ချက်တွေ (စားစရာသောက်စရာ)ကို ကြိုတင်ဝယ်ယူဖြည့်တင်းကြရတာပါပဲ......။
အစိုးရ ကပေးထားတဲ့ ထောက်ပံ့ကြေးငွေ နဲ့ ရပ်တည်နေရတဲ့ ကျနော် အတွက် အရမ်းကြီးပိုလျှံတာ မပာုတ်
တာတောင် အရမ်းကြီးဆင်ရဲတယ် လိုလဲပြော လို့ မရပါဘူး...။သို့ သော် သြစီမှာ လူတန်းစေ့ နေနိုင်....စား
နိုင်...၀တ်နိုင်...သုံးနိုင်...ပါတယ် ၊မဖြုန်း နိုင်တာကလွဲလို့ ပေါ့...။ ကလေးတွေ ကျောင်းအတွက် လိုအပ်တဲ့
မုန့် ပဲသွားရည်စာ ၊ရေခဲချောင်း ၊ရေခဲမုန့် ၊အအေး၊ကော်ဖီ ၊လဖက်ရည် ကအစ အမြဲတမ်းရှိအောင် ထားတယ် ၊ အဲဒါတွေပာာ အိမ်တိုင်းလို ရှိနေတတ်တဲ့ အရာ ပါ...။ နေစရာအိမ်ရှိတယ် ...၊စားစရာ အစားအသောက် ရှိ
တယ် ၊ သွားဖို့ လာဖို့  ကိုယ်ပိုင် ကားရှိတယ် ၊ ကားဆိုတဲ့နေရာမှာ တန်ဖိုးကြီး တန်ဖိုးနည်း ကားမှန်သမျှ
လမ်းပေါ်မောင်းလို့ ရတာတွေ ပါပဲ...၊မောင်းလို့ မရတဲ့ ဂျုံးဂျုံးကျ ကားဆိုတာ မတွေ့ ဖူးပါဘူး..။လက်ရှိ ကျနော်
နေတဲ့ အိမ်မှာ အိမ်ရှင် က အိမ်နောက်ဖက်မှာ နောက်တအိမ်ဆောက်ပြီးနေတာပါ ..။မိသားစု (၄)ယောက်
သာရှိပေမဲ့ ကား က (၆)စီးတောင် ပိုင်ဆိုင်ပါတယ် ...။ တယောက်တစီး နဲ့ မနက်လင်းရင် အလုပ်သွားကြပြီး
မိသားစုလိုက် သွားရတဲ့ အနေအထားအချိန်မှာ တကယ် အကောင်းစားကား ကြီး ကိုသုံးလို့ ပေါ့....။
ဆက်သွယ်ရေး အတွက်ဆိုရင်လဲ အိမ်ဖုန်း ၊အင်တာနက် တလလုံး စိတ်ကြိုက်သုံး (နိုင်ငံတကာ ကနိုင်ငံ ၁၀
နိုင်ကို ပါ အခမဲ့ ခေါ်နိုင်သလို) ကာမှ (၇၀ / ၈၀ /၉၀ ဒေါ်လာ)ရယ် ....။မိုဘိုင်းဖုန်းလဲ အတူတူပါပဲ....။
အဲဒီလောက်ထိအောင် (ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် )ပြည့်စုံတဲ့ နတ်ဘုံ နတ်နန်းလို နိုင်ငံ ကြီးမှာ
အသက်ရှင် နေထိုင်ကြပေမဲ့ အ၀ီစိ အောက်ကို ရောက်နေတဲ့ စိတ်ဓါတ် ပိုင်ရှင်တွေ လဲ ရှိနေတာကို အံသြ
စွာ ကြုံတွေဖူးပါတယ် ...။
ပြည်စုံကုံလုံတဲ့ နိုင်ငံကြီးတနိုင်ငံမှာ မတောင်းတ မကြောင်းကျ ပဲနေနိုင်ထိုင်နိုင် ကြပေမဲ့ ၀စီကံ နဲ့  ငရဲ ယူကြ
သူများလို့ ပြောရင်မှားနိုင်မယ် မထင်ပါဘူး..။သြစီနေခဲ့တဲ့ (၁၀)နှစ်ကျော် ကာလမှာ လူမျိုးစုံ ...ဘာသာမျိုးစုံ က
ကိုယ်နိုင်ငံသားတွေ ကို နိုင်ငံချစ်စိတ်အမျိုးချစ်စိတ် နဲ့ ပေါင်းသင်းဆက်ဆံခဲ့ဖူးပြီးပါပြီ ....။ကလေးငယ် မရှိတဲ့
မိသားစုတွေကလေးငယ်ရှိတဲ့ မိသားစုတွေကိုယ်ထက်ချမ်းသာသူတွေ ၊ကိုယ်လောက်မဆင်းရဲသူတွေ ပေါင်း
စုံပါပဲ....။အကြောင်းကြောင်းတွေကြောင့် အိမ်အလည်အပါတ်ရောက်တဲ့ အခါ ရောက် ....မွေးနေ့ ပွဲ ...ဧည်ခံ
ပွဲ အတွက် သွားလို့ သွား...၊အိမ်က ကလေးငယ်တွေ နဲ့  သက်တူရွယ်တူတွေ ရှိလို့ ကျောင်းပိတ်ရက် မှာ ကလေးတွေ ဆုံကြရအောင် မိသားစု ပျော်ပွဲစား ထွက်တဲ့ အခါ ထွက်ကြတယ်ပေါ့....။ အဲဒီလို ပေါင်းသင်း
ဆက်ဆံကြတဲ့ အခါမှာ ကူလူးလာတဲ့ယဉ်ကျေးမှု့ အရ (Bring Your Plate ဆိုတဲ့ အတိုင်း ) ကိုယ်အစားအစာ ကိုယ်(တတ်နိုင်သလောက်)ယူသွားကြတယ် အိမ်ရှင် ကလည်းအိမ်ရှင် တာဝန်ကျေပြွန်စွာ နဲ့ ရှိတာတွေထုတ်ကြွေး ....ဧည်သည် ယူလာတာလဲ ၀ိုင်းဖွဲစား.... ကလေးတွေ က လဲ ကစား လို့ ....။
သူသာတယ် ...ကိုယ်နာတယ် ဆိုတာ မရှိကြပါဘူး....။ ဧည်သည်တွေပြန်သွားတဲ့အခါ မှာလဲ စားကြွင်းစား
ကျန်တွေ ရှင်းလင်းသိမ်းစည်း ဆေးကြော...ကြရပါသေးတယ် ...ကလေးငယ်တွေ ပါလာလို့ ကလေးတွေ ဖွ
သွားခဲ့တာတွေလဲရှင်းလင်းရတာ အလုပ်တခုပါပဲ...သို့ ပေမဲ့ အဲဒီလို လုပ်ရလို့  ....အဲဒီလို ဧည်သည်လာလို့ 
မနှစ်သက်တဲ့ အိမ်...မကြိုဆို ဧည်မခံတဲ့ အိမ်ဆိုတာ လုံးဝ(လုံးဝ)မတွေ့ ဖူးပါဘူး....။သူတပါးနိုင်ငံ သူတပါး
နယ်မြေမှာ ကိုယ်လူမျိုး ကိုယ်နိုင်ငံသား...ဆိုတာ လက်တဆုပ်စာ သာသာရယ်မပာုတ်လား.....။ကျနော် နေ
ထိုင်ရာ ဆစ်ဒနီမြို့ ရဲ့ ရပ်ကွက်တခုဖြစ်တဲ့ Blacktown ရပ်ကွက်က သူငယ်ချင်းမိသားစု နှစ်စု ဆိုရင် သူတို့ 
အိမ်အလည်သွားတိုင်း လူကြီးတွေ အပေါ်မှာ ဧည်ဝတ်ကျေ ပြွန်ရုံမက ကလေးတွေ အတွက် ဆိုရင်လည်း
အိမ်မှာ(သူတို့ လဲ ကလေးငယ်တွေ ရှိတာကြောင့်)၀ယ်ထားတဲ့ ၂၀ လီတာဝင်ပလပ်စတစ် ဗုံးထဲထည့်ထား
တဲ့မုန်မှန့် သမျှ စားချင်တာကို စားချင်သလောက် ယူစား ဆိုပြီးချကြွေးတတ်လို့  တားယူရတဲ့ အထိပါပဲ...။
ကျနော် တို့ လင်မယားက တားတယ် ဆိုတာကလည်း သူတို့ လဲ ကိုယ်တွေလို အစိုးရထောက်ပံ့ကြေးနဲ့ နေ
ရသူဖြစ်တာကတကြောင်း ကလေးငယ်တွေ အလွန်အကြွံ မစားစေလိုတာက တကြောင်းကြောင့်ပါ......။
ဒီနိုင်ငံမှာ တချို့ ကလေးတွေ က မြေပဲ နဲ့  လုပ်တဲ့ မုန်တွေ မတည်သလို အချိုဓါတ်လွန်ကဲတဲ့ အစားအစာ
တွေ များတာကြောင့် မဖြစ်သင့်တာ မဖြစ်ရလေအောင် တားတဲ သဘောပါပဲ.....။
အဲဒီလို ရှိတဲ့ အရပ်ဒေသမှာ ကိုယ်အိမ်လာတဲ့ ဧည်သည် နောက်တခါ ၀င်ထွက်သွားလာ ကူးလူးဆက်ဆံ
ဖို့ ခက်သွားစေတဲ့ အကြောင်းနှစ်ခု ...အဖြစ်နှစ်ခု ကို ပြောပြပါဦးမယ် .....။ ကိုယ်ကိုတိုင် ကြုံတွေ့ ခံစားရတာ
မပာုတ်ပေမဲ့ ကြုံတွေလာသူတွေ ရဲ့  ပြောပြချက်တွေ ပါပဲ...။ ပထမ တခုက လိမော်သီး တလုံး အတွက်ပါ.....
အကြိမ်ပေါင်းများစွာဝင်ထွက်သွားလာ ပေါင်းသင်းနေထိုင်ခဲပြီး မိသားစုဝင် တပိုင်းဖြစ်နေတဲ့ သူငယ်ချင်းမိတ်
ဆွေတွေ ပါပဲ...
တနေ့  အကြောင်းတိုက်ဆိုင်စွာ အရင်ကလို ပဲဝင်ထွက်သွားလာ စားသောက်..နေရာ ကနေ အကြောင်းတခု
ပေါ်လာလို့  ပါလာတဲ့ ကလေးတွေကို အဲဒီအိမ်မှာ ထားခဲ့ ပြီးအမေလုပ်သူက အပြင်ထွက်သွားတယ် .....
သွားလည်တဲ့ အိမ်က အိမ်ရှေ့ ရော နောက်ဖေး ကပါ ၀င်လို့ ထွက်လို့ လွယ်တဲ့ အိမ်ဖြစ်တာကြောင့် အပြင်
ထွက်ပြီးပြန်လာတဲ့ အမေ ဖြစ်သူအိမ်ပေါ်ပြန်တက်လာချိန်မှာ မသိလိုက်ပဲ လိမ်မော်သီးတောင်းစားတဲ့
ကလေးကို (အတည်ပြောသလား စနောက်ပြီးပြော တာလားဆိုတာတော့ ကာယကံရှင်သာ သိပါလိမ်မယ်)
" နင့်အိမ်မှာ ဒီလို တခုပြီးတခု တောင်းစားရင် ရလို့ လား.... " ဆိုတဲ့ စကားကို အမေဖြစ်သူပာာ နားနဲ့ ဆတ်
ဆတ်ကြားလိုက်ရပါသတဲ့...။ ဒါပေမဲ့ အဲဒီအမျိုးသမီးပာာ ပညာရှိအမျက် အပြင်မထွက် ဆိုသလို စိုသော
လက်မခြောက်စေချင်တဲ့ သဘောကြောင့် မသိလိုက်ဘာသာ နေပြီး ပြန်လာခဲ့ ပါတယ် ...ဆိုတယ် ...။
ဒါပေမဲ့ နောက်နောင် အဲဒီအိမ် ကို အရေးကြီး အကြောင်းမရှိပဲ ၀င်ထွက်သွားလာခြင်း မလုပ်တော့ ပါဘူးတဲ့...ဗျာ...။ အဲဒီမိတ်ဆွေ အမျိုးသမီး ကိုယ်တိုင်ပြောပြလို့  သိရတာပါ...။
နောက်တခုက အလားတူပါပဲ...။နှစ်အိမ်တအိမ် မိသားစု နှစ်စု နေထိုင်ခဲ့ကြပြီး သူအလှည့် ကိုယ်အလှည်
မငြိုငြင်ပဲ နေရာကနေ တပါးသူမသိနိုင်တဲ့ ဆုံကြတဲ့ နေရက်တွေ မှာ သူအိမ်ရောက်ရင် ကလေးတွေ က ဘယ်လို ဆော့ကစားတယ် ဘယ်လိုတွေ စားသွားတယ် ....စားဖို့  မကျန်လို သူကလေးတွေ က စိတ်ဆိုးကြ
တယ် ...စတာတွေ ကို ပြောတာပါပဲ....။ အဲဒီမိသားစု နဲ့  ပြောတဲ့ မိသားစု နှစ်စု သာ သိတဲ့ အတူသွား အတူ
စားတဲ့ အကြောင်းကို နောက်ထပ် တတိယ လူက သိနေတယ် ဆိုတော့လဲ တယောက်က မပြောရင် မသိ
နိုင်တဲ့ အရာမပာုတ်လား....။ကိုယ့်ကလေးတွေ ဆော့တဲ့ စားတဲ့ အကြောင်း ကိုတော့ ဘယ်မိဘ ကသူတပါး
ပြောပါ့မလဲ...နောက်တခု က အပြောခံရတဲ့ မိသားစု ကလေးတွေ ဖက်ကရော လူကြီးတွေ ကိုယ်တိုင်က
ခွင့်ပြုလို့ သာဆော့ကစားတယ် စားတယ် ဖြစ်မှာပါပဲ....ကလေး ဆိုတာက ကလေးအတွေး ကလေး စိတ်ကူး
အတိုင်းပဲ နေကြမှာပါပဲ...။
ကျနော် အိမ်က ကလေးတွေ လဲ တခါတရံ သူတို့ စားရမဲ့ မုန့် တွေ ကုန်သွားလို အလိုမကျ တာတွေ ရှိပါတယ်
ဒါပေမဲ့ အဲဒီလို အိမ်အလည်လာဖူးတဲ့ ကလေးတွေ ရဲ့ အိမ်တွေ ကို ကိုယ်က အလည်သွားတဲ့ အခါ စားခဲ့
သောက်ခဲ့ တာတွေ ကို အမှတ်ရအောင် အစဖော်ပေးပြီး သူတို့ စိတ်အလို မကျ မှု့ တွေ ကိုနားလည်အောင်
ပြောပြသွန်သင်ပေးပါတယ် ....၊ကိုယ်အလှည့် ...သူအလှည့်ဆိုတာ နားလည်အောင် ပါ....။ ဒီလို ကလေး အတွေး ကလေးစိတ်ကို ပြုပြင်ပေးရမဲ့ အစား သူတို့ အတွေး သူတို့ စိတ်ကို မှန်သယောင်ယောင် မိဘဖြစ်သူ
ကပါ လိုက်ပြော တဲ့အခါ ကလေးရဲ့ စိတ်ထဲမှာ တဖက်ကလေး ကို မုန်းတီးစိတ်ဝင်လာတတ်ပါတယ် ...။ အဲဒီ
နောက် ...နောက်ပိုင်းနောက်ပိုင်းတွေ ကလေးချင်း တွေဆုံကြတဲ့အခါ အဆင်မပြေတာတွေ ရှိလာတတ်ပြီး ကလေးတွေကစလို့ လူကြီးချင်း မိဘချင်းပါ အဆင်မပြေ ဖြစ်နိုင်ကြတောမှာပါပဲ.....။ဘာကြောင့်ဆိုရင် ဘယ်မိဘ မဆို ကိုယ်ကိုသာ အပြောအဆိုခံမယ် ...အနှိမ်ခံချင်ခံ ပါမယ် သားသမီးထိရင် ဘယ်မိဘ ကမှ
ငြိမ်ခံနေတတ်ကြမဲ့ အစားထဲမှာ မပါတတ်လို့ ပါပဲ.......။
ဒီအဖြစ် နှစ်ခု ကိုကြည့်တဲ့ အခါမှာ တွေ့ ရတာက အင်မတန်ရိုးရှင်းတဲ့ ပြသာနာသေးသေးလေးကနေ
ကြီးကျယ်သွားတတ်တာကို ပါပဲ ....။အမှိုက်က စ ပြသာဒ် မီးလောင် ဆိုတာမျိုးပါ.......။ လိမ်မော်သီး ပဲဖြစ်ဖြစ်
ကိုယ်အိမ်လာတဲ့ ဧည်သည် စားသွားတဲ့ မုန့် ပဲသွားရည်စာတွေပဲဖြစ်ဖြစ် ကုန်သွားရင် ပြန်ဝယ်လို့ ရတဲ့ အရာ
တွေ ပါပဲ......။
သို့ သော် ....."အိမ်သာ "လို့ ဧည့်လာတယ် ဆိုတဲ့စကား အရ ကိုယ်အိမ် ကို ကိုယ်မိသားစု ကို ချစ်လို့ ခင်လို့ 
ရင်းနှီးလို့  ၀င်ထွက်သွားလာတဲ့ ကိုယ်မိတ်ဆွေ တယောက်ကို နောက်မလာရဲအောင် မပါတ်သက်ရဲအောင်
စကားလေးတခွန်း ကတွန်းပို့ လိုက်တယ် ဆိုရင်တော့ လက်တဆုတ် သာသာ ရှိတဲ့ ဒီမြို့ ဒီအရပ်မှာ တဆင့်
စကား တဆင့် ကြားပြီး မိတ်ကောင်းဆွေကောင်းတွေ ခေါင်းပါး ကုန်ပါလိမ်မယ် .....။
နောက်တချက်က ဘယ်သူကိုပဲဖြစ်စေ ကျနော်တို့ ကြွေးကြမွေးကြတယ် ဆိုတာ အလှု အတန်းတခုပါပဲ....
လူဖြစ်စေ ခွေး...နွား ....ကျွဲ ဖြစ်စေ သက်ရှိသူတိုင်းကို ကြွေးကြမွေးကြတယ် ....ကိုယ် အတွက်နဲ့  သူတပါး
ဝမ်းရေး အထောက်အကူ ဖြစ်သွားတယ် ဆိုတာ ယူတတ်ရင် ကုသိုလ်ပါပဲ မပာုတ်လား.....။အဲဒီဆန့် ကျင်
ဖက် ဖြစ်တဲ့ နှမြောတွန်တို ခြင်းပာာလဲ အကုသိုလ်ဖြစ်စေတာပါပဲ.....။
ခုတော့ဗျာ .....မတောင်းတ မကြောင်းကြ ရတဲ့ နတ်ဘုံနတ်နန်း တခုနီးပါး ရှိနေတဲ့ ၀န်ကျင်မှာ နေထိုင်ခွင့်
ရနေကြပါလျှက် မြွေပါလဲဆုံး....သားလဲရှုံး ..လို့ ပြောရမလား....ကုသိုလ်မရ ....ငရဲ ရတယ် ဆိုရမလား.....
သေချာတာကတော့ (စိတ်ထဲက ပါချင်မှပါမယ်) ၀ဇီဒုစရိုက်လေးပါး ထဲက တပါးတော့ ကျိုးသွားတာပါပဲ......
ကြွေးလဲ ကြွေးလိုက်ရသေးရဲ့ စိတ်မထားတတ်တော့ ငရဲ ရတယ် လိုပဲ မှတ်ချက်ပေးရင် .....ကိုယ်မဖြစ်စေဖို့ 
သတိပြု ရန်လိုအပ်ပြီး ....နတ်ဘုံ...နတ်နန်း သမျှ ခမ်းနားတဲ့ ဘ၀မှာ အကုသိုလ်ဖြစ်စေမဲ့ ၀ဇီ နှုတ်ကို အတတ်နိုင်ဆုံးစောင့်ထိန်းဖို့  ကိုယ်ကိုကိုယ် ဆော်သြမိပါတော့တယ် ....................။
လောကကြီးမှာ ယူတတ်ရင် တရား ရစရာ တွေပါပဲ...............။
ခိုင်ကိုဦး(ဆစ်ဒနီ)
၅ . ၇ . ၂၀၁၆ - ည ၉း ၁၇
Tuesday, 5 July 2016
Saturday, 2 July 2016
သြစီ ပာာ နတ်ဘုံ နတ်နန်း တော့ မပာုတ်(၂)
ကျနော် ဒီခေါင်းစဉ် နဲ့ ဒီစာ ကို ထပ်ရေးမိပြန်ပါပြီ...။
ရေးစရာ အကြောင်းကလဲ စဉ်းစားမိပြန်တာကို ...။သြစီ ရဲ့  လူမှု့ အဆင်အတန်း ပာာ မက်လောက်စရာ
ကြီးကို ...ဒီတော့ သြစီကို လာချင်သူတွေ သြစီမှာ အလုပ်လုပ်ချင်သူတွေ....သြစီက လာမဲ့  အခွင်အလမ်း
တွေ ကို မျှော်လင့်နေသူတွေ ရှိတာကြောင့် ထပ်ရေးဖြစ်တယ် ဆိုရပါလိမ်မယ် ....။
သြစီမှာ အနည်းဆုံးလုပ်ခ လာစာ တနာရီ ကို (၁၈)ဒေါ်လာ ဆိုတာ အနည်းဆုံးပါ...။
" သြစီ က စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ သူတစ်ယောက်ရဲ့ ၁ နာရီခွဲစာ လုပ်အားခဟာ ဒီနိုင်ငံရဲ့ အကောင်းဆုံးဆိုတဲ့ hotel မှာ ဘူဖေးကို တစ်ဝစားနိုင်တယ်။
ကျနော်တို့မြန်မာပြည်မှာ လှိုင်သာယာ စက်ရုံက အလုပ်သမားတစ်ယောက်ဟာ တစ်နေ့လုံး လုပ်၊
overtime ပါလုပ်ဦး ...အဲဒီ့နေ့သူရတဲ့ ပိုက်ဆံ နဲ့ Trader က coffee တစ်ခွက်ဝယ်မသောက်နိုင်ဘူး။"
စားသောက်ဆိုင်မှ စားပွဲထိုးလေးများအား ငေးကြည့်ရင်း ရင်နာစွာနဲဆရာ ညီမင်းညို့ ပြောသွားခဲ့ဖူးတယ်
ဆိုတာ အမှတ်ရမိပါတယ် ....။ မှန်ပါတယ် ....တဖက်မှာ ပြည်စုံ တော့လဲ တဖက်မှာတော့ လို အပ်ချက်
တွေ ရှိနေမှာပါပဲ.....။
Medicare လိုခေါ်တဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက် မှု့  ရှိတယ် (အားလုံးတော့ မပာုတ် )သွား နဲ့ ပါတ်
သက်တာ အထူးကု နဲ့ ပါတ်သက်တာ တွေ မျက်မှန်နဲ့ ပါတ်သက်တာတွေ အထိုက်အလျှောက်တော့ ငွေပေးရပါတယ် ။
အခမဲ့ ပညာသင်ကြားခွင့် ဆိုတာတွေ ရှိတယ် ၊ လူတယောက်ပာာ အိုမင်းမစွမ်း လို့  ကျန်းမာရေးမကောင်း
လို့  Disability Pension ပေးထားတာရှိမယ် ...သို့ သော် ခြေလက် အကောင်းပကတိရှိနေသူ ဥာဏ်ရည်
ပြည်စုံသူ တွေ အတွက်ကတော့ အလုပ် လုပ်ရင် လုပ် ....မလုပ်ရင် ကျောင်းတက် ပညာ ရှာကြရပါတယ် ။
အလကား အလေ လိုက် အချောင်ခို နေလို့ တော့ မရပါဘူး...။ မရှိရှိတဲ့ အကြောင်းတွေပြ ကိုယ်ကိုကိုယ်
စိတ်ရောဂါ ရှိနေပါတယ် လို့  ခံယူပြီး မဖြစ်စလောက် ထောက်ပံကြေးလေး နဲ့  ရောင်ရဲသူတွေလဲ ရှိသပေါ့။
တချိုကြတော့လဲ တကယ်ကို စိတ်ရောဂါ ဖြစ် သွားကြရှာတာပါ ....အထူးသဖြင်တော့ Culture Shock ရ
သွားတာပါ....။ မိမိ အသက်ရှင် ကြီးပြင်းခဲ့တဲ့ နေစဉ် နေထိုင်မှု့ ပုံစံ နဲ့  လက်ရှိနေထိုင်ရတဲ့ နိုင်ငံရဲ့  နေထိုင်
မှု့ ပုံစံ တွေပာာ ရုတ်ချည်း ပြောင်းလဲ သွားတဲ့ အခါ မှာ အဲဒီပြောင်းလဲ မှု့ ဒဏ်ကို မခံ နိုင်ပဲ စိတ်ဝေဒနာ
ရသွားခြင်းပါပဲ....။ မနက် လင်းလို့  အိပ်ယာ နိုးပြီ ဆိုတာနဲ့  ကိုယ်တာဝန် ကိုယ်ယူ ရပါတယ် ။ ကိုယ်သောက်မဲ့ ကော်ဖီတခွက်က စလို ကိုယ်ဖာသာ ကိုယ် စီမံ ရတာပါ....ပြီးတော့ တနေ့ တာ စားရေး
သောက်ရေး စီစဉ် အလုပ်သွား ...တနေ့ ကို (၈)နာရီ အနည်းဆုံး အလုပ်လုပ်ကြရပါတယ် ...။မိသားစု
ရှိတဲ့ အိမ်ထောင်တွေ မှာ ဆိုရင် အိမ်ထောင်ဦးစီး နဲ့  အိမ်ရှင်မ အချိန်ခွဲ ပြီး အလုပ်လုပ်ကြရတယ် ....။
သို့ ပေမဲ့ မိသားစု တာဝန် ကိုတော့ အိမ်ထောင်ဦးစီး အလုပ် အိမ်ရှင်မ အလုပ်ရယ် လို့ ခွဲခြားလို့  မရပါဘူး
တချို့ သော မိသားစု တွေမှာ ဆိုရင် ခင်ပွန်းဖြစ်သူက မနက် (Day Job ) လုပ်ရပြီး ဇနီးဖြစ်သူက
(Night Job) လုပ်ရပါတယ် ..။မနက် (၈)နာရီလောက် အလုပ်က ပြန်လာမဲ့ ဇနီး အတွက် မနက်စာ .....
ကျောင်းကိုသွား မဲ့ သားသမီး တွေ ရဲ့  ကျောင်း Lunch Box အတွက် စားစရာ တွေ ပြင်ဆင်ထား ...၊
ဇနီးရောက်လာတော့ ကိုယ်အတွက် ပြင်ထားတဲ့ Lunch Box (ထမင်းချိုင် )ဆွဲ အလုပ်ကို ပြေး........။
အလုပ်က ပြန်လာတဲ့ ဇနီး က ယောကျင်္ားပြင်ထားတာလေးစား ကလေးတွေ ကျောင်းပို့ ...ဈေးဝယ်
တရေးတမော အိပ် ...။နိုးတော့ ညစာ နဲ့  အိမ်သန့် ရှင်းရေးလုပ် လျှော်ဖွတ် ချက်ပြုတ်...ညနေစောင်းတော့ ကလေးတွေ ကျောင်းကြို...ပြီးတော့ အလုပ်ကို ပြေး.....။တခါတရံ နှစ်ယောက်စလုံး အချိန်ပို ဆင်းကြရတဲ့
အခါ ကလေးနှစ်ယောက်ကို အိမ်မှာ စိတ်မချစွာ ထားခဲ့ ရသေးရဲ့ .....။ ခင်ပွန်းဖြစ်သူ ပြန်လာချိန်...ဇနီးဖြစ်
သူ အလုပ်သွားချိန် အရမ်းကွာပာ နေရင် နီးစပ်ရာ မိတ်ဆွေ ကို ကလေးတွေ ခဏကြည့်ပေးဖို့  အကူ အညီ တောင်းရင်တောင်း မပာုတ်ရင် After School Care လို့ ခေါ်တဲ့ ကျောင်းချိန်ပြင်ပ မှာ ထိန်းပေးတဲ့ ကလေးထိန်းကျောင်းကို ပို့ ထားရပါတယ် ....။(ဒီနိုင်ငံမှာ အသက် ၁၄ နှစ်အောက် ခလေးငယ်ကို အိမ်မှာ ထားခဲ့လို့  မရပါဘူး...ဘေးလူ ကဖြစ်စေ အိမ်နီးနားချင်း ကဖြစ်စေ ရဲ ကိုဖုန်းဆက်ပြီးတိုင်ရင် အကြီးကြီး ပြသနာပါ)...။
ခင်ပွန်း
ဖြစ်သူက ကလေးတွေ ကို ညစာကြွေး စာသင်...သင်တန်းတွေ ဘာတွေရှိရင် လိုက်ပို့ .....။ အဲဒါတွေ က
နေတဓူဝ ကြုံတွေ ကြရတဲ့ ဖြစ်စဉ်တွေ ပါ...။စနေ တနင်္ဂနွေ အလုပ်အားရက်မှာတော့ သားသမီးတွေ နဲ့  မိသားစု အချိန်လေးပေါ့.....လင်နဲ့ မယား...သားနဲ့  အမိ မိသားစု လက်ဆုံ ထမင်းစား ကြရတဲ့ ရက်တွေ
ပါ...။ဒါတောင်မှ သားသမီးတွေ အတွက် သင်တန်းတွေ သားသမီးတွေ ကျောင်းက သူငယ်ချင်းတွေရဲ့ 
မွေးနေ့ ပါတီ တွေ ရှိရင် မဖြစ်မနေ ပို့ ကြ ကြိုကြ......။ဒီနေရာမှာ တယောက်ထဲ အလုပ်လုပ် လို့ မရဘူး
လား ဆိုတဲ့မေးခွန်း မေးစရာ ရှိလာပါတယ် ....ရပါတယ် ...၊သို့ သော် တယောက်ထဲ အလုပ်လုပ်လို့  ရတဲ့
ဝင်ငွေ နှစ်ယောက် လုပ်လို့ ရတဲ့ ၀င်ငွေ ကွာခြား သလို ဘယ်အိမ်ရှင်မ မဆို သားသမီး ကျောင်း ကို ပို့ လို့
ရတဲ့ အရွယ် ရောက်သွားပြီးဆိုရင် အစိုးရ ကိုယ်တိုင်က အလုပ် လုပ်ဖို့  ဖိအားပေးတော့တာပါပဲ....။
ပာန်ချက်ညီစွာ နဲ့ နေ့ တဓူဝ ရင်ဆိုင်ရသမျှာကို ကျော်ဖြတ်ကြရပါတယ် ....၊သူသာတယ် ကိုယ်နာတယ်
တွေးမိရင်ဖြစ်ဖြစ်...တခုခုကြောင့် ပာန်ချက်လွဲချော်သွားရင်ဖြစ်ဖြစ် မာန်မာန ပြိုင်ဆိုင်ကြပြီ ဆိုရင်ပဲဖြစ်ဖြစ်
.....၊အလိုလောဘ ကြီးလာရင် ဖြစ်ဖြစ် အဲဒီအိမ်ထောင်ပာာ ပြိုကွဲတော့တာပါပဲ....။သြစီနေတဲ့ ကာလမှာ အထူးတလည် တွေရတဲ့ အိမ်ထောင် ရေး ပြသနာ က မာန်မာန ပြိုင်ကြတာနဲ့  အလိုလောဘကြောင့်ဖြစ်တာ
များလှတာတွေရပါတယ် ....။
မာန်မာန ပြိုင်ကြတယ် ဆိုတဲ့နေရာမှာ ကာလ...ဒေသ...ပယောဂ ...ဆိုတဲ့ သုံးခုနဲ့ ပဲ သက်ဆိုင်တာပါပဲ....။ ကိုယ်ကိုတိုင် ရပ်တည်မှ ရတဲ့အခါ ...မြန်မာပြည်မှာ လို မပာုတ်ပဲ အရာရာ ကိုယ်အားကိုကိုးကြရတဲ့ အခါ
လူတယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ တက်လာတယ် ..၊ အဲဒီတက်လာတဲ့ ကိုယ်ရည်ကိုယ်သွေး ကို
မှန်ကန်တဲ့ နေရာမှာ အသုံးမချပဲ တလွဲဆံပင်ကောင်းကြပြီး "ငါလုပ်နိုင်တယ် ...ငါစွမ်းနိုင်တယ် "...ကနေ
"နင်မရှိရင်လဲ ဖြစ်တယ်....ရပ်တည်နိုင်တယ် " ကိုယ်ကား ကိုယ်မောင်း ကိုယ်ဝင်ငွေ ကိုယ်ရှာ ကိုယ်ခြေ
ထောက်ပေါ်ကိုယ် အမှီအခို ကင်းစွာ ရပ်တည်နိုင် ရာ ကနေ စပြီး မာနတွေပြိုင်ကြ ရာက စပြီးအိမ်ထောင်
ပြိုကွဲ ကြတော့တာပါပဲ...။ လူအခွင့်အရေး အပြည်အ၀ ရှိတဲ့ အခါမှာ (အထူးသဖြင့်) အမျိုးသမီး အခွင့်အရေး
ကတန်းတူ ထက်ကျော်လွန် တဲ့အခါ ပိုပြီးအခြေအနေတွေပာာ ပိုဆိုးကုန်တော့တယ်....။ မြန်မာပြည်မှာ
လို ကိုယ်ထိလက်ရောက် ရိုက်နှက်ဖို မဆိုထားနဲ လက်နဲ့ ရွယ်ရင်ပဲဖြစ်ဖြစ် နှုတ်နဲ့ အော်ပာစ် ဆဲဆိုရင်ပဲ
ဖြစ်ဖြစ် (၀၀၀)သုံည သုံးလုံးသာနှိပ်လိုက်" ရဲ"က(အခြားအရာတွေသာ အားမကိုးရရင်နေမယ် ...)လင်မယား
ရန်ဖြစ်တယ် ၊အိမ်တွင်းအကြမ်းဖက်မှု့  လုပ်တယ် ဆိုရင် မိနစ်ပိုင်း အတွင်း အရောက်လာတော့တာပါပဲ....။
ဂါတ်ရောက်...ရုံးရောက်...နောက်ဆုံး သားတကွဲ မယားတကွဲတွေ ဖြစ်ကြ တဲ့အခါ သြစီမှာမွေး သြစီမှာ ကြီး
ကြပြီး သြစီယဉ်ကျေးမှု့  ကို လက်ခံထားတဲ့ သားသမီးတွေ အတွက်တော့ အဖေ တခြား အမေတကွဲ နေကြ
တာ အထူးအဆန်း မဖြစ်ပေမဲ့ အသင့်အတင့် အရွယ်ရောက်မှ သြစီရောက်လာ မြန်မာ ယဉ်ကျေးမှု့ ဓလေ့
တွေ ကို အထိုက်အလျှောက် သိနားလည်ထားတဲ့ ကလေးတွေ အတွက်ကျတော့ မိသားစု ဘ၀ ပြိုကွဲခြင်း
(Broken Family) ဆိုတာ အင်မတန်မှ စိတ်ပိုင်းဆိုင်ရာ ကိုထိခိုက်စေတာ တွေရပါတယ် ။
ခင်တဲ့ မိသားစု တစု များမကြာခင် ကာလ ကပြိုကွဲ သွားကြတာလေးကို စကားစပ်လို့ ပြောချင်ပါသေးတယ်..။
ပိာုလွန်ခဲတဲ့ ငါးနှစ်ကျော် ကာလကတည်းက ခင်ခဲ့ကြတာမို့ အတွင်းသိအဆင်းသိ လို့ ပြောရင်ရတဲ့ မိသားစု
လေးပါ ...။ရောက်စမှာ သြစီရဲ့ ထုံးစံအတိုင်း ကျောင်းတက် (ဘာသာစကား အတွက်ပါ) နောက်တော့ ယော
င်္ကျား ဖြစ်သူကအလုပ်ထွက်လုပ် ...မိန်းမဖြစ်သူက အိမ်ထောင်တာဝန် နဲ့ သားသမီးတွေ တာဝန် ကိုထုံးစံ
အတိုင်း လုပ်ကြ နဲ့  သိပ်ချစ်ကြ ...အရမ်းကြည်နူးစရာ ကောင်းတဲ့ မိသားစု ဘ၀လေး တခုပါ...။ မိန်းမဖြစ်သူ
က အပြင်ထွက် အလုပ်မလုပ်ရပဲ အိမ်ထောင်တာဝန် သားသမီးတာဝန် ယူထားရပြီး(House Duty) ဖြစ်နေ
ပေမဲ့ သြစီအစိုးရ က အချိန်မှန် လစာပေးထားတာပါပဲ...။အလုပ်မလုပ်နိုင်သေးတဲ့ မိခင်တယောက် ကိုပေး
တဲ့ ၀င်ငွေ အတိုင်း ပေးထားတဲ့ အပြင် အိမ်လစာ(အပြည့်အ၀မပာုတ်ပေမဲ့ ကိုယ်ငှားနေတဲ့ အိမ်ငှားခရဲ့  ၃၀
ရာခိုင်နှုံးလောက်) ၊ နောက်ပြီးသားသမီးတွေ ပညာသင်စာရီတ် စတာတွေပာာ အိမ်ရှင်မရဲ့ ဝင်ငွေ တွေပါပဲ
။ အစိုးရနဲ့  အခွန်ထမ်းပြည်သူတွေ ပေးထားတဲ့ ငွေ ရယ် ၊ခင်ပွန်ဖြစ်သူ အလုပ်လုပ်လို့ ရတဲ့ငွေ ရယ်နဲ့  အတော်အသင့် ပြည့်စုံတဲ့ မိသားစု လို့ ပြောရင်ရပါတယ် ...။ ဇနီးဖြစ်သူ က မြန်မာပြည်က လာရောင်းတဲ့
ရတနာ ကုန်သည်ထံက ရွှေဆွဲကြိုးဆိုရင်လဲ ၀ယ်ပေးလိုက်တာပါပဲ နောက်ဆုံး စိန်လောကတ် (သြော်စီ
ဒေါ်လာ ၇၀၀၀ တန်)ဆိုရင်လဲ ၀ယ်ပေးတာပါပဲ...။ ဒေါ်လာ ၁၇၀၀ လောက်တန်တဲ့ ထမင်းစား
စာပွဲ ခုံက အစ အိမ်နဲ့ ကားနဲ့  နောက်ဆုံးပေါ် မိုဘိုင်းဖုန်း နဲ့  အစစ အရာရာ အဆင်ပြေကြပါတယ် ...။
နောက်ဆုံးပေါ် မိုဘိုင်းဖုန်းရယ် တလလုံး စိတ်ကြိုက်သုံးလို့ ရတဲ့ အင်တာနက် (လူမှူ ကွန်ယက်) ကနေ အစ
ပြုပြီး အိမ်ထောင်ရေးပြိုကွဲ ရတော့တာပါပဲ...။သြော်စီ....သြော်စီ ဆိုတော့ လာချင်သူတွေ နေထိုင်ခွင့် လိုချင်
သူတွေ ကလဲဝိုင်းဝိုင်းလည် တဲ့အခါ Facebookပေါ်ကနေ မိတ်ဆက်ကြ ခင်ကြ နောက်တော့ မဖြစ်သင့်တာ
တွေ ဖြစ်ကြ ....အဲဒီက စတဲ့ အက်ကြောင်းပာာ နောက်ဆုံး ဘယ်လိုမှ ဆွဲစိလို့  မရအောင် ကွဲကြပြဲကြလေ
ရော...။ထားတော့ ဒါက သူတပါးအိမ်ထောင်ရေးအကြောင်း ...၊အဲသည်မှာ ဖြစ်လာတာက သားနှစ်ယောက်
သမီးနှစ်ယောက် ကို ဝေပုံကျခွဲဝေယူပြီး လူမှန်းသိတတ်နေပြီဖြစ်တဲ့ သားက အရင်လိုမပာုတ်တော့ပဲ စိတ်ကြမ်းလူကြမ်း ဖြစ်လာတော့တယ် ။ သူအမေအကြောင်း ပြောရင် ဒေါသနဲ့ တုန်ပြန်တာတွေ မိခင်အပေါ်
ကြမ်းတမ်းစွာ ပြောဆိုလာတာတွေ ဖြစ်လာပါတော့တယ် ...။ မိဘကြောင့် သားသမီး ငရဲ ရတယ်လိုပဲပြောရ
တော့မှာပါပဲ....။
ပိာုလွန်ခဲ့တဲ့ (၇)နှစ်လောက်က ကြုံတွေ ကြားခဲ့ ဖူးတာလေးတခုက မိခင်ရင်း က ပထွေး နဲ့ ပေါင်းပြီး သမီး
ငယ် ကိုသတ်လိုက်တာပါ....။ကလေးမလေးက (လွန်ရောရှိမှ ) ၇နှစ် သမီးလေးပါ....။အကြောင်းရင်း မသိပေမဲ့ နောက်ဆုံး လက်သည်တရာခံ ပာာ မိခင်နဲ့  ပထွေးပါတဲ့ ....။ သူတိုကိုယ်တိုင် သတ်ပြီး လူသူဝေး
တဲ့နေရာမှာ သွားမြှုတ်ထားလိုက်ပါသတဲ့....။ကိုယ်မြန်မာ လူမျိုးတော့ မပာုတ်ပါဘူး..။
ကိုယ်မြန်မာလူမျိုးတွေ က အဲဒီလောက် အကြင်နာတရား မခေါင်းပါးကြပေမဲ့ . မာနတွေ ပြိုင်လာကြတဲ့ အခါ
ကြည်နူးစရာ မြင်ကွင်း ကနေ အရုပ်ဆိုးအကျဉ်းတန်ကုန်ပါတော့တယ် ....။
နောက်တမျိုးကြပြန်တော့ ကျနော်တို့ မြန်မာ စကားမှာ ရှိတဲ့ "ရလေ...လိုလေ.."ဆိုတဲ့ အလိုလောဘ ပါပဲ....
သားသမီးတွေ က အရွယ်ရောက် လို့ ကျောင်းပို့ ...အစိုးရ က မဖြစ်မနေ အလုပ်လုပ်ရမယ်ဆိုပြီးတွန်းလို့ 
အလုပ်ခွင်ထဲ ရောက် ....။အလုပ်လုပ်တဲ့ အခါကျပြန်တော့ အရင် ယောကျာင်္းတယောက်ထဲ လုပ်တဲ့ ၀င်ငွေ
ထက် ၀င်ငွေ ပိုတိုးလာ...အဲဒီအခါ ကားကောင်းကောင်း စီးနိုင်ရေး...တန်ဖိုးကြီး ၀တ်ကောင်းစားလှတွေ ၀တ်
နိုင်ရေး ...နောက်တော့ ကိုယ်ပိုင်အိမ် ၀ယ်နိုင်ရေး ....စတဲ့လောဘ တွေကနေ အိမ်ထောင်ရေးပြိုကွဲ စရာ ဖြစ်
လာပါတော့တယ် ...။ အထူးသဖြင့် အိမ်ထောင်ဦးစီးယောကျာင်္း တွေက အိမ်ပိုင်ဝယ်ဖို့ သိပ်ပြီးစိတ်အားထက်
သန်တာ မတွေ့ ရပါဘူး...၊သူတို့ အတွေးပာာ ကောင်းကောင်းနေ ကောင်းကောင်းစား ပြီး သားသမီးတွေ ရှေ
ရေးတွေးလို့  ပညာတတ်ကြီးတွေ ဖြစ်အောင် ပြုစုပျိုးထောင်ပေးမယ် ၊ပညာရေးအတွက် ငွေကုန်ခံ မယ် ဆိုတဲ့
အတွေးတွေ ရှိကြပြီး (၂၅)နှစ် ကြာအောင် ပေးဆပ်ရမဲ့ အိမ်အကြွေး ကို ထမ်းမထားချင်ကြပါဘူး...။ အိမ်ထောင်ရှင်မ တွေ ကျတော့ ကိုယ်က အိမ်ဝယ်ထား အိမ်ကြွေးဆပ် ...ကိုယ်မရှိတော့ရင် သားသမီးတွေ
မိဘ အမွေဆိုပြီးခွဲဝေယူ စေချင်တာပါ ...။မိဘနှစ်ယောက်စလုံး ....ဇနီးမောင်နှံ နှစ်ဦးစလုံး ရဲ့  ရည်ရွယ်ချက်
တွေ ပာာ ကောင်းပေမဲ့ အကျိုးသင့် အကြောင်းသင့် မဆွေးနွေး ကြပဲ မာန ကို အခြေခံတဲ့အခါမှာ မဖြစ်သင့်
ပါပဲ ဖြစ်ကုန်ကြတာတွေလဲတွေ ရပါသေးတယ် ...။ နှစ်ဦး နှစ်ယောက် စလုံးက သဘောတူပြီး အိမ်ဝယ်ကြ
ပြီးတဲ့ နောက် ၀င်ငွေကို အိမ်ကြွေးဆပ်ဖို့ ရာ နှစ်ဆ တိုး ရှာ ကြတဲ့ အခါမယ် သားသမီးတွေ ကို လုပ်ပေးရမဲ့
အရာတွေ (မကောင်းမြစ်တာ...ကောင်းရညွှန်လတ် ဆိုတာတွေ) မှာ လစ်ပာင်းကုန်ကြပြန်ပါလေရော.....။
မိဘများ က ကိုယ်သားသမီးတွေ ကျောင်းကောင်းထားနိုင်ရေး ပညာတတ်ဖြစ်ရေး...တန်တူးဝတ်နိုင်စားနိုင်
ရေး အနာဂါတ်အတွက်တွေးလို့  ပင်ပန်းခံ ရုန်ကန်နေကြချိန်မှာ သားသမီးတွေ က ကျောင်းမှာ အရပ်ထဲမှာ
က လူမျိုးစုံ နဲ့ ။သြစီပာာ ယဉ်ကျေးမှု့ ပေါင်းစုံနဲ့  တခုထဲသော လူမှု့ အဖွဲ့ အစည်း ( Many Culture One Community)ဆိုတဲ့ အတိုင်း အပေါင်းအသင်းကောင်းတွေ ရှိသလို ဆိုးသွမ်းသူတွေ လဲ ရှိနေတာပါပဲ....။ သူတော်ကောင်းနဲ့ ပေါင်းဖက်ချင်းပာာ မင်္ဂလာ ဖြစ်ပေမဲ့ သူယုတ်မာနဲ့ ပေါင်းဖက်မိရင်တော့ မိဘတွေ အ
တွက် စိတ်ဆင်းရဲ စရာတွေ ဖြစ်လာတော့တာပါ....။ ဆိုးကြတယ် ဆိုတဲ့ နေရာမှာ မြန်မာပြည်နဲ့ သြစီ
ဘာကွာသလဲ ဆိုရင်တော့ အတူတူပဲ လို့ ပြောရမှာပါ....။သူနည်းသူပာန် နဲ့ ဆိုးကြတယ် ...၊ဒုစရိုက် လုပ်
ကြသူတွေ ပာာ ကြီးကြီးငယ်ငယ် သူအကျိုးစီးပွားနဲ့ ယှဉ်လာရင် ဘယ်သူကိုမှ ချမ်းသာ မပေး ပါဘူး...။
ဒုစရိုက်နဲ့ ချမ်းသာ နေသူတွေ ပာာ သူတို့ သားသမီးတွေကို အသုံးအဆောင်ငွေကြေး ဖောဖောသီသီ သုံး
ဆွဲစေတဲ့ အခါ အဲဒီကလေးတွေ ရဲ့ ဝန်းကျင်က သူငယ်ချင်းအပေါင်းက အားကျနှစ်သက် လာကြပြီး အခြွေ
အရံ တွေ ဖြစ်မှန်မသိဖြစ်လာကြတော့တယ် ။ အဲဒီနောက် သူတိုတွေ လုပ်တဲ့ ဧည်ခံပွဲတွေ မွေးနေပွဲတွေ
တက်ရင်း ဒုစရိုက် လုပ်ငန်းလုပ်နေတဲ့ မိဘတွေနဲ့ ရင်းနှီးလာ...နောက်ပိုင်း သူတို့ သား(သမီး) ရဲ့ သူငယ်
ချင်းတွေ ပာာ တဖြေးဖြေး နဲ့ သူတို့ လုပ်ငန်းမှာ အသုံးချခံ (အလုပ်သမား)ဖြစ်လာအောင်သိမ်းသွင်းစည်းရုံး
ကာ အလုပ်တွေလုပ်ခိုင်းပါတော့တယ် ....။ တကြိမ်တခါက ကျနော် ကြားဖူးလိုက်ပါတယ် ... ဘယ်သူ
ဘယ်ဝါ ....ဘယ်သူ သားသမီးဆိုတာတော့ မသိတာ အမှန်ပါ...။ကျနော်ပြောခဲ့သလို ပါပဲ ဒုစရိုက် အဖွဲ
တခုရဲ့  အဖွဲ့ ဝင်ဖြစ်မှန်းမသိ ဖြစ်သွားခဲ့ပြီး ...သူတို့ ခိုင်းတာ ကိုမလုပ်တဲ့ အခါ သူတယောက်တင်မက သူ့ 
မိသားစုရဲ့ အသက်အိုးအိမ်ကိုပါ ခြိမ်းခြောက်လာတဲ့ အခါ အဲဒီကလေး ပာာ သူကိုသူ သတ်သေ သွားပါ
သတဲ့.....။ သြစီ ဆိုတဲ့ နိုင်ငံမှာ တရားဥပဒေ စိုးမိုးတယ် လို့  ဘယ်လိုပင် ဆိုဆို အလောင်းတောင် ပြန်မရ
ပဲပျောက်ပျောက် သွားတာလဲ မကြာခဏ ဆိုသလို သတင်းတွေမှာ တွေ့ နေရပါတယ် .....။အဲဒီနေရာမှာ
အလျှင်းသင့် လို့ ပြောပါဦးမယ် ....။လွန်ခဲ့ တဲ့ လေးငါးနှစ်လောက် က သြစီ တီဗွီ ချန်နယ် တခုမှလွှင့်သွား
တဲ့ ဖြစ်ရပ်မှန် ဒုစရိုက်ဂိုဏ်း တခုရဲ့ ဇာတ်လမ်းပါ....။မှတ်မှတ်ရရ တခုထဲသော စွဲနေတဲ့ အခန်း တခု က
လူသတ်ပြတာပါ....။သြစီမှာ လူသတ်တယ် ဆိုတာ သူတိုလို လူတွေ အတွက် ထမင်းစားရေသောက်ပါ
ပဲ....။အဲဒီ ဒုစရိုက်ဂိုဏ်း ၀င်လူကြီးတွေ ပာာ ရှေမှာ တရားဝင်လုပ်ငန်းတွေ ရှိနေကြတာကြောင့် အဲဒီလုပ်
ငန်းတွေ ထဲက ကန်ထရိုက် တိုက်ဆောက်တဲ့ လုပ်ငန်းခွင်ထဲ သတ်မဲ့သူကို ခေါ်သွားတယ် ပြီးတော့
အောက်ခံ ဖောင်ဒေရှင်းလုပ်တဲ့ နေရာ မှာ ကန်ချပြီး အပေါ်ကနေ အရှင်လတ်လတ်ကြီးကို ကွန်ကရစ်
ဖျော်ရည်တွေ လောင်းချ ပြစ်လိုက်တာပါပဲ......။ကဲ ....ဘယ်လိုရှာမလဲ ....ဘယ်လို အမှု့ လုပ်မလဲ......။
သေဆုံးသူရဲ့ မိသားစု ကရဲစခန်းမှာ လူပျောက်တိုင်....နှစ်တွေကြာတော့ မေ့သွားကြသလို ဆယ်နှစ်
ဆယ်ငါးနှစ်နေမှ အမှု့ ဖော်ထုတ်နိုင်တာတွေလဲ သတင်းထဲ မကြာခဏ ဆိုသလို တွေရပါတယ် .....။
ဒီတော့ အပေါင်းအသင်း ဆိုတာ အရေးကြီးတဲ့နေရာမှာ ရှိနေပြန်ရော။......
အစကိုပြန်ကောက်ရရင် ...နေနေ့  ည..ည မိဘတွေ က သားသမီးတွေ နောင်ရေးရှေရေးအတွက် ကုန်းရုန်
ရှာ ကိုယ်သားသမီး ပေါင်းသင်နေတာတွေ က လူကောင်းလား လူဆိုးလားမသိ....။သားသမီးတွေ နဲ့ လက်
ပွန်းတတီး မရှိတဲ့အပြင် သားသမီးတွေ လိုအပ်ချက်မှန်သမျှ ဖြည့်စည်းပေးနေရုံနဲ့ တင် တာဝန်ကျေ ပြီလို့ 
မှတ်ယူထားပြီး ကြမ်းကျွံလို့ နှုတ်မရတော့မှ ရင်ကွဲပက်လက်ဖြစ်ကြရရှာ ပြန်ပါတယ် ....။ အဲဒီအပြင် သား
သမီးတွေရဲ့ ရုပ်ပိုင်းစိတ်ပိုင်း အပြောင်းအလဲတွေ ကို မအားလပ်တာကြောင့်(လောဘဇောကြောင့်) သတိမပြု
မိပဲ အရွယ်မတိုင်ခင် ဘွိုင်းဖရန်တွေ ...ဂဲလ်ဖရန်တွေ ရသွားတာလဲ ရှိတာပါပဲ....။သြစီ ရဲ့ ပညာရေးမှာ ကာမ
(Sex) အတွက် သင်ခန်းစာ တွေပေးတာရှိပါတယ် ...ဆောင်ရန်ရှောင်ရန်တွေပေါ့....။ပညာ ဆိုတာ ကောင်း
တဲ့ နေရာမှာ အသုံးချဖို့ ဆိုပေမဲ့...(ကျနော်လဲ ငယ်ရာက ကြီးလာတာပါပဲ) လက်တည့် စမ်းချင်တာ သဘာဝ
မပာုတ်လား....။သြစီ ယဉ်ကျေးမှု့ အရ ဘာမှမပာုတ်တဲ့ အရာပေမဲ့ မြန်မာ ယဉ်ကျေးမှု့ နဲ့ ကျပြန်တော့ မသင့်
လျှော်ပြန်ဘူး....လေ...။ အထက်တန်းကျောင်းသားပဲ ရှိသေးတယ် ဘွိုင်းဖရန်နဲ့  ...ဂဲလ်ဖရန်နဲ့ ...ဆိုကာ ပြစ်
တင်စကားဆိုကြတာလဲ ရှိပါတယ် ...။ မိဘ ဆိုတာကလဲ ကိုယ်သားသမီး ကို ချီးမွှမ်းစကား ဆိုသံပဲ ကြားချင်
ကြတာပါ....။ ကဲ့ရဲ့ စကားသံ ကြားရတဲ့ အချိန်မှာ အချိန်က နောက်ကျသွားပါပြီ....။ သြစီ မှာနေတဲ့  မြန်မာ
တိုင်းဖြစ်နေကြတာတော့ မပာုတ်ပေမဲ့ သတိပြုစရာတွေ မပာုတ်ပါလား....။ မိဘတွေပာာ မအားလပ်တာ
ကြောင့်ကိုယ်ယဉ်ကျေးမှု့ .... ကိုယ်ဘာသာ ....ကိုယ်ဓလေ့ ...ကိုရှင်းပြ...ပြောပြ...သွန်သင်ပြဖို့  အားနည်း
သွားတာတွေ ကြောင့် ...အမှားတွေ နဲ့ ကြုံပြီးကာမှ ဘယ်သို့ ဘယ်အကြောင်းတွေ...ကိုယ်သားသမီးအပေါ်
ဘယ်လောက်ချစ် ကြောင်း ပြောတဲ့ အခါမှာ အချိန်နှောင်းသွားပြီအမေ...(Too Late Mum .....)လို့ ပြန်ပြောခံ
ရတာလဲ ရှိခဲ့ဖူးသလို ...ဘာသာတရားမှာ ဘုန်းတော်ကြီးတွေ နဲ့ ပြောဆိုဆက်ဆံတဲ့ နေရာမှာ ဘုန်းဘုန်း
READY လုပ်ထားနော် ...ကျနော် PICK UP လာလုပ်မယ် လို့  သုံးနှုံးပြောဆိုတာလဲ ဘုန်းဘုန်းတပါး ပြန်
ပြောဖူးလို့ ကြားခဲ့ဖူးပါတယ်.....။
ဘယ်နေရာ ဘယ်ဒေသာမှာ မဆို ပြီးပြည့်စုံတယ် ဆိုတာတော့ မရှိသလိုပါပဲ....။လောကမှာ ဖြစ်ချင်တာ ရယ်
ဖြစ်နေတာရယ်ပာာလဲ တထပ်တည်းမကျ နိုင်ပါဘူး .....
သို့ သော် .......
ဖြစ်သင့်တာ ဖြစ်ဖို့ အတွက်တော့ ကြိုးစားအားထုတ်ရမှာ က ကျနော်တို့ တာဝန်ပါပဲ.......။
သြစီပာာ နတ်ဘုံ...နန်းတော့ မပာုတ်ဘူး ဆိုပေမဲ့ ....သြစီမှာ ရှိတဲ့မြန်မာ လူမှု့ အသိုင်းအ၀န်းကို နတ်ဘုံ
နတ်နန်းဖြစ်အောင် ကြိုးစားအားထုတ်နေကြသူတွေလဲ များစွာ ရှိပါတယ် .......။
မည်သိုပင် ဆိုစေကာမူပေါ့ဗျာ .....
ကျနော်သည်လဲ သားနှစ်ယောက်သမီးနှစ်ယောက် မွေးထားတဲ့ ဖခင် တယောက်ဖြစ်တာကြောင့် နတ်ဘုံ
နတ်နန်း မပာုတ်တဲ့ သြစီမှာ ကိုယ့်မိသားစုလေး ကိုတော့ နတ်ဘုံနတ်နန်းဖြစ်အောင် အတော်ကို ကြိုးစား
အားထုတ်ရပေဦးမယ် လို့ တွေးရင်း သက်ပြင်းမောကြီး တချက် မှုတ်ထုတ်လိုက်မိပါတော့တယ်............။
သြစီမှာပဲနေနေ....မြန်မာပြည်မှာပဲ နေနေ...ကိုယ်မိသားစု ...ကိုယ်အသိုင်းအ၀န်းကို နတ်ဘုံ နတ်နန်း
ဖြစ်အောင် ကြိုးစား အားထုတ်နိုင်ကြသူများဖြစ်ကြပါစေ.....
ခိုင်ကိုဦး(ဆစ်ဒနီ)
၂ . ၇ . ၂၀၁၆..ည ၉း ၀၄

Subscribe to:
Posts (Atom)