သြစီပာာ နတ်ဘုံ နတ်နန်း တော့ မပာုတ်...(၃)
မှန်ပါတယ် ...
သြစီပာာ နတ်ဘုံနတ်နန်းတော့ မပာုတ်ဘူး ဆိုပေမဲ့ လူဘုံ လူ့ လောက မှာ နေဖို့ ရာ အကောင်းဆုံး နေရာ
တွေထဲမှာ ဒုတိယ နေရာ ဖြစ်ပါတယ်တဲ့.....။ဒါလည်း မှန်တာပါပဲ ....။အလုပ် မလုပ်နိုင်တဲ့သူ...အရွယ်မ
ရောက်သေးသူ ..အရွယ်လွန်နေသူ...တွေ အတွက် စောင့်ရှောက်မှု့ တွေ အပြည့်အ၀ ရှိပါတယ် ။
" အို "တာ မပာုတ်တဲ့ နာ...ကျိုး...ကန်းတွေ အတွက် အသက်ရှင်နေမှု့ မှာ သုံးနိုင်အောင် ငွေကြေး...ဆေးဝါး
နေစရာ ထောက်ပံပေးထားသလို ...လူအိုရုံတွေ များစွာမှာလဲ " အို "လို့ မစွမ်းနိုင်တော့တဲ့ သူတွေ အတွက်
နေစရာ...ပြုစုမဲ့သူ...ဆေးကုမဲသူ ...စတာတွေ ဖန်တီးပေးထားပါတယ်..။ နုပျို မစွမ်း တဲ့ ကလေးငယ်တွေ
အတွက် မွေးကင်းစ ကစပြီး မူလတန်းကျောင်းမရောက်ခင်အထိ ကလေးထိန်းကျောင်းတွေ ရပ်ကွက် တခုမှာ
အနည်းဆုံး (၃)ခု(၄)ခုတော့ ရှိပါတယ် ။
ဒီလိုပါပဲ အလုပ်လုပ်တဲ့ သူတွေ အတွက် အလုပ်က ခက်ခဲသည်ဖြစ်စေ ၊လွယ်ကူသည်ဖြစ်စေ ၊ပုံမှန် ၀င်ငွေ
က ရှိနေတာပါ..။ အဲဒီဝင်ငွေ နဲ့  ညီမျှရုံသာမက လုပ်နိုင်ရင်လုပ်နိုင်သလို ပိုလျှံ တဲ့ လုပ်အားခ လဲရှိပါတယ်..။
ထိုနည်းအတူ ထွက်ငွေ မှာ လဲသူအတိုင်းအတာ နဲ့ သူ မျှတနေတာပါပဲ...။
နေစာရိတ် ဈေးကြီးတယ် ဆိုပေမဲ့ သူနေရာ နဲသူ ဈေးချိုတဲ့ နေရာတွေ ရှိသလို အစိုးရ ကချပေးတဲ့ တန်ဖိုး
နည်းအိမ်ယာ ကိုလျှောက်ထားပြီး နေထိုင်ခွင့်လဲ ရကြပါတယ် ...။
စားစရိတ်မှာ ကိုယ်အားကိုယ်ကိုးပြီး ချက်ပြုတ်စား ရင် သက်သာပေမဲ့ စားသောက်ဆိုင်တွေမှာ ၀ယ်စား
ရင်တော့ သက်သာ လှတယ် မပာုတ်ပါဘူး ...။ကြက် တကောင် ကို ဈေးအကြီးဆုံးမှ (၈)ဒေါ်လာလောက်
သာ ပေးရပေမဲ့ အပေါဆုံး ကြက်ကင်ဆိုင်မှာ ကင်ပြီးသား ကြက်တကောင် ၀ယ်ရင်တော့ (၁၃)ဒေါ်လာ
လောက် ပေးရပါတယ် ...။နောက် မိသားစု တစု (ဥပမာ) ကျနော်အိမ်မှာ (လူကြီးနှစ်ယောက် ကလေးလေး ယောက်ရှိတဲ့ ကျနော်မိသားစုမှာ)ဆန်တအိပ် ကို (၅၀)ဒေါ်လာနဲ့ ပေးဝယ်ရင် နှစ်လ လောက်
တော့ အသာလေး စားရပါတယ် ....။ ဈေးတွေ ဆိုင်ခန်းတွေ ပာာ ရပ်ကွက်တိုင်းမှာ လိုလို ရှိပေမဲ့ တချို့ နေရာ
တွေ မှာ အိမ်နဲ့  အလှမ်းဝေးတာတွေ....အထူးသဖြင့် လမ်းလျှောက်ရင် နာရီဝက်သာသာ ရှိတာမို့  ဈေးဝယ်
ထွက်ရင် အိမ်က လိုအပ်ချက်တွေ (စားစရာသောက်စရာ)ကို ကြိုတင်ဝယ်ယူဖြည့်တင်းကြရတာပါပဲ......။
အစိုးရ ကပေးထားတဲ့ ထောက်ပံ့ကြေးငွေ နဲ့ ရပ်တည်နေရတဲ့ ကျနော် အတွက် အရမ်းကြီးပိုလျှံတာ မပာုတ်
တာတောင် အရမ်းကြီးဆင်ရဲတယ် လိုလဲပြော လို့ မရပါဘူး...။သို့ သော် သြစီမှာ လူတန်းစေ့ နေနိုင်....စား
နိုင်...၀တ်နိုင်...သုံးနိုင်...ပါတယ် ၊မဖြုန်း နိုင်တာကလွဲလို့ ပေါ့...။ ကလေးတွေ ကျောင်းအတွက် လိုအပ်တဲ့
မုန့် ပဲသွားရည်စာ ၊ရေခဲချောင်း ၊ရေခဲမုန့် ၊အအေး၊ကော်ဖီ ၊လဖက်ရည် ကအစ အမြဲတမ်းရှိအောင် ထားတယ် ၊ အဲဒါတွေပာာ အိမ်တိုင်းလို ရှိနေတတ်တဲ့ အရာ ပါ...။ နေစရာအိမ်ရှိတယ် ...၊စားစရာ အစားအသောက် ရှိ
တယ် ၊ သွားဖို့ လာဖို့  ကိုယ်ပိုင် ကားရှိတယ် ၊ ကားဆိုတဲ့နေရာမှာ တန်ဖိုးကြီး တန်ဖိုးနည်း ကားမှန်သမျှ
လမ်းပေါ်မောင်းလို့ ရတာတွေ ပါပဲ...၊မောင်းလို့ မရတဲ့ ဂျုံးဂျုံးကျ ကားဆိုတာ မတွေ့ ဖူးပါဘူး..။လက်ရှိ ကျနော်
နေတဲ့ အိမ်မှာ အိမ်ရှင် က အိမ်နောက်ဖက်မှာ နောက်တအိမ်ဆောက်ပြီးနေတာပါ ..။မိသားစု (၄)ယောက်
သာရှိပေမဲ့ ကား က (၆)စီးတောင် ပိုင်ဆိုင်ပါတယ် ...။ တယောက်တစီး နဲ့ မနက်လင်းရင် အလုပ်သွားကြပြီး
မိသားစုလိုက် သွားရတဲ့ အနေအထားအချိန်မှာ တကယ် အကောင်းစားကား ကြီး ကိုသုံးလို့ ပေါ့....။
ဆက်သွယ်ရေး အတွက်ဆိုရင်လဲ အိမ်ဖုန်း ၊အင်တာနက် တလလုံး စိတ်ကြိုက်သုံး (နိုင်ငံတကာ ကနိုင်ငံ ၁၀
နိုင်ကို ပါ အခမဲ့ ခေါ်နိုင်သလို) ကာမှ (၇၀ / ၈၀ /၉၀ ဒေါ်လာ)ရယ် ....။မိုဘိုင်းဖုန်းလဲ အတူတူပါပဲ....။
အဲဒီလောက်ထိအောင် (ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် )ပြည့်စုံတဲ့ နတ်ဘုံ နတ်နန်းလို နိုင်ငံ ကြီးမှာ
အသက်ရှင် နေထိုင်ကြပေမဲ့ အ၀ီစိ အောက်ကို ရောက်နေတဲ့ စိတ်ဓါတ် ပိုင်ရှင်တွေ လဲ ရှိနေတာကို အံသြ
စွာ ကြုံတွေဖူးပါတယ် ...။
ပြည်စုံကုံလုံတဲ့ နိုင်ငံကြီးတနိုင်ငံမှာ မတောင်းတ မကြောင်းကျ ပဲနေနိုင်ထိုင်နိုင် ကြပေမဲ့ ၀စီကံ နဲ့  ငရဲ ယူကြ
သူများလို့ ပြောရင်မှားနိုင်မယ် မထင်ပါဘူး..။သြစီနေခဲ့တဲ့ (၁၀)နှစ်ကျော် ကာလမှာ လူမျိုးစုံ ...ဘာသာမျိုးစုံ က
ကိုယ်နိုင်ငံသားတွေ ကို နိုင်ငံချစ်စိတ်အမျိုးချစ်စိတ် နဲ့ ပေါင်းသင်းဆက်ဆံခဲ့ဖူးပြီးပါပြီ ....။ကလေးငယ် မရှိတဲ့
မိသားစုတွေကလေးငယ်ရှိတဲ့ မိသားစုတွေကိုယ်ထက်ချမ်းသာသူတွေ ၊ကိုယ်လောက်မဆင်းရဲသူတွေ ပေါင်း
စုံပါပဲ....။အကြောင်းကြောင်းတွေကြောင့် အိမ်အလည်အပါတ်ရောက်တဲ့ အခါ ရောက် ....မွေးနေ့ ပွဲ ...ဧည်ခံ
ပွဲ အတွက် သွားလို့ သွား...၊အိမ်က ကလေးငယ်တွေ နဲ့  သက်တူရွယ်တူတွေ ရှိလို့ ကျောင်းပိတ်ရက် မှာ ကလေးတွေ ဆုံကြရအောင် မိသားစု ပျော်ပွဲစား ထွက်တဲ့ အခါ ထွက်ကြတယ်ပေါ့....။ အဲဒီလို ပေါင်းသင်း
ဆက်ဆံကြတဲ့ အခါမှာ ကူလူးလာတဲ့ယဉ်ကျေးမှု့ အရ (Bring Your Plate ဆိုတဲ့ အတိုင်း ) ကိုယ်အစားအစာ ကိုယ်(တတ်နိုင်သလောက်)ယူသွားကြတယ် အိမ်ရှင် ကလည်းအိမ်ရှင် တာဝန်ကျေပြွန်စွာ နဲ့ ရှိတာတွေထုတ်ကြွေး ....ဧည်သည် ယူလာတာလဲ ၀ိုင်းဖွဲစား.... ကလေးတွေ က လဲ ကစား လို့ ....။
သူသာတယ် ...ကိုယ်နာတယ် ဆိုတာ မရှိကြပါဘူး....။ ဧည်သည်တွေပြန်သွားတဲ့အခါ မှာလဲ စားကြွင်းစား
ကျန်တွေ ရှင်းလင်းသိမ်းစည်း ဆေးကြော...ကြရပါသေးတယ် ...ကလေးငယ်တွေ ပါလာလို့ ကလေးတွေ ဖွ
သွားခဲ့တာတွေလဲရှင်းလင်းရတာ အလုပ်တခုပါပဲ...သို့ ပေမဲ့ အဲဒီလို လုပ်ရလို့  ....အဲဒီလို ဧည်သည်လာလို့ 
မနှစ်သက်တဲ့ အိမ်...မကြိုဆို ဧည်မခံတဲ့ အိမ်ဆိုတာ လုံးဝ(လုံးဝ)မတွေ့ ဖူးပါဘူး....။သူတပါးနိုင်ငံ သူတပါး
နယ်မြေမှာ ကိုယ်လူမျိုး ကိုယ်နိုင်ငံသား...ဆိုတာ လက်တဆုပ်စာ သာသာရယ်မပာုတ်လား.....။ကျနော် နေ
ထိုင်ရာ ဆစ်ဒနီမြို့ ရဲ့ ရပ်ကွက်တခုဖြစ်တဲ့ Blacktown ရပ်ကွက်က သူငယ်ချင်းမိသားစု နှစ်စု ဆိုရင် သူတို့ 
အိမ်အလည်သွားတိုင်း လူကြီးတွေ အပေါ်မှာ ဧည်ဝတ်ကျေ ပြွန်ရုံမက ကလေးတွေ အတွက် ဆိုရင်လည်း
အိမ်မှာ(သူတို့ လဲ ကလေးငယ်တွေ ရှိတာကြောင့်)၀ယ်ထားတဲ့ ၂၀ လီတာဝင်ပလပ်စတစ် ဗုံးထဲထည့်ထား
တဲ့မုန်မှန့် သမျှ စားချင်တာကို စားချင်သလောက် ယူစား ဆိုပြီးချကြွေးတတ်လို့  တားယူရတဲ့ အထိပါပဲ...။
ကျနော် တို့ လင်မယားက တားတယ် ဆိုတာကလည်း သူတို့ လဲ ကိုယ်တွေလို အစိုးရထောက်ပံ့ကြေးနဲ့ နေ
ရသူဖြစ်တာကတကြောင်း ကလေးငယ်တွေ အလွန်အကြွံ မစားစေလိုတာက တကြောင်းကြောင့်ပါ......။
ဒီနိုင်ငံမှာ တချို့ ကလေးတွေ က မြေပဲ နဲ့  လုပ်တဲ့ မုန်တွေ မတည်သလို အချိုဓါတ်လွန်ကဲတဲ့ အစားအစာ
တွေ များတာကြောင့် မဖြစ်သင့်တာ မဖြစ်ရလေအောင် တားတဲ သဘောပါပဲ.....။
အဲဒီလို ရှိတဲ့ အရပ်ဒေသမှာ ကိုယ်အိမ်လာတဲ့ ဧည်သည် နောက်တခါ ၀င်ထွက်သွားလာ ကူးလူးဆက်ဆံ
ဖို့ ခက်သွားစေတဲ့ အကြောင်းနှစ်ခု ...အဖြစ်နှစ်ခု ကို ပြောပြပါဦးမယ် .....။ ကိုယ်ကိုတိုင် ကြုံတွေ့ ခံစားရတာ
မပာုတ်ပေမဲ့ ကြုံတွေလာသူတွေ ရဲ့  ပြောပြချက်တွေ ပါပဲ...။ ပထမ တခုက လိမော်သီး တလုံး အတွက်ပါ.....
အကြိမ်ပေါင်းများစွာဝင်ထွက်သွားလာ ပေါင်းသင်းနေထိုင်ခဲပြီး မိသားစုဝင် တပိုင်းဖြစ်နေတဲ့ သူငယ်ချင်းမိတ်
ဆွေတွေ ပါပဲ...
တနေ့  အကြောင်းတိုက်ဆိုင်စွာ အရင်ကလို ပဲဝင်ထွက်သွားလာ စားသောက်..နေရာ ကနေ အကြောင်းတခု
ပေါ်လာလို့  ပါလာတဲ့ ကလေးတွေကို အဲဒီအိမ်မှာ ထားခဲ့ ပြီးအမေလုပ်သူက အပြင်ထွက်သွားတယ် .....
သွားလည်တဲ့ အိမ်က အိမ်ရှေ့ ရော နောက်ဖေး ကပါ ၀င်လို့ ထွက်လို့ လွယ်တဲ့ အိမ်ဖြစ်တာကြောင့် အပြင်
ထွက်ပြီးပြန်လာတဲ့ အမေ ဖြစ်သူအိမ်ပေါ်ပြန်တက်လာချိန်မှာ မသိလိုက်ပဲ လိမ်မော်သီးတောင်းစားတဲ့
ကလေးကို (အတည်ပြောသလား စနောက်ပြီးပြော တာလားဆိုတာတော့ ကာယကံရှင်သာ သိပါလိမ်မယ်)
" နင့်အိမ်မှာ ဒီလို တခုပြီးတခု တောင်းစားရင် ရလို့ လား.... " ဆိုတဲ့ စကားကို အမေဖြစ်သူပာာ နားနဲ့ ဆတ်
ဆတ်ကြားလိုက်ရပါသတဲ့...။ ဒါပေမဲ့ အဲဒီအမျိုးသမီးပာာ ပညာရှိအမျက် အပြင်မထွက် ဆိုသလို စိုသော
လက်မခြောက်စေချင်တဲ့ သဘောကြောင့် မသိလိုက်ဘာသာ နေပြီး ပြန်လာခဲ့ ပါတယ် ...ဆိုတယ် ...။
ဒါပေမဲ့ နောက်နောင် အဲဒီအိမ် ကို အရေးကြီး အကြောင်းမရှိပဲ ၀င်ထွက်သွားလာခြင်း မလုပ်တော့ ပါဘူးတဲ့...ဗျာ...။ အဲဒီမိတ်ဆွေ အမျိုးသမီး ကိုယ်တိုင်ပြောပြလို့  သိရတာပါ...။
နောက်တခုက အလားတူပါပဲ...။နှစ်အိမ်တအိမ် မိသားစု နှစ်စု နေထိုင်ခဲ့ကြပြီး သူအလှည့် ကိုယ်အလှည်
မငြိုငြင်ပဲ နေရာကနေ တပါးသူမသိနိုင်တဲ့ ဆုံကြတဲ့ နေရက်တွေ မှာ သူအိမ်ရောက်ရင် ကလေးတွေ က ဘယ်လို ဆော့ကစားတယ် ဘယ်လိုတွေ စားသွားတယ် ....စားဖို့  မကျန်လို သူကလေးတွေ က စိတ်ဆိုးကြ
တယ် ...စတာတွေ ကို ပြောတာပါပဲ....။ အဲဒီမိသားစု နဲ့  ပြောတဲ့ မိသားစု နှစ်စု သာ သိတဲ့ အတူသွား အတူ
စားတဲ့ အကြောင်းကို နောက်ထပ် တတိယ လူက သိနေတယ် ဆိုတော့လဲ တယောက်က မပြောရင် မသိ
နိုင်တဲ့ အရာမပာုတ်လား....။ကိုယ့်ကလေးတွေ ဆော့တဲ့ စားတဲ့ အကြောင်း ကိုတော့ ဘယ်မိဘ ကသူတပါး
ပြောပါ့မလဲ...နောက်တခု က အပြောခံရတဲ့ မိသားစု ကလေးတွေ ဖက်ကရော လူကြီးတွေ ကိုယ်တိုင်က
ခွင့်ပြုလို့ သာဆော့ကစားတယ် စားတယ် ဖြစ်မှာပါပဲ....ကလေး ဆိုတာက ကလေးအတွေး ကလေး စိတ်ကူး
အတိုင်းပဲ နေကြမှာပါပဲ...။
ကျနော် အိမ်က ကလေးတွေ လဲ တခါတရံ သူတို့ စားရမဲ့ မုန့် တွေ ကုန်သွားလို အလိုမကျ တာတွေ ရှိပါတယ်
ဒါပေမဲ့ အဲဒီလို အိမ်အလည်လာဖူးတဲ့ ကလေးတွေ ရဲ့ အိမ်တွေ ကို ကိုယ်က အလည်သွားတဲ့ အခါ စားခဲ့
သောက်ခဲ့ တာတွေ ကို အမှတ်ရအောင် အစဖော်ပေးပြီး သူတို့ စိတ်အလို မကျ မှု့ တွေ ကိုနားလည်အောင်
ပြောပြသွန်သင်ပေးပါတယ် ....၊ကိုယ်အလှည့် ...သူအလှည့်ဆိုတာ နားလည်အောင် ပါ....။ ဒီလို ကလေး အတွေး ကလေးစိတ်ကို ပြုပြင်ပေးရမဲ့ အစား သူတို့ အတွေး သူတို့ စိတ်ကို မှန်သယောင်ယောင် မိဘဖြစ်သူ
ကပါ လိုက်ပြော တဲ့အခါ ကလေးရဲ့ စိတ်ထဲမှာ တဖက်ကလေး ကို မုန်းတီးစိတ်ဝင်လာတတ်ပါတယ် ...။ အဲဒီ
နောက် ...နောက်ပိုင်းနောက်ပိုင်းတွေ ကလေးချင်း တွေဆုံကြတဲ့အခါ အဆင်မပြေတာတွေ ရှိလာတတ်ပြီး ကလေးတွေကစလို့ လူကြီးချင်း မိဘချင်းပါ အဆင်မပြေ ဖြစ်နိုင်ကြတောမှာပါပဲ.....။ဘာကြောင့်ဆိုရင် ဘယ်မိဘ မဆို ကိုယ်ကိုသာ အပြောအဆိုခံမယ် ...အနှိမ်ခံချင်ခံ ပါမယ် သားသမီးထိရင် ဘယ်မိဘ ကမှ
ငြိမ်ခံနေတတ်ကြမဲ့ အစားထဲမှာ မပါတတ်လို့ ပါပဲ.......။
ဒီအဖြစ် နှစ်ခု ကိုကြည့်တဲ့ အခါမှာ တွေ့ ရတာက အင်မတန်ရိုးရှင်းတဲ့ ပြသာနာသေးသေးလေးကနေ
ကြီးကျယ်သွားတတ်တာကို ပါပဲ ....။အမှိုက်က စ ပြသာဒ် မီးလောင် ဆိုတာမျိုးပါ.......။ လိမ်မော်သီး ပဲဖြစ်ဖြစ်
ကိုယ်အိမ်လာတဲ့ ဧည်သည် စားသွားတဲ့ မုန့် ပဲသွားရည်စာတွေပဲဖြစ်ဖြစ် ကုန်သွားရင် ပြန်ဝယ်လို့ ရတဲ့ အရာ
တွေ ပါပဲ......။
သို့ သော် ....."အိမ်သာ "လို့ ဧည့်လာတယ် ဆိုတဲ့စကား အရ ကိုယ်အိမ် ကို ကိုယ်မိသားစု ကို ချစ်လို့ ခင်လို့ 
ရင်းနှီးလို့  ၀င်ထွက်သွားလာတဲ့ ကိုယ်မိတ်ဆွေ တယောက်ကို နောက်မလာရဲအောင် မပါတ်သက်ရဲအောင်
စကားလေးတခွန်း ကတွန်းပို့ လိုက်တယ် ဆိုရင်တော့ လက်တဆုတ် သာသာ ရှိတဲ့ ဒီမြို့ ဒီအရပ်မှာ တဆင့်
စကား တဆင့် ကြားပြီး မိတ်ကောင်းဆွေကောင်းတွေ ခေါင်းပါး ကုန်ပါလိမ်မယ် .....။
နောက်တချက်က ဘယ်သူကိုပဲဖြစ်စေ ကျနော်တို့ ကြွေးကြမွေးကြတယ် ဆိုတာ အလှု အတန်းတခုပါပဲ....
လူဖြစ်စေ ခွေး...နွား ....ကျွဲ ဖြစ်စေ သက်ရှိသူတိုင်းကို ကြွေးကြမွေးကြတယ် ....ကိုယ် အတွက်နဲ့  သူတပါး
ဝမ်းရေး အထောက်အကူ ဖြစ်သွားတယ် ဆိုတာ ယူတတ်ရင် ကုသိုလ်ပါပဲ မပာုတ်လား.....။အဲဒီဆန့် ကျင်
ဖက် ဖြစ်တဲ့ နှမြောတွန်တို ခြင်းပာာလဲ အကုသိုလ်ဖြစ်စေတာပါပဲ.....။
ခုတော့ဗျာ .....မတောင်းတ မကြောင်းကြ ရတဲ့ နတ်ဘုံနတ်နန်း တခုနီးပါး ရှိနေတဲ့ ၀န်ကျင်မှာ နေထိုင်ခွင့်
ရနေကြပါလျှက် မြွေပါလဲဆုံး....သားလဲရှုံး ..လို့ ပြောရမလား....ကုသိုလ်မရ ....ငရဲ ရတယ် ဆိုရမလား.....
သေချာတာကတော့ (စိတ်ထဲက ပါချင်မှပါမယ်) ၀ဇီဒုစရိုက်လေးပါး ထဲက တပါးတော့ ကျိုးသွားတာပါပဲ......
ကြွေးလဲ ကြွေးလိုက်ရသေးရဲ့ စိတ်မထားတတ်တော့ ငရဲ ရတယ် လိုပဲ မှတ်ချက်ပေးရင် .....ကိုယ်မဖြစ်စေဖို့ 
သတိပြု ရန်လိုအပ်ပြီး ....နတ်ဘုံ...နတ်နန်း သမျှ ခမ်းနားတဲ့ ဘ၀မှာ အကုသိုလ်ဖြစ်စေမဲ့ ၀ဇီ နှုတ်ကို အတတ်နိုင်ဆုံးစောင့်ထိန်းဖို့  ကိုယ်ကိုကိုယ် ဆော်သြမိပါတော့တယ် ....................။
လောကကြီးမှာ ယူတတ်ရင် တရား ရစရာ တွေပါပဲ...............။
ခိုင်ကိုဦး(ဆစ်ဒနီ)
၅ . ၇ . ၂၀၁၆ - ည ၉း ၁၇
No comments:
Post a Comment