Friday, 23 September 2016
..........."စိတ်နှောင်ကြိုး "..........
                                                        ..........."စိတ်နှောင်ကြိုး "..........
" နေရာက ........
မြက်ခင်းတွေ စိမ်းဆိုလန်း တဲ့ပန်းခြံအလယ် .........
ဘယ်လိုသာယာ နေတယ် ကိုယ်မသိတော့ဘူး.....
ဝေးပြီ......ဆွေးပြီ......ဝေး....ပော....ပော...."
ငယ်ငယ်က ကြိုက်ခဲ့ ဖူးတဲ....ဇော်ဝင်းထွဠ် ...သီချင်း တပုဒ်ကို ဖုန်းထဲ ဒေါင်လုတ်ဆွဲ သိမ်းထားပြီး အီယားဖုန်း လေးနာမှာတတ်...ကော်ဖီ ဆိုင်လေးထိုင်ရင် ငြိမ့်နေမိတယ်ပေါ့...........။
နေရာက....
Australia နိုင်ငံ Sydney မြို့ ရဲ့ လူစည်ကားရာ အရပ်ဖြစ်တဲ့ Auburn ရပ်ကွက် ...ရထားဘူတာရုံ ရှေက
Coffee Shop လေး မှာပါ...။ ဒီဆိုင်လေး ပာာ လမ်းသွား လမ်းလာ တွေ ဥဒပိာု ဖြတ်သန်းနေကျမို့  လူပြတ်
တဲ့ အချိန် ဆိုတာ မရှိသလို ရထားဘူတာ ၊ ဈေး ...ကျောင်း တွေ ရဲ့ လမ်းဆုံ ဖြစ်တာရယ် ...နောက်ပြီး
ကော်ဖီ ဆိုင် က မြန်မာပြည် ကလမ်းဘေး လဖက်ရည်ဆိုင် လို မြင်ကွင်းကောင်းတဲ့ နေရာ ဖြစ်တာရယ်
ကြောင့် Auburn ရောက်တိုင်း (အချိန် အများကြီး မရသည့်တိုင်) ထိုင်ဖြစ်နေကြ နေရာလေးပေါ့.....။
ကော်ဖီဆိုင် အနောက်ဖက်မှာ ရထားဘူတာရုံ....တဖက်ကားလမ်းကူးတော့ ရှော့ပင်စင်တာကြီး.....၊
နောက်ပြီး Macquarie Road ၊ အဲဒီ Macquarie Road ထိပ်က တိုက်မြ့င့်မြင့်ကြီးမှာ နေကြတဲ့ ကောင်မလေး
တွေ အများစု က အချော အလှလေးတွေ ပါပဲ....အများစု က သူငယ်ချင်းလေးတွေ စုပြီး အခန်းငှား နေတယ်
ထင်ပါ့....ဘူတာရုံ နဲ့ က လမ်းလျှောက်ရင် နှစ်မိနစ် သုံးမိနစ် သာသာ ရယ် ဆိုတော့ Sydney မြိုလယ် City
လို နေရာ မျိုး...Paramatta လို နေရာမျိုးမှာ ကျောင်းတက် ...အလုပ်လုပ် သွားကြသူတွေ အတွက် လမ်းပန်း
ဆက်သွယ်ရေး အလွန်ကောင်းတဲ့ နေရာလေ.....
ပောာ.....
အဲဒီဖက်က နေ ကားလမ်းကူးလာတဲ့ ကောင်မလေး က လွန်ရော ရှိမှ ဆယ်ရှစ် ဆယ်ကိုး ..... အာရှ သူ
လေး ပါပဲ ....ထိုင်းလား...ကိုရီးယားလား တော့ မသိ....အတော်လှ တာပဲ.....။ အသားအရည် လေးက ၀င်း
မွတ်လို့  အရပ်က လဲ မပု မရှည်....ကိုယ်လုံးလေး သွယ်သွယ် နဲ့  .....ကြည့် လို့ တော့ အတော်ကောင်းသား
.......။
လာပြန်ပြီ ...နောက်တယောက် Dartbrook လမ်းဖက်က လာတာနေမှာ အဲဒီ လမ်းက ကုလားလူမျိုးအများစု နေထိုင်ရာ အရပ်ဆိုတော့  India သူလေးနဲ့ တူပါ့......
နွားနို့ သောက်...ဒိန်ချဉ် နဲ့  နံပြား စားပြီး ကြီးလာသူတွေ ဆိုတော့ အသားလေးက ၀င်းမွတ်လို့ ........
ကိုယ်ကိုတိုင်က လဲ အာရှ ကလာသူဆိုတော့ အာရှသူလေးတွေ ဆိုရင် သဘောအလွန်ကျ တယ်ကို.....။
ပောာ.........
ဒါလေး က ကိုရီးယား ဖြစ်ဖို့ များတယ် ....ဘောင်ဘီတို အကြပ် ကလေးနဲ့  ပေါင်တံ ကလေးက စင်းလို့ ......
လှမှလှ.....
တချို့ မြန်မာမလေးတွေ နဲ့ တော့ကွာပါ....အတိုအပြတ်ကလေးတွေ ၀တ်ပါတယ် ၊ပေါင်တံ လေးကတော့
ဆင်နှာမောင်း ပေါင်တံ လေးပါပဲ ...ခြေသလုံးသား ကျတော့ တုတ်နေရော ....ခုပာာလေးက ပေါင်တံလေး
ရော ခြေသလုံးလေးပါ အတော်ကြည့်ကောင်းသား.....
ပောာ.....တယောက်
ပောာ.....တယောက်
ပောာ.....တယောက်..............................
ကိုယ်ဘေးနား အမှတ်တမဲ့ရောက်လာတာ သတိ မထားလိုက်မိဘူး.....။မော့်ကြည့်လိုက်တော့ကာမှ
ကိုယ်အိမ်သူ သက်ထား....
" ယောင်္ကျား.....ပြန်ကြရအောင်လေ...."
သမီးငယ်လေးက လှည်းလေးထဲ အိပ်လို့ 
"ရှင်ပြန်ရမှာ က မြစ်ကြီးနား အထိတောင်မှ .....အဝေးကြီးရယ်  "
" တော်ကြာ ထောင်ပိတ်ချိန် အမှီ မပြန်မိလို့  လျှောရက်တွေ ထဲကနေ အနှုတ်ခံနေရဦးမယ် "
" အေးပါကွာ....အေးပါ...."
ပြောရင်းကနေ ထအရပ် ထိုင်ခုံမှာ ထောင်ထားတဲ့ သံခြေကျင်း ကြီးကခြွမ်း ကနဲပြုတ်ကျ.......
အိမ်မက်က လန့် နိုးတော့ သြစီ ဆောင်းအေးအေး မှာ ချွေးတွေ ကစိုရွှဲ လို့ ရယ် .............။
                                                                                  ခိုင်ကိုဦး(ဆစ်ဒနီ)
                                                                            ၂၃ . ၉ . ၂၀၁၆ -သောကြာည
Tuesday, 13 September 2016
" ရှေးစကား ဆိုတိုင်း မှန်သည်တော့ မပာုတ်ပါ........'
                            " ရှေးစကား ဆိုတိုင်း မှန်သည်တော့ မပာုတ်ပါ........'
ရှေးစကား....ဆိုရိုးစကား....လူကြီးသူမတွေ ရဲ့ စကား ဆိုတိုင်း မှန်တယ် လို့ တော့ မပာုတ်ပါ....။
ကာလ..ဒေသ...ပရောဂ ဆိုတာကို မှီပြီး မှာတဲ့အခါတွေလဲ မှားးတတ် ကြတာပါပဲ..........။
                                                                 (၁)
ကျနော် မြစ်ကြီးနားထောင်ကို ရောက်တော့ အဲဒီမှာ လူရွှင်တော် ဦးပါပါလေး အမှု့ တွဲတွေ ဖြစ်တဲ့ ဦးပါပါလေး
ဦးအောင်စိုး...၊ဦးမောင်ထွေး အပြင် မိုးကောင်း N.L.D ဦးတင်ဝယ် တို့ က ရှိနေကြပြီးသားပါ....။
ကျနော်တို့  ၉၇ မှာ ပြောင်းလာကြသူတွေက (  ၁၂  )ယောက်...။
ဒေါက်တာ ဇော်မြင်မောင် ၊ဒေါက်တာ ခင်ဇော်ဝင်း (သွားဖက်ဆိုင်ရာ ) ၊ ကိုကျော်ကျော်ထွေး(ကိုမာကီ) ယခု
၈၈ နှင့်ပွင့်လင်း ၊ ကိုအောင်နိုင်ဦး ၊ကိုကြည်ဖေကျော် ၊ ကိုထိန်လင်း ၊ကိုကျော်စိန် ၊ ကိုဖုန်းမြင့် ၊ ကျနော် ခိုင်ကို ၊ ကိုလှထွန်းအောင် ၊ နောက်ပြီး ဖောက်ပြန်ရေးသမား မောင်မောင်ဝမ်း နဲ့  သူတပည့် ပိုက်တင် ....။
ရောက်ရောက်ခြင်း ခင်မင် ရင်နှီး ရတာက လူရွှင်တော်ကြီးဦးပါပါလေး နဲ့  အဖွဲပါ.....သူထောင်က မလွတ်ခင်
အချိန်အထိ ...ကျနော် တို့ စိတ်ညစ်စရာတွေ ကြုံတိုင်း လူ အရိပ်အကဲ လဲ နားလည်တတ်တဲ့ ဦးပါပါလေး က
ကျနော်တို့ ရဲ့  စိတ်တင်းကြပ်မှု့ တွေကို ဖောက်ထုတ်ပေးနေကြသူပေါ့....။ သူရဲ့  ပာာသ ပျက်လုံးတွေ ကြောင့်
အသက်ရှု ကြပ်တဲ့ အခါတိုင်း အသက်ရှုချောင်ခဲ့ကြပါတယ် ။ သူအမှု့ တွဲ ဦးမောင်ထွေး ....သူလဲ အနုပညာ
သမားတယောက်ပါပဲ လူကောင်က သေးသေး သီချင်ဆိုရင်တော့ တွံတေးသိန်းတန် အသံရှုံးလောက်အောင်
အော်နိုင်အား..အသံ အားကောင်းလှသူ မို့  ကျနော် တို့ က သူကို ပုဇင်းရင်ကွဲ လို အမည်ပေးကြတယ် .....။
နောက်အမှု့ တွဲ ဦးအောင်စိုး....။အန်တီ အိမ်ခြံမှာ လုပ်တဲ့ လွတ်လပ်ရေးနေ အခမ်းအနား မှာ ဦးပါပါလေးတို့ 
အငြိမ်"က"နိုင်အောင် စီစဉ်မှု့ ရော ငွေကြေးထောက်ပံ့မှု့ ရော လုပ်ခဲ့ လို အမှု့ တွဲဖြစ်လာတဲ့ ခေါင်းဆောင်......
လူကောင်က ကြီးကြီး အသားက မဲမဲ....။ ဆီချို ..သွေးတိုး...ဂေါက် ရောဂါတွေ ဆုံလို့  လမ်းတောင်မှ ကောင်း
ကောင်း မလျှောက်နိုင်သူ....၊နေဖို့ ညစာ မကြည့် ရဲဘော်တွေ အပေါ်မှာ ဆိုရင် သူဖို့ မရှိ ....ရှိရင် ရှိသမျှ ...
ငိုပြရင် ငိုပြသလို အကုန် ထုတ်ကြွေးတတ်သူ.....။ကျနော်နဲ့  ကိုထိန်လင်း ကကပ်ချွဲ ပြီး ညာစားနေကြ
 အညာ သား ရုပ်ကြမ်းသလောက် သူသမီး ပုံပုံ ကြတော့ လှသားဗျ.....  ဒါကြောင့် ကျနော်လူငယ် တွေ က အဖေတော်ချင်တယ် ...ပြောပြီး"စ 'ရင် နပန်း လုံးနေကြ (အခုတော့ အဲဒီ သုံးယောက်စလုံး မရှိကြတော့ရှာပါဘူး..။) အဖေတွေ ရုပ်ဆိုးသလောက် သမီးတွေ လှကြ
တဲ့ အထဲ ပါတာက ပာသာင်္တN.L.Dက ကျောင်းဆရာ ကိုလှထွန်းအောင် ...အကြောင်းမသိရင် ပြောပုံ ဆိုပုံ
က ရိုက်ပေါက်....၊ သူသားသမီးတွေ နာမည် ပေးထားပုံလဲ ကြည်ဦး " မေသဲဖြူလှထွန်းအောင်...၊
အေးမြမြင်မြတ် လှထွန်းအောင် ..." တဲ့ ..၊ပေးထားတဲ့  နာမည်တွေက တော့ တကယ် အမိုက်စားတွေ ပါပဲ
မြစ်ကြီးနားနဲ့  ပာသာင်္တ ခရီးဝေး တာကတကြောင်း မိသားစု အဆင်မပြေ ကြတာက တကြောင်း ကြောင့်
ကျနော် နေခဲတဲ့ (၅)နှစ်ကျော် ကာလ အတွင်း ထောင်ဝင်စာ (၂)ကြိမ်လား (၃)ကြိမ်လား တော့ မမှတ်မိ...။
အဲဒီလောက်ပဲ လာတွေ့ တယ် ၊ ကျနော် အမြဲ စနောက်ခဲ့တယ် ...ခင်ဗျားက ဘုဂလန့်  ....ခင်ဗျားသမီး နှစ်
ယောက် ကို ကျနော် ယူဖြစ်ရင် " မေသဖြူ ခိုင်ကိုဦး တို့  အေးမြမြင်မြတ်ခိုင်ကိုဦး "တို ဆိုပြီး နာမည်ပြောင်း
ပြစ်မယ် ၊ဒါပေမဲ့ ခင်ဗျားကိုတော့ အဖေ လို့  မခေါ်နိုင်ဘူး .....လို့  ပြောနေကြ....။ ခုတော့ သူလဲ ဘယ်ဆီ
ရောက်လို့  ဘာတွေဖြစ်နေတယ် မသိပါဘူး....။
ကျနော်တို့ နဲ့  အတူထောင်ပြောင်းလာတဲ့ အထဲက နောက်ထပ် အမှတ်တရ ဖြစ်စေသူတွေက ကိုကျော်စိန်
ပါ...သူက စမ်းချောင်း မှာနေတယ် ...နိုင်ငံရေးဆိုတာ ဘာမှ မသိနားမလည် သလို ပါတ်လဲ မပါတ်သက်ဖူးသူ
ပါ....သူပာာသူ ဖိနပ်ချုပ်လုပ်ငန်းမှာ နေ့ စား အလုပ်ကလေးလုပ်...ညနေကျတော့ ယမကာ လေးမှီဝဲ....ဒါပါပဲ
သူဘ၀ က။ စစ်အာဏာ ရှင်တွေ ယုတ်မာ လိုက်ချက်က (၉၆ ၊ဒီဇင်လဘာ အရေးတော်ပုံမှာ ) စစ်ကား ကို ခဲ
နဲ့ ပြစ်တယ် ဆိုတဲ့ ဆွဲချက်နဲ့  ခေါ်ယူ စစ်ဆေးပြီး ရိုးအ တဲ့ ကိုကျော်စိန်က" ခဏ....ခဏ ပဲစစ်ကားကိုခဲ နဲ့ ထုတာ မင်းမပာုတ်လား..."ဆိုပြီးမေးလွန်းတော့ အားနာပြီး ပာုတ်တယ် လို့ ပြောလိုက်မိပါသတဲ့.......။
ဒါနဲ့  အနောက်တိုင်းခရိုင်တ၇ားရုံး က (၇)နှစ် ဆော်ထဲ့လိုက်တာပါပဲ.....။ အတူထောင်ပြောင်းလာတဲ့ (၁၂)
ယောက်ရယ် ရှိပြီးသား(၄)ယောက်ရယ် ကို လူနဲ့ နာမည် တွဲမိဖို့  (၃)လလောက် လေ့ကျင်ပေးရတဲ့ အထိ မှတ်
ညာဏ် လဲ အားနည်းရှာသူပါ....။ နောက်တယောက် က ဒဂုံ က ကိုဖုန်းမြင့် ရယ်ပါ..။ သူက လဲသာမာန်အ
ရပ်သားတယောက်ဖြစ်ပြီး စစ်ရုံးချုပ်မှာ လက်သမား အကူ လုပ်နေရင်း မိသားစု အတွက် လောက ကို ရိုးသားစွာ ရင်ဆိုင်နေသူတယောက်ပါ..။ သူလဲ (၉၆ ၊ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု့ ) မှာ ဖြစ်ပျက်နေတာ
ကို စစ်ရုံးချုပ်ထဲမှာ လက်သမား အလုပ်လုပ်နေရင်း အချင်းချင်း ပြောကြဆိုကြ ဆွေးနွေးကြတာကို ဘ၀တူ
အလုပ်သမား တယောက်က သွားတိုင်တာကြောင့် ၅/ည အတပ်ခံ ရပြီး ထောင်(၇)နှစ် ကျ လာတာပါ....။
တကယ်တမ်းမှတ်မှတ်ရရ ပြန်တွေးတဲ့ အခါ မှာ သူတို့ နှစ်ယောက်ကို ကျနော် အလေးအမြတ်ဦးညွှတ်
အလေပြုပါတယ် ...၊နိုင်ငံရေးခံယူချက် မရှိ ...နိုင်ငံရေးလှုတ်ရှားမှု့ မရှိ ...နိုင်ငံရေး နဲ့  လုံးဝ မပါတ်သက်ပါပဲ
ကျနော်တို့ နည်းတူ ထောင်ထဲမှာ မဖောက်ပြန်သော ...အညံမခံသော...ကိုယ်ကိုကိုယ် အတတ်နိုင်ဆုံး ပြု
ပြင် ပြောင်းလဲပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစား အာထုတ်ခဲ့ကြ သူတွေ ပါပဲ....။နိုင်ငံရေးသမား ဆိုပြီး
နာမည်ခံ ခဲ့ပြီး တကယ်တမ်း အကြပ်အတည်းတွေ တွေ့ ချိန်မှာ ထောင်အာဏာ ပိုင်နဲ့ ပူးပေါင်းပြီး ကြက်ဥ
တနေ့ တလုံး ဆီလေးတခွက် ...ဆေးလိပ် တတို အတွက် ဖောက်ပြန်သွားကြတဲ့ သူတွေထက်စာရင် အများ
ကြီး လေးစားဖွယ်ရာ ရှိတာမို့  ဦးညွှတ်အလေးပြုတာပါ....။
မြစ်ကြီးနားထောင်ကို ကျနော်တို့ ရောက်ပြီး နှစ်နှစ်လောက်နီးမှ ရန်ကုန်ကနေ ထပ်ပြောင်းလာ ကြသူတွေ ထဲမှာ လဲ အလေပြုသင့်သူတွေ များစွာ ရှိပါတယ် ...။
အဲဒီ(၁၁ )ယောက်မှာသတင်းစာဆရာ ဦးစိန်လှဦး (၉၀ အင်းစိန်လွှတ်တော်ကိုယ်စာလှယ်) ၊ အဘ ဦးသောင်း
ကြည်.၊ ကိုသက်နိုင် (ပဲခူး ကကျောင်းဆရာ ) ၊ ကိုပြည်စိုး ၊ ကိုခင်မောင်ရွှေ ၊ ကိုကြည်လင်း ၊ဦးညာဏ်သောင်း
(ခ)ဦးချစ်ကို  တို့ ကတော့ အထူးပြောစရာမရှိတဲ့ နိုင်င့ေ၇း အကျဉ်းသားတွေ ပါ...။
အဲဒီအထဲမှာမှ ဖောက်ပြန်ရေးထဲလဲ မပါ  နိုင်ငံရေးသမား မပာုတ်တဲ့ သူတယောက်လဲ ရှိပါသေးတယ် .....။
...F.T.U.B ရဲ  ပြည်တွင်း UG   ဖြစ်တဲ့ သဘောင်္သား တယောက်ပါ...။
   ပြည်ပ ကတော်လှန်ရေးထာက်ပံ့ ငွေတွေ ပြည်တွင်းသွင်းလာပြီး
တရားမ၀င် အဖွဲ့ အစည်းဆက်သွယ်မှု့  ပုဒ်မ ၁၇(၁) ပါ ပါဝင်ပြီး ထောင်(၁၀)နှစ်ကျ လာသူပေါ့....။ ပြည်ပ
အဖွဲ့ အစည်းတွေ က ဘယ်လောက် ထောက်ပံ့ပြီး ပြည်တွင်းကို ဘယ်လောက်ပြန်ပေးတယ်တော့ မသိပါဘူး
ထောင်ထဲ မှာတော့ သူထောင်ဝင်စာ ထုတ် သူစားပြီး ဘ၀တူ ရဲဘော်တွေ ကိုထောက်ပံ့ ပေးကမ်းခြင်းမရှိ
သလို ရွှီးလုံး လှိမ်လုံးတွေ နဲ့  မုသာဝါဒ ကို ပျော်မွေ့ တတ်ပုံ ရပါတယ် ....။ ဘယ်သူက ဖြစ်ဖြစ် ည စာ
အတွက် ဘာလုပ်စား သလဲ မေးရင် ဥပုဒ် စောင့် နေတာ ဘယ်နှစ်နှစ် နဲ့  ဘယ်နှစ်လ ရှိပြီ...ဆိုပြီးပြောတတ်
ပြီး ညဖက်ကျရင်တော့ တရားထိုင်နေပာန်ပြ ခေါင်းအုံးရှေ့ မှာ ပေါင်မုန် နဲ့  (ဒေါ်မြရင် ၀က်အူချောင်း)ကြော်ကို
ဗူး လိုက်ဆောင်ထားပြီး ခိုးစားလေ့ရှိတတ်တာသူနဲ့  အတူနေတဲ့ အခန်းဖေါ်တိုင်း သိကြပါတယ် ....။ ဘာသာ
ရေး အစွန်းရောက်တဲ့ (ခုခေတ် အဆို အရ) အမျိုးသားရေး တက်ကြွသူ ပြောရမလား...ပဲ ။ မိုးကောင်း မိုးညှင်း
ဖက်ကနေ ထောင်ကျလာတဲ့ ကိုမြငွေ(ခ)ဗန်းမုန့်  ဆိုတဲ့ မွတ်စလင် လူမျိုး တယောက်ကို ချော်လဲချင်ယောင်
ဆောင်ပြီး သူရဲ့  မစင်အိုး(ချီးအိုး) နဲ့ ခေါင်ပေါ် ကလောင်းချ လို့  ရန်စ ခဲ့ဖူးသူ လို့ တောင်ပြောရမှာ ပါပဲ.........။
ဒီလို လူမျိုးက ပြည်ပ အထောက်အပံ့တွေ ကို ပြည်တွင် သယ်ပြီးတဆင့် ထောက်ပံ့ပေးတယ် ဆိုတော့ လဲ
ယုံရခက်ကြီး လိုပဲ ပြောရတော့မှာပေါ့လေ....။နောက်တော့ သူလဲ ဖောက်ပြန်ရေးသမားတွေ နဲ့ အတူ အဆောင်ပြောင်းတဲ့ အထဲ ပါသွားသူပါ.......။အဲဒီအချိန် အဲဒီကာလ က ပြည်တွင်းလုပ်ငန်း (UG) လုပ်ငန်း
လုပ်ကြတယ်...၊နိုင်ငံတကာက တော်လှန်ရေး ထောက်ပံငွေတွေနဲ့  ပြည်တွင်း ကိုပံ့ပိုးကြတယ်  ဆိုတာ နိုင်ငံရေးဈေးကွက် တခု လိုပါပဲ....။(နောက်ပိုင်း အချိန်ရရင်တော့ တော်လှန်ရေး အဓွန်ရှည်ပါစေ ဆုတောင်း
ကြသူများ အကြောင်းရေးပါဦးမယ် ....နိုင်ငံရေးလုပ်စားကြသူများ အကြောင်းပေါ့) ။
အဲဒီ (၁၁)ယောက် ထောင်ပြောင်းလာတဲ့ အတော အတွင်းမှာပါပဲ ရက်တွေ လတွေတော့ အမှတ်မိတော့ပါ
ဘူး....ကချင်ပြည်နယ် မြစ်ကြီးနား...၀ိုင်းမော် ကသာ ဖက်က N.L.Dအဖွဲဝင်တွေ လဲ ပောာတယောက်
ပောာတယောက် နဲ့ ရောက်လာခဲ့ကြပါတယ် ။ ဦးစိုးမင်း ၊ဦးအောင်စိုး၊ ကိုထွန်းလွင် တို့ က အမှု့ တွဲ တစု.....
အစောက ပြောတဲ့ ကိုမြငွေ...၊ ၀ိုင်းမော်က ဦးကြင်အောင် ၊ ပူတာအိုက ဦးဒိစီးရယ် ...တို့ ပါပဲ.....။
နောက်ထပ် မန်းထောင်မှာ ပြသာနာ တက်လို့ ထောင်ပြောင်းလာသူတွေ ကဒေါက်တာနေ၀င်း(ဖြိုးဖြိုးအောင်
ဖခင်) ဦးဘမင်း (ကလေး) ၊ ပိာုပင်က ဦးကျော်ငြိမ်း...၊မန်းက ဦးလှစိုး..တို့ ပါပဲ.....။ဒီကြားထဲ စစ်အစိုးရ က
မိုးကောင်းမြို့  က ဗလီ ဂေါပက လူကြီး နေရာ အငြင်းပွား ရာကနေ အမှု့ ဖြစ်သူတွေ ကို ၅/ည တတ်ပြီး ကျနော် တို့ ထောင်ထဲကို ထပ်ထည့်လိုက်တော့  အခန်းပေါင်း (၁၉)ခန်းသာရှိတဲ့ တိုက်ဝန်းထဲမှာ လူပေါင်း
(၅၁)ယောက် ကြပ်ညပ်စွာ နေခဲ့ကြရပါသေးတယ် ....။ ဒေါက်တာခင်မောင်ဝင်း (သွားဖက်ဆိုင်ရာ ) နဲ့  ရှေနေ ဦးမြင်ဆွေ တို့ နှစ်ယောက် ဂေါပက လူကြီးနေရာ လုရာကနေ ကိုအောင်နိုင်ဦး ၊ဦးကျော်တင့် ၊ ကိုမောင်ရွှေ
နောက်တယောက်တော့ နာမည် မမှတ်မိတော့ပါဘူး....သူတို့ တွေ ထပ်ရောက်လာတဲ့ အခါ ပွဲ ကပိုစည်သွား
ပါတော့တယ် ....။ဒေါက်တာ ခင်မောင်ဝင်း နဲ့  ဦးမြင်ဆွေ တို့ နှစ်ယောက် တနေ့  ငါးကြိမ် ဘုရားဝတ်ပြုတိုင်း
ဦးကျော်တင့် မကျေမချမ်း ပြောလေ့ရှိတာက " ဒင်းတို့ နှစ်ယောက် အရင်က သာ အဲလို ညီညွတ်ရင် ငါတို့ 
ထောင်ထဲ ရောက်စရာ ကို အကြောင်းမရှိဘူး" တဲ့လေ.....။
နောက်တော့ သူတို့ တတွေ ကိုလဲ ဖောက်ပြန်ရေးသမားတွေ နဲ့ အတူ အဆောင်ပြောင်းပြီး နေရာချ ထားတဲ့ အထဲ ပါသွား ပါတယ် ....။ဖောက်ပြန်ရေးသမားတွေ နဲ့ သူတို့ တတွေ အဆောင်ခွဲ ထွက်သွားတော့ ကာမှ
ရောက်စ ကလို တိုက်ဝန်းထဲ အသက်ရှု့ ချောင်ရပါတော့တယ် ....။အခန်း က (၁၉)ခန်း လူက (၅၁)ယောက်
တိုက်ဝန်းခြံ က ပေးငါးဆယ် ပါတ်လည်သာသာ ရေချိုး ကတဲ့ အုတ်ကန်က (ဦးစိန်လှဦး စကားကိုပြန်သုံးရရင်
)မုဆိုးမ အိမ်က ရေကန်က မှကြီးဦးမယ်  ဆိုသလို ပါပဲ.....။
                                                                      ( ၂ )
အကျဉ်းထောင် တိုင်းမှာ ကိုလိုနီ လက်ထက်က ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေ ကို ပဲ ယနေ့ 
ထက်ထိ လက်ခံ သုံးစွဲ နေတာပါ...။ထောင်မှာ အလုပ်လုပ်ရတဲ့ အလုပ်ပေါ်မူတည်ပြီး လျှောရက် တွေ ရ
ကြပါတယ် ထောင်စကားနဲ့ ပြောရင် အေကွာ....ဘီကွာ...စသည်ဖြင့်ပေါ့ ...ကကြီးကွာ (အေကွာ ) က တနှစ်မှာ ဘယ်နှစ်ရက် လျှောရက် ရတယ် ...ခခွေးကွာ (ဘီကွာ ) ကဘယ်နှစ်ရက်ရတယ် ဆိုသလို လျှော့ 
ရက်တွေ ရကြပါတယ် ...။ အလုပ်မလုပ် ရတဲ့ ကျနော်တို့ လို အကျဉ်းသားတွေ က အစ ထောင် (၇)နှစ်
ကျရင် အလွန်ဆုံးနေရ (၅)နှစ်(၃)လ ပါပဲ...။ အဲဒါ စစ်အစိုးရ ခေတ် အစောပိုင်းကာလတွေမှာပါ .၊ နောက်ပိုင်း
ကာလတွေ ကျတော့ သူတို့ လွှတ်ပေးချင်တဲ့ အချိန်မှ လွှတ်ပေးတာပါ...။ ထောင်ဒဏ် (၇)နှစ် ကျပေမဲ့ (၅နှစ်၃
လ)ပြည့်လည်းမလွှတ်ပဲ ထားတာတွေ ရှိသလို (၅နှစ်၃လ)မတိုင်ခင်လဲ လွှတ်ချင်ရင် လွတ်ပေးပါတယ် ...။
အကျဉ်းကျခံ နေရသူရဲ့ နိုင်ငံရေးဖြတ်သန်းမှု့  အပေါ်မှာရော သူတို့ လိုချင်တဲ့ ဂတိခန်ဝန်ချက် လက်မှတ် ထိုး
သည် ၊မထိုးသည် အပေါ်မှာရော မှီတည်ပြီး လွှတ်ချင်တဲ့သူ ကို လွှတ်ပေးတာ မျိုးပါ...။
သူတို့ ကလွှတ်ပေးချင်ပေမဲ့ (၄၀၁/၁) ကိုလက်မှတ်မထိုးသူတွေ ကို လည်း လွှတ်မပေးတာလဲ ရှိပါတယ် ...။
(၄၀၁/၁) ဆိုတာ ထောင်က လွတ်သွားပြီးတဲ့နောက် နိုင်ငံရေး မလုပ်ပါဘူးဆိုပြီး ခံဝန်လုပ်ခိုင်းတာပါ....၊
တကယ်လို့  နိုင်ငံရေးပဲ လုပ်လုပ် နိုင်ငံရေးမလုပ်ပဲ အခြား ပြစ်မှု့ တခုခု နဲ့  အဖမ်းခံ ရမယ် ဆိုရင် အရင်
ကျန်ရှိတဲ့ ပြစ်မှု့ ကို ကြွေးကျန်ကို ထပ်ပေါင်း ခံရမယ် ဆိုတာ သိရှိကြောင်း ခံဝန်ထိုးခိုင်းတာပါပဲ....။ ပြစိဒဏ်
က (၇)နှစ် ...လျှောရက် လဲ မရ ပြစ်ဒဏ်ရက် ပြည်ကာနီး မှ ကပ်ပြီးလွှတ်ပေးလိုက် သူတွေ လဲ ရှိသပေါ့လေ..
အဲဒီအထဲ လက်မှတ်ခေါ်ထိုးခိုင်းတယ် ၊ မထိုးနိုင်ဘူး မလွှတ်ချင် နေ...ဆိုပြီး ထောင်ထဲ ဆက်နေသူ တွေ ရှိ
သလို လုပ်ခဲ့တဲ့ နိုင်ငံရေး သမိုင်းအရ လွတ်မပေး ချင်တဲ့ သူတွေ ကိုတော့ ခေါ်ယူ ညှိနိုင်းတာမျိုး မလုပ်ပါဘူး
ဘယ်သူတွေ လဲ လို့ ပြောရရင် ဒေါက်တာဦးဇော်မြင်မောင် ၊ ဒေါက်တာ ဦးခင်ဇော်ဝင်း ၊သတင်းစာ  ဆရာ ဦးစိန်လှဦး (၉၀ အင်းစိန် လွှတ်တော်ကိုယ်စာယလှယ်)  ဒေါက်တာ ကိုနေ၀င်း ၊ ဦးကျော်ငြိမ်း ၊    ကိုမာကီ(ကိုကျော်ကျော်ထွေး ) ကိုအောင်နိုင်ဦး ၊ ပဲခူးက အလုပ်သမားခေါင်းဆောင် ကျောင်းဆရာ ကိုသက်
နိုင်  တို့ ပါပဲ..။ လက်မှတ်ထိုးခိုင်းတယ် ...မထိုးဘူးကွာ မလွှတ်ချင် နေဆိုပြီး တင်းခံ ထားသူနှစ်ယောက်က
မြစ်ကြီးနား က တကိုယ်တော် ထွန်းလွင် နဲ့  ဒဂုံ(တောင်) က ကိုကြည်လင်း တို့ ပါပဲ.....။
လွတ်ရက်စေ့ လို လွတ်သွားသူတွေ ....ဖောက်ပြန်ရေးသမားတွေ နဲ့ ပေါင်းမိပြီး အဆောင်ပြောင်းသွား သူ
တွေ ..ရှိသလို မြစ်ကြီးနားထောင် ရဲ့ အခန်းပေါင်း (၁၉)ခန်းမှာ ကျနော် အပါအ၀င် (၁၃) ယောက် သူကျန်
တော့တာပါ...ပာိုး ထောင်ဗူးဝ ရှေ့  ကတိုက် အသစ်(၅)ခန်းတွဲမှာတော့ မူစလင် မုန်းတီးရေးဝါဒီ ကိုမျိုးအောင်
သန့်  တယောက် ကတော့ သီသန့် ခွဲ ပါတယ်    ...ဘာကြောင့်ဆို ဖောက်ပြန်ရေးသမားတွေ နဲ့  အဆောင်
ပြောင်းထားပြီးနောက် ဗလီ လူကြီးနေရာ လုတဲ့ေ၇ှနေ ကိုမြင်ဆွေ ကို တောင်ယာ စိုက်ခင်းသုံး ပေါက်ပြား
နဲ့  ရိုက်တဲ့ အတွက်ကြောင်ပေါ့....။(ကွဲအောင်လဲ မရိုက်သလို သေအောင် ရိုက်တာလဲ မပာုတ်ပါဘူး)
                                                             (၃)
အဲဒီ ကျနော် အပါအ၀င် (၁၃)ဦး ပာာ တကယ်တမ်းအတိအကျ ပြောရရင်  ညီရင် အကို ထက်ပိုသော ....
ဆိုင်တွေ့ ကြတိုင်း ကျောချင်းကပ် ရင်ချင်းအပ်လို့  ကျော်ဖြတ်ခဲ့ ကြဖူးသလို ထောင်တွင်း မှာ လုပ်တဲ့ နိုင်ငံရေး
မှတ်တိုင်တိုင်းကိုလဲ အတူ ၀ိုင်းလို့  စိုက်ထူခဲ့ကြတယ် ...။ တယောက်အကြောင်း တယောက်ကောင်းကောင်း သိသလို တယောက် အခက်အခဲ တယောက်ဖြေရှင်းခဲ့ ကြတာပါပဲ....။ မနက် လင်းလို့ ထောင်ဖွင့်ပြီ ဆိုတာနဲ့ 
ကိုမာကီ ရဲ့ နဒီ မင်္ဂလာ သီချင်သံ ကို ကြားနေကြ....သူကတော့ လူပု သလို စိတ်လဲတိုတတ်သူ ....စိတ်တိုတတ်တယ် ဆိုတဲ့ နေရာ မှာ ကျနော်တို့ ဘ၀တူ ရဲဘော်တွေပေါ်မှာ တော့ အင်မတန်စိတ်ရှည်ပြီး ရိုးသားတယ် ဆိုတဲ့ဂုဏ် က လူနဲ့ မလိုက်အောင် ကြီးမားလှပါတယ် ........။
 ချက်စ် ကစားတဲ့ နေရာမှာ အကွက်ဆွဲ အရုပ်
တင်စရာ မလိုပဲ ကင်း ကို ဘယ် အကွက်ရွှေ့ ကွင်း ကို ဘယ်နေရာ ဘစ်ရှော့  ကိုဘယ်နေရာပို့ ဆိုပြီး အလွတ်တန်း ချက်ခ် ထိုးနိုင်တဲ့ အ၇ပ်ရှည်ရှည် ခါးကိုင်ကိုင်း ကိုအောင်နိုင်ဦး ကိုလဲ မေ့ထားမရတဲ့ သူတ
ယောက်ပါပဲ....။  လက်တ၀ါးစာ ဘာသာရေးစာအုပ်ထူထူ ကြီး ကို  ထောင်ပိုင်ကြီး တန်းစီရက် မှာ အခန်းဝ
ထောင်ပိုင်တွေ ထောင်မှူးတွေ ရှေရောက်ကာမှ ပာန်ကြီးပန်ကြီး ဖတ်နေပြတတ်တဲ့ ကြွက်ကြောက်တဲ့ နေ
ရာမှာ သူများထက်ထူးပြီး နံရံ ပြောင်ချော ကြီးပေါ်တက်ပြေးနိုင်လောက်အောင် အစွမ်းရှိသူ ကိုကြည်လင်း
ကလဲ ကျနော် အတွက် မမေ့သင့်သော သူတယောက်ပါပဲ....။
အိပ်ပြီ ပော့ ဆိုရင် တခူးခူးပောာက် နေပြီး အိပ်မပျော်ပါဘူးဗျာ လို့ ငြီးတတ်ပြီး တခုခု ကိုအာရုံစူးစိုက်ပြီဆိုရင်
မျက်ခုံးတွေ နှတ်ခမ်းတွေ တုန်လာတတ်သူ....ဒေါသထွက်ပြီ ဆိုရင် လဲ ဘာကိုမှမမြင်တော့ အောင် ဒေါသ
ကြီးတတ်တဲ့ ကျောင်းဆရာ ၊ အလုပ်သမားခေါင်းဆောင် ကိုသက်နိုင် တယောက် ကလဲ  တသက်မမေ့စရာ
ထောင်ထဲ ကနေ ထောင်အပြင် ဆေးရုံ မှာ အူကျရောဂါခွဲခွင့် မရလို့  လေးနှစ်လောက်နီးနီး လမ်းလျှောက်ရင်
ဥ ကို မနေရရှာတဲ့ ၊တခါတလေ ဘေးလူ ရိုက်ချင်စိတ်ပေါက်အောင် ဘုဂလန်ပြောတတ်တဲ့ သတင်းစာ ဆရာ
ဦးစိန်လှဦး ....သူဆီက သတင်းစာ ပညာ ...ကျနော်တို့  မမှီလိုက်တဲ့ နိုင်ငံရေးသမိုင်း ...စတာတွေကို အနီး
ကပ် သင်ယူလေ့လာခွင့် ရခဲ့ တဲ့ အတွက် ကျနော်ရဲ့ သင်ဆရာ ဆိုလဲ မမှားပါဘူးလေ....။
လူငယ်တွေ နဲ့  အပြိုင် တခါတရံ စိတ်ကောက်တတ်တဲ့ ဆရာဦးခင်ဇော်ဝင်း ....သူဆီက အင်္ဂလိပ်စာ နဲ့ ပါတ်
သက်တာတွေ အင်္ဂလိပ်ရုပ်ရှင်ကားတွေ ထဲက ထူးခြားတဲ့ မှတ်သား လိုက်နာဖွယ်ရာ စကားတွေ ကကျနော်တို့ လူငယ်တွေ အတွက်  အဖိုးမဖြတ်နိုင်အောင် ကျေးဇူးပြုခဲ့တဲ့ ဆရာ တယောက်ပေါ့....။
တကိုယ်ရေ ကျန်းမာရေး ကအစ ဆေးပညာ မှာ ဆရာဝန်တယောက်လို မတတ်ကျွမ်းပေမဲ့  ဘာမှ မသိတဲ့ လူထက်စာရင် သိတတ်နားလည်အောင် ကျန်းမာရေး ဆိုင်ရာတွေ သင်ပေးခဲ့ သူက ဦးဇော်မြင်မောင်........။
နောက်တယောက် ...............အသားကဖြူဖြူ လူပုံက နွဲ့ နွဲ...သို့ သော် ခံယူချက်နေရာ မှာ ဘယ်လို မှ မယှဉ်သာအောင် ပြင်ထန်လွန်း လှပြီး သနားကြင်နာတတ်တဲ့ နေရာမှာ နှစ်ယောက် မရှိဘူး လို့ ပြောရင်ရ
တဲ့ ဒေါက်တာ ကိုနေ၀င်ရဲ့  သံမဏိစိတ်ဓါတ် ကိုလဲ ကျနော် အတုယူနိုင်ခဲ့ ပါတယ် ......။
                                                                      ( ၄ )
ဒီလို လူတွေ နဲ့  ရက်ရှည်လများ နှစ်ပေါင်း ဆယ်စု နှစ်တ၀က်ကျော် နေထိုင်ခဲ့ ကြပြီးကျနော်ရှေ့ ကနေထောင်
ကလွတ်သွားသူတွေ ကို ထောင်ရဲ့ အုတ်နံရံ မြင်ကွင်းကွယ်သည် ထိ နှုတ်ဆက်ကြ ၀မ်းသာ ခဲ့ကြ တယ် ....။
တကယ်တော့ ထောင်ဆိုတာ ပျော်ရွှင်ဖွယ်ရာ ဆုံစည်းရာနေရာမှ မပာုတ်ပဲလေ....။
ကျနော်ရှေ့ ကနေ ကိုထိန်လင်း ၊ ကိုကြည်ဖေကျော် ၊ ကိုဖုန်းမြင့်၊ကိုကျော်စိန် စတဲ့သူတွေ မရှေးမနှောင်းပဲ
ထောင်ကနေလွတ်သွားကြတယ် ။ သူတို့ ရဲ့ ကျောပြင် ကိုနောက်ဆုံးမြင်နေရချိန်ထိ ကျနော်တို့ လှမ်းကြည့်
ရင်း လက်ပြနှုတ်ဆက်ခဲ့ကြတယ် ...။သူတို လွတ်မြောက်သွားတော့ သူတို့ ကိုယ်စားဝမ်းသာ နေမိခဲ့ကြ
တယ် ....။ဒီလိုပဲ သူတို့ တတွေ ထောင်က လွတ်သလိုမျိုး ကျနော်လဲ လွတ်ချင်တာပေါ့လေ....။
ကျနော်တင်မပာုတ်ပါဘူး ....အာလုံးမှာ ဒီလိုပဲ ခံစားကြရမှာပါ......။
ကျောင်းတော်ကြီး ကသင်ပေးလိုက်တယ် ကိုယ်ရည်ကိုယ်သွေးတွေ .....စွမ်းဆောင်နိုင်မှု့ ....သီခံ နိုင်မှု့ ....
ကြံဆ နိုင်မှု့ တွေ.....အားလုံး....အားလုံး ကို အပြင်လောက မှာ အသုံးချပြီး ထောင်မကျခင် ကာလ က ကိုယ်
လုပ်နိုင်ခဲ့တဲ့ နိုင်ငံရေး (တော်လှန်ရေး)လုပ်ငန်းတွေ ထက်  အရှိန်မြှင့်ပြီး လုပ်ချင်တယ် .....။မိသားစု အပေါ် တာဝန် မကျေခဲ့တာတွေ ကိုပြန်ပေးဆပ်ချင်သလို  လစ်လျှူ ရှု့ ခဲ့တာတွေ ကိုလည်း ပြန်ဖြည်စည်းပေးချင်ခဲ့
ထဲမှာ ရှိနေကြတာပါ....။အိမ်ထောင်ရှိပြီးသား ဦးဇော်မြင်မောင်တို့  ....ကိုသက်နိုင်တို့  လိုသူတွေ မှာလဲ
ကိုယ်အိမ်ထောင်ကိုယ်မိသားစု အပေါ်တာဝန်မကြေခဲ့တာတွေ အတွက် ပြန်ပြီးဖြည်စည်းပေးချင်မှာ အမှန်
ပါပဲ....။အိမ်ထောင်မရှိသေးတဲ့ ကျနော်တို့ လူငယ်တွေ မှာလည်း ရည်မှန်းချက်တွေ မျှော်လင်ချက်တွေ က
တပုံတပင်ပါ....။
အဲဒီမျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ ကို အကောင်အထည်ဖော်နိုင်ဖို့  အားလုံးမှာ လွတ်ရက်တော့ ကိုယ်စီရှိကြပါတယ် .....၊ထောင်ထဲဝင်တုန်းကလဲ ၀င်တဲ့ ရက် အတူတူ မပာုတ်ခဲ့ ကြသလို လွတ်ရက် လဲ မ
တူခဲ့ကြပါဘူး.....။ အဲဒီမတူတဲ့ လွတ်ရက်တွေ ကို မျှော်လင့်ရင်း အသက်ရှင် လျှက် ထောင်က လွတ်ဖို့  အား
မွေး နေထိုင်ကြရတယ်ပေါ့ဗျာ......။
တနေ့ တော့ ကျနော်အတွက် ရည်မှန်းချက် ...မျှော်လင်ချက် တွေ အကောင်အထည် ဖော်နိုင်ဖို့ ဖြစ်လာခဲ့
စနေည.....တနင်္ဂနွေ ည........။ညသုံးည ပာာ ကျနော် အတွက် ငရဲ ဖြစ်ခဲ့တာ အမှန်ပါပဲ.......။
ကိုယ်ထောင်က လွတ်မဲ့ အတွက်ပျော်တယ် ..................။
ကိုယ်ရဲဘော်တွေ ကျန်ခဲ့ မဲ့ အတွက် ၀မ်းနည်းတယ် ................။
ကိုယ်မျှော်လင့်ချက်တွေ အတွက် ၀မ်းသာတယ် ...............။
ကိုယ်ဝမ်းသာ သလို ကိုယ်ရဲဘော်တွေလဲ ၀မ်းသာချင်ကြမှာပဲ ဆိုတဲ့ အတွေးနဲ့ စိတ်ထိခိုက်ရပြန်တယ် ......။
ကိုယ်စားချင်တာလေးတွေ စားခွင့် ရပြီဆိုပြီးပျော်တယ် ............။
သူတို့ တတွေ ချို့ ချို့ တဲ့တဲ့ ခြိုးခြံ စားနေကြရဦးမှာပဲ လို့ စဉ်းစားမိတော့ ခံစားရတယ် ...........။
ကိုယ်မိသားစု ကိုယ်ညီအကိုမောင်နှမတွေ နဲ့ ပြန်ဆုံ ကြရတော့မယ် ဆိုတဲ့ အတွေးနဲ့ ဝမ်းသာတယ် .........။
သူတို့ တွေ လဲ သူတို့ မိသားစုနဲ့ ဆုံချင်ကြမှာပဲလေ.....ဆိုတဲ့ စိတ်ကူးနဲ့  တိတ်တဆိတ်မျက်ရည် ကျမိတယ်..
ကိုယ့်အတွက်..................
ကိုယ့်အတွက်.................
ကိုယ့်အတွက်...................တွေ တွေးမိတယ် ............................။
ကိုယ့်လို သူတို.့.....................
ကိုယ့်လို သူတို.့.............
ကိုယ့်လို သူတို့ ..............ဆိုတာကို တွေးမိတယ် .........................။
နောက်ဆုံး.....တွေးလိုက်မိတာ တခုက ရှေ့ လူကြီးတွေ ပြောတဲ့ စကား... နေရာတိုင်းမှာ ခြွင်းချက် မရှိ မမှန်
ပါလားဆိုတာကိုပေါ့................ဘာတဲ့
 " ယောင်္ကျားတယောက်အတွက် အပျော်ဆုံး သုံးနေ့ ရှိသတဲ့..............
    ရှင်ပြန်တဲ့ နေ.....မိန်းမ ရတဲ့နေ......ထောင်က ထွက်တဲ့နေ "
ကျနော် အတွက်တော့ ထောင်က ထွက်တဲ့ နေပာာ အပျော်ဆုံး နေ့ တော့ မဖြစ်ခဲ့ပါဘူးဗျာ............။
                                                                                               ခိုင်ကိုဦး(ဆစ်ဒနီ)
                                                                                                ၂၃ . ၉ . ၂၀၁၆
၂၃ . ၉ . ၂၀၀၂ မှာ ထောင်ကလွတ်ခဲ့တာမို့  (၁၄) နှစ်ပြည့် အလွမ်း အဖြစ်ပြန်လည် ခံစားပါသည်......
အခုတော့ ကျနော်နဲ့  အတူနေခဲ့သူအားလုံးလဲ ထောင်ကလွတ်လို့ ဘ၀တွေ ကိုယ်စီ ရုန်ကန်းမှု့ တွေ ကိုယ်စီ ဖြစ်နေကြသလို .....ဦးပါပါလေး တို့ အမှု့ တွဲ သုံးယောက်စလုံး လူလောကမှာ မရှိတော့တဲ့ အတွက်တော့ ၀မ်းနည်းကြေကွဲ ရပါသည်...................။