Friday, 23 September 2016
..........."စိတ်နှောင်ကြိုး "..........
                                                        ..........."စိတ်နှောင်ကြိုး "..........
" နေရာက ........
မြက်ခင်းတွေ စိမ်းဆိုလန်း တဲ့ပန်းခြံအလယ် .........
ဘယ်လိုသာယာ နေတယ် ကိုယ်မသိတော့ဘူး.....
ဝေးပြီ......ဆွေးပြီ......ဝေး....ပော....ပော...."
ငယ်ငယ်က ကြိုက်ခဲ့ ဖူးတဲ....ဇော်ဝင်းထွဠ် ...သီချင်း တပုဒ်ကို ဖုန်းထဲ ဒေါင်လုတ်ဆွဲ သိမ်းထားပြီး အီယားဖုန်း လေးနာမှာတတ်...ကော်ဖီ ဆိုင်လေးထိုင်ရင် ငြိမ့်နေမိတယ်ပေါ့...........။
နေရာက....
Australia နိုင်ငံ Sydney မြို့ ရဲ့ လူစည်ကားရာ အရပ်ဖြစ်တဲ့ Auburn ရပ်ကွက် ...ရထားဘူတာရုံ ရှေက
Coffee Shop လေး မှာပါ...။ ဒီဆိုင်လေး ပာာ လမ်းသွား လမ်းလာ တွေ ဥဒပိာု ဖြတ်သန်းနေကျမို့  လူပြတ်
တဲ့ အချိန် ဆိုတာ မရှိသလို ရထားဘူတာ ၊ ဈေး ...ကျောင်း တွေ ရဲ့ လမ်းဆုံ ဖြစ်တာရယ် ...နောက်ပြီး
ကော်ဖီ ဆိုင် က မြန်မာပြည် ကလမ်းဘေး လဖက်ရည်ဆိုင် လို မြင်ကွင်းကောင်းတဲ့ နေရာ ဖြစ်တာရယ်
ကြောင့် Auburn ရောက်တိုင်း (အချိန် အများကြီး မရသည့်တိုင်) ထိုင်ဖြစ်နေကြ နေရာလေးပေါ့.....။
ကော်ဖီဆိုင် အနောက်ဖက်မှာ ရထားဘူတာရုံ....တဖက်ကားလမ်းကူးတော့ ရှော့ပင်စင်တာကြီး.....၊
နောက်ပြီး Macquarie Road ၊ အဲဒီ Macquarie Road ထိပ်က တိုက်မြ့င့်မြင့်ကြီးမှာ နေကြတဲ့ ကောင်မလေး
တွေ အများစု က အချော အလှလေးတွေ ပါပဲ....အများစု က သူငယ်ချင်းလေးတွေ စုပြီး အခန်းငှား နေတယ်
ထင်ပါ့....ဘူတာရုံ နဲ့ က လမ်းလျှောက်ရင် နှစ်မိနစ် သုံးမိနစ် သာသာ ရယ် ဆိုတော့ Sydney မြိုလယ် City
လို နေရာ မျိုး...Paramatta လို နေရာမျိုးမှာ ကျောင်းတက် ...အလုပ်လုပ် သွားကြသူတွေ အတွက် လမ်းပန်း
ဆက်သွယ်ရေး အလွန်ကောင်းတဲ့ နေရာလေ.....
ပောာ.....
အဲဒီဖက်က နေ ကားလမ်းကူးလာတဲ့ ကောင်မလေး က လွန်ရော ရှိမှ ဆယ်ရှစ် ဆယ်ကိုး ..... အာရှ သူ
လေး ပါပဲ ....ထိုင်းလား...ကိုရီးယားလား တော့ မသိ....အတော်လှ တာပဲ.....။ အသားအရည် လေးက ၀င်း
မွတ်လို့  အရပ်က လဲ မပု မရှည်....ကိုယ်လုံးလေး သွယ်သွယ် နဲ့  .....ကြည့် လို့ တော့ အတော်ကောင်းသား
.......။
လာပြန်ပြီ ...နောက်တယောက် Dartbrook လမ်းဖက်က လာတာနေမှာ အဲဒီ လမ်းက ကုလားလူမျိုးအများစု နေထိုင်ရာ အရပ်ဆိုတော့  India သူလေးနဲ့ တူပါ့......
နွားနို့ သောက်...ဒိန်ချဉ် နဲ့  နံပြား စားပြီး ကြီးလာသူတွေ ဆိုတော့ အသားလေးက ၀င်းမွတ်လို့ ........
ကိုယ်ကိုတိုင်က လဲ အာရှ ကလာသူဆိုတော့ အာရှသူလေးတွေ ဆိုရင် သဘောအလွန်ကျ တယ်ကို.....။
ပောာ.........
ဒါလေး က ကိုရီးယား ဖြစ်ဖို့ များတယ် ....ဘောင်ဘီတို အကြပ် ကလေးနဲ့  ပေါင်တံ ကလေးက စင်းလို့ ......
လှမှလှ.....
တချို့ မြန်မာမလေးတွေ နဲ့ တော့ကွာပါ....အတိုအပြတ်ကလေးတွေ ၀တ်ပါတယ် ၊ပေါင်တံ လေးကတော့
ဆင်နှာမောင်း ပေါင်တံ လေးပါပဲ ...ခြေသလုံးသား ကျတော့ တုတ်နေရော ....ခုပာာလေးက ပေါင်တံလေး
ရော ခြေသလုံးလေးပါ အတော်ကြည့်ကောင်းသား.....
ပောာ.....တယောက်
ပောာ.....တယောက်
ပောာ.....တယောက်..............................
ကိုယ်ဘေးနား အမှတ်တမဲ့ရောက်လာတာ သတိ မထားလိုက်မိဘူး.....။မော့်ကြည့်လိုက်တော့ကာမှ
ကိုယ်အိမ်သူ သက်ထား....
" ယောင်္ကျား.....ပြန်ကြရအောင်လေ...."
သမီးငယ်လေးက လှည်းလေးထဲ အိပ်လို့ 
"ရှင်ပြန်ရမှာ က မြစ်ကြီးနား အထိတောင်မှ .....အဝေးကြီးရယ်  "
" တော်ကြာ ထောင်ပိတ်ချိန် အမှီ မပြန်မိလို့  လျှောရက်တွေ ထဲကနေ အနှုတ်ခံနေရဦးမယ် "
" အေးပါကွာ....အေးပါ...."
ပြောရင်းကနေ ထအရပ် ထိုင်ခုံမှာ ထောင်ထားတဲ့ သံခြေကျင်း ကြီးကခြွမ်း ကနဲပြုတ်ကျ.......
အိမ်မက်က လန့် နိုးတော့ သြစီ ဆောင်းအေးအေး မှာ ချွေးတွေ ကစိုရွှဲ လို့ ရယ် .............။
                                                                                  ခိုင်ကိုဦး(ဆစ်ဒနီ)
                                                                            ၂၃ . ၉ . ၂၀၁၆ -သောကြာည
No comments:
Post a Comment