Tuesday, 9 December 2014

ဇာဂနာဘာမှ မသိရပါဖူး

ခတ်သတင်း
ခုတစ်ပတ် ပဲ့ တင်သံထဲ က ဆောင်းပါးပါ။
ဇာဂနာဘာမှ မသိရပါဖူး
ဂွတော့ကျနေပြီ။ဇာဂနာနေမထိထိုင်မသာဖြစ်နေပါတယ် ခမျ။ဟုတ်ကဲ့ နေလို့ လဲမထိထိုင်လို့ လဲမသာမယာပေါ့လေ။မခက်ပါလား။ဗမာစကားကလဲတော်တော် တာသွားတာပါ။နေတာတောင် မထိဖူးဆိုတော့ မော်လမြိုင်ဖက်ကစကားထင်ပါရဲ့ ။မထိဖူး၊စားမထိဖူး၊သွားလို့ လဲမထိဖူးဆိုတာမကောင်းဖူးဆိုတဲ့ အနက်ရတာပေါ့ခမျာ။ဇာဂနာထင်တာပြောပါတယ်လေ။ခုလဲနေမထိဖူးဆိုတာနေလို့မကောင်းတာပေါ့လေ။နေမကောင်းတာလို့ ဆိုပြန်တော့ မကျန်းမာတာဖျားတာလိုလိုဖြစ်ပြန်ပါကရော။အမှန်ကတော့ နေလို့ ထိုင်လို့  မသက်မသာမသာမယာတာပေါ့ခမျ။ဒါလဲပဲတိတိကျကျ သဘောပေါက်စရာတော့ မဟုတ်ပြန်ဖူးခမျ။ဒါကြောင့်ပြောတာပေါ့ ဗမာစကားကအဓိပ္ပါယ်လိုရင်းကိုရောက်ဖို့ ဘယ်လိုပြောရမှန်းကိုမသိတာ။
ဇာဂနာမသိတာမတတ်တာလဲဖြစ်မှာပါလေ။သိတဲ့တတ်တဲ့နားလည်တဲ့တတ်ကျွမ်းတဲ့ဆရာ့ ဆရာ ကြီးများကတော့ ဗမာစာဗမာစကားကိုအမျိုးမျိုးလှည့်ပတ်ပြောတတ်လိုက်ကြတာ၊သိတ်အားကျတာပါပဲဗျာ။သူတို့ မို့ လဲပြောတတ်တာပါလေ။ဇာဂနာတို့ ကတော့ မပြောတတ်ပေါင်။ကြည့်လေ၊သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူကြီးကပြောလိုက်ပုံများ။

“တွေ့ဆုံဆွေးေ နွးမှုနဲ့ပတ်သက်ပြီးအခြေခံ့ချဉ်းကပ်ပုံချင်းကကွာခြားနေတဲ့အတွက် တဲ့ ။”
ကိုင်း၊ ဘယ်လိုသဘော ပါ ကြပါသလဲခမျာ။ဇာဂနာတို့ ကတော့ ပိန်းပါတယ်။တော်တော် ပိန်းပါတယ်။နားကိုမလည်ပါဖူးခမျာ။အခြေခ့ချဉ်းကပ်ပုံဆိုတာကိုကနားမလည်တာပါ။ဒေါ်အောင်ဆန်းစုကြည် ကလေးပွင့်ဆိုင်လို့ တောင်းဆိုတယ်။သမ္မတ က တမူးပိုရှူပြီးဆယ့်လေးပွင့်ဆိုင်လိုက်တယ်။လွှတ်တော် နာယက က လူလည် လုပ်ပြီးခြောက်ပွင့်ဆိုင်တယ်။ပြီးတော့တင်ပြတောင်းဆိုတာက ကြံ့ခိုင်ရေးအမတ်။တစ်ခါ နာမည်ကောင်းယူလိုက်ပုံများကတော့ သင်းလို့ ။ခြောက်ပွင့်ထဲမှာကြံ့ခိုင်ရေးကမပါပါဖူးတဲ့ ။ဟင်၊ဒါဆိုသမ္မတရယ်၊အပေါ်လွှတ်တော် ဥက္ကဌရယ်။အောက်လွှတ်တော် ဥက္ကဌတို့ ရယ်ကဘယ်ပါတီကတုန်းလို့ ။ခြောက်ပွင့်ထဲမှာသုံးပွင့် တောင် ကြံ့ခိုင်ရေးလေ။ရာခိုင်နျှန်းနဲ့ဆိုရင်တော့ ငါးဆယ်ရာနှုန်းပေါ့ခမျာ။ဒါကိုတစ်ခါ သမ္မတဖက်က ငြင်းတယ်ခမျ။

ဒီမိုကရေစီနိုင်ငံဖြစ်ချင်ရင်တော့ သဘောတူတာမတူတာကိုလက်ခံရမှာပေါ့။ဇာ၈နာ တို့ နားလည်ပါတယ်။လက်ခံပါတယ်။နားမလည်တာကအဲဒီပြောခွင့်ရ ဆရာကြီးရဲ့အခြေခံ့ချဉ်းကပ်ပုံဆိုတာကိုပါ။ဘယ်လိုချဉ်းကပ်ရမယ်၊အခြေခံ က ဘာ၊ အဆင့်မြင့် ကဘယ်လိုစသဖြင့်လေးတော့ ဇာဂနာတို့ ကိုသင်ပေးကြပါခင်မျ။ဇာဂနာတို့ က ပိန်းပါတယ်။ဆရာတို့ သင်ပေးလို့တတ်သွားရင်လဲဆရာတို့ ကိုကာမပြန်ပါဖူးခမျ။ဆရာတို့ ကဆရာတို့ ပါပဲလေ။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ချဉ်းကပ်ပုံလား။ဆရာတို့ ကြံ့ခိုင်ရေးအမတ် ရဲ့ချဉ်းကပ်ပုံလား။ဆရာတို့  ကြံ့ခိုင်ရေးကနာယက ကြီးရဲ့ ချဉ်းကပ်ပုံလား။မေရမရာမသဲမကဲြၾကီးခမ်။ဒီလိုမရှင်းမရှင်းပြောတတ်မှ ပြောရေးဆိုခွင့်ရ ဆရာ ကြီးဖြစ်မယ် ဆိုလဲမရှင်းမရှင်းပြောနည်းသင်တန်းလေးဘာလေးပေးပါဦးခမျ။တက်ချင်လွန်းလို့ ပါ။ဆရာတို့ ကိုနမူနာယူပြီးဇာဂနာပြောကြည့်မိပါတယ်။
“ယေဘူယျဆန်တဲ့ သီးခြားသဘာဝ ဆောင်မှု ကင်းတဲ့ လိုက်လျောဖို့ အလို့ ငှာခက်ဖွယ်ရျိတဲ့ တောင်းဆိုမှုတစ်စုံတစ်ရာကိုရုတ်ချည်းတုန့် ပြန်စကားဖြစ်စေ၊လတ်တလောအကြောင်းပြန်သည် ဟုယူဆခြင်းဖြစ်စေ၊စာသားဖြင့်အကြောင်းပြန်ခြင်းငှာမစွမ်းသာတော့သဖြင့် ယာယီသဘောအရမိမိတို့ ၏ အခြေခံမူဘောင်ထဲမှ ငြင်းဆိုပိုင်ခွင့် ကိုသုံးကာအကြောင်းပြန်လိုက်ရပါကြောင်း”
ကိုင်းသဘောပါကြပါသလား။ဇာ၈နာ တို့ ကတော့ ခတ်ပိန်းပိန်းပဲ၊ဆရာသမားတို့ ကိုအားကျလွန်လွန်းလို့  ပြောထည့်ချ လိုက်ပါပြီခမျ။တစ်ခါ ခုလိုလွှတ်တော် က ပြောတာလဲအဆိုပဲတဲ့ ။သမ္မတကငြင်းလို့ရပါသတဲ့ ။သည် အဆိုကြောင့်  ဆယ့်လေးပွင့်ဆိုင်ဖို့ တောင် နှောင့်နှေးသွားပြန်ပါပြီတဲ့ ။ပြောတတ်လိုက်ပုံများနော်။သမ္မတနဲ့ လွှတ်တော် နာယကနဲ့ က ဘော်ဒါဘော်ကျွတ်တွေပါခမျ။တစ်ဆရာထဲတပည့်တွေပါခမျ။တစ်မိန့် ထဲရဲ့အောက်မှာအတူတူနေခဲ့သူတွေပါခမျ။တစ်မိုးအောက် က လူတွေပါ။

ဇာ၈နာ တို့ ပြည်သူတွေကသူတို့ပြောနေဆိုနေတာတွေကိုကြည့်ြ့ပီးလွှတ်တော် နဲ့ အုပ်ချုပ်ေ၇း မဏ္ဍိုင်တော့ ပွတ်တိုက်ပြန်ပြီလို့ ထင်စရာပေါ့လေ။ခနခနပွတ်တော့လဲပါးတယ် ခမျ။ပါးပါတယ်။အချင်းချင်းမသိတာလိုက်လို့ ၊သန်းတိုးအောင် နဲ့မျိုးလှိုင်ဝင်းတို့ လိုပေါ့ခမျာ။ဘယ်သူ က ဘယ်ကိုပြေးရင် ဘောလုံးဘယ်ကိုပေးရမယ် ဆိုတာအထာနပ်နေသူချင်းပဲဟာ။ဈေးမကြိးကြီးအောင် မူကြပေါ့ခမျ။မူကြပါ၊မူကြပါ။ပွတ်မူပေါ့လေ၊ဖွတ်မူမဖြစ်ဖို့ တော့လိုတာပေါ့ခမျာ။
ဇာ၈နာ တို့ ကတော့ လေးပွင့်ဆိုင်ပဲလုပ်လုပ်၊ဆယ့်လေးပွင့်ဆိုင်ပဲလုပ်လုပ်၊ခြောက်ပွင့်ဆိုင်ပဲ လုပ်လုပ်၊ကြိုက်တာလုပ်။တိုင်းပြည် ငြိမ်းငြိမ်းချမ်းချမ်းတိုးတက်သွားရင် ပြီးတာပါပဲ။အသေအချာတွေးကြည့်ပေါင်းကြည့်လိုက်တော့ စုစုပေါင်း နှစ်ဆဲ့လေးပွင့်ခမျ။ကိုင်ရိုနည်းအရတော့ ပေါင်းခြင်းခြောက် ဂဏန်းရတာပေါ့လေ။ခြောက် ဂဏန်းဆိုတာကအမေကိုကိုယ်စားပြုတာပေါ့ခမျာ။မိခင် ဆိုတဲ့လက္ခဏာခမျ။ဇာ၈နာ ကတော့ သိတ်ကြိုက်ပါတယ်။ပြီးတော့ ပြည်သူတွေကိုချစ်တဲ့ သဘောပါတယ်ပေါ့။ဟော။လေးဂဏန်းကျတော့ ဧကရာဇ် ဘုရင်ကြိးခမျ။အင်ပါယာချဲ့ ထွင်သူလို့  သဘောပါပါတယ်။အာဏာရှင်ဆန်တာပေါ့လေ။ဇာ၈နာ ကတော့ နည်းနည်းကြောက်တတ်တယ်ခမျ။တော်တော်ကြာမင်းတြားကြီးများ ပြန်ပေါ်လာလေမလားပေါ့။သမီးတော် တွေ မြေးတော် တွေဆိုတာ ပါ ပြန်ပေါ်လာရင်တော့ ကွိုင်ပဲလို့  စိုးရိမ်တာပေါ့လေ။
ဒီတော့ ခြောက်ပွင့်က အမေ ၊လေးပွင့်က ဧကရာဇ် ကြီးပေါ့။ဇာဂနာကတော့ စဉ်းစားကြည့်တာပေါ့။ဘယ်နှပွင့်ဆိုကောင်းမလဲလို့ ။ဒီလိုစဉ်းစားမိပါတယ်။ခြောက်ပွင့် နဲ့ လေးပွင့် နဲ့ပေါင်းလိုက်ပါလားခမျာ။ဆယ်ပွင့်ပေါ့။ဒါဆိုဘူပဲ။ ဇာ၈နာ ကတော့ဖဲသမားဆိုတော့လေ။ဖဲစကားပဲပြောတတ်ပါတယ်။ဆရာတို့ လိုကွေ့ကွေ့ကောက်ကောက် လူနားမလည်အောင်တော့မပြောတတ်လို့ ပါ။ဆယ္ပြင့္ဆိုင္လိုက္ပါခမ်။ဘူပွင့်ဆိုင်ပေါ့။မှတ်ရလဲလွယ်ပါတယ်။ပြည်သူတွေရောသမိုင်းဆရာတွေပါနောင်သောအခါ ရေးကြသားကြပြောကြရင် ဘူပွင့်ဆိုင် က ဘူရလာဒ်တွေကိုဘူသမ္မတဘူဥက္ကဌတို့  အကောင်အထည်ဖော်လိုက်တာဘူဖွ့ွဲ့ စည်းပုံကြီးပြင်ပြိးသွာပါလေရောတဲ့ ကွယ် ဆိုဘယ်လောက်ကောင်းမလဲနော့။
ဒါတွေလဲ ဇာ၈နာ သိလို့ ပြောတာမဟုတ်ပေါင်။ဇာ၈နာ့အကိုကြီး စံဇာဏီဘိုပြောပြလို့ သိရတာပါ။တကယ်တော့ဇာဂနာဘာမှ မသိရပါဖူးခမျာ။

ဇာဂနာ
၂၉နိုဝင်ဘာ၂၀၁၄

No comments:

Post a Comment