Saturday, 28 March 2015
                                                     ပါဝါ ၅၄ အမှတ်တရ (၁၂)
ဒီနေ့ တော့ အန်တီ ရဲ့  လက်အောက်ငယ်သားတွေ (တနည်း) လူငယ်တွေ အပေါ်ထားတဲ့ ချစ်စရာကောင်း
တဲ့ စိတ်ဓါတ်လေး အကြောင်းပြောချင်ပါတယ်...။
တချို့ တချိုသော လူကြီးတွေ ပာာ.ကိုယ်လက်အောက်ငယ်သား တွေ ကိုယ်ထက်ငယ်တဲ့ လူငယ်တွေ အပေါ်
မှာ လစ်လျှူ  ရှု တတ် အလေးမထားတတ်ကြတာတွေ ကြုံတွေ့ ဖူကြမှာပါ...။ ကျနော်ချစ်တဲ့ ကျနော်လေးစားတဲ့
လူထုခေါင်းဆောင် ကတော့ တကယ်ကို နာယက ဂုဏ် နဲ့ ပြည်စုံသူလို့ ဖော်ညွှန်းရင် ကျနော် မလွန်ပါဘူး...။
အန်တီပာာ သူအိမ်ခြံဝင်းအတွင်း နေထိုင်တဲ့ လူကြီးလူငယ် ယုတ်စွ အဆုံး ခြံထဲက ထောက်လှမ်းရေးက အစ
အမြဲ ဂရုတစိုက်ရှိလှပါတယ်....။ထောက်လှမ်းရေးတွေနဲ့ ပါတ်သက်တာကို အရင်ပြောရရင် တကြိမ် မပာုတ်
နှစ်ကြိမ် တိုင်တိုင် ပါပဲ..။ ပထမ တကြိမ်က အန်တီ လုံခြုံရေးတာဝန်ခံ ကိုမော်ကြီး မွေးနေမှာပါ...
ရှေက စာတွေမှာ ကျနော် ပြောခဲ့ သလိုပါပဲ...အန်တီသွားမဲ့ ခရီးစဉ် အတော်များများ ကို ကျနော် ကြိုသိပါ
တယ်...ဒီနေ ဘယ်အချိန်ဘယ် ကိုသွားမယ် ဆိုတာကိုပေါ့....။ အဲဒီနေ့ မတိုင်ခင် ည ကတဲက မနက် ကို
အန်တီ ရွှေတိဂုံ ဘုရားတက်မယ်  ဆိုတာ ကို ကျနော် ကြိုသိထားပါတယ်...မနက် ၅ နာရီလောက်မှ လိုက်ရ
မဲ့ လုံခြုံရေးလူငယ် တချိုကို နှိုးပြီး ပြင်ဆင်စေခဲ့ပြီး အန်တီနဲ့  အတူ ဘုရားကို ရောက်လာကြပါတယ်....။
ကျနော်တို့  လုံခြုံရေးလူငယ်တွေ စီးတဲ့ ကား ဆန်နီ ပစ်ကပ်လေး နောက်မှာ ဆိုင်ကယ်နဲ့  ထောက်လှမ်းရေး
တယောက်ပာာ ဘယ်သွားသွား လိုက်လေ့ ရှိပါတယ်....။ အန်တီ စီးတဲ့ ကား တိုယိုတာ မတ်တူး ကြီး ကားဂိုဒေါင်ထဲက နေ မောင်းထွက် လာပြိဆိုရင်တော့ ခြံဝင်းထဲက ထောက်လှမ်းရေးကားတစီး( တိုယိုတာ 
ဗန် အပြာရောင်) ခြံရှေ့  တဖက်ခြံဝင်းထဲက ပိာုင်းလတ် အ၀ါ တစီး က အန်တီကားနောက်က နေ လိုက်ပါ
နေကျ.....။အဲဒိနေမနက် ကျတော့ ဘုရားရောက်တဲ့ အထိ ကျနော် တို့ လူငယ်ကားနောက်က လိုက်တဲ့
ဆိုင်ကယ်နဲ့ ထောက်လှမ်းရေး ကလွဲ လို့ ဘယ်သူမှ ပါမလာပါဘူး....။ အဲဒါကို သတိထား မိတဲ့ အန်တီက ဘုရား
ပေါ် တက်ကာနီးမှာ ကျနော် တို့ လူငယ်တွေကို လှမ်းပြောပါတယ်....ခြံရှေ ကလူတွေ တယောက်မှ ပါမလာပါ
လား...အန်တီထွက်လာတာ မသိလိုက်ကြဘူးနဲ့ တူတယ် ...သွားပြောလိုက်ကြပါဥိး...တော်ကြာ သူတိုတွေ အထက်က ဆူ တာ ခံနေရဦးမယ် .....တဲ့လေ....။ 
နောက်တကြိမ် က ညနေ တရက်ပေါ...အန်တီအိမ်က နေ အဘ ဦးကြည်မောင် အိမ်ရောက်တဲ့ အထိ ဘယ်
ထောက်လှမ်းရေးမှ ပါမလာလို့  အဘ ဦးကြည်မောင် အိမ်ရှေ့  အမြဲ ဆိုင်ကယ် တစီးနဲ့ စောင့်နေတတ်တဲ့ 
ထောက်လှမ်းရေးကို သွား အကြောင်းကြားခိုင်းတယ် ....ခြံထဲက ထောက်လှမ်းရေးတွေ ကို အထက်က ထု
ထောင်းမှာ ကို အန်တီစိုးရိမ်တာလေ....အရာရှိ သုံးလေးယောက်လောက်က လွဲလို့  ကျန်တာတွေက လူငယ်
တွေ ပါပဲ ...အမြဲ မြင်နေတွေ နေကျ ဆိုတော့ ခင်မင်နေတာလဲပါမှာပေါ့... ။အန်တီ ပါလာတာ ပြောလိုက်ပါ
တော်ကြာ ကလေးတွေ အဆူးခံနေရပါဦးမယ် တဲ့......။
ကျနော်တို့  ခြံထဲနေသူတွေ ထဲက တယောက်....ကိုလှမျိုးသွင် အခန်းအနားတခု အတွက် လုပ်ရင်းကိုင်ရင်း
ခြေထောက်ကို ထိခိုက်ဒဏ်ရာ ရသွားစဉ်ကလဲ အန်တီ သိသိခြင်း ခန်းမ ထဲ ၀င်လာ ကိုလှမျိုးသွင် (အာရာဖတ်)သွေးတွေထွက်နေတဲ့  ခြေထောက်ကို ဆေးထည်ပေးနေတဲ့ဘေးကနေကြုံကြုံလေးထိုင်ကြည်ရင်း
ဘယ်လိုနေလဲ သား....အရမ်းနာနေလား...ဆေးခန်းသွားမှ ဖြစ်မယ် နဲ့ တူတယ် ....တော်ကြာမေးခိုင်ပို ၀င်
သွားရင် ပိုခက်လိမ်မယ် လို့ ပြောရင်း လမ်းထိပ် ဆေးခန်းကို အရောက်လိုက်ပို့ ပါသေးတယ်....။
ဒီလိုပါပဲ .....အခု ကျနော်နေတဲ့ သြစတေးလျှ နိုင်ငံ ရဲ့ ပါတ်မြို့ မှာနေထိုင်နေတဲ့ ကိုတင်လှိုင်(ခ) ကိုအီဗားကို
လှည်တန်း မီးပွိုင့်မှာ စစ်ထောက်လှမ်းရေးတအုပ် ခွေးလိုက်ဆွဲ သလို လိုက်ဖမ်းကြ တဲ့  ညကလဲ အန်တီ
ချက်ချင်း ကားထုတ်စေပြီး လှည်းတန်းမီးပွိုင့် နဲ့  လှည်တန်းဈေး ၀န်ကျင်မှာ အန်တီက ကားပေါ်က ထိုင်စောင့်
ကျနော်တို့ လူငယ်တွေ က ကိုအီဗားကို လိုက်ရှာ ခဲ့ကြတာ တစ်နာရီ နီးပါးပဲ.....လိုက်ရှာ လိုက်စုံစမ်းလို့ ဘာ
သတင်းမှ မရတော့တဲ့ အဆုံးမှ အန်တီ အိမ်ပြန်လာတာပါ....။
အဲသည်လို့ အန်တီပာာ ဂရုတစိုက် ရှိတတ်သူပါ....။ အသေးအဖွဲ လေးက အစ ဂရုတစိုက် ရှိတတ်တာ အန်တီ
ကန်ထဲ ကနေ ဘယ်လိုတက်ပြီးဘယ်လိုရောက်လာတယ်မသိ ခန်းမကြီးနောက် ဖက်ပါတ်လမ်းမှာ လှုတ်လီ
လှုတ်လဲ့ သွားနေတာကိုတွေ ရတော့ ....အန်တီက ပုံးတပုံးထဲ ရေထည်ပြီး တခြားနေရာမှာ သွားလွှတ်ပေး
လိုက်ပါ...သူဒီကန်ထဲ မှာ မနေချင်တော့လို့ တက်လာတာနဲ့ တူတယ်....တဲ့လေ....။
အန်တီ ဂရု စိုက်တတ်တာလေးတွေ ပြန်စဉ်းစားမိတော့ကျနော်နဲ့တိုက်ရိုက်ပါတ်သက်တာလေး တခုလဲ သတိ
ရမိပါသေးတယ်....။ကျနော်နဲ့ ဆိုတာထက် ကျနော် တို့ နဲ့  လို့ သုံးရင်ပိုသင့်တော်ပါလိမ်မယ် ....။မှတ်မှတ်ရရ
ပါပဲ.....ကျနော်ရယ် ...အခု အမေရိကား မှာ နေတဲ့ ဖိုးခွားရယ်...ပြီးတော့ ကိုလှမျိုးသွင်(အာရာဖတ်)ရယ် သုံး
ယောက်ပေါ့....။  အကြောင်းက အန်တီ အိမ်နောက်က  အိမ်သာကျင်း တခု အတွက်ပါပဲ ...
ပင်မ အိမ်သာကျင်းမပာုတ်ပဲ တတိယ ကျင်းတခုက သဲနှုံးတွေ နဲ့ ပြည်နေပြီး သုံးမရတော့ တာကြောင့် အဲဒီ
တွင်းကိုရှင်းလင်းပြီး ပြန်လည် အသုံးပြု လို့ ရအောင် အလုပ်သမားခေါ်ပါတယ်....။လာတဲ့ အလုပ်သမားတွေ
က သဲနှုံးတွေ သယ်ထုတ်ဖို့  အတွက်တင် ငွေ သုံးထောင် တောင်းပါတယ်...။ ၉၆ ခုနှစ်မှာ ငွေ သုံးထောင်ဆို
တာ အတော် အသုံးဝင်သေးတဲ့ခေတ်မပာုတ်လား...။
ငွေသုံးထောင် ဆိုတာ ခြံထဲမှာ ရှိတဲ့ သူအားလုံးကို ထမင်းပာင်းချက်ကြွေးမယ် ဆိုရင်တောင် သုံးလေးငါးရက်
အသာလေးကြွေးလို ရတယ် လိုတွေးမိပြီး အဲဒီအိမ်သာကျင်းဖော်တဲ့ ကန်ထရိုက်ကို ကျနော်တို့ သုံးယောက်
အခမဲ့ လေလံဆွဲဖြစ်သွားတယ်ပေါ့......။
ဒီလိုနဲ့  ကျနော်တို သုံးယောက် တယောက်က ကျင်းထဲဝင် သဲနှုးံတွေ ခပ်ရင် နှစ်ယောက်က ခြံထောင့်မှာ သွားပုံ ပြီး အလှည်ကျ လုပ်အားပေးနေတုန်း ကိုစိုးဝင်း (ယခု လက်ရှိ အန်တီအနားရှိနေသူ အသားညိုညို
ပုပြတ်ပြတ် ရုပ်ဆိုးဆိုး....ရုပ်သာဆိုးတာ စိတ်ရင်း အတော်ကောင်းပြီး ရဲဘော်ရဲဖက်စိတ် အင်မတန်ရှိသူ)
က ဆိုနီ ဗွီဒီယို ကင်မရာကြီးစမ်းပြီး ကျနော်တို့  အိမ်သာကျင်းတူးတဲ့ အလုပ်ကို စက်စမ်းရင်း မှတ်တမ်းလာ
တင်ပါတယ်....။ကျနော်တို့ တတွေလဲ ရယ်ရယ်မောမော နောက်နောက်ပြောင်ပြောင်နဲ့ ပေါ့....။
ကိုစိုးဝင်း အိမ်ထဲ ပြန်ဝင်သွားပြီးများမကြာခင်မှာပဲ ..... ကလေးတွေ ကို ဘာလို လုပ်ခိုင်းရတာလဲ ကိုနီ ရယ် ဆိုပြီးအပြစ်တင် ရင်း  ကိုနီ နဲ့ အတူ အန်တီရောက်လာပါတယ်.....ဦးနီ က ကျနော် ခိုင်းတာ မပာုတ်ကြောင်း
သုံးထောင်တောင်းတာ ဈေးကြီးလို့ သူတိုဖာသာ လုပ်မယ် ဆိုပြီးလုပ်တာဖြစ်ကြောင်း ပြောတော့ အန်တီက
အဲဒါ ဆိုလဲ ကိုနီ သူတို တတွေကို တခုခုတော့ပြန်လုပ်ပေးသင့်တာပေါ့...တဲ..သားတိုကဘာလုပ်လုပ်ရတာလဲ
အလုပ်သမားအပ်လိုက်တာ မပာုတ်ဘူး တဲ့....သူတို့ အလုပ်ပြီးသွားရင် ကျမ ကို လာပြော ပါတဲ့ .....ရီရီပြုံးပြုံး
ပါပဲ......။အစက ကျနော်တို့ အလုပ်ပြီးသွားရင် နောက်ဆက်တွဲ မလုပ်သင်ကြောင်း ...မသင်လျှော်ကြောင်း
တွေ ခေါ်ပြောမယ် လို့  ထင်နေခဲ့ တာပါ.....။ဒါပေမဲ့ ကျနော် အထင် တက်တက်စင်အောင်လွဲ ပါတယ် ......။
အလုပ်ပြီး လို့  ရေချိုးဖို့ ပြင်တော့မှ....ရေချိုးတယ် ဆိုတာက အဲဒီ အိမ်သာကျင်းနဲ့ မလှမ်းမကမ်း ရေဘုံပိုင်မှာ
ရေတိုင်ကီ ပိုင်ပြတ် နဲ့  ရေထည့် ရေချိုးတော့မှ အန်တီရောက်လာပြီး ကိုယ်တိုက်ဆပ်ပြာရယ် ..ဒက်တော့
ပိုသတ်ဆေးရည် ရယ်ယူလာပေးပြီး အန်တီကိုယ်တိုင် ပိုသတ်ဆေးရည်နဲ့  ရေ ရောစပ်ပေးပြီး ကျနော် တို့ ကို
ရေချိုးစေတာပါ.....။ သဲတွေ နုံးတွေပဲ ဆိုပေမဲ့ ပိုမွှားကတော့ ရှိနေမှာပဲ....ဒီဆေးနဲ့ စပ်ပြီးချိုးတော့ သားတို့ 
အတွက်ကောင်းတာပေါ့....ရေချိုပြီးရင် အန်တီဆီ လာခဲ့ ကြဦးနော် လို့ ပြောသွားပါတယ်.....။
တယောက်နဲ့ တယောက် ရေနဲ့ ပက်လိုက် ဆော့လိုက်နောက်လိုက်ပြောင်လိုက်နဲ့  အန်တီဆေးစပ်ပေးခဲ့တဲ့
ရေးကို တ၀ကြီးချိုးခဲ့ ရပါသေးတယ် .....အိမ်သာကျင်းတူးတဲ့ကောင်တွေပဲပြောပြော ....ဘာပဲပြောပြော.......
အန်တီ ဂရုတစိုက်နဲ့ ဆေးစပ်ပေးလို့  ချိုးခဲ့ ရတဲ့ရေ က ခုထက်ထိ ပြန်တွေးရင် နွေးနေဆဲပါပဲ......။
အဲဒီည ပြန်တွေ့ တော့ ကချင်ပုဆိုးတထည် နဲ့  အန်တီ ဓါတ်ပုံ စတေကာပါတဲ့  တီရှပ်တထည်စီ လက်ဆောင်
ရခဲ့ပါသေတယ်.....။
အန်တီ ဓါတ်ပုံ စတေကာပါတဲ့  တီရှပ်တထည် ဆိုတာ အဲဒီခေတ်အဲဒီကာလ မှာ အတော်ရှားတယ်လေ.....
                                                                                                  ခိုင်ကိုဦး(ဆစ်ဒနီ)
                                                                                          ၂၈ . ၃ . ၂၀၁၅ ည ၂း၃၄
No comments:
Post a Comment