Wednesday, 21 December 2016
……..သံယောဇဉ် ဆိုတာ…….(၁)
      ……………..သံယောဇဉ် ဆိုတာ…….(၁)
ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဖေစ့်ဘုတ် မိတ်ဆွေ တယောက်ရဲ့ စတေးတပ် တခု
မှာ မမျှော်လင့် ပဲ ရဲဘော်တဦး ရဲ့ ဆေးရုံတက်ရတဲ့  သတင်းကို အမှတ်မထင် မြင်
ဒီလိုဗျာ……
ကျနော် နေခဲ့ဖူးတဲ့ မြစ်ကြီးနား အကျဉ်းထောင်မှာပေါ့.။ ဒုတိယ အသုတ် အဖြစ်
ပြောင်းလာတဲ့ အထဲ မှာ မရမ်းကုန်းမြိုနယ်က ဦးဥာဏ်သောင်းဆိုတာ ပါလာတယ်။
(ကျနော် ရေးဖူးတဲ့ ထောင်အကြောင်းတွေ ထဲမှာ ပါခဲ့ဖူးပါတယ် ) .။ သူ က အရပ်ပု
ပု အသားဖြူဖြူ  ၊ အသားဖြူတာကလည်း သူက တရုပ် မျိုးနွယ် စပ်တယ် လို့ ပြောဖူး
ပါတယ် ..။ တရုပ် လူမျိုးနာမည် က ချူးကို  ပါတဲ့ ။အဲဒီချူးကို ကို ခေါ်ကြရင်း ခေါ်ကြရင်းနဲ့ ချစ်ကို ဖြစ်လာပြီး ဦးချစ်ကို လို့ လဲ လူအများက သိကြပါတယ် .။
အဲဒီတော့ ကျနော်က လဲ ထောင်ထဲ မှာ နှုတ်ကျိုးခဲ့တဲ့ အတိုင်း ဦးချစ်ကို လိုပဲ ပြော ပါ
ရစေ တော့.။
ဦးချစ်ကို က လူပု စိတ်တို တယောက်ပါပဲ ၊ ဒါပေမဲ့ သူစိတ်တို တာ ပာာ ထောင်အာ
ဏာ ပိုင်တွေ အပေါ်မှာသာ စိတ်တို့ တတ်တာပါ ..။ကိုယ်ရဲဘော် အချင်းချင်း ဆိုရင်
အင်မတန် စိတ်ရှည်ပြီး ဖော်ရွေ တဲ့ လူကြီးတယောက်ပေါ့.။ အပြင်လောက မှာ
နေစဉ် က မရမ်းကုန်းမြိုနယ် အန်အယ်ဒီ ပါတီဝင် လူကြီး .။ဘယ်သူမှ မလုပ်ရဲ 
တဲ့ အချိန်မှာ သူပာာ သူကိုယ်ပိုင်အိမ်မှာ ပါတီရုံးခန်းဖွင့်ခွင့် ပေးထားသလို သား
သမီးတွေ ကလဲ နိုင်ငံရေးတက်ကြွ လှုတ်ရှားသူတွေ ပါပဲ ။ ကိုယ်ပိုင်စီးပွားရေး နဲ့ 
အဆင်ပြေ ချမ်းသာသူ သူဌေး တယောက် လို့ ပြောရင်ရပါတယ် ..။ သူလုပ်ငန်း အ
ကြောင်းကိုလဲ သူထိန်ချန်မထား ပဲ ပြောဖူးပါတယ် ။ ဒိတော့ ထောင်ထဲ မှာ ထောင်ဝင်
စာ ပုံမှန်လာနိုင်ပြီး အဆင်ပြေတဲ့ နိုင်ငံရေးအကျဉ်းသားတယောက်ပေါ့.။
သူထောင်ဝင်စာ ကိုလည်း သူတယောက်တည်း သုံးဆွဲ တာ မပာုတ်ပဲ ဘ၀ တူရဲဘော်
တွေ ကို အမြဲဝေချမ်း မျှတ ပေးတတ်သူ ပေါ့..။သူဆီမှာ မပြတ်တာ ကတော့ ဆေးလိပ် ပါ ။ ထောင်ဝင်စာ ရက် မရောက်သေးလို့ ထောင်ဝင်စာ မလာနိုင်လို့ 
ဆေးလိပ် သောက်စရာ မရှိ ရင် သူဆီက  သာ  တောင်း သူမှာ အမြဲရှိ ပါတယ် ။
ဆေးလိပ်ကြိုက်တတ်သလို ထောင်ထဲ မှာ လက်မှု့ ပညာလေးတွေ သင်ခွင့် လုပ်
ခွင်ရတော့ ဦးချစ်ကို အမြဲ လုပ်နေတာ လုပ်တတ်တာ က ဂက်စ်မီးခြစ်ထည့်တဲ့ 
သိုးမွေးထိုး မီးခြစ်အိပ်ကလေးတွေ ပါပဲ.။ ဘယ်ဈေးရယ်တော့ မမှတ်မိတော့ ပါ
ဘူး သူဆိုင်ဖွင်ထားတာလေ။ အဲဒီဈေး က သူဆိုင် ၀န်းကျင်က သူမိတ်ဆွေ တွေ
သူ သူငယ်ချင်းတွေ အတွက် ထောင်ဝင်စာလာတဲ့ မိသားစု ကနေ တဆင့် အဲဒီ မီး
ခြစ် အိပ်လေးတွေ ကို လက်ဆောင် ပေးနေကျ ပေါ့.။ ပြီးတော့ သူထိုးတဲ့  မီးခြစ်
အိပ် အလုံးအရေအတွက် ကိုလဲ သူမှတ်ထားပါတယ် ။  တနေ့ တရက် မီးခြစ် အိပ်
လေးတွေ ထိုးလိုက် ဘုရားတရားလုပ်လိုက် .ကျန်းမာရေး အတွက် လေ့ကျင့်ခန်း
မှာပါပဲ……
ကျနော် တို့ နေခဲ့တဲ့မြစ်ကြီးနား မြိုပာာ အေးပြီဆိုရင်လည်း အတော်အေး သလို ..
ပူပြီ ဆို၇င်လည်း နေစရာ မရှိအောင်  ပူ ပါတယ်.။နွေရာသီ ပူပြီပော့ ဆိုရင် ကျနာ်
တို့ မှာ ပုဆိုးတထည် ကို ရေစွတ်ပြီး စူပါမင်း လို ခြုံ ထားရတဲ့ အထိပေါ့.။
အတော်ပူတဲ့ မြစ်ကြီးနားနွေ    မှာ ဦးချစ်ကို တို့  နေတဲ့ တိုက်ဆောင် (၁) ပာာ
ကျနော် နေတဲ့ တိုက်(၂) ထက် ပိုလို့   ဆိုး ပါတယ် ။တိုက်(၂) က အုတ်တိုက် ဖြစ်တာ
ကြောင့် နေရထိုင်ရ အတော်အသင့် သက်သာပေမဲ့ ဦးချစ်ကိုတို့ တိုက်က ဖားတပိုင်း
ငါးတပိုင်း အုတ်တိုက် မပာုတ် သစ်သားအဆောင် မပာုတ် အောက်ခြေက အုတ်ခံ
အပေါ် မျက်နှာကျက် ကြတော့ သစ်သား ၄ ၊ ၂ တန်းတွေ ကာထားပြီး အပေါ်က သွပ်
မိုးထားတာပါ .။ဒီတော့ နွေအပူ ကသွပ်ပြား အရှိန်ကြောင့်  ညဖက် ထောင်ပိတ်ချိန်
လှောင်ရုံ.။ သိုလှောင်ရုံ တာဝန်ခံ ထောင်မှုး ဦးကျော်တင့် က ကြောင် ချစ်တတ်သူ
သူက ကြောင် သာချစ်တယ် သူအိမ်မှာ မမွေးပဲ ကြောင် တွေ ကို ထောင်ထဲ မှာ ထား
လေတော့ ညတခါတရံ ကြောင်အော်သံ (မိတ်လိုက်ဖို့  အဖော်ရှာသံ ) ကလည်း ကြားရသေးရဲ  …………….။
ဒီလို နဲ့  ………….
အဲဒီနွေ တရက် နေလည်ဖက် မှာ ဦးချစ်ကို တို့ တိုက် ခေါင်မိုးပေါ်က အမွှေးအတောင်
မစုံသေးတဲ့ စာကလေးငှက်ပေါက်လေးတကောင် က သူထိုင်နေရာ ( မီးခြစ်အိပ် ထိုင်
ထိုးနေရာ နေရာ ) ကို ပြုတ်ကျလာပါတယ် ။ ဦးချစ်ကို အတွက် အလုပ်မရှိ ကြောင်ရေ
ချိုး တာ မပာုတ်ပဲ အလုပ်မရှိ စာကလေးငှက် မွေးပါတော့တယ် .။
သူရဲ့ အသုံးအဆောင်တွေ ထဲက ထမင်းပာင်း ထည့်စားတဲ့  ကော်ဇလုံ တခု ထဲ ကို
ထောင်က ပေးတဲ့ ပုံစံ အင်္ကျီ ကို အပိုင်းပိုင်းစုတ်ဖြဲ ပြီး အသိုက်လုပ်ပေး .။ သောက်
ရေခွက် အပောာင်းကို  ငှက်ကလေးသောက်ဖို့ ရာ ရေခွက်လုပ် .။ထောင်ဝန်ထမ်း
ဆီက နေ မှင်ကုန်နေတဲ့ ဘောလ်ပင် တချောင်းတောင်း ……အထဲက မှင်တံ ကို အလယ် ကနေ  ဒါး နဲချိုင်ပြီးလှီးထုတ် ထိတ်နှစ်ဖက်မှာ  အမွေးတိုင် တုတ်ကလေး
ချိုးထည့် ပြီး မီးညှပ်လိုလို ဇာဂနာ လိုလို လုပ်ပါတယ် .။ငှက် ကလေး ကို အစာခွံ ဖို့ 
ကို အစာကြွေး ရေတိုက် .။သူလုပ်နေကျ နေ့ စဉ် အလုပ်တွေလဲ လုပ်ရင်းပေါ့
လေ.တနေ့ တနေ့  မအားရရှာတော့ပါဘူး.။
ဒီလို နဲ့  ဦးချစ်ကို တယောက် စာကလေးငှက်တကောင် နဲ့ နှစ်ပါးသွားလာတာ နှစ်လ
သုံးလ သာ ကြာလာတယ် .ငှက်ကလေး က အကောင်လေးသာထွားလာတယ်
အမွေးအတောင် က မစုံ အပေါ်လဲ မပျံ တတ်.နောက်မှ သိရတာက ဦးချစ်ကို ပာာ
ငှက်ကလေးကို ထမင်းစေ့ လေးတွေ တင် ခွံ တာ မပာုတ်ပဲ သူစားသလို အကုန်လုံး
ကြွေးနေတာပါတဲ့ .။ သူစားတဲ့ ကိတ်မုန့် လဲ ခွံတယ် ဘီစက်စလဲ ခွံတယ် .။
ကော်ဖီလဲ တိုက်တယ် ..။
အကုန်ပဲ.သူစားသလို ကြွေးတော့ ငှက် ကလေး ခမျာ ဗီဇ ပျောက်ပြီး ဖွံဖြိုးမှု့ အား
နည်း သွားတာပါ .။ သူ တိုက်ရှေ့ ထွက်ပြီး လမ်းလျှောက်ရင်ပဲဖြစ်ဖြစ် ၊မီးခြစ်အိပ်
လေးတွေ ထိုင်ထိုးနေရင်ပဲ ဖြစ်ဖြစ် သူငှက်ကလေး က သူပခုံးပေါ် မှာ အမြဲတမ်း ပါ
လေ့ ရှိပါတယ် .။ နောက်တော့လဲ တဖြည်းဖြည်း နဲ့  အမွေးအတောင်လေးတွေ ဖြစ်
လာတော့ မပျံ တတ်သေးတဲ့ ငှက် ကလေးကို ကိုထိန်လင်း က လေထဲ ပြစ်မြှောက်ပြီး
ပျံတတ်အောင် သင်ပေးပါသေးတယ် ..။ဒါပေမဲ့ အားနည်းတယ်ပေါ့ဗျာ ……  
တခါတရံ တိုက်အပြင်ဖက်မှာ လမ်းလျှောက် နေရင်း စကားစမြည် ပြောနေရင်း
ဦးချစ်ကို ပျောက်သွားတတ်လို့ မေးကြည့်ရင် အခန်းထဲ ပြန်ပြီး အစာသွားကြွေးတာ တို့  ရေသွားတိုက်တာ တို့ ကြားရတဲ့ ထိအောင်ကိုပဲ ငှက်ကလေးကို ဂရုစိုက် တတ်
ကြင်နာတတ် ပါတယ် ..။
ငှက် စာကြွေးရင် ရေတိုက်ရင် ဦးချစ်ကို တယာက် လေချွန် ပြီး အသံပေးတတ်တာ
မို့  တိုက်ထဲ မှာ လေချွန်သံ ကြားရင်ကိုပဲ သူဘာလုပ်နေတယ် ဆိုတာ တတ်အပ် သိ
ကြတယ်ပေါ့.။
တဖြည်းဖြည်းနဲ့ ရက်တွေ ကုန်လာလိုက်တာ ဦးချစ်ကို ငှက်ကလေး လေပေါ်ပျံ တတ်လာပါတယ် ။လူတယောက် တရပ်စာ ..လက်တမြှောက်စာ ကောင်းကောင်း
ပျံတတ်လာတော့ ဦးချစ်ကို တယောက် ၀မ်းသာ အားရ ဖြစ်ရရှာပါတယ် .။
ငါ့ကောင် ကောင်းကောင်း ပျံ တတ်နေပြီ ကွ လို့  ပြောရင်း သဘောတွေ ကျနေတတ်
ပါတော့တယ် ..။
ဒီလို နဲ့  နေလာကြ ရာကနေ တည……..
ထောင်ပိတ်ပြီး ဗပိာုကင်းမျှော်စင်က နေ ကိုးနာရီ သံချောင်မခေါက်ခင် လောက်မှာ
ဦးချစ်ကို ရဲ့ အသံ ကိုစူးစူးဝါးဝါး ကြားရတော့ ပိာုဖက်တိုက် ဒီဖက်တိုက် လှမ်းအော်
မေးရင်း သတင်းစုံစမ်းကြပါတော့တယ် .။တိုက်နှစ်တိုက် အကွာအဝေး က ငါးပေ
သာသာ လောက်သာ ရှိတာမို့  အော်ပြောတာ မပာုတ်ရင်တောင် ကောင်းကောင်း
ကြားရပါတယ် ။ကျနော် နေရာ တိုက်(၁) က အခန်းဆယ်ခန်းစလုံး က ရဲဘော်တွေ
အားလုံးလဲ နားစွင့် လို့ .။ ဆီးချိုတွေ သွေးတိုးတွေ ရှိတဲ့ ဦးချစ်ကို တယောက်
ဘာများဖြစ်လို့ လဲပေါ့...။
တခဏကြာမှ ဦးချစ်ကို အသံ ကိုကြားရပါတယ် .ငိုသံ ရောထွေးနေတဲ့ ကြေကွဲသံ
ကြီးနဲ့ ပေါ့…….။
ငါ့ စာကလေး ကို ကြောင်တကောင် ခုတ်သွားပြီကွာ”…..တဲ့
ညဖက် ထောင်ပိတ်ချိန် (တန်းပိတ်ချိန်)ဆိုတော့ အခန်းထဲ ကနေ အပြင် ထွက် လို့ 
မရကြတော့တာမို့ မနက်လင်း လို့ ထောင်ဖွင့်ချိန် ကျကာမှ အကြောင်းစုံ သိရပါတယ်။
ဘယ်လိုဖြစ်တာလဲ ဦးလေးချစ် ရယ် ဆိုတော့………
ပထမ သံတခါးဘောင် ပေါ်မှာ နား နေတာ ကွ.
အဲဒီအချိန်ကတည်း က ကြောင် ကလဲချောင်းနေတာ နဲ့ တူပါတယ် .
ငါ  ကောင်လေး ဘောင်ပေါ်ကနေ ထ အပျံမှာ ခုန်အုပ်သွားတာ ……  
တဲ့.။ တည လုံး ကောင်းကောင်းအိပ်ထားပုံ မရ သလို ငိုထားပုံလဲ ပေါ်ပါတယ် .။
ဦးချစ်ကို တယောက် အရင်လို မပာုတ်ပဲ ဆယ်ငါးရက် တလ လောက် ခံစား လိုက်ရ
ရှာပါတယ် .။ နောက် ပိုင်း ခေါင်မိုးပေါ်က စာကလေးပေါက် တွေ ပြုတ်ကြလာတိုင်း
ကိုထိန်လင်းက ဦးလေးချစ် ဒီမှာ စာကလေး တကောင် ပြုတ်ကျလာတယ် မွေး
ဦးမလား လို့ မေးတိုင်း ကြေကွဲ ရိပ်သမ်းနေတဲ့ မျက်နှာ နဲ့  ဦးချစ်ကို တယောက် ခေါင်း တွင်တွင် ခါပြရှာပါတော့တယ် ..။
သြော်……
လူဘုံ လူလောက.လူသဘာဝမှာ သံယောဇဉ် ဆိုတာ
                                                             ခိုင်ကိုဦး (ဆစ်ဒနီ)
                                                             ၂၂ ၊ ၁၂ ၊ ၂၀၁၆
Monday, 19 December 2016
ကိုယ်လဲ ကြုံရဦးမှာပါ သြစီရယ် ……………..
                         ကိုယ်လဲ ကြုံရဦးမှာပါ သြစီရယ် ……………..
ပြီးခဲတဲ့ ရက် အင်္ဂါနေ က တမူထူးတဲ့ ရောဂါကြောင့် လူနာတင်ယာဉ်ခေါ်
ပြီး အနီးဆုံး ဆေးရုံကိုရောက်သွားတယ် ။ အရေးပေါ် ဌာန ရောက်တော့
ဆရာဝန်က စစ်ဆေး မေးမြန်းပြီး အကြေားဆေးတွေ ပဠိဇီဝ ဆေးတွေ
ထိုးပေး အနာ ကို သန်ရှင်းရေးလုပ် ဆေးထည့်ပေါ့လေ.။ နောက်တော့
ခင်ဗျား ဆေးရုံးမှာ နှစ်ရက်သုံးရက်တော့ နေရဦးမယ် လိုအပ်ရင် ခွဲစိတ်မယ် ၊ မလိုအပ်ရင် မခွဲစိတ်ဘူး ဆိုပြီး ကျနော်နေရမဲ့
ဝါဒ့် နဲ့  အခန်းရှိရာ ကို သူနာပြု ဆရာမ က လိုက်ပို့ ပေးပါတယ် ……..။
ယာယီ ကုတင်လွတ်တဲ့ နေရာ မှာ ထားရလေတော့ အမျိုးသမီး (၃)
ယောက် ရှိတဲ့ အခန်းထဲ ရောက်သွားတယ်ပေါ့ ။ အဲဒါ တည ပါပဲ ……..
နောက်တနေ့  မနက်မှာ ယောင်္ကျား တွေ ရှိတဲ့ အခန်းထဲ ပြောင်းပို့ ပေး ပါ
တယ် ။ ကျနော် ရောက်စမှာ အခန်းထဲ လူနာ တယောက်ပဲ ရှိပါသေးတယ် ။ ဂရိလူမျိုး အသက် (၈၀)၀န်းကျင် အဘိုးကြီးတယောက်ပေါ့ .။ ရောက်ပြီးသိပ်မကြာခင်မှာပဲ လက်ဘနွန် တယောက် ရောက်လာပါတယ်။
 အသက်ကတော့ မှန်းခြေ (၅၀) လောက်ပေါ့ .နေရတဲ့ ၀ါဒ့် က ခွဲစိတ်ကု
သ ဆောင်ဆိုတော့ Operation လုပ်ထားတဲ့ သူတွေ ပါပဲ .နေလည်ပိုင်း
မှာ လဲ Aboriginal ( သြစီ နေတဲ့ ရွှေမြန်မာ များအခေါ် ကျွန်းသား ) အဘိုး
ကြီးတယောက် ရောက်လာပါတယ် ။ နောက်ပိုင်း စကားပြောဖြစ်လို့ သိရ
တာက ၁၉၃၃ မွေးတာတဲ့ အသက် ၈၃ နှစ်ပေါ့..။
ရောက်စမှာ လက်ဘနွန် ကြီးရော ကျွန်းသားကြီးပါ ကောင်းကောင်း သတိ
မလည်သေးပါဘူး ။ မေ့ဆေး အ၇ှိန်တွေ နဲ့  မှိန်းနေတုန်းပါပဲ……
နောက်တနေ့  ညနေလောက်ကျတော့ ကျနော် အနာ ကအတော် သက်
သာနေပြီး ကောင်းကောင်းထိုင်လို့ ထ လို့  ရနေပါပြီ .။ ဒါနဲ့  ကုတင်ပေါ်
က ဆင်း လမ်းလေးဘာလေးလျှောက် ဘေဘီဝဲယာ က တခန်းထဲ နေသူ
တွေ နဲ့  စကားလေး ဘာလေးပြော ပေါ့ လေ..။
ညနေဖက်ကျတော့ လက်ဘနွန်ကြီးရယ် ကျွန်းသားကြီးရယ် မိသားစုတွေ
မိတ်ဆွေတွေ ရောက်လာဧည့်တွေ ချိန်မှာ လာတွေ ကြပါတယ် ……..။
ကျနော် ဇနီး သားသမီးတွေ လဲ ရောက်လာ ပြီး မနက်ဖက် က ဖုန်းဆက်ပြီး
မှာထားတဲ့ စာအုပ်တွေ အ၀တ်အစားတွေ လာပို့ တာပေါ့လေ..။ အဲဒီမှာ
ကျနော် သတိထားမိတာက ကျနော်ခြေရင်း ကုတင် က ဂရိ လူမျိုး အဘိုး
ကြီးရဲ့ မျက်ဝန်းတွေ ကိုပါပဲ..။ ဒါပေမဲ့ ကိုယ်အကြောင်းနဲ့ ကိုယ်မို့  သူကို
မေ့သွားပါတယ် ။ နောက်ရက်တွေ မှ သူနာပြု ဆရာမတွေ နဲ့  အဲဒီ အဖိုးကြီး ပြောကြ ဆိုကြတာတွေ ကြောင့် သူကို ပြန်ပြီး စိတ်ဝင်စား မိပါ
တယ် .။ ကျနော် ဆေးရုံပေါ် သုံးရက် သုံးည အိပ်ပြီး အိမ် ကို သာ ပြန်
ရောက်လာတယ် အဲဒီ ဂရိ အဘိုးကြီး ကိုလာတွေ တဲ့ မိသားစု (ဧည်သည်)
ဆိုတာ တယောက်တလေ မှ မတွေ့ ခဲ့ ပါဘူး.။ ကျနော် ဆေးရုံ က ပြန်ရ
မဲ့ နေ့  သောကြာနေ့  မနက် စောစော မှာ အဘိုးကြီး ကုတင်ပေါ်က နေ
ကဗျာကယာ ဆင်းလာပါတယ် ၊ လူငယ်တွေ လိုတော့ သွက်သွက် လက်
လက်တော့ မဖြစ်ဘူးပေါ့ ။တုန်တုန်ချိချိ နဲ့  ကုတင်ပေါ်က အဆင်းမှာ
ဝမ်းတွေ (အီးတွေ )ထွက်ကျ လာပါတယ် ။ သူက ကျနော် ကို အားနာတဲ့
အကြည့် နဲ့ လှမ်းကြည်ရင်း ဘာလုပ်ရမှန်းမသိတဲ့ ပုံစံ ပေါ်နေတော့ ကျနော်လဲ ငါ တခုခု ကူညီပေးရမလား ဆိုပြီး ထိုင်ရာကနေ သူအနာ ကို
ထသွားလိုက်ပါတယ် ။ သူက ကျေးဇူးပဲ .ငါကို နာစ် ခေါ်ပေးပါလားတဲ့
ဒီနိုင်ငံ မှာ သူတို့  အကူအညီ မတောင်းပဲ ကိုယ်စေတနာနဲ့ ကိုယ် ၀င်ကူညီ
လို့ မရပါဘူး.။ သူက နာစ်ခေါ်ပေးပါ ဆိုတော့မှ  အိုကေ လို့ ပြောပြီး နာစ်
ကိုသွားခေါ်ပေးလိုက်ပါတယ် ။ နာစ်ရောက်လာတော့ နာစ်က ပြုံးပြုံးရွှင်ရွှင်
ပါပဲ .အိုး…… မင်း အခု ကလေးလေးပြန်ဖြစ်သွားပြီ လိုတောင်မှ အရွှန်းဖောက် လိုက်ပါသေးတယ် ။(မြန်မာပြည်က နာစ် တွေ ဆို ဆဲလိုက်ဆူလိုက် ညူစူ လိုက်နေမှာ) သူကလဲ ငါကိုငါ ဒီလိုဖြစ်မယ်လို့ 
တခါမှတွေးထင်မထားဘူး.ဆောရီးပါ တဲ့လေ.။ နောက်တော့ သူကို
ရေချိုးခန်းထဲ တွဲ ပိုပေးကြပါတယ် ။ ဆေးရုံ က လူနာခန်းတခန်းမှာ လူနာ
သုံးယောက်ထားပြီး ရေချိုးခန်း ကတခန်း အိမ်သာ ကတခန်း တွဲရက် ရှိ
ပါတယ် ..။ တိုက်ဆိုင်မှု့ တွေ ရှိတိုင်းကိုယ်ဖြတ်ခဲ့ ရတဲ့ နေရက်တွေ ကို
သတိရတတ်တာ လူသဘာဝမို့  မဆီမဆိုင်တွေးလိုက်မိသေး ရဲ  ………..
မြန်မာပြည်က ထောင်တွေ ထဲ နေခဲ့ ရတုန်းက လည်း (၄)ယောက် တခန်း
ပဲလေလို့ ။ ဒါပေမဲ့ သြစီ ဆေးရုံ က (၄)ယောက် တခန်းပာာ မြန်မာပြည်
ထောင်ရဲ့ (၄)ယောက် ထားတဲ့ အခန်းရဲ့ သုံးဆ လောက်ကျယ်တာတော့ အမှန်ပါပဲ ..။
ဒီလိုနဲ့  ရေချိုးခန်းက ထွက်လာတဲ့ အဘိုးကြီးကို နာစ် က အနာ ဆေးထည့်
ပေးပါတယ် ။ အဲဒီလို အနာ ကိုကြည့်တဲ့အချိန်တွေ ဆရာဝန်တွေ လာ
ကြည့်တဲ့အချိန်တွေ မှာတော့ ကုတင်ပါတ်လည်က လိုက်ကာ (ခန်းစီး)ပိတ်
ထားတာမို့  ဘယ်နေရာ ခွဲတယ် ဘာဖြစ်တယ် ဆိုတာတော့ သိခွင့် မရ
ပါဘူး ..။ သူဒဏ်ရာ ကိုဆေးထည့်ပေးရင်း နာစ် နဲ့  ပြောနေတာတွေ တော့ အတိုင်းသားကြားနေရတာပေါ့ဗျာ .။
နာစ်က ပြောပါတယ် . မင်းဒဏ်ရာ ကအတော် သက်သာနေပြီပဲ.
ငါ ထင်တယ် မင်း နောက်နှစ်ရက်သုံးရက်လောက်ဆိုရင် အိမ်ပြန်လို့ ရ
မှာပါ .တဲ့နောက်ဆက်ပြောတာကတော့  မင်းပြန်ရ ပြီ ဆိုရင်
ဘယ်သူ လာကြို မှာလဲ .မင်းမိန်းမ ကိုရော ဖုန်းဆက်သေးလား .
သားသမီးတွေ လာကြို ကြ ခေါ်ကြမှာ လား.တဲ့……
အဘိုးကြီးက ပြန်ပြောပါတယ် ….“ငါမိန်းမ က ငါထက် အသက်ကြီးတယ် ကားလဲ မမောင်းနိုင်တော့ ဘူး ..ငါသားသမီးတွေ မြေးတွေ ကလည်း
ငါဆေးရုံတက်ပြီး ခွဲစိတ် ခံနေရတာတောင် လာကြည့်နိုင်တာ မပာုတ်တော့
လာကြို နိုင်မယ် မထင်ပါဘူး “ …..တဲ့လေ.။
ကျနော်ဆေးရုံကို သုံးရက် သုံးည တက်ပြီး ရလာခဲ့တဲ့ မက်စေခ်ျ(Massage)
က အဲဒါလေးပါပဲ……
ကျနော် စဉ်းစာကြည့်တယ် ……သြစီ စံချိန်စံညွှန်း (တနည်းပြောရရင် )
အနောက်နိုင်ငံတွေ မှာ လူတယောက် မွေးဖွားပြီးပြီဆိုတာနဲ့  ကိုယ်ကုတင်
နဲ့ ကိုယ် .ကိုယ်အခန်း နဲ့ ကိုယ် ထားတယ် နေတယ် ။အစားအစာ
ဆိုရင်လည်း ဒီအတိုင်းပဲ စားတတ်သောက်တတ်တဲ့  အရွယ် ရောက်တာနဲ့ 
ကိုယ်တာဝန်ကိုယ်ယူ (Do it your self )  ပဲ.ဘယ်သူက မှ နွေးထွေး
ကြင်နာစွာ မိဘ နဲ့  အတူ အိပ်ခွင့် ရတာတို့  မိဘ က ကြင်ကြင်နာနာ
နဲ့  အစားအစာ ခွံကြွေးတာတို့  မလုပ်ကြပါဘူး ။ အချိန်တန်တာနဲ့  (အသက် ၁၈ နှစ်ကျော်တာနဲ့ ) ကိုယ်လမ်းကိုလျှောက် ကိုယ်ဝန်ကိုယ်
ထမ်း ပဲ .။ဒီတော့ လူတယောက် ပာာ မိမိကိုယ်ကို ယုံကြည်မှု  ..
အားကိုးမှု့ ကတော့ Confident ကတော့ ရှိလာတာ အမှန်ပါပဲ..။  ဒါပေမဲ့ အကြင်နာတရား ကတော့ ခေါင်းပါး လာတယ် ဆိုရမယ်ထင်တယ်။
နုပျို မစွမ်းခင်က  ပြုစု ယုယ မှု့ နည်းခဲ့တော့ ကိုယ် ကိုတိုင် အိုမင်းမစွမ်း
ရတော့တာလဲ ဖြစ်မယ် ထင်ပါတယ် ။ ဒါကြောင့် ကျနော်နေတဲ့ နိုင်ငံတွေ
အနောက်နိုင်ငံ တွေ မှာ လူအိုရုံတွေ ပေါများတာ လဲဖြစ်နိုင်ကောင်းပါတယ် ။ နောက်တခုက ရုပ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက် လွန်းတော့ လောဘနောက်
လိုက်ပြီး အိမ်ဆို ကောင်းကောင်း .ကားဆို မော်ဒယ်သစ် မှ ဆိုမျိုးဖြစ်ပြီး
အဲဒီ အိမ်ကြွေး ကားကြွေးတွေ နဲ့  လုံခြားလိုက်ကာ မိဘ အိုမင်းမစွမ်းတော့
ချိန်မှာ ပြုစု ပေးဖို့  အချိန်မရ ကြတော့ တာလဲ ပါပါလိမ်မယ် .။ ဒါပေမဲ့
ကိုယ်မရှိတော့ တဲ့ အချိန်မှာတော့ ကိုယ်သားသမီးတွေ က ကိုယ်ရှာဖွေစု
ဆောင်းထားသမျှတွေ ကို အမွေခွဲ ကြတာတော့ အမှန်ပါပဲ……။တချို့ ကြ
တော့ မသေခင် ကတည်းက သေတမ်းစာ ရေးပြီး သားသမီးတွေ ကို မပေး
ရှိပါတယ် ။အဲဒီလို လှု တဲ့ အခါမှာ ကိုယ်မရ လိုက်လို့ ပေါက်ကွဲ ကြတဲ့
သားသမီး တွေ လဲ ရှိသားဗျာ..။
ဘာပဲဖြစ်ဖြစ် ရှင်တော်မြတ် ဂေါတမ ရဲ့ အဆုံးအမ စကား ကိုပြော ရရင်
ကိုယ်ပြု သောကံ ကိုယ်ထံ ပြန်လာတယ် ပြောရမလား……
ယေရှုခရစ်တော် စကား ယူသုံးပြီး ဘုရားသခင် အလိုတော် အတိုင်း
လိုပဲ ပြောရလေ မလား……..။
ကျနော်တော့ ဝေခွဲ မရတော့ ပါဘူးဗျာ …………………….။
ကျနော် ပြောနိုင်တာ ဆုတောင်းပေးနိုင်တာကတော့ …………….
                                         ခိုင်ကိုဦး (ဆစ်ဒနီ)
                                         ၂၀ ၊ ၁၂ ၊ ၂၀၁၆