ကိုယ်လဲ ကြုံရဦးမှာပါ သြစီရယ်
……………..
ပြီးခဲတဲ့ ရက် အင်္ဂါနေ က တမူထူးတဲ့
ရောဂါကြောင့် လူနာတင်ယာဉ်ခေါ်
ပြီး အနီးဆုံး ဆေးရုံကိုရောက်သွားတယ်
။ အရေးပေါ် ဌာန ရောက်တော့
ဆရာဝန်က စစ်ဆေး မေးမြန်းပြီး
အကြေားဆေးတွေ ပဠိဇီဝ ဆေးတွေ
ထိုးပေး အနာ ကို သန်ရှင်းရေးလုပ်
ဆေးထည့်ပေါ့လေ….။ နောက်တော့
ခင်ဗျား ဆေးရုံးမှာ နှစ်ရက်သုံးရက်တော့
နေရဦးမယ် လိုအပ်ရင် ခွဲစိတ်မယ် ၊ မလိုအပ်ရင် မခွဲစိတ်ဘူး ဆိုပြီး ကျနော်နေရမဲ့
ဝါဒ့် နဲ့  အခန်းရှိရာ ကို
သူနာပြု ဆရာမ က လိုက်ပို့ ပေးပါတယ် ……..။
ယာယီ ကုတင်လွတ်တဲ့ နေရာ မှာ
ထားရလေတော့ အမျိုးသမီး (၃)
ယောက် ရှိတဲ့ အခန်းထဲ ရောက်သွားတယ်ပေါ့
။ အဲဒါ တည ပါပဲ ……..
နောက်တနေ့  မနက်မှာ ယောင်္ကျား
တွေ ရှိတဲ့ အခန်းထဲ ပြောင်းပို့ ပေး ပါ
တယ် ။ ကျနော် ရောက်စမှာ အခန်းထဲ
လူနာ တယောက်ပဲ ရှိပါသေးတယ် ။ ဂရိလူမျိုး အသက် (၈၀)၀န်းကျင် အဘိုးကြီးတယောက်ပေါ့ ….။ ရောက်ပြီးသိပ်မကြာခင်မှာပဲ
လက်ဘနွန် တယောက် ရောက်လာပါတယ်။
အသက်ကတော့ မှန်းခြေ (၅၀) လောက်ပေါ့ ….နေရတဲ့
ဝါဒ့် က ခွဲစိတ်ကု
သ ဆောင်ဆိုတော့ Operation
လုပ်ထားတဲ့ သူတွေ ပါပဲ ….နေလည်ပိုင်း
မှာ လဲ Aboriginal
( သြစီ နေတဲ့ ရွှေမြန်မာ များအခေါ် ကျွန်းသား
) အဘိုး
ကြီးတယောက် ရောက်လာပါတယ်
။ နောက်ပိုင်း စကားပြောဖြစ်လို့ သိရ
တာက ၁၉၃၃ မွေးတာတဲ့ အသက်
၈၃ နှစ်ပေါ့…..။
ရောက်စမှာ လက်ဘနွန် ကြီးရော
ကျွန်းသားကြီးပါ ကောင်းကောင်း သတိ
မလည်သေးပါဘူး ။ မေ့ဆေး အ၇ှိန်တွေ
နဲ့  မှိန်းနေတုန်းပါပဲ……။
နောက်တနေ့  ညနေလောက်ကျတော့
ကျနော် အနာ ကအတော် သက်
သာနေပြီး ကောင်းကောင်းထိုင်လို
့ထ လို့  ရနေပါပြီ ….။ ဒါနဲ့  ကုတင်ပေါ်
က ဆင်း လမ်းလေးဘာလေးလျှောက်
ဘေဘီဝဲယာ က တခန်းထဲ နေသူ
တွေ နဲ့  စကားလေး ဘာလေးပြော
ပေါ့ လေ…..။
ညနေဖက်ကျတော့ လက်ဘနွန်ကြီးရယ်
ကျွန်းသားကြီးရယ် မိသားစုတွေ
မိတ်ဆွေတွေ ရောက်လာဧည့်တွေ
ချိန်မှာ လာတွေ ကြပါတယ် ……..။
ကျနော် ဇနီး သားသမီးတွေ လဲ
ရောက်လာ ပြီး မနက်ဖက် က ဖုန်းဆက်ပြီး
မှာထားတဲ့ စာအုပ်တွေ အ၀တ်အစားတွေ
လာပို့ တာပေါ့လေ…..။ အဲဒီမှာ
ကျနော် သတိထားမိတာက ကျနော်ခြေရင်း
ကုတင် က ဂရိ လူမျိုး အဘိုး
ကြီးရဲ့  မျက်ဝန်းတွေ ကိုပါပဲ…..။ ဒါပေမဲ့
ကိုယ်အကြောင်းနဲ့ ကိုယ်မို့  သူကို
မေ့သွားပါတယ် ။ နောက်ရက်တွေ
မှ သူနာပြု ဆရာမတွေ နဲ့  အဲဒီ အဖိုးကြီး ပြောကြ ဆိုကြတာတွေ ကြောင့် သူကို ပြန်ပြီး
စိတ်ဝင်စား မိပါ
တယ် ….။ ကျနော်
ဆေးရုံပေါ် သုံးရက် သုံးည အိပ်ပြီး အိမ် ကို သာ ပြန်
ရောက်လာတယ် အဲဒီ ဂရိ အဘိုးကြီး
ကိုလာတွေ တဲ့ မိသားစု (ဧည်သည်)
ဆိုတာ တယောက်တလေ မှ မတွေ
့ခဲ့ ပါဘူး….။ ကျနော် ဆေးရုံ က ပြန်ရ
မဲ့ နေ့  သောကြာနေ့  မနက်
စောစော မှာ အဘိုးကြီး ကုတင်ပေါ်က နေ
ကဗျာကယာ ဆင်းလာပါတယ် ၊ လူငယ်တွေ
လိုတော့ သွက်သွက် လက်
လက်တော့ မဖြစ်ဘူးပေါ့ …။တုန်တုန်ချိချိ
နဲ့  ကုတင်ပေါ်က အဆင်းမှာ
ဝမ်းတွေ (အီးတွေ )ထွက်ကျ
လာပါတယ် ။ သူက ကျနော် ကို အားနာတဲ့
အကြည့် နဲ့ လှမ်းကြည်ရင်း
ဘာလုပ်ရမှန်းမသိတဲ့ ပုံစံ ပေါ်နေတော့ ကျနော်လဲ ငါ တခုခု ကူညီပေးရမလား ဆိုပြီး ထိုင်ရာကနေ
သူအနာ ကို
ထသွားလိုက်ပါတယ် …။ သူက ကျေးဇူးပဲ
….ငါကို နာစ် ခေါ်ပေးပါလားတဲ့
ဒီနိုင်ငံ မှာ သူတို့  အကူအညီ
မတောင်းပဲ ကိုယ်စေတနာနဲ့ ကိုယ် ၀င်ကူညီ
လို့ မရပါဘူး….။ သူက
နာစ်ခေါ်ပေးပါ ဆိုတော့မှ အိုကေ လို့ ပြောပြီး
နာစ်
ကိုသွားခေါ်ပေးလိုက်ပါတယ်
။ နာစ်ရောက်လာတော့ နာစ်က ပြုံးပြုံးရွှင်ရွှင်
ပါပဲ ….” အိုး…… မင်း အခု
ကလေးလေးပြန်ဖြစ်သွားပြီ ” လိုတောင်မှ အရွှန်းဖောက် လိုက်ပါသေးတယ် ။(မြန်မာပြည်က နာစ် တွေ ဆို ဆဲလိုက်ဆူလိုက်
ညူစူ လိုက်နေမှာ) သူကလဲ “ ငါကိုငါ ဒီလိုဖြစ်မယ်လို့ 
တခါမှတွေးထင်မထားဘူး….ဆောရီးပါ” တဲ့လေ….။ နောက်တော့ သူကို
ရေချိုးခန်းထဲ တွဲ ပိုပေးကြပါတယ်
။ ဆေးရုံ က လူနာခန်းတခန်းမှာ လူနာ
သုံးယောက်ထားပြီး ရေချိုးခန်း
ကတခန်း အိမ်သာ ကတခန်း တွဲရက် ရှိ
ပါတယ် …..။ တိုက်ဆိုင်မှု
့တွေ ရှိတိုင်းကိုယ်ဖြတ်ခဲ့ ရတဲ့ နေရက်တွေ ကို
သတိရတတ်တာ လူသဘာဝမို့  မဆီမဆိုင်တွေးလိုက်မိသေး
ရဲ့  ………..
မြန်မာပြည်က ထောင်တွေ ထဲ
နေခဲ့ ရတုန်းက လည်း (၄)ယောက် တခန်း
ပဲလေလို့ ။ ဒါပေမဲ့ သြစီ
ဆေးရုံ က (၄)ယောက် တခန်းပာာ မြန်မာပြည်
ထောင်ရဲ့  (၄)ယောက် ထားတဲ့ အခန်းရဲ့  သုံးဆ လောက်ကျယ်တာတော့ အမှန်ပါပဲ …..။
ဒီလိုနဲ့  ရေချိုးခန်းက ထွက်လာတဲ့
အဘိုးကြီးကို နာစ် က အနာ ဆေးထည့်
ပေးပါတယ် ။ အဲဒီလို အနာ ကိုကြည့်တဲ့အချိန်တွေ
ဆရာဝန်တွေ လာ
ကြည့်တဲ့အချိန်တွေ မှာတော့
ကုတင်ပါတ်လည်က လိုက်ကာ (ခန်းစီး)ပိတ်
ထားတာမို့  ဘယ်နေရာ ခွဲတယ်
…ဘာဖြစ်တယ် ဆိုတာတော့ သိခွင့် မရ
ပါဘူး …..။ သူဒဏ်ရာ
ကိုဆေးထည့်ပေးရင်း နာစ် နဲ့  ပြောနေတာတွေ တော့ အတိုင်းသားကြားနေရတာပေါ့ဗျာ ….။
နာစ်က ပြောပါတယ် ….
“
မင်းဒဏ်ရာ ကအတော် သက်သာနေပြီပဲ….
ငါ ထင်တယ် မင်း နောက်နှစ်ရက်သုံးရက်လောက်ဆိုရင်
အိမ်ပြန်လို့ ရ
မှာပါ ….”
တဲ့…နောက်ဆက်ပြောတာကတော့
…
“
မင်းပြန်ရ ပြီ ဆိုရင်
ဘယ်သူ လာကြို မှာလဲ ….မင်းမိန်းမ
ကိုရော ဖုန်းဆက်သေးလား ….
သားသမီးတွေ လာကြို ကြ ခေါ်ကြမှာ လား….”
တဲ့……။
အဘိုးကြီးက ပြန်ပြောပါတယ် ….“ငါမိန်းမ
က ငါထက် အသက်ကြီးတယ် …ကားလဲ မမောင်းနိုင်တော့ ဘူး …..ငါသားသမီးတွေ
မြေးတွေ ကလည်း
ငါဆေးရုံတက်ပြီး ခွဲစိတ်
ခံနေရတာတောင် လာကြည့်နိုင်တာ မပာုတ်တော့
လာကြို နိုင်မယ် မထင်ပါဘူး
“ …..တဲ့လေ….။
ကျနော်ဆေးရုံကို သုံးရက်
သုံးည တက်ပြီး ရလာခဲ့တဲ့ မက်စေခ်ျ(Massage)
က အဲဒါလေးပါပဲ……။
ကျနော် စဉ်းစာကြည့်တယ် ……သြစီ စံချိန်စံညွှန်း
(တနည်းပြောရရင် )
အနောက် နိုင်ငံတွေ ရဲ့ စံချိန်စံညွှန်း က ဘာလဲ…………….။
အနောက်နိုင်ငံတွေ မှာ လူတယောက်
မွေးဖွားပြီးပြီဆိုတာနဲ့  ကိုယ်ကုတင်
နဲ့ ကိုယ် ….ကိုယ်အခန်း
နဲ့ ကိုယ် ထားတယ် …နေတယ် …။အစားအစာ
ဆိုရင်လည်း ဒီအတိုင်းပဲ စားတတ်သောက်တတ်တဲ
့ အရွယ် ရောက်တာနဲ့ 
ကိုယ်တာဝန်ကိုယ်ယူ (Do
it your self ) ပဲ….ဘယ်သူက
မှ နွေးထွေး
ကြင်နာစွာ မိဘ နဲ့  အတူ အိပ်ခွင့်
ရတာတို့  မိဘ က ကြင်ကြင်နာနာ
နဲ့  အစားအစာ ခွံကြွေးတာတို
့ မလုပ်ကြပါဘူး ။ အချိန်တန်တာနဲ့  (အသက် ၁၈ နှစ်ကျော်တာနဲ့ ) ကိုယ်လမ်းကိုလျှောက် …ကိုယ်ဝန်ကိုယ်
ထမ်း ပဲ ….။ဒီတော့
လူတယောက် ပာာ မိမိကိုယ်ကို ယုံကြည်မှု့  …..
အားကိုးမှု့  ကတော့ Confident ကတော့ ရှိလာတာ အမှန်ပါပဲ…..။ ဒါပေမဲ့ အကြင်နာတရား ကတော့ ခေါင်းပါး လာတယ် ဆိုရမယ်ထင်တယ်။
နုပျို မစွမ်းခင်က ပြုစု ယုယ မှု့ နည်းခဲ့တော့ ကိုယ် ကိုတိုင် အိုမင်းမစွမ်း
တော့တဲ့ အချိန်မှာ လည်း ကိုယ်ကို
ပြန်ပြီး ကြည့်ရှု့ စောင့်ရှောက်မှု့  မခံ
ရတော့တာလဲ ဖြစ်မယ် ထင်ပါတယ်
။ ဒါကြောင့် ကျနော်နေတဲ့ နိုင်ငံတွေ
အနောက်နိုင်ငံ တွေ မှာ လူအိုရုံတွေ
ပေါများတာ လဲဖြစ်နိုင်ကောင်းပါတယ် ။ နောက်တခုက ရုပ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက် လွန်းတော့
လောဘနောက်
လိုက်ပြီး အိမ်ဆို ကောင်းကောင်း
….ကားဆို မော်ဒယ်သစ် မှ ဆိုမျိုးဖြစ်ပြီး
အဲဒီ အိမ်ကြွေး ကားကြွေးတွေ
နဲ့  လုံခြားလိုက်ကာ မိဘ အိုမင်းမစွမ်းတော့
ချိန်မှာ ပြုစု ပေးဖို့ 
အချိန်မရ ကြတော့ တာလဲ ပါပါလိမ်မယ် ….။ ဒါပေမဲ့
ကိုယ်မရှိတော့ တဲ့ အချိန်မှာတော့
ကိုယ်သားသမီးတွေ က ကိုယ်ရှာဖွေစု
ဆောင်းထားသမျှတွေ ကို အမွေခွဲ
ကြတာတော့ အမှန်ပါပဲ……။တချို့ ကြ
တော့ မသေခင် ကတည်းက သေတမ်းစာ
ရေးပြီး သားသမီးတွေ ကို မပေး
ပဲ ဘုရားကျောင်းတွေ လူမှု့ ရေးအသင်းအဖွဲ့ တွေ ကို လှုဒါန်းခဲ့ ကြတာလဲ
ရှိပါတယ် …။အဲဒီလို
လှု တဲ့ အခါမှာ ကိုယ်မရ လိုက်လို့ ပေါက်ကွဲ ကြတဲ့
သားသမီး တွေ လဲ ရှိသားဗျာ…..။
ဘာပဲဖြစ်ဖြစ် ရှင်တော်မြတ်
ဂေါတမ ရဲ့  အဆုံးအမ စကား ကိုပြော ရရင်
“ ကိုယ်ပြု
သောကံ ကိုယ်ထံ ပြန်လာတယ်” ပြောရမလား……။
ယေရှုခရစ်တော် စကား ယူသုံးပြီး
“ ဘုရားသခင် အလိုတော် အတိုင်း”
လိုပဲ ပြောရလေ မလား……..။
ကျနော်တော့ ဝေခွဲ မရတော့
ပါဘူးဗျာ …………………….။
ကျနော် ပြောနိုင်တာ ဆုတောင်းပေးနိုင်တာကတော့
…………….
ဆေးရုံပေါ် ကျန်ခဲ့တဲ့ ဂရိ
အဘိုးအို သက်ရှည်ကျန်းမာ ပြီး သားသမီးတွေ ရဲ
့ပြုစု စောင့်ရှောက်မှု့  အကြင်နာ တွေ
မသေခင် ခံစားခွင့် ရပါစေလို……………..။
ခိုင်ကိုဦး
(ဆစ်ဒနီ)
၂၀ ၊ ၁၂
၊ ၂၀၁၆
No comments:
Post a Comment