" မြန်မာပြည်မှ ကျနော့် ဘ၀ နောက်ဆုံးရက်များ.".......(၁)
မြန်မာပြည် ပာာ ပိုက်ဆံ သာရှိရင် တကယ် နေလို့ ကောင်းတဲ့အရပ် ပါ...။
ဒီလိုပါပဲ.....မြန်မာပြည် က အကျဉ်းထောင်ဆိုတာလဲ ပဲ ပိုက်ဆံရှိရင် နေလို့ အတော်ကောင်းတဲ့ အရပ်
ပါပဲ....။ဒီလိုပြောလို့ စောဒက တက် မစောကြပါနဲ့ ....။ကျနော်နေခဲ့တဲ့ ဖြစ်ကြီးနားထောင် မှာ ထောင်ကျ
လာတဲ့ လောပန်း(သူဌေး)တွေ ဆိုရင် တပည်တပန်းတွေ တပုံတပင် နဲ့ ...။ အကျဉ်းသား တပည့်တွေ အပါ
အ၀င် ထောင်ဝင်ထမ်းတွေ ကစ ထောင်မှူးထောင်ပိုင် တွေ အဆုံး သူတို့ ရဲ့  တပည့်တွေ ပါပဲ....။
ထောင်မှာ နေရေး...စားရေး ...ကျန်းမာရေး က အစ ငွေ နဲ့ သာ ဖြေရှင်းကြရတာပါ...ငွေ မရှိရင် ငွေရှိသူ
ရဲ့ တပည့် ဖြစ်ရတာပါပဲ....ထောင်မှူးထောင်ပိုင်တွေ ကလည်း သူတို့  ကို ငွေရှာပေးနေတဲ့ သူဌေး တွေ
နဲ့  ထိတ်ထိတ်ကျဲ လူမိုက်တွေ ကို အလိုလိုက် အကြိုက်ဆောင် နေရလေတော့ တပည့် တွေ ဖြစ်မှန်းမသိ
ဖြစ်နေတော့တာပါ....။
ထောင်မှာ (အဆောင်တွေ)တွေမှာ ခေါင်းရင်းခန်း အိပ်ချင်ရင် ငွေ ပေးရတာဈေးကြီးသလို ခြေရင်းတန်းမှာ
အိပ်ရင် တဈေး....အလယ်တန်းမှာ အိပ်ရင် တဈေး ပါ...။ အဆောင်မှာ အိပ်တန်း သုံးတန်းခွဲ ထားပါတယ်။
တပြားမှ မပေးနိုင်ပဲ ....သူဌေးတွေ လူမိုက်တွေ ရဲ့  တပည့်တပန်း မပာုတ် တဲ့(ထောင်စကား အရ)
" ဘာရုပ်မှမပေါက်တဲ့ကောင်" ဆိုရင်တော့ အဲဒီ အိပ်တန်း သုံးတန်း ရဲ့ ကြား လျှောက်လမ်းမှာ ဖြစ်သလို
စောင်လေးခင်းပြီး အိပ်ကြရတယ်ပေါ့....။အိပ်တန်းသုံးတန်း က ကွက်ပျစ် တွေ ဆက်ပြီးခင်ထားတဲ့ အခင်း
ရှိတဲ့ နေရာ ....ကြားက လျှောက်လမ်း ကတော့ သံပံတလင်း (ကွန်ကရစ်) သက်သက်ပါပဲ...။ ကွက်ပြစ်ပေါ်
အိပ်သူတွေ အတွက်တော့ ဘာပဲပြောပြော လှည့်သာ လျှောင်သာ တဲ့ အကျယ် အ၀န်း ကျောတခင်းစာ ရကြပေမဲ့ သံပံတလင်း ပေါ်အိပ်ကြရသူတွေ အတွက် ကတော့ မလူးသာမလွန်သာ ပါပဲ...ထောင်စကား
နဲ့ ထပ်ပြောပြရရင် (ကန်တော့ပါရဲ့ ) " ရှေ့ - င်.....နောက်--ီး တဖြောင့်တည်း.." ဆိုတဲ့ အတိုင်း ဘေးတဇောင်း
လေးတွေ လှည့်ပြီး အိပ်ကြရရှာပါတယ် ....။ အဲဒါ အိပ်စရာ နေရာ အခက်အခဲ ...။
စားတော့လဲ သူဌေးတွေ (လောပန်းတွေ ) က နေစဉ် အိမ်က မိသားစု က ထောင်ဝင်စာ အစားအသောက်
ထုတ်တွေ တပုံတပင် နဲ့  တကယ်ဆီဦးထောပါတ် တွေ စားနိုင်ကြပြီး နှစ်ပါတ် တကြိမ်တောင် မှ အနိုင်နိုင်
လာတွေနိုင်တဲ့ " ဘာရုပ်မှမပေါက်တဲ့ကောင်"တွေ ကတော့ ထောင်က ကျွေးတဲ့ ပုံစံထမင်း ၊ (အစေ့ ရေတွက်
လို့ ရတဲ့ )ပဲရည်ကျဲ....၊ညစာ ပေးတဲ့ တီကောင် တွေ သဲတွေ ဂဲတွေ ပါတဲ့ အရွက်ပြုတ်ရည် (ထောင်တာလပေါ) တောင်မှ ပြည်မှီအောင် မရကြရှာပါဘူး....။ နေ့ လည်စာ ....ညစာ ...ကိုထောင်ကပေးတဲ့ ပုံစံ အပြည့် လိုချင်ရင် ပေးရတာ တဈေး......။ မနက်စာ ထောင် ပဲ....ထောင် ဆီ နဲ့ ကြော်တဲ့ ထမင်းကြော် ပါ မနက်တိုင်း စားချင်ရင် တဈေး .......အဲဒီလို့ လေး ကွဲပြားသေးရဲ့  ....။
စား....ရေး တင်လား ဆိုတော့ မပာုတ်....
ရေ ကန်မှာ အလှည်ကျ တွင်းရေ ကို စည်ပိုင်ပြတ်တွေ နဲ့ ဆွဲတင် ပြီး အုတ်ကန် ထဲကို ရေဖြည့် ရတဲ့
(ရေဆွဲကြီး လို့ ခေါ်တဲ့) ရေကန်မှာ အလုပ်မလုပ်ချင်ရင် လဲ ငွေပေးရသလို ....ရေ " တ၀ "ချိုးချင်ရင် ...ရေကို
ပုံစံ နဲ့  မချိုးချင် ရင်လည်း ပိုက်ဆံ ..ပေးရတာပါပဲ...။မပာုတ်ရင်တော့ ရေကန်စောင့်(ဘာယာ) က
" ခပ်တခွက် " ဆိုရင်ခပ် " ချိုးတခွက် " ဆိုရင်ချိုး ပဲ....ပိုခပ်ပြီး ချိုး မိရင်တော့ ရေကန်ဘာယာ (အလုပ်ဘုတ်
ကိုင်)ရဲ့  လက်သပ်မွေးထားတဲ့ တပည့်တွေ ရဲ့ ကြိမ်လုံးစာ...မိတော့တာပါပဲ......။
ဒီလောက် တင်မက...နောက်ဆုံး အီးပါရင်...အိမ်သာ တက်ချင်ရင်တောင်မှ ငွေ လမ်းခင်းကြရတာပါ.....။
နေဖက် အပြင်ထွက်ချိန်...အဆောင်ဖွင့်ထားချိန်မှာ အိမ်သာ တက်ရေးမခက်ပေမဲ့ ညဖက် အဆောင် ထဲမှာ
တော့ အီးပါ ချင်ရင် အိပ်ယာ က ထပြီး လက်ညှိုးထောင် ကာ "အီးပါချင်ရင် .... ပါ .....တစ်.... ဒါမှမပာုတ်
သေးပေါက်ချင်ရင်..ပေါက်...တစ် "ဆိုပြီးအော် ရပါတယ် ။ လက်ညှိုးထောင်သူ က ထောင်ပိုင် ...ထောင်မှူး....
အာဏာပိုင် တယောက်ယောက် နဲ့  အပိုင်ပေါင်း (လိုင်းဝင် တယ်လို့ ထောင်ထဲမှာ ခေါ်သလို ...ဘောက်ချာ
ဖွင့် တယ် လို့ လဲဆိုတယ်..) ထားရင်တော့ အခက်အခဲ မရှိသလို ...." ဘာရုပ်မှမပေါက်တဲ့ကောင်"တွေ အတွက် ကတော့ လက်ညှိုး ထောင်ပြီး ဘယ်လောက်အော်အာ်.....လက်ညှိုး ဆိုရင် အိမ်သာစောင့် က ဘယ်
တော့ မှ ဦးစား မပေးသလို ထောင်ထဲ က ကုန်စည် လဲလှယ် ရာမှာ အဓိကဖြစ်တဲ့ ဆေးပေါ့လိပ် လေးထောင်
ပြီး အော်ရင်တော့ အဆင်ပြေ ပါတယ်....။ စီကရက်လေး ထောင်ပြီး အော်ရင်တော့ အိမ်သာ မှာ ဘယ်
လောက်အချိန်ကြာအောင် ထိုင်ထိုင် ပြောမဲ့ မာန်မဲ့ သူ မရှိပါဘူး....။ အိမ်သာ စောင့် ဘာယာ (ဘုတ်ကိုင်)
ပာာ တ ည ကို ဆေးလိပ် အလိပ်ငါးဆယ် အစည်း (သုံးလေးစည်း) ရသတဲ့......။ အိပ်ဆောင် တဆောင်မှာ
အကျဉ်းသား လေးငါးရာ အသာလေးရှိ တဲ့ အခါ အိမ်သာစောင့် က အစ သူအလုပ်နဲ့ သူဝင်ငွေ နဲ့  သူ အ
ဆင်ပြေ ကြတယ် ....။အဲဒီလို ထောင်မှာ နေရာ တနေရာ ရဖို့  အတွက် ထောင်အာဏာ ပိုင်တွေ ကို လစဉ်
ကြေးပေးပြီး လိုင်းဝင်(ဘောက်ချာဖွင့်)ကြ ရပါတယ် တဲ့......။ အလုပ်ကြီး (ဘုတ်ကြီး) တွေ မှာ အလုပ် မလုပ်
ပဲ ထောင်ထဲမှာ အေးအေးဆေးဆေး နေချင် ရင် ဒါမှမပာုတ် ရဲ ဘက်စခန်း ကို မလိုက်ချင်ရင် (၆)လ စာ
ဒါမှမပာုတ် တနှစ်စာ ငွေပေး ရပြန်ပါသေးတယ် ....။ အဲဒီလို မှ မပာုတ်ရင် ရဲဘက် ရောက်ရင်တော့ ပြန်လမ်း
မဲ့ သွားကြတာပါပဲ.....။မြစ်ကြီးနားနဲ့  ပူတာအို ကြားက ရဲဘက် စခန်း တခု ဆိုရင်နာမည်အရင်းပျောက်ပြီး (ဘ၀ သစ် ရဲဘက်စခန်း) လို့ တောင်မှ နာမည်တွင်တဲ့ အထိပါပဲ.....။ ပြစ်ဒဏ်တွေ ကလွတ်ပြီး ဘ၀သစ် ကို
ရောက်တာ မပာုတ်ပဲ သေ ပြီး ဘ၀ကူးသွားလွန်းလို့  အဲဒီလို နာမည်တွင်တယ် လို့ ဆိုပါတယ်.......။
အဲဒီလို ထောင်ထဲ က အဆိုးဆုံ အခြေအနေတွေ ...အဆိုးဆုံး လူအခွင့် အရေးချိုးဖောက်ခံ ရမှူ တွေ ကို
နိုင်ငံတကာ သိအောင် တနည်းပြောရရင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကြီး ပေါလိုဆာဂျီယို ပီညှဲရိုး ကို အသိပေးနိုင်ဖို့  အခွင့် အလမ်း တခု ကျနော် တို့  အတွက် ဆိုက်ဆိုက်မြိုက်မြိုက် ကြီးရောက်လာ ပါတော့တယ်......။ ကျနော်တို့  ထောင်ထဲမှာ ခိုးဝှက်ပြီး သုံးနေတဲ့ ရေဒီယို လေးက တဆင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကြီး မြန်မာပြည် ရောက်လာမဲ့ သတင်းကို သိရပြီး ရက်မကြာခင်မှာ ပါပဲ ...ကျနော် အိမ်
ကထောင်ဝင်စာ လာတွေ့ ရင်း အမေ က တိတ်တဆိတ် ပြောသွားခဲ့ တာက အဲဒီလူကြီး လာရင်
" မင်းအဖေ သူအတွက် ကားမောင်းပေးဖို့  တာဝန်ကျ လိမ်မယ် ....အရင် တခေါက် ကလဲ မင်းအဖေ ပဲ မောင်းပေးရတာ ...." တဲ့ ၊ အဲဒီအချိန် က ကျနော် အဖေ ပာာ U.N.D.P မှာ ကားမောင်းတဲသူပါ.....။
ဒီတော့ ....ကျနော် တို့ အတွက် ရွှေပုံ ကြီး ဆိုက်သလို အခွင့် အရေး တရပ်ကို မိမိရရ ဆုတ်ကိုင် ကြပါတော့
တယ် .....။
ထောင်ထဲ ကို I.C.R.C အဖွဲ့ တွေ ၀င်ရောက်ခွင့် ရပြီးချိန်က စလို့  ထောင်ပာာ အရင်ကလို တင်ကျပ်တဲ့ စည်း
ကမ်းတွေ နဲ့ လှောင်ပိတ်မနေ တော့ပါဘူး....။ အရင် က ဆိုရင် မနက် ကို (၁၅) မိနစ် မျက်နှာသစ် ၊ အညစ်အကြေးစွန်ချိန် ရပြီး နေလည်မှာ (၃၀) မိနစ် သာ ရေချိုးချိန် လမ်းလျှောက်ချိန် ရကြတာပါ....။ညနေ ပိုင်းကျတော့ (၁၅)မိနစ် ထပ်ဖွင့်ပေးပြီး အညစ်အကြေး အိုးတွေ သွန်ချိန် ဆေးကြောချိန်ပေးပါတယ် .......။
အခန် အားလုံး အကျဉ်းသားအာလုံး ကို တပြိုင်နက် ဖွင့်ပေးတာ မပာုတ်တာကြောင့် ကိုယ်က အချိန်ပို ယူရင်
နောက်လူ အတွက် အချိန်လျှောသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်ရတဲ့ အချိန်လေးအတွင်းမှာ ပြီးစီးအောင်
ကြိုးစားရတယ်ပေါ့....။ I.C.R.C ရောက်လာပြီးနောက်ပိုင်း မနက် ထောင်(တန်းဖွင့်ချိန်) ဖွင့်ချိန်က စပြီး ညနေ
ပိတ်ချိန် အထိ ကျနော်တို့ အားလုံး လွတ်လပ်စွာ နေခွင့် ရလာကြပါတယ် ...။ အခန်းပေါင်း (၁၉)ခန်းသာ ရှိတဲ့
မြစ်ကြီးနားထောင်ရဲ့ တိုက် (၂)တိုက်မှာ လူပေါင်း (၅၁) ယောက်တိတိ ပြည့်ကျပ် အောင်နေခဲ့ ရပါတယ် ....
(၄)ယောက် ကိုတခန်း နှုံး နဲ့ နေခဲ့ ကြရာကနေ ထောင်တွင်း ဖောက်ပြန်ရေးသမား တစု နဲ့ အတူ ဘာသာရေး
၅/ည ....(ဗလီ ဂေါပက လူကြီး နေရာလုမှု နဲ့  ရောက်လာသူ တချို့  ) စုစုပေါင်း (၁၂)ယောက် ကို အဆောင် ရွှေထားချိန်ကျ မှ ကျနော်တို့ တတွေ အသက်ရှု ၀တော့တယ် .....။ အဲဒီ ဖောက်ပြန်ရေးသမား တွေ
အဆောင်ပြောင်းသွား တာကြောင့်လဲ ပါ တယ် ....ကျနော်တို့  " မြစ်ကြီးနာ ထောင်အတွင်း လူအခွင်အရေးချိုးဖောက်မှု့ မှတ်တမ်း "ကြီးတစောင်ကို ရေးသားပြုစု နိုင်ခဲ့ ကြတာလေ.......။
မပာုတ်ရင်တော့ ဒီလူတွေ ထောင်အာဏာပိုင်ကို လက်ထောက်ချတာ နဲ့ တင် နောက်မှု့ တိုးပြီး ထောင်ထဲမှာ
ထောင်ထပ်ကျလောက်ပါတယ် .....။( ဖောက်ပြန်ရေး သမားတစု ရဲ ထောင်တွင်း သတင်းပေး လုပ်မှု့ များကို
ကျနော် ရေးထားတဲ့ " အလွမ်းပြေ ပာင်းတအိုးနဲ ရင်ဘတ်ထဲ ကဒဏ်ရာ " တွင် ဖတ်နိုင်ပါတယ်)...။
ကျနော်တို့  အဲဒီစာတမ်းကို ပြုစု ချိန်မှာ ဘ၀တူ နိုင်ငံရေး အကျဉ်းသား အချို့ ကတော လွတ်မြောက် သွားပါပြီ..
(အတိအကျ မပာုတ်..မှန်းခြေ )လူ (၂၀) နဲ့  (၃၀ )ကြားလောက်သာ ကျန်တော့တာပါ........။
အဲဒီ ကျန်တဲ့ သူတွေ ကို တာဝန်တွေ ခွဲဝေ ပေးပြီး စာတမ်းကို အချက်အလက် စုံလင်အောင် တိကျအောင်
ပြုစု ရေးသားနိုင်ခဲ့ ကြပါတယ် ....။ ရဲဖက်စခန်း အကြောင်း...၊ စားရေးသောက်ရေး...၊ ကျန်မာရေးစောင့်
ရှောက်မှု့ .....၊ ဘုတ်ကိုင်.(ထောင်တန်းစီး)နေရာ လာဘ်ပေးမှု့  ....စတာတွေ ကို သုံးယောက် ကို အုပ်စု တစု
ခေါင်းစဉ် တခု စီတာဝန်ယူပြီး စုံစမ်းကြ ...အတည်ပြု ကြ ဖြည်ဆွက်ကြ ပါတယ်.....။ အဲဒီစာတမ်း ကို အကောင်အထည်ဖော်နိုင်ဖို့  အဓိက ထောက်ပံ သူက ယခု နော်ဝေ နိုင်ငံ ရောက်နေတဲ့  ကိုနိုင်ဖော်ဝင်း ပါ
ပဲ ....သူက အဲဒီအချိန်မှာ မြစ်ကြီးနား N.L.D အဖွဝြင် တယောက်ပါ....။သူကို ထောင်ဝန်ထမ်းတယောက်က
နေတဆင့် ဆက်သွယ်ပြီး လိုအပ်တဲ့ ဘောလ်ပင် ...ခဲတံ....စာရွက် ....မှာယူရပါတယ် ....။ သူကလဲ တကယ်ကို လိုလိုလားလား မကြောက်မရွံ ကူညီပေးပါတယ် .....။ ဒီလိုနဲ့  ကျနော်တို့ ယုံကြည်ချက်ကြောင့်
အကျဉ်းကျခံ နေရတဲ့ (ယုံကြည်ချက် အကျဉ်းသား )နိုင်ငံရေးသမားထောင်ကျ သူတွေရဲ့  ထောင်တွင်း လူအခွင့် အရေး ချိုးဖောက်မှု့  မှတ်တမ်း ဆိုတာကြီးက တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီး ကိုယ်စာလှယ်တော်
ကြီး မြစ်ကြီးနား ထောင်ကို ရောက်လာမဲ့  ရက်ပာာလဲ တဖြည်းဖြည်း နီးကပ်လာပါတော့တယ်.........။
(ဆက်ရန်.....)
ခိုင်ကိုဦး(ဆစ်ဒနီ)
၅ . ၈ . ၂၀၁၆ (စနေနေ့ ...ည ၁၁း၄၅)
No comments:
Post a Comment