Wednesday, 17 December 2014
နိုင်ငံတကာတွင် ထိတ်လန့်တုန်လှုပ်ခဲ့ရသည့် ဆစ်ဒနီကော်ဖီဆိုင် စီးနင်းမှု
နိုင်ငံတကာတွင် ထိတ်လန့်တုန်လှုပ်ခဲ့ရသည့် ဆစ်ဒနီကော်ဖီဆိုင် စီးနင်းမှု
***********************************************************************
ကော်ဖီဆိုင် ပြန်ပေးဆွဲသူ Man Haron Monis သည် ပြီးခဲ့သည့်နှစ်က သူ၏ ဇနီးဟောင်းကို သတ်ဖြတ်မှုတွင် ပါဝင် သည်ဟု စွပ်စွဲခံခဲ့ရပြီး အာမခံဖြင့် လွတ်မြောက်နေသူဖြစ်သည်။ ၁၉၉၆ ခု နှစ်တွင် အီရန်နိုင်ငံမှ သြစတြေးလျနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ရှိတ်ဟာရွန် (Sheikh Haron) ဆိုသည့် အမည်ကို ခံယူခဲ့သည်
.
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ကော်ဖီဆိုင်တခုကို ဒီဇင်ဘာလ ၁၅ ရက်နေ့က အီရန်လူမျိုး သေနတ်သမားတဦးက ၀င်ရောက် စီးနင်းခဲ့ပြီး ဓားစာခံ အနည်းဆုံး ၁၇ ဦးခန့်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာမှ သြစတြေးလျရဲတပ်ဖွဲ့၏ ၀င်ရောက် စီးနင်းမှုကြောင့် ပြန်ပေးဆွဲသူ အီရန်လူမျိုးသေနတ်သမားနှင့် ဓားစာခံ ၂ ဦး သေဆုံးသွားပြီး ကော်ဖီဆိုင်စီးနင်းမှုမှာလည်း စိုးရိမ်ထိတ်လန့်မှု၊ ၀မ်းနည်းမှုများစွာဖြင့် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။
.
အီရန်လူမျိုး သေနတ်သမားသည် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဆစ်ဒနီမြို့ရှိ Lindt ကော်ဖီဆိုင် ကို ၀င်ရောက်စီးနင်းခဲ့ပြီး ဓားစာခံများကို ၁၆ နာရီကျော်ကြာဖမ်းဆီးသိမ်းပိုက်ထားခဲ့သည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ ဒေသစံတော်ချိန် မနက် ၂ နာရီ ခန့်တွင် သြစတြေးလျကွန်မန်ဒို တပ်ဖွဲ့ဝင်များက မောင်းပြန်သေနတ်များ၊ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်၍ ကော်ဖီဆိုင်အတွင်း စီးနင်းဝင်ရောက်ခဲ့သည်။ အာဏာပိုင်များက ကော်ဖီဆိုင်ကို ၀င်ရောက်စီးနင်းပြီးနောက် ဗုံးရှင်းလင်းရေးတပ်ဖွဲ့နှင့် ရှာဖွေ ရေး စက်ရုပ် များဖြင့် ရှင်းလင်းရေး ဆောင်ရွက်ရာ ကော်ဖီဆိုင်အတွင်းတွင် ပေါက်ကွဲစေတတ်သည့် ပစ္စည်းမတွေ့ရှိရဟု အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။
.
သြစတြေးလျ ၀န်ကြီးချုပ် Abbott က ကော်ဖီဆိုင် ၀င်ရောက်စီးနင်းမှုတွင် ဓားခံများ သေဆုံးရမှုနှင့်ပတ်သက်၍ “ကျနော် တို့ရဲ့ အတွေးတွေနဲ့ ဆုတောင်းတွေက သေဆုံးသွားတဲ့ ဓားစာခံတွေရဲ့ မိသားစုတွေ၊ ဒဏ်ရာရရှိသူတွေနဲ့ အခြား ဓားစာခံ တွေနဲ့ အတူရှိနေပါတယ်” ဟု သူ၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
.
သေဆုံးသွားသော ဓားခံ ၂ ဦးမှာ ကလေး ၃ ဦး၏ မိခင် အသက် ၃၈ နှစ်အရွယ် Katrina Dawson နှင့် ကော်ဖီဆိုင် မန်နေဂျာ အသက် ၃၄ နှစ်အရွယ် Tori Johnson တို့ဖြစ်ပြီး ကော်ဖီဆိုင်ကို ၀င်ရောက်စီးနင်း ပြန်ပေးဆွဲခဲ့သူ သေနတ် သမားမှာ အသက် ၅၀ အရွယ်ရှိ Man Haron Monis ဖြစ်သည်။ ဓားစာခံ ၂ ဦး သေဆုံးမှုသည် ပြန်ပေးဆွဲသူ၏ ပစ်ခတ် မှုကြောင့် (သို့မဟုတ်) ရဲတပ်ဖွဲ့၏ ၀င်ရောက်စီးနင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည် ဆိုသည်ကိုမူ အာဏာပိုင်များ တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
.
ကော်ဖီဆိုင် ၀င်ရောက်စီးနင်းမှုတွင် ပြန်ပေးဆွဲခံရသော ဓားစာခံ ၁၇ ဦးတွင် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၆ ဦးမှာ ၀င်ရောက် စီးနင်း စဉ်အတွင်း ဒဏ်ရာအနာတရ မရရှိဘဲ ထွက်ပြေးလွတ် မြောက်လာခဲ့သည်။ ရဲအရာရှိတဦးမှာမူ မျက်နှာတွင် သေနတ် ဒဏ်ရာ ရရှိခဲ့ပြီး လတ်တလော အခြေအနေ ကောင်းမွန်ကာ အသက်အန္တရာယ်မရှိဟု သိရသည်။
.
လွတ်မြာက်လာသူများထဲမှ ဆေးကုသမှုခံယူရန် လိုအပ်သူများကို ဂရုတစိုက်ကုသပေးနေပြီး ၎င်းတို့၏ မိသားစုများလည်း အတူ ရှိနေကြသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ခြေထောက်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့သော ဓားစာခံ တဦးသည် ဆစ်ဒနီ မြို့ရှိ Royal North Shore ဆေးရုံ၌ တက်ရောက်ကု သမှု ခံယူနေပြီးယင်းလူနာသည် အသက်အန္တရာယ် စိုးရိမ်ရ သည့် ဒဏ်ရာများရရှိခဲ့သော်လည်း ယခုအချိန်တွင် ကျန်းမာရေး အခြေအနေ တည်ငြိမ်နေပြီဟု သိရှိရသည်။
.
ကော်ဖီဆိုင် ပြန်ပေးဆွဲသူ Man Haron Monis သည် ပြီးခဲ့သည့်နှစ်က သူ၏ ဇနီးဟောင်းကို သတ်ဖြတ်မှုတွင် ပါဝင် သည်ဟု စွပ်စွဲခံခဲ့ရပြီး အာမခံဖြင့် လွတ်မြောက်နေသူဖြစ်သည်။ ၁၉၉၆ ခု နှစ်တွင် အီရန်နိုင်ငံမှ သြစတြေးလျနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ရှိတ်ဟာရွန် (Sheikh Haron ) ဆိုသည့် အမည်ကိုခံယူခဲ့ သည်။
.
လန်ဒန်အခြေစိုက် ပါရှန်းရုပ်မြင်သံကြားလိုင်းတခုဖြစ်သည့် Monota 1 က Man Haron Monis သည် အီရန်နိုင်ငံရှိ ခရီး သွားလုပ်ငန်းတခုတွင် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူ၏ ဖောက်သည်များထံမှ အမေရိကန် ဒေါ်လာ ၂၀၀၀၀၀ အလွဲသုံးစားပြုလုပ်၍ ထွက်ပြေးတိမ်းရှောင်လာခြင်း ဖြစ်သည်ဟု ထုတ်လွှင့်ခဲ့သည်။ ပြစ်မှုအတွက် မိ ခင် နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ခြင်း မခံရစေရန် ဒုက္ခသည်ခံယူကာ အကာအကွယ်ယူခဲ့ သည်ဟု သိရှိရသည်။
.
သူသည် အရှေ့အလယ်ပိုင်းတွင် တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ရသော သြစတြေးလျစစ်သားများ၏ မိသားစုများထံသို့ စော်ကား နှောင့်ယှက်သည့် စာများ ရေးသားပေးပို့ခဲ့သည့်အတွက် အာဏာပိုင်များက သူ့ကိုကောင်းစွာ သတိထား မိခဲ့ကြသည်။ သူသည် အစွန်းရောက် ၀က်ဘ်ဆိုက်တခု လွှင့်တင်ထားပြီး ယင်းဝက်ဘ်ဆိုက်၊ YouTube ၊ Facebook နှင့် Twitter စာမျက်နှာများတွင် ရဲတပ်ဖွဲ့ကို တိုက်ခိုက်ရေးသားခဲ့သည်။
.
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင့် တရားရုံးသို့ သူ၏ ရှေ့နေများနှင့် အတူ Man Haron Monis ရောက်ရှိလာပြီး သူ သည် ငြိမ်းချမ်းရေး လှုပ်ရှားသူတဦးသာဖြစ်ကြောင်း ထုချေရှင်းလင်းခဲ့၏။ တရားရုံးများက သူ့ကို စစ်သည်မိသားစုများထံ သို့ စာရေးသားပေးပို့ ခြင်းအပါအ၀င် သူ၏ ဆန္ဒပြလှုပ်ရှားမှုများကို တားမြစ်ခဲ့သည်။
.
၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် ဆစ်ဒနီရှိ ရာဇ၀တ်မှု အယူခံတရားရုံးသို့ ရောက်လာပြီး သူ့အပေါ်စွပ်စွဲခဲ့သော အမှု များသည် တရားမ၀င်ကြောင်း၊ သူ၏ ရပိုင်ခွင့်နှင့် အခြေခံလွတ်လပ်ခွင့်များကို ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း အသနားခံခဲ့ သော် လည်း အဖွဲ့ဝင် ၃ ဦးပါဝင်သည့် စုံညီခုံရုံးက တညီတညွတ်တည်း ပယ်ချခဲ့သည်။
.
သြစတြေးလျ တရားရုံးချုပ်သို့ ထပ်မံအသနားခံသည့် အခါတွင်လည်း တရားသူကြီး ၆ ဦးက တဖက် ၃ ဦးစီဖြင့် ၎င်း၏ အမှုအပေါ် သဘောထားကွဲလွဲမှုရှိခဲ့သည်။ ပုံမှန်အားဖြင့် တရားသူကြီး ၇ ဦးရှိသည့် တရားရုံးချုပ်တွင် တရားသူကြီး တဦးနေရာ လစ်လပ်နေသည့် အတွက် Man Haron Monis ၏ အယူခံသည် မဲအများစုဖြင့် ဆုံးဖြတ်နိုင်ခြင်း မရှိဘဲ သူ့ကို တားမြစ် ပိတ်ပင်ထားသည့် အောက်တရားရုံး၏ အမိန့်က ဆက်လက် အတည်ဖြစ်နေခဲ့သည်။
.
Man Haron Monis သည် လူသတ်မှုတွင် ပါဝင်သော်လည်း အာမခံနှင့် လွတ်မြောက်နေမှုကြောင့် မေးခွန်းများနှင့် ရင်ဆိုင်နေရသော New South Wales ပြည်နယ် ရှေ့နေချုပ် Brad Hazzard က သူ လွတ်မြောက်နေမှုကို စုံစမ်း စစ်ဆေးမည်ဖြစ်ကြောင်း ပြောဆိုသည်။
.
“သူဘယ်လို လွတ်မြောက်နေတယ်ဆိုတာကို သေသေချာချာ စစ်ဆေးဖို့ ပြည်နယ်က အစိုးရဌာနတွေနဲ့ ဖက်ဒရယ်ဌာန တွေကို တောင်းဆိုထားပါတယ်” ဟု သူက သတင်းထောက်များကို ပြောသည်။ သက်ဆိုင်ရာဌာနများက မည်သည့် အတွက် ကြောင့် Man Haron Monis ကို အလေးမထားမိခဲ့သည်ကို အရေးကြီးဖော်ထုတ်ရမည် ဖြစ်ကြောင်းနှင့် သူ့ကို သတိမပြုမိခဲ့သည့် အတွက် ယခုကဲ့သို့ ကော်ဖီဆိုင် စီးနင်းမှု လုပ်ခွင့်ပေးလိုက်သလို ဖြစ်သွားသည်ဟု Brad Hazzard က ထပ်ပြောသည်။
.
Man Haron Monis သည် သူ၏ဇနီးဟောင်းကို သတ်ဖြတ်မှုတွင် အလိုတူအလိုပါ ဖြစ်သည်ဟု စွဲချက်မှ အာမခံဖြင့် လွတ် မြောက်နေသလို ဒါဇင်နှင့် ချီသော လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှုများ ကျူးလွန်ခဲ့သည်ဟုလည်း စွပ်စွဲမှုများဖြင့် ရင် ဆိုင်နေရသူဖြစ်သည်။
.
၂၀၁၄ ခုနှစ် မတ်လ ၁၄ ရပ်နေ့တွင် ငယ်ရွယ်သောမိန်းကလေး တယောက်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု ဖြင့် Man Haron Monisသည် အာဏာပိုင်များ၏ ဖမ်းဆီး တရားစွဲဆိုခြင်း ခံရပြန်သည်။ ဒေသတွင်း သတင်းစာ တစောင်တွင် သူ့ကိုယ်သူ “နက္ခတ ဗေဒင်၊ ဂဏန်းဗေဒင်၊ ကမ္မဌာန်း နှင့် မှော်ပညာကျွမ်းကျင်သူ” အဖြစ် ကြေညာခဲ့၍ အဆိုပါ မိန်းကလေးက သူ့ထံတွင် ဗေဒင်မေးရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။
.
Man Haron Monisက သူ့အပေါ်စွပ်စွဲမှုများသည် စစ်မှန်သော ရာဇ၀တ်ပြစ်မှုများ မဟုတ်ဘဲ အစ္စလမ်တက်ကြွလှုပ်ရှားသူ တဦးကို နိုင်ငံ ရေးအရ တိုက်ခိုက်ခြင်းဖြစ်သည်ဟု သူ၏ အွန်လိုင်းစာမျက်နှာများတွင် ဖော်ပြခဲ့သည်။
.
Man Haron Monis ၏ ရှေ့နေဖြစ်သော Manny Conditsis က သူကြုံတွေ့နေရသော ဥပဒေရေးရာ ဒုက္ခများ ကြောင့် ယခု ကဲ့သို့ အကြမ်းဖက်မှု ဖြစ်စေခဲ့သည်ဟု ဆိုသည်။
.
“ဒါတွေအားလုံး စုံသွားတဲ့ အခါကျတော့ နောက်ဆုံးမှာ သူ့ကို အစွန်းတဖက်ကို တွန်းပို့လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ကျနော့် အမြင်မှာတော့သူက အယူအဆ ပြင်းထန်သူ တယောက်ပါ။ သူ့မှာ ပြင်းထန်တဲ့ အမြင်ရှိတယ်။ ဒါပေမယ့် ရန်လိုတဲ့ လုပ်ဆောင်မှုတွေ အကြောင်း သူတခါမှ မပြောဖူးပါဘူး” ဟု Manny Conditsis ကပြောသည်။
.
ကော်ဖီဆိုင်စီးနင်းမှုသည် ISIS အကြမ်းဖက်အဖွဲ့၊ အယ်ကေဒါ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်မှုရှိသည်ဟု အစောပိုင်းသတင်းများတွင် ဖော်ပြခဲ့သော်လည်း ယခုအချိန်အထိ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်မှု ရှိ၊ မရှိ သေချာ ရှင်းလင်းစွာ မသိရှိရသေးပေ။ ဓားစာခံများကမူ ပြန်ပေးဆွဲသူသည် Islamic State of Iraq and Syria (ISIS) အဖွဲ့ ၏ အလံနှင့် ဆင် တူသော အလံတခုကို ကိုင်ထားကြောင်း ပြောဆိုကြသည်။
.
ISIS အဖွဲ့သည် သြစတြေးလျနှင့် အနောက်နိုင်ငံများတွင် တိုက်ခိုက်မှုများပြုလုပ်မည်ဟု ကြေညာထားသော်လည်း Man Haron Monis သည် ISIS နှင့် ဆက်နွယ်သည့် တကိုယ်တော်အကြမ်းဖက်သမား တဦးအဖြစ် မသတ်မှတ်နိုင်ကြောင်း အမေရိကန် အစိုးရ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး အကြံပေး ပုဂ္ဂိုလ်ဟောင်းလည်းဖြစ်၊ ABC သတင်းဌာန ၏ အကြံပေးလည်းဖြစ်သူ Richard Clarke ကပြောသည်။ သို့သော်လည်း ISIS ၏ လူသိများမှုကို အခွင့်အရေးယူလိုသော စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူ တယောက်ဖြစ်နိုင်သည်ဟု သူကဆိုသည်။
.
“တခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူတွေ လုပ်တတ်ကြသလို ရဲအဖွဲ့ရဲ့ လက်ချက်နဲ့ ကိုယ့်ကိုယ်ကို သတ်သေတာမျိုးလို့ ကျနော် ထင်ပါတယ်။ ခုချိန်မှာက တကယ်လို့ သူတို့က သူတို့ဟာ အကြမ်းဖက် သမားဖြစ်ပါတယ်။ ISIS သို့ မဟုတ် Al Qaeda နဲ့ အဆက်အသွယ်ရှိပါတယ်လို့ ပြောလိုက်ရင် ဖြစ်ရပ်က ကြီးကျယ်သွားပြီးတော့ မြို့ကိုလည်း ပိတ်ဆို့လိုက် နိုင် သလို နိုင်ငံတကာရဲ့ အရေးစိုက်မှုကိုလည်း ရနိုင်မယ်လေ” ဟု သူက ABC သတင်းဌာနသို့ပြောသည်။
.
Credit : Irrawaddy
.
ကော်ဖီတစ်ခွက် (သို့) ဆစ်ဒနီမြို့လည်က ကမ္ဘာကျော် ပြန်ပေးဆွဲမှု့
ကော်ဖီတစ်ခွက် (သို့) ဆစ်ဒနီမြို့လည်က ကမ္ဘာကျော် ပြန်ပေးဆွဲမှု့ ( ရေးသူ=အရှင်အဂ္ဂဥာဏ-လှည်းကူး)
" ဦးဇင်းအခုဘယ်မှာလဲ၊ မြို့ထဲမှာ ပြန်ပေးဆွဲမှု့ ဖြစ်နေတယ်။ တီဗီက တိုက်ရိုက်ပြနေတယ်။ ဘယ်မှ မသွားနဲ့။ တံခါးလာခေါက်ရင်တောင် ရဲမဟုတ်ရင် ဘယ်သူမှ ဖွင့်မပေးနဲ့။ သတိ ၀ီရိယနဲ့ နေ ......"
စသဖြင့် အသိမိတ်ဆွေတစ်ဦးက ဖုန်းဆက်ပြီး အသိပေးလာပါတယ်။ ကျုပ်က အဲဒီအချိန်က ဆွမ်းစားဖို့ ပြင်နေတဲ့ အချိန်ပေါ့။ ဒါနဲ့ပဲ တီဗီကို ဖွင့်ပြီးကြည့်လိုက်တော့ တီဗီလိုင်း သုံးလေးလိုင်းက တိုက်ရိုက်ပြနေပါတယ်။ အဲဒီထဲက သိလိုက်ပါပြီ။ ဒီကိစ္စက အချိန်တော်တော်ကြာမှ ပြီးမှာပါလို့။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံမှာ ကိစ္စသေးသေးလေးကိုပင် အော်ပရေးရှင်းလုပ်ရင် အနည်းဆုံး (၃)နာရီလောက်ကြာတတ်လို့ပါပဲ။ ထင်တဲ့အတိုင်း (၁၇)နာရီလောက်ကြာမှ ပြီးသွားတာပါ။
ဒီအကြောင်းကို မပြောခင် ဒီနိုင်ငံအကြောင်းကို အနည်းငယ်လောက် ပြောပြသင့်ပါတယ်။ ဒီနိုင်ငံမှာ အသက်တစ်ချောင်းကို တော်တော် အလေးထားပါတယ်။ လူ့အသက်သာမက တိရစ္ဆာန်အသက်လည်း အတူတူပါပဲ။ ဥပမာတစ်ခုပြောရရင် မိတ်ဆွေတစ်ယောက်ရဲ့ အိမ်အဖေါက်ခံရပါတယ်။ ပစ္စည်းတွေလည်း တော်တော်များပါသွားတယ်။ ရဲရောက်လာတော့ ဘာအရင် မေးသလဲဆိုတော့ " လူဘာဖြစ်သွားသေးသလဲ" .....တဲ့။ လူတော့ ဘာမှ မဖြစ်ဘူးဆိုတော့ လူဘာမှ မဖြစ်ရင် ပြန်တော့မယ်။ ပစ္စည်းက ပြန်ဝယ်လို့ ရတယ်တဲ့လေ။
ဟုတ်ပါတယ်။ ဒီနိုင်ငံအစိုးရက အလုပ်မရှိတဲ့ သူအားလုံးကို (၂)ပတ်တိုင်း (၂)ပတ်တိုင်း ဒေါ်လာ-၆၀၀ လောက် ထောက်ပံ့ပါတယ်။ ဒီတော့ ဒီနိုင်ငံမှာ နေထိုင်ကြသူတွေ အများစုဟာ ဘာမှ ပူစရာကို မလိုတဲ့ အခြေအနေမှာ ရှိပါတယ်။ အေးအေးချမ်းချမ်းနဲ့ နေနိုင်ကြပါတယ်။ ဆင်းရဲ ချမ်းသာ မကွဲပြားပါဘူး။ တသားတည်းပါပါပဲ။ ဆိုလိုတာကတော့ အလုပ်မရှိလဲ အစိုးရက ထောက်ပံ့တော့ စားဝတ်နေရေး ဘာမှပူစရာမလိုဘူးပေါ့။ ဒါကြောင့်မို့လည်း ကမ္ဘာအရပ်ရပ်က သြစီ..သြစီ ဖြစ်နေတာပါ။ ဒီသြစီကို မရောက်ရောက်အောင် လာခဲ့ကြတာပါ။
အခုဒီ ပြန်ပေးသမားကလည်း သြစီမှာ နိုင်ငံရေးခိုလုံခွင့်ရပြီး အခြေချနေထိုင်တဲ့သူဖြစ်ပါတယ်။ သူက အီရန်နိုင်ငံသား တရားဟောဆရာတစ်ယောက်ပါ။ မူလက ရှီယိုက်မူစလင်ဖြစ်ပြီး နောက်ပိုင်းမှ ဆွန်နီမူစလင်ကို ကူးပြောင်းခဲ့သူပါ။ သူဟာ မယားဟောင်းကို သတ်မှု့နဲ့ တရားရင်ဆိုင်နေရဆဲလည်း ဖြစ်ပါတယ်။ ပြီးတော့ မိန်းခလေးအယောက် (၅၀)ကျော်ကို လိင်ပိုင်းဆိုင်ရာ ဆော်ကားမှု့တွေနဲ့လည်း တရားဆွဲခံနေရသူပါ။
ဒါပေမယ့် ထူးခြားတာက ဒီလိုလူမျိုးကို အာမခံပေးပြီး အပြင်မှာ နေခွင့်ပေးထားတာပါ။ ပြီးတော့ အကြမ်းဖက်သမားတွေနဲ့ ဆက်နွှယ်မှု့ရှိပြီး စောင့်ကြည့်စာရင်းထဲမှာ သူနာမည်မပါပါဘူး။ ဒါကြောင့်မို့ သြစီဝန်ကြီးချုပ်က ဘာ့ကြောင့် စောင့်ကြည့်စာရင်းထဲမှာ မပါတာလဲဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုလူမျိုးကို ဘာကြောင့်အာမခံပေးရသလဲဆိုပြီး တရားစီရင်ရေးကို အားလုံးက ဝေဘန်လျက်ရှိပါတယ်။ နောက်နှစ် ဇန်န၀ါရီလမှာ အသစ်ထွက်မယ့် ဥပဒေနဲ့ဆိုရင် အာမခံမပေးတော့ဘူးလို့ ဆိုပါတယ်။
ဒီတော့ ဒီပြန်ပေးသမားဟာ လက်နက်နဲ့အတူ ချောကလက် အဓိကရောင်းတဲ့ ကော်ဖီဆိုင်ကို ၀င်စီးပါတယ်။ သတင်းအစပိုင်းမှာတော့ အထဲမှာ ဓားစာခံဘယ်နှစ်ယောက်ရှိတယ်၊ ပြန်ပေးသမားက ဘယ်နှစ်ယောက်ပါတယ်ဆိုတာကို အတိအကျ မသိကြပါဘူး။ ရဲကလည်း မထုတ်ပြန်ပါဘူး။ အထူးထရိန်နင်ပေးထားတဲ့ စေ့စပ်ရေးမှူးများကို စေ့စပ်ဆွေးနွေးနေကြောင်း၊ အချိန်ဘယ်လောက်ကြာကြာ ဓားစာခံများ ဘေးကင်စွာ လွတ်မြောက်ရေးသာ အရေးကြီးကြောင်း ရဲက သဘောထားထုတ်ပြန်ပါတယ်။
အဲဒီနေရာရဲ့ ပတ်ခြာလည်မှာ ဘဏ်တွေ၊ စာကြည့်တိုက်တွေ၊ အစိုးရပါလီမန်တွေ၊ ဘုရားရှိခိုးကျောင်းတွေရှိပါတယ်။ ကံကောင်းတာက ချန်နယ်ဆဲလ်ဘန်း တီဗီစတေရှင်က အဲဒီဆိုင်ရဲ့ တစ်ဖက်အခြမ်းမှာ ရှိပါတယ်။ အဲဒီကနေ လှုပ်ရှားမှု့တွေကို တိုက်ရိုက်ရိုက်ကူးနိုင်နေတာပါပဲ။ အဲဒီပတ်ခြာလည်က အဆောက်အဦတွေအပေါ်ကနေ အထူးလက်ဖြောင့်သမားတွေက စနိုက်ပါများနဲ့ စောင့်နေပါတယ်။ တီဗီကတော့ အဲဒီအဆောက်အဦကို အသေပဲ ရိုက်ပြပါတယ်။ အထူးရဲတွေရဲ့ လှုပ်ရှားမှု့တွေကို လုံးဝမလွှင့်ပါဘူး။
သတင်းကြေငြာပေးသူက ဒီလိုလည်း ပြောသွားပါသေးတယ်။ မီဒီယာသမားအနေဖြင့် မည်မျှလောက်သော သတင်းပမာဏကို ပြည်သူတွေကို တင်ပြသင့်သလဲဆိုတာကို အရမ်းပဲ စဉ်းစားပြီး တင်ပြပေးနေရကြောင်းပေါ့။ မြန်မာသတင်းသမားများ အတုယူဖွယ်ပါပေ။ အော်ပရေးရှင်းပြီးတဲ့အခါမှာတော့ ပြသင့်ပြထိုက်တဲ့ အရာတွေကို ထုတ်ပြသွားတာ တွေ့ရပါတယ်။ ပြီးတော့ ဒီကိစ္စမှာ အဲဒီအဆောက်အဦထဲက လူတွေ ဘာပြောနေသလဲဆိုတာကို ဒီဘက်အသံလွှင့်ရုံကနေ တိုက်ရိုက်ကြားတဲ့ ကရိယာတစ်ခုကို အထူးရဲက တပ်ဆင်ခဲ့ပါတယ်။ အဲဒီကရိယာတပ်ဆင်လိုက်တဲ့ အခါမှာ ပြန်ပေးသမားနဲ့ ဓားစာခံတွေရဲ့ အသံတွေကို သဲသဲကွဲကွဲ ကြားရပါတယ်တဲ့။ သတင်းထောက်ကိုယ်တိုင်တောင် ဒါမျိုးကို ပထမဆုံးမြင်ဘူးတာလို့ ၀န်ခံသလို ဒါကို ထုတ်ဖေါ်မပြောသင့်ဘူးလို့ ပြောသွားပါတယ်။ ဒါကတော့ သြစီရဲ့ နည်းပညာအဆင့်မြင့်မှု့ကို ဖေါ်ပြတယ် ထင်ပါတယ်။
ပတ်ခြာလည် အဆောက်အဦထဲက လူတွေကို ဘေးကင်းရာသို့ ခေါ်ထုတ်ပါတယ်။ တီဗီစတေရှင်မှာပင် ကင်မရာမင်းနှင့် တာဝန်ရှိသူတစ်ယောက်ပဲ ကျန်ပါတယ်။ ကျန်တဲ့သူအပြင်ထွက်ရပါတယ်။ ပြီးတော့ ဆစ်ဒနီအော်ပရာဟောက်စ်၊ တံတားကြီး၊ မြေအောက်ကားလမ်းများ၊ ဆစ်ဒနီမြို့တွင်းသို့လာရာ အဝေးပြေးလမ်းမများကို ပိတ်လိုက်ပါတယ်။ ပြီးတော့ ဆစ်ဒနီလေဆိပ်မှ လေယာဉ်များကိုလည်း ဆစ်ဒနီမြို့ပေါ် မပျံသန်းရန် အမိန့်ထုတ်ပါတယ်။ အခြားတစ်ဖက်မှာလည်း ဆေးရုံကားများ၊ မီးသတ်ကားများကို အဆင်သင့် သူ့နေရာနှင့်သူ ထားရှိပါတယ်။
ဒီကိစ္စမှာ ထူးခြားတာက စစ်သားတစ်ယောက်မှ မတွေ့ရတာပါဘဲ။ ဒီကိစ္စကို နယူးဆောက်ဝေးပြည်နယ်ရဲ နဲ့ ဖက်ဒရယ်ရဲတွေက ကိုင်တွယ်ပါတယ်။ ရဲအားလုံးက ဒီလိုကိစ္စတွေ ဖြစ်လာလျှင် အသုံးပြုဖို့ အထူးထရိန်နင် ပေးထားတဲ့ သူတွေချည်းပါပဲ။ ၀န်ကြီးချုပ်ကလည်း အကူအညီအပြည့်အ၀ ပေးမယ်လို့ ပြောထားသလို အမေရိကန်အစိုးရကလည်း စင်္ကာပူမှာရှိတဲ့ သူ့လူတွေကို လွှတ်ပေးမယ်လို့ ကြေညာပါတယ်။
တကယ်တော့ ပြန်ပေးသမားက တစ်ယောက်ထဲပါ။ ဓားစာခံက (၁၇)ယောက်ပါ။ ပထမသုံးယောက်လွတ်လာတယ်။ နောက်ထပ် (၂)ယောက်လွတ်လာပါတယ်။ အော်ပရေး၇ှင်းမလုပ်မီ (၅)ယောက်လောက် လွတ်မြောက်လာတာကို တွေ့ရပါတယ်။ ဒီလိုလွတ်မြောက်တာကလည်း ဓားစာခံတွေထဲက တစ်ယောက်ဖြစ်တဲ့ ဆိုင်မန်နေဂျာ အမျိုးသားတစ်ဦးက သူရဲကောင်းဆန်စွာ သေနတ်သမားကို လှည့်စားနိုင်ခဲ့လို့ပါ။ သူတစ်ခါ လှည့်လေ တစ်သုတ်လွတ်လေပေါ့။
ဒီသေနတ်သမားဟာ မူဆလင်အကြမ်းဖက်သမားဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ရင် ကမ္ဘာမှာ ထင်ပေါ်ကျော်ကြားလိုမှု့ပဲ ဖြစ်မယ်လို့ အများကတော့ တွက်ဆကြပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီသေနတ်သမားရဲ့ နေရာရွေးချယ်မှု့ကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဆစ်ဒနီမြို့လည်ကောင်ဖြစ်ခြင်း၊ ကမ္ဘာကျော် တီဗီစတေရှင်ရှိခြင်း၊ ပြီးတော့ အဲဒီကော်ဖီဆိုင်မှာ အဖြူတွေအများစု သောက်သုံးခြင်း၊ အာရဗီစာရေးထားတဲ့ မူစလင်အလံ (အိုင်အက်အလံမဟုတ်)ထောင်ထားခြင်း စတဲ့အကြောင်းတွေကြောင့်ပါပဲ။ စားဝတ်နေရေးကြောင့်တော့ မဟုတ်တာ သေခြာတယ်လေ။
သေနတ်သမားဟာ အထဲက ဓားစာခံတွေကို အသုံးပြုပြီး သူ့ရဲ့တောင်းဆိုချက်တွေကို ယူကျု့မှာ ဗီဒီယိုဖိုင်တင်ခဲ့ပါတယ်။ သူ့ ရဲ့ တောင်းဆိုချက်တွေထဲမှာ သြစီဝန်ကြီးချုပ် သူ့ဆီကို ဖုန်းဆက်ပေးပါ။ ဒါဆိုရင် တစ်ယောက်လွှတ်ပေးမယ်။ အိုင်အက်စ်အလံကို သူလိုချင်တယ်။ ပေးမယ်ဆိုရင် တစ်ယောက် လွှတ်ပေးမယ်။ စသဖြင့်ပေါ့။ မသေခင်လေးမှာပင် သူရဲ့ကိုယ်ပိုင်ဝဘ်ဆိုဒ်မှာတောင် နောက်ဆုံးစာတစ်ကြောင်းတင်သွားပါသေးတယ်။ သူတင်သွားတာကတော့.... အိုင်အက်စ်အလံမဟုတ်ဘဲ အခြားအလံကို ယူသွားမိတာ သူ့အမှားပါ။ တကယ်တော့ အိုင်အက်စ်အလံကို ယူသွားသင့်တာပါ။ အလ္လာအရှင် ခွင့်လွှတ်ပါ...ဟု။ဒါကို ကြည့်ရင် သူဟာ မူစလင်အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ အိုင်အက်စ်အဖွဲ့ကဆိုတာ သိနိုင်ပါတယ်။
တကယ်တော့ ရဲက အေးအေးဆေးဆေးနဲ့ ပြီးအောင် အချိန်ဆွဲပြီး လုပ်နေတဲ့သဘောရှိပါတယ်။ ဒါကြောင့် နံနက် ၉နာရီ ၄၅မိနစ်မှသည် နောက်တစ်နေ့နံက် ၂နာရီ ၂၀မိနစ်အထိ (၁၇)နာ၇ီလောက်ကြာတာပေါ့။ ဆစ်ဒနီပြန်ပေးဆွဲမှု့ဟာ ကြာချိန် (၁၇)နာရီလောက်ဖြစ်ပေမယ့် တကယ်တမ်း အထူးရဲက အော်ပရေးရှင်းလုပ်ချိန်က (၃၄)စက္ကန့် နဲ့  အပြီးလုပ်နိုင်ခဲ့တာပါ။ သေနတ်သမားက စပစ်လို့  ရဲက ဆုံးဖြတ်ချိန် ၅စက္ကန့် နဲ့  အော်ပရေးရှင်းက စက္ကန့် (၃၀) ပဲ ကြာပါတယ်။ သေနတ်သမားက ၅-ချက်ပဲ ခုခံလိုက်ရတယ်။ ပွဲပြီးသွားပြီ။ ဒီလိုဝင်ပြီးစီးရတာကလဲ ဓားစာခံတစ်ယောက်ကို သေနတ်သမားက ပစ်လိုက်လို့ပါ။ အကယ်၍ ထက်ပြီးတော့ စောင့်ရင် ပိုပြီးသေကြမှာစိုးလို့ပါ။ ဒါကြောင့် အထူးရဲက ၀င်စီးတာပါ။ ဒီလိုဝင်စီးမှု့ကို တပြည်လုံးက လက်ခံပါတယ်။
သေဆုံးသွားတာက သေနတ်သမားအပါအ၀င် သုံးယောက်ပါ။ သေဆုံးသွားတဲ့ ဓားစာခံတွေအတွက် ပန်းစည်းများချပြီး ဂုဏ်ပြုကြရာတွင် ဆစ်ဒနီတခွင်မှ ပန်းဆိုင်များမှ ပန်းများ ပြတ်လပ်သည်အထိ ဖြစ်သွားပါတယ်။ ယနေ့အထိလည်းလာေ၇ာက်ပြီး ချနေတာတွေ့ရပါတယ်။ ဆီမီးထွန်းခြင်း၊ ဖယောင်းတိုင်ထါန်းခြင်းကိုတော့ ခွင့်မပြုပါဘူး။ မီးလောင်မှာဆိုးလို့ပါ။ လျှပ်စစ်ဖယောင်းတိုင်ကိုတော့ ဝေးဝေးမှာ ထွန်းခွင့်ပြုထားပါတယ်။ တကယ်တော့ သေဆုံးသူနှစ်ယောက်စလုံးဟာ သူရဲကောင်းဆန်စွာ လုပ်ပြသွားခဲ့ကြပါတယ်။
သေဆုံးသူ ယောက်ျားလေးကတော့ သေနတ်သမားကို အကြိမ်လှည့်စားနိုင်ခဲ့ရာ တခါလှည့်စားတိုင်း တစ်သုတ်လွတ်မြောက်အောင် ကြိုးစားနိုင်ခဲ့ပြီး သူ့ အလှည့်မှာ အပစ်ခံခဲ့ရပြီး သေဆုံးသွားတာပါ။ သေဆုံးသူ အမျိုးသမီးကတော့ သူငယ်ချင်းဖြစ်သူ ကိုယ်ဝန်ဆောင်တစ်ဦးကို အကာအကွယ်ပေးရင်း အပစ်ခံရပါတယ်။ သူမဟာ ခလေးသုံးယောက်အမေဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကို ဘာသာရပ်တိုင်းမှာ အမှတ်တစ်ရာရရှိခဲ့သူ လူတော်တစ်ယောက်ပါ။ ပြီးတော့ ရှေ့နေမလေးပါ။ ဒါပေမယ့် ဒဏ်ရာကြောင့် မသေဘဲ ရောဂါအခံဖြစ်တဲ့ နှလုံးရောဂါကြောင့်သေဆုံးသွားပါတယ်။
ဒဏ်ရာရရှိသူများကတော့ ရဲတစ်ယောက်၊ ကိုယ်ဝန်ဆောင်အမျိုးသမီး နှစ်ယောက်အပါအ၀င် (၅)ယောက်ရှိပါတယ်။ အခုတော့ စုံစမ်းစစ်ရေးတွေလုပ်နေပါတယ်။ လတော်တော်များများ ကြာမယ်လို့လည်း ကြေငြာထားပါတယ်။
ဒီဖြစ်ရပ်ကြောင့် ဒီသြစီနိုင်ငံအတွက် ဆိုးကျိုးနဲ့ကောင်းကျိုး နှစ်ခုရှိလာပါတယ်။ ဆိုးကျိုးကတော့ မူစလင်မုန်းတီးရေး (အန်တိ-မူဆလင်) အွန်လိုင်းမှာ လုပ်ရှားမှု့တွေ ပေါ်ပေါက်လာတာ တွေ့ရပါတယ်။ ဒါကို ကာကွယ်ဖို့ မသွားရဲ မလာရဲကြသည့် မူစလင်များအား အဖွဲ့ အစည်းမျိုးစုံမှ အားပေးခြင်း၊ ရထားများ ကားများပေါ်တွင် သူတို့ နှင့်အတူ လိုက်လံ၍ စီးနင်းပေးသည့် ကမ်ပိန်းတစ်ခု (‪#‎illridewithyou‬) ဆစ်ဒနီမှာ စတင်လှုပ်ရှားနေပါတယ်။ အတုယူစရာ တစ်ခုပါပေ။ အဆိုးထဲက အကောင်းထွက်လာတဲ့သဘောပေါ့။ နောက်တစ်ခုက အေးအေးချမ်းချမ်းနဲ့ စားဝတ်နေရေး အတွက်မပူရသော်လည်း အခုအခါမှာ အသက်အန္တရာယ်တစ်ခုတိုးလာတာပါပဲ။ ကောင်းကျိုးကတော့ သြစီတရားစီရင်ရေးနှင့် လုံခြုံရေးအားနည်းနေတာကို အားကောင်းအောင်ပြုပြင်ဖို့ အားလုံးသတိထားမိသွားတာပါပဲ။
ဒါကြောင့် ဒီဆောင်းပါးကို အစ္စရေးဝန်ကြီးချုပ်ရဲ့ စကားတစ်ခွန်းနဲ့ အဆုံးသတ်ပါရစေ။ အကြမ်းဖက်မှု့တွေဟာ နယ်စည်းမခြားဘူး.....ဟု။
သေဆုံးသွားတဲ့ သူရဲကောင်းဓားစာခံများ ကောင်းရာသုဂတိလားပါစေ။
အရှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်
၁၇-၁၂-၂၀၁၄
Tuesday, 9 December 2014
ဇာဂနာဘာမွ မသိရပါဖူး
ခတ်သတင်း
ခုတစ်ပတ် ပဲ့ တင်သံထဲ က ဆောင်းပါးပါ။
ဇာဂနာဘာမှ မသိရပါဖူး
ဂွတော့ကျနေပြီ။ဇာဂနာနေမထိထိုင်မသာဖြစ်နေပါတယ် ခမျ။ဟုတ်ကဲ့ နေလို့ လဲမထိထိုင်လို့ လဲမသာမယာပေါ့လေ။မခက်ပါလား။ဗမာစကားကလဲတော်တော် တာသွားတာပါ။နေတာတောင် မထိဖူးဆိုတော့ မော်လမြိုင်ဖက်ကစကားထင်ပါရဲ့ ။မထိဖူး၊စားမထိဖူး၊သွားလို့ လဲမထိဖူးဆိုတာမကောင်းဖူးဆိုတဲ့ အနက်ရတာပေါ့ခမျာ။ဇာဂနာထင်တာပြောပါတယ်လေ။ခုလဲနေမထိဖူးဆိုတာနေလို့မကောင်းတာပေါ့လေ။နေမကောင်းတာလို့ ဆိုပြန်တော့ မကျန်းမာတာဖျားတာလိုလိုဖြစ်ပြန်ပါကရော။အမှန်ကတော့ နေလို့ ထိုင်လို့  မသက်မသာမသာမယာတာပေါ့ခမျ။ဒါလဲပဲတိတိကျကျ သဘောပေါက်စရာတော့ မဟုတ်ပြန်ဖူးခမျ။ဒါကြောင့်ပြောတာပေါ့ ဗမာစကားကအဓိပ္ပါယ်လိုရင်းကိုရောက်ဖို့ ဘယ်လိုပြောရမှန်းကိုမသိတာ။
ဇာဂနာမသိတာမတတ်တာလဲဖြစ်မှာပါလေ။သိတဲ့တတ်တဲ့နားလည်တဲ့တတ်ကျွမ်းတဲ့ဆရာ့ ဆရာ ကြီးများကတော့ ဗမာစာဗမာစကားကိုအမျိုးမျိုးလှည့်ပတ်ပြောတတ်လိုက်ကြတာ၊သိတ်အားကျတာပါပဲဗျာ။သူတို့ မို့ လဲပြောတတ်တာပါလေ။ဇာဂနာတို့ ကတော့ မပြောတတ်ပေါင်။ကြည့်လေ၊သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူကြီးကပြောလိုက်ပုံများ။
“တွေ့ဆုံဆွေးေ နွးမှုနဲ့ပတ်သက်ပြီးအခြေခံ့ချဉ်းကပ်ပုံချင်းကကွာခြားနေတဲ့အတွက် တဲ့ ။”
ကိုင်း၊ ဘယ်လိုသဘော ပါ ကြပါသလဲခမျာ။ဇာဂနာတို့ ကတော့ ပိန်းပါတယ်။တော်တော် ပိန်းပါတယ်။နားကိုမလည်ပါဖူးခမျာ။အခြေခ့ချဉ်းကပ်ပုံဆိုတာကိုကနားမလည်တာပါ။ဒေါ်အောင်ဆန်းစုကြည် ကလေးပွင့်ဆိုင်လို့ တောင်းဆိုတယ်။သမ္မတ က တမူးပိုရှူပြီးဆယ့်လေးပွင့်ဆိုင်လိုက်တယ်။လွှတ်တော် နာယက က လူလည် လုပ်ပြီးခြောက်ပွင့်ဆိုင်တယ်။ပြီးတော့တင်ပြတောင်းဆိုတာက ကြံ့ခိုင်ရေးအမတ်။တစ်ခါ နာမည်ကောင်းယူလိုက်ပုံများကတော့ သင်းလို့ ။ခြောက်ပွင့်ထဲမှာကြံ့ခိုင်ရေးကမပါပါဖူးတဲ့ ။ဟင်၊ဒါဆိုသမ္မတရယ်၊အပေါ်လွှတ်တော် ဥက္ကဌရယ်။အောက်လွှတ်တော် ဥက္ကဌတို့ ရယ်ကဘယ်ပါတီကတုန်းလို့ ။ခြောက်ပွင့်ထဲမှာသုံးပွင့် တောင် ကြံ့ခိုင်ရေးလေ။ရာခိုင်နျှန်းနဲ့ဆိုရင်တော့ ငါးဆယ်ရာနှုန်းပေါ့ခမျာ။ဒါကိုတစ်ခါ သမ္မတဖက်က ငြင်းတယ်ခမျ။
ဒီမိုကရေစီနိုင်ငံဖြစ်ချင်ရင်တော့ သဘောတူတာမတူတာကိုလက်ခံရမှာပေါ့။ဇာ၈နာ တို့ နားလည်ပါတယ်။လက်ခံပါတယ်။နားမလည်တာကအဲဒီပြောခွင့်ရ ဆရာကြီးရဲ့အခြေခံ့ချဉ်းကပ်ပုံဆိုတာကိုပါ။ဘယ်လိုချဉ်းကပ်ရမယ်၊အခြေခံ က ဘာ၊ အဆင့်မြင့် ကဘယ်လိုစသဖြင့်လေးတော့ ဇာဂနာတို့ ကိုသင်ပေးကြပါခင်မျ။ဇာဂနာတို့ က ပိန်းပါတယ်။ဆရာတို့ သင်ပေးလို့တတ်သွားရင်လဲဆရာတို့ ကိုကာမပြန်ပါဖူးခမျ။ဆရာတို့ ကဆရာတို့ ပါပဲလေ။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ချဉ်းကပ်ပုံလား။ဆရာတို့ ကြံ့ခိုင်ရေးအမတ် ရဲ့ချဉ်းကပ်ပုံလား။ဆရာတို့  ကြံ့ခိုင်ရေးကနာယက ကြီးရဲ့ ချဉ်းကပ်ပုံလား။မေရမရာမသဲမကဲြၾကီးခမ်။ဒီလိုမရှင်းမရှင်းပြောတတ်မှ ပြောရေးဆိုခွင့်ရ ဆရာ ကြီးဖြစ်မယ် ဆိုလဲမရှင်းမရှင်းပြောနည်းသင်တန်းလေးဘာလေးပေးပါဦးခမျ။တက်ချင်လွန်းလို့ ပါ။ဆရာတို့ ကိုနမူနာယူပြီးဇာဂနာပြောကြည့်မိပါတယ်။
“ယေဘူယျဆန်တဲ့ သီးခြားသဘာဝ ဆောင်မှု ကင်းတဲ့ လိုက်လျောဖို့ အလို့ ငှာခက်ဖွယ်ရျိတဲ့ တောင်းဆိုမှုတစ်စုံတစ်ရာကိုရုတ်ချည်းတုန့် ပြန်စကားဖြစ်စေ၊လတ်တလောအကြောင်းပြန်သည် ဟုယူဆခြင်းဖြစ်စေ၊စာသားဖြင့်အကြောင်းပြန်ခြင်းငှာမစွမ်းသာတော့သဖြင့် ယာယီသဘောအရမိမိတို့ ၏ အခြေခံမူဘောင်ထဲမှ ငြင်းဆိုပိုင်ခွင့် ကိုသုံးကာအကြောင်းပြန်လိုက်ရပါကြောင်း”
ကိုင်းသဘောပါကြပါသလား။ဇာ၈နာ တို့ ကတော့ ခတ်ပိန်းပိန်းပဲ၊ဆရာသမားတို့ ကိုအားကျလွန်လွန်းလို့  ပြောထည့်ချ လိုက်ပါပြီခမျ။တစ်ခါ ခုလိုလွှတ်တော် က ပြောတာလဲအဆိုပဲတဲ့ ။သမ္မတကငြင်းလို့ရပါသတဲ့ ။သည် အဆိုကြောင့်  ဆယ့်လေးပွင့်ဆိုင်ဖို့ တောင် နှောင့်နှေးသွားပြန်ပါပြီတဲ့ ။ပြောတတ်လိုက်ပုံများနော်။သမ္မတနဲ့ လွှတ်တော် နာယကနဲ့ က ဘော်ဒါဘော်ကျွတ်တွေပါခမျ။တစ်ဆရာထဲတပည့်တွေပါခမျ။တစ်မိန့် ထဲရဲ့အောက်မှာအတူတူနေခဲ့သူတွေပါခမျ။တစ်မိုးအောက် က လူတွေပါ။
ဇာ၈နာ တို့ ပြည်သူတွေကသူတို့ပြောနေဆိုနေတာတွေကိုကြည့်ြ့ပီးလွှတ်တော် နဲ့ အုပ်ချုပ်ေ၇း မဏ္ဍိုင်တော့ ပွတ်တိုက်ပြန်ပြီလို့ ထင်စရာပေါ့လေ။ခနခနပွတ်တော့လဲပါးတယ် ခမျ။ပါးပါတယ်။အချင်းချင်းမသိတာလိုက်လို့ ၊သန်းတိုးအောင် နဲ့မျိုးလှိုင်ဝင်းတို့ လိုပေါ့ခမျာ။ဘယ်သူ က ဘယ်ကိုပြေးရင် ဘောလုံးဘယ်ကိုပေးရမယ် ဆိုတာအထာနပ်နေသူချင်းပဲဟာ။ဈေးမကြိးကြီးအောင် မူကြပေါ့ခမျ။မူကြပါ၊မူကြပါ။ပွတ်မူပေါ့လေ၊ဖွတ်မူမဖြစ်ဖို့ တော့လိုတာပေါ့ခမျာ။
ဇာ၈နာ တို့ ကတော့ လေးပွင့်ဆိုင်ပဲလုပ်လုပ်၊ဆယ့်လေးပွင့်ဆိုင်ပဲလုပ်လုပ်၊ခြောက်ပွင့်ဆိုင်ပဲ လုပ်လုပ်၊ကြိုက်တာလုပ်။တိုင်းပြည် ငြိမ်းငြိမ်းချမ်းချမ်းတိုးတက်သွားရင် ပြီးတာပါပဲ။အသေအချာတွေးကြည့်ပေါင်းကြည့်လိုက်တော့ စုစုပေါင်း နှစ်ဆဲ့လေးပွင့်ခမျ။ကိုင်ရိုနည်းအရတော့ ပေါင်းခြင်းခြောက် ဂဏန်းရတာပေါ့လေ။ခြောက် ဂဏန်းဆိုတာကအမေကိုကိုယ်စားပြုတာပေါ့ခမျာ။မိခင် ဆိုတဲ့လက္ခဏာခမျ။ဇာ၈နာ ကတော့ သိတ်ကြိုက်ပါတယ်။ပြီးတော့ ပြည်သူတွေကိုချစ်တဲ့ သဘောပါတယ်ပေါ့။ဟော။လေးဂဏန်းကျတော့ ဧကရာဇ် ဘုရင်ကြိးခမျ။အင်ပါယာချဲ့ ထွင်သူလို့  သဘောပါပါတယ်။အာဏာရှင်ဆန်တာပေါ့လေ။ဇာ၈နာ ကတော့ နည်းနည်းကြောက်တတ်တယ်ခမျ။တော်တော်ကြာမင်းတြားကြီးများ ပြန်ပေါ်လာလေမလားပေါ့။သမီးတော် တွေ မြေးတော် တွေဆိုတာ ပါ ပြန်ပေါ်လာရင်တော့ ကွိုင်ပဲလို့  စိုးရိမ်တာပေါ့လေ။
ဒီတော့ ခြောက်ပွင့်က အမေ ၊လေးပွင့်က ဧကရာဇ် ကြီးပေါ့။ဇာဂနာကတော့ စဉ်းစားကြည့်တာပေါ့။ဘယ်နှပွင့်ဆိုကောင်းမလဲလို့ ။ဒီလိုစဉ်းစားမိပါတယ်။ခြောက်ပွင့် နဲ့ လေးပွင့် နဲ့ပေါင်းလိုက်ပါလားခမျာ။ဆယ်ပွင့်ပေါ့။ဒါဆိုဘူပဲ။ ဇာ၈နာ ကတော့ဖဲသမားဆိုတော့လေ။ဖဲစကားပဲပြောတတ်ပါတယ်။ဆရာတို့ လိုကွေ့ကွေ့ကောက်ကောက် လူနားမလည်အောင်တော့မပြောတတ်လို့ ပါ။ဆယ္ပြင့္ဆိုင္လိုက္ပါခမ်။ဘူပွင့်ဆိုင်ပေါ့။မှတ်ရလဲလွယ်ပါတယ်။ပြည်သူတွေရောသမိုင်းဆရာတွေပါနောင်သောအခါ ရေးကြသားကြပြောကြရင် ဘူပွင့်ဆိုင် က ဘူရလာဒ်တွေကိုဘူသမ္မတဘူဥက္ကဌတို့  အကောင်အထည်ဖော်လိုက်တာဘူဖွ့ွဲ့ စည်းပုံကြီးပြင်ပြိးသွာပါလေရောတဲ့ ကွယ် ဆိုဘယ်လောက်ကောင်းမလဲနော့။
ဒါတွေလဲ ဇာ၈နာ သိလို့ ပြောတာမဟုတ်ပေါင်။ဇာ၈နာ့အကိုကြီး စံဇာဏီဘိုပြောပြလို့ သိရတာပါ။တကယ်တော့ဇာဂနာဘာမှ မသိရပါဖူးခမျာ။
ဇာဂနာ
၂၉နိုဝင်ဘာ၂၀၁၄
Monday, 1 December 2014
ထောင်ကထွက်လို့ သုံးနှစ် အကြာ
အမှတ် (၉)
=============================
ဇာဂနာ
ကနေဒါနိုင်ငံကို ရောက်ရတာလဲ ပြဿနာတွေ အထုပ်ဆွဲ ပါလာဆဲပါပဲ။ ကနေဒါနိုင်ငံ တိုရွန်တို လေဆိပ် စဆင်းကထဲက ပြသနာတွေ တစ်ခုပြီး တစ်ခု တက်လာတော့
တာပါပဲ။ အောတ္တ၀ါမြို့မှာ ကနေဒါ မိတ်ဆွေများ အဖွဲ့က စီစဉ်တဲ့ ပွဲတစ်ပွဲ ရှိနေ
ပါတယ်။ အဲဒီပွဲက အင်ဂျင်နီယာတက္ကသိုလ်မှာလုပ်တာပါ။ ပြီးတော့ ဒေါ်အောင်ဆန်း
စုကြည်နဲ့ Video အမေးအဖြေခန်း တိုက်ရိုက်လုပ်မယ်လို့ ဆိုပါတယ်။ အဲဒီပွဲမှာ
တကယ်လို့ အင်တာနက် အဆက်အသွယ် ခြေချော်လက်ချော် ဖြစ်ခဲ့ရင် အစားထိုးဖို့ ကျွန်တော့်ကို အောတ္တ၀ါ လာစေချင်ပါသတဲ့။
ဖိတ်တာက ကျွန်တော့် သူငယ်ချင်း ဇော်ထူးဦးရဲ့ ညီပါ။ ကျွန်တော် လာတာက တခြားကိစ္စနဲ့ပါ။ ရောက်လာတာကလဲ တိုရွန်တို၊ အောတ္တ၀ါ မဟုတ်ပါဖူး။ တစ်ခါ သည်ဇော်ထူးဦးရဲ့ညီ ကိုတင်မောင်ထူးရဲ့ အစီအစဉ်နဲ့ လာတာမဟုတ်ပါဖူး။ သည်တော့ ခုပဲလေဆိပ် ရောက်၊ နောက်လေယာဉ် တစ်စင်း လက်မှတ်ဝယ်၊ အောတ္တ၀ါကို ချက်ချင်းသွား၊ နောက်တစ်နေ့ မနက်မှာ စောစောကပြောတဲ့ တက္ကသိုလ်မှာ အဆင်သင့်သွား စောင့်နေရလောက်အောင် ကျွန်တော်ဟာ စက်ရုပ်မဟုတ်ပါဖူး။ ဒီလိုလုပ်ချင်ရင်လဲ အစောကြီးတည်းက ကျွန်တော့်အတွက် လေယာဉ်လက်မှတ် ၀ယ်ပို့လိုက်ပေါ့။ ခုတော့ သူများ အစီအစဉ်နဲ့ ရောက်လာတဲ့ ကျွန်တော့်ကို လွယ်လင့်တကူ ကောက်စားလိုက်တာ မျိုးကိုတော့ ကျွန်တော်ဘယ်လို လက်ခံ
ရပါ့မလဲ။ တိုတိုပြောရရင် ကျွန်တော် အဲဒီပွဲကို မတက်နိုင်ခဲ့ပါဖူး။ ဒီတော့လဲ တစ်ချို့ တိုင်းရင်းသား မောင်နှမတွေက ကျွန်တော်ရှိနေတဲ့ဆီကို လိုက်လာ တွေ့ဆုံကြ
ပါတယ်။ သူတို့က တွေ့ချင် မေးချင်တာတွေ တပုံတပင်နဲ့ပေါ့။ ဒါကို ကျွန်တော်
လက်ခံတယ် နားလည်ပါတယ်။ ဒါပေမဲ့ ကနေဒါနိုင်ငံမှာ လေးရက်ပဲ နေခွင့်ရတဲ့
ကျွန်တော့ အနေနဲ့ ဘယ်ကိုမှ အလည် မလိုက်နိုင်ခဲ့ပါဖူး။ နာမည်ကျော် နိုင်ရာဂရာ
ရေတံခွန်ကြီးကိုတောင် လိုက်မကြည့်နိုင်ခဲ့ပါဖူး။ နိုင်ငံခြားရေး ၀န်ကြီးရုံးမှာ
မနက် ၁၀ နာရီကနေ ညနေ ၅ နာရီ လောက်ထိ မရပ်မနား စကားတွေ ပြောခဲ့
ရပါတယ်။ ညကျပြန်တော့ (မှတ်မှတ်ရရ) ဆယ်နာရီ ဆယ်မိနစ်မှာ Pen Canada
က စီစဉ်တဲ့ပွဲ သွားတက်ရပါသေးတယ်။ သူတို့ပေးတဲ့ One Humanity ဆုကို
လက်ခံပြီး ကျွန်တော် ထောင်ထဲမှာ ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ပြ ခဲ့ရပါတယ်။ မြစ်ကြီးနား ထောင်ထဲမှာ ရေးခဲ့တဲ့ ကဗျာပါ။ Where am I?
တဲ့ ။
Where am I?
By the river
Can’t see the river
Where am I?
Under the moon
Can’t see the moon
Where am I?
Just remind the world
That I can’t be involved
Where am I?
ဇာတ်ရုံထဲက ပြန်ထွက်ချိန်မှာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မတွေ့ခဲ့ဖူးတဲ့ ဒူးဆစ်လောက်ထိ မြုပ်နိုင်တဲ့ နှင်းထုကြီးက ဆီးကြိုလို့ ရယ်။ မျက်နှာ တစ်ပြင်လုံး
ကို ရေခဲတုံးနဲ့ တဖုံးဖုံး ပစ်ပေါက် နေသလိုပါပဲ။ နှင်းပြင်ပေါ်မှာ စီးရတဲ့ ဖိနပ်မပါလို့
သုံးခါတိတိ တဗိုင်းဗိုင်း လဲကျတာလဲ တော်တော် အီစလံ ဝေပါတယ်။ အဲသလို
ရုပ်ပျက်နေတဲ့ ကျွန်တော့် အဖြစ်ကို ဘယ်သူသိနိုင်ပါ့မလဲ။ တည်းခိုရာ ဟော်တယ်
ကို ရောက်တော့ ည ၁၂ နာရီ။ မနက် ၅ နာရီမှာ လေယာဉ်ကွင်း ဆင်းရပါတော့
တယ်။
ကနေဒါ နိုင်ငံကနေ အမေရိကန်နိုင်ငံ၊ နယူးယောက်ကို ရောက်ပြန်တော့လဲ တည်းခို
ရမဲ့ နေရာကို မသွားရပါဖူး။ ရေဒီယိုစီတီး (စီးကရက်ပူးလိစ်) ဇာတ်ရုံကြီးကို
တန်းသွားခဲ့ရပါတယ်။ တစ်သက်နဲ့ တစ်ကိုယ် ဒီလောက် ကြီးမားခမ်းနားလှတဲ့
ဇာတ်ရုံကြီးမျိုး သည်တစ်ခါပဲ တွေ့ဖူးပါတယ်။ ကျွန်တော် အ၀တ်လဲရတဲ့ အခန်း
က ခြောက်ထပ်မှာပါ။ ဇာတ်ခုံနဲ့ အ၀တ်လဲခန်းကို ဓာတ်လှေကားနဲ့ အတက်
အဆင်း လုပ်ရပါတယ်။ ရုပ်ရှင်မင်းသားကြီး လီယန်နီဆင်တို့၊ ဟာသမင်းသား
ဘင်စတေလာ၊ ဒရာမာ မင်းသား တင်(မ်)ရိုသ်၊ လူရွှင်တော်ကြီး ဂျွန်စတီးဝပ်၊
ရပ်ဆဲလ် ဘရန်း (ဒ်) တို့နဲ့ ဆုံရတာလဲ တော်တော် ကုသိုလ်ထူးတာပါ။ အော်စကာ
ဆုတွေ တသီတတန်းကြီး ရသွားတဲ့ ရှင်းဒလားလစ်ထဲက မင်းသားကြီး လီယန်နီဆင်
က ကျွန်တော့ကို ပရိသတ်နဲ့ မိတ်ဆက် ပေးရတာပါ။ ကျွန်တော်တို့ဆုံတဲ့ အချိန်မှာ
သူရိုက်နေတဲ့ ဇာတ်ကားအကြောင်း မေးကြည့်တော့ Takenတဲ့။ ခုတော့ သည်
ဇာတ်ကား တအား အောင်မြင်လို့ အပိုင်း (၂)တောင် ရုံတင်နေပါပြီလေ။
Amnesty internationalလို့ ခေါ်ကြတဲ့ ကမ္ဘာ့ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့
နှစ် ၅၀ ပြည့်ပွဲ ဆိုတော့လဲ ခမ်းနားတာပေါ့လေ။ ပွဲသိမ်းတော့ ညက ဆယ့်တစ်နာရီ။
ကျွန်တော့် သူငယ်ချင်း စုတ်ဖွားရဲ့ အိမ်ရောက်တော့ သန်းခေါင်။ ဒါပေမဲ့ ကျွန်တော့်
ကို လာစောင့်နေတဲ့ ကျွန်တော့်ညီမောင် အာယုနဲ့ ကိုရင်ထွေးတို့က အိမ်ရှေ့ခန်းမှာ တခေါခေါနဲ့ရယ်။ ကျွန်တော် ရန်ကုန်ကို ပြန်ရမဲ့ လေယာဉ်ပျံက ၀ါရှင်တန်ကနေ
စီးရမှလေ။ သည်တော့လဲ နယူးယောက်ကနေ ၀ါရှင်တန်ဆီ ကားစီးပြီး ပြန်လာ
ခဲ့ရပါတယ်။ ဒီလောက် တစ်နေရာကနေ တစ်နေရာ ကူးချည်သန်းချည် လုပ်နေ
ရတော့လဲ အ၀တ် သေတ္တာတွေ သယ်မနေ အားတော့ပဲ ကြုံရာအိမ်မှာ ထားထား
ပစ်ခဲ့ပါတယ်။ ရန်ကုန်ကို ပြန်လာတဲ့ အခါမှာတော့ ကျွန်တော့် သေတ္တာ နှစ်လုံး
ထဲမှာ စာအုပ်တွေချည်း ပါပါတော့တယ်။ အပိုကြေးပေးပြီး သေတ္တာ နှစ်လုံးကို
ပြန်သယ်လာခဲ့တာပေါ့။ ဘာလက်ဆောင် ပါသလဲလို့ မေးကြရင်တော့ စာအုပ်တွေပဲ ပေးရမှာပေါ့။
တကယ်တမ်း ကျွန်တော်တို့ မြန်မာပြည်က လူတွေ ငတ်နေတာ စာအုပ်ကောင်း
တွေပါ။ နိုင်ငံရေး အရ လေ့လာဖို့လဲ စာအုပ်တွေ လုံလုံလောက်လောက် မရှိ
ဖူးလေ။ စတန်းဖို့ တက္ကသိုလ်က ပရော်ဖက်ဆာ လယ်ရိဒိုင်းမွန်း ပေးလိုက်တဲ့
စာအုပ်တွေ၊ NEDက ပေးလိုက်တဲ့ စာအုပ်တွေ၊ စုစုပေါင်း အုပ်ရေ ခြောက်ဆယ်
လောက် ရှိပါတယ်။ သည်တော့လဲ တခြားမိတ်ဆွေတွေ ပေးလိုက်တဲ့ အင်္ကျီတွေ
ဘောင်းဘီတွေ။ ဖိနပ်တွေကို ကျွန်တော့် ညီမောင် အာယုအိမ်မှာ ထားခဲ့ပြီး ပြန်
လာခဲ့တာပါ။
ဝါရှင်တန်ကနေ၊ ဂျပန်။ တိုကျိုကနေ၊ ဘန်ကောက်ရောက်တော့ ည ၈နာရီ ထိုးပါပြီ။
နောက်တစ်နေ့ မနက် ၈ နာရီထိုးမှ ရန်ကုန်ကို ပြန်ရမှာဆိုတော့ ဘန်ကောက်
လေဆိပ်ထဲမှာပဲ အိပ်ရတော့မှာပေါ့။ ဖြစ်ချင်တော့ ကျွန်တော့်မှာ ထိုင်းနိုင်ငံထဲ
ဝင်ဖို Visa မပါပါဖူး။ ဒေါ်ဘောက်ဂျာကတော့ ဘန်ကောက်မြို့ထဲ ၀င်နိုင်ပါတယ်။
အမေရိကားမှာ ကထဲက သူက Visa လျောက်ခဲ့တာကိုး။ တစ်ခါလေ ယာဉ်
တစ်စင်းနဲ့ တစ်စင်း အချိန် ကွာခြားချက်က ၁၀နာရီကျော်နေ ပြန်တော့ သေတ္တာတွေ
ပြန်ရွေးရမယ်တဲ့။ ပြီးတော့မှ မနက်ကို ထွက်မဲ့ လေယာဉ်ဖြစ်တဲ့ MAI လေကြောင်း
ရုံးမှာ စာရင်း ပြန်သွင်းရမှာတဲ့။ တော်တော် ဇယားရှုတ်တာပဲဆိုပြီး စိတ်တောင် ညစ်မိပါတယ်။ နောက်ပြီး သုဝဏ္ဏဘုမ္မိ လေဆိပ်မှာ ထိုင်း ၀န်ထမ်း တော်တော်
များများဟာ မြန်မာဆိုရင် ဆက်ဆံရေး တော်တော် ကျဲပါတယ်။ မေးတာမြန်းတာ
ကအစ အကြည့်ကအစ နှိမ်ချင်တဲ့ မျက်နှာပေးနဲ့ပါ။ ဖြစ်နိုင်ရင် သူတို့လေဆိပ်မှာ ၀င်ဝင်ပြီး လေယာဉ်ပျံ ပြောင်းစီးရတဲ့ ဒုက္ခကနေ ဝေးချင်လှပါတယ်။ ကျွန်တော် အပါအ၀င် မြန်မာလူမျိုး တော်တော်များများ ထိုင်းလေဆိပ်က လုံခြုံရေးတွေ၊ ၀န်ထမ်းတွေရဲ့ ကျောပြီး ဆက်ဆံတာကို ခံဖူးကြမှာပါ။ ထားပါတော့လေ။
သည်လိုနဲ့ All Nippon air linesမှာသွားပြီး ပစ္စည်းရွေးရ တော့တာပေါ့။
အဲသည်မှာတင် ကျွန်တော့ ရင်ဝကို လောင်ချာ တည့်တည့်မှန်သွားသလို
ခံစားလိုက် ရပါတော့တယ်။
ကျွန်တော့်သေတ္တာတစ်လုံးပါ မလာတော့ပါဖူးတဲ့။
(ဆက်ပါမည်)
ဇာဂနာ
( Tomorrow သတင်းဂျာနယ်အမှတ်(၃၉)
Sunday, 30 November 2014
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗုဒ္ဓဘာသာအမြင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗုဒ္ဓဘာသာအမြင်
~~~~~~~~~~~~~~~~~~~~~~~~~~~~~
Conversations with Aung San Suu Kyi, Alan Clements, Shambhala Sun, September 1997.
Burma Project USA ကို တည်ထောင်သူ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကျွမ်းကျင်သူနှင့် မြန်မာနိုင်ငံတွင် (များသောအားဖြင့်) ရဟန်းဘ၀ဖြင့် ( ၈ )နှစ်တာ နေထိုင်ခဲ့ဖူးသည့် မစ္စတာ အလန် ကလီးမင့်ထ်စ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဖြစ်ခဲ့သည်များကို Comversation with Aung San Su Kyi ခေါင်းစဉ်ဖြင့် Shambhala Sun, September 1997 တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထင်ရှားသည့် မြန်မာအမျိုးသမီးကြီးတစ်ဦး၏ ဗုဒ္ဓဘာသာအမြင်များကို သိရှိနိုင်စေရန် မိတ်ဆက်ဖော်ပြလိုက်ပါသည်။
■ [ အလန်ကလီးမင့်ထ်စ် ]
“ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနှစ်ရပ်လုံးအတွက် ကျွန်တော်ပို့ ချနေခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော်နဲ့ တွေ့သမျှလူတွေအားလုံးက ခင်ဗျားကို သူရဲကောင်းဆိုတဲ့ ဝေါဟာရတွေနဲ့ တံဆိပ်တပ်ချင်နေကြတယ်ဗျ၊ ခင်ဗျားနဲ့ အင်တာဗျူးတဲ့ Vanity Fair ကတော့ ခင်ဗျားကို “မြန်မာ့စိန့်ဂျုန်း” လို့တောင် မျက်နှာဖုံးကမ္ဗည်းထိုးထားပါပကော။”
★ [ ဒေါ်အောင်ဆန်းစုကြည် ]
“ဘုရား ဘုရား၊ ကျွန်မ အဲလိုမမျှော်လင့်ရပါလားရှင်။”
■ [ အလန်ကလီးမင့်ထ်စ် ]
“တိတိကျကျဗုဒ္ဓဘာသာဝေါဟာရနဲ့ ပြောရင်တော့ ခင်ဗျားဟာ ဗုဒ္ဓဘုရားအဖြစ် ရောက်ရှိဖို့အတွက် အခြားသူတွေ လွတ်မြောက်မှုရရှိကြပါစေ ဆိုတဲ့ စေတနာဆန္ဒတွေနဲ့ ပညာပါရမီ၊ ကရုဏာပါရမီ၊ မေတ္တာပါရမီတွေကို ဖြည့်ဆည်းအားထုတ်နေတဲ့ ဘုရားအလောင်း မဟာဣတ္ထိယ တစ်ယောက်လို့တောင် ရည်ညွှန်းပြောဆိုနေကြတာ ကြားရတယ်ဗျ။”
★ [ ဒေါ်အောင်ဆန်းစုကြည် ]
“အိုး ကျွန်မကတော့ ဘုရားပဲ တနေမိတော့တာပါပဲ။ ကျွန်မက အဲဒီအဆင့်နဲ့ အလှမ်း ဝေးလွန်းပါတယ်ရှင်။ လူတွေက ကျွန်မကို အဲလိုမျိုးတစ်စုံတစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်နေကြတာကို အံ့သြလို့ မဆုံးအောင်ပါပဲ။
ကျွန်မကသာ အဲဒီလိုမြင့်မားတဲ့စွမ်းရည်မျိုးရှိနိုင်ပြီလို့ ထင်မိတဲ့အချိန် တစ်နေ့နေ့မှာတော့ ဗောဓိသတ္တ (ဘုရားလောင်း) တစ်ဆူတော့ ကျွန်မ ဖြစ်ချင်ပါရဲ့ရှင်။ တကယ်တော့ ကျွန်မက မိမိကိုယ်ကိုယ်မိမိ တိုးတက်အောင် ဆောင်ရွက်ကြိုးပမ်းနေကြတဲ့ လူတွေထဲက လူတစ်ယောက်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဗောဓိသတ္တဖြစ်ရေး အဓိဋ္ဌာန်ပြုဖို့ (ဘုရားဆုပန်ဖို့) သင်လျော်တဲ့ လူလို့တော့ ကျွန်မကိုယ် ကျွန်မ မတွေးမိ မထင်မိ၊ မပြုလုပ်မိသေးပါဘူး။ ကျွန်မက ကောင်းအောင် လုပ်ဖို့ပဲ အားစိုက်ကြိုးစားဖြစ်ပါတယ်။(ရယ်လျက်) ဒါကလည်း ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ နည်းလမ်းပါပဲလေ။ ပြောရရင်တော့ ကောင်းမှုရဲ့ ကောင်းကျိုးကို ကျွန်မအမေက အလေးထားခဲ့တာကိုး။ အချိန်တိုင်း ကောင်းအောင်နေနိုင်တယ်လို့တော့ ကျွန်မမပြောလိုပါဘူး၊ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်မကြိုးစားဖြစ်ပါတယ်။
ကျွန်မက စိတ်တိုတတ်တယ်ရှင့်။ ဒါပေမယ့် အခု အရင်လောက်စိတ်မတိုတော့ဘူးလို့ ပြောရမယ်။ ၀ိပဿနာက အများကြီး အထောက်အကူပြုတယ်လေ။ ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ သူတော်ယောင်တစ်ယောက်၊ သီလကြောင်တစ်ယောက်လို့ ထင်မိတဲ့အချိန်မှာတော့ ကျွန်မစိတ်တိုမိတုန်းဆိုတာ ကျွန်မ၀န်ခံပါတယ်။
မသိနားမလည်တာ၊ ရိုးရိုးသားသားမှားမိတာလေးတွေကို ကျွန်မက နားလည်ပေးနိုင်ပေမယ့် သီလကြောင် သဘောမျိုးကိုတော့ ကျွန်မ နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။ ဒီတော့ ကျွန်မ သတိပဋ္ဌာန် တရားပွားများမှ ဖြစ်မယ်လေ။ ကျွန်မ စိတ်တိုနေပြီဆိုရင် “အော် ငါစိတ်တိုနေပါလား ”လို့ သိနေရမယ်။ ကွန်မကတော့ စိတ်တို နေတဲ့ ကျွန်မကိုယ်ကို ရှုမှတ်လိုက်တာပါပဲ။ ပြီးတော့ “ငါစိတ်တိုနေတယ် ငါစိတ်တိုနေတယ်” လို့ ကျွန်မဘာသာ ကျွန်မ ရွတ်ဆိုဖြစ်တယ်၊ အဲဒီလို ကျွန်မရဲ့ ဒေါသကို ကျွန်မထိန်းချုပ်ပါတယ်။ ဒီလိုမျိုး ဒေါသကို ဆက်မပွားအောင် ထိန်းချုပ်ပါတယ်။
■ [ အလန်ကလီးမင့်ထ်စ် ]
လွန်ခဲ့တဲ့နှစ်တော်တော်ကြာက ဘုရားဆုပန်ထားတယ် ဆိုတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အင်တာဗျူးခဲ့တယ်ဗျ၊ သူ့ကို ကျွန်တော်က “ တပ်မတော်ကို ထိန်းချုပ် အမိန့်ပေးခွင့်ရှိတဲ့ ၀န်ကြီးချုပ် တစ်ယောက်အနေနဲ့ ဗောဓိသတ္တအဖြစ် ဘုရားဆုပန်ထားတာ ဘယ်လိုမျိုးဖြစ်လေမလဲ ” လို့ မေးတော့ ဦးနုက (ကျွန်တော်အမှတ်မမှားဘူးဆိုရင်) “ အဲဒါဟာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု၊ အမြဲတမ်း သီလပိုင်းဆိုင်ရာ အကြပ်အတည်းကြီး တစ်ခုလောက်နီးနီးပဲ”လို့ ဖြေခဲ့တယ်ဗျ။ သူပြောတာက ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုဖို့ တာဝန်ရှိနေတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်နေတာဟာ သဟဇာတမဖြစ်လှဘူးတဲ့ဗျ။ ခင်ဗျားအနေနဲ့ရော အဲဒီလို အကြပ်အတည်းမျိုး ခံစားရပါသလား။
★ [ ဒေါ်အောင်ဆန်းစုကြည် ]
မခံစားရပါဘူး၊ ကျွန်မအနေနဲ့ အကြပ်အတည်းမမြင်ပါဘူး၊ ကျွန်မက ဘုရားဆုပန်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ မထင်ဘူးလေ။ ကျွန်မရဲ့ ပထမရည်သန်ချက်က လောကရေးရာများမှာ ဗုဒ္ဓအရှင်ရဲ့ ဥပဒေသတွေအတိုင်း လိုက်နာကျင့်သုံးဖို့ပါပဲ။ တကယ်လည်း ကျွန်မ တရားအားထုတ်ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မတို့ လူသားအားလုံးမှာ မျက်ကွယ်ပြုလို့မရတဲ့ ဘာသာရေးအတိုင်းအတာ တစ်ခုတော့ ရှိရမယ်လို့ ကျွန်မကိုယ်တိုင်က ယုံကြည်နေလို့ပါ။ ပြောရရင်တော့ အသက်အရွယ်ထောက်လာတဲ့ နောက်ပိုင်း အချိန်တွေမှာ ဘာသာရေးထဲမှာ နှစ်ပြီး အားထုတ်ရမယ့် သာမန်ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် ကျွန်မကိုယ်ကျွန်မ စဉ်းစားထားပါတယ်။
■ [ အလန်ကလီးမင့်ထ်စ် ]
ခင်ဗျားရဲ့ ဘ၀ကို နောက်ကြောင်း ပြန်လိုက်ရင် ခင်ဗျားရဲ့ ပုဂ္ဂလိကတိုးတက်မှုအပေါ်မှာ ထူးခြားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေတဲ့ အလွန်အရေးကြီးတဲ့ အတွေ့အကြုံတွေ၊ ပုဂ္ဂိုလ်ရေး သင်ခန်းစာတွေက ဘာတွေများဖြစ်မလဲ။
★ [ ဒေါ်အောင်ဆန်းစုကြည် ]
ရိုးရိုးလေးပါပဲ။ ဘ၀မှာ ကျွန်မဘာလေ့လာပြီးပြီလဲဆိုတော့ “အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ” ဆိုတာပါ။ တစ်ခြားလူက လုပ်လို့မရပါဘူး။ ဒါကလည်း ကျွန်မကြီးပြင်းလာရတဲ့ ဘ၀အခြေအနေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မအမေက ကျွန်မကို “အမှားလုပ်တာဟာ ဘာကောင်းကျိုးမှ မပေးဘူး ” ဆိုတဲ့ ဥပဒေသကိုပဲ ကျွန်မကို သွန်သင်ပေးခဲ့တာပါ။
ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံအရလည်း အဲဒီအတိုင်းပဲ အမှန်ဖြစ်ခဲ့ပါတယ်။ “အခြားလူတွေက ရှင့်ကို ဆိုးကျိုးဖြစ်အောင် လုပ်လို့မရဘူး ” ဆိုတဲ့ အပြုသဘောဆောင်တဲ့ အမြင်မျိုး ရှင့်မှာ ရှိမယ်ဆိုရင်တော့ သူတို့က ရှင့်ကို ခြိမ်းခြောက်လို့လည်း မရဘူးပေါ့။ ရှင့်အနေနဲ့ အခြားလူတွေအပေါ်မှာ မေတ္တာတရား မထားတော့ဘူးဆိုရင် ရှင်လည်း ချမ်းသားမယ်လို့တော့ မထင်ပါဘူးရှင်။
■ [ အလန်ကလီးမင့်ထ်စ် ]
ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုလူစားမျိုးလို့ သတ်မှတ်မလဲ
★ [ ဒေါ်အောင်ဆန်းစုကြည် ]
အင်း .. တစ်ခါတစ်ရံမှာ တစ်ခြားလူတွေက ကျွန်မကို မြင်တာနဲ့ ကျွန်မကိုယ်ကျွန်မမြင်တာ မတူတတ်ဘူးရှင့်။ ဆိုကြပါစို့ ကျွန်မကို သတ္တိကောင်းလိုက်တာလို့ ပြောကြတဲ့ကိစ္စလေ၊ ကျွန်မကိုယ်ကျွန်မ “သတ္တိကောင်းကြီး”လို့ တစ်ခါမှ မတွေးမိပါဘူး .. ကျွန်မကိုယ်ကျွန်မ ထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ်လည်း မမြင်မိပါဘူး၊ ကျွန်မကိုယ် ကျွန်မမြင်မိတာကတော့ ကြိုးစားနေသူတစ်ယောက်အဖြစ်ပါ။ ကျွန်မ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်မက “အရှုံးမပေးဘူး ” လို့ ပြောတဲ့အခါ ဒီမိုကရေစီရေးအတွက် အလျှော့မပေးဘူး လို့ ပြောနေတာမျိုး မဟုတ်ပါဘူး၊ အဓိကအခြေခံအားဖြင့် ကျွန်မဟာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ အရှုံးမပေးဘူး လို့ ဆိုလိုတာ ဖြစ်ပါတယ်။
■ [ အလန်ကလီးမင့်ထ်စ် ]
ဆိုတော့ စိတ်ဓါတ်ကြံ့ခိုင်မှု သို့မဟုတ် ပါရမီအဓိဋ္ဌာန်တရားလို့ ပြောရမယ့် ဒီအဇ္ဈတ္တမောင်းနှင်အားကပဲ ခင်ဗျားကို ဘာဆိုတာ သတ်မှတ်ကြမှာပေါ့။
★ [ ဒေါ်အောင်ဆန်းစုကြည် ]
ဟုတ်ပါတယ်။ လူတွေကတော့ ကျွန်မရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အများကြီးပြောနေကြတာပါပဲ။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ စိတ်ဓါတ်ကြံ့ခိုင်သူကြီးရယ်လို့လည်း မထင်မိပါဘူး၊ ကျွန်မဟာ “ကြိုးစားနေသူတစ်ယောက်”လို့ပဲ ထင်ပါတယ်ရှင်။
■ [ အလန်ကလီးမင့်ထ်စ် ]
ဗုဒ္ဓ၀ိပဿနာတရားက ခင်ဗျားအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲဗျ။
★ [ ဒေါ်အောင်ဆန်းစုကြည် ]
စိတ်ပျိုးထောင်မှုပုံစံတစ်မျိုးပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပညာရေးနဲ့ ဖြူစင်ရေးလမ်စဉ်တစ်ခုပါ။ အခြေခံအားဖြင့်တော့ သတိလေ့ကျင့်မှုပါပဲ။ ရှင်ဘာလုပ်နေတယ်ဆိုတာ သတိရှိရှိ သိနေရင် ရှင့်အနေနဲ့ မစင်ကြယ်တာတွေကို ရှောင်ကြဉ်နိုင်တာပေါ့။
■ [ အလန်ကလီးမင့်ထ်စ် ]
နေ့စဉ် ကျင့်ဝတ်တစ်ခုအဖြစ် တရားထိုင်ဖြစ်အောင် ဘယ်အရာက ခင်ဗျားကို တွန်းအားပေးသလဲဗျ။
★ [ ဒေါ်အောင်ဆန်းစုကြည် ]
ကျွန်မ တရားထိုင်ဖြစ်တဲ့ အဓိက အကြောင်းကတော “ကျွန်မလုပ်သင့်တယ်လို့ ထင်တာကို ( မမြဲမှု အနိစ္စသဘောကို ကိုယ်တိုင်ကိုယ်ကျ နားလည်ဖို့ သတိပဋ္ဌာန်ပွားများမှုလိုမျိုး ) လုပ်နေတယ် ” လို့ သိတဲ့ အသိက ရလာတဲ့ စိတ်ကျေနပ်မှုလေးပါပဲ။ ကျွန်မမှာ ဘ၀နဲ့ပတ်သက်ပြီးတော့ အလွန်ရိုးရှင်းတဲ့ စိတ်သဘောထားတွေပဲ ရှိပါတယ်။ ကျွန်မအနေနဲ့ တရားမျှတမှု သို့မဟုတ် မေတ္တာတရားဆိုတဲ့ နာမည်နဲ့ ကျွန်မ လုပ်သင့်တယ်လို့ ထင်တဲ့ တစ်စုံတစ်ရာရှိရင် အဲဒါကို ကျွန်မလုပ်မှာပါ။
■ [ အလန်ကလီးမင့်ထ်စ် ]
ခင်ဗျားရဲ့ အဇ္ဈတ္တအတွင်းသားအသစ်တွေကို ရှာဖွေတဲ့နေရာမှာ ၀ိပဿနာက ဘယ်လို အထောက်အကူပြုသလဲ။ ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ် ရှာဖွေခြင်းလုပ်ငန်းစဉ်တစ်မျိုးလား။
★ [ ဒေါ်အောင်ဆန်းစုကြည် ]
ဝိပဿနာဆိုတာ မိမိကိုယ်ကိုယ်ရှာဖွေခြင်းလား စိတ်သန်စွမ်းရေးလား ဆိုတာ ကျွန်မမသိပါဘူး။ ကျွန်မကို သင်ကြားပေးတာကတော့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ပါပဲ။ ငယ်ငယ်လေးကတည်းက ကျွန်မမှာ ကိုယ့်အလုပ်နဲ့ ကိုယ့်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာတဲ့ အလေ့အကျင့် ရှိခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်မမှာ ကျွန်မကိုယ်တိုင်နဲ့ ပတ်သက်ပြီး အသစ်တွေ့ရှိချက် တစ်စုံတစ်ရာမရှိပါဘူး၊ ဒါပေမယ့် ၀ိပဿနာကတော့ မှန်ကန်တဲ့(သမ္မာမဂ္ဂင်)လမ်းကို လိုက်ဖို့ လောကုတ္တရာခွန်အားကို ပေးပါတယ်။
ပြီးတော့ ကျွန်မအတွက် ၀ိပဿနာဆိုတာ ဘ၀နေနည်းတစ်ခုပါပဲ။ ဘာဖြစ်လို့ဆိုတော့ ၀ိပဿနာအားထုတ်တယ်ဆိုတာက သတိတရားကို ပွားများပြီး စိတ်ကို ထိန်းချုပ်ဖို့ သင်ယူနေရတာမို့ပါ။ ဒီသတိတရားက နေ့စဉ်ဘ၀ထဲမှာ အထောက်အကူ ဖြစ်နေမှာပါ။ ကျွန်မအတွက်တော့ ဒါဟာ ၀ိပဿနာတရားရဲ့ လက်တွေ့အကျဆုံး အကျိုးကျေးဇူးတစ်ခုပါပဲ။ ကျွန်မရဲ့ သတိအာရုံတွေ မြင့်မားလာတယ်လေ။ ခုဆို ကျွန်မဟာ အလုပ်လုပ်တဲ့ နေရာမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ လုပ်မိ ကိုင်မိတာတွေ နည်းလာပါတယ်။
■ [ အလန်ကလီးမင့်ထ်စ် ]
ဝိပဿနာကို ခင်ဗျား ဘယ်လိုသင်ယူလေ့လာခဲ့ပါသလဲ။
★ [ ဒေါ်အောင်ဆန်းစုကြည် ]
ကျွန်မ မဟာစည်သာသနာ့ရိပ်သာကို သွားခဲ့တယ်ရှင့်။ ဒါပေမယ့် ဒါကလည်း ဟိုလွန်ခဲ့တဲ့ ကျွန်မ အသက်နှစ်ဆယ်ကျော် အရွယ် မြန်မာပြည်ကို ပြန်လာတဲ့ တစ်ခေါက်ကပါ။ ပြောရရင်တော့ ထိထိရောက်ရောက် တရားမထိုင်ဖြစ်ပါဘူး။ တကယ်တမ်း ၀ိပဿနာကို အားစိုက်ပွားများဖြစ်တာကတော့ နေအိမ်အကျယ်ချုပ် ကာလနှစ်တွေမှာပါ။ စာအုပ်တွေကို အမှီပြုပြီး အားထုတ်ခဲ့ရပါတယ်၊ ဆရာတော် ဦးပဏ္ဍိတရဲ့ “ ဒီဘ၀ဒီခန္ဓာမှာ” ဆိုတဲ့ စာအုပ်က အများကြီး အထောက်အကူပေးခဲ့ပါတယ်။
■ [ အလန်ကလီးမင့်ထ်စ် ]
“အခါအားလျော်စွာ ခင်ဗျားဟာ ရန်ကုန်မှာရှိတဲ့ ဆရာတော်ဦးပဏ္ဍိတရဲ့ ကျောင်းကိုသွားပြီး ဆရာတော့်ကို ဂါရ၀ပြုလေ့ရှိတယ် လို့ သိရပါတယ်။ ခင်ဗျားအတွက် အထောက်အကူပြုတဲ့ ဆရာတော်ရဲ့ တရားအချို့ကို မျှဝေပေးပါလား။”
★ [ ဒေါ်အောင်ဆန်းစုကြည် ]
“ဆရာတော်က ကျွန်မကို ဟောကြားခဲ့သမျှ မှတ်မိနေတယ်ရှင့်။ အရေးကြီးဆုံးဒေသနာတစ်ခုကတော့ သတိတရားကို အပိုလုပ်မရဘူးဆိုတာပဲ။ ဆရာတော် မိန့်တာက “ကျွန်မတို့အနေနဲ့ ပညာတွေ ၀ီရိယတွေ အများကြီး ရှိလို့ရတယ်။ ဒါပေမယ့် သတိကိုတော့ အပို လုပ်မရဘူး”တဲ့။ အင်း ကျွန်မလည်း ဒီလွန်ခဲ့တဲ့ (၇)နှစ်အတွင်း (ရယ်လျက်) တကယ့်ကို သတိတရား ပွားများဖြစ်ပါတယ်။ ပြီးတော့ ဆရာတော်က ကျွန်မကို စကားပြောတဲ့အခါ စေ့စပ်ငြိမ်းချမ်းမှုကို ဦးတည်မယ့် စကားကိုပဲ စူးစိုက်ပြောဆိုဖို့ အကြံပြုခဲ့ပါသေးတယ်။ ကျွန်မပြောသင့်တဲ့ စကားဟာ နားထောင်သူအတွက် အမှန်လည်း ဖြစ်မယ်။ အကျိုးလည်း ရှိမယ်။ နားဝင်လည်း ချိုရမယ်ပေါ့လေ။ ဆရာတော်က ဗုဒ္ဓအလိုတော်ကျ စကားနှစ်ခွန်းရှိပါတယ် တဲ့။ မှန်လည်းမှန်၊ အကျိုးလည်းရှိ ၊လက်ခံဖွယ်လည်း ဖြစ်တဲ့ စကားနဲ့ မှန်လည်း မှန်၊ အကျိုးလည်း ရှိ သို့သော် လက်ခံနိုင်ဖွယ် မရှိတဲ့ နားဝင်မချိုတဲ့ စကားတွေပေါ့ရှင်။
■ [ အလန်ကလီးမင့်ထ်စ် ]
“ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အခြားသော ဂိုဏ်းဂဏ ဘာသာတရားတွေဆီကနေ သင်ယူ လေ့လာဖို့ စိတ်ကို ဖွင့်ထားတာမျိုး။ မျှမျှတတ ဖြစ်အောင် ဆောက်တည် ထားတာမျိုး ရှိပါသလား။”
★ [ ဒေါ်အောင်ဆန်းစုကြည် ]
“ကျွန်မက ထေရ၀ါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့် မဟာယာနဗုဒ္ဓဘာသာနဲ့ ၀ဇိရယာန ဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။ ပြီးတော့ ကျွန်မက အခြားသော ဘာသာတရားများကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။ ကျွန်မစိတ်ထဲမှာ လူတစ်ဦးတစ်ယောက်က အခြားလူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရားကို အထင်အမြင်သေးခွင့်ရှိတယ်လို့ မမြင်မိပါဘူး။ ကျွန်မက တစ်ခြားလူတွေရဲ့ ဘာသာရေးအတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ဖို့ အလွန်စိတ်ဝင်စားပါတယ်။ ကျွန်မကို သင်ကြားပေးဖို့ အသင့်ဖြစ်နေတဲ့ လူတွေများစွာဆီက ကျွန်မ အများကြီး သင်ယူရပါဦးမယ်။”
■ [ အလန်ကလီးမင့်ထ်စ် ]
“ ခင်ဗျားလေးစားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ အသွင်လက္ခဏာတွေက ဘာတွေများဖြစ်မလဲဗျ”
★ [ ဒေါ်အောင်ဆန်းစုကြည် ]
“ မဟာယာနဗုဒ္ဓဘာသာမှာ ထေရ၀ါဒထက် ပိုပြီး ကရုဏာတရား အကြောင်းပြောကြတယ်။ ကျွန်မအဲဒါလေးကို သဘောကျတယ်။ ကျွန်မတို့ ဒီနေ့ကမ္ဘာမှာ ကရုဏာတရား အများကြီး လိုနေတာဆိုတော့လေ။ တကယ်တော့ ကရုဏာတရားဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ သွန်သင်ချက် အစိတ်အပိုင်း တစ်ခုပါပဲ၊ ဒါပေမယ့် ကျွန်မက ကရုဏာတရားတွေ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာအောင် ကျွန်မတို့ကမ္ဘာ့ပြည်သူတွေ ဆောင်ရွက်ကြတာကို ပိုပြီး မြင်ချင်တာပါပဲရှင်။
မူရင်းစာမျက်နှာ http://www.shambhalasun.com/index.php… http://yatanavasa.blogspot.com/2010/11/blog-
လေးစားလျှက်
ပြန်လည်မျှဝေပေးပါတယ်
လူရွှင်တော် ပန်းသီး ရဲ့ ရေးချက်လေးပါ။
လူရွှင်တော် ပန်းသီး ရဲ့ ရေးချက်လေးပါ။
==========================
အမေရိကန်သမတအိုဘားမား မြန်မာပြည်ကိုရောက်နေတဲ့အချိန်
မှာစကားတခွန်းပြောပါတယ်းးးး
ငုတ်မိသဲတိုင်တက်နိုင်ဖျားရောက်
ဆိုတဲ့စကားလေးပါ ဒီစကားလေး
ဘာကြောင့်ပြောသလဲလို့ အိုဘားမားကိုမေးကြည့်တဲ့အခါ
အိုဘားမားကရှင်းပြပါတယ်းးးးး
ငုတ်းးး ငုတ်တုတ်မေ့နေသော
မြန်မာပြည်နိုင်ငံရေး
မိးးး မိမိကောင်းစားဘို့အတွက်
ဘဲလုပ်နေသောခရိုနီ
သဲးးး သဲထဲရေသွန်ဖြစ်နေသော
ငြိမ်းချမ်းရေး
တိုင်းးး တိုင်စာများနဲ့ တိုင်ပတ်နေသောသမတ
တက်းး တက်နေသောကုန်ဈေးနှုန်း
နိုင်းးး နိုင်ပီးရင်းနိုင်တာ ယူ၁၉
ဘောလုံးအသင်း
ဖျားးး အဖျားရူးသွားတာ သမတ
မိန့်ခွန်း
ရောက်းး ရောက်တဲ့နေရာအိပ်ငိုက်
တတ်တာ မြန်မာပြည်အမတ်တွေ
တဲ့ဗျားးးးး
Saturday, 22 November 2014
ဇာဂနာ ဘာမှ မသိရပါဖူး
 ဇာဂနာ ဘာမှ မသိရပါဖူး
======================================
ဇာဂနာ တော်တော် ပျော်နေပါတယ်ခမျာ။မြန်မာပြည်ကြီးမှာ ကြုံတာင့်ကြုံခဲ
အာစီယံပွဲကြီး ၀ှဲချီး ကျင်းပသွားတာကိုး။ဇာဂနာ တို့ သမ္မတကြိးလဲ ဖန်ပြားလေး
ကြည့်ကြည့်ပြီး မိန့်ခွန်းပြောရတာ တော် တော် ကျင့်သား၇နေပြီပေါ့ခမျာ။
ဒါလဲ အိုဘာမားလေး စသွားတဲ့ဇာတ်ထုပ်ပါခမျ။ရန်ကုန်တက္ကသိုလ် ဘွဲ့ နှင်း
သဘင်ခန်းမထဲမှာ သူ မိန့်ခွန်းလာပြောတုန်း က ဒါမျိုးဖန်ချပ်လေး နဲ့ ကြည့်ကြည့်
ပြီးပြောသွားတာကိုး။မသိရင် ကျည်ကာလိုလို၊ မီးမထိအောင် ကာထား သလိုလို
နဲ့ အမှန်ကတော့ စာ တန်းထိုးပေးနေတာကိုးခမျာ။
အိုဘာမားလေး လို့ ဇာဂနာ ကပြောလိုက်တော့ အိုဘာမား ဘက်တော်သားများ
က မကျေမလည် ဖြစ်ကုန်ပါ့မယ်။တကယ်တော့ အိုဘာမားက ဇာဂနာ့ ထက်
ခြောက်လ ငယ်ပါတယ်ခမျ။ကိုကိုကြီးထက် ငါးလ ကြီးပါတယ် ခမျ။သက်တူ
ရွယ်တူတွေလို့ ပြောရင်လဲ၇တာပေါ့။ဒါပေမဲ့သူကတော့ သမ္မတ။
ဇာဂနာ တို့ ကတော့ သမ္မတ ရုပ်ရှင်ရုံမှာတောင် ကိုယ်ပါတဲ့ ဇာတ်ကား မပြနိုင်
ပါဖူး။အိုဘာမားလေး ကတော့ စစ်ရေး အမြင် ကျွမ်းလို့ ထင်ပါရဲ့ သမ္မတ ပေါ့ဗျာ။
ကမ္ဘာ့အကြီးဆုံးနိုင်င့ကြီးရဲ့  ကာချုပ်ကြီးနော်။သူ့ လူတွေကိုဇာဂနာ တိုးတိုး
တိတ်တိတ် မေးကြည့်မိတယ်။ အိုဘာမားလေး က ဘယ်တုန်း က စစ်တိုက်ဖူး
တာလဲဆိုတော့ PS2 နဲ့ တိုက်ဖူးတာတဲ့။ကိုင်း ဘယ်လောက် အားရစရာ
ကောင်းလဲနော်။ဇာဂနာ တို့ လဲ အားကျ မခံ PS 3 တို့ counter တို့ အပစ်ကျင့်
အုန်းမှ ပဲ ခမျ။မတော် ကိုယ်တွေ ကို သမ္မတ လာလုပ်ခိုင်းရင်စစ်ရေးအမြင်လေး
ရှိအောင်ပေါ့ခမျာ။အမေးအဖြေ လုပ်ရင်လဲ ဟော သလိုဖြေ၇တာပလေ။
အမေး။ ။နိုင်ငံရေးအမြင်ရှိလား
အဖြေ ။ဟုတ်ကဲ့ မင်္ဂလာဒုံက နိုင်ငံရေး ကို ခနခန မြင်ပါတယ်
အမေး ။စစ်ရေးအမြင်ရော
အဖြေ ။PS 3 နဲ့ Counter အဆင့်မြင့်ပြီးပါပြီ။
ကိုင်း မနိပ်ဖူးလား။သူငယ်ချင်းကြီး ကေကျု ကိုလဲပြော၇မယ် ခမျ။ကောင်တာ
များများ ပစ်လို့ ။သူ က မိန်းမ ရကာစ ဆိုတော့ ဘယ်ကောင်တာ သွားသွား
ပစ်နေမှန်း မသိပါဖူးဗျာ။အိုဘာမားလေး နဲ့ပတ်သက်လို့ ပြောရအုန်းမယ် ခမျ။
ဇာဂနာ့ ထက် ခြောက်လ ငယ်တော့ အိုဘာမားလေး လို့ ချစ်စနိုးခေါ်တာပါနော်။
သမ္မတကြီးဦးသိန်းစိန် နဲ့ဆို အိုဘာမား လေး က သားအဖ အရွယ်ပေါ့ခမျာ။
မိုင်ဆန်း နဲ့  ကယ်ကြီးပေါ့။ကယ်ကြိး စိန် နဲ့ မိုင်ဆန်း အို ပေါ့နော့။သူ တို့ 
ဒီမိုကရက်တွေက ဆင်းရဲသားတွေ။လူမည်းတွေဖက်က အမြဲရပ်တည် တာကိုး။
ဒါကြောင့်လဲ အစိုး၇ဖွဲ.ရင် အရွယ်ကြိးတယ်ခမျ။နေရာတကာ လိုက်ပါတတ်
တယ်လေ။ဒါကြောင့်လဲ သူ့ လက်ထက်မှာUSA ကနေ USSA(United
Socialist States of America)လို့ တောင်နောက်ခေါ်ကြသကိုး။ဒါပေမဲ့ 
သူတို့ ဒိမိုကရက် အစိုး၇ထက် ကယ်ကြိး စိန် တို့  အစိုးရက ပိုကြီးတာပေါ့ဗျာ။
ဘယ်နေရာ ကြည့်ကြည့် ၀န်ကြီး ဆိုတာတော့ ပစ်မလွဲကိုး။သည်တော့
မိုင်ဆန်း အို က ကယ်ကြီး စိန် ဆီ လာပြီး နည်းနာ များလဲယူ၇တော့တာပေါ့။
အိုဘာမားလေး ကိုတကယ်တော့ သေသွားပြီဖြစ်တဲ့ တဒ် ကနေဒီ ကြီးက
သေချာ သင်ပေးခဲ့တာကိုးခမျ။လူမည်းလေးတစ်ယောက် တစ်နေ့ သော
အခါမှာ အမေရိကားမှာ သမ္မတ ဖြစ်ရမယ် ဆိုတဲ့ ရည်မှန်းချက်နဲ့ပေါ့။
အလုပ်သမားတွေဆီသွားစကားပြောခိုင်း၊ယာခင်းထဲသွားပြောခိုင်းနဲ့လေ့ကျင့်
ခဲ့တာခမ်။မြန်မာပြည်မှာသာဆိုရင်တော့ ပုဒ်မ ၁၈ နဲ့ ညိပြီး မိုင်ဆန်း အို လဲ
ထောင်ထဲကတောင် ထွက်၇မယ် မထင်ပေါင်။ပြီးတော့ ခရစ်ယာန်
ဘုရားကျောင်း ညဖက် စည်းဝေးပွဲတွေမှာ သွားစကားပြောခိုင်း၊လူထု နဲ့ 
နိးစပ်အောင်လုပ်၊သည်လို နဲ့  စည်း၇ုံးရေးတည်ဆောက်ခဲ့တာကိုးခမျာ။
မြန်မာပြည်မှာသာ လာလုပ်ကြည့်ပါလား။ဘာသာရေး အဆောက်အဦ ကို
နိုင်င့ရေး အလို့ ငှာ သုံးပါတယ် ဆိုပြီး ကယ်ကြီးစိန် တို့ က တိန်ကနဲနေအောင်
တီးထည့်လိုက်မှာပေါ့။ မိုင်ဆန်း အိုလေး ကောက်ကွေးသွားမယ်။
အိုဘာမားလေး က သူ့ ဆရာတွေရဲ့ လက်ကျလက်န ကိုလိုက်ပြီးမြန်မာပြည် နဲ့ပတ်သက်လို့  နှစ်လမ်းသွားပေါ်လီစီလေးချ တယ်ခမျ။အစိုး၇နဲ့ လဲ ဆက်ဆံ၊
အတိုက်အခံနဲ့လဲပေါင်း။အစိုးရကိုတွန်းအားရော။ဖိအားရောပေး။အစိုးရ
အပြောင်းအလဲတစ်ခုလုပ် မှ ပိတ်ဆို့  ထားတာ တစ်ခု ဖြေလျော့ပေးမယ်။
ဘာမှ မပြောင်းလဲသေးရင် ဘာမှ လျော့မပေးသေးဖူးပေါ့။သူ့ ပေါ်လစီ
အောင်မြင်လား၊မအောင်မြင်လားတော့ မသိပါဖူး။လယ်သိမ်းခံရသူတွေလဲ
ထောင်ထဲကကိုမထွက်ရရှာဖူး။သတင်းထောက်တွေလဲ ငုပ်တုပ်။
ဒီကြားထဲ မြန်မာပြည်လာခါနီးသူက တောင်သာက လူကြိးကို အမည်းရောင်
စာရင်း ထဲပစ်သွင်းလိုက်ပြသေးတယ်။ဇာဂနာ တို့ ကတော့ ရီတောင်ရီချင်သေး။
ဟို ကနဂိုမဲလေ။ဘာဖြစ်မှာတုန်း။အိုဘာမားရဲ့ အကြံပေးတွေက သည် တစ်ခါ
မှာတော့ ကယ်ကြီးစိန် ရဲ့ အကြံပေးတွေလောက်မစွန်တော့ဖူးပေါ့။ဒီလိုလုပ်လို့ 
ဘာဖြစ်မှာတုန်း။စင်ကာပူသွားပြီးငွေစာရင်းပြောင်း အပ်လိုက်မှာပေါ့။
စင်ကာပူခြင်္သေ့က အမြဲပါးစပ် ဟ ထားတာ ခမျ။ အမေရိကန် ပိတ်ဆို့ရေး မူဝါဒ
လောက်တော့ သနားတယ် လို့ အမည်းရောင်စာရင်း ၀င်သွားသူကြီး
ကပြောတော့မှာပေါ့။ဘာပဲဖြစ်ဖြစ် မြန်မာ ဥက္ကဌ လုပ်တဲ့ အာဆီယံ(၂၅)ကြိမ်
မြောက်ပွဲ ကြီးကတော့ အောင်အောင်မြင်မြင် နဲ့ ပြီးသွားပြီပေါ့။အိုဘာမား လဲ
မြန်မာပြည် နှစ်ခါ ရောက်ခဲ့ရရှာပေါ့။
ဇာဂနာတို့ လဲ နာဂစ်တုန်း ကမတွေ့လိုက်ရတဲ့လေယာသ်တင် သဘောင်္တွေ၊
တိုက်လေယာဉ်တွေ မျက်ဝါးထင်ထင်တွေ့လိုက်ရတာအမြတ်ပေါ့။ေ၈ျမီ တို့ 
ကြက်ဖ တို့ ကို အားကျပြီး သီချင်းလေးတစ်ပုးတောင် ဆိုလိုက်ချင်သေး။
ဟေးဟေး။အာဆီယံ ပွဲကြီးလဲ ပြီးပါပြီ၊ဗိုလ်ချုပ်မွေးနေ့ပွဲလဲ နီးလာပြီစာမေးပွဲတွေလဲ
နီးလာပြီ၊လေးသုံးခြောက် လဲ ပြီးပါပြီ။ရွေးကောက်ပွဲလဲ နီးလာပြီ၊ကိုပါကြီးလဲ
ပြီးပါပြီ။စာရေးဆရာတွေ ပြဇာတ် ကဖို့ နီးလာပြီ၊လေးပွင့်ဆိုင်လဲ ပြီးပါပြီ။
ပြည်သူတွေ လဲ ညည်းရှာပြီ၊ငြိမ်းချမ်းရေး လဲ ပြီးပါပြီ
ကုန်ဈေးနှုန်းတွေလဲ ကြီးလာပြီ၊
ပဒိုင်းသီးတွေလဲ သီးပါပြီ
ဟေ့ဟေ့ ယို့ ယို့ 
ကိုင်းကောင်းတယ် မဟုတ်လားဗျာ။
ဇာဂနာ တော့ ဒါမျိုးလေးသာဆိုလိုက်ချင်ပါတော့တယ်။ဒါတွေ ဇာဂနာ သိလို့ 
ပြောနေတာလဲမဟုတ်ရပေါင်ဗျာ။ရန်ရန်ချမ်းပေါ့။သူပြောပြတာလေ။
တကယ်တော့ ဇာဂနာ ဘာမှ မသိရပါဖူးဗျာ။
                                                                                   ဇာဂနာ
                                                                ( ပဲ့တင်သံဂျာနယ်ပါ သရော်စာဆောင်းပါး )
Tuesday, 18 November 2014
ထောင်နီးနားချင်းများ
Maung Thura
မနေ့ ကထွက်တဲ့ တူမောရိုးဂျာနယ်ထဲက ဆောင်းပါးပါ။
ထောင်နီးနားချင်းများ
သုံးရောင်ခြယ် မြတ်စံ
သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်မှာ ကျွန်တော် လူပြက်စလုပ်တော့ဆိုဗီယက်ပြန်ဒေါ်ဝင်းဝင်းဝါ က အက လာသင်ပါတယ်။ဆရာမ နဲ့ တူတူ သားတစ်ယောက် သမီးတစ်ယောက် တစ်လှည့်စီ အဖော် ပြုလို့ လိုက်လာလေ့ရှိပါတယ်။သမီး သူဇာ ကလဲ တစ်နေ့သောအခါ အနုပညာနယ်ထဲမှာပဲကျင်လည်ခဲ့သလို သား မြတ်စံကလဲ ဂီတသမားတစ်ယောက်ဖြစ်ခဲ့ပါတော့တယ်။
လက်ဝဲသုန္ဒရအမတ်ကြီးဦးမြတ်စံဟာ ဂိတသမားမြတ်စံလောက် ထောင်ထဲမှာ ကြာကြာမနေခဲ့ဖူးပါဖူး။၁၉၈၈ခုနှစ်အရေးတော်ပုံအပြီးမှာ မြတ်စ့တို့ ရဲ့ သုံးရောင်ခြယ်အဖွဲ့ ဟာထင်ရှားလာခဲ့ပါတယ်။တကယ်ကတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးတပ်တော်သားတွေပေါ့.။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွှေတိဂုံအနောက်ဖက်မုခ် တရားဟောပွဲကနေ သူတို့ စ ပြီးပါခဲ့ကြတာပါ။နောင်တော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခြံထဲမှာပဲ သူတို့ စခန်းချပါတော့တယ်။မှတ်မိသလောက်ဆိုရင် ကိုစိန်လှိုင်၊ခင်ခင်ဦး၊ကျော်သူရကိုကို၊ကျော်ဆန်း။ဘောကြီးတို့လဲပါတာပေါ့။ဒေါ်အောင်ဆန်းစုကြည် ဘယ်သွားသွား သူတို့အမြဲတမ်းပါပါတယ်။တကမ္ဘာလုံးဝက်ဝက်ကွဲအောင်ကျော်ကြားသွားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို စစ်သားတွေသေနပ် နဲ့ချိန်တယ် ဆိုတဲ့ဧရာဝတီခရီးစဉ်အပြီးမှာတော့ သုံေးရာင်ခြယ်တွေကို စစ်အစိုးရကတော်တော် မျက်မုန်းကျိုးသွားခဲ့ပါတယ်။
ဒီလိုနဲ့ ဘာအကြောင်းပြချက်မှ မရှိပဲ မြတ်စံအဖမ်းခံရပါတော့တယ်။ပုဒ်မ၁၀(က) နဲ့ ဖမ်းတာဖြစ်ပေမဲ့ ဥပဒေအရ ထောင်ထဲမှာ ခြောက်လ နေပြီးရင်ပြန်လွှတ်ရပါတယ်။မြတ်စံအလှည့်ကြတော့ တော်တော် ထူးဆန်းပါတယ်။ခြောက်လပြည့်တာနဲ့ ပြန်လွှတ်။ပြီးတော့ထောင်ပေါက်ဝကနေ နောက် ရတြစ်ယောက်ကထပ်ဖမ်း၊ပုဒ်မ၁၀(က) နဲ့ ပဲ မြတ်စံကိုထောင်ထဲပြန်ထည့်ပါတော့တယ်။အဲသလိုထုတ်လိုက်သွင်းလိုက်သုံးနှစ်လောက်လုပ်ပြီးမှ ထောင်၁၀နှစ်ချပြီးတောင်ငူထောင်ကိုရွှေ့ လိုက်ပါတော့တယ်။
အသက်(၂၀)အရွယ်တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်ဟာစာသင်ခန်းတွေမှာပျော်မွေ့ ရမဲ့အစား ထောင်ခန်းတွေမှာတစ်ခန်းပြီးတစ်ခန်း ကျင်လည်ရရှာပါတော့တယ်။ဆေးပညာနည်းနည်းတီးခေါက်မိတော့ထောင်ထဲမျာ သူဟာ ဆေးတပ်သားဖြစ်သွားတာပေါ့။တောင်ငူထောင်ရဲ့ ဆေးဆရာလေး မောင်မြတ်စံဖြစ်ခဲ့ပါတော့တယ်။
ထောင်ထဲကနေပြန်ထွက်လာတဲ့အခါမှာ သူ ဟာ သူ့ ဘ၀ ကိုဘယ်လိုဆက်ရမျန်းမသိခဲ့ပါဖူး။ဂီတကိုနားလည်တဲ့အသ့ဖမ်းအင်ဂျင်နီယာ အလုပ်ကိုတတ်ကျွမ်းတဲ့ မြတ်စံကို နိုင်ငံရေးနောက်ကြောင်းမကင်းလို့ ဘယ်သူကမှ အလုပ်မပေးခဲ့ကြပါဖူး။မြတ်စ့ကြောင့်ပဲ သူ့ အမေ ဒေါ်ဝင်းဝင်းဝါကိုနိုင်ငံတော် က ဆိုကရေးတီးပြိုင်ပွဲတွေမှာဖိတ်တောင်မဖိတ်ခဲ့ပါဖူး။မြတ်စံညီမ သူဇာကိုလည်း အလုပ်ခွင်ဝင်ခွင့်ပိတ်ပင်ခဲ့ပါတယ်။သူ့ အဖေ အထောက်တော် သတင်းစာဆရာဟောင်းကြီးကတော့ မောင်ထော်လေးလမ်းထိပ်မှာမနက်မနက်ဆို သတင်းစာတစ်စောင်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီးလောကကြီးကိုစိတ်ထဲမှာဆောင်းပါးတွေရေးနေရှာပါတယ်။သူ့ နာမည်ကိုဘယ်စာစောင်မှာမှ ဖော်ပြခွင့်မရခဲ့ပါဖူး။
ခုလိုနိုင်ငံရေး ကို ဘုရားပွဲလိုလုပ်နေကြတာမြင်ရရင်တော့ မြတ်စံအဖေ ဦးမင်းနွယ်ဆွေတစ်ယောက်ဘာများရေးလေ မလဲလို့  ကျွန်တော် တို့ဖတ်ချင်လိုက်တာ။မြတ်စံအဖေလို့ ဆိုလိုက်တာနဲ့တင်ဆေးရုံပေါ်ကမြန်မြန်ပြန်ဆင်းခိုင်းတဲ့ဆရာဝန်မ ကြီးရဲ့မျက်နှာကိုလဲ ခုနေခါ မြင်ချင်လိုက်တာ။
နိုင်ငံရေးနဲ့ဆက်နွယ်တဲ့သူမှန်သမျှ တစ်မျိုးလုံးတစ်ဆွေလုံးအဲဒီလိုနှိပ်ကွပ်ခံခဲ့ရတာ စစ်အစိုးရလက်ထက်တလျောက်လုံးပါပဲ။အဲဒီတုန်းက အားပေးစကားကိုတောင် လေသံ့တိုးတိုးနဲ တောင့်မပြောဝံ့ သူတွေကခု မြတ်စံကိုဝေဖန်တာတွေ ကြားနေ ဖတ်နေရတော့ ကျွန်တော် တော်တော် သံဝေဂ ရခဲ့ပါတယ်။
မြတ်စံဟာသူ့ လူငယ် တဘ၀လုံး ကိုနိုင်င့အတွက်ပစ်ချပေးခဲ့သူပါ။တိုင်းပြည်အရေးပေါ်လာတာနဲ့ လက်မနှေးပဲပါခဲ့သူပါ။ထောင်ကပြန်လွတ်လာလို့ ဘာမှမကြာခင်၂၀၀၇သံဃအရေးတော်ပုံပေါ်ပေါက်လာတော့ မြတ်စံ ၀င်နဲအလိုက်တာပါပဲ။ဒီတော့လဲဖမ်းခံရ ထောင်ကျပြန်ရပေါ့။ဒီတစ်ခါတော့ သူ့ အမေ ရော အဖေ ပါ သူ့ ဆိမလာနိုင်ပါဖူး။သူ့ အဖေဟာ ကင်ဆာရောဂါစွဲကပ်နေသလို သူ့ အမေ လဲကျန်းမာရေးမကောင်းရှာပါဖူး။ဒီကြားထဲ မြတ်စံကိုမြစ်ကြီးနားထောင်ပို့ လိုက်လေတော့ သူ့ နောက် ဘယ်သူကမှ လိုက်မကြည့်နိုင်တော့ပါဖူး။ဖြစ်ချင်တော့ သူ့ အမေခင်ဗျာ ခြေထောက်ကိုကားတက်ကြိတ်ခံရပြီးလမ်းကောင်းကောင်းမလျောက်နိုင်၊သူ့ အဖေ လဲကွယ်လွန်သွားဆိုတော့ မြတ်စံဟာ ထောင်ထဲမှာတော်တော် တောင့်ခံရရှာပါတယ်။ဒီလို ဝေဒနာတွေတပွေ့တပိုက်နဲ့ လူ၊ဒီလို ဒဏ်ရာတွေထမ်းပိုးထားရတဲ့လူ ကိုမှ ဘီယာသောက် ချိစ် မြိုချပြီး အယားပြေအင်တာနက်ပေါ်တက်တက်ဝေဖန်နေတဲ့သူတွေကိုတွေ့လာရတဲ့အခါ မြန်မာပြည်ခုလိုဖြစ်နေတာ ဘာမှမဆန်းဖူးလို့ ပဲ ပြောချင်ပါတော့တယ်။
၂၀၁၀မှာမြတ်စံထောင်ကပြန်လွတ်လာခဲ့ပါတယ်။အနှစ်နှစ်ဆယ်လောက်ထောင်ထဲမှာအချိန်တေါဖြုန်းခဲ့ရသူတစ်ယောက်အတွက်ကျောင်းပညာလည်းရှေ့ ဆက်ဖို့ ခက်၊အသက်မွေးပညာလဲ သင်ဖို့ ခက်။ဒီကြားထဲခါးကြောညပ်တဲ့ရောဂါက စွဲကပ်ပါလာပြန်တော့တယ်။
သုံးရောင်ခြယ်အဖွဲ့ နဲ့ သူ ဟာ အဆက်အသွယ်မပြတ်ပေမဲ့ သူကြာကြာမရပ်နိုင်တော့ဖူး။ထောင်ကပေးတဲ့ဝေဒနာကြောင့် သူဆေးရုံပေါ်မကြာမကြာတက်ခဲ့ရတယ်။Green Crossဆေးခန်းဟာ သူ့ အိမ်လိုဖြစ်ခဲ့ရပေါ့။
ဒါပေမဲ့ သူ ဟာတိုင်းပြည်အတွက်လက်မနှေးပါဖူး။မြစ်ဆုံအရေးမှာလဲထိပ်ဆုံးကပါခဲ့သူပါ။ဧရာဝတီကိုကယ်တင်ကြဆိုတာ သူတို့ ရဲ့  လှုပ်ရှားမှုပေါ့။ပန်းရဲ့လမ်းမှာလဲတစ်ခါတစ်ခါသူသီချင်းတွေဝင်ဆိုလို့ ရယ်။သူတတ်နိုင်တဲ့နေရာကနေသူဟာတာဝန်ကျေဆဲပါ။
ကျွန်တော်ကတော့အမှတ်ရနေပါသေးတယ်။ လ သာ တဲ့ ညဆို၇င် ထောင်သ့တိုင်တွေကိုကိုင်ပြီး အဝေးက သူ့ ချစ်သူ ပန်း မမ ကို တိုင်တည် လို့ သီချင်းလေးတွေဆိုတတ်ပါတယ်။နေရောင်အောက်က တို့ ရဲ့ ဘ၀မျိုးထဲမလာချင်ပါနဲ့ကွယ်လို့ သူ ဟာ ညည်းညည်းညူညူဆိုတတ်သလို ထမင်းရည်သောက်ပြီး ဘ၀ဖန်တည်းဖို့ မပြောရက်ဖူးလို့လဲ သူ သီဆိုတတ်ပြန်လေတယ်။
သူထောင်ကလွတ်လာတဲ့အခါ သူ့ ရဲ့ ပန်းမမ ဟာ အိမ်ထောင်ပြုသွားပါပြီ။သည်တော့လဲ မြတ်စံ့တစ်ယောက် ပွင့်ဦးကြွေမှဖြင့်ကွယ် မပန်စေချင်ရက်တော့တယ် လို့ ပြောင်းဆိုရတော့မှာပေါ့။ဒါပေမဲ့သူတကယ် ဆက်ဆိုနေတဲ့သီချင်းတစ်ပုဒ် ရှိပါတယ်။ရွှေသံစဉ် ကိုဝင်းမော် ရဲ့လက်ရာတေးတစ်ပုဒ်ပေါ့။We Shall Overcomeတဲ့။ဟုတ်ပါတယ်။မြတ်စံဟာ အားလုံးကို ကျော်လွှားနိုင်ပါတယ်။အားလုံးကိုဖြတ်သန်းနိုင်ပါတယ်။ဘယ်သူ့ ကိုမှ ဘာပြသနာမှ မရှာပဲ ဘာဒုက္ခမှ မပေးပဲ သူဟာ ယုံကြည်ရာ လမ်းဆီ ကျော်နင်းဖြတ်သန်းဆဲပါ။
သုံးရောင်ခြယ်အဖွဲ့ ကို စတင်ခဲ့တဲ့ သူ့ ဘ၀ ဟာလဲ သုံးရောင်ခြယ်ထားတာပါပဲ။သူ့ ဦးတည်ရာလမ်းကလည်းသုံးရောင်ခြယ်တဲ့လမ်းပါ။ငြိမ်းချမ်းခြင်း၊ညီညွတ်ခြင်း၊တရားမျှတခြင်း တဲ့။
ဇာဂနာ
၂၁သြဂုတ်၂၀၁၄
Sunday, 16 November 2014
အိုဘားမားလို လူစားအများကြီးရှိတဲ့ အမေရိက ကိုအားကျပြီး ရေးလိုက်မိတာ......တဲ့
အရင်တုန်း က မရခဲ့တာတွေ ရ လာပြီ၊ မရှိခဲ့တာတွေ ရှိလာ ပြီ အချိန်တန်ရင် ဖြစ်သင့်ဖြစ်ထိုက် သလောက်တိုးတက်မှုတွေ ရှိလာလိမ့်မယ် လို့ ဆိုတဲ့ အတွေးအမြင်နဲ့ ကျေးဇူးတွေတင်ကြ ... ပေးသလောက်ယူ ကျွေးသလောက်စား အထွန့်မတက်နဲ့ နောက်ပြန်လှည့်သွားမယ် ဆိုပြီး ဦးသိန်းစိန် အစိုးရ ရဲ့ ပြုပြင်ပြောင်းလဲရေး ကို ပိုးမွေးသလို မွေးရမယ်လို့ ခံယူထားတာဟာ ရိုင်းရိုင်းပြောရရင် ကျွန်နိုင်ငံရေး ပါပဲ ။
အဲဒီလိုပဲ ရေဒီယိုနားထောင်ပြီး အစိုးရကို ဆဲ ၊ ဂျာနယ်တွေ ဖတ်ပြီး အစိုးရကို ဆဲ ၊ဒေါ်အောင်ဆန်းစုကြည် ပြောတာနားထောင် ၊ လက်သီးလက်မောင်းတန်း ၊ အသံ ကုန်အော်ဟစ် ၊ လက်ခုပ်တီး ၊ ပြီး အကြောလျော့သွားရင် ပြန်အိပ် ၊ အဲဒါလည်း ပွဲကြည့်နိုင်ငံရေး ပါပဲ ။
အဲဒီလိုဆိုလို့ အားလုံး လမ်းပေါ်တက် အလံထောင် ပြီးတိုက်ပွဲ နိုင်ငံရေး လုပ်ရမယ်၊ ပါတီဝင်ပြီး နိုင်ငံရေး စကားကြီးစကားကျယ် တွေပြောရမယ် လို့ ဆိုလိုတာလည်း မဟုတ်ပါ ။
ဆိုက္ကား ပဲနင်းနင်း တက္ကစီပဲမောင်းမောင်း၊ကုန်တင်ကုန်ချပဲ လုပ်လုပ် Export/import ပဲ လုပ်လုပ်၊ ဗေဒင်ဆရာပဲ လုပ်လုပ်၊ ကွန်ပြူတာပညာရှင်ပဲ လုပ်လုပ်၊ ဗိန္ဒော ဆရာပဲလုပ်လုပ်၊ အထူးကုဆရာဝန်ပဲ လုပ်လုပ်၊ စစ်သားပဲ လုပ်လုပ် ၊ သူပုန်ပဲ လုပ်လုပ်၊ ဗိသုကာပညာရှင်၊ အနုပညာရှင် အလှဖန်တီးရှင်၊ အစိုးရဝန်ထမ်း၊အလုပ်သမား၊ လက်လုပ်လက်စား၊ကျောင်းသား၊ ဈေးသည် ပွဲစား စီပွားရေးသမား ဘာဖြစ်ဖြစ်ပါ ...
ကိုယ်လုပ်နေတဲ့ အလုပ် နဲ့ နိုင်ငံရေး အခြေအနေအရပ်ရပ် ရဲ့ ဆက်နွယ်ပတ်သပ်မှု အကျိုးအကြောင်းဆက်စပ်မှု ၊ အကျိုးသက်ရောက်နိုင်မှု ကို မြင်တက်သိတက်ပြီး မျက်ခြေမပြတ် ရှိပါမှ ကိုယ့်မှာ ပြင်ဆင်စရာ ပြုပြင်စရာ တွေ ကိုမြင်နိုင်မှာ ဖြစ်သလို နိုင်ငံမှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေ လည်း အခြေခံကျကျ သိမြင်နားလည်လာမှာ ဖြစ်ပါတယ် ။ ကိုယ့်မှာ ပြုပြင်စရာရှိရင် တကယ်ပြုပြင်၊ ကိုယ့်ဘေးမှာ ပြုပြင်စရာရှိ လို့ ကိုယ်စွမ်းရင် ကိုယ် နိုင်ရင် ဝင်ပြင် ၊ တိုင်းပြည် နဲ့ချီပြီး ပြုပြင်စရာ မြင်ရင် တိုင်းပြည်နဲ့ ချီပြီး တာဝန်ရှိသူတွေ ကို ဆန္ဒပြု၊ တွန်းအားဖိအားပေးဖို့ အခါအခွင့်ရတိုင်း ကြိုးစားပေးဖို့လိုပါတယ်။ အဲဒါဟာ လူတိုင်း နိုင်ငံသားတိုင်း ကိုယ့်အလုပ် ကိုယ်လုပ်ရင်း လုပ်ရမယ့် Capacity Building လို့ပြောပြော နေကြတဲ့ ကိုယ်နဲ့ဆိုင်တဲ့ နိုင်ငံရေးပါပဲ ။
ဦးသိန်းစိန် ပဲ တော်တော် ဒေါ်အောင်ဆန်းစုကြည် ပဲ ကောင်းကောင်း တတိုင်းတပြည်လုံး ညံ့နေရင် တတိုင်းတပြည်လုံး ဆိုးနေရင် အဲဒီတိုင်းပြည် ဟာ ကမ္ဘာ့ အလယ်မှာ မျက်နှာမွဲပါပဲ။
ဦးသိန်းစိန် ညံ့နေသည်တိုင်အောင် ၊ ဒေါ်အောင်ဆန်းစုကြည် မကောင်းဘူး ဆိုရင် တောင် ၊ အားလုံးဟာ ကမ္ဘာ့အဆင့်အတန်း ကိုလိုက်မှီဖို့ ကိုယ့် နယ်ပါယ်မှာ ကိုယ်၊ ကိုယ်ဘဝ နဲ့ ကိုယ် တော်အောင်ကောင်းအောင် ကိုယ်စီ တက်တက်ကြွကြွ ကြိုးစားနေတဲ့ တိုင်းပြည် ဟာ ကမ္ဘာ့ အလယ်မှာ အားလုံးထက်နောက်ကျနေ လည်း အားလုံးက လေးစားရမယ့် ကျက်သရေ ထွန်းတောက် တဲ့ နိုင်ငံ တစ်နိုင်ငံပါ ။
တကယ်တော့ လယ်သမား တယောက် က သူ့လယ်သူ့ယာ က သီးနှံအထွက်ကောင်း ဖို့ ရာသီဥတု ကိုနားလည်ချိန်ဆ တက်ဖို့လိုသလို
နိုင်ငံသားတစ်ယောက်ဟာ နိုင်ငံရေးဆိုတဲ့ တိုင်းပြည်တပြည် ရဲ့ ရဲ့ ရာသီဥတုကို နားလည် သဘောပေါက်အောင်ကြည့်မြင်တက်ဖို့လိုပါတယ် ။
လယ်သမား တစ်ယောက် က မြေဆီ ရဲ့ အား နဲ့ ပိုးမွှား ရဲ့ အန္တရယ် ကို မြင်တက်သလို နိုင်ငံသား တစ်ယောက်က ကိုယ့်လက်ရှိဘဝ နဲ့ ဖြစ်နိုင်ချေ အရှိဆုံး အကောင်းဆုံး အခွင့်အလမ်း ကိုမြင်ရမယ် ၊ ပျင်းရိမှု ရေသာခိုချင်စိတ်၊ အချောင်လိုချင်စိတ်၊ တာဝန်မဲ့ စိတ်၊ တာဝန်ကြောက်စိတ် ဆိုတဲ့ အဖျတ်ပိုး ကိုလည်း သတ်နိုင်ရမယ်။
အဲဒီလို တိုင်းပြည်ရဲ့ ရာသီဥတု ကိုလည်း အလေးအနက်မထား အချိန်ရှိတုန်း ကိုယ့်အစွမ်းအစ နဲ့ အခွင့်အရေးအခွင့်အလမ်း ကို အသုံးချပြီး ကိုယ်ဘဝ ကို ကိုယ် ရှင်သန်ဖွံ့ဖြိုး အောင်ကြိုးစားပြီး တိုင်းပြည်တည်ဆောက်ရေး မှာ ပါဝင်ဖို မလုပ်နိုင်ရင် ၊ လုပ်ဖို့စိတ်ကူးမရှိရင်၊
နိုင်ငံရေး ဟာ ငါတို့ နဲ့ မဆိုင်ဘူးလို့တွေး ပြီး နိုင်ငံရေး ကို ကြောခိုင်း ပြီး အပျင်းပိုး၊ ရေသာခို အချောင်လိုက်ပိုး၊ တာဝန်မဲ့ တာဝန်ကြောက်ပိုး ကိုက်နေရင် ဒီတိုင်းပြည် ရဲ့ နိုင်ငံသား တယောက် မဟုတ်ဖူး ၊
ရှင်းရှင်းပြောရရင် လူဖြစ်လာပြီး ဒီလို အသိဉာဏ် နဲ့ ယှဉ်ပြီးမနေ နိုင်ရင် ဒီ တိုင်းပြည်ရဲ့ နိုင်ငံသား အဖြစ် မပြောနဲ့ လူအဖြစ်နဲ့တောင် မထိုက်တန်ဘူး ..... ။
မှတ်ချက် ။ သာမန် နိင်ငံသားဘဝ က လာခဲ့ပြီး နောင်မှာလည်း သာမန် နိုင်ငံသားတယောက်လို ဘဝ ကိုဆက်ရမယ့် အမေရိကန် သမ္မတ အိုဘားမား ကို မြန်မာနိုင်ငံသားတွေ က စံပြခေါင်းဆောင်တယောက်အဖြစ် သူရဲကောင်းတယောက် လိုကြိုဆိုကြတာတွေ့ လို့ အိုဘားမားလို လူစားအများကြီးရှိတဲ့ အမေရိက ကိုအားကျပြီး ရေးလိုက်မိတာ ပါ.....။
                                                                       သီပာသွေး.....။
အိုဘားမား နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ နှုတ်ဆက်တာကို.......
အိုဘားမား နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့
နှုတ်ဆက်တာကို ဟောင်နေတဲ့ကောင်တွေအတွက်ဖတ်စာပါ
Cheek Kissing ဆိုတာ အဓိပ္ပါယ် အမျိုးမျိုး ရှိတယ်။ ရင်းနှီးမှုကို ဖော်ပြတဲ့ အခါ၊ မိတ်ဆက်တဲ့ အခါ၊ ဂုဏ်ပြုတဲ့အခါ၊ လေးစားမှုကို ပြတဲ့အခါ၊ ချစ်ခင် မြတ်နိုးမှုကို ပြတဲ့ အခါ မျိုးတွေမှာ ပြုလုပ်လေ့ ရှိကြတယ်။ အထူးသဖြင့် အနောက်တိုင်းက ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ အချင်းချင်း ပြုလုပ်လေ့ ရှိတယ်။ နမ်းပုံ နမ်းနည်း ကတော့ အများအားဖြင့် ကိုယ့်ရဲ့ ညာဘက်ပါးနဲ့ တစ်ဘက်လူရဲ့ ညာဘက်ပါးကို ကပ်လိုက်တာ ပါပဲ။ (နှာခေါင်းနဲ့ အသံမြည်အောင် ရှူးခနဲ မနမ်းရပါဘူး)
ဒေါ်အောင်ဆန်းစုကြည်နဲ့ အိုဘားမားတို့ Greeting Kiss လုပ်နေတာကို ကြည့်ပြီး ဝေဖန်နေတဲ့ သူတွေကို တော်တော်လေး စိတ်ထဲမှာ သနားမိတယ်။ သူတို့ခမျာ စစ်အစိုးရ လက်ထက် တစ်လျှောက်လုံး တံခါးပိတ်ပြီး မှိုင်းတိုက်တာ ခံခဲ့ရလို့ နွားခြေရာခွက်ကို ပင်လယ် ကြီးလောက် ထင်နေတဲ့ ဖားသူငယ် လေးတွေလို ဖြစ်နေ ရှာတာပါ။ နိုင်ငံ တကာရဲ့ ဓလေ့ထုံးတမ်းနဲ့ ယဉ်ကျေးမှုတွေကို ကြောက်စရာ လို့ မြင်နေရှာတဲ့ xenophobia ဝေဒနာသည် တွေပေါ့။
ပြီးတော့ အိုဘားမား ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက တွေ့တဲ့လူတိုင်း ဒီလို နှုတ်ဆက် တာတော့ မဟုတ်ဘူး ခင်ဗျ။ လေးစားတဲ့သူ၊ ခင်မင်ရင်းနှီးတဲ့ သူတွေနဲ့ အဆင့်တူ အထက်တန်း လွှာတွေ ကိုသာ နှုတ်ဆက်တဲ့ အပြုအမူပါ။ နေပြည်တော် ရောက်တုန်းက ဦးသိန်းစိန်တို့ ဇနီးမောင်နှံကို ဘာကြောင့် ဒီလို နှုတ်ဆက် မသွားလဲ ဆိုတာ စဉ်းစားကြည့်ပါ။ ဒါဟာ အိုဘားမားက ဘယ်သူ့ကို ဘယ်လို သဘော ထားတယ်လို့ အမူအယာနဲ့ ပြသွားတာ ပါပဲ။ လက်ရှိ ရာထူး ရာခံတွေကြောင့် မကောင်းတတ်လို့ ဆက်ဆံနေ ရတယ် မှတ်ပါ။
ဥပမာပေးရရင် ဓာတ်တော် မွေတော်တွေကို ဆင်ကြီးနဲ့ ပင့်လာ သလိုပေါ့။ လူတွေက ဆင်ကြီးကို ၀ိုင်းရှိခိုး နေတာဟာ ဆင်ကို လေးစားလို့ မဟုတ်ဘူး။ အပေါ်က ဓာတ်တော် တွေကို လေးစားလို့ ရှိခိုးတာပါ။ ဒါတွေ မပါရင် တိရစ္ဆာန် တစ်ကောင်ကို ဆက်ဆံတာထက် မပိုပါဘူး။ ဒီလိုပဲ လက်ရှိ သမ္မတနဲ့ အစိုးရ အဖွဲ့ဝင်တွေကို နိုင်ငံ တကာ က ခေါင်းဆောင်တွေက ကောင်းကောင်းမွန်မွန် ဆက်ဆံနေတယ် ဆိုတာ သူတို့ရဲ့လက်ရှိ ရာထူး ရာခံတွေ ကြောင့်ပါ။ ဒါတွေ မရှိရင် ဒေါ်အောင်ဆန်း စုကြည်လို အရေးတယူ အိမ်တိုင် ရာရောက် လာတွေ့သလိုမျိုး အတွေ့ ခံရမယ် ထင်သလား။ ဝေးပါသေးတယ်။ ဆုတောင်းလေ ... ဆုတောင်းပေါ့။
Credit >> Zin Thaw Naing
Monday, 10 November 2014
လူရှင်ငရဲ....(၄)
                                           လူရှင်ငရဲ....(၄)
ကျနော်အထင်မှားပါတယ် ..။ စစ်ကြောရေးစခန်းကိုရောက်ပြီး တည နဲ့  နှစ်ရက် ပြည်ပြီးနောက်တနေ့  
လည်ကနေ (ရုပ်ရှင်ထဲက လူကြမ်းတွေ လို့ ) လက်ပိုပြီး ရှူတည်တည် ကြည်သူက ကြည်...နံပါတ်တုတ်
ကိုင်ပြီး ခေါက်တုံ ခေါက်ပြန် လမ်းလျှောက်သူက လျှောက်လို....။ ကျနော်ကတော့ လက်ထိပ် နောက်ပြန်
ပုံ တွေပါပဲ....။
စရောက်တဲ့ ညကစလို့  ကျနော်စိတ်ကူးထဲ ရေးဆွဲထားတဲ့ ဇာတ်ညွှန်းအတိုင်း ပိပိရိရိ ပုံပြောပြခဲ့ပါတယ်..။
ဘေးက ၀င်ခြောက်လိုက်လှမ်လိုက် ပိာန်းလိုက်ပောာက်လိုက် လုပ်တဲ့ကြားထဲကနေ သူတို့ ယုံအောင် ပြော
နိုင်ခဲ့ပါတယ် ...။
သူတို့ ကလည်း တကြိမ်ထဲ စစ်မေးပြီး ပြီးသွားတာတော့ မပာုတ်ပါဘူး....။ (၂)ရက် (၂)ည တိတိ..
ကိုယ်ပြောထားသမျှကို ခေါင်းက စပြီးပြန်မေးလိုက် ...အမြှီးက လှန်မေးလိုက်နဲ့  ကွဲလွဲချက်ကို ရှာ ပြီး
အစတွေ ဆွဲထုတ်တော့တာပါပဲ....ကိုရေးထာတဲ့ ဇာတ် ကိုယ်မနိုင်ရင် ကိုယ်ကြိုးနဲ့ ကိုယ် ပြန်တုတ်မိမှာလဲ
စိုးရတာမို့  သူတိုလစ်တဲ့ အချိန် အားနေချိန်မှာ ပြောခဲ့သမျှတွေ ပြန်စဉ်းစား ပြန်စီထားရတာပေါ့လေ....။
ရောက်တဲ့ ည ကစလို့  လက်ထိပ် ဖြုတ်ပေးတယ် ဆိုတာ လုံးဝ မရှိခဲ့ ပါဘူး...ထမင်းစားရင် ညာလက်နဲ့ 
ထိုင်ခုံ တွဲခတ် ထားသလို့  အိမ်သာ သွားရင်လဲ အိမ်သာ အ၀ ရောက်ကာမှ ညာလက် တဖက်ဖြုတ်ပေးပြီး
ဘယ်လက်မှာ လက်ထိပ်တန်းလန်း နဲ့  အိမ်သာဝင်ရတာပါ...။ ထွက်ပြေးဖို ဆိုတာဝေးရော ...ကိုယ်ကို
တိုင် ဘယ်ရောက်နေမှန်းကို မသိရပါဘူး...ထမင်းလာပို့  အိမ်သာ လိုက်ပိုတဲ့ ရဲသားလေးတွေက လည်း
ဆွံအ နားမကြားတွေများ အလုပ်ပေးထားသလား လို့ တောင်မှ ထင်မှတ်မှားမိအောင် ဘာပြောပြော..
ဘာမှပြန်မပြောသလို မသိသလို မကြားသလို လုပ်နေတာကြောင့် ကိုယ် ဘယ်ရောက်နေသလဲ ဆိုတာကို
မမေးဖြစ်တော့ ပါ.....။
ဒီလိုနဲ့  ၉၆ ဒီဇင်ဘာ အကြောင်းပာာ ပြောစရာမရှိအောင် ပာာကွက် မရှိအောင်ဖြေ နိုင်ခဲ့လေတော့ ကျနော်
အိမ်ပြန်ပို့ တော့မယ် အထင်နဲ့  သူတို့ လာအခေါ်စောင်နေခဲ့ပါတယ် ....။
ဒီနေရာမှာလဲ ကျနော် အထင် မှားပြန်ပါတယ် ....။
စားပွဲပေါ် လက်တဖက်တင် လက်ပေါ်ခေါင်းချပြီး ညာလက်တဖက်က ထိုင်ခုံနဲ့ လက်ထိပ်တွဲခတ်ထားပေမဲ့ 
ကဲ ကိုယ်ဆရာ ရေ...အရင် တခုက ပြီးသွားပြီ...နောက်ခေါင်းစဉ် တခုနဲ့ စစ်မေးဖို့  အမိန်ရောက်လာလို့ 
အရင်တခေါက်က လို့ အမှန်အတိုင်ဖြေပါဗျာ...အမှာတွေဖြေမယ် ...အလိမ်အညာတွေ ဖြေလို့  ပေါ်ရင် 
ကိုယ်ဆရာလဲ နာမယ် ...ကျုပ်လဲ အလုပ်ပိုရှုတ်မယ် ....တဲ့ ..
နောက်ထပ်စစ်မေးဖို့ ပါလာတဲ့ ခေါင်းစဉ်က 
ကျနော်...ဒေါ်အောင်ဆန်းစုကြည်နှ့င့်ပါတ်သက်ဆက်နွယ်မှု့ များ .....တဲ့.....။
အင်းစိန်မှသည် ဂျိန်းဖော နရသိမ်ဆီသို့ (၂)
မနက် ..၇း၀၀ နာရီ 
စစ်ခွေးတိုက်မှနေ တီအီး ကား များဖြင့်တင်ဆောင်လာခဲ့ပြီး ထောင်ဘူးဝ အရောက်တွင် ထောင်ပြောင်းရာ လမ်းတလျှောက် လုံခြုံရေးယူမည့် ရဲများ လက်သို့ လွှဲပြောင်း ပေးစဉ် သံခြေကျင်းများ ခိုင်ခန့် မှူ့  ရှိ မရှိ ကို
စစ်ဆေးခံကြရသည် ။ ထို့ နောက် ကျနော်တို့  လမ်းခရီး တွင် စားရန် ထမင်းထုတ် တယောက်ကို (၂)
ထုတ်စီ ဝေငှပေးလေသည် ...။တထုတ်က ထောင်ပုံစံ ပဲ.( အရည်မပါ )နောက်တထုတ်က ကြက်ဥပြုတ် (၂)လုံး...။
ထိုနောက် ကျနော် တို့  နိုင်ငံရေး အကျဉ်းသား(၃၀)ကျော်ကို အချုပ်ကား (ကားပြာကြီး) တစ်စီး ၊ တီအီး၁၁
တစ်စီးနှင့် တင်ဆောင်ပြီး ရှေ့ နောက်  တီအီး ၁၁ နှစ်စီးပေါ်တွင် ရဲအင်းအား(၅၀) ကျော်က လုံခြုံရေးယူ
လျှက် အင်းစိန်ထောင်တွင်းမှ ထွက်ခွာ လာခဲ့ကြသည်...။ထို့ အချိန် အထိ ဘယ်သူတွေ ကိုဘယ်ထောင်ပို့ 
မည် ဆိုသည်ကို မသိရသေး...။
လုံခြုံရေး ရဲများက ခေါင်းငုံနေရန် အမိန့် ပေးသော်လည်း လေးဖက်နံရံ ကြား နေရကြာပြီဖြစ်တဲ့ ကျနော်တို့ 
တတွေ ဘေးပါတ်ဝန်းကျင်ကို ငေးမောရင်း ပြင်ပလောက  ရဲ့ သန်ရှင်းလတ်ဆတ်သော လေနုအေးအေး 
ကို တရှိုက်မက်မက် ရှူ ရှိုက်ရင်း (ထောင်ပြောင်းရတယ် ဆိုပေမဲ့ )ပြုံးပျော် နေကြသည် ။ 
တကယ်တော့ ကျနော်ပာာ အင်းစိန်သားစစ်စစ်...။ငယ်စဉ်ကတဲက အင်းစိန်မှာနေ...အင်းစိန်မှာကြီး ....
အင်းစိန်သားစစ်စစ် ကျနော် အတွက် ရပ်ကွက်ထဲမှ အပေါင်းအသင်း သူငယ်ချင်းများ တွေ့ လို့ တွေ့ ငြား
ဘေးဘီ ၀ဲယာကို ငေးရင်းလိုက်ရှာ နေမိသည်...။ အင်းစိန်ထောင်နှင့်  ကျနော် အိမ် က ရထားလမ်းသာ
ခြားသည့် ပိာုဖက်ရပ်ကွက် သည်ဖက်ရပ်ကွက် ပာုပြောလျှင်ရသည်....။ကျနော်နေသည်က နံသာကုန်း
ထောင်က ဈေးကုန်း....ရထားဂုံးကျော် တံတား ဖြတ်သည်နှင့် ထောင် သို့ ရောက်သည် ...အလွန်အကျွံ
လမ်းလျှောက်ရမှ ၁၀ မီနစ် ခရီးပင်.....။
အန်တီခြံထဲမှာ နေစဉ်က ထောက်လှမ်းရေး တယောက်က မေးဖူးသည်....။
ထောင်ကျမှာ မကြောက်ဖူးလား.....တဲ့ ....
ကျနော် တကယ်ပဲဖြေခဲ့သည်....ပိာုဖက်ရပ်ကွက် ကနေ ဒီဖက်ရပ်ကွက်ပြောင်းနေရတာများဂရုစိုက်စရာ လိုက်လို့  ဗျာ....လိုလေ....(အဲဒါကြောင့်လားမသိ ကျနော်ကို ပိာု မိုင်(၉၀၀)ကျော် ဝေးတဲ့ မြစ်ကြီးနား
ထောင်ကို ပိုလိုက်သည်ပာုထင်သည် )
ထောင်ကျမည် အရေးကို တွေးခဲ့ ဖူးသည် ...သို့ သော်  မိုင်ရာချီဝေးသော နေရာသို့  ရောက်သွားလိမ်မည် ပာုတော့ ထင်မထားခဲ့ ...။ 
အရေးကြီးပါသည် ဆိုကာမှ ကျနော့် အပေါင်းအသင်း သူငယ်ချင်း တယောက်တလေမျှ မတွေ့ ....
ကျနော် တို့ နိုင်ငံရေး အကျဉ်းကျများ ထောင်ပြောင်းရပြီ ဆိုလျှင် သက်ဆိုင်ရာ မိသားစုများမှာ သောက 
များစွာ ကြုံကြရသည်....။ကိုယ့်လင်...ကိုယ့်သား ...ကိုယ့် ဇနိးမယား ထောင်ထဲမှာ ရှိသည် အထင်နှင့် 
(၁၄)ရက်စာ အစားအစာ များ ဆေးဝါး အ၀တ်အထည် အစစ အရာရာထုတ်ပိုးပြင်ဆင်လို့ လာကြရသည်.
ထောင်ဝင်စာတွေချိန်ကျကာမှ သက်ဆိုင်ရာ အကျဉ်းသားက မရှိလေတော့ စိတ်ပင်ပန်း လူပင်ပန်း ကြရ
သည် ..။အကျဉ်းသား အမည် ...ထောင်ဝင်အမှတ်...အဖ အမည် စသည် အချက်အလက်များတပ်ပြီး 
မည်သည်ထောင်သို့ ပြောင်းရွှေ့ သွားသည်ကို ကြေငြာထားလျှင် ပြသနာသိပ်မရှိ....
မကြေငြာထားလျှင် ကိုယ့်လင်...ကိုယ့်သား ...ကိုယ့် ဇနိးမယား ဘာများဖြစ်ပါသလဲ...
ထောင်ဆေးရုံမှာလား....အပြင်ဆေးရုံ (များသောအားဖြင့်  အင်းစိန်ဆေးရုံ) မှာများလား...
သေများသွားပြီလား....စသည်ဖြင့်...စသည်ဖြင့် အတွေးပေါင်းများစွာ ..မေးခွန်းပေါင်းများစွာ နှင် သောက 
ရောက်ကြရသည်....။နိုင်ငံရေး လုပ်သူ သာမက တနွယ်ငင်တစင်ပါ နိုင်ငံရေးလုပ်သူရဲ့ မိသားစုကိုပါ န.အ.ဖ ရဲ့ စီမံကိန်းချ နှိပ်ဆက်မှု့ ပင်ဖြစ်ပေသည်....။
Saturday, 8 November 2014
အင်းစိန် မှသည် ဂျိမ်းဖော နရသိမ် ဆီသို့ .......
                             အင်းစိန် မှသည် ဂျိမ်းဖော နရသိမ် ဆီသို့ .......
ဥရောဇဉ်....။
 ဒီဆောင်းပါး....၊(ဒီဆောင်းပါးလေး လို့ ပဲ ပြောပါရစေ...)ဒီစာစုလေး ကို ကျနော်မြစ်ကြီးနား
ထောင်ထဲ မှာ ရှိစဉ်က တကြိမ်ရေးသားခဲ့ပြီးပါပြီ...။ ထောင်တွင်း စာဆောင်တခု အဖြစ်  စုပေါင်းဖန်တီး ကြပြီး အန်တီ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ ခဲ့ဖူးပါတယ် ။ ထောင်က လွတ်ပြီး ၂၀၀၄ ခုနှစ်မှာ ထပ်မံ ရေးသားခဲ့ပြီး မူလ လက်ရာအတိုင်း တသွေမသိမ်း ဖြစ်မှာ မပာုတ်ပေမဲ့ အနီးစပ်ဆုံးမှတ်မိသမျှ
ပြန်ရေးခဲ့တာပါ....။ အဲဒီစာစု လေးကို ပြန်လည်တွေ့ ရှိတာကြောင့် ၂၀၀၄ ခုနှစ်က ရေးထားတဲ့ အတိုင်း
မပြင်ဆင် မဖြည့်ဆွက်ပဲ ကျနော့်ရဲ့  မှတ်စု များမှာ ပြန်လည် အသက်သွင်းလိုက်ပါ.တယ်...။ လွန်ခဲ့တဲ့ ၁၀
နှစ်ကျော်က လက်ရာ ဖြစ်တဲ့ အတွက် အားနည်းချက်တွေ ရှိနေမှာ အမှန်ပါပဲ....။နားလည်ခွင်လွှတ်ခြင်းများ
နဲ့  ခံစားနိုင်ကြပါစေ....။
                                            (၁)
၁၉၉၇ ခုနှစ် .ဧပြီလ . ၄ရက် .....
နံနက် ၄း၀၀ ။
ပြင်ပ လောက မှ လူအများက နှစ်ခြိုက်စွာ အိပ်မောကျ နေကြဦးမှာ အမှန်ပါ....။မနက် လေးနာရီ ဆိုသော
အချိန်သည် လဘက်ရည် ဆိုင် နှင့် ပဲပြုတ်ရောင်းသူတို့ သာလျှင် တနေ့ တာအတွက် စတင်သက်ဝင် လှုတ်
ရှားနေပေမည်.....။ အင်းစိန် စံပြ အကျဉ်းထောင် ရဲ့ တိုက်ဝင်း အတွင်းမှာတော့ အိပ်မောကျ မနေနိုင်အား
ပဲ လှုတ်လှုတ်ရှားရှား ရှိနေကြသည်.....။ 
ကျနော်နှင်အတူ အခန်းဖော် ဦးကျော် သည် အိပ်ယာလိပ်..၊ ဇွန်းခွက်ပန်ကန် နှင့် စားစရာ အချိုထည်ထား
သော အိတ်များ ဆွဲပြီး အခန်းအပြင်သို့  ထွက်လိုက်သည်...။သုံးလ နီးပါး နေခဲ့ ရသော (၂)တိုက် (၄၆)
ခန်းလေးကို အမှတ်တမဲ့ လှည်ကြည်မိလိုက်သေးသည်...။ ကျနော်အမည်ကိုခေါ်သံကြောင့် နောက်ဖက် 
လှည်ကြည့် မိစဉ် ကိုဘိုကြည် (ယခု အေအေပီပီ)က 
ခိုင်ကို စိတ်ကို အေးအေးထား...နယ်ထောင်က အင်းစိန်ထက်စာရင်သာတယ် ၊အနဲ နဲ့ အများ လွတ်လပ်
တယ် ....တဲ့  ။
ကိုဘိုကြည် ဘေးခန်း မှ ငှက်သိုက် ကိုတင်ထွန်း ကလည်း ....
တနေ့  အပြင်လောက မှာ ပြန်ဆုံရအောင် ကျန်းမာရေးတော့ ဂရုစိုက်ကွာ....တဲ့....
ထောင်ပြောင်း ပါသူများကို ကျန်ရစ်ခဲ့ သူများက အားပေးစကားပြောရင်း ၊ နှုတ်ဆက်စကား ဆိုရင်း (၂)တိုက် (ကြိုးတိုက်) တခုလုံးဆူညံ နေသည်....။
ကျနော် နှင့် သုံးခန်းကျော် (၄၉)မှ ဖျာပုံ ဦးနီလုံဦး က လက်ဆွဲ နှုတ်ဆက်ရင်း ....
မဆုံစည်းအပ်တဲ့ နေရာမှာ လာဆုံစည်းရတဲ့ ကိုယ်ညီတွေကို ဘယ်တော့မှ မမေပါဘူး ကွာ.....တဲ့
ထိုအခိုက် တိုက်ထောင်မှူးကြီး စောဇင်မြ....ထောင်မှူး ရွှေကို တို့ ရောက်လာပြီး တိုက်ရုံးခန်းရှေ့  
ကွက်လပ်တွင် လူစုစေသည်...။ အခြားတိုက် အသီးသီးမှ နိုင်ငံရေး အကျဉ်းသမား (တနည်း) ယုံကြည်
ချက် အကျဉ်းသားများ လဲ တစတစ ရောက်ရှိလာခဲ့ပြီး နှစ်ယောက်တတွဲ ယှဉ်တွဲလျှက် စစ်ခွေးတိုက် သို့ 
ခေါ်ဆောင်သွားသည်....။ ထောင်ပြောင်းမည် အကျဉ်းသားအင်အားထက် များစွာသော ထောင်ဝါဒါ များ
က ၀န်ရံထားပြီး စစ်ခွေးတိုက် ရှေ့ မှာ ပင် ခြေကျင်းရိုက်လေသည်...။ ခြေကျင်းက တယောက် တစုံမို့ 
သာတော်သေးသည် ၊ နှစ်ယောက် ကိုတစုံ ခတ်လျှင် သွားရလာရ အင်မတန်ခက်သည်ပာုကြားဖူးသည်..။
အပေါ့ အလေး သွားချင်တာက အစ နှစ်ယောက်တွဲ သွားရသည် ...။
ခြေကျင်းရိုက်ပြီးနောက် (၄)ယောက် တခန်း ထားပြီး တွဲဖက်ထောင်(သီးသန့် ထောင်) မှ ရဲဘော် တချို့ 
ရောက်လာသည်ကိုလဲ တွေ့ ရသည်...။ ထောင်ဝန်ထမ်း တချို က နိုင်ငံရေးအကျဉ်းသားတဦးစီ ကို ကိုယ်ပိုင်နံပါတ်(ထောင်ဝင်နံပါတ်) ကိုယ်ရေးအကျဉ်း ...ထင်ရှားသည့် အမှတ်အသားများ စစ်ဆေးနေသည်....။
Wednesday, 5 November 2014
ကိုပါကြီးအလောင်းတွင် နှိပ်စက်ညှဉ်းပန်းဒဏ်ရာများ တွေ့ရှိ- နေမျိုးဇင်
ကိုပါကြီးအလောင်းတွင် နှိပ်စက်ညှဉ်းပန်းဒဏ်ရာများ တွေ့ရှိ- နေမျိုးဇင်
============================================
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ နယ်မြေခံတပ်ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ အလောင်းကို
ဒီကနေ့ နေ့ချင်း ၂ နာရီကျော်မှာ အလောင်းဖော်ပြီးနောက် ညနေပိုင်းမှာ
မော်လမြိုင်ဆေးရုံကို ပို့ဆောင်နေပြီဖြစ်ပါတယ်။
အလောင်းရဲ့ အရပ်အနေအထားရော၊ ခန္ဓာကိုယ်အနေအထားအရ၊ ၀တ်ထားတဲ့ အနေအထားအရ ဒေါ်သန္တာက သူ့ခင်ပွန်းဖြစ်တယ်လို့ ပြောကြားကြောင်း
အလောင်းဖော်ရာမှာ လိုက်ပါခဲ့တဲ့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်
အဖွဲ့ဝင် ဦးနေမျိုးဇင်က ပြောပါတယ်။
အလောင်းကို တူးဖော်ဆောင်ပြီးတဲ့အချိန်တွေ့မြင်ချက်အရ ကိုပါကြီးဟ နှိပ်စက်
ညှဉ်းပန်း ခံခဲ့ရမှန်း ပေါ်လွင်နေတယ်လို့ ဦးနေမျိုးဇင်က ပြောပါတယ်။
“ဦးခေါင်းပိုင်း တခြမ်းလုံး နှာနုရိုးရဲ့ အပေါ်ပိုင်းတခြမ်းလုံးက ထုချေထားပြီးတော့
အထဲကို ခွက်ဝင်နေတာ တွေ့ရတယ်။ အောက်သွားတွေလည်း အကုန်လုံး ကျိုးကြေနေတယ်။ မေးရိုးလည်း သုံးပိုင်းလောက်ပိုင်းပြီး ကျိုးနေတာ တွေ့ရတယ်။
အောက်ပိုင်းတွေမှာတော့ ညာဘက်ခြေသလုံးက အထဲကို နည်းနည်းခွေဝင်
နေတော့ ခြေဆစ်ကျိုးနေတယ်လို့ ခန်းမှန်းတယ်။ နောက်တခါ ညိုမဲစွဲနေတာ
ပေါင်ရင်းမှာလည်း တွေ့တယ်။ နံရိုးတခုကလည်း ဖောင်းပြီးတက်နေတယ်
ဆိုတာ့ နံရိုးကျိုးထားတဲ့ သဘောလည်းရှိတယ်။ သေနတ်ဒဏ်ရာတော့
ကျနော်မတွေ့ခဲ့ဘူးဗျာ။ ဒီဘော်ဒီမှာလေ။”
ဒီအလောင်းတူးဖော်မှုမှာ လိုက်ပါသွားတဲ့ မှုခင်းအရာရှိတွေ၊ ရဲတွေကတော့
တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။အလောင်းကို မော်လမြိုင်ဆေးရုံ
ယူဆောင် စစ်ဆေးပြီးမှ ထုတ်ပြန်မယ်လို့ သိရကြောင်း ပြောပါတယ်။
အလောင်းဖော်မှုမှာ ကိုပါကြီးကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ၂၀၈ ခြေမြန်တပ်ရင်းက
တဦးမှ လိုက်ပါလာခြင်းမရှိဘဲ အလောင်းကို ၂၁၀ တပ်က အရာရှိတဦးက လာရောက်ပြသခဲ့တယ်လို့ ဦးနေမျိုးဇင်က ပြောပါတယ်။
“တပ်မတော်ဘက်လည်း တက်ရောက်တဲ့အရာရှိတွေက စိတ်ဝင်တစားနဲ့ အနီးကပ်စောင့်ကြည့်ပါတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က
ဦးဇော်ဝင်းနဲ့ ဦးစစ်မြိုင် တို့လည်း လာပြီးတော့ အနီးကပ်စောင့်ကြည့်ပါတယ်။
ရဲတပ်ဖွဲ့ကလည်း ခရိုင်မှူးအဆင့်တွေ မှုခင်းဆရာဝန်တွေ၊ တရားသူကြီး အားလုံး ဥပဒေအတိုင်းတော့ တိတိကျကျအတတ်နိုင်ဆုံး လုပ်တာကို တွေ့ရပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ဦးခေါင်းပိုင်းကို လုံးဝ ထုချေထားတဲ့ အချက်တခုနဲ့
တင်ကို ကိုပါကြီးအပေါ်မှာ သံသယကို အမြင့်ဆုံးထားပြီးတော့ အမှုမှန်ပေါ်ပေါက်
ဖို့အတွက် ဆက်လက်ပြီးတော့ စောင့်ကြည့်သွားရမယ်လို့ သုံးသပ်ပါတယ်။ ”
ကိုပါကြီးအလောင်းပြန်ထူးဖော်ရာမှာ ဇနီးဖြစ်သူ ဒေါ်သန္တာနဲ့ နိုင်ငံရေးတက်ကြွ
လှုပ်ရှား သူတွေ၊ ရှေ့နေတွေနဲ့ မွန်ပါတီတွေ လိုက်ပါခဲ့ပါတယ်။ဒါ့အပြင် ဘားအံ မှုခင်းဆရာဝန်ကြီး ခရိုင်ရဲမှူး၊ တရားသူကြီး၊ တပ်မတော် လုံခြုံရေး စစ်ကြောင်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူ့အခွင့်အရေးကော်မရှင်က တာဝန်ရှိသူတွေ အပါအ၀င်
စုစုပေါင်း လူပေါင်း ၁၀၀ လောက်လိုက်ပါတယ်။
အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက
ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
ဒီကိစ္စ ဟိုးလေးတကြော်ဖြစ်ပြီး နိုင်တ၀န်း ဆန္ဒပြပွဲတွေ ကြုံခဲ့ရပြီးနောက် သမ္မတ
က မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးထား
ပါတယ်။
သတင်း- နော်နိုရင်း (DVB)
ဓါတ်ပုံ- အံ့ဘွယ်ကျော် ( ၈၈ မျိုးဆက် )
Credit.....Kyaw Swa