အရင်တုန်း က မရခဲ့တာတွေ ရ လာပြီ၊ မရှိခဲ့တာတွေ ရှိလာ ပြီ အချိန်တန်ရင်
ဖြစ်သင့်ဖြစ်ထိုက် သလောက်တိုးတက်မှုတွေ ရှိလာလိမ့်မယ် လို့ ဆိုတဲ့
အတွေးအမြင်နဲ့ ကျေးဇူးတွေတင်ကြ ... ပေးသလောက်ယူ ကျွေးသလောက်စား
အထွန့်မတက်နဲ့ နောက်ပြန်လှည့်သွားမယ် ဆိုပြီး ဦးသိန်းစိန် အစိုးရ ရဲ့
ပြုပြင်ပြောင်းလဲရေး ကို ပိုးမွေးသလို မွေးရမယ်လို့ ခံယူထားတာဟာ
ရိုင်းရိုင်းပြောရရင် ကျွန်နိုင်ငံရေး ပါပဲ ။
အဲဒီလိုပဲ
ရေဒီယိုနားထောင်ပြီး အစိုးရကို ဆဲ ၊ ဂျာနယ်တွေ ဖတ်ပြီး အစိုးရကို ဆဲ
၊ဒေါ်အောင်ဆန်းစုကြည် ပြောတာနားထောင် ၊ လက်သီးလက်မောင်းတန်း ၊ အသံ
ကုန်အော်ဟစ် ၊ လက်ခုပ်တီး ၊ ပြီး အကြောလျော့သွားရင် ပြန်အိပ် ၊ အဲဒါလည်း
ပွဲကြည့်နိုင်ငံရေး ပါပဲ ။
အဲဒီလိုဆိုလို့ အားလုံး လမ်းပေါ်တက်
အလံထောင် ပြီးတိုက်ပွဲ နိုင်ငံရေး လုပ်ရမယ်၊ ပါတီဝင်ပြီး နိုင်ငံရေး
စကားကြီးစကားကျယ် တွေပြောရမယ် လို့ ဆိုလိုတာလည်း မဟုတ်ပါ ။
ဆိုက္ကား
ပဲနင်းနင်း တက္ကစီပဲမောင်းမောင်း၊ကုန်တင်ကုန်ချပဲ လုပ်လုပ် Export/import ပဲ
လုပ်လုပ်၊ ဗေဒင်ဆရာပဲ လုပ်လုပ်၊ ကွန်ပြူတာပညာရှင်ပဲ လုပ်လုပ်၊ ဗိန္ဒော
ဆရာပဲလုပ်လုပ်၊ အထူးကုဆရာဝန်ပဲ လုပ်လုပ်၊ စစ်သားပဲ လုပ်လုပ် ၊ သူပုန်ပဲ
လုပ်လုပ်၊ ဗိသုကာပညာရှင်၊ အနုပညာရှင် အလှဖန်တီးရှင်၊
အစိုးရဝန်ထမ်း၊အလုပ်သမား၊ လက်လုပ်လက်စား၊ကျောင်းသား၊ ဈေးသည် ပွဲစား
စီပွားရေးသမား ဘာဖြစ်ဖြစ်ပါ ...
ကိုယ်လုပ်နေတဲ့ အလုပ် နဲ့
နိုင်ငံရေး အခြေအနေအရပ်ရပ် ရဲ့ ဆက်နွယ်ပတ်သပ်မှု အကျိုးအကြောင်းဆက်စပ်မှု ၊
အကျိုးသက်ရောက်နိုင်မှု ကို မြင်တက်သိတက်ပြီး မျက်ခြေမပြတ် ရှိပါမှ
ကိုယ့်မှာ ပြင်ဆင်စရာ ပြုပြင်စရာ တွေ ကိုမြင်နိုင်မှာ ဖြစ်သလို နိုင်ငံမှာ
ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေ လည်း အခြေခံကျကျ သိမြင်နားလည်လာမှာ
ဖြစ်ပါတယ် ။ ကိုယ့်မှာ ပြုပြင်စရာရှိရင် တကယ်ပြုပြင်၊ ကိုယ့်ဘေးမှာ
ပြုပြင်စရာရှိ လို့ ကိုယ်စွမ်းရင် ကိုယ် နိုင်ရင် ဝင်ပြင် ၊ တိုင်းပြည်
နဲ့ချီပြီး ပြုပြင်စရာ မြင်ရင် တိုင်းပြည်နဲ့ ချီပြီး တာဝန်ရှိသူတွေ ကို
ဆန္ဒပြု၊ တွန်းအားဖိအားပေးဖို့ အခါအခွင့်ရတိုင်း ကြိုးစားပေးဖို့လိုပါတယ်။
အဲဒါဟာ လူတိုင်း နိုင်ငံသားတိုင်း ကိုယ့်အလုပ် ကိုယ်လုပ်ရင်း လုပ်ရမယ့်
Capacity Building လို့ပြောပြော နေကြတဲ့ ကိုယ်နဲ့ဆိုင်တဲ့ နိုင်ငံရေးပါပဲ ။
ဦးသိန်းစိန် ပဲ တော်တော် ဒေါ်အောင်ဆန်းစုကြည် ပဲ ကောင်းကောင်း
တတိုင်းတပြည်လုံး ညံ့နေရင် တတိုင်းတပြည်လုံး ဆိုးနေရင် အဲဒီတိုင်းပြည် ဟာ
ကမ္ဘာ့ အလယ်မှာ မျက်နှာမွဲပါပဲ။
ဦးသိန်းစိန် ညံ့နေသည်တိုင်အောင် ၊
ဒေါ်အောင်ဆန်းစုကြည် မကောင်းဘူး ဆိုရင် တောင် ၊ အားလုံးဟာ ကမ္ဘာ့အဆင့်အတန်း
ကိုလိုက်မှီဖို့ ကိုယ့် နယ်ပါယ်မှာ ကိုယ်၊ ကိုယ်ဘဝ နဲ့ ကိုယ်
တော်အောင်ကောင်းအောင် ကိုယ်စီ တက်တက်ကြွကြွ ကြိုးစားနေတဲ့ တိုင်းပြည် ဟာ
ကမ္ဘာ့ အလယ်မှာ အားလုံးထက်နောက်ကျနေ လည်း အားလုံးက လေးစားရမယ့် ကျက်သရေ
ထွန်းတောက် တဲ့ နိုင်ငံ တစ်နိုင်ငံပါ ။
တကယ်တော့ လယ်သမား တယောက် က သူ့လယ်သူ့ယာ က သီးနှံအထွက်ကောင်း ဖို့ ရာသီဥတု ကိုနားလည်ချိန်ဆ တက်ဖို့လိုသလို
နိုင်ငံသားတစ်ယောက်ဟာ နိုင်ငံရေးဆိုတဲ့ တိုင်းပြည်တပြည် ရဲ့ ရဲ့ ရာသီဥတုကို နားလည် သဘောပေါက်အောင်ကြည့်မြင်တက်ဖို့လိုပါတယ် ။
လယ်သမား တစ်ယောက် က မြေဆီ ရဲ့ အား နဲ့ ပိုးမွှား ရဲ့ အန္တရယ် ကို
မြင်တက်သလို နိုင်ငံသား တစ်ယောက်က ကိုယ့်လက်ရှိဘဝ နဲ့ ဖြစ်နိုင်ချေ
အရှိဆုံး အကောင်းဆုံး အခွင့်အလမ်း ကိုမြင်ရမယ် ၊ ပျင်းရိမှု
ရေသာခိုချင်စိတ်၊ အချောင်လိုချင်စိတ်၊ တာဝန်မဲ့ စိတ်၊ တာဝန်ကြောက်စိတ်
ဆိုတဲ့ အဖျတ်ပိုး ကိုလည်း သတ်နိုင်ရမယ်။
အဲဒီလို တိုင်းပြည်ရဲ့ ရာသီဥတု
ကိုလည်း အလေးအနက်မထား အချိန်ရှိတုန်း ကိုယ့်အစွမ်းအစ နဲ့
အခွင့်အရေးအခွင့်အလမ်း ကို အသုံးချပြီး ကိုယ်ဘဝ ကို ကိုယ် ရှင်သန်ဖွံ့ဖြိုး
အောင်ကြိုးစားပြီး တိုင်းပြည်တည်ဆောက်ရေး မှာ ပါဝင်ဖို မလုပ်နိုင်ရင် ၊
လုပ်ဖို့စိတ်ကူးမရှိရင်၊
နိုင်ငံရေး ဟာ ငါတို့ နဲ့ မဆိုင်ဘူးလို့တွေး
ပြီး နိုင်ငံရေး ကို ကြောခိုင်း ပြီး အပျင်းပိုး၊ ရေသာခို
အချောင်လိုက်ပိုး၊ တာဝန်မဲ့ တာဝန်ကြောက်ပိုး ကိုက်နေရင် ဒီတိုင်းပြည် ရဲ့
နိုင်ငံသား တယောက် မဟုတ်ဖူး ၊
ရှင်းရှင်းပြောရရင် လူဖြစ်လာပြီး ဒီလို
အသိဉာဏ် နဲ့ ယှဉ်ပြီးမနေ နိုင်ရင် ဒီ တိုင်းပြည်ရဲ့ နိုင်ငံသား အဖြစ်
မပြောနဲ့ လူအဖြစ်နဲ့တောင် မထိုက်တန်ဘူး ..... ။
မှတ်ချက် ။ သာမန်
နိင်ငံသားဘဝ က လာခဲ့ပြီး နောင်မှာလည်း သာမန် နိုင်ငံသားတယောက်လို ဘဝ
ကိုဆက်ရမယ့် အမေရိကန် သမ္မတ အိုဘားမား ကို မြန်မာနိုင်ငံသားတွေ က
စံပြခေါင်းဆောင်တယောက်အဖြစ် သူရဲကောင်းတယောက် လိုကြိုဆိုကြတာတွေ့ လို့
အိုဘားမားလို လူစားအများကြီးရှိတဲ့ အမေရိက ကိုအားကျပြီး ရေးလိုက်မိတာ ပါ.....။
သီပာသွေး.....။
No comments:
Post a Comment