Wednesday, 24 August 2016
ပြည်ထောင်စုစိတ်ဓာတ်တကယ်ထားနိုင်ကြပြီလား ...............သရ၀ဏ်(ပြည်)
ပြည်ထောင်စုစိတ်ဓာတ်တကယ်ထားနိုင်ကြပြီလား ��သရ၀ဏ်(ပြည်)
 ��ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကိုင်းတိုင်းအထက်ပိုင်းတမူးမြို့ သို့  ကျွန်တော်နှင့် ဦးကိုလေး ( ကိုလေး-၇၄) တို့ စာပေဟောပြောပွဲသွားခဲ့ကြသည် ။ မူလက ကျွန်တော်တို့ နားလည်ထားသည်က ကျွန်တော်တို့ ကိုဖိတ်ခေါ်သောအဖွဲ့ မှာ ဇိုမီး တိုင်းရင်းသားပါတီဖြစ်သည်ဟု ဦးကိုလေးကပြောသည် ။ဇိုမီးခေါင်းဆောင် ကိုဇိုဇမ်ကိုကျွန်တော်သိသည် ။ထို့ ကြောင့်လက်ခံလိုက်၏ ။ ၂၁ ရာစု ပင်လုံညီလာခံကိုကြိုဆိုထောက်ခံသောအားဖြင့် စာပေဟောပြောပွဲလုပ်ခြင်းဟုဆို၏ ။ ထို့ ကြောင့်ကျွန်တော်တို့ လက်ခံပြီး ခရီးထွက်ခဲ့ကြ၏ ။ တမူးမြို့ သို့ ရောက်သောအခါ သိရသည်မှာ ကျွန်တော်တို့ ကို ဖိတ်သောအဖွဲ့ မှာ ဇိုမီးအဖွဲ့ မဟုတ်ပါ ။အခြားလူမျိုးစုအဖွဲ့ ငယ်တစ်ဖွဲ့ ဖြစ်နေသည် ။ ထိုလူမျိုးစု၏အမည်သည်လည်း မြန်မာတိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် အမည်မပေါက်၊စာရင်းမ၀င်သောလူမျိုးစုဖြစ်နေသည် ။ထိုလူမျိုးစုနှင့်အမည်တူလူမျိုးများသည် နယ်နိမိတ်ချင်းထိစပ်သော အိန္ဒိယနိုင်ငံမှာလဲ နေထိုင်ကြသည်ဆို၏ ။ ထို့ ကြောင့်ထိုအရေးကိစ္စမှာ လူမျိုးစုအရေးပြသနာများပါလာကာအနည်းငယ်ရှုပ်ထွေးနေလေသဖြင့် တမူးမြို့ လည်ကောင်ခန်းမတွင် ဟောပြောခွင့်ပါမစ် ကိုခွင့်မပြုကြောင်း ရဲမှူးကြီးတစ်ဦးကလာပြော၏ ။ ဘာသာရေးအဆောက်အဦထဲတွင်ဟောပြောပါက ပါမစ်မပေးသော်လည်း တားမြစ်ခြင်းပြုမည်မဟုတ်ကြောင်းလည်းပြောသဖြင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းထဲတွင်သာ ဟောပြောပွဲကျင်းပရ၏ ။ သူတို့ မျိုးနွယ်စုကို တိုင်းရင်းသားအုပ်ုထဲတွင်နိုင်ငံတော်မှအသိအမှတ်ပြုလက်ခံလာစေရေးဟောပြောပေးပါရန်ကျွန်တော်တို့ ကို တောင်းဆိုသော်လည်း ကျွန်တော်တို့ က လူမျိုးရေးမဟောချင်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတစ်ခုလုံး ၊တိုင်းရင်းသားအားလုံးနှင့်သက်ဆိုင်သော ပြည်ထောင်စုငြိမ်းချမ်းရေးအကြောင်း ၊ ဖက်ဒရယ်စနစ်အကြောင်း စသည်များကိုဟောပြောကြပါသည် ။ သူတို့ သည်ထိုကိစ္စများကိုစိတ်ဝင်စားပုံလည်းမရပါ ။�� မေးခွန်းများမေးကြပါဟုခွင့်ပြုသောအခါ သူတို့ မေးကြသည်မှာ သူတို့ မျိုးနွယ်စုကွက်ကွက်ကလေးနှင့်ဆိုင်သော ကိစ္စများသာဖြစ်သည် ။ သူတို့ မျိုးနွယ်စုကိုဘာလို့ သန်းခေါင်စာရင်းကောက်တုန်းက သူတို့ ခေါ်စေချင်သောအမည်နှင့်မကောက်သလဲတို့  ၊ ၂၁ ရာစုပင်လုံညီလာခံသို့  သူတို့ မျိုးနွယ်စုတက်ရောက်ဖို့ ဘာလို့ မဖိတ်သလဲတို့ စသသောမေးခွန်းများဖြစ်သည် ။ အများအားဖြင့် ကျွန်တော်တို့ ဟောပြောသည်နှင့်တိုက်ရိုက်မဆိုင်လှသောကိစ္စများဖြစ်သည် ။ကျွန်တော်တို့ လည်းတတ်နိုင်သမျှ တတ်သလောက်မှတ်သလောက်ဖြေကြားခဲ့ရပေ၏ ။ တွေ့ ကြုံခဲ့ရသလောက်ပြောမည်ဆိုလျှင် တိုင်းရင်းသား မျိုးနွယ်စုများတွင် ပြည်ထောင်စုတခုလုံးကိုခြုံငုံတွေးခေါ်သော ပြည်ထောင်စုစိတ်ဓာတ်နည်းပါးနေတာတွေ့ ရသည် ။ ချင်းကချင်းကွက်ကွက် ၊ မွန်ကမွန်ကွက်ကွက် ၊ ရခိုင်ကရခိုင်ကွက်ကွက်ကလေးသာ စဉ်းစားတွေးခေါ်ပြောဆိုနေတာတွေ့ ရပေသည် ။ ထို့ နောက် သူတို့ မှာတူတာတစ်ချက်တွေ့ ရသည်ကား ဗမာလူမျိုးကို ဘုံရန်သူအဖြစ်သတ်မှတ်ထားကြခြင်း ၊မကြေနပ်ချက်များ ရှိနေကြခြင်းပင် ဖြစ်တာစိတ်မကောင်းစွာတွေ့ရသည် ။တကယ်တော့စစ်အာဏာရှင်ဗမာအချို့ တိုင်းရင်းသားတွေအပေါ်မှာမကောင်းခဲ့တာနှင့် ဗမာလူမျိုးအားလုံးအပေါ်သိမ်းကျုံးအပြစ်မမြင်သင့်ပေ ။စစ်အာဏာရှင်များသည် ဗမာလူမျိုးကိုကိုယ်စားပြုရန်အခွင့်အာဏာအပ်နှင်းထားခြင်းခံရသူများမဟုတ်ပေ။ ဗမာများသည် တိုင်းရင်းသားတို့ အပေါ်တွင်အမြဲပင်ချစ်ခြင်းဖြင့်သာ ကြည့်မြင်လေ့ရှိပါသည် ။ ကျွန်တော်တို့သည် ကချင်ကိုချစ်သည် ။ ကျွန်တော်တို့ သည် ချင်းကိုချစ်သည် ။ ကရင်ကိုချစ်သည် ။ မွန်ကိုချစ်သလို ရခိုင်ကိုလည်း ၊ ကယားကိုလည်း၊ ရှမ်းကိုလည်းချစ်ပါသည် ။ ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်းများစွာ အခက်အခဲပေါင်းများစွာကိုကြံ့ကြံ့ခံရင်ဆိုင်ကာစစ်အာဏာရှင်စနစ်ကိုအံတုခဲ့သည်မှာ ရန်ကုန်တိုင်းတစ်ခုတည်းကောင်းစားဖို့ မဟုတပ်ပါ ။ ဗမာလူမျိုးတမျိုးတည်းကွက်ကွက်ကလေး လွတ်မြောက်ဖို့ မဟုတ်ပါ ။ကိုမင်းကိုနိုင်နှစ်ရှည်လများထောင်ကျခံ၍နိုင်ငံရေးလုပ်ခဲ့သည်မှာ ဗမာလူမျိုးစုတခုအတွက်သာမဟုတ်ပါ ။ ရှမ်းအတွက်လဲပါသည် ။ရခိုင်အတွက်လဲပါသည် ။ ကချင်အတွက်လဲပါသည် ။ချင်းအတွက်လဲပါသည် ။ တိုင်းရင်းသားအားလုံးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွက်ဖြစ်ပါသည် ။ ထိုကဲ့ သို့ ပင် ကိုကိုကြီး ၊ ဦးခွန်ထွန်းဦး ၊ ဦးအေးသာအောင် ၊ စသူတို့ နိုင်ငံရေးလုပ်ခဲ့သည်မှာ တနိုင်ငံလုံးကောင်းစားရေးအတွက်ဖြစ်ပါသည် ။ �� ပြည်နယ်တခု ၊တိုင်းတခု ၊ မျိုးနွယ်စုတခုသည် ငါ့မျိုးနွယ်မှငါ့မျိုးနွယ် ၊ ငါ့ပြည်နယ်မှငါ့ပြည်နယ် ၊ ငါ့မြို့ မှငါ့မြို့စသည်ဖြင့် အတ္တစွဲအရမ်းကြီးနေလျှင် ပြည်ထောင်စုတခုလုံးကိုကိုယ်စားပြုသောနိုင်ငံရေး မဖြစ်နိုင်တော့ပါ ။ ဒေသန္တရ၀ါဒ ( Localism ) ချောင်ထဲမှာသာ ကိုယ့်ဘာသာ ပိတ်မိသွားမည်ဖြစ်သည် ။ ယခုအခါ ၂၁ ရာစုပင်လုံညီလာခံအတွက် အနိုင်မရပါတီများမှ ကိုယ်စားလှယ်ငါးဦးရွေးချယ်ရာတွင် ရွေးချယ်ပွဲပျက်သွားပြီး ပါတီတခုချင်းစီမှ ကိုယ်စားလှယ်ပါဝင်ခွင့်ရရေးဆက်လက်တောင်းဆိုသွားမည်ဟုသိရ၏ ။ ရွေးကောက်ပွဲတွင်တစ်နေရာမှအနိုင်မရသောပါတီ (၇၀)ရှိရာ ပါတီတိုင်းကိုသာကိုယ်စားလှယ်ဖိတ်ခေါ်နေရပါက စစ်အစိုးရကျင်းပသောအမျိုးသားညီလာခံလို လူများပြီးပွဲမစည်သောအဖြစ်သို့ ဆိုက်လိမ့်မည် ။ ပါတီ ၇၀ မှလူ ၇၀ က ထင်ရာတွေတယောက်တပေါက်ထပြောနေတာနှင့်အဓိကကျသော အချက်များကို မဆွေးနွေးနိုင်ပဲ ပြည်တွင်းငြိမ်းချမ်းရေးဇာတ်မျောကြီးဖြစ်နေလိမ့်မည် ။ မြန်မာတပြည်လုံးမှာ ကိုယ့်ပါတီကိုရွေးချယ်သူအမတ်တယောက်တောင်ရအောင်မစွမ်းဆောင်နိုင်ဘူးဆိုကတည်းက လူထုကိုယ်စားပြုမှုလည်း မယ်မယ်ရရရှိမည့်သဘောမရှိပေ ။ မြန်မာစကားတွင် ငါးသိုင်းများတော့ဟင်းဟုန် ၊ ဆရာများသားသေ ဆိုသောစကားပုံများရှိ၏ ။ လူတိုင်းလူတိုင်း ပါတီတိုင်း ညီလာခံဆွေးနွေးပွဲကုလားထိုင်တွင်ဝင်ထိုင်ခွင့်ရရေးထက် ၊ ဆွေးနွေးပွဲစကားဝိုင်းမှပေါ်ထွက်လာသော ငြိမ်းချမ်းရေးအသီးအပွင့်ကို ခံစားသုံးဆောင်ပိုင်ခွင့်ကိုပိုမိုမျှော်လင့်သင့်၏ ။ �� ၂၀၁၆ သြဂုတ်လ ၂၄ ရက်နေ့ စွဲဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်အရေးကိစ္စကိုဖြေရှင်းရန် ပြည်တွင်းပြည်ပမှလေးစားလောက်ဖွယ်ပုဂ္ဂိုလ်များဖြင့် ကော်မရှင်အဖွဲ့တစ်ဖွဲ့ ကို ဖွဲ့စည်းခဲ့သည် ။ ထိုကော်မရှင်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်လို ပုဂ္ဂိုလ်မျိုး ကိုထည့်သွင်းထားခြင်းဖြင့်ပြည်တွင်းကသာမက ၊ နိုင်ငံတကာကလက်ခံသောအဖြေတစ်ရပ်ရရှိအောင်ကြိုးစားနေကြောင်းထင်ရှား၏ ။ ကိုဖီအာနန်သည် ပရိုတက်စတင့်ဘာသာဝင်ခရစ်ယာန်တစ်ယောက်ဖြစ်သဖြင့် ဗုဒ္စဘာသာနှင့်အစ္စလာမ်ဘာသာဝင်များကြားတွင်ဘက်မလိုက်ပဲ သမာသမတ်ကျကျဆောင်ရွက်မည့်ပုဂ္ဂိုလ်ဖြစ်သည် ။ ဘယ်သူလာလာ ဆဲလွှတ်မယ် ။ ဘယ်သူလာလာဆန္ဒပြကန့်ကွက်မယ်ဆိုသောစိတ်ဓာတ်မျိုးနှင့်တော့ကျွန်တော်တို့နိုင်ငံသည်ဘယ်တော့မှငြိမ်းချမ်းမှာ ၊တိုးတက်မှာမဟုတ်ချေ ။ ကျွန်တော်တို့ နိုင်ငံတွင်လိုအပ်နေသည်မှာ တည်ငြိမ်အေးချမ်းမှုဖြစ်သည် ။ ဒေသစွဲစိတ်ဓာတ်တွေ ၊ လူမျိုးစွဲစိတ်ဓာတ်ဓာတ်တွေ ၊ ဘာသာရေးမှိုင်းတွေကို ခနလောက်ပဲဖြစ်ဖြစ် သိမ်းဆည်းထားကြဖို့ လိုမည်ဖြစ်သည် ။ မြန်မာတနိုင်ငံလုံးအရေးသည် ကိုယ့်အရေးပင်ဖြစ်ပါသည်ဟူသော ပြည်ထောင်စုစိတ်ဓာတ်ကလေးတွေ မွေးမြူလိုက်ကြစေချင်ပါသည် ။ ��သရ၀ဏ်(ပြည်)
Sunday, 21 August 2016
သြစီပာာ နတ်ဘုံနတ်နန်းတော့မပာုတ်- ( ၆ ) (သို့ ) တော်ပြီ.....သြစီ
                      သြစီပာာ နတ်ဘုံနတ်နန်းတော့မပာုတ်- ( ၆ )
                                                 (သို့ )
                                                                   တော်ပြီ.....သြစီ
သြစီ အကြောင်းကို သိသမျှ လေးနဲ့  ချယ်မှုန်း ရေးဖွဲ့ ခဲ့တာ  တွေ ရှိပြီးတဲ့ နောက်......
သြစီ မှာ နေတဲ့ ကျနော် နဲ့  ကျနော်မိသားစု ဘ၀ အကြောင်း ကိုရေးပါရစေဥိး.....။
သြစီ ကိုလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလ (၂၀၀၅) ကတည်းက ခြေချခဲ့တာ ခုဆိုရင် (၁၀)ကျော် လို့  (၁၁)
နှစ်တင်းတင်းပြည့်ပါတော့မယ် ။
ရောက်စ ကတော့ သြစီ ဆိုတာ တကယ် ကိုနတ်ဘုံနတ်နန်းကြီး တခုပါပဲ....။ အစိုးရ ကနိုင်ငံရေးခိုလှုံခွင့်ပေး
တယ်ဆိုဆို...ဒုက္ခသည် လိုပဲ နံမည်တပ်တပ်...ကြားကောင်းအောင်ရွှေပြောင်းအခြေချသူ များလိုပဲ ပြောပြော
ဘယ်လိုပင် ဆိုစေဦးတော့ တောကြီးမျက်မည်းထဲက မြို့ ပေါ်ရောက်လာတဲ့သူလို ...တကယ် နတ်ဘုံ တခုပါ..
ဘယ်သွားသွား...ဘယ်လာလာ ...ဘာပဲ လုပ်လုပ် အကုန် နှစ်ခြိုက်စရာတွေကြီးပါပဲ.....နေစရာ အိမ်ရှိတယ် ၊
အိမ်ထောင်ပရိဘောဂ အစုံရှိတယ် ...စားစရာ ရှိတယ် ....၀တ်စရာဝယ်ဖို့  စားစရာဝယ်ဖို့  အချိန်တန်ရင်(၁၅)
ရက် တကြိမ် ကိုယ်ဘဏ်အကောင့်တ်ထဲ ကိုငွေ က အလိုလို ကိုရောက်လာတာ....။
တရက်မှ (၄)နာရီလောက်သာ တက်ရတဲ့ ကျောင်းကိုတော့ ဘာသာစကား အခြေခံအတွက် မတက်မနေရ
တက်ရပါသေးတယ် ....။မရောက်ခင် အချိန် ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းမှာ နေစဉ်က မွေးလာခဲ့တဲ့ သားဦး
လေးပါလာတာကြောင့် ကိုယ်ကိုတိုင်ရော ဇနီး ပါကျောင်းတက်ချိန်မှာ ကလေးကို ထိန်းပေးတဲ့ ကလေးထိန်း
ကျောင်းပါရှိသေတာကြောင့် အဆင်ကိုပြေ လို့ ဗျာ.....။ အဲဒီကျောင်းပြီးတော့ ကိုယ်ရဲ့ အင်္ဂလိပ်စာ အဆင်က
လောက်အထိက ကျောင်းတက်နေရုံ နဲ့ တင် အေးအေးဆေးဆေး ထိုင်စားလို့ ရတယ် ....။
" ရန်ကုန်မြို့ ကြီးကို ....ရောင်ချာချာ ရောက်လာခဲ့တယ် မျက်လုံးလေး ကလယ်ကလယ်  " ဆိုတဲ့ သီချင်းထဲ
ကလိုပါပဲ.....တောသားမြိုရောက်တော့ ရွှေတိဂုံ ဘုရားကြီးဖူးမယ်.....နီလာဒန်ပေါက်စားမယ် ....ပြီးရင်
ဖွာလူဒါ.....(တောသားဆိုတော့ အသံထွက်တောင် မမှန်ရှာပါဘူး) သောက်မယ် ဆိုတာလောက်ပဲ သိတာ
မျိုးပေါ့......။ ကိုယ်တသက်လုံးစားတဲ့ ဆန်တောင်မှ ဘယ်မှာ ရှာဝယ်ရမှန်းမသိတဲ့ဘ၀....ရှောပင်စင်တာကြီး
တွေ ထဲက ကုန်စုံဆိုင်ကြီးတွေထဲ ရောင်းတဲ့ ဆန် တွေ့  တော့ ပါးစပ်ထဲ ဘယ်လိုမျိုချ ရမှန်းမသိအောင် ကြမ်း
ထော် နေတဲ့ ဆန်.....။တသက်လုံး ...(ထောင်ထဲနေတုန်းကရော) မဖြစ်မနေ....မပါမဖြစ် စားနေကျ ငပိ ...ဆို
တာကြီးကို ရောက်ပြီး ဆယ်ငါးရက် ရက်နှစ်ဆယ်နေမှ ရောင်းတဲ့ဆိုင် တွေ တဲ့ ဘ၀....
ပီဇာ...လဲ မသိ....ဘီယာ.. လဲ မထိမိ....ပါဘူး ။ ကြက်သားခါးပါတ်...ဆိုတာဝေးလို ...ဒိုးနတ် ဆိုတာကိုလဲ
မလွေးဖြစ်ပါဘူး....။
ရောက်ကာစ အပေါင်းအသင်း လဲ မရှိ...ရောင်းရင်းလဲ မသိသေးလေတော့ မျက်စိသူငယ် နားသူငယ် ပါပဲ...။
ပောာ....အဲဒီလို ဘ၀ ကနေ သြစီ ဆိုတာကြီးမှာ (၁၀)နှစ်ကကျော် နေလာခဲ့တဲ့ အခါမှာတော့ ...မိတ်ဆွေ...
သူငယ်ချင်း အပေါင်းအသင်း ရောင်းရင်း တွေ မှ စုံလို့  ....။လွန်ခဲ့တဲ့ နှစ်က အိမ်က အကြီးနှစ်ယောက်က
 နှစ်သာခြားတယ် ဂျူလိုင် တလထဲမှာတင်မွေးတာကြောင့်ရယ် ...အရွယ်လေးတွေ ကရလာတော့ ပြောကြ
တယ် ..." ကျနော်တို့ တွေ သူများ မွေးနေ့ ပွဲ တွေသာ သွားကြတယ် ...ကျနော်တို့ မွေးနေ့ ပွဲကျတော့ ဘာလို့ 
မလုပ်တာလဲတဲ့ " ပာုတ်ပါတယ် ..ကျနော်တို့ လင်မယား ကသူတို့ မွေးနေ့ တွေ ဆိုရင် အိမ်မှာပဲဘုန်းကြီးပင့်ဆွမ်းကပ် မိသားစု ကိတ်မုန်ခွဲ....တခုခု လုပ်ပြီး စားသောက်....အဓိက က မြန်မာပြည်
ကတနေရာရာ ကို အလှု အတန်းလုပ်... ။ဒီလောက်ပဲ လုပ်ခဲ့ကြတာပါ....။သူတို့ ပြောတာနဲ့  မွေးနေ့ ပါတီ
လေး လုပ်ပေးမယ်လေ လို့ စဉ်းစားပြီး ဖိတ်ရမဲ့ လူစာရင်းချရေးကြည့်တာ ....ပိာု လူကျတော့ ချန်ထားရင်
မကောင်းဘူး....ဒီလူ တော့ မပါရင် မဖြစ်ဘူးနဲ့  လူကြီး အယောက်နှစ်ရာ ကလေးက တစ်ရာ တစ်ဆယ်
ဖိတ်ရတော့မလို ဖြစ်ပြီး လက်လျှော လိုက်ရတဲ့ အထိ  ခင်ရာဆွေမျိုးတွေ တိုးလာလိုက်တာလေ........။
အပေါင်းအသင်း ရောင်းရင်းတွေ တိုးလာသလို သားသမီးတွေလဲ တိုးလာပါတယ် .....။ ရောက်စ ကခင်တဲ့
သူများက ပြောတယ် သြစီမှာ သားသမီးတွေ များများမယူဖို့ လေ.....။ကျနော်တို့ ကတော့ ကိုယ်စီမံချက်နဲ့ 
ကိုယ်မို့  လေးယောက်တောင်မှ ယူဖြစ်သွားတယ် ပေါ့....မိဘ...ညီအကို မောင်နှမ ...ဆွေမျိုးသားချင်း မရှိတဲ့ အရပ်မှာ ကိုယ်မိသားစု ကိုယ်ဆွေမျိုး ကိုယ်အသိုင်းအ၀ိုင်းတခု ဖြစ်စေချင်သလို နောင်တချိန် ကိုယ်သား
သမီးတွေ ပညာတတ်ကြီးတွေ ဖြစ်ရင် ကိုယ်နိုင်ငံမှာ အမြဲ မပာုတ်ရင်တောင်မှ အချိန်ပိုင်း ၊လပိုင်းဖြစ်ဖြစ်
ပြန်ပြီး အလုပ်အကြွေးပြု စေချင်တာ တော့ တကယ် စိတ်ရင်းအမှန်ပါ..... ။ဒီလို စိတ်ကူးတွေ နဲ့  သားသမီး
တွေ တိုးလာတယ် ဆိုပါတော့......
သားသမီးတွေ တိုးလာသလို " အို " တာ မပာုတ်တဲ့ နာကျိုးကန်း ဖြစ်နေတဲ့ ကျနော် အတွက် အလုပ်လုပ်ခွင့်
မရပဲ...ဆေးပင်စင် ၀င်ငွေ လဲ တိုးလာတာ အမှန်ပါပဲ....။
ဝင်ငွေ တိုးလာသလို ကုန်ဈေးနှုံး ကလည်း တက်လာတာလဲ အမှန်ပဲပေါ့ဗျာ...။ရောက်စ ကာလ က မုန်ညှင်း
ဖြူ သုံးပင်ပါတဲ့ အစည်း (၃)စည်မှ တဒေါ်လာ သာရှိပေမဲ့ (၁၀)နှစ်ကျော်ချိန်မှာ တစည်းထဲ ကို တဒေါ်လာဖြစ်
လာပါတယ် ....။စားသောက် ကုန် အတွက် ထွက်ငွေ များလာ သလိုပါပဲ ကျန်တဲ့ မသုံးမဖြစ် တွေ အတွက်
ထွက်ငွေတွေ လည်းများလာပါတယ်...။ပထမဆုံး သြစီ လူနေမှု့ အဆင့်အတန်းမှာ မရှိမဖြစ် ကတော့ ကား
တစီးပါ....သြစီရောက်ပြီး ငါးနှစ်လောက်အတွင်းမှာ လက်ဆောင်ရတဲ့ ကားပါအပါအ၀င် ကား (၅)စီးပြောင်း
စီးဖူးပါတယ် ...ဒေါ်လာ (၅၀၀)လောက်သာပေးရတဲ့ ကား ကနေ (၂၃၀၀)တန်လောက်အထိ ပါပဲ....။ဒါပေမဲ့
ကားတွေသာ ၀ယ်တယ် စီးတယ် ...တစက်ကလေးမှ စိတ်မချမ်းသာ ရပါဘူး...တော်ကြာပိာုပာာဖြစ်.....တော်
ကြာဒီပာာ လဲ ရနဲ့  အရေးရယ် အကြောင်းရယ် ဆို ပျက်လိုပြင်ရတာနဲ့ တင် ၀ယ်ရင်းတန်ဖိုးထက်တောင် ပြင်
ခပိုကုန်သွားတာတွေလဲ ရှိပါတယ် ....။သြစီမှာ ကားမရှိရင် မဖြစ်ဘူးလား ဆိုတော့ ဖြစ်ပါတယ် ...ဒါပေမဲ့
တယောက်တည်းသမားတွေ အတွက်ပေါ့...။ ကျနော်လို့ မိသားစု လဲ ရှိ ကလေးကလောက်လဲ ရှိတဲ့သူတွေ
အတွက်ကတော့ အကြောင်းကြီးငယ် ဆေးရုံ..ဆေးခန်း အတွက် (Public  Transport  )
အများသုံး ယာဉ် ...ရထား ဆိုတာ ကိုယ်လိုတဲ့ အချိန် လိုတဲ့နေရာကို သုံးဖို့ ဆိုတာ မလွယ်လှပါဘူး...။
ဒါကြောင့် အတော်အသင့် ကားတစီး မရှိမဖြစ် လိုအပ်ပါတယ် ....။သြော်စီက ကားဝပ်ရှော့ဆရာတွေ ပြော
စကားအရ ဆိုရင် ဒေါ်လာ(၃၀၀၀)တန် ကား ၀ယ်မယ်ဆိုရင် နောက်ကနေထပ်လိုက်ဖို့  လက်ထဲ (၂၀၀၀)
လောက်တော့ ဆောင်ထားသင့်ပါသတဲ့ ...ဒေါ်လာ (၇၀၀၀)အထက်ကားကိုဝယ်မှ စိတ်မညစ်ပဲ သုံးနိုင်မယ်
ဆိုပါတယ် ...။ မှန်ပါတယ် ဈေးပေါပေါ နဲ့  အောက်ကား ၀ယ်လိုက်ရင် လိုက်လို ပြင်လို့ ကို မဆုံးနိုင်တော့တာ အမှန်ပါပဲ.....။ပောာ .....ကားရှိပြီဆိုပြန်တော့ ကားဆီဖိုး တခု ထဲနဲတင်မပြီးပါဘူး အင်ဂျင်ဝိုင်လဲရ...ဂီယာဝိုင်
လဲရ...ဘရီတ်ရှူးလဲရ....စတာတွေ....စတာတွေ အပြင် တနှစ်တခါ ကားမှတ်ပုံတင် (REGO)၀င်ရတာလဲ ရှိပါ
သေးတယ် ....မှတ်ပုံတင် သက်တန်း မဆုံးခင်မှာ ကားပြင်ရ စစ်ဆေးရတာတွေ အာမခံ ထားရတာတွေ ကလဲ ရှိသေး.......။ အာမခံ ထားတယ်ဆိုတဲ့နေရာမှာ ကား ကအိုနေရင် မော်ဒယ်နိမ်ရင် အာမခံကြေး က
ပိုးပေးရပါတယ် ။ ဒီတော့ လွန်ခဲ့တဲ့ (၅)နှစ်လောက် က ခင်တဲ့ အမ တယောက် ...အတိအကျ ရည်ညွှန်းရ ရင်
အကြွေး (အရစ်ကျပေး စနစ် ) နဲ့  ၀ယ်လိုက်ပါတယ် ၊ သြစီမှာ အလုပ်မရှိ ရင် ကားမပြောနဲ့  ကန်ထရိုက် ဖုန်း
တောင် ပိာုစဉ်က မသုံးနိုင်ပါဘူး....။ အဲဒီအမ က သူအိမ်မှာ နေကြောင်း အိမ်လခ မပေးရပဲ အမျိုးအဆွေ
တော်စပ်တာကြောင့် အခမဲ့ နေထိုင်ခွင့်ပေးထားကြောင်း ၊လစဉ်ပုံမှန်ငွေပေးဆပ်နိုင်ကြောင်း တွေ ရေးပြီး
တင်တော့မှ ကားကို အကြွေးရောင်းတာပါ.....။ ဒီလိုနဲ့  စပေါ် (၅၀၀၀)တင်ပြီး ကျန်ကြွေး(၃၀၀၀၀)ကို တလ
ငါးရာကျော်နဲ့  ငါးနှစ် ပေးဆပ် ပြီး ကားကောင်းကောင်းတစီးတော့ ပိုင်လိုက်တယ်ပေါ့.....။
နောက် မရှိမဖြစ် တခု က ဖုန်းပါ....
ဖုန်း ဆိုတဲ့ နေရာမှာ မိုဘိုင်းဖုန်းကို ဆင်းကဒ် တကဒ်ကို နှစ်ဒေါ်လာ နဲ့  ကြိုက်တဲနေရာမှာ ၀ယ်နိုင်ပါတယ်
ပြီးရင် ငွေဖြည့် ပြီးသုံးပေါ့.....ဒေါ်လာ ၃၀ တန်ငွေဖြည့်ထားရင် တလ သုံးရပါတယ် ...တလပြည့်ရင် ကိုယ့်
ငွေ ကုန်သည်ဖြစ်စေ....မကုန်သည်ဖြစ်စေ ငွေထပ်ဖြည့်ရတာပါပဲ...ဖုန်းလိုင်ပေါင်းများစွာ ရှိပြီး တခုနဲ့ တခု
ရပိုင်ခွင်တွေ မတူ ပါပဲ ကိုယ်နှစ်သက်ရာ ကိုယ်အတွက် အသုံးဝင်မဲ့ လိုင်းကို ကန်ထရိုက်ယူပြီးသုံး ရပါတယ်။
အခု ကျနော် ယူထားတဲ့ ဖုန်းလိုင်ဆိုရင် တလ ကို ဒေါ်လာ (၈၀)ပေးရပြီး နိုင်ငံတကာ က ကြိုက်တဲ့ နိုင်ငံကို
တလအတွင်း မိနစ်(၃၀၀)ခေါ်နိုင်ပါတယ် ...ပြည်တွင်မှာလဲ ဘယ်ဖုန်း ကိုပဲခေါ်ခေါ် အခမဲ့ပါပဲ...။အင်တာနက်
ကတော့ တလ လုံးအတွက် (၈)ဂျီကာဘိုက် (8 g) သုံးနိုင်တယ်ပေါ့....နှစ်နှစ် စာချုပ်ချုပ်ရပါတယ် ....။နှစ်  နှစ်
ပြည့်ရင် ကန်ထရိုက်အသစ်ချုပ်ပြီး ဖုန်းအသစ် ထုပ်ယူနိုင်ပါတယ် ....။
အရင်က ငွေဖြည့်တဲ့ဖုန်းကို သုံးခဲ့ဖူးပါတယ် ...ဆီချိုရောဂါဖြစ်စ ဆေးခန်း သွားပြ ပြီး အပြန် ည(၉း၀၀)နာရီ
ကျော်မှာ ဖုန်းထဲ ပိုက်ဆံကလဲ မရှိ ဘူတာရုံကို ဘယ်လို သွားရမှန်းမသိ....ဘတ်စ် ကားတွေ ကလဲ မရှိတော့
တဲ့ အချိန်မှာ အိမ်ပြန်ဖို့ အတော်အခက်တွေတော့တာပါ...အခွင့် အရေး တခုလေးရှိတာက အိမ်သူ ကိုင်တဲ့
ဖုန်းနဲ့ အမျိုးအစားခြင်း(လိုင်းခြင်း)တူတာကြောင့် အခမဲ့ဆက်လို့ ရခဲတာပါပဲ...၊ဒါနဲ့ မိန်းမကို ဖုန်းဆက် အငှား
ကား ကိုခေါ်ခိုင်း...ကိုယ်ရှိနေတဲ့နေရာပြောပြပြီးတောပေါ့လေ....။ကိုယ်ဖုန်းထဲ မှာ ငွေ မရှိရင် အရေးပေါ်
ဌာန တွေ(ရဲ...မီးသတ်..သူနာပြုယာဉ်)ကလွဲလို့  လိုင်းမတူရင်ခေါ်မရပါဘူး...။ ဒီတော့ သြစီမှာ နေရင် အချိန်
မရွေး ခေါ်လို့ ရမဲ့ ဖုန်းတလုံးတော့ သွားလေရာ ယူသွားသင့်တယ်ပေါ့ဗျာ.....။
အိမ်ဖုန်း......၊အိမ်ဖုန်းကတော့ ကလေးငယ်တွေ ရှိတဲ့ အတွက်ရယ် အစိုးရရုံး တွေနဲ့ ပါတ်သက်တာတွေ အတွက် မဖြစ်မနေ ထားရပြန်ရော....အိမ်ဖုန်း က အင်တာနက်နဲ့  တွဲထားတာပါ...အိမ်ဖုန်းယူရင် အင်တာ
နက် ပါ ပါတယ် ..။ အိမ် ဖုန်း  အင်တာနက် ဆိုတာ က ကလေးတွေ အတွက် မဖြစ်မနေ သုံး ရပြန်ပါတယ် ။
အငယ်ဆုံး သား Year 1 ကျောင်းသား ကအစ အင်တာနက်ကနေ အိမ်စာတွေ လုပ်ရပါတယ် ...။ တလ ကို
ရှစ်ဆယ်ဒေါ်လာကနေ ရာကျော် အထိပေးရတဲ့ အထိ လိုင်းတွေ ကွဲပြားပါတယ် ...မိုဘိုင်းဖုန်း လိုပါပဲ......။
ကျနော်ယူထားတဲ့ အိမ်ဖုန်း အင်တာနက်က တလကို ဒေါ်လာ (၉၀)ပေးရပြီး နိုင်ငံတကာက (သတ်မှတ်ထားတဲ့) ၁၄ နိုင်ငံကို အိမ်ဖုန်း မိုဘိုင်း  စိတ်ကြိုက်ခေါ်နိုင်ပါတယ် ၊(မြန်မာပြည်တော့ မပါ) ။ နိုင်ငံ
အတွင်းမှာတော့ မိုဘိုင်းပဲဖြစ်ဖြစ် အိမ်ဖုန်းပဲ ဖြစ်ဖြစ် စိတ်ကြိုက်ခေါ်နိုင်ပါတယ် ..........။
သြစီ မှာ အထူးတလည် ရပ်တည် နေထိုင်နိုင်ရေးအတွက် မရှိမဖြစ်က တော့ အိမ်ယာ ပါပဲ....။အိမ်ယာ ဆိုတဲ့
နေရာမှာ ရပ်ကွက်ပေါ်မူတည် သလို ဈေး....ကျောင်း ....ဘူတာရုံ..ဆေးရုံ...ဆေးခန်း တွေ နဲ့ အနီးအဝေးပေါ်
မူတည်ပြီး အငှားဈေး တွေ ကွာသလို အိမ် (House) တန်းလျှား လို့ ပြောရင်ရတဲ့ တိုက်ခန်းတွဲ (Unit) တွေ အ
ပေါ်မှာလဲ ဈေးကွာ ပါတယ် ။ သြစီ စနစ်က (Unit) အိပ်ခန်း နှစ်ခန်းပဲပါတဲ့ တိုက်ခန်း ဆိုရင် လူ (၄)ယောက်ပဲ
နေခွင့်ရတာပါ...။  ခိုးနေရင်တော့ လဲ ရသပေါ့ဗျာ....။ကိုယ်အခန်းက အမြဲဆူညံ နေတာပဲ ဖြစ်ဖြစ် ပါတ်ဝန်း
ကျင်က တစုံတရာ မကျေနပ်လို့  တိုင်ရင်ပဲဖြစ်ဖြစ် ရဲနဲ့ ထိပ်တိုက် တွေရင်တော့ သူတို့ သတ်မှတ်ထားတဲ့ စံ
ချိန်စံညွှန်းကျော်လွန်ပြီး နေထိုင်နေတာကို မိရင်တော့ ပြသနာအကြီးကြီးပေါ့.....။
စနစ် တွေ ထဲမှာ ကောင်းတဲ့ စနစ်တခုက အိမ်စံပေါ် နဲ့ ပါတ်သက်တာပါ...။ကျနော် လို့  အလုပ်အကိုင်မရှိပဲ
အစိုးရထောက်ပံ့ကြေးနဲ့ ရပ်တည်နေသူတွေ အတွက် အိမ်ယာ ဌာနမှာ စံပေါ် ချေးယူလို့ ၇တာပါပဲ....။အိမ်ပွဲ
စား လုပ်ငန်း (Realestate) တွေမှာ အိမ်ရှာ .ကိုယ်နဲ့ သင်တော်မဲ့အိမ်...ကိုယ်ကြိုက်တဲ့အိမ် တွေ့ ရင်လျှောက်
လွှာတောင်းပြီး စံပေါ်ငွေ အကူအညီ တောင်းနိုင်ပါတယ် ....ကျနော် ရောက်စ နှစ်အစောပိုင်းတွေ တုန်းက
တော့ အဲဒီစံပေါ်ငွေ ပာာ ပြန်ပေးဆပ်စရာ မလိုပဲ အပြီးထုတ်ပေးတာပါ....။အခုနောက်ပိုင်းတော့ စံပေါ်ကို
အပြီးထုတ် မပေးတော့ပါဘူး...။အရစ်ကျ ပြန်ဆပ် ရပါတယ် ....။
အလုပ်မရှိလို့ ....အလုပ်မလုပ်နိုင်လို့  အိမ်ပိုင်မ၀ယ်နိုင်တဲ့ ဘ၀ မှာ ရေကြည်ရာ မြက်နုရာ ဆိုသလို ပြောင်း
တယ် ....။ မိသားစု (၆)ယောက် အတွက် အိပ်ခန်းသုံးခန်း ပါတဲ့ အိမ် ဆိုတာ သြစီ က သတ်မှတ်ထားတဲ့ စံ
ချိန် စံညွှန်းထဲတော့ ရောက်ပါတယ် ....။ အဲဒီစံချိန်စံညွှန်ထဲ ရောက်အောင်သွားတဲ့ အခါ....Unit မှာ မကုန်ကျ
ပေမဲ့ အိမ်မှာ ပိုပြီး ကုန်ကျလာတာတွေလဲ ရှိပါတယ် ...။အိမ် နဲ့ နေရတဲ့ အတွက် ရေဖိုး (ရေ အသုံးပြုခ) ပေးရ
ပါတယ် ၊Unit အများစု ကတော့ ရေဖိုးဆိုတာ မရှိပါဘူး ...၊ပြီးတော့ မီတာခ ....၊ ဂက်စ်(Gas) ဆိုတာက အချို
အိမ်တွေ မှာ ရေပူ အိုးက လျှပ်စစ်နဲ့  အပူပေးတာ မပာုတ်ပဲ ဂက်စ် နဲ့  အပူပေးတာဖြစ်တဲ့ အပြင် ထမင်းပာင်း
ချက်တဲ့ နေရာမှာလဲ ဂက်စ်ကို အသုံးပြုတဲ့ မီးဖိုတွေ ပါတာကြောင့် ဂက်စ်ဖိုး ဆိုတာလဲ မီတာ ခအပြင် ပေးရပါ
သေးတယ် ....အခု ကျနော်နေတဲ့ အိမ်ဆိုရင် မီတာခ...ရေဖိုး...ဂက်စ်ဖိုး အကုန်ပေးရပါတယ် ......။မီတာ အသုံးပြု မှု့ က ည (၁၀း၀၀)ကျော်ရင် တယူနစ်ကို ၆ဆင့်ပဲ ကုန်ကျတာမို့  အ၀တ်လျှော်စက်မောင်းတာ အခြောက်ခံစက် မောင်းတာတွေ ဆိုရင် ညဉ်နက်မှပဲ သုံးဖြစ်ပါတယ် ...မီတာခ ကုန်ကျမှု့ သက်သာအောင်
ပေါ့လေ....၊ဒါတောင်မှ မီတာခ သုံးလ တကြိမ်လာရင် ၃၀၀ ကျော် လေးရာ ကုန်ကျပါတယ် ...။ရေဖိုး ကလဲ
သိပ်တော့မထူးခြားပါ...သုံးလကို ၂၀၀ ကျော် သုံးရာနီးပါး ၊ဂက်စ် ကတော့ ပြီးခဲ့တဲ့ သုံးလစာ ၂၅၅ ဒေါ်လာ
ပေးဆောင်လိုက်ရပါသေးတယ် ....။ အဲဒီ မီတာခ တွေ ဖုန်း ဘေလ်တွေ ကို အစိုးရနဲ့  မသက်ဆိုင်သော အဖွဲတွေ (NGO တွေ ခရစ်ယာန် အသင်းအဖွဲတွေ )ထံမှာ အကူအညီတောင်းရင် ရာနှုံးပြည့် မပာုတ်ပေမဲ ၄၅ ရာနှုံးလောက် အကူအညီတောင်းခံ လို့ လဲ ရပါတယ် ....။တကြိမ်တခါတော့ သွားတောင်းဖူးပါတယ် ....။
ပေးသူတွေက ဘယ်ဘာသာဝင်လဲ ဘာကြောင့် လိုအပ်တာလဲ မမေးပေမဲ့ ကိုယ်စိတ်ထဲ သိမ်ငယ်သလို ခံစားရတာကြောင့် ဆယ်နှစ်ကျော် ကာလ အတွင်မှာ ဒုတိယ အကြိမ်ဆိုတာ မရှိခဲ့ပါဘူး.......။
သြစီမှာ ....နေစရာ အိမ်ရယ် ....ကားရယ် .....အိမ်ဖုန်း...မိုဘိုင်းဖုန်း ရယ် ဆိုတာ မရှိမဖြစ် တွေမို့  အမြဲ တမ်း
ဖုန်းဘေလ်....မီးဘေလ်....ဂက်စ်ဘေလ်....ရေဘေလ်.....အိမ်လစာ ဘေလ်...ဆိုတာတွေ ကို အလျှင်မပြတ်
အောင်ကြိုးစား ရပါတယ် .....။ အိမ်လစာ က နှစ်ပါတ်တကြိမ် ပေးသွင်းရပြီး သုံကြိမ်ထက်ကျော်လွန်ပြီး မပေး
ရင်တော့ အိမ်ငှားပွဲစားရုံးက အကြောင်းကြားစာပို့ ပြီး နှင်ချ တာခံရတတ်ပါတယ် ....။
သြစီမှာ နေစာရိတ်က အမေရိကန် တို့  နယူဇီလန်တို့ ထက် ဈေးကြီးပါတယ် .....။ ကိုယ်ပိုင်အိမ် မ၀ယ်နိုင် သမျှ ကတော့ ဒီလိုပဲ နှစ်ပါတ်တကြိမ် ငွေ ၀င်လာလိုက်  ဖုန်းဘေလ်....မီးဘေလ်....ဂက်စ်ဘေလ်... .ရေဘေလ်.....အိမ်လစာ ဘေလ်.....ကားဓါတ်ဆီ ဖိုး...တွေ ထွက်သွားလိုက်.....၊မီးဖိုချောင်စာရိတ် ဆိုတာက
လဲ မဖြစ်မနေ ကုန်ရတာဖြစ်သလို ကလေးတွေ ကျောင်း မုန်ဖိုး (Lunch Box )အတွက် ၀ယ်ရခြမ်းရ နဲ့ ပေါ့.....
ဒီကြားထဲ ကလေးတွေ ကျောင်းက တောင်းလိုက်တဲ့ ပိုက်ဆံ တခါတလေ မနည်းအလျှင်မှီအောင်ကြိုးစား
ပေးရပြန်ပါသေးတယ် ။ ကျောင်းတွေ မှာ Years 3 က စလို့ နှစ်စဉ် ညအိပ် လေ့လာရေးခရီးထွက် ကြပါတယ်
ခရီးတခေါက်ထွက်ရင် ကျောင်းကို ပေးသွင်းရတဲ့ ငွေ ကတင် ၃၀၀ ကျော် ...။ကိုယ်က အသုံးအဆောင် ကိုစုံ
လင်အောင်ဝယ်ထည်ပေးရတာနဲ့ ဆိုရင် ၅၀၀ နီးပါး ကုန်တာပါ.....။သူအရပ်နဲ့ သူဇာတ် ဆိုတော့လဲ မလုပ်
ပေးလိုမှ မရတာကို....၊နှစ် လယ် လောက်ဆိုရင် ရေကူ သင်တန်းဆိုတာ ကတမျိုး....အားကစားသင်တန်း ဆိုတာ က တဖုံ မရိုးနိုင်အောင်ပါပဲ...........။ကျနော် ရဲဘော်သူငယ်ချင်း တယောက်က ပြောတယ် " မင်းတို့ သြစီမှာ နေပြီး ကလေးတွေ လေးယောက်တောင်မွေးပြီး ကလေးတွေ အတွက်ရတဲ့       ထောက်ပံ့ကြေးနဲ့ တင် အတော်အဆင်ပြေတယ် ဆို...ကွ "တဲ့....။ကျနော်က လည်းပြောလိုက်ပါတယ် " အေးကွာ ....မင်းတို့ က မိအေးအော်တာပဲ လူသိတာကို ဂဏာန်းညှပ်တာကျတော့   မြင်မှမမြင်ကြတာပဲ"လို့ လေ.....။ကလေး တယောက်ကို သြစီ အစိုးရ က နှစ်ပါတ်နေမှ ဒေါ်လာ ၁၂၀ နဲ့ ၁၃၀ ကြားမှာပေးတာပါ ...(ကျနော်တို့ မိသားစုရတာကိုပြောတာပါ ၊ ကလေးအနည်းအများပေါ်မူတည်ပြီး
ငွေပေးပုံ ကွဲပါတယ် ) သူတို့ ကိုပေးတဲ့ငွေ နဲ့ သူတို့ အတွက် ပြန်သုံးရတဲ့ငွေ က မညီမျှပါဘူး........။ ဒီကြားထဲ
ကိုယ်က အသက်ကြီးမှ ပြောင်ရွှေလာတဲ့ အခါ သူတို့ လေးတွေရဲ့ ပညာရေးစနစ်နဲ့ ကိုယ်သင်ခဲ့ တတ်ခဲ့
တဲ့ ပညာ ပာာ ဘာပဲပြောပြော အဆင့်ကွာလှပါတယ် ....ကျနော်ရော ဇနီးသည်ပါ မြန်မာပြည်မှာ ၁၀တန်းတောင် မှအောင်ခဲကြတာ မပာုတ်တဲ့ အပြင် ကျနော်တို့ ခေတ်တုန်းက အင်္ဂလိပ်စာ ဆိုတာ လေးတန်းအောင်လို့  ငါးတန်း တက်ကာမှ အေ...ဘီ....စီ....ဒီ....စသင်ခဲ့ ရတာမပာုတ်လား....
ဒီတော့ ......ဒီမှာမွေး ဒီမှာကြီးပြီး သူငယ်တန်းမတက်ခင်ကတည်းက အင်္ဂလိပ်လို ပြောနေကြတဲ့ ကလေးတွေ ကို ကိုယ်က သင်ပေးဖို့ ဆိုတာ ကျနော်တို့ အတွက် ကကြီး....ခခွေး.....သင်ပေးရသလို လွယ်တာတော့ မပာုတ်ပြန်ပါဘူး.....။ဒီတော့ သင်ပေးနိုင်တဲ့ အရပ် ကိုရှာတော့ အပါတ်စဉ်ကျူရှင်ဆိုတာရှိသလို အိမ်ကိုလိုက်သင်ပေးတဲ့ သူတွေလဲရှိလာပြန်ပါရော......။ ဒီနေရာမှာ(Coaching College ) လိုခေါ်တဲ့ ကျူရှင်တွေ (Home Guide)  လိုခေါ်တဲ့ အနီးကပ် ဆရာ...ဆရာမတွေ ရှိတယ် ဆိုလို့  ဒီက ပညာရေး စနစ်က မကောင်းလို့ လားလို့ မေးစရာရှိလာမှာပါ.
မပာုတ်ပါဘူး ....ပညာရေးစနစ်က ကောင်းပါတယ် ...၊ဒါပေမဲ့ ကိုယ်ကလေးက ပညာရေးညံ့နေရင်
ကျောင်းစာ လုပ်တဲ့နေရာမှာ နားမလည်မှု့ တွေ များနေရင်  နောင်ရေးအတွက်စိတ်မအေး ရတော့ပါဘူး.
တနှစ်ကို တတန်းတော့ မှန်မှန်တက်သွားမှာပါပဲ ။Years11 ရောက်ပြီးတော့မှ UNI တက်ဖို့  Qualify မဖြစ်ဘူးဆိုရင် TAFE ဆိုတဲ့ ကောလိပ်မှာ ၂နှစ် ကျောင်းပြန်တက်ရပါသေးတယ် ......။ Years 11လောက်ရောက်ပြီး UNI အဆင်မမှီ တော့ပဲ သူတို့ အတန်းဖော် သူငယ်ချင်းတွေ က UNI ရောက်သွားတဲ့ အခါ ကလေးပာာ စိတ်ဓါတ်ကျပြီး လေလွင့်သွားတာမျိုး လဲ ရှိသလို ကော်ဖီဆိုင်တွေ
ဘာဂါဆိုင်တွေ....အ၀တ်လျှော် တဲ့ လုပ်ငန်းတွေ ကုန်စုံဆိုင်တွေ စတဲ့ နေရာတွေမှာ ရ ရာ အလုပ်ဝင်လုပ်
ကြရတာလဲ တွေ့ ဖူးပါတယ်....အတန်းကြီးUNI ရောက်တဲ့ အခါ ကျောင်းတက်ရင်း အလုပ်တဖက် လုပ်ကြတာ ကတော့ သြစီ ရဲ့ စနစ်ကောင်း တခုပါ .......။ဒီတော့ သြစီ ဓလေ့အတိုင်း သမာရိုးကျ သွားပြီး
အချိန်တန် တော့ အလုပ်တခုခုတော့ ရသွားမှာပါပဲ ဆိုပြီး လွှတ်ထားလိုက်ရင်လည်း ရတာပဲပေါ့ဗျာ...။
ဒါပေမဲ့  မိဘ ဆိုတာကလဲ သိကြတဲ့အတိုင်းပါပဲ.....ကိုယ်သာ ညံချင်
ညံမယ်....ကိုယ်သာ ဆင်းရဲချင်ဆင်းရဲမယ် .....ကိုယ်သာ ချိုတဲ့ချင်ချို့ တဲ့မယ် ....ကိုယ်သားသမီး ကိုတော့ ကိုယ်လို မဖြစ်စေချင်တာ မိဘ ပီသတဲ့ မိဘတိုင်းရဲ့ စိတ်ဓါတ်မပာုတ်လေလား............။
ဒီတော့ ကိုယ်သားသမီး အတွက် ကိုယ်ပဲ အနစ်နာခံ ဖြည့်စည်းပေးကြတာပါပဲလေ......။ ဒီတော့ သားသမီး
တွေ ပညာရေ....နေရေး....စားရေး....ကျန်းမာရေး ထောင်ပေါင်းစုံ ကဖြည်စည်းပေးရင်း ကြွေးသစ်တွေ ချ
ပေးနေပေမဲ့ ကြွေးပောာင်းဆပ်ဖို့  ကြိုးစား ရပြန်သေးတယ် .........။အဲ့ဒီအပြင် ကျနော် ဆိုရင် ကျနော်ရဲဘော်
ရဲဘက်တွေ ဘ၀တူတွေ ကိုတတ်နိုင်သလောက်ပြန်ကြည့်ချင်သေးတာ ကလည်း တကယ်စိတ်ရင်းအမှန်ပါပဲ
တခါတရံမှာ အဲဒီအပူတွေ နဲ့  ကိုယ်ကိုတိုင် စိတ်ကျရောဂါ ရမှာတောင်စိုရိမ်မိပြန်သေးတယ် ....။ ဒါပေမဲ့
ကိုယ်ကိုတိုင်က အလုပ်မရှိအကိုင်မရှိ... ထောက်ပံ့ကြေးကလွဲ လို့ အပိုဝင်ငွေ မရှိ......ကျန်းမာရေး မကောင်း
လို့  ဆေးပင်စင် ရတဲ့တိုင်အောင် သတင်းစာ ပို့ တဲ့ အလုပ် ....ကျောင်းဆင်းကျောင်းတက်ချိန် ကျောင်းရှေ လူကူမြင်းကြားမှာ ရပ်ဆိုတဲ့ (Stop Sing) ကိုင်တဲ့ အလုပ် ပေးလုပ်ဖို့ လျှောက်ကြည့် ပါသေးတယ် ....မရ.....။
မရ တဲ့  ဘ၀ မှာ ရတာကိုပဲ အလျှင်သင့်အောင် ကြိုးစားနေရ လေတော့ တခါတရံမှာ ဘ၀ ပာာ မောသဗျာ
...................။
ဒီလောက်ဆိုရင် ကျနော် ဒီစာကို ဘာကြောင့် များ" တော်ပြီ.....သြော်စီ "  လို့ ပေးထားသလဲဆိုတာကို
ကျနော်မိတ်ဆွေများ သဘောပေါက် မယ် ထင်ကြောင်းပါဗျာ.................................။
                                                                                  ခိုင်ကိုဦး(ဆစ်ဒနီ)
                                                                               ၂၁ . ၈ . ၂၀၁၆ ။ ည ၁၀း၃၂
Wednesday, 10 August 2016
စာသင်ခန်းကို စွန့်ခွာတဲ့နေ့ (ရေးသူ - မငယ်နိုင် -Australia)
စာသင်ခန်းကို စွန့်ခွာတဲ့နေ့
ကျွန်မတို့မြို့မှာ 8888 အရေးတော်ပုံကို ဒီလိုစခဲ့ပါတယ်။
"ခွေးအိုဆင်းလို့ ခွေးရူးတက် မြန်မာနိုင်ငံပျက်” ဆိုတဲ့ ခေါင်းစဉ်ပါ ကိုမင်းကိုနိုင် လက်ရေးမူနဲ့ ကော်ပီဆွဲထားတဲ့ ဗကသများ အဖွဲ့ချုပ်က လှုံ့ဆော်စာတစောင်ကို ကျွန်မတို့ အတန်းက ယောက်ျားလေးတွေကြားထဲမှာ ရှစ်ရက်နေ့ မတိုင်ခင် နေ့ရက်တွေကတည်းက ရောက်နေရာကနေ ကျွန်မတို့ မိန်းကလေးတွေ ဆီအထိ ပြန့်နှံ့လာခဲ့ပါတယ်။ စာထဲမှာ ပါတဲ့အကြောင်းအရာတွေကတော့ ၆၂ အာဏာသိမ်းတဲ့နေ့ ကနေ ၈၈ တံတားနီအရေးခင်းကို နှိမ်နင်းရာမှာ ကျောင်းသူတွေကို စိန်လွင်လက်ပါးစေတွေက အင်းယားကန်မှာ ရေနစ်သတ်တာ၊ အချုပ်ခန်းအတွင်း မုဒိန်းကျင့်ခံခဲ့ရတာတွေနဲ့၊ အခုချိန်မှာ မဆလကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်သွားပြီဆိုတာအထိ မဆလ တပါတီအာဏာရှင်တွေရဲ့ စံပြလုပ်ရပ်တွေနဲ့ ဖုံးကွယ်ထားတဲ့ သမိုင်းအမှန်တွေကို ဖေါ်ပြထားပါတယ်။ စာရဲ့ အဆုံးပိုင်းမှာတော့ ဒီမကောင်းတဲ့ မိစ္ဆာအယုတ်မာတွေကို ဖြုတ်ချဖို့ သမိုင်းပေးတာဝန်ဟာ ကျောင်းသားတွေရဲ့ ပုခုံးပေါ်မှာ ရောက်နေပြီ ဆိုတဲ့အကြောင်း၊ ခေတ်အဆက်ဆက်မှာ စနစ်တခုကို ပြောင်းချင်ရင် ကျောင်းသားတွေကပဲ အနှစ်နာခံပြီး ရှေ့ကအသေခံ ဦးဆောင်ခဲ့လို့သာ ပြောင်းခဲ့ကြောင်း ဒါကြောင့်မို့ ၈.၈.၈၈ မှာ မြန်မာ တနိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းသူကျောင်းသားများ အားလုံးလမ်းမပေါ်ထွက် ဆန္ဒပြပြီး ပြည်သူတွေကို ရှေ့ကလမ်းပြဖို့ ရေးထားပါတယ်။
ဒီစာကို ဖတ်ပြီး ကိုယ့်တိုင်းပြည်နဲ့ အုပ်ချုပ်နေတဲ့ အစိုးရက ကိုယ်ထင်ထားတာနဲ့ တခြားစီ ဖြစ်နေတာကို အခုမှ သိရတာကို ယူကျုံးမရ ခံစားရပြီး ကျွန်မတို့ အထက်တန်း ကျောင်းသားတွေကြားမှာ အစိုးရကို မုန်းတီးရွံရှာတဲ့စိတ်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်စေခဲ့ပါတယ်။ ဒီစာကို ဖတ်ပြီးနောက်ပိုင်း ကျွန်မတို့ ကျောင်းသားတွေ မလုပ်ရင်တော့ ဘာမှ ဖြစ်လာတော့မှာ မဟုတ်ဘူးဆိုတာကို ကျွန်မတို့ တကယ်ပဲ ယုံကြည်သွားခဲ့ပါတယ်။ ရှစ်ရက်နေ့မှာ ဆန္ဒထွက်ပြဖို့ စီစဉ်ခဲ့ပါတယ် ဒါပေမယ့် အဲဒီနေ့က ကျောင်းအုပ်ဆရာကြီးက တမနက်လုံးနီးပါး ကျောင်းမှာ အတန်းကြီးဆုံး ဖြစ်တဲ့ ကိုးတန်းနဲ့ ၁၀ တန်း ဖြစ်တဲ့ ကျွန်မတို့ ကျောင်းသားကြီးကြီးတွေရဲ့ အခန်းတွေရှေ့မှာ ခေါက်တုန့်ခေါက်ဖြန့် လမ်းလျှောက်ပြီး မကြာခဏ ရောက်ရှိနေပါတယ်။ မနက်ပိုင်းမှာ မဖြစ်တော့ နေ့လည်ကျောင်းဆင်းတာနဲ့ ကျောင်းပြန်မတက်တော့ပဲ ဆန္ဒပြဖို့ အစီစဉ်ခဲ့ပြန်တော့လည်း မြို့ပေါ်က ကျောင်းသားတွေက အိမ်ပြန် ထမင်းပြန်စားကြပြီး ကျောင်းမှာ ကျန်နေတာက ကျေးရွာတွေက လာတက်တဲ့သူတွေပဲ ကျန်ပြီး စတင်ဖို့ အချိတ်အဆက်မရ၊ ဆရာတွေကလည်း တချက်မှ မျက်စိအလစ်မပေးဆိုတော့ ကျွန်မတို့ မြို့မှာ အရေးအခင်းကို ရှစ်ရက်နေ့မှာ မစနိုင်ခဲ့ဘူး။
၉.၈.၈၈ မှာတော့ နေ့တိုင်း ကျောင်းတက်ခေါင်းလောင်း နောက်ဆုံးကြိမ်ကျတာနဲ့ ကျောင်းတက်တိုင်း ဆိုနေကျ ဖြစ်တဲ့ မဆလစနစ်ရဲ့ လူငယ်သစ္စာ အဓိဌါန်ငါးချက်ကို မဆိုပဲ ညနေ ကျောင်းဆင်းမှ ဆိုရတဲ့ နိုင်ငံတော်သီချင်းကို ဆိုကြဖို့၊ သီချင်းကျတာနဲ့ အလယ်တန်းအဆင့်ကနေ ကျောင်းသားအားလုံး ကျောင်းဝင်းပြင်က လမ်းမပေါ် ထွက်ပြီး ဆန္ဒပြကြမယ်လို့ သူငယ်တန်းကနေ ၁၀ တန်းအထိအတန်းကုန် လိုက်ပြီးဆရာမတွေ မသိအောင် ကျောင်းသား ကြီးတွေက နိုးဆော်ထားလိုက်ပါတယ်။ ကျောင်းတက်ချိန်တိုင်း ခေါင်းလောင်း သုံးကြိမ်ထိုးလေ့ရှိပြီး နောက်ဆုံး ခေါင်းလောင်းသံက တချက်ပဲ ဖြစ်ပြီး အဲဒီတချက်ကျတာနဲ့ လူငယ်သစ္စာအဓိဌါန် ငါးချက်ကို ဆိုရလေ့ရှိပါတယ်။
9/8/88 ကျောင်းတက်ချိန် ရောက်ပါပြီ....
ကလင်… ကလင်… ကလင်… ပထမဦးဆုံး အကြိမ် ခေါင်းလောင်းသံ
ကလင်… ကလင်… ကလင်… ဒုတိယခေါင်းလောင်းသံ နဲ့အတူ အားလုံးငြိမ်နေကြတယ်။ ဆရာမလည်း အတန်းထဲမှာ ရောက်နေပြီ။ ကျွန်မတို့ အားလုံးရဲ့ စိတ်ထဲမှာတော့ ရန်သူတပ်ကုန်းတခုကို ချီတက်နေသည့်အလား စိတ်လှုပ်ရှားနေမိတယ်။
..........ကလင်… နောက်ဆုံးခေါင်းလောင်းသံ
ကမ္ဘာာမကြေ..... မြန်မာပြေ...
ဒို့အဘိုးအဘွားအမွေစစ်မို့
ချစ်မြတ်နိုးပေ...
ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ..
ဒါဒို့ပြေ ဒါဒို့မြေ ဒို့ပိုက်နက်မြေ
ဒို့ပြေ ဒို့မြေ အကျိုးကို
ညီညာစွာဒို့တတွေ
ထမ်းဆောင်ပါစို့လေ
ိဒို့တာဝန်ပေ အဖိုးတန်မြေ
နိုင်ငံတော်သီချင်း အပြည့်အစုံက အထက်ပါအတိုင်း ဖြစ်ပေမဲ့ ကျွန်မတို့ အတန်းကြီးသားတွေ ပြီးအောင် မဆိုလိုက်ရဘူး ဖြစ်ပုံက ..
"ကမ္ဘာမကြေ… ဗမာပြေ… တို့အဖိုးအဖွားအမွေစစ်မို့ ချစ်မြတ်နိုးပေ”... လို့ ဆိုလိုက်တာနဲ့ အစောကြီးကတည်းက တခုခုဖြစ်မှာကို စိုးရိမ်နေတဲ့ ဘိုင်အိုလော်ဂျီသင်တဲ့ အတန်းပိုင် ဆရာမ မျက်နှာက ပြူးတူးပြာတာနဲ့ ”ဘာလုပ်တာလဲ နင်တို့ ဒုက္ခရောက်ကုန်တော့မှာပဲ မလုပ်ကြပါနဲ့ ဆရာမတောင်းပန်ပါတယ်” လို့ ပြောလိုက်တဲ့အချိန်မှာ ယေက်ျားလေးထဲက တယောက်က ”ဆရာမ ကျွန်တော်တို့ကို တားမနေပါနဲ့တော့ ဒီလူသတ်၊ မုဒိန်းကျင့် အစိုးရကို ကျွန်တော်တို့ ဖြုတ်ချမှ ရတော့မယ်” ပြန်ပြောလိုက်ပေမယ့် ကျန်တဲ့သူတွေကတော့ ကမ္ဘာမကြေကို အဆိုမပျက် ပဲ ဆက်ဆိုနေတယ်။" ပြည်ထောင်.....စုကို အသက်ပေးလို့ ဒို့.".(ဒို့ကာကွယ်မလေအထိ စာကြောင်းဆုံးအောင် မဆိုလိုက်ရဘူး)
"အားလုံးတိတ်ကြစမ်း မင်းတို့ကိုယ်မင်းတို့ ဘာထင်နေလဲ လုံးဝဆက်မဆိုနဲ့ ငြိမ်ငြိမ် တိတ်တိတ်နေကြစမ်း” ဆရာကြီးရဲ့ အသံဖြစ်တယ် ဆရာကြီးကိုတော့ တခါမှ ရိုက်တာမတွေ့ပေမယ့် အရှိန်အ၀ါကြောင့် ထင်တယ် ကျောင်းသား အားလုံးက ကြောက်ကြတယ်။ ဆရာကြီးက အပေါ်ထပ်က အခန်းအားလုံး ကြားအောင် အသံကျယ်ကျယ်နဲ့ ကျွန်မတို့အခန်းရှေ့က နေအော်ပြီးပြောတော့ အတန်းကြီးဆုံးတွေ ဖြစ်တဲ့ ကျွန်မတို့ အပေါ်ထပ်က အတန်းတွေ အားလုံးနီးပါး ငြိမ်သွားကြတယ်။ ဒါပေမယ့် အောက်ထပ်နဲ့ တခြားအတန်းကတွေ ဆက်ဆိုနေတော့ အဲဒီအတန်းတွေကို သွားထိန်းဖို့ ဆရာကြီးကသွားလိုက်တယ်။ ကျွန်မတို့ အောက်ဘက်က သူငယ်တန်းက ကလေးတွေရဲ့ ကမ္ဘာမကြေ သီချင်းသံကို သဲသဲကွဲကွဲကြားနေရပါတယ်။
ကျွန်မတို့ ကျောင်းက အင်္ဂလိပ် အက္ခရာ E ပုံသဏ္ဍန် ရှိပြီး E ပုံသဏ္ဍန်ရဲ့ ကန့်လန့်ဖြတ် မျဉ်းစတဲ့ နေရာတိုင်းမှာ အပေါ်ထပ်တက်တဲ့ လှေကားတွေ ရှိတော့ စုစုပေါင်း လှေကား သုံးခု ရှိပါတယ်။ ကိုးတန်းနဲ့ ၁၀ တန်းမှာ သိပ္ပံနဲ့ ၀ိဇ္ဇာ နှစ်ခန်းစီ ရှိတော့ တတန်းမှာ လေးခန်းစီရှိပါတယ်။ ခုနှစ်တန်းကနေ ၁၀ တန်းအထိက အပေါ်ထပ်မှာ ရှိပြီး သူငယ်တန်းကနေ ၆ တန်းအထိ က အောက်ထပ်မှာ ရှိပါတယ်။ ကျွန်မတို့ အခန်းက ၁၀ တန်း A ဆရာများနားနေခန်းတွေ ရုံးခန်းတွေနဲ့ အနီးဆုံးခန်း E ပုံသဏ္ဍန် ကျောင်းမှာ အရှေ့လှေကားက တက်ရင် ပထမဦးဆုံး ရောက်တဲ့ စာသင်ခန်း ဖြစ်သလို ကျောင်းဆင်းရင်လည်း ပထမဦးဆုံး ကျောင်းပြင်ရောက်တဲ့ အခန်း ဖြစ်တယ်။ အောက်ထပ်က ကျောင်းသားတွေကို ထိန်းဖို့ ဆရာကြီးဆင်းသွားတာ ကျွန်မတို့အတန်းကနေ အပေါ်ထပ်မှာ ရှိတဲ့ အတန်းတွေ အားလုံးရှေ့ကို ဖြတ်ပြီးမှ အနောက်လှေကားက ဆင်းသွားတာ ဖြစ်တယ်။
ဆရာကြီးကြောင့် ခဏငြိမ်သွားရာကနေ ”ဆရာကြီး ပြန်ရောက်လာရင် ငါတို့ အစီစဉ် ဘာမှ ဖြစ်တော့မှာ မဟုတ်ပဲ မနေ့ကလိုပဲ အစီစဉ် ပျက်သွားနိုင်တယ် ကမ္ဘာမကြေလည်း ဆက်ဆိုနေလို့ ထူးတော့မှာ မဟုတ်ဘူး လာအခုပဲ ထွက်ကြရအောင်” လို့ ပြောပြီး ယောက်ျားလေးတွေက အခန်းပြင်ကို စထွက်ကြတော့ ဆရာမက ”မသွားကြပါနဲ့ နင်တို့ဒုက္ခရောက်မှာစိုးလို့ပါ” လို့ တောင်းပန်ပြီး ပြောနေတာကို ကျွန်မတို့ မိန်းကလေးတွေက ဆရာမကိုတလှည့် ယောက်ျားလေးတွေကို တလှည့် ကြည့်ပြီးစဆင် ဆုံးဖြတ်ဖို့ ခက်နေတဲ့အချိန်မှာ ”မိန်းကလေးတွေ နင်တို့က ကျောင်းသူတွေမဟုတ်ဘူးလား မြန်မြန်ထွက်လာကြပါ အချိန်မဆွဲနေကြပါနဲ့ ဆရာကြီး ပြန်ရောက်လာရင် ဘာမှလုပ်လို့ရတော့မှာ မဟုတ်ပဲ မနေ့ကလိုပဲ အစီစဉ်ပျက်သွားလိမ့်မယ်” လို့ ပြောလိုက်တာနဲ့ ဒီနေ့တော့ ပျက်လို့ မဖြစ်ဘူးဆိုပြီး ကျွန်မတို့အားလုံး ဆရာမနဲ့ စာသင်ခန်းကို ထားခဲ့ပြီး စတင်စွန့်ခွာခဲ့ပါတယ်။ အခန်းပြင်ရောက်တော့ ဆရာကြီးက အလယ်လှေကားကနေ အပေါ်ထပ် ပြန်တက်လာပြီလို့ အလယ်လှေကားအနီး ဆယ်တန်း ၀ိဇ္ဇာခန်းဘက် ကျောင်းသားတယောက်က ပြောလိုက်တာနဲ့ ဆရာကြီးရောက်ရင်တော့ ပွဲပျက်တော့မှာပဲ ဆိုတဲ့အသိနဲ့ ချက်ချင်းပဲ ကျောင်းအောက်ကို အမြန်ဆုံးရောက်အောင် အရှေ့လှေကားကနေပြီး ဆင်းပြေးကြတယ်။ ထိုနည်းအတူ တခြား အလယ်လှေကားနဲ့ နီးတဲ့ကိုးတန်းအခန်းတွေက ကျောင်းသားတွေကလည်း အလယ်လှေကားက မဆင်းပဲ ဆရာကြီးနဲ့တွေ့မှာစိုးလို့ အနောက်လှေကားက ဆင်းကြတယ်လို့ သိရတယ်။ ဒီလိုနဲ့ ကျွန်မတို့ဟာ ကျောင်းဝင်းပြင်ကို အစုလိုက် အပြုံလိုက်နဲ့ ရောက်ရှိလာခဲ့ပါတယ်။
ပြည်ထောင်စုနေ့တွေမှာ နှစ်စဉ်နှစ်တိုင်း ဆရာတွေရဲ့ ကြီးကြပ်မှုနဲ့ ဒို့အရေး အော်ဖူးတာကလွဲပြီး ကိုယ့်အစီစဉ်နဲ့ကိုယ် ဆန္ဒလည်း တခါမှမပြဖူး၊ အစိုးရကို ဆန္ဒပြတယ်ဆိုတာ ဗြိတိသျှလက်ထက်မှာပဲ နယ်ချဲ့ကို တော်လှန်ဖို့အတွက် ရှိစရာလိုပြီး ကိုယ့်လူမျိုး အုပ်ချုပ်နေတဲ့အချိန်မှာ ဒါတွေဟာ မလိုအပ်တော့ဘူးလို့ တောက်လျှောက် ထင်လာခဲ့တယ်။ အခုတော့ ကိုယ်ထင်သလို မဟုတ်ပဲ ဗြိတိသျှမှ မဟုတ်ဘူး မကောင်းတဲ့ အစိုးရဖြစ်ရင် ဘာလူမျိုးပဲဖြစ်ဖြစ် ဖြုတ်ချဖို့ လိုအပ်တယ်ဆိုတာ သိလာလို့ ဆရာတွေ တားနေတဲ့ကြားက ဆန္ဒပြဖို့ ကျောင်းဝင်းပြင် ရောက်လာကြတာ ဘာအော်လို့ အော်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ ကျောင်းဂိတ်ဝမှာ တက္ကသိုလ် ကျောင်းသားတချို့ကို တွေ့ရတယ်။ မတ်လနဲ့ ဇွန်လအရေးအခင်းနောက်ပိုင်း ကျောင်းတွေ ပိတ်လိုက်လို့ မြို့ပြန်ရောက်နေကြသူတွေ ဖြစ်တယ်။ တက္ကသိုလ် ကျောင်းသားတွေက ကျွန်မတို့ကို စောင့်ကြိုနေကြပြီး ”ဆန္ဒပြချီတက်တယ် ဆိုတာ ဒီလို အစုလိုက်အပြုံလိုက် ချီတက်လို့မရဘူး စနစ်တကျ ချီတက်ရပါတယ်၊ လေးယေက် တတန်း တွဲပြီး တန်းစီပါ” လို့ ပြောပြပါတယ်။ ပြီးတော့ သူတို့အသင့် ပြင်ဆင်လာခဲ့တဲ့ ကြွေးကြော်သံ စာရွက်တွေကို ဝေပေးပါတယ်။
အဲဒီတော့မှပဲ
သပိတ် သပိတ်.. (မှောက် မှောက်).
ဒီမိုကရေစီ ရရှိရေး …(ဒို့အရေး)၂
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး …(ဒို့အရေး)၂
ဖမ်းဆီးကျောင်းသား ပြန်လွတ်ရေ (ဒို့အရေး)၂
လူသတ်စိန်လွင် ပြုတ်ကျရေး… (ဒို့အရေး)၂ နဲ့
အရေးတော်ပုံ... (အောင်ရမည်)၂ ဆိုတဲ့ ကြွေးကြော်သံကို အော်ရကောင်းမှန်း သိသွားတယ်။ ပြည်ထောင်စုနေ့တိုင်း အော်နေကျ ကြွေးကြော်သံဖြစ်တဲ့ ကြွေးကြော်သံနဲ့ မတူဘဲ ကြွေးကြေ်ထူးထူးဆန်းဆန်းကို အော်ရလို့ ပါးစပ်မှာလည်း အရသာ ပိုရှိသလို စိတ်ဓါတ်တွေမှာလည်း အဆတရာမက ပိုပြီးတက်ကြွနေပါတယ်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး.....(ဒို့အရေး)၂
စီးပွားရးစီမံကိန်း အောင်မြင်ရေး.....(ဒို့အရေး)၂
အဖျက်သမားချေမှုန်းရေး......(ဒို့အရေး)၂
ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေး.... (အောင်ရမည်)၂ ဆိုတာကိုပဲ အမြဲအော်ဖူးပြီး နှလုံးသားထဲရော ပါးစပ်ထဲကိုပါ သံမှိုနဲ့ ရိုက်သွင်းထားသလို ရိုက်သွင်းထားခြင်း ခံရတဲ့ နေ့ကြီးရက်ကြီးနီးတိုင်း အော်နေကျ ကြွေးကြော်သံကလွဲပြီး ပထမဦးဆုံး အသစ်အဆန်း အော်ဖူးတဲ့ ကြွေးကြော်သံဖြစ်တယ်။
ဒါပေမယ့် အဲဒီအချက်တွေထဲမှာ ကျန်တာ အကုန်လုံးနီးပါးက ပထမကျောင်းသားသပိတ်နဲ့ ဒုတိယ ကျောင်းသားသပိတ်တွေ အကြောင်း သင်တုန်းက ကြားဖူးလို့ သိနေပေမယ့် ဒီမိုကရေစီ ရရှိရေးဆိုတဲ့ တခုကိုတော့ ဘာကိုလိုလို့ တောင်းဆိုတယ် ဆိုတာ စချီတက်ချိန်မှာ မသိ၊ နားမလည်ခဲ့တာတော့ အမှန်ပဲ။
ကျွန်မတို့ ဒီကြွေးကြော်သံအတိုင်း ကြွေးကြော်ရင်း ကျောင်းရှေ့လမ်းမတလျှောက် ညာဘက်မှာရှိတဲ့ မြို့တော်ခန်းမဘက်ကို ချီတက်လာကြပြီး မြို့တော်ခန်းမအလွန် နည်းနည်းဆက်လျောက်တော့ အဲဒီတုန်းက ကျွန်မတို့မြို့ရဲ့ တခုတည်းသော ရုပ်ရှင်ရုံ သွားတဲ့လမ်း (အလကကျောင်း ရှိတဲ့လမ်း နာမည်မေ့သွားပြီ) အရောက်မှာ ညာဘက်ထပ်ကွေ့ကာ အလက ကျောင်းရှိတဲ့ဘက်ကို ချီတက်လာကြပါတယ်။ အလက ရှေ့ရောက်တော့ ကျောင်းဂိတ်ဝမှာ ဂိတ်တံခါးကို ပိတ်လျက် ကျောင်းအုပ်ဆရာမကြီးကို တွေ့ရပါတယ်။ ကျွန်မတို့က အလကရှေ့ရောက်တော့ ဆက်မသွားသေးပဲ ကျောင်းရှေ့ကို မျက်နှာမူပြီး ကြွေးကြော်သံတွေနဲ့ ဆက်လက် အော်ဟစ် ကြွေးကြော်နေတဲ့အချိန်မှာ ကျွန်မတို့ အထဲက ခေါင်းဆောင်လုပ်သူ ယေက်ျားလေး တချို့ကလည်း ငါးတန်းကနေ ရှစ်တန်းအထိ ကျောင်းသားတွေထဲက ဆန္ဒရှိသူတွေကို ၀င်ခေါ်ဖို့ အတွက် တံခါးဖွင့်ပေးဖို့ ဆရာမကြီးကို တောင်းဆိုပါတယ်။ ဒီတော့ ဆရာမကြီးက ”နင်တို့ဘာသာနင်တို့ သွားကြ ငါ့ကျောင်းသားတွေကို လာမခေါ်နဲ့ ကျောင်းဝင်းထဲကို ၀င်လာဖို့လည်း မကြိုးစားကြနဲ့ တံခါးလည်း မဖွင့်ပေးနိုင်ဘူး အခုချက်ချင်း ငါ့ကျောင်းရှေ့က ထွက်သွားကြ” လို့ မေင်းထုတ်ပါတယ်။
ယေက်ျားလေးတွေကလည်း ”ဆရာမ ကျွန်တော်တို့ကို မမောင်းထုတ်ပါနဲ့ ဆရာမ ကျောင်းရှေ့က မြန်မြန် ထွက်သွားစေချင်ရင် တံခါးဖွင့်ပေးပါ၊ မဖွင့်ပေးရင် ကျွန်တော်တို့ဖါသာ ကျွန်တော်တို့ မရရတဲ့နည်းနဲ့ ပွင့်အောင်လုပ်ပြီး ဆန္ဒလိုက်ပြ လိုက်ချင်တဲ့ ကျောင်းသားတွေကို ရအောင် ခေါ်ပြီးတော့မှ ပြန်မယ်” လို့ ပြောပြီး ”အကလက ကျောင်းသားတွေ နင်တို့က ကျောင်းသားတွေ မဟုတ်ဘူးလား ထွက်လာကြ” လို့ လှမ်းအော်ခေါ်နေတယ်။ ခေါင်းဆောင် တချို့က ဆရာမကြီးနဲ့ အခုလို အခြေအတင် ဖြစ်နေတဲ့ တချိန်မှာ ကျန်တဲ့ ကျွန်မတို့ အထကကလာတဲ့ ကျောင်းသားတွေက ကြွေးကြော်သံတွေကို ပိုပြီးကျယ်အောင် ဟစ်ကြွေးနေကြတယ်။ ကြွေးကြော်သံဒဏ်ကို မခံနိုင်ပဲ ထွက်လာချင်လို့ ကြိုးစားနေကြတဲ့ ၈ တန်းကျောင်းသားတွေကို အတန်းပိုင်ဆရာ၊ ဆရာမတွေက ငြိမ်ငြိမ်နေဖို့နဲ့ တိတ်တိတ်နေဖို့ ပြောပြီး လိုက်ထိန်းနေရတာကိုလည်း ကျွန်မတို့ တွေ့နေရပါတယ်။ ဒီအချိန်မှာ ခြေထောက်သိပ်မသန်တဲ့ ခုနှစ်တန်း ကျောင်းသားလေး တယောက်က ဆရာမတွေ ထိန်းနေတဲ့ကြားကနေ ဒို့အရေး ဒို့အရေးလို့ ကြွေးကြော်ပြီး ထွက်ပြေးလာတဲ့ အချိန်မှာတော့ တခြားကျောင်းသားတွေ အကုန်လုံးကလည်း စုပြုံပြီး လိုက်ထွက်လာကြပြီး ဆရာဆရာမတွေ ထိန်းမနိုင်တော့ပဲ အလက ကျောင်းသားတွေ ကျောင်းဝင်းပြင်ကို ရောက်ရှိလာကြပါတယ်။ ကျွန်မတို့ ကျောင်းဝင်းပြင်ကို ရောက်လာတုန်းကအတိုင်းပဲ တက္ကသိုလ် ကျောင်းသားတွေ၊ စာပေးစာယူဖြေနေသူတွေ ဖွံ့ဖြိုးရေးသိပ္ပံက ကျောင်းဆင်းထားသူတွေက တန်းစီ ချီတက်ပုံကို ပြောပြပြီး နေရာချပေးပါတယ်။
ပြီးတော့ ကျောင်းနှစ်ကျောင်းက ကျောင်းသားတွေနဲ့ တက္ကသိုလ် ကျောင်းသားတွေ ကျောင်းသားဟောင်းတွေ ပေါင်းပြီး တမြို့လုံးပတ်ပြီး ချီတက် ဆန္ဒပြကြပါတယ်။ ဆန္ဒပြတဲ့ ကာလတလျှောက်လုံး တက္ကသိုလ် ကျောင်းသားတွေနဲ့ ကျောင်းသားဟောင်းတွေက ဘေးကနေ ၀န်းရံပြီး ချီတက်ဖို့လမ်းကို ညွန်ပြပါတယ်။ လမ်းတလျှောက်မှာ အားပေးနေတဲ့သူတွေထဲက ကိုယ်တိုင် မချီတက်ပေမယ့် လမ်းဘေးတဖက်တချက်မှာ လက်ခုပ်တီးပြီး အားပေးနေကြပါတယ်။ ဒီအထဲမှာ မိမိတို့သားသမီးကို လိုက်ရှာပြီး ပြန်လာဆွဲခေါ် ခေါ်သွားကြတဲ့ မိဘတွေလည်း ရှိပါတယ်။ ဆန္ဒပြသူတွေကို စေတနာ အပြည့်နဲ့ ရေတိုက်သူ၊ အချိရည်တိုက်တဲ့သူ၊ သကြားလုံးချိုချည်နဲ့ မုန့်ပဲ သရေစာ ဝေတဲ့သူတွေက မကြာခဏ လာလာဝေပေးပြီး အားပေးကြတာလည်း အံ့မခန်းလောက်အောင်ပါပဲ။ ကျွန်မတို့ အခန်းက ယောက်ျားလေးတွေ အများဆုံးပါဝင်တဲ့ အထကမှာ အတန်းကြီးဆုံးဖြစ်ကြတဲ့ ကိုးတန်းနဲ့ ၁၀ တန်း ကျောင်းသားတွေကတော့ လမ်းဘေးက အားပေးနေသူတွေကို ဘာကြောင့် ဆန္ဒပြရတယ် ဆိုတာကို တလျှောက်လုံး Speaker နဲ့ အော်ပြီး ရှင်းပြလာပါတယ်။
ကျွန်မတို့ တမြို့လုံးအနံ့ ချီတက် ဆန္ဒပြခဲ့ပါတယ်။ မြို့ကသေးတော့ ကြာကြာ မပတ်လိုက်ရပဲ နေ့လည် ထမင်းစား ကျောင်းဆင်းချိန်ခန့်မှာပဲ တမြို့လုံး နှံ့သွားပါတယ်။ အဲဒီအချိန်မှာ မြို့ထဲက မြို့သူမြို့သားတွေဆီက တအိမ်ထမင်းထုပ်တထုတ်စီ လာပို့ထားလို့ ဖက်ရွက်နဲ့ ထုပ်ထားတဲ့ ထမင်းထုတ်တွေကိုပဲ နေ့လည်စာ အဖြစ်စားကြပါတယ်။ စုရပ်မရောက်မီ မြေနီကုန်းလမ်း (အခုတော့ အခေါ်အဝေါ် ပြောင်းနေနိုင်တယ်) ကို ဖြတ်ပြီး ဂတ်တောင် (ရဲစခန်းရှိတဲ့ကုန်းကို ခေါ်တဲ့ ဒေသအခေါ်) ကို ဖြတ်လာရာမှာ ပုလိပ်တွေက သေနတ်တွေကိုင်ပြီး ပြူးကြောင်ပြီး ခက်ထန်တဲ့ အကြည့်စမ်းစိမ်းနဲ့ ကြည့်နေကြတော့ စိတ်ထဲမှာ စိုးရိမ်မှုတွေ ရှိခဲ့ကြတာတော့ အမှန်ပဲ။ ဒါပေမယ့် ဒီအချိန်မှာ သေရမယ်ဆိုရင်တောင် သေဖို့အဆင်သင့်ပဲ ဆိုတဲ့ပုံစံနဲ့ အဲဒီအချိန်မှာ အကြောက်တရား လုံးဝမရှိဘဲ စိတ်ဓါတ်တွေက ပြင်းထန်နေခဲ့ကြတယ်။ တကယ်ကို အဲဒီအချိန်မှာ ပုလိပ်တွေ ပစ်ရင်တောင်မှ ကြောက်စိတ်နဲ့ သေသွားမှာမဟုတ်ဘဲ အာဏာရှင်စနစ်ဆိုး ပြုတ်ကျပါစေလို့ အော်ပြီး သေသွားလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ပြီးနောက် ဂတ်တောင်ကို ကျော်သွားပြီး ကမ်းနားလမ်းကို ဖြတ်ချိန်မှာ လက်ဘက်ရည်ဆိုင်တဆိုင်ထဲမှာ မြို့နယ်ပြည်သူ့ကောင်စီ ဥက္ကကိုတွေ့လိုက်ရတယ်။ သူ့ရှေ့ရောက်တော့ ကျောင်းသားတွေက ကြွေးကြော်သံကို အသံပိုကျယ်ကျယ်နဲ့ အော်ကြတယ်။ ကမ်းနားလမ်းကအပြန် တရားဟော စင်မြင့်ရှိရာ လွတ်လပ်ရေး ကျောက်တိုင်ကို သွားဖို့ ဗိုလ်မှူးဗထူး လမ်းအတိုင်း ပြန်တက်လာတဲ့ အချိန်ကျမှ ကျွန်မမှာ ဖိနပ်မပါလာတာ သတိထားမိတယ်။ ဆရာကြီး အလယ်လှေကားကနေ ကျောင်းအောက်ထပ်က ပြန်တက်လာတော့မယ်ဆိုတာ သိလိုက်တာနဲ့ ကျောင်းအောက်ကို မြန်မြန်ရောက်ချင်ဇောနဲ့ အခန်းရှေ့ဖိနပ်ချွတ်တဲ့ နေရာမှာ ဖိနပ်သွားစီးဖို့ မေ့ပြီးဆင်းလာခဲ့မှန်း သတိထားမိတယ်။
ဗိုလ်မှူးဗထူးလမ်းအဆုံး ညာဘက်ကိုကွေ့တော့ အဲဒီအချိန်က ကျွန်မတို့မြို့ရဲ့ တခုတည်းသော ရုပ်ရှင်ရုံနဲ့ မျက်စောင်းထိုးနေရာ လွတ်လပ်ရေးကျောက်တိုင်ရှိ စင်မြင့်ပေါ်မှာ တက္ကသိုလ် ကျောင်းသားတွေနဲ့ ကျောင်းသားဟောင်းတွေက မိန့်ခွန်းပြောဖို့အတွက် စုဝေးကာ မိန့်ခွန်းပြောတဲ့ အစီစဉ်ကို စတင်ခဲ့ပါတယ်။ မိန့်ခွန်းပြောတဲ့အခါမှာတော့ တက္ကသိုလ် ကျောင်းသားတွေနဲ့ ဖွံ့ဖြိုးရေးသိပ္ပံကျောင်းဆင်းလာသူတွေ၊ ကျောင်းသားဟောင်းတွေက ဇာတ်လိုက်တွေ ဖြစ်သွားကြပြီး ကျွန်မတို့အထက်တန်း အလယ်တန်း ကျောင်းသားတွေနဲ့ အနောက်မှာတော့ မြို့က နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတက်တောင် များပြားလှတယ် ထင်ရတဲ့ မြို့သူမြို့သားတွေက နားထောင်သမား သက်သက်ဖြစ်သွားကြတယ်။ ကျွန်မလည်း သူတို့ရဲ့ မိန့်ခွန်းတွေကို သေသေချာချာ နားထောင်ရတဲ့အခါမှာမှပဲ တမနက်လုံး မသိပဲနဲ့ အော်လာတဲ့ ဒီမိုကရေစီရဲ့ အဓိပ္ပါယ်အပြင် လူ့အခွင့်အရေးဆိုတာကိုပါ နားလည်ခွင့်ရတော့တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတချို့တလေမှာ ဒီမိုကရေစီကျကျ တည်ဆောက်ရမယ် ဆိုတာ တခါတလေ ဖတ်ဖူးပေမယ့် ဒီမိုကရေစီဆိုတာ ဘာကိုပြောလဲဆိုတာကိုတော့ အဲဒီနေ့မှာမှ အတိအကျ ကျွန်မနားလည်ခဲ့တယ်။
ဒီမိုကရေစီဆိုတာ အများပြည်သူအုပ်ချုပ်တာ ဖြစ်ပြီး အခုကျွန်မတို့နိုင်ငံမှာက အာဏာရှင် အုပ်ချုပ်နေပြီး တိုင်းသူပြည်သားတွေမှာ လူ့အခွင့်အရေး မရှိကြောင်း၊ လူ့အခွင့်အရေးဆိုတာ လူတိုင်းလူတိုင်းမှာ လွတ်လပ်စွာ ပြောဆိုရေးသား ဖွင့်ဟပိုင်ခွင့်၊ မိမိကြိုက်တဲ့အစိုးရကို လွတ်လပ်စွာ ရွေးချယ်တင်မြောက် ဖြုတ်ချပိုင်ခွင့်ရှိတဲ့အကြောင်းကို ဟောပြောတာကို နားထောင်လိုက်မှ အတော်လေး သဘောပေါက်သွားပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်မတို့မြန်မာပြည်က အများဆန္ဒမပါဘဲ လူတယောက်တည်း၊ တစုတည်းက ချယ်လှယ် အုပ်ချုပ်တာဖြစ်တဲ့အတွက် တိုင်းပြည်က ချမ်းသာရာကနေ အဆင်းရဲဆုံး ဖြစ်လာတယ်။ ဒီစနစ်ကို ပြုတ်ကျအောင် လုပ်ရမယ်ဆိုတဲ့ အသိနဲ့ ခံယူချက်ရဲ့ အခြေခံအုတ်မြစ်ကို ကျွန်မရခဲ့ပါတယ်။
မိန့်ခွန်းပြောတဲ့ တက္ကသိုလ် ကျောင်းသားတွေက ဒီမိုကရေစီ လူ့အခွင့်အရေးတွေ အပါအ၀င် ၆၂ မှာ ပါလီမန် ဒီမိုကရေစီ အစိုးရဆီက စစ်တပ်က အတင်းအာဏာ သိမ်းပုံ၊ 7 July ကနေ ၈၈ အထိ ဖြစ်လာခဲ့တဲ့ ၆၉ခု၊ ကျွန်းဆွယ်အရေးအခင်း၊ ၇၄ ခု၊ ဦးသန့်အရေးအခင်း (ဘာဖြစ်တယ်ဆိုတာ မသိပေမဲ့ ကြားဖူးတယ်)၊ ရခိုင်ဆန်ပြဿနာ၊ ၇၆ ခု မှိုင်းရာပြည့် အရေးအခင်း၊ ၈၇ ငွေစစက္ကအရေးအခင်း (ဒီတခုကိုတော့ သိတယ်) ၈၈ ခု၊ မတ်လနဲ့ ဇွန်လ အရေးအခင်းတွေမှာ လက်နက်နဲ့ ဖြေရှင်းခဲ့တဲ့အကြောင်းကို ကိုမင်းကိုနိုင် လက်မှတ်နဲ့ ဗကသက ဖြန့်ဝေတဲ့ စာထဲမှာ ကျွန်မတို့ ဖတ်ထားတာထက် ပိုမို အသေးစိတ်ကျတဲ့ အချက်တွေကို ပြောပြခဲ့ပါတယ်။ ဆန်ရေစပါး ပေါများကြွယ်ဝပြီး သယံဇာတ တွင်းထွက်ပစ္စည်းတွေ၊ ကျွန်းသစ်၊ ရေနံ၊ ရေထွက်ပစ္စည်းတွေ များပြားလှတဲ့အကြောင်း ရှစ်တန်းအထိ သင်ဖူးတဲ့ ပထ၀ီဘာသာထဲကအတိုင်း ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံအထဲမှာ ပါတယ်လို့ ထင်ရတဲ့ ကျွန်မတို့ မြန်မာနိုင်ငံက ကိုယ်ထင်ထားတာနဲ့ ဆန့်ကျင်ဘက် အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေတယ်ဆိုတဲ့အသိ၊ ၆၂ မှာ တိုင်းပြည်ကို ပြိုကွဲမှာစိုးလို့ အာဏာသိမ်းရတယ်ဆိုတာကိုပဲ နားလည်ရာကနေ အရေးအခင်းတိုင်း တောက်လျှောက် လူသတ်လာတဲ့ လူသတ်အစိုးရအဖြစ် မယုံနိုင်လောက်အောင် ရက်စက်ယုတ်မာတဲ့ အစိုးရဖြစ်နေတာကို သိလိုက်ရတဲ့ ဒီအရေးအခင်း ရတဲ့ အသိတွေကတော့ ကျွန်မကို စိတ်သစ်၊ လူသစ်အဖြစ် ဒုတိယအကြိမ် မွေးဖွားပေးလိုက်ပါတယ်။ မောင့်ကျက်သရေ ခေါင်းပေါင်းကြီးနဲ့ ဓါတ်ပုံတွေ သတင်းကားတွေထဲမှာ(အဲဒီအချိန်က ကျွန်မတို့ရွာမှာ တအိမ်မှ TV မရှိသေးဘူး) ကြည့်ရတာ ကျွန်မမျက်စိမှာ ကျက်သရေရှိလှတဲ့ ဦးနေ၀င်းပုံကလည်း ချက်ချင်း မောင့်ကျက်သရေခေါင်းပေါင်း ပြုတ်ကပြီး ဘီလူးခေါင်းက အစားထိုးနေရာယူလာသလို ခံစားလိုက်ရတယ်။
အဲဒီနေ့က ဟောပြောပွဲပြီးတဲ့အချိန်က ကျွန်မတို့ ကျောင်းဆင်းချိန်နဲ့ အတူတူလို ဖြစ်နေပြီး နောက်နေ့တွေမှာ သပိတ်စခန်းတွေကို ဖွင့်ပြီး ဒီအစိုးအရ မကျမမချင်း တိုက်ပွဲဝင်မယ်ဆိုတာနဲ့ ဆုံးဖြတ်ပြီး ဒီနေ့အတွက် ဆန္ဒပြပွဲကို ကြွေးကြော်သံတွေနဲ့အတူ ငြိမ်းချမ်းစွာ အဆုံးသတ်ခဲ့ပါတယ်။ မြို့ကြီးတွေမှာလို ပစ်ခတ်မှုတွေ မဖြစ်လို့ ကျွန်မတို့ဆီမှာ ကျောင်းသားတွေ သွေးမြေမကျခဲ့ရဘူး။ တနိုင်ငံလုံးမှာ ရှိတဲ့ တခြားဒေသတွေက နယ်တွေမှာလည်း ဒီလိုပဲ သွေးမြေကျတာ မကြားသိခဲ့ရပါဘူး။ မြန်မာပြည်ရဲ့ လူဦးရေ အများစုဟာ နယ်တွေမှာပဲ ရှိတဲ့အတွက် နယ်တွေမှာရှိတဲ့ ပြည်သူလူထုတွေကိ ဒီမိုကရေစီ လူ့အခွင့်အရေး သဘောတရားတွေကို နားလည်အောင် လုပ်ဖို့ဆိုတာ တကယ်ပဲ အရေးကြီးပါတယ်။ ပြည်သူလူထုက ဒီသဘောတရားတွေကို နားမလည်ပဲနဲ့ မြန်မာပြည်ကို အပြောင်းအလဲ လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီနေ့က ဆန္ဒပြပွဲမှာ ပြည်သူလူထုတွေနဲ့ ကျွန်မတို့လို ငယ်ရွယ်တဲ့ အထက်တန်း၊ အလယ်တန်း ကျောင်းသားတွေကို တက္ကသိုလ် ကျောင်းသားတွေက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အသိတရားတွေ ပေးနိုင်ခဲ့ပါတယ်။ ဒီအသိတရားတွေနဲ့အတူ ကျွန်မဘ၀ဟာလည်း မိဘ၊ ညီအစ်ကို မောင်နှမတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်ပြီး ဒီမိုကရေစီ၊ လူ့အခွင့်ရေးအတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဒုတိယအကြိမ် ရှင်သန်လာခဲ့တာ အခုထိပါပဲ။
နောက်ပိုင်းတော့ သပိတ်စခန်းတွေ ဖွင့်ဖြစ်ပြီး ကျွန်မတို့ ရွာအပါအ၀င် အလယ်တန်းကျောင်းအဆင့်ရှိတဲ့ ရွာတွေအားလုံးမှာ သပိတ်စခန်းတွေ ဖွင့်ပြီး တိုက်ပွဲဝင်ခဲ့တာ စက်တင်ဘာ ၁၈ ရက်နေ့ အာဏာသိမ်းတဲ့အချိန် ထွက်ပြေးရတဲ့အထိပါပဲ။ တချို့ကျောင်းသားတွေ အဲဒီနေ့က စတဲ့သပိတ်ကနေ အစွန်အဖျားပိုကျတဲ့ ရွာတွေကို စည်းရုံးရေးဆင်းလိုက် သပိတ်စခန်းကို ပြန်လိုက်နဲ့ အိမ်ကို တခေါက်မှ ပြန်မရောက်တော့ဘဲ စက်တင်ဘာ ၁၈ ရက်နေ့ အာဏာသိမ်းတဲ့အချိန်မှာ တခါတည်း တောထဲရောက်လာတဲ့သူတွေလည်း ရှိပါတယ်။ ကျွန်မ အတွက်တော့ အဲဒီနေ့က ဖိနပ်မပါပဲ တမြို့လုံးနှံ့အောင် ရောက်ခဲ့တာနဲ့ ကျွန်မတို့ စာသင်ခန်းက ထွက်ခွာလာတဲ့အချိန်မှာ ကျွန်မတို့အတွက် စိုးရိမ်လို့ မျက်နှာပြင်တခုလုံး နီမြန်းပြီး အပူရုပ်နဲ့ အခန်းထဲမှာ တယောက်တည်း ကျန်ခဲ့တဲ့ ဆရာမရဲ့ရုပ်ပုံလွှာကိုတော့ မြန်မာပြည်မှာ ကျွန်မတက်ခဲ့တဲ့စာသင်ခန်းရဲ့ နောက်ဆုံးမြင်ကွင်းအဖြစ် အမြဲအမှတ်ရလျက် ရှိနေပါတယ်။ စာသင်ခန်းကို စွန့်တဲ့နေ့မှာ စီးတဲ့ဖိနပ်ကိုပါ စာသင်ခန်းရှေ့မှာ ထားခဲ့ပြီး ကျွန်မလို မြို့တမြို့လုံးနှံ့အောင် ဖိနပ်မပါပဲ လမ်းလျှောက်ဖူးသူ ဒီကမ္ဘာမှာ တယေက်တလေမှ ရှိမယ်မထင်ပါဘူး။
8.8.88 အရေးတော်ပုံနဲ့ ခေတ်အဆက်ဆက်မှ ဒီမိုကရေစီအတွက် အသက်ပေးသွားသော သူရဲကောင်းများ ကောင်းရာသုဂတိ လားပါစေ။
အသက်ရှိထင်ရှား ရှိလျက် ဆက်လက်တိုက်ပွဲဝင်နေသူများ ညီညွတ်ကြပါစေလို့ ဆန္ဒပြုလျက်
(ပုလောအထကပုံကို ပုလောဆုံဆည်းရာက ကူးယူဖေါ်ပြပြီး ဒုတိယဓာတ်ပုံကို အင်ယုဆီက ကူးယူဖေါ်ပြထားပါတယ်။)
(တလောက ပုလောမှာ စာပေဟောပြောသွားတဲ့ ဆရာ ဦးဘုန်းဓာတု Uphone Dhartu နဲ့ ဆရာ Nyi Minn Nyo တို့က ပုလောပုရိတ်သတ်ကို ချီးကျူးသွားတာ တွေ့လိုက်တယ်။ အဲဒီ မြို့သေးသေးလေးမှာ အရေးတော်ပုံ ဘယ်လိုစခဲ့တယ်ဆိုတာလည်း စိတ်ဝင်စားရင် ဖိတ်ခေါ်ပါတယ်
``လူငယ်တွေဖတ်ဖြစ်အောင်ဖတ် သမိုင်းဆိုတာဖျောက်ဖျက်လို့မရ"
**အမျိုးဘာသာ စောင့်ရှောက်ဖို့
ပြည်ခိုင်ဖြိုး ကို မဲပေးစို့
ဟု ဟောပြော စည်းရုံးနေသူများသို့ ...**
***အ၀ီဇိဆိုတာ ကြားဖူးသလား***
----------------------------------------
By : လွန်းနွေငြိမ်း
(၁)
“စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံကို ၂၀၀၄ ဒီဇင်ဘာတွင် ကမ္ဘာအေး ကုန်းမြေပေါ်မှာ ကျင်းပမည်ဆိုတဲ့သတင်းကို စကြားလိုက်ရတဲ့အခိုက်မှာ ကျနော့်ခေါင်းထဲမှာ တော်တော်ရှုပ်ထွေးသွားပါတယ်။ ကြည်ကြည်နူးနူးနဲ့ သာဓုပဲခေါ်လိုက်ရမှာလား။ စိတ်မသက်
မသာနဲ့ ခေါင်းပဲရမ်းလိုက်ရမှာလား။ ဒီအတွက် ချမ်းချမ်းမြေ့မြေ့ကြီးကိုပဲ ဂုဏ်ယူလိုက်ရမှာလား။ အလွဲလွဲအချော်ချော်တော့ ဖြစ်ကုန်ကြတော့မယ်ထင်ပါရဲ့လို့ ပူပန်သောက ပွားလိုက်ရမှာလား။ စက္ကန့်အချို့အကြာမှာတော့ ဒါရဲ့အဖြေကို ကျနော် ကျကျနနကြီးကိုပဲ ထုတ်လို့ရသွားပါတော့တယ်။
(၂)
ကျနော်က ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူတယောက်ပါ။ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ မြန်မာနိုင်ငံမှာ ဂုဏ်ယူစရာတွေ အပြည့်ရှိခဲ့ပါတယ်။ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားမှုသမိုင်းမှာ သံဂါယနာ (၆) ကြိမ်သာ တင်ခဲ့ဖူးတဲ့အထဲမှာ ကျနော်တို့နိုင်ငံက နှစ်ကြိမ်တိုင်တိုင်တင်ခဲ့နိုင် လောက်အောင် ရဟန်းအာဇာနည်များ ထွန်းကားခဲ့တာပါ။ ပဉ္စမသံဂါယနာတင်အပြီးမှာ မင်းတုန်း မင်းတရားကြီးဟာ ပိဋကတ်တော်များ အဓွန့်ရှည်စွာ တည်စေနိုင်ဖို့ ကျောက်ချပ်ရေပေါင်း (၇၂၉) ချပ်ပေါ်မှာ (၇) နှစ်နှင့် (၅) လကျော်မျှ အချိန်ယူ ကျောက်ထက်အက္ခရာ တင်တော်မူခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးလို့ နိုင်ငံတကာက အံ့သြယူရတဲ့ ကုသိုလ်တော်ပါပဲ။ မန္တလေးတောင်ခြေ မှာရှိတဲ့ ကုသိုလ်တော်စေတီ မဟာရံအတွင်းမှာ လိုဏ်ဂူပြဿဒ်များဖြင့် ကျောက်စာတိုင်များကို တည်ထားကိုးကွယ်တော်မူခဲ့ပါတယ်။ သခင်နုရဲ့ ပါလီမန်အစိုးရလက်ထက်မှာလည်း ကမ္ဘာအေး လှိုင်ဂူမှာ နိုင်ငံတကာက မထေရ်မြတ်များကိုပါ ပင့်ဖိတ်လျှောက်ထားပြီး မင်းကွန်းဆရာတော်
ဦးဝိစိတ္တ၊ မဟာစည်ဆရာတော်ဘုရား အစရှိတဲ့ မထေရ်မြတ်များနှင့် ဆဌသံဂါယနာကိုတင်ခဲ့
နိုင်တာပါ။
(၃)
အခု… နအဖ စစ်အစိုးရက ကမကထပြုပြီးကျင်းပတော့မယ်ဆိုတဲ့အခါ ကျနော် ဘယ်လိုမှ ဂုဏ်မယူ နိုင်တော့ပါ။
ဘာကြောင့်လဲ။
ကျနော့်မှာ လုံလောက်တဲ့ အကြောင်းတွေရှိခဲ့ပါတယ်။
(၄)
၁၉၉၀ ခုနှစ် ဒီဇင်ဘာကပါ။
နှင်းတွေ ဖွေးဖွေးလှုပ်နေအောင်ကျနေလို့ ထောင်ဖွင့်နောက်ကျတဲ့ တမနက်ခင်းမှာ…
ဂန်ဖလားတွေပြည့်နေလို့ ကုဋီတက်ရခက်ပြီး ဒုက္ခဖြစ်နေရတဲ့ ဆရာတော်ကြီးတွေကို ကျနော်တွေ့ခဲ့ရပါတယ်။ ဂန်ဖလားက (၁) ခန်းကို (၂) လုံးပဲ ပေးထားပြီး (၈) ပေ (၁၀) ပေ အခန်းကျဉ်းလေးထဲမှာ ဆရာတော်တွေ (၅) ပါး။ (၆) ပါး အပြည့်အသိပ်ထည့်ထားတာပါ။ ဂန္ဓာရုံတိုက်အုပ် ဆရာတော်၊ ရွှေဘုန်းပွင့် ဆရာတော်၊ သာကေတ ဆရာတော်၊ မဟာဗောဓိ ဆရာတော်၊ မေဒိနီ ဆရာတော်၊ အင်းစိန်ရွာမ ဆရာတော်၊ သိမ်တော်ကြီး ဆရာတော်၊ သရက်တောကျောင်းတိုက် ဆရာတော်ကြီးများနှင့် စာဝါတက်နေတဲ့ သံဃာတော်တွေ။
အင်္ကျီအဖြူ ပုံမကျ ပန်းမကျတွေနဲ့ ပုဆိုးအပြာရောင်ကွက်ထောက်တွေနဲ့။ အင်းစိန် သီးသန့် အကျဉ်း ထောင်ရဲ့ အဆောင် (၁) နှင့် (၂) မှာ တရာနီးပါးလောက်ရှိတဲ့ သံဃာတွေနဲ့ ပြည့်လုဘနန်း ဖြစ်သွား ရတယ်။ ရန်ကုန်က ကျောင်းတိုက်ကြီးတွေကို မွှေနှောက်ဖမ်းဆီးပြီး စစ်ကြောရေးစခန်းတွေမှာ သင်္ဃန်းဆွဲချွတ် လူဝတ်လဲခိုင်းပြီး အင်းစိန်ထောင်ကို ပို့လိုက်တာပါ။
တိပိဋကတ် (၃) ပုံ နှုတ်ငုံအောင်ထားပြီးတဲ့ ဂန္ဓာရုံဆရာတော် ဦးသုမင်္ဂလ ပဲ ဖြစ်ဖြစ်၊ (၂) ပုံအောင် ထားတဲ့ ဂန္ဓရုံတိုက်အုပ် ဆရာတော်ပဲဖြစ်ဖြစ်၊ စကြာသီဟ၊ စေတီယင်္ဂန စာမေးပွဲတွေကို ထူးထူး
ချွန်ချွန် အောင်မြင်ထားတဲ့ ကျမ်းပြုဆရာတော်တွေပဲဖြစ်ဖြစ် အင်္ကျီအဖြူ ပုဆိုးကွက်ထောက်တွေနဲ့ ဖြစ်နေကြပါပြီ။
ပုဆိုးကို ကောင်းကောင်းမစည်းတတ်လို့ သင်းပိုင်ဝတ်သလိုလိပ်ပြီး ၀တ်ထားတာကလည်း ဆရာ တော်ကြီးတွေကို မြင်နေရတဲ့ ကျနော်တို့အဖို့ စိတ်မသက်မသာရှိလှပါတယ်။
စစ်ကြောရေးစခန်းမှာ ဆရာတော်တွေကို ကျွမ်းထိုးခိုင်းတဲ့အကြောင်း၊ ထိုင်ထ လုပ်ခိုင်းတဲ့အကြောင်း၊ အရိုက်အနှက်ခံရတဲ့အကြောင်း၊ “မင်းတို့က ဘုန်းကြီးမဟုတ်ဘူး။ သံဃာမဟုတ်ဘူး။ မင်းတို့က သင်္ဃန်းဝတ်တွေ” ဆိုပြီး မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာခံရတဲ့အကြောင်း ဦးဇင်းငယ်တွေက ပြောပြကြပါတယ်။ ဆရာတော်ကြီးတွေကတော့ ကျနော်တို့ ဒေါသဖြစ်ပြီး အကုသိုလ်ဖြစ်မှာစိုးလို့ ထင်ပါရဲ့။ သိပ်မပြောစေချင်ကြဘူး။
ဒီလိုရန်ကုန်မှာ ဆရာတော်တွေကို အင်းစိန်ထောင်ထဲ ပို့လိုက်သလို မန္တလေး လေးပြင်လေးရပ်က ဆရာတော်တွေကိုလည်း မန္တလေးထောင်တွေထဲကို ထောက်လှမ်းရေး (၁)၊ ထောက်လှမ်းရေး (၁၆) က တဆင့် ပို့လိုက်ကြပါပြီ။ ထောင်ဒဏ် (၃) နှစ်၊ (၇) နှစ်၊ (၁၀) နှစ် အသီးသီးချပြီး ထောင်တွေခွဲပြီး ပို့လိုက်ပါတယ်။ တိပိဋကတ်ဆရာတော် ဦးသုမင်္ဂလဆိုရင် ဟိုးအဝေးဆုံး မြစ်ကြီးနားထောင်ထိ ပို့ပစ်လိုက်ပါတယ်။
ဒီလို ဘာကြောင့် ဖမ်းဆီးတာလဲ။ ဒီလောက် ဘာကြောင့်အညှိုးတကြီးဖြစ်ကြရတာလဲ။
အပြစ်ကတော့…
“ဗိုလ်ချုပ်တွေ ဆွမ်းစားပင့်တာကို ဆွမ်းစားမကြွလို့”
“ဗိုလ်ချုပ်တွေလှူတဲ့ စာအုပ်နှင့် စာရေးကိရိယာတွေကို ဆရာတော်များက လက်မခံဘဲ ပြန်ပို့လိုက်
လို့” လို့ ဆရာတော်ကြီးတပါးက ရှင်းပြပါတယ်။
(၅)
“မိုးကောင်းကျောင်တိုက် ဆရာတော် ဦးရေ၀တ ပျံတော်မူပြီ” လို့ ကြားရတော့ ကျနော်တို့ တော်တော် မင်သက်သွားမိကြတယ်။ ဆရာတော်ကို ဟိုတလောလေးကမှ ထောင်ကပြန်လွှတ်လိုက်တာ မဟုတ်လား။
ဟုတ်ပါတယ်။ ပျံလွန်တော်မူတော့မယ်ဆိုတာ သိလို့ကိုပဲ အထဲမှာဆိုရင် နာမည်ပျက်မှာစိုးလို့ စစ်ထောက်လှမ်းရေးက စေတနာကောင်းသလိုလို ဘာလိုလိုနဲ့ ကမန်းကတမ်း လွှတ်ပေးခဲ့တာပါ။ ဒါကြောင့်လည်း ပြန်လွှတ်ပေးပြီး သိပ်မကြာခင်မှာ ဆရာတော် ပျံလွန်တော်မူခဲ့ရတာပါ။ ဦးရေ၀တ ဆိုတာက မန္တလေး သံဃာ့သမဂ္ဂီ အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌပါ။ ရှစ်လေးလုံးအရေးတော်ပုံကာလနှင့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေမှာ ကျောင်းသားတွေ၊ ဒီမိုကရေစီအင်အားစု
တွေကို တောက်လျှောက် အကာအကွယ် အကူအညီပေးခဲ့နိုင်သူပါ။
ဒါကြောင့်ပဲ ၁၉၉၀ အောက်တိုဘာမှာ မန္တလေးထောက်လှမ်းရေး (၁) က ဖမ်းဆီးပြီး ပြင်းပြင်း
ထန်ထန် နှိပ်စက်ခဲ့ပါတော့တယ်။ အဲဒီတုန်းက ထောက် (၁) စစ်ကြောရေးစခန်း အခန်း (၅) မှာ ကျနော့်ကို စစ်ကြောရေးလုပ်နေပြီး အခန်း (၄) မှာ ဦးရေ၀တကို စစ်ကြောရေး လုပ်နေခဲ့တဲ့
အချိန်ပါ။ စစ်ကြောရေး ရက်ရှည်ကြာလာတာနှင့်အမျှ လူကတော်တော်ပင်ပန်းနေပါပြီ။ လက် နောက်ပြန် လက်ထိပ်ခတ်အနေအထားနှင့် နေ့ရော ညရော တချက်မှ အနားမပေးဘဲ မတ်တပ်
ရပ်ရက် အစစ်ခံနေရချိန်မှာပါ။
တဘက်အခန်းက မချိတင်ကဲ စူးစူးဝါးဝါး အော်လိုက်တဲ့အသံ ထောက်လှမ်းရေးရဲ့ ဆဲဆိုကြိမ်း မောင်းသံ၊ တ၀ုန်းဝုန်း ထုရိုက်သံတွေဆိုတာကတော့ မကြားချင်အဆုံးပါပဲ။ အဲဒီအချိန်မှာ ကျနော့် အခန်းတံခါးကို ၀ုန်းကနဲ ဆွဲဖွင့်လိုက်ပါတယ်။
“ဟေ့ကောင် လွန်းနွေငြိမ်း မင်းက တော်တော်ခေါင်းမာတယ်။ မင်းအဖေတွေကို မင်းက တော်တော် ကာကွယ်ချင်တယ်ပေါ့ ဟုတ်လား အေး ဒီနေ့တော့ တွေ့ကြပြီပေါ့ကွာ”
ကျနော့်ကို မန္တလေးနှင့် ရန်ကုန်မှာ ဘယ်သူတွေနှင့် အဆက်အသွယ်လုပ်ကိုင်နေသလဲ။ ကျနော်က ဘယ်သူတွေကို ဘာတာဝန်ပေးထားသလဲ ဆိုတာတွေကို တောက်လျှောက်မေးနေတာပါ။ ကျနော့် ဆီက ဘာအဖြေမှမရလေ ဒေါသတွေ ပိုထွက်လာလေနဲ့ စစ်ကြောရေး ပုံသဏ္ဌာန်တွေကလည်း
ပိုပိုပြီး ရက်စက်ပြင်းထန်လာခဲ့ပါတယ်။
“ဒီနေ့ မင်းကို ငရဲပြည်ပို့ပေးရမယ်။ ရှော့ခ်ရိုက်တယ်ဆိုတာ မင်းကြားဖူးလား ဟေ့ကောင်”
သိပ်မကြာပါဘူး။ လက်ထိပ်ခတ်ထားတဲ့ ကျနော့်လက်ကောက်ဝတ်ထဲကို ၀ါယာကြိုးရဲ့ နန်းကြိုး စိုက်သွင်းလိုက်ပါတယ်။ ပြီးတော့ ဗို့တိတ်ခ်ျတက်လာအောင် ဘက်ထရီစက်ကို ဖြည်းဖြည်းချင်း လှည့်ပါတယ်။ လက်ထဲမှာ ကျင်ကနဲ ကျင်ကနဲ ခံစားနေရတယ်။ တဖြည်းဖြည်းချင်း အရှိန်ကို မြှင့်မြှင့်ပြီး လှည့်တယ်။
“ဟေ့ကောင် လွန်းနွေငြိမ်း မန္တလေးမှာ မင်းလူတွေ ဘယ်သူတွေလဲ”
ရေငတ်သလိုလိုဖြစ်လာတယ်။ အသက်ရှုလို့ မရတော့သလိုပဲ။
“ဟေ့ကောင် လွန်းနွေငြိမ်း မန္တလေးမှာ …”
သူ့အသံကို ကျနော်ဆုံးအောင် မကြားနိုင်ခင်မှာ ဘက်ထရီ အရှိန်ကို အမြင့်ဆုံးတင်လိုက်တယ်။ ကျနော့် ခန္ဓာကိုယ်ဟာ ရပ်နေရာကနေ ရှေ့ကို လွင့်စင် ခုန်ထွက်သွားတယ်။ ကျနော် တကိုယ်လုံးက တဆတ်ဆတ်ခါနေတယ်။ ရုတ်တရက် ကျနော် ဘာကိုမှသတိမရတော့သလိုပဲ။ ကတုန်ကရင် ဖြစ်နေတယ်။ ကျနော်အရင်ကရပ်နေတဲ့နေရာရဲ့ ခပ်လှမ်းလှမ်းမှာ သံမန်တလင်းပေါ် ပစ်စလခတ် လဲကျနေတော့တယ်။ စူးစူးဝါးဝါး အမှတ်မဲ့ အော်ဟစ်လိုက်တဲ့ အသံကလည်း စစ်ကြောရေးစခန်း ထဲကနေ အပြင်ကို လျှံထွက်သွားတော့တယ်။
ကျနော် သတိရနေတာက ဂျပန်တွေ ဓားမိုးထားတဲ့ ခေတ်က ကင်ပေတိုင်အိမ်ကြီးတွေက တော်လှန် ရေးသမားတွေရဲ့ အော်သံတွေ ထွက်ထွက်လာတတ်တယ် ဆိုတာကိုပါ။ အဲဒီတုန်းက ဂျပန်ဖက်
ဆစ်က ဓားမိုးထားခဲ့ပြီး ခုတော့… ကျနော် သိပ်စဉ်းစားချိန်မရလိုက်ဘူး။ ကျနော့်ကို အတင်းဆွဲ ထူတယ်။
“ဟေ့ကောင် ထ ဒီတခါ မင်းမအော်နိုင်အောင် မင်းပါးစပ်ကို အ၀တ်စီးပေးရမယ်”
သွေးတွေ အကွက်လိုက် အကွက်လိုက် စွန်းပေနေတဲ့ အ၀တ်အဖြူရောင် အစတစ ယူလာကြတယ်။ မာဖလာ အပေါစားလေးနှင့် တူပါတယ်။
“ဟထား ပါးစပ်” ဆိုပြီးပါးစပ်ထဲကို အ၀တ်စထိုးထည့်ပြီး (၂) ပတ်လောက်ပတ်ပြီး ခေါင်းနောက်မှာ ချီလိုက်ပါတယ်။
“အဲဒီသွေးတွေ ဘယ်သူသွေးလဲ မင်းသိလား။ အဲဒါ ရေ၀တသွေးတွေပဲ။ အေး ခေါင်းမာတဲ့ကောင်ရဲ့ သွေးနဲ့ ရေ၀တရဲ့သွေးနဲ့ တွေ့ကြပြီပေါ့ကွာ။ ကြိုက်သလောက် သွေးအန်ပေတော့ ပြီးတော့လဲသေ။ မင်းတို့သေသွားလည်း ဘာမှမဖြစ်ဖူး ခွေးကျွေးလိုက်ရုံပဲ” ဆက်ပြီး ရှော့ခ် ရိုက်လိုက်။ ပစ်လဲကျသွား လိုက်။ ပြန်ထူပြီး ပြန်ရိုက်လိုက်နဲ့ အပြင်းထန်ဆုံး စစ်ကြောရက်များပါပဲ။
တဘက်ခန်းက ဆရာတော်ရဲ့ အော်သံတွေကိုလည်း တချက်တချက်ကြားနေရတယ်။ “သွေးအန်ပြီး လဲသေသွားရင် အလောင်းကို ခွေးကျွေးလိုက်ရုံပဲ” တဲ့။ သူတို့ဘက်ကတော့ တော်တော့်ကို ရှင်းပါ တယ်။ ကျောင်းသားပဲဖြစ်ဖြစ် ဘုန်းကြီးပဲဖြစ်ဖြစ် နိုင်ငံချစ်စိတ်နဲ့အလုပ်လုပ်လာပြီဆိုရင် သူတို့ရဲ့ ရာဇပလ္လင်ကို လာပြီးလှုပ်တာပဲလို့ ယူဆလာပြီဆိုရင်…
(၆)
ဒီတရက်ကိုလည်း ကျနော် ဘယ်လိုမှ မမေ့နိုင်ပါဘူး။ အဲဒီနေ့က ဆရာတော်တွေ မျက်နှာ မကောင်း ကြဘူး။ ငပိကျော်လေးတွေ။ မြေပဲဆားလှော်လေးတွေကို အထုပ်ကလေးတွေ ခွဲထုပ်ပေးနေကြတယ်။
“အရှင်ဘုရား ဘာဖြစ်လို့လဲ ဘုရား။ ဘာကြားကြလို့လဲ ဘုရား”
“အော် တကာကြီးမသိသေးဘူးထင်တယ်” အစချီပြီး စိတ်မကောင်းစွာနှင့် ရှင်းပြရှာပါတယ်။
ဂန္ဓာရုံက ဦးဇင်းလေး (၂) ပါးကို ရဲဘက်ထုတ်မလို့တဲ့။ ဒီဦးဇင်းလေး (၂) ပါးဟာ စာကလည်း အင်မတန်တော်ပြီး အနေအထိုင်ကလည်း အင်မတန်ကောင်းပါသတဲ့။ ကျနော်တို့အမြင် ထောင်ထဲ မှာလည်း အနေအထိုင်ကောင်းပါတယ်။
ဒီဦးဇင်းလေးတွေကလည်း ဆရာတော်တွေလို သပိတ်ကံဆောင်ခဲ့ကြတာပါ။ ဒါပေမယ့် သူတို့ကို တရားရုံးက ပုဒ်မ (၅ည) နှင့် မစွဲပဲ သာသနာညှိုးနွမ်းစေမှု ပုဒ်မ (၂၉၅) နဲ့ စွဲချက်တင်ပြီး သိက္ခာချ တဲ့အနေနဲ့ အဓမ္မ ထောင်ချခဲ့တာပါ။ နိုင်ငံရေးပုဒ်မ မဟုတ်ဘဲ ရာဇ၀တ်ပုဒ်မနှင့် အချခံလိုက်ရတဲ့ အတွက် အခုလို ရဲဘက်အထုတ်ခံရတာပါ။ မနက်ဖြန် မနက်ထွက်ရတော့မှာဖြစ်တာကြောင့် ဦးဇင်းလေးတွေကို ခြေကျင်းခတ်ထားပြီးပါပြီ။ ခြေကျင်းခတ်ခံထားရတဲ့ သူ့တပည့် ပဉ္စင်းငယ်
တွေကို ကြည့်ပြီး ဆရာတော်ကြီးများ တော်တော်စိတ်ထိခိုက်နေကြပါတယ်။
ရဲဘက် ထုတ်ခံရတယ်ဆိုတာ ဂက်စတာပိုတွေက ဂျူးတွေကို ဖမ်းပြီး အောစ၀စ် အကျဉ်းစခန်းကို အပို့ခံရသလိုပါပဲ။
ရဲဘက်စခန်းတွေမှာ အတင်းအဓမ္မ အခိုင်းခံရတယ်။ ရိက္ခာမလုံမလောက်။ ဆေးဝါးမလုံမလောက်နဲ့ ပစ်ထားတယ်။ တဖြည်းဖြည်း အားအင်ကုန်ခန်းပြီး ရောဂါဝင်ပြီး မသေဆုံးသင့်ဘဲ သေဆုံးကြရ
တယ်။ ဒါတွေက ထောင်ထဲမှာ မကြားချင်လည်းကြားနေရ မမြင်ချင်လည်း မြင်နေရတဲ့ နေ့တဓူဝ ဇာတ်လမ်းတွေပါ။ ဒါကြောင့် သူ့တပည့်တွေ သေရွာပို့ခံရသလို ခံစားနေကြရရှာတာပါ။ ဆရာတော်
တွေ ခံစားရတာလည်း မလွဲပါဘူး။
နောက် သုံးလလောက်အကြာမှာ
“ဒကာကြီး ဘုန်းကြီးတို့ ထင်သလိုပဲ ဦးဇင်းလေး ရဲဘက်စခန်းမှာ ပျံလွန်တော်မူသွားရှာပြီ”
(၇)
မန္တလေးထောက်လှမ်းရေး (၁) ထဲမှာ ရက်ရက်စက်စက် ဦးဇင်းတပါးကို နှိပ်စက်နေရင်း စစ်ထောက် လှမ်းရေးက အခုလို ခြိမ်းခြောက်ပါသတဲ့။
“ဟေ့ကောင် သင်္ဃန်းဝတ် မင်း ရေကြည်အိုင်ဆိုတာ ကြားဖူးလား”
ဦးဇင်းကလည်း ချက်ချင်း ပြန်မေးလိုက်တယ်။
“ရေကြည်အိုင်ကို ဦးဇင်း ကြားဖူးပါတယ်။ ဒကာရော အ၀ီဇိ ဆိုတာ ကြားဖူးလား”
ရိုက်နေတဲ့ ထောက်လှမ်းရေးဟာ တချက်ငိုင်သွားတယ်။ ပြီးတော့ငြိမ်သွားတယ်။ ပြီးတော့ အခန်း အပြင်ကို ထွက်သွားတယ်။ သူ့ ဂျူတီချိန်းသွားတဲ့အထိ ပြန်ဝင်မလာတော့ဘူးလို့ ဦးဇင်းက ပြန်ပြော ပြတာကို ကျနော် အမြဲကြားနေမိတယ်။ စစ်ထောက်လှမ်းရေး ထိပ်သီးကြီးများအလိုအရ ဆဲရဆိုရ ရိုက်ရနှက်ရ လုပ်ကြရပေမယ့် ဗုဒ္ဓဘာသာဝင်တယောက်အနေနှင့် “ဒကာရော အ၀ီဇိဆိုတာ ကြားဖူး လား” ဆိုတဲ့ မေးခွန်းဟာ ဘယ်ထိ တာသွားခဲ့ပြီလဲ။
(၈)
ဘယ်လိုပဲရှိပါစေ။
စစ်အာဏာရှင်စနစ် တည်မြဲဖို့အတွက်ဆိုရင်တော့ ဘနဖူးတောင် သိုက်တူးဝံ့တဲ့ ဗိုလ်ချုပ်ကြီးများ ကတော့...
“ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ”
“ကနေ့အခြေအနေကို တွေ့ဆုံဆွေးနွေးအဖြေရှာကြပါ”
ဗြဟ္မစိုရ်တရားရှေ့ထားပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြပါ” လို့ ပိုစတာကိုင်ပြီး ဆန္ဒထုတ်ဖော် အကြံပြုပြောဆိုတဲ့ ဦးဇင်းတပါးကို ဆူးလေစေတီတော်ရှေ့မှာ ဖမ်းဆီးထောင်ချခဲ့တယ်။
အဲဒီအကြောင်းအရာကိုပဲ ထုတ်ဖော်ပြောဆိုတဲ့သီလရှင်နှစ်ပါးကို ဆူးလေစေတီတော်ရှေ့မှာ ဖမ်းဆီး ထောင်ချခဲ့ပြန်တယ်။
ဗိုလ်ချုပ်တွေကပ်တဲ့ဆွမ်းကို မစားချင်ဘူးလို့ ငြင်းမိတဲ့ ဂန္ဓာရုံက ကိုယ်ရင်လေး (၂၅) ပါးနဲ့
ဦးဇင်းငယ် (၁) ပါးကို ဖမ်းဆီးပြီး ထောင် (၁၈) နှစ်စီ ချလိုက်တယ်။ “မန္တလေးဘုရားကြီး မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ရဲ့ ဗိုက်ကို ဘာအကြောင်းပြချက်နဲ့ ဖောက်တာလဲ။ ဘယ်သူ
အမိန့် ပေးတာလဲလို့ ရှင်းပြစေချင်ပါတယ် ဘုရား” လို့ မျက်နှာသစ်ဆရာတော်ကို လျှောက်ထား
ကြတဲ့ ဦးဇင်း (၇) ပါးကို ဖမ်းဆီးထောင်ချပစ်ခဲ့ပါတယ်။ စစ်တွေမြို့က ဆွမ်းဟင်းခွက်တွေ တင်ပြီး တွန်းတဲ့ ဆိုက်ကားကို စည်ပင်ရဲက အတင်းအဓမ္မသိမ်းသွားလို့ သွားပြီးပြန်တောင်းမိတဲ့ ဦးဇင်းငယ် (၉) ပါးကို ဖမ်းဆီးချုပ်နှောင်လိုက်ပါတယ်။
(၉)
ဒါနဲ့များတောင်…
သာသနာပြုမင်း ဖြစ်လေဟန်အယောင်ဆောင်ချင်နေသေးတာလည်း အံ့ဖွယ်သုတပါပဲ။ “စတုတ္ထ အကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံ” ကို ကမကထပြုသူ ဗိုလ်ချုပ်ကြီးများအဖြစ် ဂုဏ်ယူလိုက်ချင်တာလား။
ဒါတော့ မဖြစ်နိုင်ဘူး။
ပြည်သူတွေကို ဖိနှိပ်၊ ရွေးကောက်ပွဲရလဒ်ကို ချောင်ထိုးထားပြီး တွေဆုံတွေးနွေးအဖြေရှာရေးကို ငြင်းပယ်နေလို့ နိုင်ငံတကာမှာ လူတောမတိုး လူရာမ၀င်ဖြစ်နေတာကို ကုစားဖို့အတွက် ဆေးမြီးတို ရှာကြံလိုက်တာပဲလို့ ကျနော်တော့ စဉ်းစားမိပါတယ်။ အကြံကုန် ဂဠုန်ဆားချက်တာ။ ဘုရားကု ကု ကြည့်တာပဲဖြစ်ပါတယ်။
(၁၀)
ဘယ်လိုပဲ ဥာဏ်နီဥာဏ်နက်တွေ သုံးပြီး ကြံစည်အားထုတ်နေပေမယ့် ကမ္ဘာကြီးကလည်း စဉ်းစား တွေးခေါ်နိုင်တဲ့ နားတွေ မျက်လုံးတွေ ဦးနှောက်တွေ ရှိနေတယ်ဆိုတာ နအဖ မေ့နေပုံရပါတယ်။ ဒီနေ့ဆိုရင် အဓိကအလှူငွေ မတည်ပေးမယ့် ဂျပန်နိုင်ငံ နင်ဖူးစူးရှု အဖွဲ့ကြီးက နောက်ဆုတ်သွားပါပြီ။
“စတုတ္ထ အကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံ” ဆိုတာကို မသုံးဖို့လည်း ကန့်ကွက်နေ ပါပြီ။
နိုင်ငံတကာက ဆရာတော်သံဃာတော်တွေကလည်း စစ်အစိုးရရဲ့ ပင့်ဖိတ်မှုကို မကြွလာတော့ဘဲ နီပေါနိုင်ငံ လုမ္ဗနီမှာ နိုင်ငံပေါင်းလေးဆယ်ကျော်က မထေရ်မြတ်များနှင့် “စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံ” အစစ်အမှန်ကို ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာတော့…
စစ်အစိုးရက သူရွတ်နေကြ ဂါထာကိုပဲ မရှက်မကြောက် ဆက်ရွတ်လိုက်ပါတော့တယ်။
“ဘယ်သူတက်တက် မတက်တက်၊ တက်တဲ့သူနဲ့ ဖြစ်အောင်ဆက်ကျင်းပသွားမယ်” ။ ။
(သပိတ် ကံဆောင်တော်မူနေကြသော အနယ်နယ်အရပ်ရပ်မှ ရဟန်းအာဇာနည်တို့အား ဤဆောင်းပါးဖြင့် ကန်တော့လိုက်ပါတယ်။)
Credit - လွန်းနွေငြိမ်း
Saturday, 6 August 2016
                               " မြန်မာပြည်မှ ကျနော့် ဘ၀ နောက်ဆုံးရက်များ."......(၂)                                         
အဲဒီနောက်မှာတော့ အုပ်စုဖွဲ့  စုဆောင်းထားတဲ့ အချက်အလက်တွေ ကို တည်ဖြတ်ကြ ပါတယ် .....။
ဒီနေရာမှာ တခု သတိထားမိတာက ဒီ လူအခွင့်အရေး ချိုးဖောက်မှု့ မှတ်တမ်း ဆိုတာကို ကျနော် တို့ 
အချိန်ယူခဲ့ ကြရသလို နေ့ စဉ် လုပ်နေကြ အလုပ်တွေကိုလဲ လစ်လျှူ ရှု့ ကာ ၀ရိယ စိုက်ထုတ်ကျရပါတယ် ။
ပုံမှန်လုပ်နေကျ  အားကစားလုပ်ချိန် ၊စာသင်ချိန် ၊ စားရေးသောက်ရေးစီစဉ်ချိန် တွေ ကအစ ပုတီးထိုး(ပုံစံ
ချဉ်အင်္ကျီက ချည်သားတွေဖြတ်ထုတ်ပြီး မိသားစုတွေကိုလက်ဆောင်ပေးဖို့ ရာချည်ပုတီးလေးတွေ ထိုးတာ
ပါ...) တချို ကလဲ သိုးမွေး ဦးထုတ်လေးတွေ လက်ကိုင်အိတ်လေးတွေ ထိုးကြပါတယ် ...။နောက်ပြီး ပိတ်အဖြူပေါ်မှာ ဘုရားပုံတော် ရေးဆွဲပြီး အပေါ် ကနေမှ ရောင်စုံချည်မျှင်လေးများနဲ့ ပန်းထိုးသူတွေ လဲ ရှိပါ
တယ် ။ အင်္ဂလိပ်စာ သင်ကြတယ် ....။ဆရာဝန်တွေ ဆီကနေ ဆေးပညာ ကို လုံးလုံး မသိသူထက်စာရင်
တော့ အထိုက်အလျှောက်သိအောင် ကြိုးစားကြတယ် ...။(I.C.R.C ရောက်ပြီးနောက်ပိုင်း ဘာသာရေးစာ
အုပ်တွေ လေ့လာခွင့် ရကြတဲ့ အတွက် စာဖတ်ချိန် ဆိုတာ ရှိလာပါတယ် ...)
ဒီလို အချိန်တွေကို ပစ်ပယ်ပြီး စာတမ်းအတွက် အချိန်ပေးကြရတယ်ပေါ့....။နေလည် ထမင်းစားပြီးချိန်မှာ
ဝိုင်ဖွဲ့ ထိုင် ပြင်စရာရှိရင်ပြင် ဖြည့်စရာရှိရင်ဖြည့် ပေါ့...။အဲဒီအချိန်မှာ ထောင်ဝန်ထမ်းတွေ ရဲ့ အနှောက်အ
ယှက် ကို ကာကွယ်တဲ့ အနေနဲ့  အလာပသလာပ သွားပြော နေသူက ပြော .....တိုက် အ၀င်ဝ ညောင်ပင်
အို ခြေရင်းမှာ စာဖတ်ရင်း...ချည်ထိုးရင် ၀င်ထမ်း တွေဝင်လာရင် အချက်ပေးနိုင်အောင် ကင်းစောင့် သူက
စောင့်ပေါ့.....။ကျနော် အမှတ်မှားဘူး ဆိုရင် အချက်အလက် မူကြမ်းရော အချောပါ ရေးသူ က ကိုမာကီ
(ယခု ၈၈ ပွင့်လင်းက) ပါ...ထောင်ထဲမှာ လက်ရေး ကောင်းသူ လှအောင်ရေးနိုင်သူ ...က ကျနော်နဲ့  ကိုမာ
ကီ နှစ်ယောက်ထဲပါ...။ကိုမာကီဆိုရင် လက်ရေး ကို ပုံစံမတူ ပဲ သုံးလေးငါးမျိုးလောက် ရေးနိုင်ပါတယ်.....။
ပန်းချီ နဲ့ ပါတ်သက်ရင် တော့ ဦးပါပါလေး(လူရွှင်တော်) နဲ့ မြ၀တီက ကိုစိုးမြင့် တို့ ပါပဲ.....။
အဲဒီလို အချိန်တွေယူ ပြီး စီစဉ်ခဲ့ ရတဲ့ အလုပ် ကို တော်ယုံတန်ယုံ (တနည်း) မတော် တဆ ချွတ်ချော် တိမ်း
စောင်းသွားရင်များ ဆိုတဲ့ အတွေနဲ့  အချောသတ် ဘာသာပြန်တဲ့ အခါမှာ ကော်ပီ (Copy)လုပ်ထားဖို့  ကျနော်
စဉ်းစားမိတာကြောင့် ကိုယ်ပိုင်တဲ့ ၀န်ထမ်းကိုစည်းရုံးပြီး ကာဗွန်ပေပါ (၂)ရွက်လောက် ရအောင် ကြိုးစား ရ
ပါတော့တယ် ...။ ခေတ်ပျက် စနစ်ပျက်ကြီးထဲမှာ ငွေပာာ ဒုတိယ လို့ တောင်မှ ပြောလို့ မရတော့တဲ့ ဘုရား
သခင်မို့  တန်ရာတန်ကြေးထက် အဆ များစွာ ပေးပြီး ထောင်ကျ မှတ်တမ်းရုံးက ကာဗွန် (၂)ရွက် ကို ပိုက်ဆံ
၁၅၀ ပေးပြီး ၀ယ် လိုက်ရတာပါပဲ....။
လိုချင်တဲ့ ကာဗွန် တွေ ရတဲ့ အချိန်မှာတော့ ကျနော် တို့ ရဲ့  (မမေ့လျှောအပ်သော) ဆရာ ဒေါက်တာ ခင်ဇော်
ဝင်း   လက်ကို အပ်ပြီး ဘာသာပြန် ကာ အချောရေးပါတော့တယ် ....။ သူပာာ သွားဖက်ဆိုင်ရာ ဆရာဝန်ပါ
လူက ပိန်ပိန်ရှည်ရှည် အသားက ဖြူဖြူ  နွဲ့ နွဲ့  ဒါပေမဲ့ စိတ်ဓါတ်ကတော့ မာကြောပါတယ် ...။အင်္ဂလိပ် လို အ
ရမ်းကောင်းပြီး ကျနော်တို့ ရေထားတဲ့ မြန်မာစာ မူကြမ်းကို လက်တန်းပြန်နိုင်စွမ်းရှိပါတယ် .....။
အချောသတ်ရေးပြီးသား စာတမ်း နှစ်စောင် (ကာဗွန်ခံ ပြီး ရေးထားတဲ့ ကော်ပီ ပါ အပါ)စာရွက်ပောာင်းတွေ အထပ်ထပ် အပေါ်ကနေပါတ်ပြီး ကို ရေသန်ဗူး ထိပ်  ကိုဖြတ်.... ပြန်ပြီးစွပ်လို့ ရအောင် ဖြတ်ပြီး ပြန်ပိတ်ကာ
လုံခြုံတဲ့ တောင်ယာ ဆိုက်ခင်းထဲမှာ ကြွင်းတူး ပြီးမြှုတ်ထား လိုက်ပါတယ် .....။
မနက်ဖက် ထောင်တန်းဖွင့် လို့  အခန်ပြင် ထွက်ရပြီ ဆိုတာနဲ့  ကိုမြှုတ်ထားတဲ့ နေရာ ကို ခြေရာ လက်ရာ များ ပျက်နေမလားလို့  အပြေး အလွှား သွားကြည့် ရတာလဲ အမောပေါ့.....။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကြီး လက်ထဲ ကိုအရောက် ပို့ ပေးနိုင်ဖို့ စဉ်းစား ဆုံးဖြတ်ထားတာ က
သူ မြန်မာမာပြည် မရောက်ခင်  ကြိုတင်ပြီး စာတမ်း က ရန်ကုန်ရောက်နေဖို့  က ပထမ အဆင့်....နောက်
တဆင့်က သူကို တိုက်ရိုက်ထိတွေ ဆက်ဆံ နိုင်မဲ့ ကျနော် အဖေ ကနေ တဆင့် ပေးဖို့ ....။ အဲဒီလို ရောက်
နေမှသာလျှင် ..သူရောက်လာတဲ့ အချိန်မှာ စာတမ်းရောက်သည် ...မရောက်သည် ကို အတည်ပြု ဖို့ နဲ့  ရောက်ပြီးပါက အဲဒီစာတမ်း အပေါ်မှာ သံသယ မရှိစေဖို့  အာမခံ ကြောင်း ကျနော် တို့ တတွေ သက်
သေ ခံပေးဖို့ ပါပဲ.......။
ဒီကြားထဲမှာတော့ နေ့ ...သစ်တွေ လင်းတိုင်း မြေမြှုတ်ထားတဲ့ နေရာကို မျက်ခြေမပြတ်အကဲခတ်ရင်း ....
ရန်ကုန် ကနေ ဘယ်သူများ ထောင်ဝင်စာ လာတွေ လေမလဲ ဆိုတာ မျှော်ရင်း စိတ်မောနေကြတော့တယ်...။
ကျနော် တို့ ထဲက တယောက်ယောက် ကို ထောင်ဝင်စာ လာတွေရင် ထုံစံ အတိုင်း ပါစင်နစ်ပေးပြီး ငွေသွင်း
ခိုင်မယ် ...ငွေသွားယူရင်း ကျနော်တို့  စာတမ်းကို ထောင်ထဲ ကနေ ထုတ်ပေးလိုက်မယ်ပေါ့လေ....။ ကျနော်
တို့ မိသားစုတွေ လာတိုင်း ထောင်ထဲကို (ထောင်အခေါ် ငွေရှင်) ငွေသွင်းနေကျပါပဲ ၊သွင်းခ က တရာကို (၂၀) နှုံး ပေးရပါတယ် ....။ထောင်ဝင်စာ လာတွေချိန်မှာ ကိုယ်မိသားစု ဘယ်မှာ တည်းတယ် ဆိုတာ ကို မသိ
လိုက်ဘာသာမေး ...ပြီးရင် တည်းတဲ့ ပိာုတယ် ကို ၀န်ထမ်း ကိုလွှတ်...ပိုက်ဆံ ယူခိုင်း ကြရတာပါ....။ ပြီးရင်
ကိုယ်က မိသားစု ကိုရေးတဲ့စာလိုလို နဲ့  ကိုယ်ပေးချင်တာ ပေးလိုက်ကြပါတယ် ...။အဲဒီလိုနည်း နဲ့  နှစ်ပါတ်
လည် အထိမ်းအမှတ်စာဆောင်တွေ....မှတ်တမ်းတွေ မင်္ဂဇင်းတွေ အတော်များများ ကိုကျနော တို့ မြစ်ကြီး
နားထောင်ကနေ အန်တီဒေးအောင်ဆန်းစုကြည် လက်ထဲ ရောက်အောင် ပို့ ပေးခဲ့ဖူးပါတယ် ....။
ဒီလိုနဲ့  ကိုယ်စားလှယ်တော်ကြီးမြန်မာပြည် မရောက်ခင် ရက် နှစ်ပါတ်လောက်အလိုမှာ ထောင်ဝင်စာ
အခန်းတာဝန်ကျတဲ့ ၀န်ထမ်းတယောက်နဲ့ အတူ အကျဉ်းသားတယောက်ရောက်လာပြီး ထောင်ဝင်စာထွက်
တွေ ဖို့ လာခေါ်ပါတယ် ......။
ထွက်တွေ့ ရမဲ့  ကျနော် တိုထဲက သူကတော့ ဒေါက်တာ ဦးခင်ဇော်ဝင်းပါ.........
ဆက်ရန်..............။
                                                                                            ခိုင်ကိုဦး(ဆစ်ဒနီ)
                                                                                   ၆ . ၈ . ၂၀၁၆ (ည ၁၁း ၂၂ )
Friday, 5 August 2016
                                  " မြန်မာပြည်မှ ကျနော့် ဘ၀ နောက်ဆုံးရက်များ.".......(၁)
မြန်မာပြည် ပာာ ပိုက်ဆံ သာရှိရင် တကယ် နေလို့ ကောင်းတဲ့အရပ် ပါ...။
ဒီလိုပါပဲ.....မြန်မာပြည် က အကျဉ်းထောင်ဆိုတာလဲ ပဲ ပိုက်ဆံရှိရင် နေလို့ အတော်ကောင်းတဲ့ အရပ်
ပါပဲ....။ဒီလိုပြောလို့ စောဒက တက် မစောကြပါနဲ့ ....။ကျနော်နေခဲ့တဲ့ ဖြစ်ကြီးနားထောင် မှာ ထောင်ကျ
လာတဲ့ လောပန်း(သူဌေး)တွေ ဆိုရင် တပည်တပန်းတွေ တပုံတပင် နဲ့ ...။ အကျဉ်းသား တပည့်တွေ အပါ
အ၀င် ထောင်ဝင်ထမ်းတွေ ကစ ထောင်မှူးထောင်ပိုင် တွေ အဆုံး သူတို့ ရဲ့ တပည့်တွေ ပါပဲ....။
ထောင်မှာ နေရေး...စားရေး ...ကျန်းမာရေး က အစ ငွေ နဲ့ သာ ဖြေရှင်းကြရတာပါ...ငွေ မရှိရင် ငွေရှိသူ
ရဲ့ တပည့် ဖြစ်ရတာပါပဲ....ထောင်မှူးထောင်ပိုင်တွေ ကလည်း သူတို့  ကို ငွေရှာပေးနေတဲ့ သူဌေး တွေ
နဲ့  ထိတ်ထိတ်ကျဲ လူမိုက်တွေ ကို အလိုလိုက် အကြိုက်ဆောင် နေရလေတော့ တပည့် တွေ ဖြစ်မှန်းမသိ
ဖြစ်နေတော့တာပါ....။
ထောင်မှာ (အဆောင်တွေ)တွေမှာ ခေါင်းရင်းခန်း အိပ်ချင်ရင် ငွေ ပေးရတာဈေးကြီးသလို  ခြေရင်းတန်းမှာ
အိပ်ရင် တဈေး....အလယ်တန်းမှာ အိပ်ရင် တဈေး ပါ...။ အဆောင်မှာ အိပ်တန်း သုံးတန်းခွဲ ထားပါတယ်။
တပြားမှ မပေးနိုင်ပဲ ....သူဌေးတွေ လူမိုက်တွေ ရဲ့  တပည့်တပန်း မပာုတ် တဲ့(ထောင်စကား အရ)
" ဘာရုပ်မှမပေါက်တဲ့ကောင်" ဆိုရင်တော့ အဲဒီ အိပ်တန်း သုံးတန်း ရဲ့ ကြား လျှောက်လမ်းမှာ ဖြစ်သလို
စောင်လေးခင်းပြီး အိပ်ကြရတယ်ပေါ့....။အိပ်တန်းသုံးတန်း က ကွက်ပျစ် တွေ ဆက်ပြီးခင်ထားတဲ့ အခင်း
ရှိတဲ့ နေရာ ....ကြားက လျှောက်လမ်း ကတော့ သံပံတလင်း (ကွန်ကရစ်) သက်သက်ပါပဲ...။ ကွက်ပြစ်ပေါ်
အိပ်သူတွေ အတွက်တော့ ဘာပဲပြောပြော လှည့်သာ လျှောင်သာ တဲ့ အကျယ် အ၀န်း ကျောတခင်းစာ ရကြပေမဲ့ သံပံတလင်း ပေါ်အိပ်ကြရသူတွေ အတွက် ကတော့ မလူးသာမလွန်သာ ပါပဲ...ထောင်စကား
နဲ့ ထပ်ပြောပြရရင် (ကန်တော့ပါရဲ့ ) " ရှေ့ - င်.....နောက်--ီး တဖြောင့်တည်း.." ဆိုတဲ့ အတိုင်း ဘေးတဇောင်း
လေးတွေ လှည့်ပြီး အိပ်ကြရရှာပါတယ် ....။ အဲဒါ အိပ်စရာ နေရာ အခက်အခဲ ...။
စားတော့လဲ သူဌေးတွေ (လောပန်းတွေ ) က နေစဉ် အိမ်က မိသားစု က ထောင်ဝင်စာ အစားအသောက်
ထုတ်တွေ တပုံတပင် နဲ့  တကယ်ဆီဦးထောပါတ် တွေ စားနိုင်ကြပြီး နှစ်ပါတ် တကြိမ်တောင် မှ အနိုင်နိုင်
လာတွေနိုင်တဲ့ " ဘာရုပ်မှမပေါက်တဲ့ကောင်"တွေ ကတော့ ထောင်က ကျွေးတဲ့ ပုံစံထမင်း ၊ (အစေ့ ရေတွက်
လို့ ရတဲ့ )ပဲရည်ကျဲ....၊ညစာ ပေးတဲ့ တီကောင် တွေ သဲတွေ ဂဲတွေ ပါတဲ့ အရွက်ပြုတ်ရည် (ထောင်တာလပေါ) တောင်မှ ပြည်မှီအောင် မရကြရှာပါဘူး....။ နေ့ လည်စာ ....ညစာ ...ကိုထောင်ကပေးတဲ့ ပုံစံ အပြည့် လိုချင်ရင် ပေးရတာ တဈေး......။ မနက်စာ ထောင် ပဲ....ထောင်  ဆီ နဲ့ ကြော်တဲ့ ထမင်းကြော် ပါ မနက်တိုင်း စားချင်ရင် တဈေး .......အဲဒီလို့ လေး ကွဲပြားသေးရဲ့  ....။
စား....ရေး  တင်လား ဆိုတော့ မပာုတ်....
ရေ ကန်မှာ အလှည်ကျ တွင်းရေ ကို စည်ပိုင်ပြတ်တွေ နဲ့ ဆွဲတင် ပြီး အုတ်ကန် ထဲကို ရေဖြည့် ရတဲ့
(ရေဆွဲကြီး လို့ ခေါ်တဲ့) ရေကန်မှာ အလုပ်မလုပ်ချင်ရင် လဲ ငွေပေးရသလို ....ရေ " တ၀ "ချိုးချင်ရင် ...ရေကို
ပုံစံ နဲ့  မချိုးချင် ရင်လည်း ပိုက်ဆံ ..ပေးရတာပါပဲ...။မပာုတ်ရင်တော့ ရေကန်စောင့်(ဘာယာ) က
" ခပ်တခွက် " ဆိုရင်ခပ် " ချိုးတခွက် " ဆိုရင်ချိုး ပဲ....ပိုခပ်ပြီး ချိုး မိရင်တော့ ရေကန်ဘာယာ (အလုပ်ဘုတ်
ကိုင်)ရဲ့ လက်သပ်မွေးထားတဲ့ တပည့်တွေ ရဲ့ ကြိမ်လုံးစာ...မိတော့တာပါပဲ......။
ဒီလောက် တင်မက...နောက်ဆုံး အီးပါရင်...အိမ်သာ တက်ချင်ရင်တောင်မှ ငွေ လမ်းခင်းကြရတာပါ.....။
နေဖက် အပြင်ထွက်ချိန်...အဆောင်ဖွင့်ထားချိန်မှာ အိမ်သာ တက်ရေးမခက်ပေမဲ့ ညဖက် အဆောင် ထဲမှာ
တော့ အီးပါ ချင်ရင် အိပ်ယာ က ထပြီး လက်ညှိုးထောင် ကာ "အီးပါချင်ရင် .... ပါ .....တစ်.... ဒါမှမပာုတ်
 သေးပေါက်ချင်ရင်..ပေါက်...တစ် "ဆိုပြီးအော် ရပါတယ် ။ လက်ညှိုးထောင်သူ က ထောင်ပိုင် ...ထောင်မှူး....
အာဏာပိုင် တယောက်ယောက် နဲ့  အပိုင်ပေါင်း (လိုင်းဝင် တယ်လို့ ထောင်ထဲမှာ ခေါ်သလို ...ဘောက်ချာ
ဖွင့် တယ် လို့ လဲဆိုတယ်..) ထားရင်တော့ အခက်အခဲ မရှိသလို ...." ဘာရုပ်မှမပေါက်တဲ့ကောင်"တွေ အတွက် ကတော့ လက်ညှိုး ထောင်ပြီး ဘယ်လောက်အော်အာ်.....လက်ညှိုး ဆိုရင် အိမ်သာစောင့် က ဘယ်
တော့ မှ ဦးစား မပေးသလို ထောင်ထဲ က ကုန်စည် လဲလှယ် ရာမှာ အဓိကဖြစ်တဲ့ ဆေးပေါ့လိပ် လေးထောင်
ပြီး အော်ရင်တော့ အဆင်ပြေ ပါတယ်....။ စီကရက်လေး ထောင်ပြီး အော်ရင်တော့ အိမ်သာ မှာ ဘယ်
လောက်အချိန်ကြာအောင် ထိုင်ထိုင် ပြောမဲ့ မာန်မဲ့ သူ မရှိပါဘူး....။ အိမ်သာ စောင့် ဘာယာ (ဘုတ်ကိုင်)
ပာာ တ ည ကို ဆေးလိပ် အလိပ်ငါးဆယ် အစည်း (သုံးလေးစည်း) ရသတဲ့......။ အိပ်ဆောင် တဆောင်မှာ
အကျဉ်းသား လေးငါးရာ အသာလေးရှိ တဲ့ အခါ အိမ်သာစောင့် က အစ သူအလုပ်နဲ့ သူဝင်ငွေ နဲ့  သူ အ
ဆင်ပြေ ကြတယ် ....။အဲဒီလို ထောင်မှာ နေရာ တနေရာ ရဖို့  အတွက် ထောင်အာဏာ ပိုင်တွေ ကို လစဉ်
ကြေးပေးပြီး လိုင်းဝင်(ဘောက်ချာဖွင့်)ကြ ရပါတယ် တဲ့......။ အလုပ်ကြီး (ဘုတ်ကြီး) တွေ မှာ အလုပ် မလုပ်
ပဲ ထောင်ထဲမှာ အေးအေးဆေးဆေး နေချင် ရင် ဒါမှမပာုတ် ရဲ ဘက်စခန်း ကို မလိုက်ချင်ရင် (၆)လ စာ
ဒါမှမပာုတ် တနှစ်စာ ငွေပေး ရပြန်ပါသေးတယ် ....။ အဲဒီလို မှ မပာုတ်ရင် ရဲဘက် ရောက်ရင်တော့ ပြန်လမ်း
မဲ့ သွားကြတာပါပဲ.....။မြစ်ကြီးနားနဲ့  ပူတာအို ကြားက ရဲဘက် စခန်း တခု ဆိုရင်နာမည်အရင်းပျောက်ပြီး (ဘ၀ သစ် ရဲဘက်စခန်း) လို့ တောင်မှ  နာမည်တွင်တဲ့ အထိပါပဲ.....။ ပြစ်ဒဏ်တွေ ကလွတ်ပြီး ဘ၀သစ် ကို
ရောက်တာ မပာုတ်ပဲ သေ ပြီး ဘ၀ကူးသွားလွန်းလို့  အဲဒီလို နာမည်တွင်တယ် လို့ ဆိုပါတယ်.......။
အဲဒီလို ထောင်ထဲ က အဆိုးဆုံ အခြေအနေတွေ ...အဆိုးဆုံး လူအခွင့် အရေးချိုးဖောက်ခံ ရမှူ တွေ ကို
နိုင်ငံတကာ သိအောင် တနည်းပြောရရင်  ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကြီး ပေါလိုဆာဂျီယို ပီညှဲရိုး ကို အသိပေးနိုင်ဖို့  အခွင့် အလမ်း တခု ကျနော် တို့  အတွက် ဆိုက်ဆိုက်မြိုက်မြိုက် ကြီးရောက်လာ ပါတော့တယ်......။ ကျနော်တို့  ထောင်ထဲမှာ ခိုးဝှက်ပြီး သုံးနေတဲ့ ရေဒီယို လေးက တဆင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကြီး မြန်မာပြည် ရောက်လာမဲ့ သတင်းကို သိရပြီး ရက်မကြာခင်မှာ ပါပဲ ...ကျနော် အိမ်
ကထောင်ဝင်စာ လာတွေ့ ရင်း  အမေ က တိတ်တဆိတ် ပြောသွားခဲ့ တာက အဲဒီလူကြီး လာရင်
 "  မင်းအဖေ သူအတွက် ကားမောင်းပေးဖို့  တာဝန်ကျ လိမ်မယ် ....အရင် တခေါက် ကလဲ မင်းအဖေ ပဲ မောင်းပေးရတာ ...." တဲ့ ၊ အဲဒီအချိန် က ကျနော် အဖေ ပာာ U.N.D.P မှာ ကားမောင်းတဲသူပါ.....။
ဒီတော့ ....ကျနော် တို့ အတွက် ရွှေပုံ ကြီး ဆိုက်သလို အခွင့် အရေး တရပ်ကို မိမိရရ ဆုတ်ကိုင် ကြပါတော့
တယ် .....။
ထောင်ထဲ ကို I.C.R.C အဖွဲ့ တွေ ၀င်ရောက်ခွင့် ရပြီးချိန်က စလို့  ထောင်ပာာ အရင်ကလို တင်ကျပ်တဲ့ စည်း
ကမ်းတွေ နဲ့ လှောင်ပိတ်မနေ တော့ပါဘူး....။ အရင် က ဆိုရင် မနက် ကို (၁၅) မိနစ် မျက်နှာသစ် ၊ အညစ်အကြေးစွန်ချိန် ရပြီး နေလည်မှာ (၃၀) မိနစ် သာ ရေချိုးချိန် လမ်းလျှောက်ချိန် ရကြတာပါ....။ညနေ ပိုင်းကျတော့ (၁၅)မိနစ် ထပ်ဖွင့်ပေးပြီး အညစ်အကြေး အိုးတွေ သွန်ချိန် ဆေးကြောချိန်ပေးပါတယ် .......။
အခန် အားလုံး အကျဉ်းသားအာလုံး ကို တပြိုင်နက် ဖွင့်ပေးတာ မပာုတ်တာကြောင့် ကိုယ်က အချိန်ပို ယူရင်
နောက်လူ အတွက် အချိန်လျှောသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်ရတဲ့ အချိန်လေးအတွင်းမှာ ပြီးစီးအောင်
ကြိုးစားရတယ်ပေါ့....။ I.C.R.C ရောက်လာပြီးနောက်ပိုင်း မနက် ထောင်(တန်းဖွင့်ချိန်) ဖွင့်ချိန်က စပြီး ညနေ
ပိတ်ချိန် အထိ ကျနော်တို့ အားလုံး လွတ်လပ်စွာ နေခွင့် ရလာကြပါတယ် ...။ အခန်းပေါင်း (၁၉)ခန်းသာ ရှိတဲ့
မြစ်ကြီးနားထောင်ရဲ့ တိုက် (၂)တိုက်မှာ လူပေါင်း (၅၁) ယောက်တိတိ ပြည့်ကျပ် အောင်နေခဲ့ ရပါတယ် ....
(၄)ယောက် ကိုတခန်း နှုံး နဲ့ နေခဲ့ ကြရာကနေ ထောင်တွင်း ဖောက်ပြန်ရေးသမား တစု နဲ့ အတူ ဘာသာရေး
၅/ည ....(ဗလီ ဂေါပက လူကြီး နေရာလုမှု နဲ့  ရောက်လာသူ တချို့  ) စုစုပေါင်း (၁၂)ယောက် ကို အဆောင် ရွှေထားချိန်ကျ မှ ကျနော်တို့ တတွေ အသက်ရှု ၀တော့တယ် .....။ အဲဒီ ဖောက်ပြန်ရေးသမား တွေ
အဆောင်ပြောင်းသွား တာကြောင့်လဲ ပါ တယ် ....ကျနော်တို့  " မြစ်ကြီးနာ ထောင်အတွင်း လူအခွင်အရေးချိုးဖောက်မှု့ မှတ်တမ်း "ကြီးတစောင်ကို ရေးသားပြုစု နိုင်ခဲ့ ကြတာလေ.......။
မပာုတ်ရင်တော့ ဒီလူတွေ ထောင်အာဏာပိုင်ကို လက်ထောက်ချတာ နဲ့ တင် နောက်မှု့ တိုးပြီး ထောင်ထဲမှာ
ထောင်ထပ်ကျလောက်ပါတယ် .....။( ဖောက်ပြန်ရေး သမားတစု ရဲ ထောင်တွင်း သတင်းပေး လုပ်မှု့ များကို
ကျနော် ရေးထားတဲ့ " အလွမ်းပြေ ပာင်းတအိုးနဲ ရင်ဘတ်ထဲ ကဒဏ်ရာ " တွင် ဖတ်နိုင်ပါတယ်)...။
ကျနော်တို့  အဲဒီစာတမ်းကို ပြုစု ချိန်မှာ ဘ၀တူ နိုင်ငံရေး အကျဉ်းသား အချို့ ကတော လွတ်မြောက် သွားပါပြီ..
(အတိအကျ မပာုတ်..မှန်းခြေ )လူ (၂၀) နဲ့  (၃၀ )ကြားလောက်သာ ကျန်တော့တာပါ........။
အဲဒီ ကျန်တဲ့ သူတွေ ကို တာဝန်တွေ ခွဲဝေ ပေးပြီး စာတမ်းကို အချက်အလက် စုံလင်အောင် တိကျအောင်
ပြုစု ရေးသားနိုင်ခဲ့ ကြပါတယ် ....။ ရဲဖက်စခန်း အကြောင်း...၊ စားရေးသောက်ရေး...၊ ကျန်မာရေးစောင့်
ရှောက်မှု့ .....၊ ဘုတ်ကိုင်.(ထောင်တန်းစီး)နေရာ လာဘ်ပေးမှု့  ....စတာတွေ ကို သုံးယောက် ကို အုပ်စု တစု
ခေါင်းစဉ် တခု စီတာဝန်ယူပြီး စုံစမ်းကြ ...အတည်ပြု ကြ ဖြည်ဆွက်ကြ ပါတယ်.....။ အဲဒီစာတမ်း ကို အကောင်အထည်ဖော်နိုင်ဖို့  အဓိက ထောက်ပံ သူက ယခု နော်ဝေ နိုင်ငံ ရောက်နေတဲ့  ကိုနိုင်ဖော်ဝင်း ပါ
ပဲ ....သူက အဲဒီအချိန်မှာ မြစ်ကြီးနား N.L.D အဖွဝြင် တယောက်ပါ....။သူကို ထောင်ဝန်ထမ်းတယောက်က
နေတဆင့် ဆက်သွယ်ပြီး လိုအပ်တဲ့ ဘောလ်ပင် ...ခဲတံ....စာရွက် ....မှာယူရပါတယ် ....။ သူကလဲ တကယ်ကို လိုလိုလားလား မကြောက်မရွံ ကူညီပေးပါတယ် .....။ ဒီလိုနဲ့  ကျနော်တို့ ယုံကြည်ချက်ကြောင့်
အကျဉ်းကျခံ နေရတဲ့ (ယုံကြည်ချက် အကျဉ်းသား )နိုင်ငံရေးသမားထောင်ကျ သူတွေရဲ့  ထောင်တွင်း လူအခွင့် အရေး ချိုးဖောက်မှု့  မှတ်တမ်း ဆိုတာကြီးက တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီး ကိုယ်စာလှယ်တော်
ကြီး မြစ်ကြီးနား ထောင်ကို ရောက်လာမဲ့  ရက်ပာာလဲ တဖြည်းဖြည်း နီးကပ်လာပါတော့တယ်.........။
(ဆက်ရန်.....)
                                                                                        ခိုင်ကိုဦး(ဆစ်ဒနီ)
                                                                                 ၅  .  ၈ .  ၂၀၁၆ (စနေနေ့ ...ည ၁၁း၄၅)