Tuesday, 29 April 2014

ချီးမွှမ်းထိုက်သူကို ချီးမွှမ်းဂုဏ်ပြုခြင်းသည် မင်္ဂလာ တပါး ………

ချီးမွှမ်းထိုက်သူကို ချီးမွှမ်းဂုဏ်ပြုခြင်းသည် မင်္ဂလာ တပါး ………


ဆယ်နှစ်မပြည်တတ်သေးတဲ့ သားသမီး သုံးယောက်ရဲ့ နေစဉ် တာဝန်ဆိုတာက ကျနော်တို့ လို လူခွဲ မရှိတဲ့ မိသားစုမှာတော့ အင်မတန် ကြီးလေးလှပါတယ် ။
နေစဉ် သူတိုလေးတွေရဲ့ စားဝတ်နေရေး ကျန်းမာရေး ပညာရေး အရာ အားလုံး
ပာာ ကျနော်တို့ လင်မယား နှစ်ယောက် ကူညီကုန်းလို့ ရုန်းကာမှ တော် ရာ မကျ
တတ်ပါဘူး ….။ တခါတရံ ကျနော် စိတ်ကူးထဲမှာ စာလေးပေးလေးေ၇းဖို့ အတွေရှိ
ပေမဲ့ မအားလပ်တာကြောင့် ကျနော်စာရေး ကျဲ လို့  ကိုယ်ကို ကိုယ် အားမရ ဖြစ်ရပါ
သေးတယ် ။ ကျနော် စာလေးပေလေး ရေးတယ် ဆိုတာကလည်း ကျနော်ရေးတတ်
သလို စိတ်ကူးထဲ ရှိသလို ရေးခြင်းမျှသာပါ ။ တကယ်တမ်းပြောရရင် ကျနော်ေ၇းတဲ့
စာတွေက အလယ်တန်းအဆင့် စာစီစာကုံး ရေတဲ့ အဆင်လောက်ပါပဲ ။ ပညာရှင် အဆင်စာရေးဆရာ မပာုတ်လေတော့ အမှာ အယွင်းတွေ အများကြီး ရှိနေတတ်တာ
အမှန်ပါပဲ…။ သို့ သော် ကျနော်ရေးတဲ့စာတွေကို အစဉ်တစိုက် ဖတ်ရှု နေသူတွေ ၊ ကျ
နော် ရဲ့ မလုပ်တတ် လုပ်တတ်နဲ့ ဖန်တီးထားတဲ့ ခိုင်ကိုဦး ရဲ့  မှတ်စုများ Blog မှာလာ
ရောက်ဖတ်ရှုသူ ဦးရေ များလာတာနဲ့ အမျှ ကျနော်မှာ တာဝန်ကြီး တခု ပိုလို့ လာတာ တော အမှန်ပါပဲ….။ ဝေဖန်သံတွေ အကြံပြုတာတွေ ချီးမွှမ်းသံ တွေ ကဲရဲ့ သံတွေ ကတော့ ဘယ်နေရာ ဘယ်ဒေသ ဘာအလုပ်ပဲ လုပ်လုပ် ရှိနေတတ်တာပါပဲ ။ ဒါတွေရှိနေမှလည်းပဲ ကိုယ်အလုပ် ကိုယ်အရည်အချင်း ကိုယ်သိခွင့် ရတာမို့  ကျနော်
ကတော့ ကျေကျေနပ်နပ်ကို လက်ခံပါတယ် ။
တလောက ကျနော်မိတ်ဆွေ တယောက်ရဲ့ ဧည်ခံပွဲ တခုမှာ ကျနော် မိတ်ဆွေ တယောက်က ကျနော်ကို ဝေဖန်လာပါတယ် ။ သူပြောတဲ့အထဲမှာ ကျနော် အတွက်
ဆောင်ရန်ရှောင်ရန်တွေ အများကြီး ရလိုက်တဲ့အတွက် သူကို အထူးကျေးဇူတင်နေမိ
တယ် ။ ဒါပေမဲ့ ကျနော် အတွက် တွေးစရာ တခုပါလာတာက လူတဦးတယောက်ကို
ဇောင်းပေးပြီး ချီးမွှမ်းခန်းတွေ မဖွင့်ဖို့ ပါ …။ ဒါတွေးစရာ ပါပဲ ….။ ကျနော်တို့  မြန်မာ
လူမျိုး တချို ပာာ တခါ တရံ မှာ အတွေးချော်နေသလား လို့  ….
များသော အားဖြင့် ကျနော်တို့ လူမျိုး မှာ မကောင်းတာ တခုခု လုပ်လိုက်ရင် ချီးမွှမ်း
ခုနှစ်ရက် ကဲ့ရဲ့  ခုနှစ်ရက် ဆိုပေမဲ့ တကယ်တမ်းကျတော့ ချီးမွှမ်းတယ် ဆိုတာ မကြား
ရလောက်အောင်ရှားသလို့  ကဲ့ရဲ့ တာကျတော့ ခုနှစ်ရက် မက ကြားတတ်ကြတာပဲ ။
ဒီနေရာမှာ တခု သတိပြုမိတာလေးက အနောက်တိုင်းယဉ်ကျေးမှု့  ဓလေ တွေမှာ ကျ
တော့ တဦးတယောက်က ကောင်းတာတခုခု လုပ်လိုက်မိရင် …အများအကျိုး ဆောင်ရွက် လိုက်မိရင် Congratulate ဒါမှမပာုတ် Congratulation လုပ်ကြတယ် ။
ကျနော်တို့ မြန်မာယဉ်ကျေးမှု့  ဓလေ့မှာလဲပဲ ချီးမွှမ်းထိုက်သူကို ချီးမွှမ်းဂုဏ်ပြုခြင်းပာာ
မင်္ဂလာ တပါး ဆိုတာ ရှိပြီးသားပါ…။ ဒါကို ကျနော်တို့ အများအားဖြင့်မေ့ထားတတ်ကြ
တယ် ။ အခု ကျနော် နိဒါန်ပျိုးနေရခြင်း ကလည်းပဲ တဦးတယောက် တစုတဖွဲ့ ရဲ့  လုပ်
ရပ်တခုကို ချီးကျူး ဂုဏ်ပြုချင်လို ပါပဲ …(ဒီတကြိမ်နဲ့ ဆိုရင် ကျနော် စာရေးသက် တိုတိုလေးအတွင်းမှာ ဒုတိယ အကြိမ်မြောက် ချီးမွှမ်ခန်းဖွင်ခြင်း ဆို၇င် မမှားပါဘူး)။
သည်အတွက် အပြစ်ဖို့ မယ် ဆိုရင်လည်း ကျနော်ခံပါမယ် ။
အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ၏ကျန်းမာရေး နှင့် ပညာရေး ကွန်ယက် ရံပုံငွေ
ဖျော်ဖြေပွဲ နဲ့ပါတ်သက်လိုပါ…။ ပွဲ မတိုင်ခင် ၂ လလောက်ကတဲက ကျနော် ခင်တဲ့ဆရာ
ဒေါက်တာ ဦးမြင်ထွန်းက အသောက ဘုန်းတော်ကြီးကျောင်းဈေးရောင်းပွဲ မှာ တွေရင်း
ဆုံခိုက် စကားစပ်မိရာကနေ ပွဲအကြောင်း သိခွင်ရခဲ့ပါတယ် ..။ ကျနော်ကိုယ်တိုင်လည်း
တတ်နိုင်သလောက် ကူညီမယ် လို့ ပြောခဲ့မိပေမဲ့ ထည့်ထည့်ဝင်ဝင် ကျနော် မပါဝင် မပါတ်သက်နိုင်ခဲ့ပါဘူး ။ ပွဲရက်နားနီးလာကာမှ ပဲ ကိုဇော်မင်းမင်း နဲ့ တိုင်ပင်ပြီး ကျနော်
(တတ်ကျွမ်းရာ ) လဘက်ရည် ခွက် ၁၀၀ လောက်ဖျော်ပြီး ဈေးဝင်ရောင်းပေးခဲ့နိုင်တာ
ရောင်း၇ငွေ ၂၅၀ ဒေါ်လာ လှူနိုင်ခဲတာက လွဲ လို ပေါ့ …။ ဒါကြောင့် ဒီပွဲ တစ်ပွဲ ဖြစ်
မြောက်ဖို့  ဘယ်လောက် အားစိုက် ထုတ်ခဲ့ကြသလဲ ဆိုတာ ကျနော် မသိနိုင်ပါဘူး ။
ဆစ်ဒနီ ကို မြန်မာနိုင်ငံက အနုပညာရှင်တွေ ဖိတ်ခေါ်ပြီး ပွဲ တပွဲဖြစ်အောင်စီစဉ်ရတာ
အင်မတန် လုံးလ ၀ရိယ စိုက်ထုတ် ရမယ်ထင်ပါတယ် ။ အနုပညာရှင်တွေ ဗီဇာ ရဖို့ 
ကစလို့  ခန်းမ နေရာ စီစဉ်ရတာ ..အစားအသောက်ရောင်းဖို့ ဖိတ်ခေါ်ရတာ ..ပွဲဝင်ခွင်လက်မှတ် ရောင်းချရေး…ရောက်လာတဲ့ အနုပညာရှင်တွေ နေထိုင်စား
သောက်ရေးက အစ စီစဉ်သူရဲ့  Management လုပ်ရတာ လွယ်မဲ့ အလုပ် မပာုတ်တာ
တော့ အသေအချာပါပဲ…။ ပွဲနေ့ ကို ရောက်လာပြန်တော့လည်း ဖျော်ဖြေရေး အစီအစဉ်
စနစ်တကျ ဖြစ်ရေး ၊ ပွဲကျင်းပနေချိန်မှာ အထစ်အငေါ့ ကင်းကင်းနဲ့  အဆုံးသတ်နိုင်ေ၇း ဆို တာကလည်း စိတ်မောစရာ တခုဖြစ်မှာပါ ။ အဆိုးဆုံးက လုပ်စား ပွဲ (ပွင်ပွင်လင်း
လင်းပြောတာပါ) လို့  အထင်အမြင် မရောက်စေရေး ကပိုလို့  အရေးကြီးပါတယ် ။
လုပ်စားသွားတယ်လို့ မြင်ကြတဲ့ တချို့ ပွဲတွေရှိပေမဲ့ ကျနော် အမြင်ကတော့ အဲသည်လို
ရှိနေခြင်းကလည်း နိုင်ငံရပ်ခြားရှိနေတဲ့ နေထိုင်နေကြတဲ့ ရွှေမြန်မာတွေ အတွက်တော့
အဆိုးထဲက အကောင်းလိုပဲ မှတ်ယူချင်ပါတယ် ..။ ဒီမိုကရေစီ နိုင်ငံ ဆိုပေမဲ့ ကျနော်တို့ တတွေပာာ အရင်းရှင်စနစ်အောက်က သားကောင်တွေပါ ။နေစဉ်နှင်အမျှလှုတ်ရှားရုန်း
ကန်နေရတဲ့ ဆစ်ဒနီမြိုပြ လူနေမှု့ ဘ၀မှာ စိတ်ထွက်ပေါက် ရစရာ ဆိုလို ဒီလို ပွဲလမ်းသ
ဘင်တွေသာ မရှိရင် ဆိုတဲ့ အတွေးနဲတင် နားလည်ပေးလို ရလိုက်မှာပါ ။ တခါတရံလုပ်တဲ့ပွဲတွေ အခမ်းအနားတွေမှာ ဆို ခန်းမ ငှားခ တောင်မှပြန်မရတဲ့ အရှုံးခံအိတ်စိုက်ပွဲတွေဖြစ်သွားတာမျိုးလည်းကြားခဲ့ဖူးပါတယ် ။ဒါပေမဲ့ အဲသည့် 
ဒေါ်အောင်ဆန်းစုကြည် ၏ကျန်းမာရေး နှင့် ပညာရေး ကွန်ယက် ရံပုံငွေ ဖျော်ဖြေပွဲ
တော့ ဒီလို မဖြစ်ခဲပါဘူး ။ အဆိုတော် ထွန်းအိန္ဒြာဗို က စင်ပေါ် တက်ကာစမှာပဲ သူမ ရတဲ့ ဆုငွေတွေကို ကြေငြာရင်း တဆက်တည်း ပြောသွားတဲ့ (ကျမရတဲ့ဆုငွေတွေ ကိုကြေငြာပေးနေပါတယ် ပရိတ်သတ်ထဲက ကောင်တာတွက်နေသူများရှိခဲ့ရင်
ကျမကြေငြာတာနဲ့ မကိုက်ညီရင် လာရောက် ပြောနိုင်ပါတယ် …ကျမ ရတဲ့ဆုငွေတွေ အားလုံးကို ပါ အမေရဲ ကျန်းမာရေး နှင့် ပညာရေး ကွန်ယက် ရံပုံငွေ ထဲကိုထည့်ဝင်လှုဒါန်သွားမှာဖြစ်ပါတယ်)ဆိုတဲ့ စကားကြောင့် နှစ်ထောင်းအားရ ဖြစ်ရပြန်တယ် ။ တကယ်ကိုပဲ အဲသည် ဖျော်ဖြေပွဲ လေးပာာ နတ်လူ သာဓုခေါ်နိုင်ခဲ့
တဲ့ပွဲ လို ပြော ရမှာပါပဲ…။ ကျနော်တို့ တတွေရဲ့ မွန်းကျပ်နေတဲ့စိတ်အလျှင်တွေ ပြေ
လျှောသွား ရသလို ကျနော်တို့ ချစ်တဲ့ အနုပညာရှင်တွေကို လည်း ရင်းနှီး ချစ်ခင်စွာ
အားပေးခွင့်ရခဲ့ပါတယ် ….အထူးဆုံးအကျိုးအမြတ်က ပြာပုံထဲက ထိုးထွက်နေတဲ့
ကျနော်တို့ ချစ်တဲ့ မြန်မာနိုင်ငံကို တဖက်တလမ်းက ပံ့ပိုး လိုက်နိုင်ခြင်းပါပဲ…။ အဲသည့်
ပွဲ အပြီး နောက်ပိုင်း အဆိုတော် လင်းလင်းရဲ့ Facebook စာမျက်နှာမှာ ဒီ Status ကလေး တွေ လိုက်ရတော့ အတိုင်းထက်အလွန် ၀မ်းသာ ပီတိဖြစ်ရပြန်တယ် ။သူရေး
ထားတာက…….။
သြစတြေးလျ နိုင်ငံ မြို့ (၄) မြို့  သို့  အမေစု ၏ကျန်းမာရေး နှင့် ပညာရေး ကွန်ယက် ရံပုံငွေနှင့် ကော့မှူး မြို့  နယ်အတွင်း ဘုန်းကြီးကျောင်း စာသင်ဝိုင်း ရံပုံငွေ များအတွက် မေတ္တာဖြင့် လာရောက် သီဆို ဖျော်ဖြေ ပေးကြသော လင်းလင်း၊ ထွန်းအိန္ဒြာဗို၊ ချစ်သုဝေ တို့ မှ ရရှိသည့် ဆုကြေးငွေ နှင့် ရံပုံငွေ များအား ကြေငြာပေးမည် ဖြစ်ပါသည်
ဆစ်ဒနီ( Sydney ) --
ဝင်ကြေး ရရှိငွေ - A$ 13300
အနုပညာဆုကြေး- A$ 4270
US$ 400
မဲဘုန်း( Melbourne )--
ဝင်ကြေးရရှိငွေ - A$ 8180
အနုပညာဆုကြေး-A$ 3225
ဘရစ်ဘိန်း( Brisbane )--
ဝင်ကြေးရရှိငွေ- A$6000
အနုပညာဆုကြေး-A$4155
ပါ့တ်( Perth )--
ဝင်ကြေးရရှိငွေ-A$11950
အနုပညာဆုကြေး-A$7130
တို့ ဖြစ်ပါသည်၊ ထို့ ကြောင့်
ဝင်ကြေးငွေအားလုံးပေါင်း -(A$39430) နှင့်
အနုပညာဆုကြေးငွေအားလုံးပေါင်း-
(A$ 18780 နှင့် U$ 400 ) တို့ ဖြစ်ပါသည်။ မြန်မာငွေ နှင့် ခန့် မှန်း ပြောရလျှင် ဝင်ကြေးငွေ သိန်းပေါင်း (347)(သုံးရာလေးဆယ့်ခွန်နစ်သိန်း) ဝန်းကျင်နှင့် အနုပညာဆုကြေးငွေ သိန်းပေါင်း(168) (တစ်ရာ ခြောက်ဆယ့် ရှစ်သိန်း) ဝန်းကျင် ရရှိပါသည်။ ဝင်ကြေးငွေ သိန်းပေါင်း (347)(သုံးရာလေးဆယ့်ခွန်နစ်သိန်း) ဝန်းကျင် အား အမေဒေါ်အောင်ဆန်းစုကြည် ၏ ပညာရေးနှင့် ကျန်းမာရေး ကွန်ယက် သို့ ၎င်း အနုပညာဆုကြေးငွေ သိန်းပေါင်း (168) (တစ်ရာခြောက်ဆယ့်ရှစ်သိန်း) ဝန်းကျင်အား ကော့မှူးမြို့ နယ် အတွင်း မှ ဘုန်းကြီးကျောင်း စာသင်ဝိုင်း များသို့ ၎င်း လှူဒါန်းမည် ဖြစ်ပါသည်။ ခရီးစဉ်တစ်လျှောက် လုံးတွင် ဆစ်ဒနီ၊ဘရစ်ဘိန်း၊ပါ့တ် မြို့ များမှ ပွဲစီစဉ်သူများနှင့် လိုက်လံစောင့် ရှောက်ပေးသူ အားလုံးကို ကျေးဇူးတင်ပါသည်၊ မဲဘုန်းမြို့  မှာတော့ အားလုံးကို ကျေးဇူး တင်လို့ မရပါ၊ "ဒေါ်အောင်ဆန်းစုကြည် ပညာရေး ရံပုံငွေပွဲ" ဆိုသည့်ခေါင်းစဉ်အား ဖျာဝင်ခင်းသည့် လူအချို့ နှင့် အချိုရည် လောင်းမျက်နှာဖုံး လူသားများအား တွေ့ ခဲ့ရသော ကြောင့်ဖြစ်ပါသည်။ ထို့ ကြောင့် ပွဲစီစဉ်သူ လူအနည်းငယ်နှင့် မိသားစု လိုလိုက်လံ စောင့်ရှောက်ပေးသော လူအနည်းငယ်ကို သာကျေးဇူး တင်ပါသည်။
ဘာဘဲဖြစ်ဖြစ် ထင်မထာလောက် အောင်ရရှိသည့် သိန်း ရာချီ အလှူငွေများအတွက် လိုက်လံအားပေးသည့် ပရိတ်သတ် များနှင့် အလှူငွေများ ပေးကြသော ပရိတ်သတ် များအား လုံး ကျန်းမာ၊ ချမ်းသာ ကြပါစေ ခင်များ၊
အလှူငွေများနှင့် ပတ်သတ်၍ သော်၎င်း တစ်ခြားသော မရှင်းလင်း သည်များနှင့် ပတ်သတ်၍ သော် ၄င်း မည်သူမဆို ပွင့်လင်းစွာ ဆက်သွယ် မေးမြန်း နိုင်ပါသည် ။
…...တဲ့ လေ…..(မူရင်အတိုင်ပြန်တင်ပေးခြင်းဖြစ်ပါသည် ။ မဲဘုန်မြို မှ အခြေ အနေ
အရပ်ရပ်အား ကျနော်မသိပါ ) ။စာစကားနှင်ပြောရရင် …မည်သိုပင်ဖြစ်စေကာမူပေါ့
ဗျာ … ဝင်ကြေးငွေ သိန်းပေါင်း (347)(သုံးရာလေးဆယ့်ခွန်နစ်သိန်း) ဝန်းကျင်နှင့် အနုပညာဆုကြေးငွေ သိန်းပေါင်း(168) (တစ်ရာ ခြောက်ဆယ့် ရှစ်သိန်း) ကို ကျနော်
တို့ တတွေ မြန်မာနိုင်ငံ အတွက် ရှာဖွေ ပေးခဲ့ကြတာမို့  ပွဲစီစဉ်သူတွေ ပွဲက သူတွေ အဖက်ဖက် ကနေ ကူညီပံ့ပိုးပေးခဲသူတွေ ဇာတ်စကားနဲ့ ပါတ်စာခွာ ဖျာသိမ်း လုပ်ခဲ့
ကြသူတွေ အားလုံး ၊(လင်းလင်းစကား အရ ) ဖျာဝင်ခင်းသည့် လူအချို့ နှင့် အချိုရည် လောင်းမျက်နှာဖုံး လူသားများ အားလုံး ကိုပါ ကျနော် ကတော့ဖြင့် ကျေး
ဇူးတင်မဆုံးပါ ….။အဲသည်နောက် ရန်ကုန်မြို့ မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် ၏ကျန်းမာရေး နှင့် ပညာရေး ကွန်ယက် ရံပုံငွေ ဖျော်ဖြေပွဲ မှာ အဆိုတော် ထွန်းအိန္ဒြာဗို
၊ ချစ်သူဝေ ၊ လင်းလင်း တို့ ကိုယ်တိုင် အန်တီဒေါ်အောင်ဆန်းစုကြည် လက်ထဲကို အလှူငွေ တွေပေးအပ်နေတဲ့ ဓါတ်ပုံတွေကို ထွန်းအိန္ဒြာဗို Facebook စာမျက်နှာပေါ်မှာ
တွေလိုက်ရပြန်တော့ ဒီထက်ပွင်လင်းမြင်သာတဲ့ အလှု ရှိနိုင်ပါဦးမလား ရယ်လို တွေးမိ
ရင်း လှိုက်လှိုက်လှဲလှဲ သာဓု အကြိမ်ကြိမ်ခေါ် မိပါတော့ တယ် …..။ အဲသည်ပွဲမှာ ထပ်
ပြီး သတိ ထားမိတာ တခုက ပွဲကျင်းပ ရာ ခန်းမ တခုလုံး ယောက်ယက်ခတ် အလုပ်များနေတဲ့ ဆရာ ဒေါက်တာမြင်ထွန်းပါ …..သူအစား သူကိုကြည်ရင်း ကျနော်တော့ တော်တော် ကို ရင်မောခဲ့ရပါတယ် ….။ ဆစ်ဒနီမှာ ယခု ကဲ့သိုသော
တန်ဖိုးရှိသော ပွဲမျိုး ဆက်လက်ဖန်တီးနိုင်ကြပါစေ လို့  တောင်းဆုပြုရင်း …….


                                                                                              ခိုင်ကိုဦး (ဆစ်ဒနီ)
                                                                                               ၃၀ . ၄ . ၂၀၁၄ ။
Like · ·

* ၂၀၀၃ မေလ( ၃၀ )ရက်ဒီပဲရင်းအရေးအခင်းတွင်ဒေါ်အောင်ဆန်းစုကြည် ကားမောင်းပေးသူ လူငယ် ကျော်စိုးလင်းဧ။်အတွေ့အကြုံခံစားမှု * * အပိုင်း ( ၄ ) နိဂုံး

* ၂၀၀၃ မေလ( ၃၀ )ရက်ဒီပဲရင်းအရေးအခင်းတွင်ဒေါ်အောင်ဆန်းစုကြည်
ကားမောင်းပေးသူ လူငယ် ကျော်စိုးလင်းဧ။်အတွေ့အကြုံခံစားမှု * * အပိုင်း ( ၄ ) နိဂုံး
**************************************************************
အပိုင်း ( ၄ ) နိဂုံး

ရေဦး ရဲစခန်းရောက်တော့ အန်တီက ပြောတယ်။ “ရှင်တို့ သတ်ချင်ရင် ကျမတို့ကို ဒီနေရာမှာ သတ်ချင် သတ်ပစ် လိုက်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ကျမတို့ကတော့ ဒီကိစ္စကို ဖြေရှင်းရမှာပဲ”လို့ ပြောတယ်။ အဲ့ဒီမှာ သူတို့က အန်တီ့ကို အဲ့လိုတော့ မဟုတ်ပါဘူး။ ဖြေရှင်းဖို့ ကျနော်တို့နဲ့ လိုက်ခဲ့ပေးပါဦး လို့ ပြောတယ်။ အဲ့မှာ အန်တီက “မလိုက်နိုင်ဘူး၊ ဥပဒေကြောင်းအရ ဖြေရှင်းမှ သာလျှင် လိုက်မယ်”လို့ ပြောလိုက်တယ်။ နောက် ၁ဝ မိနစ်လောက် နေတော့ ဥပဒေ
ကြောင်းအရ ဖြေရှင်းပေးပါ့မယ်လို့ သူတို့က ပြောတယ်။ အဲ့ဒီမှာ အန်တီနဲ့ ကိုထွန်းဇော်ဇော်ရယ်၊ ကိုထွန်းမြင့်ရယ် လိုက်သွားတယ်။ ကိုထွန်းဇော်ဇော်နဲ့ ကိုထွန်းမြင့်ကို အန်တီက သက်သေအနေနဲ့ ခေါ်သွားလိုက်တာ။ ကျနော်ကတော့ ကားနဲ့ ကားမှာပါတဲ့ သက်သေခံပစ္စည်းတွေကို စောင့်ကြည့်တဲ့ အနေနဲ့ ကျန်ခဲ့တယ်။ ကျန်တဲ့သူတွေ အားလုံးကိုတော့ သူတို့က အချုပ်ထဲ ထည့်လိုက်တယ်။

ရဲစခန်းကို သက်သေဆိုပြီး လိုက်လာတဲ့သူတွေ ၄၊ ၅၊ ၆ ယောက်ရှိတယ်။ အဲ့ဒီလူတွေမှာလည်း စရိုက်တုန်းက လူတွေ ပတ်ထားတဲ့ လက်ပတ်အဖြူတွေ ပတ်ထားတာတွေ့တယ်။ သူတို့က ရပ်ကွက်လူကြီးတို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ အဲ့လိုလူတွေ။ ကျနော်တို့ကိုလည်း ဗီဒီယို မှတ်တမ်း တင်တာတွေဘာတွေ လုပ်တယ်။ အဲ့ဒီက ထောက်လှမ်းရေး ထင်တယ် တယောက်က “မင်းတို့က စရိုက်လို့ ငါတို့က လုပ်ရတယ်” ဆိုပြီး ကျနော့်ကို ပြောတယ်။ အဲ့မှာ ကားပေါ် ပါတဲ့ သက်သေပစ္စည်းတွေ စာရင်းတွေလုပ်။ စာရင်းတွေ လုပ်ပြီးပြီဆိုမှ ကျနော့်ကိုပါ အချုပ်ထဲ ထည့်လိုက်တယ်။ အဲ့ဒီမှာ ကျနော်တို့ကို ထမင်းလည်း မကျွေးဘူး။ အဲ့ဒီညနဲ့ နောက်နေ့ တနေ့လုံး ထားတယ်။

အန်တီနဲ့ လိုက်သွားတဲ့ နှစ်ယောက်က သိပ်မကြာဘူး ပြန်ရောက်လာတယ်။ ကျနော်တို့ ၁၇ ယောက်ကို နောက်နေ့ ညနေမှာ ဒိုင်နာ ၂ စီးနဲ့ ရွှေဘိုထောင်ကို ပို့တယ်။ ဒိုင်နာ ၂ စီးကို တာလပတ်တွေနဲ့ အုပ်ပြီးတော့ ရဲတွေနဲ့ ခေါ်သွား တယ်။ ရွှေဘိုထောင်ရောက်တော့ ကျနော်တို့ တယောက်စီကို ရာဇဝတ်သား ၂ ယောက်၊ တန်းစီးလိုမျိုးပေါ့ အဲ့လို လူတွေနဲ့ ထားတယ်။ အဟန့်ပေါ့ဗျာ။ ဒါပေမယ့် သူတို့က ကျနော်တို့ကို ဘယ်သူမှ ရိုင်းရိုင်းပြပြ မဆက်ဆံပါဘူး။

ကောင်းကောင်းမွန်မွန် စောင်တွေဘာတွေနဲ့ ထားပါတယ်။ရွှေဘိုထောင်မှာ ကိုတိုးလွင်ကိုလည်း ကျနော်တို့ ပြန်တွေ့တယ်။ စရိုက်လို့ ကျနော်တို့ကား ထွက်လာတဲ့အချိန်မှာ သူက မှောက်ကျန်နေခဲ့တော့ သူ့ကို ကျနော်တို့က အသေဆိုပြီး တွက်ထားတာ ရွှေဘိုထောင် ရောက်မှ ပြန်တွေ့တာ။ သူကလည်း ခေါင်းတခေါင်းလုံး အရိုက်ခံထားရတာ ပွစိကို လန်နေတာပဲ။ အဲ့ဒီအချိန်အထိ သူ့ကို ဆေးကုမပေး ထားဘူး။

အဲ့ဒီမှာ ည ၂ နာရီလောက်မှာ ရွှေဘိုထောင်ကနေ ပြန်ထုတ်တယ်။ ပြန်ခါနီးမှ ကိုတိုးလွင်ကို ပတ်တီးတွေစည်းပြီး ကျနော်တို့နဲ့ ပြန်ထည့်ပေးလိုက်တယ်။ ကျနော်တို့ထဲက မုံရွာက ကျောင်းသားလေး တယောက်ကိုတော့ သူတို့ရွှေဘိုထောင်မှာပဲ ထားခဲ့တယ်။ ကျနော်တို့ကို ခေါင်းစွပ်တွေ စွပ်ပြီး ကုန်ကားကြီးပေါ် တင်တယ်။ ကားပေါ်ရောက်
တော့ မျက်နှာဖုံး ပြန်ချွတ်တယ်။ ကားပေါ်မှာ မတ်တပ်မရပ်ခိုင်းပေမယ့် ပတ်ဝန်းကျင်ကို မြင်ရတော့ တံတားဦးဘက်ရောက်နေတာ ကျနော်သိရတယ်။ အဲ့ဘက်က ရောက်နေကျဆိုတော့ ကျနော်က သိတယ်လေ။ နောက် ကျနော်တို့ကို မျက်နှာဖုံးပြန်စွပ်ပြီး နာမည်တွေခေါ်ပြီး လေယာဉ်ပေါ် တင်တယ်။

လေယာဉ်ပေါ်မှာ ကျနော်တို့က မျက်နှာဖုံးစွပ်တွေက မွန်းတယ်။ လေယာဉ်ပေါ်ကနေ ဘယ်မှလည်း ထွက်ပြေးလို့ မရပါဘူးလို့ တောင်းပန်တော့မှ မျက်နှာဖုံးစွပ်တွေ ချွတ်ပေးတယ်။ လေယာဉ်က ထိုင်ခုံတွေနဲ့ပဲ။ ဒီဘက်ထိုင်ခုံ နှစ်ခုံ ဟိုဘက်နှစ်ခုံ နှစ်တန်းပါတယ်။ လေယာဉ်မယ် ပါတယ်။ ဒီဘက်မှာ ကျနော်တို့ကို နှစ်ယောက်စီ ထားလိုက်တယ်။ ဟိုဘက်မှာက စစ် ထောက်လှမ်းရေးတွေ၊ ရဲထဲက SB တို့ ပါမယ်ထင်တယ်။ သူတို့လည်း နှစ်ယောက်စီ ထိုင်တယ်။ ကျနော်တို့ ၁၇ ယောက်ကို သူတို့ကလည်း ၁၇ ယောက် ပါတယ်။

၁ နာရီ၊ ၂ နာရီလောက် ကြာတော့ ခန္တီးကို ရောက်တယ်။ မိုးလင်းပြီ။ ခန္တီးထောင်မှာ ကျနော်တို့ နေဖို့ နေရာတွေချ တယ်။ မင်းတို့ကို ကောင်းကောင်းမွန်မွန် ကျွေးပါ့မယ် ဘာညာပြောပြီး ကျနော်တို့ကို ရွှေဘိုက ထည့်ပေးလိုက်တဲ့ အထုပ်လေးတွေတောင် သိမ်းသွားတယ်။ ကျနော် နေရတဲ့ အခန်းက ၃ ပေ၊ ၈ ပေ လောက် ရှိမယ်။ (ခန္တီးထောင်တွင် ကိုကျော်စိုးလင်း ကြုံတွေ့ ခဲ့ရသည်များမှာ စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့ခဲ့ရသည့် အနေအထား များအတိုင်းဖြစ်၍ ချန်လှပ်ထားခဲ့ပါသည်။)

ခန္ဓီးထောင်မှာ ခြောက်လ။တရားခွင် မတင်ဘူး။ ဒီလို မတရားချုပ်နှောင်တဲ့အပြင် မတရားဖမ်းဆီးမှုလို့လည်း ပြောရမှာပေါ့။ အဲ့ဒီမှာ ၁၅ ရက်
လောက်က စစ်ကြောရေး ဝင်ခဲ့ရတယ်။ စစ်ကြောရေးကတော့ တကယ့် ဆိုးဆိုးဝါးဝါး ငရဲခန်းပါပဲ။

စစ်ကြောရေးမှာ အဓိကကတော့ ကျနော်တို့က စလုပ်တာပေါ့။ ကျနော်တို့က ရိုက်တယ်ဆိုတဲ့ အကြောင်းကို ထွက် ဆိုခိုင်းတာ။ ပထမ တကြိမ် လာစစ်လည်း ကျနော် အမှန်အတိုင်းပြောတယ်။ ဒုတိယ တကြိမ်၊ တတိယ အကြိမ်လဲ အဲ့ဒီအတိုင်းပဲ ထွက်တယ်။ ကျနော်တယောက်တည်းကို လူ ၄၊ ၅၊ ၆ ယောက် လောက်က ဝိုင်းစစ်တာ။ ဒီလူ ၄၊ ၅၊ ၆ ယောက်ကလည်း အဲ့တာကိုပဲ မေးတယ်။ မနက်တခါ၊ နေ့လည်တခါ၊ ညဆိုလည်း ၇ နာရီတခါ၊ ၁၂ နာရီတခါ အဲ့လို စစ်တယ်။ထောင်ထဲရောက်နေတဲ့ အချိန်တုန်းကတော့ နားထဲမှာ အဲ့အဖြစ်အပျက်တွေ ကြားနေရတာမျိုး ရှိတယ် ။

ကျနော်ကဖြစ်တဲ့ နေရာမှာတုန်းက ဘာမှ မဖြစ်ခဲ့ဘူးလို့ ပြောလို့ရတယ်။ ထောင်ထဲ ရောက်မှ နှိပ်စက်ခံရတဲ့ အခါကျမှ မျက်လုံး တဘက် ထိလာတယ်။ မျက်လုံးက အားနည်း သွားတယ် ပြောရမှာပေါ့။ သွားတွေလည်း အခုထိ မကောင်းတော့ဘူး။ နားတွေလည်း သိပ် မကောင်းတော့ဘူး။ အဲ့တော့ ထောင်ထဲက အဖြစ်အပျက်တွေ အိပ်မက်လို ပြန်မက်တာတွေ ရှိတယ်။ အမြဲတမ်း အာရုံထဲမှာ ရောက်နေတာမျိုး ရှိပါတယ်။

အခုအချိန်အထိ ခံစားနေရတာကတော့ ဒီကိစ္စက အစိုးရတရပ်အနေနဲ့ လုပ်ကြံတယ်လို့ သိပေမယ့် ဘယ်သူက ဦးဆောင်ပြီးတော့ လုပ်သလဲ ဆိုတာကို။ တာဝန်ရှိတာတော့ အစိုးရမှာ တာဝန်ရှိတယ်။ အများကလည်း သိတဲ့ အနေအထားရှိတယ်။ ဒါပေမယ့် ဒီဥစ္စာကို ဘယ်သူက ဦးဆောင်ပြီးတော့ အကွက်ကျကျ စီစဉ်ပြီးတော့ လုပ်သလဲ ဆိုတာ အခုအချိန်အထိ မပေါ်ပေါက် သေးဘူး။ နောက်ပြီး လုပ်တဲ့သူတွေ ဘယ်နှစ်ယောက်၊ ဘယ်သူတွေဆိုတာ ကျနော်တို့ တိတိကျကျ ဖော်ထုတ်နိုင်စွမ်း မရှိသေးဘူး။

ကျနော့်စိတ်ထဲမှာ သူတို့ကို ပြန်ပြီး ထိခိုက်ပါစေ၊ နစ်နာပါစေ၊ ဟိုဟာဖြစ်ပါစေဆိုတဲ့ ဆန္ဒမရှိဘူး။ ဒါပေမယ့် အဖြစ်မှန်လေးကိုတော့ ပေါ်ပေါက်စေချင်တယ်။ တနေ့ထက် တနေ့တော့ အဲ့ဒီ ခံစားချက်လေးတော့ ရှိနေတာပေါ့နော်။

သမိုင်းမှန်ကို သိစေလိုသောရည်ရွယ်ချက်ဖြင့် ပြန်လည်ဖော်ပြပေးပါတယ်


72Like · ·

၂၀၀၃ခုနှစ် မေလ( ၃၀ )ရက်ဒီပဲရင်းအရေးအခင်းတွင်ဒေါ်အောင်ဆန်းစုကြည် ကားမောင်းပေးသူ လူငယ် ကျော်စိုးလင်းဧ။်အတွေ့အကြုံခံစားမှု * * * အပိုင်း ( ၃ )

၂၀၀၃ခုနှစ် မေလ( ၃၀ )ရက်ဒီပဲရင်းအရေးအခင်းတွင်ဒေါ်အောင်ဆန်းစုကြည်
ကားမောင်းပေးသူ လူငယ် ကျော်စိုးလင်းဧ။်အတွေ့အကြုံခံစားမှု * * * အပိုင်း ( ၃ )
**********************************************************
အပိုင်း ( ၃ )

အဲ့ဒီက လွတ်လာတော့ အန်တီက ပြောတယ်။ ဒီပဲယင်းကိုဝင်မယ် ငါ့သား။ ဒီကိစ္စကို ဖြေရှင်းမယ်။ မဖြေရှင်းလို့ မရဘူးပေါ့ ပြောတယ်။ ကျနော့်ကို ပြောတာပေါ့။ ဖြစ်ချင်တော့ ကျနော်ကလည်း ဒီပဲယင်းကို မရောက်ဖူးတော့ ဒီပဲယင်းကို ကျော်သွားတယ်။ ဒီပဲယင်းက လမ်းဘေးလေး ချိုးဝင်လိုက်ရတာ။ ကျနော်က မြို့ရှောင်လမ်းပေါ့နော် အဲ့ဘက်က ထွက်သွားလိုက်တော့ ကျော်သွားတယ်။ ကျော်သွားပြီးတော့ လမ်းဘေး တောထဲမှာ ခဏဝင်ရပ်တယ်။ ကားပေါ်မှာ တုတ်တွေကော၊ ကားအောက်မှာ ကလန့်ထားတဲ့ တုတ်ကလဲ စဖြစ်တဲ့ နေရာကတည်းက ဒီးဒီး၊ ဒီးဒီး

မြည်ပြီးတော့ ပါလာတာလေ။ နောက်ပြီး ကျနော် တိုက်ဖြတ်လာတဲ့ သံဆူးကြိုးတွေလဲ ကားနဲ့ငြိပြီး ပါလာတယ်။

အဲ့ဒီမှာ တုတ်တွေဘာတွေ ဖြုတ်၊ သံဆူးကြိုးတွေ ဖြည်ပြီး “ဒါ ဒေါ်အောင်ဆန်းစုကြည် ကားနော်၊ မင်းတို့ သမိုင်းဝင်သွားမယ်” ဆိုပြီး ပြောတဲ့အချိန် သူတို့ ခဏတုန့်သွားတယ်။ နောက်ပြီးမှ “ဟာ.. ဘာပဲ

ဖြစ်ဖြစ် ချကွာ၊ ရိုက်ရိုက်” ဆိုပြီး ဝင်ရိုက်တဲ့ အဖြစ်ကတော့ ကျနော့် စိတ်ထဲမှာ ထင်ကျန်နေ တုန်းပဲ။

တော့အန်တီက လူ ဘယ်နှစ်ယောက်ပါလဲ။ နာမည်တွေ

ပြောဆိုပြီး တခါတည်း အန်တီက သူ့စိတ်နဲ့ပဲ မှတ်ထား

လိုက်တယ်။ အန်တီအပါအဝင် ကျနော်တို့အားလုံး ၁၈

ယောက် ပါတယ်။ အန်တီက ဘယ်သူမှ အန်တီနဲ့ မခွာနဲ့။

ဘယ်မှ မသွားကြနဲ့ အန်တီ့ဘေးမှာပဲ နေလို့ မှာတယ်။

ကြောက်လန့် ပြီး ခွဲထွက်သွားရင် အန္တရာယ်ဖြစ်မှာစိုးလို့

မှာတယ်လို့ ထင်ပါတယ်။

အဲ့ဒီက ပြန်ထွက်တော့ ရေဦးမြို့အဝင် သံလမ်းနားမှာ မောင်းတံဂိတ်လေးတွေ့တော့ ကျနော်က ကားခဏရပ်တယ်။ ကားရပ်တော့ အဘိုးကြီး နှစ်ယောက်က ဒါဘယ်သူ့ကားလဲတဲ့ လာမေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားပါလို့ ဆိုတော့ တိုင်းမှူးက အမိန့်ချထားတယ်တဲ့။ ဘယ်ကားမှ အဝင်မခံနဲ့လို့ ပြောထားတယ်တဲ့။ အဲ့တာကြောင့်မို့ပါဆိုတော့ ရပါတယ် ကျနော်တို့စောင့်မယ်လို့ ပြောလိုက်တယ်။

နောက် နာရီဝက်လောက် ကြာတော့ ကျနော်တို့ရှေ့က ရထားသံလမ်း တံခါးကြီးကို ပိတ်လိုက်တယ်။ သံလမ်းပိတ်ပြီး သံလမ်းရဲ့ ဟိုဘက်မှာ ဘယ်ရီဂိတ်တွေ ချလိုက်တယ်။ ရေဦးဘက်က စစ်သားတွေ ထွက်လာပြီး ကျနော်တို့ကို ဝိုင်းလိုက်တယ်။ ဝိုင်းတာတော့ တော်တော်ဝေးဝေးက ဝိုင်းတာပါ။ သေနတ်တွေနဲ့ပဲ။ ဝိုင်းပြီးတော့ ဒီအတိုင်းပဲ ကြည့်နေကြတော့ ကျနော်တို့လဲ အေးအေးဆေးဆေးပဲ နေလိုက်တယ်။

အဲ့ဒီလို ဝိုင်းပြီး နာရီဝက်လောက် ထပ်ကြာတော့မှ စစ်တပ်ယူနီဖောင်းနဲ့ အရာရှိကြီးတယောက် ရောက်လာတယ်။ အသက်က ၅ဝ လောက်ရှိမယ်။ သူက ကျနော့်ကို နားထင်ကို သေနတ်နဲ့ ချိန်တယ်။ ချိန်ပြီးတော့ “မင်းလိုက်မလား မလိုက်ဘူးလား” ဆိုပြီး မေးတယ်။ အန်တီ့ကို ကြည့်တော့ အန်တီက ခေါင်းညှိမ့်ပြတော့ “လိုက်မယ်”လို့ ပြောလိုက် တယ်။ “အဲ့တာဆို နောက်က လူတွေ တက်”ဆိုပြီး သေနတ်တွေနဲ့ ချိန်ပြီး တက်ခိုင်းတယ်။ နောက်က လူတွေပါ တက်တော့မှ သံလမ်းတံခါးနဲ့ ဘယ်ရီဂိတ်တွေပါ ဖယ်။ ရှေ့က ရဲကားနဲ့ သူတို့က အနောက်က လိုက်လာကြတယ်။

ဘေးက မော်တော်ပီကယ်တွေ ဘာတွေနဲ့ပါ ခေါ်ပြီးတော့ ရေဦး ရဲစခန်းထဲ ရောက်သွားတယ်။

နောက်ဆုံးအပိုင်းဆက်လက်ဖော်ပြသွားပါမည်။

သမိုင်းမှန်ကို သိစေလိုသောရည်ရွယ်ချက်ဖြင့်

၂၀၀၃ခုနှစ် မေလ( ၃၀ )ရက်ဒီပဲရင်းအရေးအခင်းတွင်ဒေါ်အောင်ဆန်းစုကြည် ကားမောင်းပေးသူ လူငယ် ကျော်စိုးလင်းဧ။်အတွေ့အကြုံခံစားမှု * * * အပိုင်း (၂ )

၂၀၀၃ခုနှစ် မေလ( ၃၀ )ရက်ဒီပဲရင်းအရေးအခင်းတွင်ဒေါ်အောင်ဆန်းစုကြည်
ကားမောင်းပေးသူ လူငယ် ကျော်စိုးလင်းဧ။်အတွေ့အကြုံခံစားမှု * * * အပိုင်း (၂ )
***********************************************************
အပိုင်း (၂ )

ဒုတိယနေရာကမှ တကယ့် သတ်ကွင်း။ ပထမနေရာနဲ့ နောက်တနေရာက တမိုင်လောက် ဝေးတယ်။ ကျနော် ထွက်လာတော့ ဘဘဦးတင်ဦးကားတို့၊ အမျိုးသမီးကားတို့ကို ကျော်ပြီး ထိပ်ဆုံးက မောင်းထွက်လာတာ ရှေ့ကိုပဲ အာရုံစိုက်ပြီး မောင်းနေတော့ သူတို့လည်း နောက်က ပါလာတယ်ပဲ ထင်တာ။ ငါးမိနစ်လောက် မောင်းရတယ်။ ရှေ့မှာ ကုန်ကားကြီး ၃ စီး တွေ့တယ်။ အဝေးကတည်းက မြင်တော့ လမ်းကို ဒီကားတွေ ကန့်လန့် ပိတ်လိုက်မှာလည်း စိုးတယ်။ သိပ်လည်း မသင်္ကာဘူးပေါ့ စပြီးလည်း ဖြစ်နေပြီဆိုတော့လေ။

အဲ့တာနဲ့ သူတို့ ထိပ်တည့်တည့်ရောက်ပြီဆိုမှ ညာဘက်ကို လှည်းလမ်းပေါ်ကို ချိုးချပြီး မောင်းမယ် လုပ်မှ ဒီဘက်အခြမ်းမှာ ကားအစီး ၂ဝ၊ ၃ဝ လောက်က မီးတွေဖွင့်ပီး ထိုးထားတာတွေ့ရတယ်။ လမ်းရဲ့ဘေးမှာ ကွင်းက အကျယ်ကြီး ဒိုင်နာလိုလို၊ ကုန်ကားလိုလို ကားတွေ၊ ကွင်းထဲမှာ စီရပ်ထားတာ။ မီးကြီးတွေ လမ်းဘက်ကို ထိုးထားတာ။ ကားသုံးစီးကို ကျော်တော့မှ မြင်ရတာ။ မီးတွေနဲ့ လူတွေလည်း များပါလားပေါ့။ လူတွေက စီရပ်နေတာ မန္တလေးလိုဆိုရင် တပြလောက်ကို ရှိတယ်။ လူအပြည့်ပဲ တုတ်တွေနဲ့ စောင့်နေတာ။ လမ်းဘေးတလျှောက်လုံး အပြည့်ပဲ။ ဟိုမှာက ရိုက်တာနှက်တာ ကိုယ့်ရှေ့မှာတင် ကြုံလာခဲ့ပြီဆိုတော့ ကျနော်က သိလိုက်တယ်။ အဲ့ဒီမှာ သတ်ကွင်းဆိုတာ သိလိုက်တယ်။ တုတ်တွေနဲ့ လူတွေက လမ်းရဲ့ ညာဘက်မှာ။ ကျနော် ဆင်းကျော်တဲ့ ညာဘက်မှာ

ပေါ့နော်။ လမ်းရဲ့ ဘယ်ဘက်မှာက ကြံ့ခိုင်ရေး ဝတ်စုံတွေနဲ့ ဆိုင်းဘုတ်လေးတွေ ကိုင်ပြီးတော့ အရင်နှောက်ယှက် သလို စောင့်နေကြတာ။

ကျနော်က ကားကို ခေါင်းတည်ပြီး လီဗာနည်းနည်း နင်းလိုက်တော့ တုတ်တွေနဲ့ လူတွေက ရှဲသွားတယ်။ ရှဲသွားပြီဆိုမှ ကျနော်က လမ်းပေါ်ကို ခေါင်းတင်လိုက်တယ်။ ကားနောက်မှာကော ဘေးပတ်လည်မှာ တွယ်လိုက်လာတဲ့ အခါကျ

တော့ ဆွဲချပြီး ရိုက်လိုက်မှာကို စိုးတယ်။ ကား လမ်းပေါ် ရောက်သွားတော့ လက်လှမ်းမမီတော့မှ နောက်ကနေ ဝိုင်းထုကြတာ။ အဲ့မှာ ကျနော့်ခေါင်းကို တချက်မှန်တယ်။ ဘာနဲ့ ထုလိုက်လည်း မသိဘူး။ သွေးတွေ ဖြာသွားတယ်။ အန်တီက “ဘာဖြစ်သွားသေးလဲ” မေးတော့ ကျနော် သတိရှိသေးတယ် “ရတယ်”လို့ ပြောလိုက်ပါတယ်။ လမ်းရဲ့ အဆုံးမှာ သစ်သားနဲ့ သံဆူးကြိုးနဲ့ ဘယ်ရီဂိတ် ပိတ်ထားတယ်။ အဲ့တာကို ကျနော်က တိုက်ချိုးပြီး ဆက်မောင်းမယ် လုပ်တော့ ကားနှစ်စီးနဲ့ ဆက်ပိတ်ထားတာ တွေ့ရတယ်။ ကားနှစ်စီးရဲ့ ကြားမှာ လူသွားဖို့ လမ်းချန်ထားတာ ရှိတယ်။ အဲ့ဒီ လူသွားလမ်းက ကျနော့်ကားနဲ့ ကွက်တိဖြစ်နေတယ်။ အဲ့ဒီကနေ လွတ်သွားတာ။ လွတ်သွားတော့ အရှေ့မှာ ရဲ ၁ဝ ယောက်လောက် ရှိမယ်။ သေနတ်တွေနဲ့ ချိန်ထားတာ။ ကျနော်လည်း မထူးဘူးဆိုပြီး ဆက်မောင်းတော့ သူတို့က ဒိုင်ဗင်တွေဘာတွေ ထိုးပြီး ရှောင်တဲ့သူက ရှောင်တယ်။ ဘယ်သူ့ကိုမှတော့ ကျနော် မတိုက်ဖြစ်ပါဘူး။

ဆက်လက်ဖော်ပြပါအုံးမည် -- သမိုင်းမှန်ကို သိစေလိုသောရည်ရွယ်ချက်ဖြင့်

* ၂၀၀၃ခုနှစ် မေလ( ၃၀ )ရက်ဒီပဲရင်းအရေးအခင်းတွင်ဒေါ်အောင်ဆန်းစုကြည် ကားမောင်းပေးသူ လူငယ် ကျော်စိုးလင်းဧ။်အတွေ့အကြုံခံစားမှု * * * အပိုင်း (၁)


* ၂၀၀၃ခုနှစ် မေလ( ၃၀ )ရက်ဒီပဲရင်းအရေးအခင်းတွင်ဒေါ်အောင်ဆန်းစုကြည်
ကားမောင်းပေးသူ လူငယ် ကျော်စိုးလင်းဧ။်အတွေ့အကြုံခံစားမှု * * * အပိုင်း (၁)
****************************************************************
အပိုင်း (၁)

ကျနော့်အဖေ ဦးကိုကြီး က မန္တလေးတိုင်း NLD တိုင်းဦးစီးမှူး(ဘဏ္ဍာရေး) လုပ်တော့ အဖွဲ့ချုပ်က ကိစ္စတွေဘာတွေ ရှိရင် ကျနော့်အိမ်က ကားတွေဘာတွေ သုံးလေ့ရှိတယ်။ ကျနော်ရယ်၊ ကျနော့်အကိုရယ်က အဲ့လိုကိစ္စတွေမှာ လိုက်ပို့တာရှိတော့ တိုင်းက လူကြီးတွေက ကျနော်တို့ ကား ကောင်းကောင်းမွန်မွန် မောင်းတတ်တာ သိနေတယ်။ အဲ့ဒီမှာ အန်တီ့ခရီးစဉ် ရောက်လာတယ်။ အဲ့ဒီတုန်းက ကျနော်က ဒုတိယနှစ်ပဲ ရှိသေးတယ်။ ဥပဒေ မေဂျာနဲ့။ အစကတော့ ကျနော်တို့က လူငယ်အနေနဲ့ လုံခြုံရေးပဲ လိုက်ရတာ။

အန်တီ့ခရီးစဉ် ဒုတိယတခေါက်အနေနဲ့ ရောက်လာတော့ ကား ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ် တဲ့ လူ လေးဦး လိုတယ်ဆိုလို့ ကျနော်တို့ ညီအကို နှစ်ယောက်ရယ်၊ စက်မှုထဲက ဦးကံရယ်၊ မောင်ကိုလေးရယ် ဆိုပြီး လေးယောက်

ပေးလိုက်တယ်။ ဒါပေမယ့် တကယ်တမ်း လိုက်ဖြစ်တာက ဦးကိုလေးနဲ့ ကျနော်နဲ့ နှစ်ယောက်ပဲ။

စမောင်းတော့ ဦးကိုလေး မောင်းတာ။ နောက် ကချင်ပြည်နယ် ခရီးစဉ်တခုလုံး ကျနော် ဆက်မောင်းတယ်။ ကချင်ပြည်နယ် မိုးကုတ်၊ သပိတ်ကျင်းဘက်ကနေ မန္တလေးကို ဝင်တယ်။ မန္တလေးကနေ မုံရွာခရီးစဉ်ဘက် တွေလည်း ကျနော်ပဲ ဆက်မောင်းတာ နောက်ဆုံး ပြဿနာ ဖြစ်တဲ့နေ့အထိပဲ။

-----------------------

တောက်လျှောက် သူတို့ လိုက်နှောင့်ယှက်နေတဲ့ကိစ္စတွေကို သတင်းတွေ ရတယ်။ သိလည်း သိတယ်။ ဘာတွေလဲ ဆိုတော့ ကြံ့ခိုင်ရေးဝတ်စုံတွေနဲ့ လိုက်ပြီး နှောင့်ယှက်နေတယ်ဆိုတော့ ဆိုးဆိုးဝါးဝါးကြီး နှောင့်ယှက်လိမ့်မယ်တော့ မထင်ဘူး။ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ၊ နှောက်ယှက်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားတယ်။ နောက် ဘုတလင်နဲ့ မုံရွာက ခရီးစဉ်ကို လိုက်ပို့တဲ့ ကျောင်းသားလေးတွေ အပြန်မှာ အဖမ်းခံရတယ်ဆိုတဲ့ သတင်းလည်း ကြားတယ်။ ရှေ့ပြေး လွှတ်တဲ့သူကလည်း ပြန်မလာနိုင်ဘူး။ ပြန်မလာနိုင်ပေမယ့် သတင်းကတော့ အဆက်မပြတ် ကြားနေတာ။

အဲ့ဒီနေ့က လမ်းကြောင်းတခုလုံးမှာ အန်တီရှိနေတဲ့ နေရာအထိ သတင်းတွေ ရောက်လား။ သတင်းပို့မှု အစပ်အဆက် ရှိနေလား။

ရှိတယ်။ ဒါပေမယ့် နှောက်ယှက်မယ်လို့ပဲ ကြားနေတာ။ နောက်ပြီး ဘုန်းကြီးအတုတွေ၊ အတုတွေဆိုတာက သင်္ကန်းတောင် မဝတ်ရသေးဘူး။ ကတုံးစိမ်းတွေနဲ့ ကားကြီးတွေနဲ့ ထွက်သွားတယ်။ သွားလိုက်လာလိုက် လုပ်နေတယ် ဆိုတဲ့ သတင်းလည်း ကြားရတယ်။ ဒါပေမယ့် အန်တီကတော့ အဖွဲ့တွေအားလုံးနဲ့ သွားမယ့် ခရီးစဉ် ဆက်ထွက်တယ်။

အဲ့ဒီအချိန်က သူတို့ဘက်က အနှောက်အယှက်ပေးရင် ညပိုင်းတွေများတယ်။ မိုးကုတ်၊ သပိတ်ကျင်း ဘက်မှာဆိုရင် လာကြည့်တဲ့ ပြည်သူတွေကို လေးဂွတွေ၊ ခဲတွေနဲ့ ထုတာ၊ မီးမောင်းတွေထိုးတာ၊ သံပုံးတွေရိုက်တာ မျိုးပေါ့နော်။

နေ့လည်ပိုင်းဆို သူတို့က သိပ်ပြီးတော့ မလုပ်ကြဘူး။ ဆန္ဒပြသလို သာမန် နှောင့်ယှက်တာလေးတွေလောက်ပဲ လုပ်တယ်။ အဲ့တော့ ကျနော်တို့က ညကို အရောက်မခံဘဲ မောင်းတာ များတယ်။ နောက်တချက်က အဲ့ဒီနေ့က ကျနော်တို့ဘက်က ခရီးစဉ် မိုင်တွက်တာလည်း မှားတယ်။ မိုင်အကွာအဝေးကို ၁၄ မိုင်လို့ ရေးထားတဲ့ နေရာမှာ ၁ ပြုတ်ပြီး ၄ မိုင်လို့ ဖြစ်နေတာလည်း နောက်ပိုင်းမှာ ကျနော်တို့ သွားတွေ့ရတယ်။

ကျီရွာကို ရောက်တဲ့အချိန်မှာ ဘုန်းကြီး နှစ်ပါးက “ဒကာမကြီး မနက်ကတည်းက ကျနော်တို့ စောင့်နေလို့ပါ။ ရပ်ပြီးနှုတ်ဆက်စကားလေး ပြောပေးပါ”လို့ ပြောလာတယ်။ အချိန်က ငါးနာရီခွဲ ခြောက်နာရီလောက် ရှပြီ။ မမှောင်သေး ဘူး။ မှောင်ရီပျိုးပြလေး။ ဘုန်းကြီးက တောင်းတောင်း ပန်ပန်နဲ့ ပြေးပြီးတော့ လိုက်ပြောတဲ့ အခါကြတော့ အန်တီက “ငါ့သားရယ် ရပ်ပေးလိုက်ပါဦး” ဆိုတော့ ကျနော်က ရပ်လိုက်တယ်။ အဲ့ဒီမှာ ဘုန်းကြီးနှစ်ပါးရယ် ရွာသားတွေကော အများကြီး စောင့်ပြီး ကြိုနေတယ်။ ဘုန်းကြီးအိုကြီး တယောက်လည်း ပါတယ်ပြောတယ်။

ရပ်လိုက်တဲ့ အချိန်မှာ နောက်က လိုက်လာတဲ့ ကားတန်းကလည်း တော်တော်များတယ်။ ကား အစီးရေတော့ မမှတ်မိဘူး။ ကားတန်းရပ်သွားတော့ နောက်က လိုက်လာတဲ့ ကားတွေထဲက ဘုန်းကြီးအတုတွေကော လူတွေကော တုတ်တွေနဲ့ ဆင်းလာပြီးတော့ ကြိုတဲ့သူတွေကိုကော၊ ကျနော်တို့နောက်က လိုက်လာတဲ့ ကားတွေပေါ်က လူတွေကိုကော တန်းရိုက်တော့တာပဲ။

PA က လုံခြုံရေးအတွက် ဆင်းပြီးတော့ ကြည့်တဲ့အချိန်မှာ နောက်မှာ စရိုက်နေပြီလို့ သိတော့ အန်တီ မဆင်းဖြစ်တော့ ဘူး။ မဆင်းဖြစ်တော့ဘဲ PA ပါ ပြန်တက်၊ ကားတံခါးတွေကို Lock ချ လိုက်တယ်။ ကျနော့်ရှေ့မှာက ကား သုံးလေးစီး

လောက်တော့ ရှိတယ်။ ဘဘဦးတင်ဦး ကားကလည်း ရှေ့မှာပဲ။ အနီးကပ် လုံခြုံရေးတွေကတော့ ကျနော့်ကားပေါ် မှာပေါ့။ မန္တလေး တိုင်းလုံခြုံရေးအဖွဲ့တွေကတော့ ရှေ့မှာကော နောက်မှာကော ပါတယ်။နောက်ကနေ ရိုက်လာတဲ့အချိန်မှာ လုံခြုံရေးအဖွဲ့တွေက “ကိုကျော်စိုးလင်း မောင်းမောင်း” ဆိုပြီး ပြောတယ်။

နောက်က အမျိုးသမီးတွေပါတဲ့ ကားတစီးက ကျော်တက်ပြီး ကျနော်တို့ ကားနား ရောက်လာတယ်။ ဆိုင်ကယ်တွေနဲ့ လိုက်လာတဲ့ ကျောင်းသားတွေကလဲ ပြန်ချမယ်၊ ပြန်ထုမယ် ဆိုတော့ အန်တီက တားခိုင်းလိုက်တယ်။ မလုပ်ပါနဲ့ သူတို့က ဘယ်လိုအကြံအစည်နဲ့မှန်း မသိဘူးဆိုပြီး အန်တီက တားတော့ သူတို့က မလုပ်ဖြစ်တော့ဘူး။

နောက်ကနေ ရိုက်လာရင်းနဲ့ ကျနော်တို့ ကားနားအထိ ရောက်လာတယ်။ ကျနော်တို့ ကားနား ရောက်လာတော့ ကိုတိုးလွင်တို့ တခြားလုံခြုံရေး အဖွဲ့ဝင်တွေက တားတယ်။ “ဒါ ဒေါ်အောင်ဆန်းစုကြည်ကားနော်။ မင်းတို့ သမိုင်းဝင် သွားမယ်နော်” ဆိုပြီး တားတယ်။ တားတော့ သူတို့ ရိုက်တာ တန့်သွားတယ်။ ကျနော်တို့ ကားနားကို အရင်ရောက် လာတဲ့ ရှေ့ဆုံးက ၄၊ ၅ယောက်က ဘုန်းကြီးဝတ်တွေ။ သင်္ကန်းတွေနဲ့ တုတ်တွေနဲ့။ ညာဘက်လက်တွေမှာ လက်ပတ် အဖြူတွေ ပတ်ထားတယ်။

အဲ့ဒီမှာ ဘဘဦးတင်ဦး ရောက်လာတယ်။ အဲ့ဒီမှာ ဘဘဦးတင်ဦး ရောက်လာတယ်။ “မင်းတို့ကောင်တွေက ဘယ်ကလဲ။ ဘာလို့ရိုက်တာလဲ” ဆိုပြီး မေးနေတုန်း ဘဘဦးတင်ဦးကိုပါ သူတို့ ရိုက်ချလိုက် တယ်။ နောက် အန်တီ့ဘက်အခြမ်းက လုံခြုံရေးယူထားတဲ့ ကိုတိုးလွင်ကိုလည်း
သူတို့ ရိုက်ချလိုက်တာ ကိုတိုးလွင်က ပုံလျက်သားလေး လဲသွားတယ်။အဲ့နေရာမှာပဲ ပုံကျသွားတော့ သေပြီလို့ပဲ ထင်လိုက်တယ်။

ကျနော့်စိတ်ထဲမှာ အဲ့ဒီတုန်းက တော်တော် ဒေါသဖြစ် သွားသေးတယ်။ နောက်ကနေ ပြေးလာတဲ့ သူတွေကပြေး၊ လိုက်ရိုက်တဲ့သူတွေက လိုက်ရိုက်နဲ့ဆိုတော့လေ။တချို့ဆို ကိုယ်တုံးလုံး ကျွတ်တွေနဲ့ ထွက်ပြေးလာတာကို လိုက်ရိုက်နေတာလည်း တွေ့တော့ ဒေါသဖြစ်ပြီး ပထမ တခုခု တုန့်ပြန်မယ် စဉ်းစားသေးတယ်။ ကျနော် ကားကို ဘက်ဆုတ်လိုက်တယ်။ ဘက်မဆုတ်ခင် လီဗာကို အကျယ်ကြီး နင်းလိုက်တယ်။ ကိုယ့်လူတွေလည်း ရှိတော့ရှောင်လို့ရအောင် အသံ ပေးလိုက်တာပေါ့။

အဲ့ဒီမှာ ကျနော့်ကားရဲ့ တိုက်ရော့နဲ့ ဘီးနဲ့ကြားမှာ သစ်သားချောင်း ဘယ်အချိန်က ထိုးခံထားလဲ မသိဘူး။ စတီရာရင်

ခေါက်လို့ မရအောင် ထိုးထည့်ထားတာ။ ကံကောင်းချင်တော့ ကျနော်က နောက်အရင် ဆုတ်လိုက်တော့ အဲ့ဒီဟာက ကျိုးထွက်သွားတယ်။ ဒိုင်းကနဲ ဘာနဲ့မှလည်း မထိဘဲ အသံထွက်လာတော့မှ တခုခု ကလန့်ထားတာ ကျိုးသွားတာ သိတာ။ နောက်ဆုတ်တဲ့အချိန်မှာ ကျနော့် ညာဘက်က မှန်ကော၊ ဘယ်ဘက်က မှန်ကော၊ နောက်မှန်တွေကော၊ ကားဘက်မှန်နဲ့ မီးသီးတွေကော သူတို့ အကုန်ရိုက်ခွဲကြတယ်။

အဲ့အချိန် ကားဘေးမှာ လုံခြုံရေးတွေ ရှိနေတယ်။ သူတို့က ပေပြီးတော့ အရိုက်ခံနေကြတာ။ ကျနော် ကားနောက် ဆုတ်ပြီ ဆိုတာနဲ့ သူတို့က ကားပေါ်ကို အတင်းဝိုင်းတက်ကြတယ်။ ရှေ့ကို ကြည့်တော့ ကိုယ့်လူတွေက မှောက်နေ တယ်။ ရိုက်တဲ့သူတွေက ရှောင်နေတာနဲ့ ဘယ်သူ့ကိုမှ မတိုက်တော့ပဲ ကျနော် ကျော်တက်ပြီးတော့ အတင်းမောင်း ထွက်ခဲ့တာ။ အဲ့ဒီနေရာမှာ ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက် ကြာမယ်ထင်တယ်။

အန်တီကကော အဲ့ဒီအချိန်မှာ ဘယ်လိုရှိနေလဲ။ အန်တီက ကား မောင်းထွက်ဖို့တွေဘာတွေ ပြောလား။

အန်တီက ဒီမှာလည်း လူတွေ အရိုက်ခံနေရပြီ။ ပြည်သူတွေလည်း အရိုက်ခံနေရပြီ။ သူများတွေက “မောင်းမောင်း”လို့

ပြောနေကြတယ်။ အန်တီက ဘာမှ မပြောဘူး။ ကျနော့် အမြင်ပေါ့၊ ကျနော့်အတွေးက အန်တီက တကယ်လို့

မောင်းခိုင်းမယ်ဆိုရင် သူများတွေ အရိုက်ခံ နေရတာကို ပစ်ပြီးတော့ ပြေးရာရောက်မယ်။ အဲ့လိုလည်း အဖြစ်မခံချင် ဘူးလို့ ထင်တယ်။ ကျနော် မမောင်းဘဲနဲ့ နေမယ်ဆိုရင်လည်း ဘယ်သူမှ မောင်းလို့မရဘူးလေ။ အကုန်လုံး ပဋိပက္ခဖြစ်သွားနိုင်တယ်။ အဲ့ဒီမှာ ကျနော်ကလည်း အဲ့တုန်းက လူငယ်စိတ်နဲ့ပေါ့နော် ဒေါသလဲ ဖြစ်တော့ ကျနော် ၁ သက်ဆို သူတို့ ၂ သက်ဆိုပြီး ဖြစ်ချင်ရာဖြစ် မောင်းထွက်လိုက်တာ။

ဆက်လက်ဖော်ပြပါမည်



94Like · ·

Friday, 25 April 2014

ဟံသာဝတီ ဦးဝင်းတင်၏ ဈာပနသို့ ပြည်သူတစ်သိန်းနီးပါး ဂါရ၀ပြုပို့ဆောင်

ဟံသာဝတီ ဦးဝင်းတင်၏ ဈာပနသို့ ပြည်သူတစ်သိန်းနီးပါး ဂါရ၀ပြုပို့ဆောင်












 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်းအနားကို ဧပြီ ၂၃ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ရေဝေးသုသာန်၌ ပြုလုပ်ခဲ့ရာ ထိုအခမ်းအနားသို့ လာရောက်ဂါရ၀ပြုသူ တစ်သိန်းနီးပါးရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၂၁ ရက် နံနက်ပိုင်းက ကွယ်လွန်ခဲ့သည့် ဟံသာဝတီဦးဝင်းတင်အား နောက်ဆုံး ဂါရ၀ပြု နှုတ်ဆက်သည့်အနေဖြင့် ဟံသာဝတီဦးဝင်းတင်၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံရေးပါတီအချို့မှ ဦးဆောင်သူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ စာပေပညာရှင်များနှင့် သတင်းစာဆရာများ၊ အနုပညာရှင်များနှင့် ဟံသာဝတီဦးဝင်းတင်အား လေးစားမြတ်နိုးသည့် ပြည်သူများက လာရောက်ဂါရ၀ပြုခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းထိန်၊ ဒေါ်စုစုလွင်၊ ဦးစိုးဝင်းအပါအ၀င် အမေရိကန်၊ နယူးဇီလန်နှင့် ဗြိတိန်သံရုံးအစရှိသည်တို့မှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ရှိသူများလည်း လိုက်လံပို့ဆောင်ခဲ့ကြသည်။
ဦးဝင်းတင်၏ ဈာပနအခမ်းအနားသည် ၁၉၈၉ ခုနှစ် ဒေါ်ခင်ကြည် ဈာပနအခမ်းအနားအလွန် ၂၅ နှစ်တာ ကာလအတွင်း နိုင်ငံရေးနယ်ပယ်၌ အစည်ကားဆုံး ဈာပနအခမ်းအနားဖြစ်ခဲ့ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များအပြင် ပြည်သူအများအပြားက ရေဝေးသုသာန်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး ဂါရ၀ပြုပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ဒီနေ့အခမ်းအနားကို မွန်းတည့် ၁၂ နာရီကစပြီး ရေဝေးသုသာန် ခန်းမဆောင် ၁ (က)မှာ ပြုလုပ်ခဲ့ပါတယ်။ညနေ ၅ နာရီအထိ လူအ၀င်အထွက်က မရပ်သေးဘူး။ ၄ နာရီ ၁၅ မိနစ်မှာ အစီအစဉ်အရ အများပြည်သူ လာရောက်ဂါရ၀ပြုတာကို ရပ်လိုက်ရတယ်။ ခန့်မှန်းလူဦးရေက တစ်သိန်းအထက် ရှိမယ်”ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့မှ ဦးကြည်တိုးက ပြောကြားသည်။
ဦးဝင်းတင်ဈာပနသို့ လာရောက်ဂါရ၀ပြု နှုတ်ဆက်သူအရေအတွက်ကို သိရှိနိုင်ရန် လာရောက်သူများက စတစ်ကာများကပ်ပြီး ရေတွက်ခဲ့သော်လည်း ပြုလုပ်ခဲ့သည့် စတစ်ကာ သုံးသောင်းခန့်မှာ နာရီပိုင်းအတွင်း ကုန်သွားခဲ့သည်။
ထို့ပြင် မွန်းတည့် ၁၂ နာရီမှ စတင်ပြီး ညနေ ၄ နာရီ ၁၅ မိနစ် အချိန်အထိ လာရောက်ဂါရ၀ပြုသည့် ပြည်သူများအား နှစ်ယောက်တွဲနှုန်းဖြင့် အလှည့်ကျတန်းစီ ၀င်ရောက်စေပြီး ၀င်ရောက်စေခဲ့ရာ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်အထိ ဂါရ၀ပြုရန် တန်းစီစောင့်ဆိုင်းခဲ့သူများ ရှိခဲ့သည်။
ထို့ကြောင့် ခန်းမအတွင်းသို့ ၀င်ရောက်ဂါရ၀ပြုခွင့် မရခဲ့သူများနှင့်ပြင်ပ၌ စောင့်ဆိုင်းနေသူ သောင်းဂဏန်းခန့်က ရေဝေးသုသာန်မှ ဂူသွင်းမြှုပ်နှံမည်နေရာသို့ ခြေကျင်ခရီးဖြင့် ထပ်မံပို့ဆောင်ခဲ့ကြရာ ညနေ ၅ နာရီကျော်မှ ဂူသွင်းမြှုပ်နှံမည့်နေရာသို့ ရောက်ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဦးဝင်းတင်အား ဂါရ၀ပြုရန် ထားရှိသည့်ခန်းမသို့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်တွင် ရောက်ရှိခဲ့ပြီး ဦးဝင်းတင်အား ကန်တော့ခြင်းဖြင့် ဂါရ၀ပြုခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ခန်းမအတွင်း ခေတ္တနေထိုင်ခဲ့ပြီး ညနေ ၄ နာရီခန့်အချိန်၌ ခန်းမမှ ပြန်လည်ထွက်ခွာသွားကာ ဦးဝင်းတင်အား ဂူသွင်းမြှုပ်နှံမည့်နေရာ၌ မတ်တတ်ရပ်လျက် ကြိုတင်စောင့်ဆိုင်းနေခဲ့သည်။ ညနေ ၅ နာရီအချိန်တွင် ဂူသွင်းမြှုပ်နှံမည့် နေရာသို့ ဦးဝင်းတင်၏ ရုပ်အလောင်း ရောက်ရှိခဲ့ပြီး ဦးဝင်းတင်အား ဂူသွင်းပြီးနောက် ရေဝေးသုသာန်မှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာသွားသည်။
ဦးဝင်းတင်အား နောက်ဆုံးဂါရ၀ပြု နှုတ်ဆက်ရန်အတွက် ရေဝေးသုသာန်သို့ လာရောက်ရာတွင် ယုဒသန်ခန်းမမှ လာရောက်သူများ၊ ဦးဝင်းတင်၏ နေအိမ်မှ လာရောက်သူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ လာရောက်သူများ အသီးသီးရှိခဲ့ပြီး မြောက်ဥက္ကလာအ၀ိုင်းတွင် စုရပ်ပြုလုပ်ကာ ထိုနေရာမှ ရေဝေးသုသာန်သို့ ခြေကျင်လျှောက် လာရောက်ဂါရ၀ပြုခဲ့သူများအပြင် မိမိအစီအစဉ်ဖြင့် လာရောက်ခဲ့သူများလည်း ရှိခဲ့သည်။
လာရောက်သူ များပြားသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ခဲ့ပြီး ခြေကျင်လျှောက်ကာ လာရောက်ခဲ့သူအရေအတွက်မှာလည်း ထောင်ဂဏန်း ရှိခဲ့သည်။
ဦးဝင်းတင်အား နောက်ဆုံးနှုတ်ဆက် ဂုဏ်ပြုခြင်းအနေဖြင့် ယုဒသာန်ခန်းမအနီးရှိ ဓာတ်တိုင်များ၊ လှည်းတန်းခုံးကျော်တံတားတိုင်များတွင် ဦးဝင်းတင်ပုံတူအား ဂရပ်ဖစ်တီ ပြုလုပ်ခဲ့သူများလည်း ရှိသည်။ ထို့အပြင် ဈာပနသို့ အပြာရောင်အင်္ကျီ ၀တ်ဆင်ပြီး လာရောက်ခဲ့ကြသူများရှိသည့်နည်းတူ “ကမ္ဘာမကြေဘူး”သီချင်းအား ဈာပနအခမ်းအနားပြုလုပ်စဉ် တစ်လျှောက်လုံး သီကြွေးဟစ်ဆိုပြီး ဂုဏ်ပြုနှုတ်ဆက်ခဲ့သူ အများအပြားလည်း ရှိခဲ့ပါသည်။
ဦးဝင်းတင်၏ ဈာပနအခမ်းအနားသို့ အဖွဲ့အစည်းပေါင်း ၄၆ ဖွဲ့မှ သ၀ဏ်လွှာများပေးပို့ခဲ့သည့်နည်းတူ နယ်ပယ်အသီးသီးမှ ပန်းခွေ၊ ပန်းခြင်းပေါင်း ၁၀၀၀ ကျော်ပေးပို့ခဲ့ကြောင်း သိရသည်။
“ဦးဝင်းတင်ဟာ မျက်နှာတစ်ဖက်တည်းရှိလို့ အရမ်းလေးစားပါတယ်။ သူ့ဘ၀တစ်လျှောက်လုံး ပြည်သူဘက်ကိုပဲ မျက်နှာမူခဲ့တာပါ။ ကျွန်တော်ဆိုရင် ကျန်းမာရေးမကောင်းတဲ့ကြားက လိုက်ပို့ခဲ့တာ။ ဦးဝင်းတင်ဟာ ကျွန်တော်တို့ရင်ထဲမှာ ဘယ်တော့မှ မသေပါဘူး”ဟု ပုဇွန်တောင်မြို့နယ်မှ လာရောက်ပို့ဆောင်ခဲ့သူ ဦးကြည်ဝင်းက ပြောပါသည်။
“ဦးဝင်းတင်ဟာ မူတစ်ခုတည်းအပေါ်မှာ ရပ်တည်ခဲ့တဲ့သူ ဖြစ်တယ်။ သူ့ကို ဘယ်လိုပဲ တွန်းလှဲခဲ့ကြပါစေ ဘယ်တော့မှ ပြိုလဲမသွားခဲ့ဘူး။ သေသည်အထိ သူ့ကို ဘယ်သူကမှ ပြိုလဲအောင် မတွန်းလှဲနိုင်ခဲ့ဘူး။ ကျွန်တော်တို့ ရင်ထဲက သူရဲကောင်းဖြစ်တဲ့အတွက် လိုက်ပို့ခဲ့တာပါ”ဟု မန္တလေးမြို့မှ လာရောက်ပို့ဆောင်ခဲ့သည့် ကိုမြတ်ထင်က ပြောကြားခဲ့ပါသည်။
NLD ပါတီ၏ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခဲ့သည့်အပေါ် မှတ်ချက်စကားများ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သိက္ခာ၊
နိုင်ငံရေး သိက္ခာ၊
နိုင်ငံရဲ့ သိက္ခာ၊
လူသားများ သိက္ခာ၊
တို့ကို မြှင့်တင်ပေးတဲ့ ဆရာဦးဝင်းတင်ကို ဦးညွှတ်ဂါရ၀ပြုပါသည်။
ဒေါ်အောင်ဆန်းစုကြည်
(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက အဖွဲ့ဝင်ဖြစ်သည့် ဦးဝင်းတင် ဟံသာဝတီ သတင်းစာအယ်ဒီတာချုပ်ဟောင်း စာပေပညာရှင်သည် ၂၁-၄-၂၀၁၄ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် ကွယ်လွန်အနိစ္စ ရောက်သည့် သတင်း ကြားသိရသဖြင့် မိသားစုနှင့်တကွ အဖွဲ့ချုပ်အဖွဲ့ဝင်များအားလုံး ၀မ်းနည်းကြေကွဲနှမြောတသ ဖြစ်ကြရပါသည်။
ဦးဝင်းတင်သည် (၈)လေးလုံး အရေးတော်ပုံစကတည်းက တတ်သိပညာရှင်တွင် ပါဝင်ပြီး ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အား ၀ိုင်းရံကာ ကိုယ်ကျိုးစွန့်အနစ်နာခံကာ တလျှောက်ပါဝင်ခဲ့သည်။ ထိုစဉ်ကတည်းက ပြည်သူတို့၏ ပိုင်သည့်လွတ်လပ်မှု ဒီမိုကရေစီကို ပြန်လည်ပိုင်ခွင့်ရစေရန် သူ၏ ဆောင်ရွက်မှုအခန်းကဏ္ဍသည် ကြီးမားထက်မြက်၊ အထောက်အပံ့ကိစ္စများကို ထိရောက်အောင်မြင်စွာ အကျိုးများစွာပြုခဲ့သူ ဖြစ်သည်။
သူ၏ ဆောင်ရွက်မှုတွင် မိမိ၏ယုံကြည်ချက်ကို ခိုင်မြဲစွာစွဲကိုင် စိတ်ဓာတ်ခိုင်မာသူလည်း ဖြစ်သည်။ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားများအတွက် မိမိအလွန်ထက်မြက်သော ပညာဖြင့် အကောင်းဆုံးအကျိုးပြုစေခဲ့သည်။ အစဉ်တွေး၊ အစဉ်မေး၊ အစဉ်ရေးဆိုသည့် မူအတိုင်း နိုင်ငံတော်၏ ဂုဏ်တက်စရာအကြောင်းများဖြင့် မျက်စိဖွင့်ပေးသူ ဖြစ်သည်။ ယခုလို ကွယ်လွန်သွားပြီဖြစ်သောကြောင့် ဒီမိုကရေစီအင်အားစုအတွက် အတိုင်းမသိ ဆုံးရှုံးနစ်နာရပေသည်။ သူ၏ ဆောင်ရွက်ချက်များကို အစဉ်သတိရ အောက်မေ့နေကြမည်ဖြစ်ပါ၍ ကောင်းရာသုဂတိသို့ လားပါစေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး
ပြောပြဖို့အတွက်ကို တော်တော်ဆို့ဆို့ နင့်နင့်ခံစားရပါတယ်။NLD ပါတီအတွက် တကယ်အရေးကြီးတဲ့အချိန်ရောက်ကာမှ ရွှေတောင်ကြီး ပြိုလဲသွားတာပါ။ ဆရာမ မိုးမိုး(အင်းလျား)ရဲ့ ဈာပနမှာ ဆရာတင်မိုး ပြောခဲ့သလိုပဲ ချစ်သောသူတို့ အသက်တို၏၊ မုန်းသောသူတို့ အသက်ရှည်၏ ဆိုသလိုပါပဲ၊ ၁၉၉၆ ခု နောက်မှုတိုးတော့ ဆရာတို့အားလုံး အတူတူပဲလေ၊ သူပြောတာကို ကြားခဲ့ဖူးတယ်။ နောက်နှစ် ၃၀၊ ၄၀ လောက် နိုင်ငံရေး ဆက်လုပ်ဦးမှာတဲ့၊ အခုတော့ နှစ် ၂၀ လောက်ပဲ ကြာတယ်၊ သူမရှိတော့ဘူးပေါ့။ တကယ်ကို နှမြောသလို၊ တကယ့်ကို နက်နက်နဲနဲကြေကွဲရပါတယ်။
ဒေါက်တာဇော်မြင့်မောင်
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
အဘရေ
သမီးတို့ရဲ့ မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ အားထားယုံကြည်ရာ တောင်ကြီးပြိုလဲသွားသလို ခံစားရပါတယ်။ ဘဘ ကောင်းရာသုဂတိ လားပါစေ။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း မိသားစု
မှန်တယ်ဆိုရင် ရဲရဲဝံ့ဝံ့ ရပ်တည်ရဲတာ၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး မပြောတတ်တာ၊ မလုပ်တတ်တာ၊ စွန့်လွှတ်မှု အနစ်နာခံမှုကိုပြပြီး အာဏာပိုင်တွေ အခွင့်အရေးပေးနိုင်သူတွေနဲ့ လူထုကွယ်ရာမှာ ချိတ်ဆက်မထားတာ ရောင့်ရဲတင်းတိမ်တတ်တာ။ လူထက်မူပေါ် အသေရပ်တည်ရဲတာ။ ဒီလိုလူမျိုး အများကြီးမတွေ့ခဲ့ပါဘူး။ ဒီလူတွေအထဲမှာ ဆရာလူထုဦးစိန်ဝင်းက ကျွန်တော်နဲ့ ရင်းနှီးပေမယ့် ဆရာဦးဝင်းတင်က မရင်းနှီးပါဘူး။ တိုင်းပြည်ရှေ့ခရီး အကျဉ်းအကျပ်ထဲရောက်နေချိန် အနာဂတ်လမ်းေ၀၀ါးနေချိန်မှာ ဆရာတို့ အားလုံးခွဲခွာသွားတဲ့အတွက် ၀မ်းနည်းကြေကွဲတာ၊ စိတ်ပျက်လက်ပျက်ရှိတာတွေအားလုံးထက် ပိုခံစားမိပါတယ်။
ဒေါက်တာသန်းထွဋ်အောင်
(CEO, Eleven Media Group)
မြန်မာ့သမိုင်းမှာ ၁၉၆၂ နောက်ပိုင်း တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးတဲ့ အစ်ကိုကြီးလို အစ်ကိုတစ်ယောက်ရဲ့ ညီဖြစ်ရလို့ ကျေနပ်တယ်။ အစ်ကိုကြီးအတွက်လည်း အရမ်းကို ဂုဏ်ယူတယ်။ မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ အစ်ကိုကြီးတစ်ယောက် အမြဲရှိနေမှာပါ။ အစ်ကိုကြီး ကောင်းရာမွန်ရာဘ၀ ရောက်ပါစေ။
ကိုတင်မောင်အေး
(သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ မိသားစုဝင်)
ဟိုး - တောကြိုအုံကြားက လှမ်းခေါ်တယ်
ဘဘအသက်ကို “ကယ်” မယ်တဲ့။
နိုင်ငံတကာရောက်တွေကလည်း အာမခံတယ်၊
သူတို့ စဆုံးတာဝန်ယူ ကုပါရစေတဲ့၊
သူဟာ . . . သေမင်းကိုလက်ဆွဲနှုတ်ဆက်ရချိန်
တစ်သက်တာစိုက်ပျိုးခဲ့သမျှ ရိတ်သိမ်းရတာပါပဲ၊
သူ့နောက်ဆုံးခရီးမှာ
ကြည့်လိုက်
ပန်းပြာတွေ ပြည့်လို့။
ကိုမင်းကိုနိုင်
ဆရာဦးဝင်းတင်နဲ့ပတ်သက်ရင် အမှတ်ရစရာတွေက အများကြီးပါပဲ။ အဲဒီ့ထဲကမှ ၁၉၈၉ ခုနှစ် သင်္ကြန်သံချပ် ပြိုင်ပွဲပေါ့နော်။သင်္ကြန်မှာ သံချပ်ပြိုင်ပွဲ လုပ်မယ်ဆိုတာကို
တတ်သိပညာရှင်တချို့က သဘောမတူဘူး။ ဦးကို ယုကပေါ့နော် နိုင်ငံရေးအရေးစကြီး နေတဲ့အချိန်မှာ နိုင်ငံရေးစင်မြင့်ကို ပျော်ပွဲရွှင်ပွဲအတွက် သုံးတာကို သဘောမတူဘူးလို့ ပြောတာပေါ့နော်။ ဒါနဲ့ အန်တီက ရှင်းပြရတယ်၊ ပျော်ပွဲရွှင်ပွဲ မဟုတ်ပါဘူးပေါ့၊ နိုင်ငံရေးအတွက် သုံးတာပါပေါ့။ ဒီလိုရှင်းပြတော့ ဦးကိုယုက ဦးဝင်းတင်ကို သွားပြောလို့ ပြောတယ်။ ဒါနဲ့ ဦးဝင်းတင်ကိုသွားပြောတော့ ဦးဝင်းတင်က “ကျွန်တော်ကအစကတည်းက မကန့်ကွက်ပါဘူး၊ ဦးကိုယုကိုပြောလည် အောင်ပြောပါ”တဲ့။အန်တီကလည်း ဦးကိုယုကို ပြောပြီးပြီလို့ပြောတော့ ဒါဆိုရင်လုပ်ရမယ်လို့ ပြောတယ်။N LD လူငယ်ကိုယ်စားပြု သံချပ်အဖွဲ့ကို သွားစစ်ဆေးတော့ အန်တီရယ်၊ ဆရာဦးဝင်းတင်ရယ်၊ ဒေါ်မြင့်မြင့်ခင်ရယ် သွားစစ်ကြတယ်။ စစ်ဆေးတဲ့နေရာမှာ ဆရာဦးဝင်းတင်က ဘာပြောလဲဆိုတော့ နည်းနည်းကြမ်းတဲ့ စကားလုံးတွေကို နားခံသာအောင် ယဉ်ယဉ်ကျေးကျေး ပြင်လိုက်ရတာကလွဲရင် အားလုံးကောင်းတယ်လို့ ကျေကျေနပ်နပ်လှိုက်လှိုက်လှဲလှဲ ချီးကျူးတယ်။ နောက်ပြီး လူငယ်တွေရဲ့အမြင်က သိပ်စူးရှတာပဲလို့ပြောတော့ အန်တီလည်း ကျေနပ်ခဲ့တာပေါ့နော်၊ အန်တီဆရာ့ကို သတိထားမိတာက သူရေးတဲ့ စာတွေထဲမှာ တစ်ဖက်သားနားခံသာအောင် ဆန့်ကျင်ဘက်စကားတွေကို ယဉ်ယဉ်ကျေးကျေးပြောဆို သုံးနှုန်းတတ်တာကို တွေ့ရတယ်။
ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ)
ဦးဝင်းတင်က NLD အတွက်တင်မကပါဘူး။ ဒီမိုကရေစီအင်အားစုအားလုံးအတွက် အားတစ်ရပ်ပါပဲ။ ဦးဝင်းတင်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် NLD အတွက်ရော၊ ဒီမိုကရေစီအင်အားစုအတွက်ရော တကယ်ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။
ဦးဥာဏ်ဝင်း (NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ)
ကိုဝင်းတင်ကို ဆုံးရှုံးရတာ အလွန်ဝမ်းနည်းပါတယ်။ ဒါပေမဲ့ ခင်ဗျားက တိုင်းပြည်အတွက် အလွန်တာဝန်ကျေခဲ့တာဆိုတော့ လူဖြစ်ရကျိုးနပ်ပါတယ်ဗျာ၊ ကျွန်တော်တို့အားလုံး ခင်ဗျားအတွက် ဂုဏ်ယူကြပါတယ်။ တိုင်းပြည်က အလွန်ဂုဏ်ယူခဲ့ကြပါတယ်။
စွယ်စုံအနုပညာရှင် ဦးဝင်းဖေ
အလွန်လေးစား ခင်မင်ရပါသော ဦးဝင်းတင်၏ နောက်ဆုံးနေ့ နောက်ဆုံးခရီးတွင် မခွဲခွာချင်ဘဲ ခွဲခွာရတဲ့အတွက် အလွန်ကြေကွဲ ၀မ်းနည်းရပါကြောင်း၊ ဦးဝင်းတင်လို အစားထိုးမရနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဆုံးရှုံးရသည့်အတွက် မိမိ မိသားစုနဲ့အတူ တိုင်းပြည်အတွက်ပါ အလွန်ဝမ်းနည်းကြေကွဲရပါကြောင်း။
ဦးအေးသာအောင် (ရခိုင်အမျိုးသားအဖွဲ့ချုပ်)
ဆရာကြီးဦးဝင်းတင် ကွယ်လွန်သွားခြင်းသည် မြန်မာပြည်စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီအရေးတိုက်ပွဲတွင် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါသည်။ ဆရာကြီးဦးဝင်းတင်သည် ဘ၀တစ်သက်တာတွင် ပြည်သူတို့အတွက် ကြီးမားစွာအလုပ်အကျွေး ပြုခဲ့ပါသည်။
ဆရာကြီးဦးဝင်းတင် ကွယ်လွန်ခြင်းသည် ရိုးမတောင်တန်းကြီးကဲ့သို့ လေးနက်ကြီးမြတ်လှပေသည်။
မြန်မာပြည် ဒီမိုကရေစီတိုက်ပွဲအရေးတော်ပုံတွင် ဆရာကြီးဦးဝင်းတင်သည် ထာဝစဉ်ဥဒါန်းမော်ကွန်း တင်ရစ်စေမည် ဖြစ်ပါသည်။
ဖဒို မန်းငြိမ်းမောင်
(ကေအင်န်ယူ- ကရင်အမျိုးသားအစည်းအရုံး)
ဦးဝင်းတင်
ဆုံးဖြတ်ချက်ခိုင်မာသော၊ ရဲရင့်သော၊ တရားသောစစ်ကို ဆင်နွှဲရင်း တိုက်ပွဲမပြီးဆုံးမီ ကျဆုံးသွားသော အာဇာနည် ဦးဝင်းတင်အား ဂါရ၀ပြုပါသည်။
အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်မိသားစု
ဘဘဦးဝင်းတင်က အမြဲတမ်းတပ်ဦးမှာပဲ နေခဲ့တာပါ။ အာဏာပိုင်တွေနဲ့ ဖြစ်တဲ့ ပြဿနာတွေပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေပဲဖြစ်ဖြစ် ရှေ့ဆုံးမှာပဲ နေခဲ့တာပါ။ တိုင်းပြည်တစ်ပြည်ရဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဟာတွေကို ဆုံးဖြတ်တာပဲဖြစ်ဖြစ်၊ ချမှတ်တာပဲဖြစ်ဖြစ် တကယ့်ကို ရှေ့ဆုံးက တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ သေရတယ်ဆိုတာကတော့ သဘာဝပဲလေ။ ဒါပေမဲ့ သူက စိတ်ဓာတ်ခွန်အားကြီးတယ်ဗျ။ နောက်ဆုံး သေခါနီးအချိန်အထိ ကြံ့ကြံ့ခံသွားနိုင်ခဲ့တယ်ဗျာ။ တိုင်းပြည်အတွက်တော့ လူတော်လူကောင်းတစ်ဦး ဆုံးရှုံးရတာပါ။ ဒီမိုကရေစီလှုပ်ရှားမှုရဲ့တပ်ဦးဆုံးရှုံးသွားတာပါ။
ကိုဘိုဘိုဦး
(ဦးဝင်းတင်နှင့်အင်းစိန်ထောင်အတွင်း အတူနေခဲ့ရသူ)
ဆရာဦးဝင်းတင်နဲ့ ကျွန်တော်တို့က ၈၈ ကတည်းက အတူတူ လုပ်လာခဲ့သလို ထောင်ထဲရောက်တော့လည်း အတူတူပဲဆိုတော့ တိုင်းပြည်နဲ့ လူမျိုးအပေါ် အင်မတန်မှ ချစ်၊ အင်မတန်မှ သစ္စာရှိတဲ့၊ အင်မတန်မှ အလုပ်လုပ်တဲ့ လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် တိုင်းပြည်အတွက်ရော၊ ပါတီအတွက်ရော အင်မတန်မှကြီးမားတဲ့ ဆုံးရှုံးမှုကြီးလို့ မြင်ပါတယ်။ သူကွယ်လွန်သွားတဲ့အတွက် ကျွန်တော့်အနေနဲ့ အင်မတန်မှ ၀မ်းနည်းကြေကွဲရပါတယ်။ ကျွန်တော်တို့ တိုင်းတစ်တိုင်းလုံးကလည်း ၀မ်းနည်းကြေကွဲနေကြပါတယ်။ ကျွန်တော်တို့ တိုင်းအနေနဲ့လည်း ဆရာကြီးအတွက် အထိမ်းအမှတ်ပွဲတစ်ခု လုပ်မှာပါ။
ဒေါက်တာမြင့်နိုင်
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
သတင်းစာဆရာကြီးဦးဝင်းတင်၏ ဈာပနသို့ တက်ရောက် ဂါရ၀ပြုလာရောက်ကြသည့် ပြည်သူများကို တွေ့ရစဉ်

Tuesday, 22 April 2014

ကျနော်နဲ့ ကိုဝင်းတင် (သမိုင်းတခုကို ပြန်လည်ကူးယူဖော်ပြခြင်း)

ကျနော်နဲ့ ကိုဝင်းတင်
****************
မောင်မိုးသူ| April 22, 2014
ကိုဝင်းတင်ကို သဘောထား တင်းမာတယ်လို့ ပြောကြတယ်။ သဘောထား တင်းမာတာ မဟုတ်ဘူး ။ ယုံကြည်ချက် ခိုင်မာတာ ။ အယူအဆတွေ မတူခဲ့ရင် ညှိနှိုင်းတိုင်ပင် ဆွေးနွေးရမယ်ဆိုတာ ကိုဝင်းတင်ရဲ့ အယူအဆပါ ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ လက်တွဲ အလုပ်လုပ်ပြီး နားလည် ခွင့်လွှတ်ပေးနိုင်ခဲ့ပေမယ့် ကိုဝင်းတင်ကတော့ စစ်တပ်ကို ခွင့်မလွှတ် ၊ မကျေလည်ဘူးလို့ ပြောဆိုခဲ့တယ်။ အဲဒါကို ကျနော်လည်း သဘောတူတယ်။
၈၈ ကာလတုန်းက စာရေးဆရာသမဂ္ဂဆိုပြီး ထောင်ထားတဲ့ ကျနော်ရယ် ၊ ကိုဝင်းတင်ရယ်၊ မောင်သော်ကတို့က Artist လို့ခေါ်တဲ့ လွတ်လပ်မှုကို ခုံမင်တဲ့ အနုပညာသမားတွေ အဖြစ်နဲ့ စစ်တပ်ကို လမ်းပေါ်ထွက်ပြီး ဆန့်ကျင်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ၃ ယောက်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှာ ပါလာအောင် စည်းရုံးခဲ့တာလို့ ပြောကြတယ်။ တကယ်တော့ အဲလိုချည်းလည်း မဟုတ်ဘူး။
၈၈ ကာလမှာ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်တစောင် ထုတ်လိုက်တယ်။ အဲဒီမှာ ကျနော်ရယ် ၊ ကိုဝင်းတင်ရယ်၊ မောင်သော်ကရယ် ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ကြတယ်။ အဲဒီမှာ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးတခုလုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ကိုဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးတခု လုပ်ခဲ့တယ်။ အဲဒီအချိန်က ကိုဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တယောက်နဲ့ တယောက် မသိကြသေးပါဘူး။ အဲဒီကာလက ကိုဝင်းတင် လုပ်ခဲ့တဲ့ အင်တာဗျူးကလည်း တော်တော်ထူးခြားတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာရှိတဲ့ ကျောက်စားပွဲဝိုင်းလေးမှာ ကျနော်တို့ မကြာခဏ တွေ့ဆုံဖြစ်ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် နိုင်ငံရေးပါတီတခု ထူထောင်ဖို့ ဆုံးဖြတ်ပြီးတဲ့ နောက်ပိုင်းမှာတော့ ကျနော်နဲ့ ဦးဝင်းတင်နဲ့ကို သူ့အိမ်ကို လာဖို့ ဖိတ်ခေါ်ခဲ့တယ်။
ကျနော်တို့ စိတ်ထဲမှာ ထင်ထားတာက အဲဒီအချိန်မှာ သခင်တင်မြတို့ ၊ ဦးထွေးမြင့်တို့က ဒေါ်စုခြံထဲမှာ နေကြတာ။ အဲလို လူတွေနဲ့ ဒေါ်စု ပါတီထောင်မယ်ပေါ့ ။ အဲဒါနဲ့ ကျနော်တို့က ဘာမှမပြောတော့။ မဟုတ်ဘူးတဲ့ ကျမက ဆရာတို့နဲ့ ပါတီထောင်မှာတဲ့ ။ ဆရာတို့ ဆိုတာ အရေးတော်ပုံကာလမှာ လုပ်ကြတဲ့ လူတွေလို့ ပြောတယ်။
အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က ကိုဝင်းတင်ကို ဆရာက ပါတီအတွင်းရေးမှူး လုပ်ရမယ်လို့ ပြောတယ်။ ကိုဝင်းတင်က နိုင်ငံရေး နားမလည်ဘူးဆိုပြီး ငြင်းသေးတယ်။ ဒေါ်စုက အတင်း လုပ်ရမယ်ဆိုလို့ ကိုဝင်းတင်က လက်ခံလိုက်တာ။
နောက်ပိုင်း ပါတီမှာ လူတွေ ရွေးဖို့လည်း ကျနော်တို့ နှစ်ယောက်ကို ခိုင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူတယောက်ထည့်မယ်လို့ ပြောပြီး တယောက်ရွေးပေးခဲ့တယ်။ အဲဒါက ကိုဆွေလို့ ခေါ်တဲ့ အခု NDF ပါတီကို ရောက်နေတဲ့ ဦးခင်မောင်ဆွေပဲ။ ကျနော်တို့က ဆရာဝန်တွေ ၊ ရှေ့နေတွေ ၊ အနုပညာရှင်နဲ့ စာပေသမားတွေ အများစုပါတဲ့ လူတွေစာရင်းကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တယ်။
ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို သွားခေါ်ခဲ့တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဦးဆောင်မှု နောက်ကို ကျနော်တို့ လိုက်ခဲ့ကြရတာ ။ အခုလူတွေက ကျနော်ရယ် ၊ ကိုဝင်းတင်ရယ် ၊ ဦးသော်ကတို့က ဒေါ်စုကို နိုင်ငံရေး ထဲပါလာအောင် ဆွဲခေါ်ခဲ့ကြတယ်လို့ ပြောကြတယ်။ တကယ်က ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ထက် စာပိုတတ်တယ်။ သူက နိုင်ငံရေးသမားဗျ။
အဲဒီနောက်ပိုင်းမှာတော့ ကိုဝင်းတင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ၀န်းရံပေးခဲ့တယ်။ ၂၀၁၅ ရွှေးကောက်ပွဲအထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ၀န်းရံပေးမယ်လို့ ကျနော့်ကို ပြောတယ်။ အဲဒီနောက်ပိုင်းတော့ သူမပါတော့ဘူးတဲ့။ အခုတော့ ၂၀၁၅ ထိတောင် မရောက်နိုင်တော့ဘူး။
၁၉၈၉ မှာ ကိုဝင်းတင်ရယ် ၊ ကျနော်နဲ့ မောင်သော်က တို့ကို စစ်ကြောရေးကနေပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်တာ သတိရမိသေးတယ်။
ကျနော်တို့ အဖမ်းခံရတော့ ထောက်လှမ်းရေးက ကျနော်နဲ့ ကိုဝင်းတင်နဲ့ကို ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆရာတင်ရတာလဲလို့ မေးတယ်။ ခဏခဏမေးတော့ ကျနော်က စိတ်တိုလာတယ်။ အဲဒါနဲ့ ပြောလိုက်တယ်။ ဒီမှာလို့ မောင်မိုးသူ ၊ ကိုဝင်းတင်နဲ့ မောင်သော်ကဆိုတဲ့ စာရေးဆရာ ၃ ကောင်ဟာ သူများကို မပြောနဲ့ တယောက်နဲ့ တယောက်နဲ့တောင် ဆရာမတင်ဘူးလို့ ။ ဒါပေမယ့် နိုင်ငံရေးကိစ္စမှာ ဒီအမျိုးသမီးကို ဆရာတင်ရတာ ကျုပ်တို့ထက် တော်လို့ပဲလို့ ပြောလိုက်တယ်။
အစိုးရကလည်း အဲဒီကာလတွေမှာ ထုတ်ခဲ့တဲ့ စာအုပ်အစိမ်းနဲ့ အနီမှာ ဒေါ်အောင်ဆန်းစုကြည်က အင်မတန် ပါးနပ်ပြီးတော့ တကယ့်လူ ၃ ယောက်ကို ကောင်းကောင်းအသုံးချနိုင်ခဲ့တယ် ဆိုပြီး ရေးတာမျိုးတွေ ရှိတယ်။
တချို့က ဒီလူ ၃ ယောက်က မနူးမနပ် နိုင်ငံရေးပါးမ၀သေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးတယ်လို့ ဆိုတဲ့ ရေးတာမျိုးတွေလည်း ပါတယ်။
ထောင်ထဲရောက်တော့ ဆရာမောင်သော်ကက ကျနော့်လက်ပေါ်မှာပဲ ဆုံးသွားပါတယ်။
၁၉၉၂ ခုနှစ်မှာ ကျနော် ပြန်လွတ်ခဲ့ပေမယ့် ကိုဝင်းတင်ကတော့ ကျန်ခဲ့တယ်။ ၁၉၉၆ ခုနှစ်မှာ ကျနော် ထောင်ထဲပြန်ရောက်တော့ ကိုဝင်းတင်က ကျနော့်ကို စောင့်နေတုန်းပဲ။ စစ်အစိုးရက ဘယ်နိုင်ငံရေး အကျဉ်းသားတွေကိုပဲ လွှတ်လွှတ် ၊ ကိုဝင်းတင်ကိုတော့ မလွှတ်ဘူး။
ကိုဝင်းတင်ကလည်း ထောင်ထဲမှာ အလကား အချိန်ကုန်ခံ မနေဘူး။ ကဗျာ ၊ စာပေ မျိုးစုံကို ရတဲ့နည်း ရေးနေတာ။ ကျားရဲလို ကဗျာမျိုးတွေ၊ ဘကြီးပွားနဲ့ ထိပ်တုံး ဘီလူးလို့ခေါ်တဲ့ ပြဇာတ်ရှည်ကြီးတွေ ရေးခဲ့သေးတယ်။
သူရေးတဲ့ ကဗျာ ပြဇတ်ကြီးက အရှည်ကြီး။ လူပေါင်းစုံ အကြောင်းပါတယ်။ အစိုးရအကြောင်း ၊ သူ့အကြောင်း ၊ ကျနော်တို့ အကြောင်း အကုန်ပါတယ်။
ကိုဝင်းတင် ထောင်ကထွက်လာတော့ NLD ပါတီ ခေါင်းဆောင်တချို့က ၂၀၁၀ ရွှေးကောက်ပွဲဝင်ဖို့ ပြင်နေကြတဲ့အချိန်။ အဲဒီမှာ ကိုဝင်းတင်က အဲဒါကို လုံးဝ လက်မခံဘူး။ နေအိမ်အကျယ်ချုပ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကပါ သဘောမတူလို့ ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ဘူးဆိုတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းထွက်လာတာ။
အဲဒီအချိန်မှာ ကျနော်ရယ်၊ ကိုဝင်းတင်ရယ် လူထုစိန်ဝင်းဆီကို သွားပြီး NLD ကို တွယ်ဖို့ သွားပြောတယ်။ အဲဒီအချိန်ကတည်းက ဆရာ လူထုဦးစိန်ဝင်းက NLD ကို ဝေဖန်တဲ့ ဆောင်းပါးတွေ တောက်လျှောက်ရေးတော့တာပဲ။
အဲဒီနောက်ပိုင်းမှာ ကိုဝင်းတင် ကျန်းမာရေးမကောင်းတာတွေ ကြားရတယ်။
ကျနော်က သူတက်တဲ့ Green Cross ဆေးရုံဆိုတာကို သိပ်သဘောမကျဘူး။ ဒါပေမယ့် သူက ဘာပြောလဲဆိုတော့ နိုင်ငံရေးသမား တော်တော်များများ ဆေးရုံတက်ရင် ဒီမှာတက်တာတဲ့ ။ ငါက ဘာကောင်မို့လို တခြားနေရာ သွားရမှာလဲဆိုပြီး ပြောသေးတယ်။
နောက်ပိုင်း ဝိတိုရိယ ရောက်သွားတယ်။ ဒါပေမယ့် နှလုံးစက်က ဆေးရုံကြီးက ပိုကောင်းတယ်ဆိုပြီး ရန်ကုန်ဆေးရုံကြီး ရောက်သွားတာ။ သူက အူပိတ်တယ်။ နောက် သွေးဝမ်းသွားတယ်။ သွေးဝမ်းရပ်တော့ တော်တော်ကောင်း သွားသေးတယ်။ နောက်ကျ ဆီးမသွားတော့ဘူး။ ပြီးတော့ ကျောက်ကပ် ဖြစ်တယ်။
ကျနော်က သူကျောက်ကပ် ဆေးတာကို သိပ်သဘောမကျဘူး။ ကျနော်တွေ့သလောက်က ကျောက်ကပ်ဆေးတဲ့သူ တော်တော်များများ သေတာချည်းပဲ။
ပထမအကြိမ် ကျောက်ကပ်ဆေးပြီးတဲ့ အချိန်မှာ ဒေါ်စုလည်း ဂျာမနီက ပြန်လာပြီ။ ကျနော်လည်း သွားတော့ ICU အခန်းထဲမှာ ဒေါ်စုနဲ့ ပေါ်ဦး ရှိနေတယ်။ အဲဒီအချိန်မှာ ကိုဝင်းတင်က စကားတွေ ပြောနေတုန်းပဲ ။ ကဗျာတွေ အကြောင်း ပြောတယ်။ ဒေါ်စုကို သူရေးတဲ့ ကဗျာတွေ မှတ်မိရဲ့လားလို့ ပြောတယ်။ ဒေါ်စုကလည်း ဆရာ သိပ်စကားမပြောနဲ့ ကျမ အကုန်မှတ်မိတယ်လို့ ပြန်ပြောတယ်။
နောက် ဗိုလ်ချုပ်အောင်ဆန်းက ဘယ်လို ဘာညာဆိုပြီး ပြောတယ်။ ဒေါ်စုက ရယ်စရာ ထပြောတယ်။ ဆရာတဲ့ ဖေဖေက ပြောတယ်တဲ့။ မွေးထားတဲ့ သားသမီးတွေထဲမှာ ကျမက အချောဆုံး၊ အတော်ဆုံးလို့ ပြောဖူးတယ်တဲ့။ ကျနော်တို့ ၃ ယောက် အခုလို မပြောခဲ့ဖူးဘူး။ နိုင်ငံရေး ကိစ္စနဲ့ပဲ ပြောခဲ့ကြတာ။
ပြီးတော့ ဒေါ်စုက ဥရောပက ၀ယ်လာတဲ့ ချောကလက်တွေ ဦးဝင်းတင်ကို ပေးတယ်။ အဲဒီအချိန်မှာ ဦးဝင်းတင်က မိုးသူကို ကျွေးလိုက်ဦးလေတဲ့။ ဒေါ်စုက ချောကလက်လေးတခု ကျနော့်ကို ပေးတယ်။ တို့အချင်းချင်း နောက်ခွင့်ပြောင်ခွင့်က အဲဒီအချိန်လေးပဲ ရခဲ့တာ။
ဦးဝင်းတင်က လူတိုင်းကို လေးလေးစားစား ဆက်ဆံတယ်။ ပြောင်တာ နောက်တာမရှိသလောက် ရှားတယ်။ ကျနော်နဲ့ တွေ့ရင်တော့ မရဘူး။ ကျနော့်ကို ကဗျာတောင်စပ်ပြီး နောက်သေးတယ်။ ” နုတ်ခမ်းမွှေးနဲ့ ငမိုး မန္တလေးကို ဒိုး” ဆိုတာတောင် ပါသေးတယ်။
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူ စာရေးဆရာ၊ ဒါရိုက်တာ ဦးမိုးသူက ကွယ်လွန်သူ ဦးဝင်းတင်အကြောင်း ဧရာဝတီကို ပြန်ပြောင်းပြောဆိုချက်ထဲမှ ကောက်နှုတ်တင်ပြခြင်းဖြစ်သည်။)
၁၉၈၈ ခုနှစ် ရွှေတိဂုံစေတီ အနောက်မုဒ် ဒေါ်အောင်ဆန်းစုကြည် တရားပွဲအပြီး အမှတ်တရ။ ၀ဲမှယာ – ဦးမျိုးညွန့်၊ စာရေးဆရာကြီး မောင်ကိုယု (ကွယ်လွန်)၊ မောင်သော်က (ထောင်တွင်း၌ ကွယ်လွန်)၊ ဟံသာဝတီ ဦးဝင်းတင် (ကွယ်လွန်)၊ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ (ကွယ်လွန်)၊ မောင်မိုးသူနှင့် ဒါရိုက်တာ ပန်းချီစိုးမိုး။ (




Like · ·

ကမ္ဘာက စောင့်ကြည့်နေကြတဲ့ ဈာပနအခမ်းအနားကြီး

ကမ္ဘာက စောင့်ကြည့်နေကြတဲ့ ဈာပနအခမ်းအနားကြီး

ကျော်သူ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ဧပြီ ၂၂၊ ၂၀၁၄
ပြောကိုမပြောချင်ဘူး။ လူတွေအယူသည်းတတ်ပုံများဗျာ။ ကျော်သူတို့ လင်မယားရယ် ဆရာမရယ် ကို နာမကျန်းဖြစ်နေတဲ့သူကို နေအိမ်၊ ဆေးရုံများမှာ လူနာသတင်းမေးသွားရင် နှာခေါင်းရှုံ့ကြခြင်း၊ အ တင်းပြောကြခြင်း၊ မေးငေါ့ကြခြင်း စသည့် မလိုလားသော အရိပ်သဏ္ဍာန်များဖြင့် ဆီးကြိုတတ်ကြသည်။
တချို့ဆိုလျှင် "ဟာ…. ဟင်…. ဟယ်…. အို… ရပါတယ်၊ နေကောင်းပါတယ်။ ကျန်းမာလာပါပြီ ဒီတော့ မ လာပါနဲ့။ မလိုပါဘူး။ ကျေးဇူးတင်ပါတယ်" ဟူ၍ ဆီးကြိုကာပိတ်ပင်မှု၊ တားဆီးမှုတို့ဖြင့် ဦးစွာကိုယ်တိုင် ကြုံတွေ့ခဲ့ရပြန်သည်။
ထိုကဲ့သို့ ပြောဆိုကြသော အယူသည်းတတ်သော လူများသည် အကယ်၍များ ထိုမကျန်းမာသော လူနာသည် ဘဝတစ်ပါးသို့ ပြောင်းသွားပြီဆိုပါက “အကို… ညီလေး… ဦး… အဘ ကယ်ပါဦး… တစ်ခါမှ အတွေ့အကြုံမရှိလို့ပါ။ နာရေးကိစ္စတွေ မလုပ်တတ်လို့ပါ။ သင်္ဂြိုဟ်ပေးပါဦး။ စရိတ် မတတ်နိုင်လို့ပါ။ စည်စည်ကားကားလေး ဖြစ်အောင်လုပ်ပေးပါ။ ကားအကောင်းစားကြီးနဲ့ လုပ်ပေးပါ။ အ လှူငွေတွေ အများကြီး လာရောက်လှူဒါန်းပါဦးမယ်" စသည့် စကားများကိုလည်း ပြောတတ်သေးသည်။
ဈာပနအခမ်းအနား ပြီးဆုံးသွားသောအခါ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားစွာ နိဗ္ဗာန်ယာဉ် အကောင်းစားကြီး အား တောင်းဆိုခဲ့သူတစ်ချို့တို့သည် ငွေအများကြီး လှူဒါန်းဖို့နေနေသာသာ ပျောက်ခြင်းမလှ ပျောက်သွား ကြသူများ၊ ကိုယ်ယောင်ဖျောက်သွားကြသူများ၊ ကိုယ်ပျောက်ပညာစွမ်း တတ်မြောက်ထားကြသည့်အလား ပျောက်ခြင်းမလှ ပျောက်ဆုံးသွားကြသည်ကိုလည်း အကြိမ်ကြိမ် အဖန်ဖန် ကြုံတွေ့ခဲ့ရဘူးသည်။ ဤသည် တို့ကား သဘာဝတရားတစ်ခုလို့ပင် ဆိုရမလို ဖြစ်နေတော့သည်။
ထိုကဲ့သို့ အယူသည်းသောသူများ၊ အုပ်စုများထဲတွင် ယနေ့ ၂၁.၄.၂ဝ၁၄ ရက်နေ့ နံနက် (၆း၃ဝ) နာရီအချိန်ခန့်က ဘဝတစ်ပါးသို့ ပြောင်းလဲသွားရရှာသော ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင် ၏ မိသားစုအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်၊ အပေါင်းအသင်း၊ မိတ်ဆွေသင်္ဂဟများ၊ လက်တွဲဖော်/ဖက်များ မပါ ဝင်ခဲ့သည်ကို ကျွန်တော်လက်တွေ့ သိရှိခဲ့ရသည်။
အကြောင်းမှာ ဘဘဦးဝင်းတင် ထောင်မှ လွတ်လာ သည့်အချိန်မှစ၍ ထောင်ဝတ်စုံ အပြာနုရောင်ကို စဉ်ဆက်မပြတ် ဝတ်ဆင်ထားမှု၊ ဘဘဦးဝင်းတင် ၏ မ ပြောင်းလဲသော ခံယူချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များအပြင် အကြောက်တရား လုံးဝမရှိသော သံမဏိ လူသားတစ်ယောက်အဖြစ်၎င်း၊ ဘဘ၏ အစဉ်အမြဲ ပြုံးယောင်သမ်းနေသောနှုတ်ခမ်း၊ အကြင်နာ တရားလွမ်းခြုံနေသော မျက်ဝန်းတို့ကြောင့်၎င်း ကျွန်တော်ပြင်ပတွင် လူချင်းမဆုံဆည်း ခဲ့စဉ်ကတည်းက လေးစားမိသည်။ ချစ်ခင်မိသည်။ ဂုဏ်ယူမိသည်။ အားကျမိသည်။
ထိုကဲ့သို့ ကျွန်တော် လေးစားဂုဏ်ယူ အားကျခဲ့သော သံမဏိလူသား သူရဲကောင်းကြီးအား ကျွန်တော်နောက်ပိုင်းတွင် လူချင်းဆုံတွေ့ခွင့် ရရှိ သော သာရေး/နာရေး အခမ်းအနားများတွင် ထိုသံမဏိလူသားကြီးသည် ကျွန်တော်သူ့အား လေးစား ဂုဏ်ယူ ချစ်ခင်သကဲ့သို့ ကျွန်တော့်အားလည်း သူသည် လေးစားဂုဏ်ယူ ချစ်ခင်ခဲ့သူဖြစ်ကြောင်း ကျွန် တော်သိရှိခဲ့ရသည်။
တစ်ဦးကစေတနာ၊ တစ်ဦးကမေတ္တာ ဆိုသလို မေတ္တာတရားများ ရောင်ပြန်ဟပ်ခြင်း ပင် ဖြစ်တော့သည်။ ထိုသံမဏိလူသားကြီးသည် ကျွန်တော့်အား တွေ့တိုင်း မြင်တိုင်း စိတ်ဓာတ်မကျရန် ကိုယ့်အလုပ် ကိုယ်လုပ်ရန်၊ အစဉ်အမြဲ သတိပေးစကား၊ အားပေးစကား၊ ချီးကျူးစကားများကို ပြောတတ် သေးသည်။
ကျွန်တော်ရေးသားခဲ့သော "ကျွန်တော်သာသမ္မတကြီးဖြစ်ခဲ့ရင်" စာအုပ်မိတ်ဆက်ပွဲတွင်လည်း နေထိုင်မကောင်းသည့်ကြားမှ တက်ရောက်ခဲ့ကာ သံမဏိလူသားကြီးသည် "သမ္မတဖြစ်ချင်တယ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ယှဉ်ပါတယ်။ ကိုကျော်သူက သူသမ္မတဖြစ်ခဲ့ရင်လို့ဆိုတာ၊ ဖြစ်ချင်တာ မ ဟုတ်ပါဘူး။ သူဖြစ်ခဲ့ရင် တိုင်းပြည်ရဲ့ လိုအပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတွေကို ဘယ်လိုဖြည့်ဆည်းပေးမယ်လို့ ဆိုလိုတာပါ။ သူသာသမ္မတဖြစ်ခဲ့ရင် ဆိုတာကတော့ မေတ္တာ၊ မုဒိတာ၊ ဂရု ဏာနဲ့ယှဉ်ပါတယ်။ ဒီလိုဆိုရင်တော့ အဲဒီကိစ္စဟာ အင်မတန်ကောင်းမြတ်တဲ့ ရည်ရွယ်ချက်ပါလို့ ကျွန် တော် ရဲရဲကြီး ဆိုလိုချင်ပါတယ်" ဟု အသိပေးစကား ဂုဏ်ပြုစကားများ ပြောကြားခဲ့ဘူးသည်။
၂ဝ၁၄ ခုနှစ် မဟာသင်္ကြန်မတိုင်ခင် ကာလအချိန်တွင် ဘဘဦးဝင်းတင် ကျန်းမာရေးဆိုးဝါးလာ၍ ဆေးရုံတက်ရကြောင်း ကျွန်တော်တို့သိရှိခဲ့သည်။ ဆေးရုံတစ်ရုံပြီး တစ်ရုံပြောင်းနေရကြောင်းလည်း ကျွန် တော်တို့သိရသည်။
နည်းနည်းနေကောင်းလာလိုက်၊ နေပြန်ဆိုးဝါးလိုက် စသည့် နေ့စဉ်ဖြစ်ပေါ်နေသော ကျန်းမာရေးဖြစ်စဉ်များကိုလည်း ကျွန်တော်တို့ သိရှိနေရသည်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံး ထိုဖြစ်ရပ်များ၊ ထိုဖြစ်စဉ်များ အားလုံးကိုသိရှိ ကြားသိနေရသော်လည်း ကျွန်တော်တို့၏ ခံစားမှုများ၊ ဝမ်း နည်းမှုများ၊ စိုးရိမ်မှုများအား ရင်တွင်း၌ မြိုသိပ်ကာ ဘဘဦးဝင်းတင် ထံသို့သွားရောက် သတင်းမေးချင် သည့် ခြေလှမ်းများကို ထိမ်းချုပ်ထားရတော့သည်။
အဘယ့်ကြောင့်ဆိုသော် အထက်တွင် ဖော်ပြရေးသား ခံစားခဲ့ရသော အယူသည်းမှု လူသားများအား စိတ်ဆင်းရဲခြင်း ဒုက္ခမပေးလိုခြင်းကြောင့်ပင်ဖြစ်သည်။ ထို့ ကြောင့် ကျွန်တော့်ဇနီး ရွှေဇီးကွက်မှ သူမ၏ Facebook စာမျက်နှာပေါ်တွင် သူ၏ခံစားချက်အား "ကျွန်မ တို့က နာရေးကူညီမှုအသင်း လုပ်ဆောင်နေသူတွေဖြစ်လို့ နေမကောင်းတော်တော်ဖြစ်နေတဲ့ ဘဘ ဦးဝင်း တင်ကို သိပ်ပြီးသွားမေးချင်ပေမယ့် မမေးရဲ၊ မမေးရက်ဘူးဖြစ်နေတာပါ။
ဘာပဲဖြစ်ဖြစ် ဘဘကို ကတိ တစ်ခု ပေးနိုင်တာကတော့ ဘဘချစ်တဲ့ မြန်မာပြည်နဲ့ မြန်မာလူမျိုးတွေကို ဘဘရဲ့ သံမဏိစိတ်ဓာတ်မျိုးနဲ့ ဘဘလိုပဲ ရာသက်ပန် သယ်ပိုးသွားမယ်ဆိုတာကို ဘဘကို ချစ်မြတ်နိုး ရိုသေစွာ ကတိပေးလိုက်ပါတယ်။ ကျော်သူ+ရွှေဇီးကွက်" ဟု ရေးသားခဲ့သည်။ ထိုအခါ သူမ၏ Facebook စာမျက်နှာပေါ်တွင် Comments များ ချက်ချင်းတက်လာတော့သည်။ Like လုပ်သူများလည်း များစွာပေါ်လာသည်။ Comments များထဲ တွင် ဆေးရုံသို့သွားရန်၊ ဘဘကျန်းမာရေးအား မေးမြန်းရန် စသည့် တွန်းအားများ များစွာပါလာခဲ့သည်။ ထိုတွန်းအားများထဲတွင် ဘဘဦးဝင်းတင်၏ ဆွေမျိုးများမှလည်း ဆေးရုံသို့ လာရောက်မေးမြန်းရန် ရေး သား ထားမှုများ ပါဝင်လာသည်။ ထို့အပြင် တယ်လီဖုန်းများဖြင့် ကျွန်တော့်ဇနီး ထံသို့၎င်း၊ ကျွန်တော့်ထံသို့ ၄င်း ဆက်သွယ်၍ ဆေးရုံသို့သွားရောက်ရန် တိုက်တွန်းနှိုးဆော်မှုများလည်း ရှိခဲ့သည်။ ထို့အပြင် လူကြုံနှင့် လည်း ပြောကြားသည်ကိုလည်း ကြုံတွေ့ခဲ့ရသည်။
ထိုကဲ့သို့သော တွန်းအားများကြားထဲတွင် ကျွန်တော် တို့သည် ဘဘထံသို့ သွားရေး၊ မသွားရေး လွန်ဆွဲနေချိန် HIV လူနာများအား ကူညီစောင့်ရှောက်မှု ဂေဟာ ဖွင့်လှစ်ထားသော NLD မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းမှ ကျွန်တော့်ထံသို့ ဖုန်းဆက်ကာ "ကိုကျော်သူ ဘဘဆီကို မလာဘူးလား။ ဘဘက သတိရတိုင်း ကိုကျော်သူကို မေးမေး နေတယ်" ဟူသော စကားအား ကြားသိလိုက်ချိန် ကျွန်တော့်၏ ဇနီးရွေဇီးကွက်နှင့် ဆရာမသန်းမြင့်အောင် တို့ကလည်း ဆေးရုံကိုသွားပြီး ဘဘကို သွားကြည့်ပါစို့ ဟု လာရောက်ပြောကြားမှုကြောင့် ကျွန်တော် အား တင်း၍ ဆေးရုံသို့ရောက်ရှိ သွားခဲ့တော့သည်။ ကျွန်တော်တို့ ဇနီးမောင်နှံနှင့် ဆရာမတို့ (၃) ဦး ဆေးရုံသို့ ရောက်ရှိသောအခါ ဘဘ ဦးဝင်းတင်၏ ဆွေမျိုးများနှင့် ဆေးရုံတွင်ရောက်ရှိနေကြသော ဘဘ၏ မိတ်ဆွေ များက ကျွန်တော်တို့အား နားလည်မှုပြည့်ဝစွာဖြင့် ကြိုဆိုကြကာ ဘဘအား ထားရှိရာ ICU ခန်းမထဲသို့ ခေါ်ဆောင်ခဲ့သည်။ ထို့နောက် ဘဘ၏ကုတင်ဘေးသို့ အနီးကပ်သွားရောက် အားပေးမှုပြုရန်အတွက် တစ်ဦးချင်း၊ တစ်လှည့်စီ၊ ပိုးသတ်ထားသော ဝတ်စုံအားဝတ်ဆင်၍ ဝင်ရောက်တွေ့ဆုံခဲ့ရသည်။ ကျွန်တော် တို့ (၃) ဦးစလုံး ဘဘဦးဝင်းတင်အား ဂါရဝပြု ကန်တော့ခဲ့ကြသည်။
ထိုစဉ်က ဘဘ၏မျက်လုံးများသည် လည်နေခြင်း၊ အားစိုက်၍ စူးစိုက်ကြည့်ရှုခြင်း၊ စကားများပြောသော်လည်း ပြောမထွက်လာခြင်း စသည့် ဝေဒနာများ ခံစားနေရသည်ကို စိတ်မကောင်းစွာ တွေ့မြင်ခဲ့ရသည်။ ကျွန်တော်တို့၏ ဝမ်းနည်း၊ ပူဆွေးမှု သောကများအား ဟန်ဆောင်မျက်နှာဖုံးများတပ်၍ ဆေးရုံမှ ပြန်လည်ထွက်ခွာခဲ့ရတော့သည်။
ယခု ဘဘဦးဝင်းတင် ဆုံးပါးသွားပြီ။ ဘဝတစ်ပါးသို့ ပြောင်းသွားပြီ။ သံမဏိလူသားကြီး တစ်ခြား ဂြိုလ်ကမ္ဘာသို့ ရောက်ရှိသွားပြီဖြစ်သည်။ ၂၁.၄.၂ဝ၁၄ ရက်နေ့ နံနက် (၇းဝဝ) နာရီမထိုးခင် ကျွန်တော် အင်တာနက်ကြည့်ရှုစဉ် ဘဘဦးဝင်းတင် ဆုံးသွားပြီဟူသော စာပေါ်လာသည်။ ကျွန်တော် မယုံကြည်နိုင်၊ ထို့ကြောင့် မဖြူဖြူသင်းထံသို့ ဖုန်းဆက်ကြည့်ရာ ကိုရာဇာမှ ငိုသံပါကြီးနှင့် ဘဘဦးဝင်းတင် ဆုံးသွားပြီ ဟူ၍ အတည်ပြုချက် ရခဲ့သည်။ ရှေ့ဆင့်နောက်ဆင့် ဆိုသလို တယ်လီဖုန်းများ ဝင်လာတော့သည်။ ဘဘ ၏ ရုပ်ခန္ဓာအား ချက်ချင်း ရေဝေးအအေးခန်းသို့ ပို့ဆောင်ပေးရန်အတွက် ဖြစ်တော့သည်။ ထို့ကြောင့် ကျွန်တော်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ နိဗ္ဗ္ဗာန်ယာဉ်ကြီးအား အမြန်ထွက်ခွာရန် ပြောကြားခဲ့ပြီး အသင်းသို့ နံနက်အစောပိုင်း ရောက်ရှိနေကြသော အသင်းသား/သူများစုစည်း၍ ရန်ကုန်ဆေးရုံကြီးသို့ ချီ တက်ခဲ့တော့သည်။
ဆေးရုံကြီးအအေးခန်းသို့အရောက် အအေးခန်းပတ်ဝန်းကျင် တစ်ခုလုံးတိတ်ဆိတ်နေ သည်။ ကျွန်တော့်ထံသို့ ဖုန်းဝင်လာသည်။ “ဘဘဦးတင်ဦးတို့အဖွဲ့တွေ ရန်ကုန်ဆေးရုံကြီး ၅/၆ အဆောင် အပေါ်ထပ်တွင် အစည်းအဝေးလုပ်နေတယ်။ ဘဘဦးတင်ဦးက ကိုကျော်သူ ခေါ်ခိုင်းတယ်။” ဟူ၍ ပြော ကြားသောကြောင့် ကားတစ်စီးဖြင့် ချက်ခြင်းလိုက်သွားတော့သည်။ အစည်းအဝေး ပြုလုပ်နေသော အခန်း ထဲတွင် ဘဘဦးတင်ဦး၊ ဦးအေးသာအောင်၊ ဦးမိုးသူ၊ ဦးစိုးဝင်း၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ စသည့် နိုင်ငံရေးအဖွဲ့အစည်းမှ သူတစ်ချို့နှင့် ဘဘ၏ ဆွေမျိုးသားချင်းတို့အား တွေ့ဆုံကာ ဈာပနအခမ်းအနား ကိစ္စရပ်အသီးသီးတို့အား ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။
ကွယ်လွန်သူ ဘဘဦးဝင်းတင်၏ ကျန်ရစ်သော ရုပ်ခန္ဓာအား ၂၃.၄.၂ဝ၁၄ မွန်းတည့် (၁၂းဝဝ) နာရီမှ ညနေ (၅းဝဝ) နာရီအချိန်အထိ ရေဝေးသုဿန်ခန်းမ (၁/က) တွင်ထားရှိပြီး နိုင်ငံရေး အဖွဲ့ အစည်းများ၊ ပြည်သူလူထုများ၊ ကျောင်းသားလူငယ်များ လာရောက်၍ နောက်ဆုံးဂါရဝပြု ဦးညွှတ်ကြရန် စီစဉ်ထားရှိပြီး ညနေ (၅းဝဝ) နာရီအချိန်တွင် ဘဘဦးဝင်းတင်၏ ရုပ်ခန္ဓာအား နိဗ္ဗ္ဗာန်ယာဉ်ပေါ်သို့ သယ် ဆောင်၍ ဂူသွင်းသင်္ဂြိုဟ်မည့် နေရာသို့ သယ်ယူပို့ဆောင်မည်ဖြစ်သည်။
ထိုနေ့သည်ကား မြန်မာပြည်သူ/သားများ၊ နိုင်ငံရေးအဖွဲ့အစည်းများအတွက် အလွန်အရေးကြီး သော နေ့ရက်ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ယခင်ကာလများတွင် ကျွန်တော်တို့ ကြုံတွေ့ခဲ့ရ သော နိုင်ငံ၏ အထင်ကရပုဂ္ဂိုလ်ကြီးများ၊ သာသနာပြု ဆရာတော်ကြီးများ၏ ဈာပနအခမ်းအနားများတွင် ကျန်ရစ်သောသူတစ်ချို့၊ ဈာပနအခမ်းအနားတွင် လိုက်လံပို့ဆောင်ကြသော ပြည်သူလူထုတစ်ချို့၏ စည်း ကမ်းမဲ့၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများ၊ ပူဆွေးသောကဒဏ်ကို မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး အခေါင်းအား လက်သီးဖြင့်ထုခြင်း၊ လိုက်လံပို့ဆောင်သော နိဗ္ဗ္ဗာန်ယာဉ်အား လက်သီးဖြင့်ထိုးခြင်း၊ အလောင်းထည့်ထား သောအခေါင်းအား လုယူကြခြင်း၊ လူမြင်မကောင်းအောင် အော်ဟစ်ငိုကြွေးကြခြင်း စသည့် အကျည်းတန် စေသည့်ကိစ္စရပ်များ မလုပ်သင့်သော လုပ်ရပ်များ ကြုံတွေ့ခဲ့ရဘူးသည်။ ထို့အပြင် သေဆုံးသွားသူအား အသုံးချကာ အမြတ်ထုတ်ခြင်း၊ နာမည်ကြီးအောင် ခုတုံးလုပ်ခြင်း၊ ဆူပူမှုများဖြစ်အောင် လှုံ့ဆော်ခြင်း၊ သွေးထိုးမြှောက်ပင့်ခြင်းတို့နှင့် အချို့နာရေးပို့ဆောင်သူများထဲတွင် အရက်သောက်စားခြင်း၊ မူးယစ်ဆေး သောက်သုံးထားခြင်း တို့ကိုလည်း မြင်တွေ့ခဲ့ရဘူးသည်။
ထို့ကြောင့် ဘဘဦးဝင်းတင်၏ နောက်ဆုံးခရီး အား ပို့ဆောင်ကြသော နိုင်ငံရေးသမားများ၊ အနုပညာရှင်များ၊ ကျောင်းသားလူငယ်များ၏ ဆန္ဒအရ စာ တမ်းဖတ်ကြားခြင်း၊ အမှတ်တရစကားများ ပြောဆိုခြင်း၊ ကဗျာရွတ်ဖတ်ခြင်းတို့အား ပြုလုပ်လိုပါက ရန်ကုန်မြို့၊ ပြည်လမ်း၊ မာလာဆောင်ရှေ့ ယုဒဿန်ရိပ်သာတွင် ဘဘဦးဝင်းတင် အမှတ်တရ ဂုဏ်ပြု အ ခမ်းအနား ပြုလုပ်ထားရှိပြီး ယင်းယုဒဿန်တွင် သွားရောက်ကာ ဂုဏ်ပြုဂါရဝပြုနိုင်ရန် စီစဉ်ထားရှိသည်။
အချုပ်ဆိုရသော် သံမဏိလူသားကြီး၏ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခြင်း အခမ်းအနားအား ကမ္ဘာ့ နိုင်ငံအသီးသီးမှ စောင့်ကြည့်နေကြသည်။ ဒီမိုကရေစီလိုလားသော၊ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင် နေသော မြန်မာနိုင်ငံရှိ လူများသည် ဒီမိုကရေစီနှင့် တန်/မတန်ကို ကြည့်ရှုနေကြသည်။ ထို့ကြောင့် ထိုနေ့၊ ထိုအချိန်၊ ထိုနေရာတွင် ကျင်းပမည်ဖြစ်သော ဝမ်းနည်းဖွယ်ရာ၊ ဆုံးရှုံးမှုတစ်ရပ်ဖြစ်သော သံမဏိလူသား ကြီး၏ နောက်ဆုံးနှုတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ကြမည့် ပြည်သူလူထုများ၊ ကျောင်းသားလူ ငယ်များ၊ နိုင်ငံရေးအသင်းအဖွဲ့များအနေဖြင့် လူ့စည်းကမ်း၊ လူ့ယဉ်ကျေးမှု၊ လူ့ကျင့်ဝတ်များကို တစ်ဦးချင်း တစ်ယောက်ချင်း မိမိကိုယ်မိမိ စောင့်ထိန်းကြဖို့ အရေးကြီးဆုံးအချက်ပင် ဖြစ်တော့သည်။ အကယ်၍များ ထိုအခမ်းအနားတွင် လှုံ့ဆော်မှုများ၊ သွေးထိုးမှုများ၊ မြှောက်ပင့်မှုများ၊ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပါက လည်း အားလုံးစည်းလုံးညီညွတ်စွာ ဝိုင်းဝန်းငြိမ်သက်အောင် ထိန်းသိမ်းကြဖို့လည်း လိုအပ်လှသည်။
ဗြဟ္မစိုရ်တရားလေးပါး လွှမ်းခြုံထားသော သံမဏိလူသားကြီး၏ နောက်ဆုံးနှုတ်ဆက်ပွဲ အဖြစ်သာ မြင်တွေ့လိုလှပေတော့သည်။
ငြိမ်းချမ်း၊ ငြိမ်သက်၊ နွေးထွေးသော အကြင်နာတရား လွှမ်းခြုံထားသော သံမဏိလူသားကြီး၏ ဝမ်း နည်းဖွယ်ရာ ဈာပနအခမ်းအနားအဖြစ်သာ မြင်တွေ့လိုလှပေတော့သည်။
အေးချမ်း၊ တိတ်ဆိတ်ပြီး ဂရုဏာတရားများ လွှမ်းခြုံထားသော သံမဏိလူသားကြီး၏ အနိစ္စတရား ကို ဖော်ကျူးသော ဈာပနအခမ်းအနားအဖြစ်သာ မြင်တွေ့လိုလှပေတော့သည်။
စည်းကမ်းရှိသော ဒီမိုကရေစီလွှမ်းခြုံထားသော ပြည်သူလူထုအားလုံး ပို့ဆောင်ကြသည့် သံမဏိ လူသားကြီး၏ ဂြိုလ်ကမ္ဘာတစ်ခုသို့ ထွက်ခွာသွားသော အခမ်းအနားတစ်ခုအဖြစ်သာ မြင်တွေ့လိုလှပေ တော့သည်။
(ကျော်သူ)
Like · ·

ဦးဝင်းတင်ကွယ်လွန်ခြင်း အဝေးရောက် မြန်မာတွေရဲ့ အမြင်

ဦးဝင်းတင်ကွယ်လွန်ခြင်း အဝေးရောက် မြန်မာတွေရဲ့ အမြင်
*********************************************
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်သူလည်းဖြစ်၊ သတင်းစာဆရာကြီး ဦးဝင်းတင်ကွယ်လွန်သွားတာဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် ကြီးမားတဲ့ဆုံးရှုံးဖြစ်တယ်လို့ ပြည်တွင်းပြည်ပ မြန်မာ့ဒီမိုကရေစီရေးလိုလားသူတွေက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံရေးမှာ ဂုဏ်သိက္ခာရှိရှိနဲ့ရပ်တည်ခဲ့တဲ့ ဦးဝင်းတင်ရဲ့ ရပ်တည်ချက်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဦးညွတ်ဂုဏ်ပြုခဲ့သလို၊ အမေရိကန်သံရုံးကလည်း ၀မ်းနည်းကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံရေးမှာ ဆရာဦးဝင်းတင်ရဲ့ ရပ်တည်ချက်တွေ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေရဲ့ အမြင်တွေကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်သူ လက်ရှိသဘာပတိအဖွဲ့ဝင်၊ မြန်မာနိုင်ငံရဲ့ သက်တမ်းအကြာဆုံးနိုင်ငံရေးသမား စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည်နေတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ ဧပြီလ ၂၁ ရက်နေ့ မနက် ၆ နာရီခွဲက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။
အခုလို ဆရာဦးဝင်းတင် ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ - "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သိက္ခာ၊ နိုင်ငံရေးသိက္ခာ၊ နိုင်ငံရဲ့ သိက္ခာ၊ လူသားများသိက္ခာတို့ကို မြှင့်တင်ပေးတဲ့ ဆရာဦးဝင်းတင်ကို ဦးညွှတ်ဂါရ၀ပြုပါတယ်" ဆိုပြီး လက်ရေးမူနဲ့ ရေးပြီးတော့ ဆရာဦးဝင်းတင်ရဲ့ ဈာပနအခမ်းအနားအတွက် ၀မ်းနည်းခြင်းသ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရက်ခ် မစ်ချဲလ်ကလည်း ဆရာဦးဝင်းတင်ကွယ်လွန်သွားခဲ့တဲ့အပေါ်မှာ ၀မ်းနည်းကြောင်း ကြေငြာချက်ထုတ်ပြန်ထားပါတယ်။ အဲဒီကြေငြာချက်မှာတော့ "ကျနော်ရဲ့ မိတ်ဆွေ ဦးဝင်းတင် ကွယ်လွန်သွားတဲ့အတွက် အထူးပဲ ၀မ်းနည်းမိပါတယ်။ သတင်းစာအယ်ဒီတာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ပြီးတော့ ဆယ်စုနှစ် ၂ ခုလောက် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တဲ့ ဦးဝင်းတင်ဟာ ရှာမှရှားတဲ့ လူ့ဂုဏ်သိက္ခာနဲ့ သတ္တိပိုင်ရှင်တဦးဖြစ်သလို သူ့ရဲ့ ဘဝကိုလည်း ဒီမိုကရေစီအခြေခံ သဘောတရားတွေနဲ့အညီ နေထိုင်ခဲ့တဲ့သူ။ အထူးသဖြင့်၊ အရမ်းကိုခက်ခဲတဲ့အချိန်မှာတောင်မှ သတင်းလွတ်လပ်ခွင့်အခြေခံမူတွေအတွက် တစိုက်မတ်မတ်လုပ်ခဲ့တဲ့သူပါ။ ထောင်ကလွတ်လာပြီးတဲ့အချိန်မှာလည်း ၊ တရားမျှတမှုကို ဆက်လက်ဖော်ဆောင်တဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ထောက်ပံ့ဖို့အတွက် ဖောင်ဒေးရှင်းတည်ထောင်ခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံးမလွတ်မချင်း အကျဉ်းသားတွေ ဝတ်ဆင်တဲ့ အပြာရောင်အင်္ကျီကို ဆက်ပြီး ဝတ်နေခဲ့တယ်။ ဦးဝင်းတင်ကို အောင့်မေ့သတိရနေကြမှာဖြစ်သလို မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ကမ္ဘာတ၀ှမ်းက ဦးဝင်းတင်ကို ချစ်ခင်မြတ်နိုးတဲ့သူတွေအတွက် သူ့အနေနဲ့ အလွန်ကို ဝမ်းနည်းမိတယ်" လို့ ကြေညာချက်မှာ ဆိုထားပါတယ်။
၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို အပြင်းအထန်ဖိနှိပ်နေတဲ့ ကာလအတွင်း ပြည်ပရောက်ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ အဝေးရောက် မြန်မာနိုင်ငံညွန့်ပေါင်း အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းကလည်း "ဆရာဦးဝင်းတင်ဟာ အမှန်တရားအတွက် မကြောက်မရွံ့ဝေဖန်ပြောဆိုရဲပြီး ဒီမိုကရေစီအတွက် တစိုက်မတ်မတ် အရှုံးမပေးဘဲ လုပ်ဆောင်သွားခဲ့သူတစ်ယောက်ဖြစ်တယ်" လို့ ပြောလိုက်ပါတယ်။ အခုလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အပြည့်အဝ မဖော်ဆောင်နိုင်သေးခင် ဆုံးရှုံးလိုက်ရတဲ့အတွက် အထူးပဲ ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။
“သူ့ရဲ့သမိုင်းနဲ့ သူ့ရဲ့လုပ်ကိုင်မှုတွေက နိုင်ငံရေးအရလည်း အင်မတန်မှ ပြောင်မြောက်တယ်။ လူမှုရေးအရလည်း ပြောင်မြောက်တယ်။ သတ္တိလည်းရှိတယ်ပေါ့ဗျာ။ နောက်ဆုံးပိတ် မဆုတ်မတွန့်ဘဲနဲ့ ဆက်ပြီး ဒီအသက်အရွယ်အထိ ဆက်ပြီး လုပ်နေတာ။ ကျနော်တို့ ဆုံးရှုံးမှုပေါ့နော်။ အားလုံးဝမ်းနည်းတာပေါ့နော်။ အခုနပြောသလို အခုလို လမ်းခွပ်လတ်မှာ မရသေးဘူး။ ဗမာပြည်မှာ ဒီမိုကရေစီ မရှိသေးဘူး။ ဗမာပြည် ဒီမိုကရေစီ မရသေးဘူး။ ကျနော်တို့အားလုံး လိုချင်တဲ့ ပန်းတိုင် မရောက်သေးဘူး။ အဲဒီအချိန်မှာ ဒီလို လမ်းခွပ်လတ်ကနေ ဘဝပြောင်းသွားတဲ့အတွက် ကျနော်တို့အနေနဲ့ ဝမ်းနည်းတာပေါ့နော်။ မြင်စေ့ချင်တယ်ဗျာ။”
စစ်အာဏာရှင်စနစ်ကိုတော်လှန်တဲ့နေရာမှာ ဆရာဦးဝင်းတင်ဟာ ရပ်တည်ချက်ပြတ်သားသူ၊ စိတ်ဓါတ်ကြံ့ခိုင်သူ၊ မတရားမှုကို ဆန့်ကျင်တော်လှန်ပြီး စစ်အစိုးရကို ဘယ်တော့မှ ဒူးမထောက်သူစတာတွေအဖြစ်နဲ့ မြန်မာနိုင်ငံရေးမှာ လူအတော်များများကို သြဇာအရှိန်အ၀ါလွှမ်းမိုးနိုင်ခဲ့သူဖြစ်ပါတယ်။ ဆရာဦးဝင်းတင်ကို လေးစားခဲ့တာတွေ၊ သူ့အပေါ်သြဇာလွှမ်းမိုးမှုရှိခဲ့တာတွေ နဲ့ ပတ်သက်ပြီး မြန်မာ့အရေးကျွမ်းကျင်သူ ကိုမင်းဇင်က အခုလို ပြောပါတယ်။
“သူ့ကို ကျနော် ကြည်ညိုလေးစားတဲ့အချက်က ဘာလဲဆိုတော့ ကျင့်ဝတ်နဲ့ပတ်သက်လို့ရှိရင် အမှန်နဲ့အမှား ရှင်းလင်းတဲ့အမြင်ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ သတ္တိရှိတယ်ပေါ့။ ပြောရလို့ရှိရင် ကျင့်ဝတ်ဆိုင်ရာ သတ္တိပေါ့။ ဒီလိုမျိုး အမှောင်ခေတ်ထဲမှာ ကျင့်ဝတ်ဆိုင်ရာ သတ္တိကို မဆုတ်မနစ်ပေါ့နော်၊ ဒူးမထောက်ဘဲနဲ့ ရင်ကော့ပြီးတော့ နေနိုင်တဲ့ပုဂ္ဂိုလ်တစ်ယောက်အဖြစ်နဲ့ အင်မတန်မှ လေးစားပါတယ်။ သူ့ရဲ့ moral encourage ပေါ့။ နောက်တစ်ခုကတော့ အမြင်ရှင်းတဲ့ နိုင်ငံရေးမျက်လုံး၊ အမှန်အမှား၊ တရား-မတရား၊ ဘယ်သူက ဖိနှိပ်သူ၊ ဘယ်သူက အဖိနှိပ်ခံဆိုတဲ့ အမြင်ရှင်းတဲ့ နိုင်ငံရေးမျက်လုံးရှိတာကိုပေါ့။ အခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်ပြီးတော့ ဆုံးဖြတ်နိုင်အောင်တို့၊ ပြီးတော့ ရပ်တည်ချက် မပြတ်အောင်တို့ပေါ့နော်။ အဲလို နိုင်ငံရေးမျက်လုံးရှိအောင်လည်း သူက သွန်သင်တယ်လို့ ကျနော်ထင်ပါတယ်။”
ဒါ့အပြင် ဆရာဦးဝင်းတင်ဟာ လူငယ်တွေအပေါ်မှာလည်း လေးလေးစားစားဆက်ဆံတတ်ပြီး လူငယ်တွေရဲ့ အမြင်သဘောထားတွေကို အပြန်အလှန် ဆွေးနွေးပြီး ယုံကြည်တာဟာ သူ့ရဲ့ ထူးခြားတဲ့အရည်အသွေးတွေဖြစ်တယ်လို့လည်း ကိုမင်းဇင်က ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု နဲ့ လူမှုအဖွဲ့အစည်းအပေါ် အကျိုးပြုခဲ့တဲ့ ဆရာဦးဝင်းတင်ရဲ့ ထူးခြားတဲ့အရည်အသွေးတွေ နဲ့ ပတ်သက်ပြီး ကိုမင်းဇင် ပြောတာကတော့ -
“အထူးသဖြင့် အခုခေတ်ပေါ့။ စပ်ကူးမတ်ကူးကာလ၊ ညီအကို မသိတသိအချိန်လိုမျိုးဖြစ်နေတာပေါ့နော်။ ရန်မဟုတ်၊ မင်းမဟုတ်တွေလည်း ပေါတဲ့အချိန်မှာ ဆရာဦးဝင်းတင်ရဲ့ ထူးခြားတဲ့ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုမှုတစ်ခုကို ပြောပါဆိုလို့ရှိရင် ကျနော်မြင်တာကတော့ ဆရာဦးဝင်းတင်ဟာ ဒီလိုခေတ်ကြီးထဲမှာ မှန်မှန်ကန်ကန် ဒီလိုနေသွားလို့ ရတယ်ဆိုတဲ့ ကိုယ်ပြောသလို ကိုယ်ကျင့်တဲ့ပုဂ္ဂိုလ်မျိုးဆိုတာ ကျနော်တို့က ဆရာဦးဝင်းတင် သေတဲ့အထိ ဒါကို မြင်သွားရတာပေါ့။ ကျနော်တို့ နဂိုရ်ကလေးစားခဲ့ရတဲ့ ပုဂ္ဂိုလ်တွေ နိုင်ငံရေးထဲမှာ အများကြီးရှိပါတယ်။ အင်မတန်မှ လေးစားခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ နဂိုရ်က မလေးစားဘဲ --- ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ အခုလိုမျိုး ခေတ်ပြောင်း စနစ်ပြောင်း စပ်ကူးမတ်ကူး ကာလမှာ အသွင်ကူးပြောင်းရေးကာလ၊ ညီအကို မသိတသိအချိန်မှာ အကုန်လုံးက မျက်နှာဖုံးတွေ ကွာကျကုန်တယ်။ တချို့ တချိန်က လေးစားခဲ့ရတဲ့ ပုဂ္ဂိုလ်တွေလည်း တစက်မှ လေးစားစရာ မကောင်းတော့တာ တွေ့ရတယ်။ တချိန်က စက်ဆုတ်စရာကောင်းတဲ့ ပုဂ္ဂိုလ်တွေကလည်း မဆိုးပါဘူးဆိုပြီး နေလို့ရတာတွေ ရှိတယ်။ တချို့လည်း ပို စက်ဆုတ်ဖို့ ကောင်းတဲ့ဟာတွေလည်း ရှိတယ်။ ဒီကြားထဲမှာ ဆရာဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးက သူပြောသလို သူနေသွားတယ်ပေါ့ဗျာ။ ပုဂ္ဂိုလ်ရေးအရ မက်မောမှု ဘာမှ… ပုဂ္ဂိုလ်ရေးအရ အကျိုးစီးပွားတွေ ဘာမှ မငဲ့ဘဲ ပြောသလို နေပြသွားတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ ကြောင်သူတော်တွေ ထွန်းကားတဲ့ခေတ်မှာ မသူတော်တွေ ထွန်းကားတဲ့ခေတ်မှာ အပြောနဲ့အလုပ် ညီအောင် နေပြသွားတဲ့ တနည်းအားဖြင့် သူ့ရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံဟာ တော်တော်လေးကို တဖြောင့်တည်းကျအောင် နေသွားတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ဒါကတော့ ဒီနေ့ စပ်ကူးမတ်ကူးကာလ ညီအကို မသိတသိအချိန်မှာ အထွန်းပြောင်ဆုံး၊ အလင်းလက်ဆုံး၊ အတောက်ပဆုံး နမူနာ အကျိုးပြချက်လို့ ကျနော် ထင်ပါတယ်။”
ဆရာဦးဝင်းတင်ရဲ့ ဈာပန ဂုဏ်ပြုအခမ်းအနားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ် နဲ့ ပြည်လမ်းမှာရှိတဲ့ ယုဒဿန်ခမ်းမတွေမှာ ကျင်းပသွားမှာဖြစ်ပြီး ဈာပနအခမ်းအနားကိုတော့ ရေဝေးသုဿန်မှာ မနက်ဖြန် ဧပြီလ ၂၃ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာနေ့လည် ၁၂ နာရီကနေ ၅ နာရီအထိကျင်းပသွားမှာဖြစ်ပြီး အဲဒီနောက်မှာ ဂူသွင်းမြုပ်နှံသွားမှာဖြစ်ပါတယ်ခင်ဗျာ။

Credit : VOA