Saturday, 5 April 2014

ဝင်းကျော်(RIT ) က နှာစီးနေလို့ မသိလိုက်ဘူး တဲ့..............

နှာစီးနေတာလား ?
**************
ဟေ့
မြို့လဲခေါင်မှာ
အီးပေါက်သံကြား
တုတ်တွေဆွဲခဲ့
သွားရိုက်ကြမယ်

ဟေ့
ရွာအလယ်မှာ
ချောင်းဟန့်သံကြား
ဒါးတွေဆွဲခဲ့
သွားခုတ်ကြမယ်
ဟေ့
ဘုရားပေါ်မှာ
ခလုတ်တိုက်လို့
အမိတသံကြားလိုက်ရတယ်
လှံတွေဆွဲလို့
သွားထိုးကြမယ်
ဟေ့ ဟေ့
လက်ပန်းတောင်မှာ
သံဃာတော်တွေ
မီးလောင်ဗုးံနဲ့
အပစ်ခံရတယ်
???????????
ဟေ့ ဟေ့
ယင်းမာပင်မှာ
လယ်တောတွေသိမ်း
ဘူဒိုဇာနဲ့ထိုးနေကြတယ်
??????????????
ဟေ့ ဟေ့
သမီးလေးရွာ
အတင်းဖျက်လို့
ပြေးစရာမရှိ
ဖြစ်နေကြတယ်
????????????
ဟေ့ ဟေ့
နေပြည်တော်မှာ
ဘိုးကြီးကျောင်းတွေ
ဖျက်စီးနေပြီး
သံဃာတော်တွေ
တရားခံပြေးဖြစ်နေကြတယ်
????????????????????
ဟေ့ ဟေ့
လယ်တီသိမ်ကြီး
တရုပ်အကြိုက်
ဖျက်စီးပစ်တယ်
?????????????
ဟေ့ ဟေ့
မိချောင်းကန်က
သပိတ်စခန်း
စွမ်းအားရှင်တွေ
ဝင်ဖျက်နေတယ်
??????????????

ဟုတ်လား
နှာစီးနေလို့
မသိလိုက်ဘူး
                                                                                                  ဝင်းကျော်(RIT)

No comments:

Post a Comment