Monday, 16 March 2015

                                  ပါဝါ ၅၄...အမှတ်တရ (၉)

မှတ်မှတ်ရရ ပြန်ပြောရရင် ...
အန်တီအိမ်ခြံဝင်းအတွင်း ၂၄ နာရီ နေထိုင်ခွင်ရသူ ကများလှသည်တော့ မပာုတ်ပါဘူး...။
ကိုမော်ကြီး.၊ ကိုခင်မောင်ထွန်း.၊ကိုချစ်လွင်..၊ ကိုလှမျိုးသွင်..၊ကိုလှခင်..၊နဲ့  ကျနော်ပါပဲ...
အိမ်ထဲမှာ နေသူတွေတော့ မပါဘူးပေါ့ ။အိမ်ထဲမှာနေသူတွေက ပိာု အရင်ကတည်းက ရှိနေပြီးသားတွေပါ
ကျနော်တို့ နောက်တိုး ခြောက်ယောက်က သင်္ကြန်ပြီးကာမှ ၂၄ နာရီ နေဖို့ ဖြစ်လာတာ..။ 
ကိုမော်ကြီးက အန်တီ လုံခြုံရေးတာဝန်ခံ ဖြစ်သလို အန်တီရဲ့ ဒရိုင်ဘာလဲဖြစ်ပါတယ်..။ ကိုခင်မောင်ထွန်းကတော့ ကျနော်တို့ လုံခြုံရေးလူငယ်တွေစီးတဲ့ ဆန်နီ အမိုးဖွင့် ဓ/၃၀၀၆ ကို တာဝန်ယူထားရပြီး ကိုလှခင်နဲ့  ကိုလှမျိုးသွင်(ခ)အာရာဖတ် ကတော့ အချက်အပြုတ်တာဝန်ခံတွေပါ...။
အန်တီအတွက် နဲ့  အိမ်အတွင်းက အဖွဲ့ ဝင်တွေ လွှတ်တော် ကိုယ်စားလှယ်တွေအတွက်အစားအသောက် တာဝန်ယူထားရသူတွေ ကသပ်သပ်ပါ...။ ကျနော် ကတော့ သတ်သတ်မှတ်မှတ် တာဝန် ဆိုတာ မရှိပါဘူး
ခေါင်းစဉ် မရှိတဲ့ ကျနော်က ဂျိုကာ တကောင်တော့ ဖြစ်ခဲ့တာ အမှန်ပါပဲ..။ ကိုမော်ကြီး နဲ့  အတူ အပြင်သွားစရာရှိရင် ပါသွားတတ်သလို ကိုခင်မောင်ထွန်း နဲ့  လဲ ဘယ်သွားသွား လိုက်ရလေ ရှိပါတယ်.။
အန်တီ အပြင်သွားစရာရှိတဲ့ လမ်းကြောင်း အတော်များများမှာလဲ လုံခြုံရေး လိုက်ရတတ်သလို့ အိမ်ထဲ ကိုနီ...ကိုချိုတို့ ရဲ့ ယုံကြည်စွာ စေခိုင်းခံရသူလဲ ဖြစ်ခဲ့ပါတယ်.....။
အဲသည်အချိန်က စစ်ထောက်လှမ်းရေး တွေက အန်တီခြံဝင်းထဲ မှာကို (အန်တီလုံခြုံရေး အကြောင်းပြပြီး)
တပ်ဆွဲ ထားတာမို့  ကျနော် တို့ လုပ်သမျှ ၊ သွား သမျှ အားလုံး အတော်စိစစ် လှို့ ဝှက်နိုင်မှ တော်ကာကျ
ပါတယ် ။ စစ်ထောက်လှမ်းရေး က သတင်းကြိုရသွားပြီ ဆိုရင် နှောက်ယှက် ...ပာန့် တား ....ဖျက်စီး...
ခံရတတ်တာမို့  ကျနော်တို့ ဘယ်သွားမယ် ..ဘာလုပ်မယ် ဆိုတာကို လှိုဝှက် ရပါတော့တယ်..။ အန်တီ
သွားမယ့် ခရီးမှာ လမ်းကြောင်းလုံခြုံ ရေး အတွက် ဘယ်သူတွေ လိုက်ရမယ် ဆိုတဲ့ လူစာရင်း ကအစ အန်တီ မထွက်ခင် ငါးမိနစ် အလိုမှ သိခွင့်ရတာပါ...။ဒါပေမဲ့ အဲဒီလူစာရင်းက ကျနော်လက်ထဲ မှာ နာရီဝက်လောက်ကြိုရောက် နေလေရှိပါတယ် ....။ အန်တီ လမ်းကြောင်း လုံခြုံရေးအတွက် စီစစ်ရွေးချယ်
ရာမှာလဲ နောက်ဆံမတင်းရတဲ့ လူလွတ်တွေကို ဦးစားပေးရွေးပါတယ်..။ အကြောင်းက သွားရင်းလာရင်း
တစုံတခု ဖြစ်ခဲ့ရင် တနွယ်ငင်တစင်ပါ မဖြစ်စေချင်တာကြောင့်ပါ..။ အိမ်ထောင်ရှိ...သားသမီး ရှိသူတွေကို စစ်ထောက်လှမ်းရေး အညှိုးအတေး အဖြစ်မခံ ကြပါဘူး...။ဘာကြောင့်ဆို ကျနော် တို့ တတွေ ပာာ အချိန်မရွေး အဖမ်းခံ ရနိုင် ထောင်ကျသွားနိုင်တယ် မပာုတ်လား....။ 
ဒါပေမဲ့ များသော အားဖြင်လဲ အန်တီ လုံခြုံရေး လူငယ်တွေ ပာာ လူလွတ်တွေ များပါတယ်...။ စနေ..တနင်္ဂနွေ
အန်တီပောာပြောပွဲ ရှိတဲ့ရက်နဲ့ ခြံထဲမှာ ကျင်းပတဲ့ အခမ်းအနား ရက်တွေကလွဲ လို့  လူစုံ တက်စုံ သိပ် မရှိပါ
ဘူး..။များသောအာဖြင့် လေးငါးယောက်လောက်ပဲ လာခိုင်းပါတယ်...။ အန်တီ အပြင်ထွက်ရင် အိမ်းတွင်က
လူငယ် တချို နဲ့  ခြောက်ယောက် လောက်ပဲ လုံခြုံရေး လိုက်ကြတာပါ....။
လုံခြုံရေး လိုက်တယ် ...အန်တီ ဘော်ဒီဂတ် ဆို လို့ လဲ အထင်တော့ မကြီးကြပါနဲ့  ....ကျနော် တို့ မှာ အနောက်တိုင်းရုပ်ရှင်တွေ ထဲကလို မျက်မှန် အမည်းကြီးတွေ တပ်...သေနပ် ချိုင်းညှပ်ပြီး လုံခြုံရေးယူရတာ မပာုတ်သလို ....ဘ၀ရှင် မင်းတရားကြီးများ တိုင်ခန်းလှည်လည် သလို လည်စည်း အနီတွေ ပတ်...အူဇီ သေနပ်တွေ ကိုင် လို့  စတိုင်ကျကျ လဲ မပာုတ်ပါဘူး....။
ကျနော်တို့ တတွေမှာ အန်တီ အတွက် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ကာကွယ်ဖို့ အတွက် လူသက်သက်ပါပဲ...။
အန်တီကို ခဲနဲ့ ထုရင်သေနပ်နဲ့ ပစ်ရင် ရှေကနေ ကာကွယ်ဖို့  ကျနော် တို့ ရဲ့ ရင်ဘတ်တွေ....တုတ်နဲ့ ရိုက်ရင်
ထိုးခံဖို့ ကျနော်တို့ ရဲ့ ခေါင်းတွေသာလျှင်ရှိပါတယ်...။တန်ပြန်တိုက်ခိုက်ဖို့  ဆိုလို့ အပ်တို တချောင်းတောင်မှ
မပါပါဘူး....။
စနေ ၊ တနင်္ဂနွေ ဆိုရင်တော့ ကျနော်တို့  လုံခြုံ ရေးလူငယ်တွေ အပြင် NLD မြိုနယ် / တိုင်းကလူငယ်တွေ စုံ
စုံညီညီ ရှိပါတယ် ...။ မနက်လာ ညနေပြန် ကြတဲ့ လုံခြုံရေးလူငယ်တွေ တာဝန်ချိန် အ၀င် အထွက် တွေ မှာ
တော့ ကျနော်နဲ့  ကိုချစ်လွင် တယောက်ယောက်က ခြံရှေ့ လုံခြုံရေးကို တာဝန်ယူရပါတယ်...။ မနက် ၇း၀၀
နာရီကနေ ၉း၀၀ ထိတကြိမ် နဲ့  ညနေ ၅း၀၀ နောက်ပိုင်းတွေပေါ့...။ညနေ ၅း၀၀ နောက်ပိုင်း ဘဘဦးတင်ဦး
ဘဘဦးကြည်မောင်..ဘဘဦးအောင်ရွှေ တို့  အိမ်ပြန်တဲ့ အထိ ခြံရှေမှာ နေပေးရပြီး...ဘဘတို့ အိမ်ပြန်သွား
ပြီဆိုရင်တော့ လူဝင်ပေါက်ငယ် ကလွဲ လို့  ခြံတခါးမကြီး သော့ခတ်ပြီး ထောက်လှမ်းရေးတွေ အသိပေးပြီး
ကာမှ တာဝန်ပြီးဆုံးပါတယ်...။
တခါတလေ...အထူးဧည်သည်( နိုင်ငံခြားသံတမန် တဦးဦး)ဘယ်သူဘယ်ဝါဆိုတာကို စစ်ထောက်လှမ်းရေး
တွေ မသိစေလိုတဲ့ ဧည်သည်များ လာဖို့ ရှိပြီ ဆိုရင်တော့ ကျနော် တာဝန်ပေါ့....။ အိမ်ထဲက (တာဝန်ရှိသူ)
တယောက်က ကျနော် ကို ကားနံပါတ်..၊ အမျိုးအစား..၊ အချိန် ...ပြောပြီး ထိုင်စောင့်ခိုင်းပါတယ်...။အဲဒီသူလာပြီ...အဲဒီကားလာပြီ ဆိုရင် ခြံတခါးမကြီးကို တွန်းဖွင့်ပေးပြီး စစ်ထောက်
လှမ်းရေးတွေ မေးမြန်း စစ်ဆေး  ခြင်းမခံရလေအောင် စီစဉ်ပေးရပါတယ် ...။ အဲဒီဧည်သည်ရဲ့ ကားဝင်သွား
ပြီးပြီး ဆိုရင်တော့ ကျနော်နဲ့ စစ်ထောက်လှမ်းရေးတွေ အနည်းနဲ့  အများ စကားများရတော့တာပါပဲ.....။
သူတို့ ကဘယ်သူဘယ်ဝါ ဘာအတွက် ဆိုတာကို သိချင်တယ် မိုလား....။ ဘာကြောင့်တခါးဖွင်ပေးရတာလဲ...
ဘာကြောင့် မှတ်ပုံတင်စာအုပ်မှာ မဖြည်ခိုင်ပဲ ၀င်ခွင့်ပေးရတာလဲ....စသည်ဖြင့် ရစ်တော့တာပေါ့....။
ကျနော် ကလည်း မသိကြောင်း...အန်တီက ဒီကားနံပါတ် လာရင်တခါးဖွင်ပေးရမယ် ပြောလို့ ဖွင်ပေးလိုက်
တာဖြစ်ကြောင်း ....သိချင်ရင် အန်တီကို တိုက်ရိုက်သွားမေးနိုင်ကြောင်း....။ အိမ်ရှင် အန်တီ ခိုင်းတာ မပာုတ်ပဲ ကိုယ်သဘောနဲ့ ကိုယ်လုပ်တာ မပာုတ်ကြောင်း.....စသည်ဖြင်.....စသည်ဖြင့်.....ပြောရတော့တာ
ပါပဲ...။အဲဒီလို နှစ်ကြိမ်သုံးကြိမ်လောက်ဖြစ်ပြီးသွားပြီးနောက်ပိုင်း ကျနော် လာထိုင်နေတယ် ...၊ကျနော် တခါးဖွင့်ပေးလိုက်တယ် ဆိုရင် ဘာမှ မပြောတော့ပါဘူး ....ဒါပေမဲ့ သူတို့ တတွေ ရဲ့ အညှိုးအတေး ကိုတော့
ကျနော် အဖမ်းခံရပြီး စစ်ကြောရေးရောက်မှ ကောင်းကောင်းကြီးသိလိုက်ရပါတယ်...။
(ထိုအကြောင်းအရာများကို လူရှင်ငရဲ ...ဆောင်းပါးစာစုတွင် ရေပါမည်...)
တကယ်တော့ ကျနော် က အန်တီ အနီးမှာ နေပြီး ဘာတာဝန်ရယ် လို့  ခေါင်းစဉ် သီးသန်မရှိပေမဲ့ တနေတာ
ကျနော်ရဲ့  အလုပ်တွေ က နည်းလှတာတော့ မပာုတ်ပါဘူး....။
မနက်လင်းတာနဲ့  ခြံတခါးဝထွက် နေ့ လုံခြုံရေးတွေ မလာခင် အထိ တာဝန်ယူ...။ နေ့ သမားတွေ လာပြီဆို
ရင် တာဝန်လွှဲပေးပြီး ကိုခင်မောင်ထွန်း..ကိုမြင့်စိုး(ဖိုးလေး) တို့ နဲ့  အတူ လှည်းတန်းဈေးမှာ ဈေးဝယ်ထွက်.....
ဈေးဝယ်ပြန်လာပြီး ကာမှ လမ်းထိပ်က လဘက်ရည်ဆိုင်ပြေးထိုင်....(လူငယ်ဆိုတော့လည်း လဖက်ရည်ဆိုင်
လေးကလည်းထိုင်ချင်သေးတာကို )မှတ်မှတ်ရရ အဲဒီတုန်းက ကျနော် အသက်၂၂..၂၃ ရယ်...။
အခု အမေရိကန်မှာ ရှိတဲ့ ဖိုးခွားက ကျနော်ထက် ၃ နှစ်လောက်ငယ်မယ်ထင်ရဲ့  ...။ခြံထဲမှာ ကျနော် တို့ နှစ်ယောက် က အငယ်ဆုံးတွေပေါ့....။
ဈေးဝယ်ထွက်တိုင်း အန်တီ အတွက် ပန်းတွေ ၀ယ်နေကျ....သတိထားမိတာတခုက အန်တီက နှင်းဆီ...
စံပါယ် ....ခရေ....ပိတောက် စတာတွေ ကို အတော် ကြိုက်ရှာတယ်....။ နောက်တော့ အန်တီခြံနောက်မှာ
ပန်းခြံလေး တခြံ ဖြစ်ဖို့  အန်တီ ဒေါ်ခင်ဝင်း ကိုချစ်လွင် နဲ့  ကျနော်တို့  ကြိုးစားခဲ့ ကြတယ် ....မန်း ကပိုတဲ့
နှင်းဆီ နက် ပင်တွေ စံပါယ်ပင်တွေ....နဲ့  ပိတောက်ကိုင်း ချိုးပြီး အန်တီခြံထဲ မှာ လေးပင်တောင် စိုက်ခဲ့သေး
တယ်....။ ခုတော့ရှင်လား မရှင်လား မသိတော့ပါဘူး.....မင်းလှလွှတ်တာ် ကိုယ်စားလှယ်အဘ ဦးသာဗန်း (ကျနော် အမှတ်မှားဘူးဆိုရင်ပေါ့) က ဗူးပင်တွေ စားပင်တွေ စိုက်လိုက်သေး......။
လဖက်ရည်ဆိုင်က ပြန်လာပြီးရင် အန်တီ နဲ့ လိုက်စရာရှိရင် လိုက်...လိုက်စရာ သွားစရာ မရှိရင်....ပိာုလုပ်ဒီ
လုပ်ပေါ့....အန်တီခြံ ကြီးက ကျယ်ဝန်းလှတော့ လုပ်စရာ အလုပ်က တမျိုးမပာုတ် တမျိုး ရှိနေတတ်တာပါပဲ...။
အဲဒီမှာ ကြာဖြတ်ပြောချင်တာလေးတခုက ကျနော်တို့ လူငယ်တွေ အတွက် ရည်ရွယ်ပြီး ကိုမော် ကနေ စာဖတ်ဝိုင်းလေး တခု လုပ်ခိုင်တာပါပဲ ရက်တော့ တိတိကျကျ မမှတ်မိတော့ပါဘူး....စနေ တနင်္ဂနွေ မပာုတ်တဲ့ ကြားရက် တရက်မှာ ကျနော် တို့ ခြံထဲက လူငယ်တွေ စာဖတ်ကြတယ်....စာအုပ် တအုပ်ပေါ်မူ
တည်ပြီး ဆွေးနွေးကြ သုံးသပ်ကြ နဲ့ ပေါ့.....။
တရက် ခြံနောက်က အမှိုက်ပုံကြီးကို ရှင်းဖို့  လူအင်အားလိုတာနဲ့  တိုင်းဆက်သွယ်ရေးလူငယ်တွေ ကို အကူ
အညီတောင်း ရပါတယ်...။ အဲဒီနေက ကျနော်တို့ စာဖတ်ဝိုင်းရှိတဲ့ နေပေါ့....။တိုင်းဆက်သွယ်ရေး လူငယ်
တွေဖြစ်တဲ့ ကိုမြင့်ဌေး...မပို...ကိုဌေးဝင်း စတဲ့ လူအင်းအား ၂၀ နီးပါးနဲ့ အန်တီ အိမ်နောက် ဒါန်းစင်လေး
နောက်က အမှိုက်ပုံ ကြီးကိုရှင်းလင်းပြီးထမင်းစားနေခိုက် အန်တီရောက်လာပါတယ်..။လုပ်အားပေး လာတဲ့ လူငယ်တွေကို စကားစမည်း လာပြောတာပေါ့...။အဲဒီမှာ ကျနော်တို့ စာဖတ်ဝိုင်း အတွက် ရေးထားတဲ့ ၀ှိုက်ဘုတ်ပေါ်က အစီအစဉ်တွေ ကိုတွေ့ သွားပြီး မေးပါတယ်...။ ဘယ်တုန်းက စလုပ်တာလဲ ဘယ်စာ အုပ်တွေ ဖတ်ပြီးပြီလဲ...စသည်ဖြင့်မေးပြီး အန်တီစာအုပ်စဉ်မှာ ရှိတဲ့ စာအုပ်တွေ လဲ လာယူဖတ်နိုင်ကြောင်း
ဒီနေ့ လုပ်မဲ့စာဖတ်ဝိုင်းကိုလဲ အိမ်ထဲမှာ လာလုပ်စေချင်ကြောင်း....။အန်တီလဲ အချိန်ရရင် လာနားထောင်မှာ
ဖြစ်ကြောင်း ပြောသွားပါတယ်....။ဒီလိုနဲ့  အိမ်နောက်ဖေး ကားဂိုဒေါင်နဲ့ တွဲလျှက် ဆားဗစ်တန်းလျှားလေး ထဲကအများဆုံးရှိလှ လူ(၁၀) ယောက်လောက်နဲ့ စခဲ့တဲ့ ၅၄ ခြံဝင်း စာဖတ်ဝိုင်း က အန်တီ အိမ်ထဲ ကိုရောက်လာပါတယ်...။ နောက်တော့ အပြင်က လူငယ်တွေ ကျောင်းသားတွေ ပါဝင်လာတဲ ခြံရှေ ခန်းမ ထဲက လူငယ်စာဖတ်ဝိုင်းကြီး ဖြစ်လာတော့တာပါပဲ......။

                                                                                        ခိုင်ကိုဦး
                                                                                        ၁၇ . ၃ . ၂၀၁၅ ။

No comments:

Post a Comment