Thursday, 26 March 2015

                                            ပါဝါ ၅၄ အမှတ်တရ (၁၁)

 အန်တီ ခြံ နဲ့ ပါတ်သက်ရင် အမှတ်ရ စရာတွေ ပြောစရာတွေ က တထောင်တည ပုံပြင်တွေလို ပြောစရာ
တွေ များစွာထဲက ထူးထူးကဲကဲ အမှတ်ရတာလေးတခု ပြောရပါဦးမယ်..။ စနေ တနင်္ဂနွေ လူထုတွေ့ ဆုံပွဲ
မှာပေါ့....။
အန်တီ ခြံရှေလာရောက်ကြတဲ့ ပြည်သူလူထု ကဘယ်လောက်စည်ကမ်းရှိတယ်...။ အန်တီ အပေါ် ဘယ်
လောက် ချစ်ခင် လေးစားကြတယ် ဆိုတာကိုပေါ့.....။
အစပိုင်း လူထု တွေဆုံပွဲ တွေ မှာ လာရောက်နားထောင်ကြတဲ့ လူထုတွေ များပြားလာတာနဲ့ အမျှ အဲဒီလူ
ထု အတွက် လိုအပ်တဲ့ ကွမ်းဆေး ဆေးလိပ်...မုန်ပဲသွားရည်စာ ရောင်းတဲ့ ခေါင်းရွက်ဗျက်ထိုး ဈေးသည်လေး
တွေပာာလည်း တနေတခြား များပြား လို့ လာပါတယ်...။ မြန်မာပြည်က ပွဲဈေးတန်းလေး တခု လိုပါပဲ....။
အထမ်းသည်မုန်ပာင်းခါး... အသုပ်စုံ...၀က်သားတုတ်ထိုး...ကွမ်းယာဆေးလိပ်...စုံလိုပါပဲ...။အဲသည်အထဲ
ရောင်းအကောင်းဆုံးနဲ့  တွက်ချေ အကိုက်ဆုံးဈေးသည်က သတင်းစာ ရောင်းတဲ့ သူတွေပါပဲ ..။လက်ပွေ
သတင်းစာ တထပ်ကြီး ပာာ တခဏ အတွင်းကုန်အောင် ရောင်းရပါတယ် ...။သတင်းစာ ရောင်းတယ် ဆိုလို့ ဖတ်ဖို့ မှတ်ဖို့ လိုတော့ မထင် လိုက်ကြပါနဲ့ သတင်းစာ တရွက် ကို ခင်းထိုင်ဖိုပဲဖြစ်ဖြစ် ကန်တော့ပုံ
ခေါက်ချိုးပြီး ခေါင်းစောင်းဖို့ ပဲဖြစ်ဖြစ် ၀ယ်ကြတာပါ....။ အမှတ်မမှားဘူး ဆိုရင် တရွက် ကို တစ်ကျပ်နဲ့ လား
....ရောင်းကြတာပါ....။ သတင်းစာ ရောင်းသူ လေးငါးဦး မှာ တဦးကို တစ်ရာငါးဆယ် နှစ်ရာဖိုးလောက်
ရောင်းရလေ့ ရှိတာကြောင့် တွေဆုံ ပောာပြောပွဲ ပြီးသွားရင် အန်တီခြံရှေ တ၀ှိုက်မှာ သတင်းစာတွေ ပြန့် 
ကျဲလို နေတော့တာပေါ့...။
တိုင်းဆက်သွယ်ရေးလူငယ် အများစုနဲ့  အန်အယ်ဒီ လူငယ်တွေပာာ တွေ့ ဆုံပောာပြောပွဲ ပြီးတာနဲ့  အ၀တ် အစားလေးတွေ လဲလို့  ပြန်သွားတတ်ကြပါတယ်(အဲသည်အချိန်က ပါတီ ၀တ်စုံဝတ်ရင်တောင်မှ ကြံဖွံ တွေ
နဲ့ စစ်ထောက်လှမ်းရေးတို့ က လိုက်လံ နှောက်ယှက်တတ်တာကြောင့် ပါတီဝတ်စုံ ကို အိတ်ထဲထည့် ယူလာပြီး အန်တီခြံ ရောက်မှ လဲဝတ်ရတာပါ)...။
ပောာပြောပွဲ ပြီးလို့  လူ အတော် ရှင်းပြီး ဆိုမှ ကျနော်တို့ ခြံတွင်းလူငယ် တွေနဲ့  မြိုနယ်ဘေးထွက်လူငယ်
(အမှန်တော့ သူတို့ အားလုံးပာာ မြိုနယ် လူငယ် အဖွဲ့ ဝင်တွေပါပဲ...မပာုတ်မခံခွန်တုန်ပြန်တတ်တဲ့ အကျင့်
တွေကြောင့် ဘေးထွက် နေကြတဲ့ လူငယ်တွေပါ)...။တွေ ပာာ အမှိုက်ခြင်းကြီးခြင်းငယ်တွေ နဲ့  တံမြက်စည်း
အတို အရှည်တွေ ဆွဲ လို့  သန်ရှင်းရေးလုပ်ကြရပါတယ်...။
နအဖ အာဏာရှင်တွေက နည်းမျိုးစုံသုံးကောက်ကျစ်တတ်တာမို့  ကြိုတင်ကာကွယ်ရတာပါ...။ စည်ပင်သာယာ အက်ဥပဒေ ဆိုတာကြီးနဲ့  အပါတ်စဉ်ပောာပြေပွဲ ကို ပာန်တားနှောက်ယှက် ခံရမှာ စိုးရိမ်
တဲ့ အတွက်ပါပဲ...။ ဒါကို အန်တီသိလို့  အန်တီစေခိုင်းလို့  ကျနော် တို့ တတွေ လုပ်ကြရတာ မပာုတ်ပါဘူး...။
ကိုယ် အသိစိတ်နဲ့ ကိုယ် အန်တီအတွက်...ဒီမိုကရေစီရေးအတွက် တဒေါင့်တနေရာကနေ တာဝန်ထမ်း
ဆောင်ကြတာပါ...။ တနည်းပြောရရင် ဒီမိုကရေစီရေးအတွက် အမှိုက်ကောက်ကြတယ်ပေါ့....ဗျာ....။
အပါတ်စဉ် ထွက်တဲ့ အမိုက်တွေ မှာ သတင်းစာ စတွေ အပြင် ကွမ်းတံတွေး ထုတ်ငယ်လေးတွေ နေကြာစေ့
အခွံ လေးတွေ စားကြွင်းစားကျန်တွေကို မရွံမရှာ ကိုင်တွယ် ကောက်ယူ သိမ်းစည်ရတာပေါ့...တချိုသောသူ
တွေ ကတော့ မသိကျိုးကြွံ ပြုနေနိုင်ပေမဲ့ အမှိုက်ကစ ပြီး မီးမလောင်နိုင်အောင် ကျနော်တို့ ကာကွယ်ခဲ့ကြရ
တာပါ...။ အမေ လူထုဒေါ်အမာ စကားယူသုံးရရင်နိုင်ငံရေး ထမင်းအိုးတမ်း ပာင်းအိုးတမ်း အလုပ် လုပ်တာကလည်း တန်ဖိုးရှိသော ပေးဆပ်နည်း တခု ပါပဲ....။ အဲသည့် သိမ်းစည်းလာတဲ့ အမှိုက်တွေကို
ခြံနောက်က ဒေါင့်တဒေါင်မှာ ကြွင်းကြီးတူး စုပုံ ပြီးမှ မီးရှို့ ရပါတယ် ....အဲဒီ အလုပ်ရဲ့  ကျွမ်းကျင်ပညာရှင်က
ကိုချစ်လွင်ပါ....။
တနေသောစနေ... အန်တီ ပောာပြောပွဲ အပြီး မှာ အန်တီ လုံခြုံရေးတာဝန်ခံ ကျနော်တို့ ရဲ ခေါင်းဆောင်
ကိုမော်ကြီးက အန်တီကို အိမ်ထဲ ပြန်မ၀င်ခင်မှာ ခဏနေပေးဖို့ တားပြီး ကျနော်တို့  အမှိုက်သိမ်း နေတာကို
မြင်အောင်ကြည့်စေပါတယ် ....။ခလေးတွေ အပါတ်စဉ် လုပ်နေကြရတာ နေပူတဲ့ ရက်တွေမှာ မသိသာပေ
မဲ့ မိုးရွာ တဲ့ ရက်တွေမှာ အခက်တွေကြရတယ်ပေါ့....အဲဒါ အန်တီ တခုခု စီစဉ်ပေးပါလား...ဆိုပြီး ကိုမော်က
ပြောပါတယ်....။အဲဒီလိုနဲ့  နောက်နေ့  ပောာပြောပွဲ အစမှာ စစချင်း...အန်တီက ..ဒီမိုကရေစီ ဆိုတာ စည်းကမ်း ကို အခြေပြုကြောင်းကနေ စလို့  ကိုယ်အမှိုက် ကိုယ် သိမ်းသွားဖို့  လူတိုင်းလူတိုင်ပာာ ကိုယ်တာ
ဝန်ကိုယ်ယူ ကြဖို့  ဒီကိုလာတဲ့လူထုကြီးပာာ(တနည်း) မြန်မာပြည်သူလူထု ပာာ စည်းကမ်းပြည်ဝတဲ့ ဒီမိုကရေစီနဲ့  ထိုက်တန်ကြောင်း သက်သေပြ နိုင်ဖို့ လိုကြောင်းပြောပြီး ..လမ်းထောင့် တိုင်းမှာ အမှိုက်ခြင်း  
တွေချထားကြောင်း ကိုယ်အမှီုက်တွေ ကိုယ်စနစ်တကျ စည်ကမ်းရှိရှိစွန်ပြစ်သွားကြဖို့ ပြောပါတယ်.....။
တကယ်ပါပဲ....
မြန်မာပြည်သူလူထု ကြီးပာာ(ပုံမှန်ဆို )လူထု သုံးထောင် နဲ့ ငါးထောင် ကြားရှိတဲ့ လူထုကြီးပာာ ဒီမိုကရေစီ
ကို ဘယ်လောက် တောင်းတ တပ်မက်နေကြသလဲ....၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဦးဆောင်မှု့  လမ်းညွှန်မှု့ အောက်မှာ တစည်းတလုံးထဲ ရှိနေကြသလဲ ....ဆိုတာကို သက်သေ ပြလိုက်တာပါပဲ
အဲ့ဒီနေကစပြီး ကျနော်တို့ တတွေ... အမှိုက်ခြင်းတွေ သိမ်းစည်း မီးရှို့  ရုံမှအပ...   
 တံမျက်စည်းတချက် မလှည်း ရတော့ သလို နေကြာစေခွံ တခွံတောင်မှ မကောက်ကြရတော့ပါဘူး.....



                                                                                                      ခိုင်ကိုဦး(ဆစ်ဒနီ)
                                                                                                      ၂၆.၃.၂၀၁၅ (ည ၁၀း၅၇)

No comments:

Post a Comment