ပါဝါ ၅၄ အမှတ်တရ (၁၀)
ကျနော် အန်တီ အနီးအနားနေခဲ့ ရတဲ့ ၉၅ ...၉၆ ကာလပာာ နိုင်ငံရေးနာဂစ်ဖြစ်တဲ့ အချိန်လောက်မဆိုးပေမဲ့
မုန်တိုင်းကတော့ ရှိနေတာပါပဲ...။ န.၀.တ အစိုးရပာာ အန်တီ ခြံရှေ့  စနေတနင်္ဂနွေ လူထုတွေဆုံပွဲ ကို နည်း
မျိုးစုံနဲ့ ပာန့်တားနှောက်ယှက်တာပါပဲ...ယခင်ရှိခဲ့တဲ့ ကားမှတ်တိုင်တွေ ကိုဖျက်ပြီး လူထု တက်ရောက်မှု့ နည်း
အောင် ဖန်တီးပါတယ်..။ တကသိုလ်ရိပ်သာလမ်းထိပ် ပြည်ဝ စားတော်ဆက်ရှေက မှတ်တိုင်တွေ ဖျက်ပြစ်
တယ် ..တဖက်မှာလည်း အင်းလျှားမြိုင်မှတ်တိုင် စစ်ပြန်စစ်မှု့ ထမ်းပောာင်းမှတ်တိုင်တွေ ဖျက်ပြစ်တာကြောင့်
လူထုက အန်တီခြံရှေ ရောက်လာဖို့ အတွက် လှည်းတန်း ကျောင်းရှေ့  မှတ်တိုင်...ဒါမှမပာုတ် ဗပာန်း ဦးချစ်
မောင်လမ်း...နောက် ဆီဒိုးနား ရှေ့ ကနေ မိနစ် ၂၀ ကျော် လမ်းလျှောက်လာကြရတယ်...။ ဒါပေမဲ့ သူတို့ ထင်
သလို ဖြစ်မလာပါဘူး...။ ခြံရှေလာတဲ့ လူထုပာာ တစတစ ပိုများလာတာကြောင့် တွေဆုံပွဲမှာ အန်တီ ပြောသ
မျှ ကောင်းကောင်းကြားနိုင်အောင် နဂို ရှိပြီးသား ဆောင်းဘောက်စ် ၄ လုံး အပြင် နောက်နှစ်လုံးထပ်တိုး ရပါ
သေးတယ် ။ ထပ်တိုးတဲ့ ဆောင်းဘောက်စ် ၂ လုံးပာာ ပုံမှန်မပာုတ်ပဲ ဆောင်းဘောက်စ် အုံထဲကို လော်စပီ
ကာ အတို့  နှစ်လုံးကိုထည်သွင်းအသုံးပြူရတာပါ. ....။ဆောင်းဘောက်စ်ထက် လော်စပီကာ က ပိုပြီး အသံ
ကျယ်ပေမဲ့ အသံချဲစက်ဥပဒေနဲ့  လာရောက်နှောက်ယှက်မှာ စိုးရိမ်တာကြောင့် လော်စပီကာ ကို ဆောင်း
ဘောက်စ် အုံထဲ ထည်ပြီး သုံးရတောတာပေါ့.....။
မြန်မာပြည်သူလူထုက အင်မတန်တာဝန်ကျေပါတယ်...။ ဘယ်လို အပာန့် အတားတွေ အနှောက်အယှက်
တွေရှိရှိ....မိုးရွာရွာ နေပူပူ..အချိန်မှန် လာရောက်စုဝေးကြပါတယ်....။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ
လို့ တက်တက်ကြွကြွ အော်သူတွေကို အကြောင်းရှာဖမ်း ထောင်ထဲထည့် ...၊ လမ်းမှာရန်စ ခြိမ်းခြောက် ပေမဲ့
လဲ ခြံရှေလာသူ ပြည်သူလူထု ကလျှော့မသွားပါဘူး....။ အဲဒီထဲ အထူးခြားဆုံးက (သာကေတ ကထင်ပါတယ်
)အသက် ၇၀ နီပါး အဖိုးအို အဖွားအို လင်မယားပါပဲ.....။ တခါတလေ ကျနော် တို့  မနိုးခင် အချိန်လောက်က
တည်းက ရောက်လာတတ်ကြပြီး ကျနော်တို့ အိပ်တဲ့ ဂိုဒေါင် တံခါးကိုခေါက် အန်တီ အတွက် စံပါယ်ပန်းကုံး
တွေ လာပေးပြီး အန်တီကို ပေးခိုင်းကြတာပါပဲ....။ အပါတ်စဉ်မြင်တွေ နေကျ မို့  ခြံရေ့ ထောက်လှမ်းရေးများ
က တခါးဖွင်ပေးဝင်ခွင်ပေးပါတယ်...။ပြီးတော့ အဖိုးတို့ လင်မယား ပာာ လာတိုင်းလာတိုင်း ဆာလာအိပ်
(ဆန်အိတ်ခွံ )အပောင်းလေးတွေကို ဖြတ် ဆက် ညှပ် ပြီး ဆယ်ပေပတ်လည် အခင်းတွေ ဖြစ်အောင် လုပ်
ယူလာတတ်ပါတယ်...။ ညနေ ၄း ၀၀ မှစမဲ့ ဆွေးနွေးပွဲ အတွက် နေလည် ၁၂း ၀၀ နာရီကျော် တာနဲ့  ယူလာတဲ့ အခင်းတွေ ကို ခြံရှေ့ နေရာ တွေမှာ ဖြန်ခင်းပြီး....နောက်မှ ရောက်လာတဲ့ သူတွေ အဆင်သင့်
ထိုင်ပြီး နားထောင် နိုင်ရန်ပါ....။အဲဒီ အဖိုးအဖွား အန်တီကို ချစ်တာ တော်ယုံ တန်ယုံ မပာုတ်ပါဘူး....အမြဲ
တမ်း သူတို့ အတွက် စားစရာ သောက်စရာ အပြင် သူတို နဲ့  အတူ ထိုင်နေကြ ခင်ရာမင်ရာတွေ အတွက်ပါ
စားစရာ သောက်စရာ အမြဲ ပါလေရှိပါတယ် ...။မနက်စာ ထမင်း ညနေစာ ထမင်း....လဖက်သုပ်...ရေနွေး
ဓါတ်ဗူး ကအစ ပါပဲ....။တခါ များ...အန်တီနဲ့ ကျနော်တို့ အပြင်က (မှတ်မှတ်ရရ ဆို နာရေး တခုက အပြန်)
ပြန်အလာ အဲဒီ အဖိုးအဖွား က ခြံရှေ့  ဗန်ဒါပင်အောက်မှာ ၀ိုင်ဖွဲ့ ပြီး လဖက်စား စကားစမည်း ပြောနေခိုက်
အန်တီက ကားပေါ်ကနေ ဖျတ်ကနဲဆင်းပြီး စကားပြောနေလိုက်တာ လုံခြုံရေး အကြောင်းပြလိုက်လာတဲ့
စစ်ထောက်လှမ်းရေးတွေတောင် သတိမထားလိုက်မိပါဘူး....။ ကျနော်တို့ က အန်တီ မလှမ်းမကမ်းမှာ ရပ်လို့
အန်တီက အဖိုးအဖွားတွေ နဲ့  လဖက်သုပ်စားရင်း စကားတွေ ပြောလို့ ....။အန်တီက အဖေကြီး နဲ့  အမေကြီး
လို့ ခေါ်ပါတယ်....။ အဲဒီ အဖေကြီးနဲ့  အမေကြီး ပာာ အခြားလူတွေ နဲ့  ယှဉ်မရတာတော့ အမှန်ပဲ ကျနော် နေ
ခဲ့ တဲ့ ကာလ တလျှောက် ပျက်ရက်မရှိပါပဲ....ကျနော်ထင်တယ် ၉၆ စက်တင်ဘာ ၂၇ နောက်ပိုင်း
လမ်းတွေပိတ်လိုက်ပြီး လူထုတွေဆုံပွဲ တွေ မရှိတော့တဲ့ တိုင်အောင် အန်တီသွားရာ အရပ်ကို ရောက်နေ လာနေကျ ဖြစ်နေမှာ မလွဲပါဘူး....(ကျနော်က ၉၆ ဒီဇင်ဘာမှာ အဖမ်းခံရတာဆိုတော့ အသေအချာ မသိတော့ပါဘူး.....။ခုတော့ အဖေကြီးတို့ ဇနီးမောင်နှံ သက်ရှိထင်ရှားတောင် ရှိပါဦးမလား .....
အဲဒီ ခြံရှေ့ လူထုတွေဆုံပွဲ ရက်မှာ မိုးများရွာပြီ ဆိုရင်တော့ ကျနော် ...ကိုလှခင် ...ကိုချစ်လွင် တို့  အလုပ် တခုပိုတိုးလို့ လာပါတယ် ...။အဲဒါက လူထု အတွက်ရော တွေဆုံပွဲ အတွက် လုံခြုံရေးတာဝန်ယူကြတဲ့ လူ
ငယ်တွေ အတွက်ပါ ရေနွေးပူပူ ကြို ရတဲ့ အလုပ်ပါ....။ကိုလှခင် နဲ ကိုလှမျိုးသွင် တို့ နှစ်ယောက်က ခြံထဲ
မီးဖို တဲ ထဲကနေ ရေနွေး အဆက်မပြတ်ကြို ကြရပြီး ကိုချစ်လွင်...ကျနော် ...နဲ့  ကိုမောင်မောင်စိုး...တခါတရံ
အခြားလူငယ်တွေ ကပါ ၀ိုင်းကူပြီး လူထုထဲက တချို (အကုန်မတတ်နိုင်ပေမဲ့ လက်လှမ်မှီသမျှ) ရယ် လုံခြုံရေးလူငယ်တွေရယ်ကို ရေနွေးကြမ်းပူပူ လိုက်လံဝေငှ ရပါတယ်....ရန်ကုန် စနေမိုးပာာ အငြိုးတကြီးရွာ
တတ်လေ့ရှိတယ်လေ.....။
ခုတော့ ရေနွေးတည်တဲ့ ကိုလှခင်ရော ကိုလှမျိုးသွင်ပါ မရှိကြတော့ပါဘူး....။ကိုလှမျိုးသွင်ကတော့ သူအိမ်မှာ
သူပြန်နေရင်း ပေါက်နေတဲ့ ခေါင်မိုးကိုဖာရာကနေ ပြုတ်ကျလို့  သေသွားရှာသလို ....ကိုလှခင်ကတော့
အင်းစိန်ထောင်အတွင်း စစ်ကြောရေး လုပ်စဉ် အဆောင်(၁) အခန်း (၄၇)က လေ၀င်ပေါက်သံတိုင်ကနေ
ပုဆိုး တထည်း အသုံးပြု ပြီး သူကိုယ်သူ သေကြောင်း ကြံစည်သွားပါတယ်....။....သူတို နှိပ်စက်တာတော့ မခံ
ဘူး ကိုယ်ကိုကိုယ် သတ်သေပြစ်လိုက်မယ်....လို မကြာခဏ ပြောဖူးတဲ့ အတိုင်း တကယ် လုပ်သွားတဲ့
အညတ သူရဲကောင်း တယောက်ပါပဲ.....
ကိုလှခင် ကောင်းရာ သုဂတိရောက်ပါစေ...ဗျာ.......။
ခိုင်ကိုဦး ...။
၂၇ . ၃ . ၂၀၁၅...။နံနက် ၆း ၅၁..။
No comments:
Post a Comment