Monday, 22 February 2016

................အိမ်...............

                                               
                                      ................အိမ်...............

အမိုးအကာ အခင်း နေစရာ နေရာ ကို အိမ်လို့ သတ်မှတ်ရင် လူသားတိုင်းမွေး ကတည်းက အိမ် ဆိုတာ
နေခဲ့ ကြတာပါပဲ...။ အကောင်းစား အိမ် ၊ အလယ်အလတ်တန်းစားအိမ် ၊ စုတ်စုတ်ပြတ်ပြတ်အိမ် ၊ အား
လုံးမှာ အမိုး အကာ အခင်းတော့ ပါကြတာပါပဲ....။ ကျနော်လည်း လူသားထဲက လူတယောက်မို့  အိမ်
ဆိုတာ တော့ ရှိခဲ့သည် ...နေခဲသည် ပေါ့.............။
ငယ်စဉ်ဘ၀ က အဖိုး အဖွားတွေ အိမ်...အဖေအမေ အိမ်...နောက်ပိုင်း အရွယ်ရောက် လူလားမြောက်ခဲ့
တော့ အိမ်မပာုတ်တဲ့ အမိုး အကာ အခင်းပါတဲ့ နေစရာ နေရာ တခုမှာ နှစ် အတော်ကြာနေခဲ့ပြီးတဲ့နောက်
ထိုင်းနိုင်ငံ နယ်စပ်ရောက်တော့ NLD(LA) ရုံးချုပ် ပာာ လည်း ကျနော်နေခဲ့တဲ့ အိမ်ပါပဲ.....။ ပိာုဖက် မိဘ
ဒီဖက်မိဘ နေစရာ နေရာ မပေးနိုင်တာက တကြောင်း ကိုယ်ကိုတိုင် ကိုယ်ခြေထောက်ပေါ် ကိုယ်မရပ်နိုင်
သေးတာက တကြောင်းကြောင့် အိမ်ထောင်ရက်သား ကျတယ် လို့  မဆိုနိုင်တဲ့ အိမ်ထောင် တခုကိုတည်
ထောင်ခဲ့ မိပြီး ထိုင်နိုင်ငံ နယ်စပ် ကိုရောက်ကာမှာ အိမ်ယာ ဆိုတာ အတည်တကျဖြစ်ခဲ့ ရတာပါ......။
ပထမဆုံး အိမ် ဆိုတာက သိပ်တော့ ကဗျာ မဆန်လှပါဘူး ...မဲဆောက်မြို့  ၀ပ်တုန်ချိမ်း အနီးအနားက
ပြည်ချစ်ကျောင်းလို့ ခေါ်တဲ့ မြန်မာ စာသင်ကျောင်း အနောက်ဖက်က အိမ် အမည်တပ်မရတဲ့ စပါးကျီ
လေးကို ပြုပြင်ပြီး ထိုင်းတွေ ငှားစားတဲ့ တဲသာသာ မှာ ဘ၀ကို တကယ်စတင်ခဲ့ ကြတယ်....။ အမေရိကန်
ရောက် သူငယ်ချင်းရဲဘော်တွေ ဖြစ်တဲ့ ဖိုးခွား နဲ့  ဇော်မိုးနိုင် တို့ ရဲ့ အဓိက ထောက်ပံ မှု့ ကြောင့် ရပ်တည်
နိုင်ခဲ့ တာပါ...(အဲဒီကျေးဇူးတွေ ကို ခုထိ မမေ့နိုင်သေးတာ အမှန်ပါပဲ)...။ တချိုက အထင်ကြီး ကြတယ်
အဖွဲ အစည်း ကြီး တခုရဲ့  အဓိက တာဝန်ရှိသူ တယောက်ရဲ့  ဆွေမျိုးနီးစပ် ဆိုတဲ့ အချက် ကြောင့်ပါ....။
တကယ်တော့ အထင်ကြီးခဲ့ ကြသလို အဲသည့်  တယောက်သော သူ ရဲ့ အထောက့်အပံ ဆိုတာ မှတ်မှတ်ရ
ရ ပြောရရင် ထိုင်ဘတ်ငွေ (၁၁၀၀) ပဲ ခံစားခဲ့ ဖူးပါတယ်...။ပထမ ရဖူးတဲ့ ငွေ တရာက မြန်မာပြည်က ထွက်ပြေး ပြီးရောက်ရောက်ချင်း ပေးတဲ့ မုန်ဖိုးပါ....။နောက် (၁၀၀၀) ကတော့ နို့ ဖိုး စခန်းမှာ သားကြီး
ကို မီးဖွားပြီး (ယခု မဲဘုန်းမြို့ နေ) ကိုသက်စိုးလွင် မရမက တောင်းလာပေးတဲ့ ငွေပါ....။ ထားတော့......
အဲသည့် စာပါးကျီ သာသာ အိမ်လေး မှာ ချစ်စ ခင်စ ကြင်နာစ ဖြစ်တဲ့ ကျနော်တို့  နှစ်ယောက် အတွက်
တော့ အနေစုတ် ပေမဲ့ အေးချမ်းသာယာခဲ့ ပါတယ်....။ နောက်တော့ မဲဆောက် မှာ နေဖူးသူတိုင်းသိပါ
တယ် ....မြွေ အလွန်ပေါတဲ့ မြို့ မှာ အိပ်စရာ ကတနေရာ ရေချိုး တာက တနေရာ အိမ်သာ က တနေရာ
ဖြစ်နေတဲ့ စပါးကျီ အိမ်လေးကို မြွေ ကြောက်တာနဲ့  စွန့် ခွာခဲ့ ကြပြီး NLD(LA) လူငယ်ရုံး ရှေက တိုက်
တာလျှားလေး မှာ လူလူသူသူ နေခဲ့ ကြပြန်တယ်...။ ထောက်ပံပေးနေတဲ့ သူငယ်ချင်းတွေ ကိုဝန်ထုတ်
ဝန်ပိုးမဖြစ်စေချင်တာရယ် ...အတတ်နိုင်ဆုံး ငွေချွေတာ နိုင်ရေး အတွက်ရည်ရွယ်ပြီး ကိုယ်တွေလို နိုင်
ငံစွန့် ခွာလာတဲ့ ရဲဘော် တချိုနဲ့ ပေါင်းပြီး အိမ်တခန်း ငှားနေခဲ့ ကြတယ်......။အဲဒီက မှတဆင့် နို့ ဖိုးကမ့်
(NOE PHO REFUGEE CAMP)ကို ပြောင်းရွှေ ခဲ့ကြပြီးနောက်  သားကြီးကို ကိုယ်ဝန်ဆောင်ထားတဲ့ ကျ
နော်တို့  နှစ်ယောက်အတွက် နေစရာ အိမ် တအိမ် တော့ ရခဲ့ ကြပါတယ်...။ ဓနိမိုး ထရံကာ အိမ် လေး
မှာ နေခဲ့ ရတဲ့ ဘ၀ ကတော့ နေသာ တလှည် မိုးရွာ တလှည်ပါပဲ....။ မဲဆောက်မြို့ ကနေ (၅)နာရီထက်မ
နည်း ကားစီးရတဲ့ အကွာ အဝေးမှာ ထောက်ပံပေးနေတဲ့ သူငယ်ချင်းတွေ ကို ဆက်သွယ်ရခက်ခဲတာတွေ
ကြောင့် စခန်းက ပေးတဲ့ စားစရာ ဆန် ...ငပိ နဲ့ လွေးခဲ့ရတာလဲရှိခဲ့သလို့  သူငယ်ချင်းတွေ ငွေပို့ ပေးတာ
လေးရောက်လာခဲ့လို့ အူစို ခဲတဲ့ ရက်တွေလဲ ရှိပါတယ်...။အဲဒီ နို့ ဖိုးထဲက အိမ်လေး အကြောင်း ပြန်စဉ်စား
ရင် မဖြစ်မနေ ကျေးဇူးတင် ထိုက်သူက ကိုဝင်နိုင် နဲ့  မမဲလုံးတို့ သားအမိတွေ ပါပဲ....။ နေစေ့လစေ့ တော့
မဲ့ ချစ်ဇနီး က အိမ်နောက်ဖေး ရေကပြင်မှာ စခန်းက ပေးတဲ့ ငပိ မဖြစ်သေးတဲ့ ငပိ ကို ငပိချက် တခွက်
ဖြစ်အောင်စီမံ နေခိုက် မမဲလုံး ရောက်လာပြီး အခြေအနေကို အကဲခတ်ရိပ်မိ မေးပါတယ်..(-----------
မြေးဖြစ်တော့ အထောက်အပံကောင်းတွေ ရမယ်ထင်တာ)တဲ့....။ အဲဒီအချိန်မှာ နို့ဖိုး အိမ် လေးထဲ က
ကျနော်တို့ နှစ်ယောက် အခက်အခဲကို သိ နာလည်း ပြီးအကူအညီတွေ ပေးတာ သူတို့ မိသားစုပါ....။
စခန်းကနေ အမေရီကန် နိုင်ငံကို အစောဆုံးထွက်သွားပြီး အမေရိကား ရောက်လို့ ထောက်ပံကြေးငွေလေး
ရလျှင်ရချင်း ကျနော်တို့  နှစ်ယောက် ကို လှမ်းပို့ ထောက်ပံ့ တာ ကိုဝင်းနိုင် နဲ့ မမဲလုံး တို့ ပါပဲ....။
ပြည်စုံ ပေါများနေချိန်မှာ ကြွေးတဲ့ ထမင်းတနပ် နဲ့  ငတ် နေချိန်မှာ ကြွေးတဲ့ ထမင်းတနပ်.....တန်ဖိုးချင်း
မတူပါဘူး..........။တကယ်ကို ကျေးဇူးကြီးမားခဲ့ကြတဲ့ မိသားစု လေးပါ.....။
ဒီလိုနဲ့  သြစတြေးလျှနိုင်ငံ ဆစ်ဒနီ မြိုကို ရောက်လာခဲ့တော့ အစိုးရ နဲ့  အခွန်ထမ်းပြည်သူတွေ ရဲ့ ကျေးဇူး
ကြောင့် နေစရာ အိမ် အဆင်သင့်....စားစရာ အဆင်သင့် ဖြစ်ခဲ့ ကြရပါတယ်...Auburn ,အရပ်က Darkbrook  လမ်းလေးမှာ မြန်မာ လူမျိုးပိုင် တဲ့ အိပ်ခန်းနှစ်ခန်း ပါတဲ့ တိုက်ခန်း မှာ စတင် အခြေ ချခဲ့ ကြ
တယ်..။လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်က အဲဒီ နေရက်တွေ ကိုပြန်တွေးကြည့်ရင် အတော်ကို အေးချမ်းခဲ့ကြတာ
ပါ....။ကျေးလက် တခုကနေ ရွှေမြိုတော်ကြီး ရောက်လာသူတွေ လိုပါပဲ...အရာရာတိုင်းပာာ အထူးအဆန်း
တွေ ပါပဲ...ရောက်ပြီး နှစ်ရက် အကြာမှာ စားစရာ ဈေးဝယ်ဖို့  မနက် (၇)နာရီလောက် Auburn ဈေးကြီး
ကိုထွက်သွားမိကြတယ်..။ကိုယ်တွေ နိုင်ငံမှာဆို မနက်ဝေလီဝေလင်းမှာ ကတည်းက ဆိုင်ခန်းတွေ ဈေး
သည်တွေ ပာာ သက်ဝင်လှုတ်ရှားနေကြပြီ ဆိုတော့ ကိုယ်နိုင်ငံလိုပဲ အထင်နဲ့ ပေါ့လေ.....။Auburn ရှော့ပင်တံခါးကြီးက ပိတ်လျှက်မို့  ရထားဘူတာရှေ့  ငါးလသား အရွယ်သားကြီးကိုပွေလို့  ငုတ်တုတ်
ထိုင်စောင့် ခဲ့ရတဲ့ အထိပါပဲ.....။ ဘာမှမသိသေးတဲ့ ဘ၀ ပာာ ဖြူစင်အေးချမ်းတာ အမှန်ပါပဲ....။ အပေါင်း
အသင်းမရှိ...မိတ်ဆွေ မရှိ...ရန်သူမရှိ...ချစ်သူမရှိ...မုန်းသူမရှိ....ပူပင်သောက မရှိ.......။
နောက်တော့ ခင်ခဲ့ရင်းနှီးခဲ့တဲ့ အကိုတယောက်အိမ် ကိုပြောင်းရွှေခဲ့ကြတယ်...အဲဒီအချိန်မှာ ဒုတိယ သမီး
ကိုမွေးဖွားပြီးပါပြီ....။အဲဒီအကိုရဲ့ လမ်းညွှန် အကြံပေးချက်နဲ့  အဲဒီ အကိုရဲ့ အိမ်မှာပဲ မြန်မာ ထမင်းပာင်း
နဲ့  စားသောက်စရာလေးတွေ ရောင်းတဲ့ အိမ်ဆိုင်လေးတခု တည်ခဲ့ ကြတယ်...၊ အတော် အဆင်ပြေပါ
တယ် သောကြာ ညနေက စလို ပိတ်ရက် သုံးရက်ပဲဖွင့်တဲ့ ကျနော်တို့  အိမ်ဆိုင်လေးက တစ်ထောင်ကျော်
ဝင်ငွေ ရှိပါတယ်...။သို့ ပေမဲ့ လင်မယား နှစ်ယောက် ကလွဲ လို့ ကူညီသူ မရှိတဲ့ ကျနော်တို့  နှစ်ယောက်
အတွက် ငွေရတာနဲ့ မကာမိအောင် ပင်ပန်းကြတာက တကြောင်း...ကျနော် ကိုယ်တိုင်မှာက ဆီချိုသွေး
တိုး စတဲ့ ရောဂါတွေ အိပ်ရင်း အသက်ရှူ ရပ်တဲ့ရောဂါ Sleepapnoa ပါ ရလာတာက တကြောင်း ကြောင့်
အိမ်ဆိုင်လေးပိတ် လိုက် ရပါတော့တယ်.....။
အိမ်တွေ ...အိမ်တွေ တနေရာပြီးတနေရာ ရေကြည်ရာ မြက်နုရာ ဆိုတဲ့  အတိုင်း ရွှေကြပြောင်းကြ....
ဆစ်ဒနီ ရဲ့ လူမှု့  အသိုင်းအ၀န်းထဲ ကူးလာခတ်ရင်းအိမ်တွေပြောင်း...စိတ်တွေ ပြောင်း...အရောင်တွေ
ပြောင်းလာလိုက်တာ...လောကကြီးက သင်ပေးတဲ့ သင်ခန်းစာတွေ နဲ့  ဘ၀ ပာာ ရောက်စ ကလို မဖြူစင်
တော့တာတော့ အမှန်ပါပဲ...။ အပေးအယူ ....အလျှော်အစား....အသွားအပြန်မျှော်လင့်ချက်တွေ နဲ့ 
စိတ်ရောင်စုံ ဖြစ်ခဲ့ ကြရတယ်....။ အထူးသဖြင်တော့ ကျနော့် အိမ်က အိမ်ရှင်မ သယ်ယူလာခဲ့တာတွေ
ပါပဲ....။ကိုယ်ဇနီးမို့  ပြော တာတော့ မပာုတ်ပါဘူး...လူတိုင်းကို သူနဲ့ နှိုင်းပြီး ဆက်ဆံပေါင်းသင်း
တတ်ပြီး အင်မတန် မှပဲ ကူညီချင်တတ်တော့ အလွဲတွေ ပါလာတော့တာပါပဲ...။ အခန်သင့် လို့ သူမ ကူ
ညီတတ်တာလေးတွေ ပြောပါရစေဦး....။သူရှေ့  လာပြီးငိုပြရင် အိတ်ထဲ ငွေမရှိရင်တောင်မှ ရှိတဲ့ ခရက်ဒစ်
ကဒ်ထဲက ငွေကို ထုတ်ပေးတတ် တယ်...။ အိမ်မှာ ပူဇော်စရာ ဘုရားမရှိလို ဆိုတဲ့ သူကို သူမ  ပဲကြော်
ကြော်ရောင်းရင်းရတဲ့ငွေ နဲ့ ဝယ်ပြီးပူဇော်ထားတဲ့ အိမ်က ဘုရားကို ငှားဖူးတယ်....တစ်နှစ်လဲ ပြန်မပေး
နှစ်နှစ်နေလဲ ပြန်မပေးတာကြောင့် ရန်လုပ်ပြီးပြန်တောင်းရတဲ့ အထိပါပဲ...ဒီနိုင်ငံမှာ ဆွေမျိုးသားချင်းလဲ
မရှိ ညီအကိုမောင်နှမလဲ မရှိတာကြောင့် အကိုအမ အရွယ်ဆိုရင် ခင်တတ်လိုက်သလို သူအပေါ်ကျေးဇူး
ရှိခဲ့ ရင်လဲ ကူညီလိုက်ရတာ မပြီးနိုင်မစီးနိုင်ပါပဲ....။ ကလေးမွေးတာ လဲ သူပါလိုက်တာပဲ....ကိုယ်ဝန်ပျက်
ကျလို့ ဆေးရုံရောက်ရင်လဲသူပါလိုက်တာပါပဲ....ယုတ်ဆွ အဆုံး အကူအညီတောင်းလို့ ရမှန်းသိတော့
Parramatta ရှော့ပင်စင်တာမှာ ကလေးတွန်းလှည်း ခေါက်မသိမ်းတတ်လို့  လာကူပါဦး လို့ ပြောသူတောင်
ရှိသေးရဲ့  .....။အဲဒါကြောင့် ကျနော် ပြောဖူးတယ်....(နင်ပာာလေ....မမှားပါဘူး...နင်တခါလောက်ပဲမှား
တာပါ...အဲဒီတခါ ကလဲ အလီဘာဘာ တယောက်တည်း နဲ့ တင်မပာုတ်ဘူး ခိုးသားငါးရာပါ ပါတယ်)လို့ 
လေ....။ လက်ရှိ နေတဲ့ အိမ် မတိုင်ခင် ငှားနေခဲ့ ဖူးတဲ့အိမ် ဆိုမှာ လဲ ထိုနည်းအတိုင်းပါပဲ....။ မပြောင်းရင်
လည်းနေလို့ ဖြစ်နေတဲ့ အရပ်ကနေ မြန်မာပြည်က ကျောင်းလာတက်မဲ့ ညီမ လိုခင်နေသူတယောက် အကြောင်းပြု လို့ (ပိာုက ကျောင်တက်ဖြစ်သည် မဖြစ်သည် မသေချာသေးခင်မှာ) အိမ်ငှားပြီးနေပြီ...
မသေချာတဲ့ အခါမှာ အကိုလို ခင်သူတယောက်ကို အတူနေကြရန်ကမ်းလှမ်းပြီး နေခဲ့ ကြတယ်....။
အဲသည့် ခင်တဲ့ အကိုကို အကူအညီပေးရင် ငွေ (၄၀၀၀)နီးပါး အထုတ်လိုက် ကျပျောက်ခဲ့လေရဲ့  နောက်
ရက်မကြာခင်မှာ ကျနော်ဆေးရုံရောက်ပြီး ကံမကုန်လို အသက်ပြန်ရတယ်ပြောရမယ်...။အဲသည့် အိမ်မှာ
ပဲ ကိုယ်မောင်းတဲ့ ကား ကိုယ်မမှားပါပဲ အတိုက်ခံရတာ သုံးကြိမ်.....။ဒီကြာထဲ လင်မယားရန်ဖြစ်လို့  မိန်းမ
လုပ်သူကို တညလေး အိမ်မှာ အိပ်စေပါတယ် မတန်မရာ ယိုးစွတ်တာခံရသေး....။ ဘုရား ငှားပြီး ပြန်မပေး
တဲ့ အကို ကြောင့် နေစရာ အခက်အခဲ ဖြစ်နေတဲ့ စုံတွဲ တစ်တွဲ ခဏတာ နေခွင့် ပေးလိုက်ပါတယ်...ရလိုက်
တဲ့ နောက်ဆက်တွဲတွေက ငါးကိုထုတ်ပိုးမိတဲ့ ဖက်လိုပဲ ကာလ အတော်ကြာသည်ထိ ငါးညှီနံ ကမပျောက်
......။အိမ်လာလည်တဲ့ ခပ်ကြောင်ကြောင် ဆရာဝန်တယောက် အိမ်သားတွေ အလုပ်များနေချိန်မို့ သူကို
အရေးမလုပ်မိတာ အကြောင်းပြု လို အော်ပာစ်ဆဲဆို ရန်လုပ်တာ ကလဲ တမျိုး.....။
နောက်ဆုံးတော့ အိမ်ကျယ်ခြံကျယ် တာ အကြောင်းပြုပြီး ရောက်လာကြတဲ့ အကြောင်းအမျိုးမျိုးကို ရှောင်
ကွင်းလိုတာ နဲ့ ပဲအိပ်ခန်းနှစ်ခန်းသာပါတဲ့ လက်ရှိနေတဲ့ အိမ်ကျဉ်းကျဉ်းလေးကို ပြောင်းလိုက်တော့မှပါပဲ
ဧည်သည် အ၀င်အထွက်ကျဲပြီး ပြသနာ ကင်းရှင်းသွားပါတော့တယ်....။ခုတော့ ဘာလိုလိုနဲ့  ဒီအိမ်ကျဉ်း
ကျဉ်းလေးမှာ နေလာခဲ့ ကြတာ သုံးနှစ်ကျော်လို လေးနှစ်ထဲတောင်ရောက်နေပါပြီ.......။ အဓိက ကတော့
ယူသူရှိလို့  ပေးသူရှိလာတာ လိုပဲ ကိုယ်ကိုကိုယ် အပြစ်တင်ရင်း ယူသူ ကိုယ် မဖြစ်အောင် နေတော့လဲ
အေးချမ်းသွားတာပေါ့.....။
နေအိမ်တွေ ...တအိမ် ပြီး တအိမ် ပြောင်းရွှေရင်း သားသမီး ကလည်း လေးယောက်တောင်မှ ရှိလာပြီဆို
တော့ အရင်လို ပရပိာတ တွေနဲ့  ဘေးဘီ က အရာတွေ စိတ်မ၀င်စားအားနိုင် ........။ ဒါပေမဲ့ အခု
လဲ အိမ် ဆိုတဲ့ နေစရာအတွက် စဉ်းစားရပေဦးမယ်.။သားသမီးတွေက များလာ...အရွယ်လေးတွေ ကလဲရ
လာပြီ ဆိုတော့က အိပ်ခန်းနှစ်ခန်းနဲ့ အိမ်မှာ နေလို့ မဖြစ်တော့တာလဲ အမှန်ပါပဲ....။
သြစီ မှာ နေစရာ အိမ် အတည်တကျ ရှိစေချင်တာတော့ အမှန်ပါပဲ.....။ဒီလို ဆို ၀ယ်နေပါလား လို့  ပြော
စရာ ရှိလာမှာပါ...။အိမ်ဝယ်နေဖို့ ဆိုတာ အလုပ်ရှိပါမှ ရမှာပါ...အလုပ်မရှိရင် ဘဏ်တွေက ငွေမချေးပါဘူး
တကယ်တမ်းပြောရင် အိမ်းငှာ နေလို့  ပေးရငွေနဲ့  ၀ယ်နေလို့  ဘဏ်ကြွေးပြန်ဆပ်ရငွေ ပာာ အများကြီး
မကွာ လှပါဘူး ရပ်ကွက်စည်ပင်ကြေးဘာကြေးညာကြေး အပိုဆောင်းတွက်ရင် အိမ်ငှားနေတဲ့ ငွေထက်
ရာဂဏာန်လောက်သာပိုပေးရပါတယ်...။ အလုပ်ရှိသူတွေ အတွက်တော့ ဘဏ် တခုခုကနေ အိမ်ဝယ်ဖို့ 
ငွေချေးပြီး အကြွေး (၂၅)နှစ် လောက်ဆပ်လိုက်ရင် အိမ်ပိုင်ပါတယ်..။ အိမ်မပိုင် လို့  အစိုးရ က ပေးတဲ့ တန်ဖိုးနည်းအိမ်ယာ လျှောက်မလား ....ရပါတယ် အနည်းဆုံး (၁၀)နှစ်တော့ ကိုယ်အလှည်ရောက်ဖို့ 
စောင့်ရမတဲ့..........
 သက်ပြင်းတွေသာ အခါခါ ချရင်းရင်မောလို့ နေမိတော့ ကိုယ်ကိုကိုယ် သတိပေးမိတယ်.......။
နေစရာ အိမ် ....
.နေစရာ အိမ်............တွေ ရွှေရင်းပြောင်းရင်း နေထိုင်ရင်း..
.နောင်ဘ၀ တခုကို မကူခင်စပ်ကြား အိမ် ဆိုတာ လိုအပ်နေဦးမှာပါလား.....။
 နောင်ဘ၀ ကို ကူးခဲ့ပြီးလို ဘယ်ဘ၀ ကိုပဲ ရောက်ရောက် နေစရာ အိမ် ဆိုတာ လိုနေဦးမှာပါလား...။
ခန္ဓာ အိမ် ဆိုတာ ရှိနေသမျှ နေစရာ အိမ် ဆိုတာ လိုအပ်နေဦး မှာပါလား.....။
ခန္ဓာ အိမ် ဆိုတာ မရှိတော့ရင်တော့ နေစရာ အိမ် ဆိုတာ လိုအပ်တော့မယ်မထင်.......။
ဒါကြောင့် နောင် ခန္ဓာ မလာ သန္ဓေဇာတ်မရှိတောတဲ့ မဂ်....ဖိုလ်....နိဗ္ဗာန်ဆိုတာကိုပဲ တောင်းတလို့ 
ကြိုးစားရပေဦးမယ်......


                                                                              ခိုင်ကိုဦး(ဆစ်ဒနီ)
                                                                             (၂၂ . ၂ . ၂၀၁၆ )

Thursday, 18 February 2016

Valentine's Day ဗယ်လင်တိုင်းနေ့ ( ဒေါက်တာတင့်ဆွေ)

Valentine's Day ဗယ်လင်တိုင်းနေ့
ဗယ်လင်တိုင်းနေ့လို့ အလွယ်ခေါ်ကြတယ်။ အမှန်က Saint Valentine's Day စိန့် ဗယ်လင်တိုင်းနေ့ပါ။ နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄) ရက်လို့သတ်မှတ်ထားတယ်။ ခရစ်ယန်ဘာသာ အစောပိုင်းက Saint Valentinus စိန့် ဗယ်လင်တီးနပ်စ်က စခဲ့တာပါ။
ခုခေတ်မှာတော့ အချစ်ဆိုတာတခုတည်းလို့မှတ်ယူပြီး မြန်မာတွေကတော့ ချစ်သူများနေ့တဲ့။ Lover's Day ချစ်သူများနေ့ကို သုတေသနလုပ်ထားသူတယောက်က ရေးပါတယ်။ ရည်ညွှန်းထားတာတွေကတော့ မဆုံးနိုင်အောင် များပေမဲ့ မူလအစကို ဘယ်မှာမှရှာလို့မရဘူးတဲ့။ Horse Lover's Day မြင်းချစ်သူများနေ့၊ Cheese Lovers Day ဒိန်ခဲချစ်သူများနေ့၊ Pet Lover's Day အိမ်မွေးတိရစ္တာန်ချစ်သူများနေ့ စတာတွေတော့ရှိပါတယ်တဲ့။
ဖေဖေါ်ဝါရီ (၁၄) ရက်ကို သတ်မှတ်တဲ့ ဗယ်လင်တိုင်းနေ့သမိုင်းဟာ မယုံရင်ပုံပြင်မှတ် အစားထဲကပါ။ ဗယ်လင်တိုင်း ပုံပြင်တွေအားလုံးဟာ တီထွင်ထားတာတွေပါ။ အချစ်နဲ့ဆိုင်တာကတော့ ဒဏ္ဍာရီတွေသာဖြစ်တယ်။ မျက်မမြင်ကို ဆေးကုပေးတဲ့ပုံပြင်က ဆေးပညာနဲ့နီးစပ်လို့ ဘက်လိုက်ပြီးရွေးပါမယ်။
ခရစ်ယန်မှမဟုတ်ရင် လက်မထပ်ခွင့်မရှိဆိုတဲ့ ဘုရင့်အမိန့်အရ လူပျိုဖြစ်နေရတဲ့စစ်သားတွေကိုကူညီခဲ့တဲ့ ဇာတ်လိုက်ဟာ သေဒဏ်ကျခံနေတဲ့ အကျဉ်းသားတယောက်ပါ။ ထောင်ထဲမှာနေရင်း ထောင်အရာရှိ အက်စတားရီးယပ်စ်ရဲ့ သမီးကို ဆေးကုပေးရပါသတဲ့။ ဆေးကုပေးစဉ်မှာ အဲဒီမိန်းကလေးကို မေတ္ကာသက်ဝင် ချစ်ခင်လာပါတော့တယ်။ ဆေးချက်ကလဲမှန်၊ ယုံကြည်မှုကလဲ ပြင်းထန်တာမို့ မျက်မမြင်ကလေးမမှာ မျက်စိနှစ်ကွင်းအလင်းပြန်ရပြီး၊ Valentine ဆိုတဲ့စာကို ဖတ်နိုင်လာပါသတဲ့။ ဒါပေမဲ့ ဧကရာဇ် ဒုတိယ ကလောဒီးယပ်စ်ကနေ သေဒဏ်ပေးပါတယ်။ သူအသတ်မခံရခင်လေးမှာ Your Valentine မင်းရဲ့ဗယ်လင်တိုင်းဆိုတဲ့ နောက်ဆုံးနှုတ်ဆက်စကားလေး ရေးထားခဲ့ပါတယ်။ အချစ်မှာ မျက်စိမပါဘူးလို့ ပြောကြတာ ဒီကနေလာပုံရတယ်။
တကယ့်အဖြစ်အပျက်ကတော့ ခရစ်ယန်ဘာသာအစောပိုင်းကာလတွေမှာ ဘာသာရေး အာဇာနည်တွေကို အဲလို ဗယ်လင်တိုင်းဘွဲ့ ပေးခဲ့ပါတယ်။ St. Valentine စိန့် ဗယ်လင်တိုင်းဟာ ခရစ်ယန်ဘာသာအတွက် ခေါင်းဖြတ် သတ်တာခံရတယ်။ ဖေဖေါ်ဝါရီ (၁၄) ဆိုတာက အဲဒါကနေလာတာဖြစ်ပါတယ်။ Anglican Communion အင်ဂလီကန် နဲ့ Lutheran Church လူသာရင်ကျောင်းတွေကနေ ကျင်းပကြပါတယ်။ Eastern Orthodox Church အော်သိုဒေါက်စ် ကတော့ ဇူလိုင် ၆ နဲ့ ၃ဝ နေ့တွေမှာ ကျင်းပပါတယ်။
စိန့် ဗယ်လင်တိုင်းဟာ မြားနတ်မောင်ပုံလဲပါတဲ့ Amethyst ကျောက်လက်စွပ်ကို ဝတ်ဆင်ပါတယ်။ ဒါကြောင့် ဖေဖေါ်ဝါရီလရဲ့ ရတနာဟာ Amethyst ခရမ်းရောင်ကျောက်လို့ သတ်မှတ်ကြပါတယ်။ ဖေဖေါ်ဝါရီလဟာ နှလုံးရောဂါ အသိပညာပေးလလည်း ဖြစ်ပါသေးတယ်။ ကဒ်ပြားတွေ၊ ပန်းတွေ၊ ချောကလက်တွေ၊ လက်ဆောင်ပစ္စည်းတွေ ပို့ကြတဲ့ဓလေ့က ဗြိတိန်ကနေစတယ်။
နောက်ခံအကြောင်းကိုမသိပဲ ဖေဖေါ်ဝါရီ (၁၄) အတွက် အားခဲထားသူတွေသိဘို့က ဗယ်လင်တိုင်းဆိုတာ ချစ်တာလည်း ပါတယ်။ ဆေးကုတာလည်းပါတယ်။ ခရစ်ယန် ဘာသာရေးအာဇာနည်ဖြစ်တယ်။ ဘုရင့်အမိန့်နဲ့ သေဒဏ်ကျခံရတာလည်း ပါတယ်။ နောက်ဆုံးနှုတ်ဆက်စကားလည်းဖြစ်ပါတယ်ခင်ဗျား။
ဒေါက်တာတင့်ဆွေ

ခိုင်မာကျော်ဇော( ရေဆန်လမ်းမှာ အလွမ်းတွေဝေ)

ရေဆန်လမ်းမှာ အလွမ်းတွေဝေ
.............................................
အတီးမန်းရှာရေ … အတီးက အတီးရဲ့ ယုံကြည်ချက်တွေ၊ အတီးရဲ့
အချစ်တွေကို ကျမတို့ ကရင်အမျိုး သားထုအတွက်သာမက တိုင်းရင်းသားလူမျိုးပေါင်းစုံကိုပါ ဝေငှထားခဲ့ပြီး ဟောဒီကမ္ဘာကြီးထဲကနေ သူရဲ ကောင်းပီသစွာနဲ့ ထွက်ခွာသွားခဲ့ပေမယ့် ကျမတို့ကတော့ အတီးရဲ့
အကြောင်းကို သတိတရနဲ့ မမောနိုင်မပမ်း နိုင် ပြောကြရဦးမှာပါ။ အတီး
သွေးနဲ့ခင်းခဲ့တဲ့၊ အတီး ယုံကြည်မျှော်လင့်တဲ့ ခရီးဆုံးပန်းတိုင်ဆီကို ဆက်လက် ချီတက်ရဦးမှာပါ။

အတီးကျဆုံးခဲ့တဲ့ ညက ကော်သူးလေ ကောင်းကင်ယံမှာ ကြယ်ကြီးတလုံး လင်းလက်ခဲ့တယ် အတီးရေ။ အဲဒီကြယ်ကြီးကို မြစ်ဝကျွန်းပေါ်ဒေသ
ကပဲ ကြည့်ကြည့်၊ ပဲခူးရိုးမပေါ်ကပဲ ကြည့်ကြည့်၊ ဒေါနတောင်စဉ်
တောင်တန်းပေါ်က ကြည့်ကြည့်၊ သံလွင်၊ သောင်းရင်းနဲ့ ယွန်စလင်း
မြစ်ကမ်းနံဘေးကပဲ ကြည့်ကြည့်၊ ရွှန်းရွှန်းမြမြ လင်းလက်နေတာကို
တွေ့ရတယ်။ အဲဒီကြယ်ကြီးရဲ့ လင်းလက်မှုမှာ တည်ကြည်တဲ့ သစ္စာတ ရားတွေ၊ မြင့်မြတ်မှု၊ စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ ငြိမ်းချမ်းမှုတွေပါတယ်။
တကယ်တော့ အဲဒီကြယ်ကြီးဟာ ကျမတို့ အားလုံးကို ခွန်အားများစွာ
ပေးခဲ့တဲ့ ပဒိုမန်းရှာလားဖန်းဆိုတဲ့ ကြယ်ကြီးပါပဲ အတီးရယ်။
ပဒိုမန်းရှာလားဖန်းဆိုတဲ့ အတီးကို တော်လှန်ရေးခရီးတကွေ့မှာ စပြီးတွေ့ခဲ့ရပေမယ့်လို့ တော်လှန်ရေးအ ပေါ်ထားတဲ့ အတီးရဲ့
ယုံကြည်ချက်တွေနဲ့ အတီးရဲ့ သစ္စာတရားတွေကတော့ ကျမဘဝ
သက်ဆုံးတိုင်အောင် သတိတရ ရှိနေဦးတော့မှာပါ။ အတီးဟာ
ကျမဆုံဖူး တွေ့ဖူးတဲ့ ကရင်အမျိုးသား ခေါင်းဆောင်တွေထဲ မှာ ထူးခြားတဲ့ ခေါင်းဆောင်တဦးပါ။ ကျမအတွက်တော့ အတီးဟာ
ခေါင်းဆောင်တဦးဖြစ် ရုံမက ဖခင်ဆိုလည်း ဟုတ်၊ ဆရာသမားဆိုလည်း
ဟုတ်၊ ရဲဘော်ရဲဘက်လည်း ဟုတ်၊ ရေးဖော်ရေးဖက်ဆိုလည်း ဟုတ်ခဲ့တယ်။
တော်လှန်ရေးရဲ့ ဗဟိုဌာနချုပ်ကြီးတခုဖြစ်တဲ့ မာနယ်ပလော သောင်းရင်းမြစ် ကမ်းနံဘေးက ဥယျာဉ်ခြံတခု ထဲမှာ အတီးကို ကျမ စပြီးတွေ့ခဲ့ရတာပါ။ ကရင်ပုဆိုးအဟောင်း တထည်ကို ခပ်တိုတိုဝတ်ပြီး ဓားမကြီးတ ချောင်းနဲ့
ပေါင်းမြက်တွေ ရှင်းနေတဲ့ အတီးကို တွေ့လိုက်ရတုန်းက ကျမယုံတောင်
မယုံခဲ့ဘူး။ အဲဒီက တည်းက ငါတို့ခေါင်းဆောင်ကြီးဟာ ရိုးသားလိုက်တာ၊ နှိမ့်ချလိုက်တာ၊ တော်လှန်ရေးသမား ပီသလိုက်တာ
ဆို ပြီး ကျမ လေးစားဂုဏ်ယူခဲ့ရတာပါ။
အဲဒီနောက်တော့ မာနယ်ပလော သောင်းရင်းမြစ်ကမ်းနံဘေးက အတီးတို့ရဲ့
အိမ်လေးကို ကျမတို့ မကြာခဏ ရောက်ခဲ့တယ်။ အတီးနဲ့ မူဂါး စိုက်ပျိုးထားတဲ့ အသီးအနှံမျိုးစုံကို ကျမတို့ စားသုံးခဲ့တယ်။ အတီးတို့ရဲ့ တော်လှန်ရေး ဖြတ်သန်းမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ ကရင်တော်လှန်ရေး သမိုင်းအစ၊ အလှည့်အပြောင်း၊ အချိုးအကွေ့၊ အတက်အဆင်းတွေကို ကျမတို့ သင်အံလေ့လာခဲ့ရတယ်။ “တော်လှန်ရေးသမားကောင်း တွေဟာ အရာရာကို ပေးဆပ်ရဲကြတယ်။ စိတ်နေစိတ်ထား နှိမ့်ချတယ်၊ လိုအပ်ရင် သူတို့အသက်ကိုတောင် ပေးကြဖို့ ၀န်မလေးကြဘူး၊ ကရင်တော်လှန်ရေးထဲမှာ ဒီလိုပေးဆပ်သွားတဲ့
ခေါင်ေးဆာင်တွေ၊ ရဲဘော်တွေ အများကြီးရှိတယ်”လို့
အတီးပြောခဲ့တယ်နော်။
အတီးပြောခဲ့တဲ့ စကားအတိုင်းပဲ အတီးကိုယ်တိုင် ကျမတို့ကို လက်တွေ့လုပ်ဆောင် ပြသခဲ့တယ်နော်။ မယ်သရောထာ တိုင်းရင်းသား နှီးနှောဖလှယ်ပွဲကြီး ကျင်းပပြီးတဲ့နောက် ကေအဲန်ယူ
တပ်မဟာ(၆)ဒေသကို န၀တက အင်အားအလုံးအရင်းနဲ့ စစ်ဆင်တော့
ကေအဲန်ယူ အခြေခံဒေသက ပြည်သူတွေဟာ ထိုင်း-မြန်မာနယ်စပ်ကို
ကမ္ဘာပျက်သလို ထွက်ပြေးလာကြတယ်။ ကလေးသူငယ်တွေ၊ သားသည်မိခင်တွေ၊ မသန်မစွမ်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေဟာ ဘယ်သူ့ဘယ်သူမှ မကူနိုင်
မကယ်နိုင်ပဲ ပြေးလွှားနေရတဲ့ အချိန်မှာ ပလိုင်းရှည်ကြီးတလုံးကို ကျောမှာပိုး၊
နို့စို့ကလေးတဦးကို ရင်ဘတ်မှာ လွယ်ပြီး ကျန်ကလေးငယ် (၂)ယောက်ကို ဘယ်ညာဆွဲကာ လူတန်းကြီးနောက် အမီလိုက်နေတဲ့ သားသည်မိခင်တဦး
အနားကို အတီး အပြေးရောက်သွားခဲ့တယ်။ အတီးက အဲဒီအမျိုးသမီးရဲ့
ပုလိုင်းရှည်ကြီးကို ယူပြီး ကျောမှာပိုး၊ ကလေးတယောက်ကို ပွေ့ချီပြီးတော့
ဒုက္ခသည်တွေ စုဝေးရာ သက်ကယ်တောအထိ အရောက်ပို့ပေးခဲ့တယ်။
ပုလိုင်းရှည်ကြီးကို လွယ်ပိုးပြီး ဖုန်ထူထူကြားမှာ ဒုက္ခသည်တွေနဲ့အတူ
လိုက်ပါသွားတဲ့ အတီးရဲ့ပုံရိပ်ကို ကျမရဲ့ အမြင်အာရုံထဲမှာ ဒီနေ့အထိ
မြင်ယောင်နေဆဲပါ အတီးရယ်။
အတီးနဲ့ သိကျွမ်းရင်းနှီးခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ အတီးအကြောင်းကို
ပိုပြီးတော့ သိလာခဲ့ရသလို ပိုပြီးတော့လည်း လေးစားလာခဲ့ရပါတယ်။ ကရင့်တော်လှန်ရေး နေရာဒေသတွေ ဘယ်လိုပဲ ပြောင်းပြောင်း၊
ရာထူးတာဝန်တွေ ဘယ်လိုပဲ ပြောင်းပြောင်း အတီးရဲ့ ရိုးသားမှု၊ နှိမ့်ချမှု၊
မာန်မာနကင်းမှု၊ အနေအထိုင်၊ အစားအသောက်၊ အသုံးအဆောင်၊ အ၀တ်အထည်အပေါ်မှာ ခြိုးခြံချွေတာမှုကတော့ မပြောင်းမလဲဘဲ
ရှိနေခဲ့တယ်။
ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး၊ ပဒိုမန်းရှာလားဖန်းဆိုတဲ့
အတီးမှာရှိတဲ့ အ၀တ်အစားတွေကို ရေတွက်ကြည့်ရင် လက် (၁၀)ချောင်း
တောင် မပြည့်ပါဘူး။ ခေါက်ဆွဲကို သိပ်ကြိုက်တဲ့ အတီးဟာ ဈေးချိုတဲ့ (၃) ဘတ်တန် ခေါက်ဆွဲခြောက်ထုတ်ကိုတောင်မှ တရက်ခြား၊ နှစ်ရက်ခြားလောက်မှ တခါစားခဲ့တယ်။ တကယ်ဆို ဒီထက်မက ဈေးကြီးတဲ့ ခေါက်ဆွဲထုတ်ကို
နေ့တိုင်းလိုလို အတီးစားနိုင်ပါတယ်။ ဒါပေမယ့် အတီးက မစားခဲ့ဘူး။
အတီးရင်ထဲမှာ ထမင်းငတ်နေ၊ ဆန်ပြုတ်သောက်နေရတဲ့ ပြည်သူလူထုတွေ၊
ဝဥ၊ ကြွေးဥနဲ့ မျှစ်တွေကိုသာ စားနေရတဲ့ ကရင်ပြည်တွင်းဒုက္ခသည်တွေ
ရှိနေခဲ့တယ် မဟုတ်လား။
အခြေအနေအရ မဲဆောက်မြို့မှာ တိုက်နဲ့ကားနဲ့ နေရပေမယ့်
အတီးတနေ့မှ မပျော်ဘူးဆိုတာ ကျမသိတယ်။ “ကျနော် ဒီတိုက်
အိမ်ကြီးပေါ်မှာ မနေချင်ဘူး။ ကားတွေလည်း ကျနော်မစီးချင်ဘူး။
ဇိမ်ခံရတဲ့ ပစ္စည်းတွေကို လည်း ကျနော်မလိုချင်ဘူး။ ကျနော်က တိုက်ကြီးပေါ်မှာ နေရပေမယ့် ကျနော်တို့ လူမျိုးတွေ ဆင်းရဲဒုက္ခ
ရောက်နေတာ အများကြီးပဲ။ ဒါကြောင့် ဒီလိုနေရတာကို
ကျနော်မနေချင်ဘူး”လို့ အတီး မကြာခဏ ပြောလေ့ရှိ တယ်။ တော်လှန်ရေးသမားဘ၀ ဖြစ်ရတာကို ဂုဏ်ယူကျေနပ်တဲ့ အတီးဟာ တော်လှန်ရေးနယ်မြေမှာပဲ လှုပ်ရှားသွား လာချင်သူပါ။ ဒါကြောင့်လည်း ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေထဲက အတီးရဲ့
စခန်းလေးကို အမြဲလိုလို သွားတယ်။ အတီးကိုယ်တိုင် ပါဝင်ပြီးတော့
တဲတွေဆောက်၊ သင်တန်းခန်းမတွေ ဆောက်ခဲ့တယ်။ သီးပင်စားပင်တွေ၊ သစ်ပင်ပန်းမာန်တွေ စိုက်ပျိုးပြီး ကိုယ်တိုင်လည်း ရေလောင်းပေါင်းသင်
လုပ်ခဲ့တယ်။
ဒုက္ခသည် စခန်းတွေကိုလည်း အတီးရောက်တာပါပဲ။ အတီးနဲ့အတူ ဒုက္ခသည်စခန်းတခုကို သွားခဲ့တုန်းက ဖိနပ်မပါ ခြေဗလာနဲ့ ပြေးလွှားဆော့
ကစားနေတဲ့ ကလေးတွေကို မြင်တော့ အတီးက အတီးရဲ့ငယ်ဘ၀ကို သတိတရနဲ့ ပြန်ပြောပြတယ်။ “ကျနော်တို့ ငယ်ငယ်က မိဘတွေက
အရမ်းချို့တဲ့တာ။ ကျနော် ငယ်ငယ်လေးထဲကနေ အသက် ၁၂နှစ်အထိ အမေက ကျနော့်ကို ဖိနပ်တခါ မ၀ယ်ပေးဖူးဘူး။ ကျနော်တို့ရွာက ကလေးတွေမှာလည်း ဖိနပ်မရှိကြဘူး။ ကျနော်ဆို အသက် ၁၂ နှစ်အရွယ်အထိ ခြေဗလာနဲ့ပဲ
ကျောင်းတက်ခဲ့ရတာ”။ ဒါကြောင့်လည်း အတီးဟာ ဖိနပ်ဟောင်းတွေဆို မပစ်ရက်ဘူး။ ဟောင်းလို့ ပစ်ထားခဲ့တဲ့ သားသမီးတွေရဲ့ ဖိနပ်တွေကို အတီးကိုယ်တိုင် ပြုပြင်ချုပ်လုပ်ပြီးတော့ ပြန်စီးခဲ့တယ်။ ဒီလို ခြိုးခြံချွေတာပေမယ့် ရှေ့တန်းက ရဲဘော်တွေ၊ ခြေ၊ လက်၊ မျက်စိ စွန့်လွှတ်ပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေ၊ ကျန်းမာရေးချို့တဲ့ လုပ်ဖော်
ကိုင်ဖက်တွေ အတွက်တော့ အတီးဘယ်တော့မှ လက်မနှေးခဲ့ဘူး။
အတီးက အမျိုးသားရေး၊ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ကျောင်းသားလူငယ်တွေနဲ့ အမျိုးသမီးတွေအပေါ် မှာလည်း အားပေးခဲ့၊ မျှော်လင့်ခဲ့၊ ယုံကြည်အား ထားခဲ့တဲ့ ခေါင်းဆောင်တဦးပါ။ မိခင်အဖွဲ့အစည်းရဲ့ လုပ်ငန်းတာဝန်တွေ၊
တပ်ပေါင်းစု တာဝန်တွေကို အချိန်ပြည့်နီးပါး ထမ်းဆောင်နေရပေမယ့်
လူငယ်တွေ၊ အမျိုးသမီးတွေ ဖိတ်ကြားတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ စကားဝိုင်းတွေကိုလည်း မပျက်မကွက် တက်ရောက်ပြီးတော့ အားပေးစကားတွေ ပြောခဲ့၊ နိုင်ငံရေးတရားတွေ ဟောခဲ့သူပါ။
လူကြီးလူငယ်မခွဲ၊ လူမျိုးဘာသာမခွဲ၊ ရာထူး အဆင့်အတန်း မခွဲ၊
အတွေးအခေါ် အယူအဆမခွဲဘဲ လူတိုင်းကို တန်းတူရည်တူ တန်ဖိုးထားပြီး တလေးတစားရှိတဲ့ အတီးကို ကျမတို့ ဘယ်လိုမေ့ပျောက်လို့ ရနိုင်မှာလဲ။
ကျမအတွက်ကတော့ အတီးရဲ့ စာတွေ၊ ကဗျာတွေအပေါ် ချစ်တဲ့စိတ်၊ သစ်ပင်ပန်းမာန်တွေအပေါ်မှာ မြတ်နိုးတွယ်တာစိတ်က အများနဲ့ မတူတဲ့
ထူးထူးခြားခြား အမှတ်ရစရာတွေပါ။ ကျမရေးတဲ့ စာတွေ၊ ကဗျာတွေကို
ဘယ်သူမှ သတိမထားမိသေးတဲ့ အချိန်ကတည်းက အတီးက ကျမကို အားပေးခဲ့တယ်။ နောက်ပိုင်း စာတွေ အရေးစိပ်လာတဲ့အခါမှာလည်း
ကျမရဲ့ စာတွေ၊ ကျမရဲ့ ကဗျာတွေကိုဖတ်ပြီး တလေးတစားနဲ့ ချီးကျူးခဲ့တယ်။
“ခိုင်မာရေ ခင်ဗျားရေးတဲ့ စာတွေ၊ ကဗျာတွေ တော်တော်ကောင်းတယ်၊
ကျနော်တို့ ကရင်ထဲမှာ ဒီလို စာတွေ၊ ကဗျာတွေ ရေးတဲ့လူက သိပ်ရှားတယ်။
တကယ်ဆို ကျနော်တို့ လူမျိုးတွေရဲ့ အကြောင်းအရာ၊ အဖြစ်အပျက်၊ အခြေအနေတွေကို ရေးမယ်ဆို ရေးစရာတွေ အများကြီးပဲ။ ရေးပါဗျာ၊
ကျနော်တော့ အားပေးတယ်”။ ကျမကို ဒီလိုအားပေးခဲ့သလို တရင်းတနှီးနဲ့လည်း နောက်ပြောင်ခဲ့ဘူးတယ်။ “ကျနော်က စာရေးဆရာမ၊ ကဗျာဆရာမကို ချွေးမ သိပ်တော်ချင်တာ။ ကျနော် တော်ချင်တဲ့
ချွေးမကလည်း ကျနော့် သားကို မကြိုက်၊ ကျနော့် သားကလည်း ကျနော်တော်ချင်တဲ့ ချွေးမကို မကြိုက်”လို့ ပြောပြီး ရယ်မောနေတဲ့
အတီးမျက်နှာကို ကျမ မြင် ယောင်နေသေးတယ်။
တက္ကသိုလ်ကျောင်းသားဘ၀ထဲက စာပေတွေကို လေ့လာလိုက်စားပြီး ကလောင်စသွေးခဲ့တဲ့ အတီးဟာ ရေဆန်၊ မန်းရှာ၊ မန်းရှာလားဖန်း၊ နန့်ဇိုယာဖန်း၊ လေ့လာသူတဦး၊ တိုက်ပွဲဝင်ရဲဘော်တဦးဆိုတဲ့
ကလောင်အမည်တွေနဲ့ ကဗျာတွေ၊ အတွေးအခေါ်နဲ့ တော်လှန်ရေး
ဆောင်းပါးတွေကို ကေအဲန်ယူကထုတ်တဲ့ သနူးထူးဂျာနယ်၊
ထောမဲပါဂျာနယ်၊ တော်လှန်ရေးနယ်မြေထုတ် မဒတ ဂျာနယ်နဲ့
အခြားသတင်းစာ၊ ဂျာနယ်တွေမှာ အမြဲလိုလို စာတွေရေးခဲ့တယ်။
စာတွေ ကဗျာတွေကိုချစ်၊ စာတွေ၊ ကဗျာတွေကို ကိုယ်တိုင်လည်း
သီကုံးရေးဖွဲ့တဲ့ အတီး ဟာ ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီ၊
ကာတွန်းစတဲ့ စာပေရေးရာ ပုဂ္ဂိုလ်ကြီးငယ် အားလုံးကိုလည်း
တန်ဖိုးထား လေးစားသူပါ။
မာနယ်ပလောကျပြီးနောက် သနူးထူးဂျာနယ် ထုတ်ဝေရေးကိစ္စကို
အတီးကိုယ်တိုင် တာဝန်ယူဆောင်ရွက် ရတဲ့ အချိန်မှာတော့
ဂျာနယ်ထုတ်ဝေရေးအတွက် ကျမကို အမြဲလိုလို တိုင်ပင်ဆွေးနွေးခဲ့၊ အတီးကိုယ်တိုင်လည်း တော်လှန်ရေး နယ်မြေရောက် စာရေးဆရာ၊
ကဗျာဆရာတွေဆီမှာ တလေးတစားနဲ့ စာမူတွေတောင်းခဲ့၊ ကျမကိုလည်း
ကဗျာတွေ စာတွေရေးဖို့ တိုက်တွန်းနှိုးဆော်ခဲ့။ ကိုယ်တိုင်လည်း
ကလောင်အမည်မျိုးမျိုးနဲ့ တကုန်းကုန်းနဲ့ ရေးခဲ့တာတွေဟာ ကျမ
မျက်ဝန်းထဲမှာ တရစ်ဝဲ၀ဲပါ။ ကျမ ဘယ်လိုမှ မေ့လို့မရနိုင်တာက
ဂျာနယ်အတွက် ကွန်ပြူတာရှေ့မှာ ကျမတို့စာစီ၊ စာရိုက်၊ ဒီဇိုင်းတွေ
ပြင်ဆင်ချိန်မှာ အတီးက နောက်ဖေး မီးဖိုချောင်ထဲမှာ ငရုပ်သီးစိမ်းတွေ
ထောင်း၊ ဟင်းရွက်စုံ တာလပေါ့ဟင်းကို ကျကျနန ချက်ပြီး ကျမတို့ကို
ကျွေးခဲ့။ ကျမတို့ စားခဲ့တဲ့ ပန်းကန်တွေကိုလည်း အားလုံးသိမ်းကျုံးပြီး
ဆေးကြောပေးခဲ့ တာတွေပါ။
အတီးက တပည့်၊ ရဲဘော်တွေအပေါ်မှာ နားလည်မှု၊ ကြင်နာမှုရှိရုံမက
သားသမီးနဲ့ ဇနီးသည်အပေါ်မှာလည်း ကြင်နာမှုအပြည့် ရှိသူပါ။
မူးဂါးနမ့်ကျင်ရွှေ အိပ်ရာထဲ ဘုန်းဘုန်းလဲတော့ အလုပ်တာဝန်တွေကြား
က နေ့မအိပ် ညမအိပ် ပြုစုခဲ့တာတွေ။ မူးဂါးရဲ့ အကျီင်္တွေ၊ ထမီတွေကို ကိုယ်တိုင်လျှော်ဖွတ် ပေးခဲ့တာတွေ။ အရိုးစုလိုဖြစ်နေတဲ့ မူးဂါး
ခန္ဓာကိုယ်လေးကို ကြင်ကြင်နာနာ ထူမတ်ပြီး ဆန်ပြုတ်ပူပူလေးကို
တယုတယနဲ့ တိုက်ကျွေးခဲ့တာတွေကို ကျမ ဘယ်လိုမေ့လို့ရမှာလဲ။
အတီးရဲ့ ငယ်ပေါင်းကြီးဖက်လည်း ဖြစ်၊ ရဲဘော်ရဲဘက်လည်း ဖြစ်၊ တိုက်ဖော်တိုက်ဖက်လည်း ဖြစ်၊ အတီးရဲ့ စတုတ္ထသူရဲကောင်းလည်း
ဖြစ်ခဲ့တဲ့ မူးဂါးနမ့်ကျင်ရွှေ ဆုံးပြီးတဲ့နောက်မှာ အတီးဟာ ပန်းပင်တွေ
အပေါ်မှာ ပိုပြီး သံယောဇဉ်ကြီးတာလာကိုလည်း ကျမသတိထားမိတယ်။ တနယ်ထဲသား၊ တောသူတောင်သား သားသမီးတွေ ဖြစ်ကြတဲ့ အတီးနဲ့
မူဂါးဟာ၊ ဘ၀တူ၊ ၀ါသနာတူ၊ စိတ်တူသဘောတူ ရှိခဲ့တယ်။
ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေး ခရီးကြမ်းထဲမှာ အတူဖြတ်သန်းခဲ့ကြပြီး
တဦးနဲ့တဦး နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုတွေ ပိုမိုခိုင်မာလာတဲ့အချိန်မှာ မူးဂါးနမ့်ကျင်ရွှေ အတီးနားက ထွက်ခွာသွားတော့ အတီး အတော်ကြေကွဲ
ခဲ့ရတယ် မဟုတ်လား။ အတီးက မူဂါးကို သားသမီးတွေ အတောင်အလက်
စုံတဲ့အထိ၊ ကရင်တော်လှန်ရေး ခရီးဆုံးအထိ အေးအတူပူအမျှ အတူရှိနေစေချင်သေးတယ် မဟုတ်လား။ မူးဂါး ဆုံးပါးပြီးတဲ့နောက်မှာ
အတီးရဲ့အဖော်ဟာ မူဂါးနမ့်ကျင်ရွှေ နှစ်သက်တဲ့ ယုဇနပန်းတွေ
ဖြစ်လာတယ်။
မူဂါးအတွက်ရ ည်စူးပြီး စိုက်ပျိုးထားတဲ့ ယုဇနပန်းပင်လေးကို ညနေတိုင်း ရေလောင်းပေးရင်းနဲ့ မူဂါးကို လွမ်းတဲ့စိတ်တွေကို
အတီးဖြေသိပ်ခဲ့တယ် မဟုတ်လား။ အတီးရဲ့ စာအုပ်စဉ် ယိုင်နဲ့နဲ့လေး
ပေါ်မှာက မူးဂါးနမ့်ကျင်ရွှေရဲ့ဓာတ်ပုံရှေ့မှာ ယုဇနပန်းတွေကို အတီး အမြဲစိုက်ထိုး ပေးခဲ့တယ်နော်။
အတီးဟာ သားသမီးနဲ့ ဇနီးသည်ကို ကြင်နာခဲ့၊ စာပေတွေကို မြတ်နိုးခဲ့၊
လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်တွေကို တန်ဖိုးထား လေးစားခဲ့သလို
ကရင်အမျိုးသားထု တရပ်လုံးကိုလည်း လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ စည်းလုံးချစ်ကြည်မှုတွေကို အပြည့်အ၀ ရရှိခံစားစေချင်တဲ့ ခေါင်းဆောင်
တဦးပါ။ န၀တက ကေအဲန်ယူကို ဘာသာရေးအရ သပ်လျှိုသွေးခွဲခဲ့လို့ သူးမွဲထာဒေသ မြစ်ဆုံအရေးအခင်းဖြစ်တော့ အတီးနဲ့ ကေအဲန်ယူ
ခေါင်းဆောင်ကြီးတွေ စိုးရိမ်သောက ဖြစ်ခဲ့ကြ၊ စေ့စပ်ညှိနှိုင်းရေးတွေ
လုပ်ခဲ့ကြ။
အတီးအပါအ၀င် မဟာမိတ် ခေါင်းဆောင်ကြီးတွေ ကေအဲန်ယူထဲက ကရင်ဗုဒ္ဓဘာသာဝင်တချို့ ခွဲထွက်မသွားအောင် ၀ိုင်းဝန်းကြိုးပမ်းခဲ့ပေ
မယ့်လို့ န၀တရဲ့ ထောင်ခြောက်ထဲကို ရောက်ရှိတဲ့ ဗုဒ္ဓဘာသာဝင်
ကရင်တချို့ကို ဘယ်လိုမှ ဆွေးနွေးလို့ မရတော့တဲ့အပြင် အတီးတို့
ကိုတောင် လုပ်ကြံသတ်ဖြတ်ဖို့အထိ လုပ်ခဲ့တာတွေ၊ အတီးတို့
အသက်ဘေးက လွတ်အောင် ရုန်းထွက်ခဲ့ရတာတွေကိုသိရတော့
ကျမတို့ အတော့်ကို ထိခိုက်နာကျင်ခဲ့ရပါတယ်။ ကိုယ်တိုင် ဦးဆောင်
ပါဝင်ခဲ့ရတဲ့ ဗုဒ္ဓဘာသာဝင် ခေါင်းဆောင်ကြီးတဦးဖြစ်တဲ့ အတီးရဲ့
ခံစားရတာကတော့ ကျမတို့ထက် အများကြီးပိုမှာပါ။
ကရင်ဗုဒ္ဓဘာသာဝင်တချို့ ကေအဲန်ယူထဲက ခွဲထွက်ပြီး န၀တ လက်အောက် ရောက်ရှိသွားတော့ အတီး ယူကျုံးမရဖြစ်ပြီး မျက်ရည်ကျ
တယ်လို့ မူးဂါးနမ့်ကျင်ရွှေ ပြန်ပြောပြလို့ ကျမတို့ သိခဲ့ရပါတယ်။
ဒီကေဘီအေ ခွဲထွက်သွားတဲ့ ကိစ္စမှာ “ကျနော်တို့ ကရင်တွေ နိုင်ငံရေး အတော်အားနည်းနေသေးတယ်။ နိုင်ငံရေးအားနည်းတော့ ရန်သူဟာ
ကျနော်တို့အပေါ်မှာ ဘယ်လောက်အထိ ကောက်ကျစ်တယ်။
ယုတ်မာရက်စက်တယ် ဆိုတာကို မသိကြဘူး။ ကျနော်တို့ရဲ့
ကွဲပြားခြားနားချက်၊ အားနည်းချက်တွေကို အသုံးချပြီး ကျနော်တို့ ကရင့်တော်လှန်ရေးနဲ့ ကေအဲန်ယူကို အပြုတ်တိုက်ဖို့ ကြံစည်
လုပ်ဆောင်နေတယ် ဆိုတာကို နားမလည်ကြဘူး။ တော်လှန်ရေး၊
နိုင်ငံရေးမှာ အတွေးအခေါ်အရ ကွဲလွဲမှုတွေ ရှိပါတယ်။ ကျနော်တို့
ကရင်တော်လှန်ရေး တလျှောက်လုံးမှာလည်း ရှိခဲ့တာပါပဲ၊ ဒီတခါ ကွဲ
တာကတော့ ကျနော်တို့ ကရင့်တော်လှန်ရေးအတွက် ကြီးမားတဲ့
ဆုံးရှုံးမှုကြီးပဲ”လို့ အတီး မှတ်ချက်ချခဲ့တာကို ကျမ ကောင်းကောင်း
မှတ်မိနေပါတယ်။
ဒီကေဘီအေဆိုပြီး ခွဲထွက်သွားပြီးတဲ့နောက်မှာ ကရင်အမျိုးသားအချင်းချင်း ပြန်လည်ပေါင်းစည်းဖို့အတွက် အတီးအပါအ၀င် ကေအဲန်ယူခေါင်းဆောင်ကြီးတွေ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြပါသေးတယ်။ ဒါပေမယ့် နအဖရဲ့ ညွန်ကြားချက်
အတိုင်း ကေအဲန်ယူစခန်းတွေကို ဒီကေဘီအေ ဘက်ကနေ အကြိမ်ကြိမ် တိုက်ခိုက်လာတဲ့အခါမှာတော့ သတင်းမီဒီယာတွေကနေ ရန်၊ ငါ စည်းခြား ပြတ်ပြတ်သားသား ပြောခဲ့သူဟာ အတီးပါ။ ဒါပေမယ့် ကရင်တွေ အကွဲကွဲအပြားပြားဖြစ်နေ၊ ကရင်အချင်းချင်း ပြန်တိုက်နေရတာကိုတော့ အတီး နှလုံးကြေကွဲမတတ် ခံစားခဲ့ရတယ် မဟုတ်လား။
ဒီကေဘီအေကိစ္စ ဆွေးနွေးလိုက်တိုင်း ကြည်လင်နေတဲ့ အတီးမျက်နှာဟာ ရွာတော့မယ့်မိုးလို မှုန်မှိုင်းသွားပြီး “ကျနော်တို့ ကရင်တွေ စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ် ဖြစ်ကြရင် သိပ်ကောင်းမယ်ဗျာ”လို့ ပြောပြီး
သက်ပြင်းရှည်ကြီးကို အတီးချတတ်တယ်။
မြစ်ဝကျွန်းပေါ် ဧရာဝတီမြစ်ဝှမ်းလွင်ပြင် ဇာတိ၊ ဗုဒ္ဓဘာသာဝင် အနောက်ပိုးကရင်တဦးဖြစ်တဲ့ အတီးဟာ တောင်ပေါ်မြေပြန့်မခွဲဘဲ၊
စကောကရင်၊ ပိုးကရင် မခွဲ၊ အရှေ့ပိုး၊ အနောက်ပိုး မခွဲဘဲ၊
ကရင်တမျိုးသားလုံးကို တန်းတူရည်တူ ချစ်ခဲ့တယ်။ အခုတော့
အတီးချစ်တဲ့ ကရင်တွေက “မင်္ဂလာညနေခင်းပါ အတီး”လို့
နှုတ်ဆက်ပြီးတော့ အတီးရင်ဝ တည့်တည့်ကို ကျည်ဆံတွေ
ပစ်သွင်းသွားခဲ့တယ်။ အတီး အံ့အားသင့်နေခဲ့တယ် မဟုတ်လား။
အတီး တချက်ကလေးမှ မညည်းညူခဲ့သလို အဲဒီကရင်တွေကိုလည်း
အတီး အပြစ်မယူခဲ့ဘူး မဟုတ်လား။ ဒီအကြောင်းကို အတီးကိုယ်တိုင် သတင်းသမားတွေကို ပြောခွင့်ရမယ်ဆိုရင် “ဒါဟာ အိမ်ကြက်အချင်းချင်း
အိုးမဲသုတ်တဲ့ နအဖရဲ့ ရက်စက် ယုတ်မာမှု၊ နအဖစစ်အစိုးရရဲ့
အကြမ်းဖက်မှု”လို့ အတီးပြောမှာ သေချာပါတယ်။
အတီးကျဆုံးသွားခဲ့တဲ့ ညနေခင်းဟာ ချစ်သူများရဲ့ ညနေခင်းပါ။ ကျမတို့ အားလုံးအတွက်တော့ အတီးကို မှတ်မှတ်ရရ အမြဲရှိနေမယ့် ညနေခင်းပါပဲ
အတီးရယ်။ အတီးလျှောက်ခဲ့တဲ့ လမ်းကို ပြန်ကြည့်ရင် လွမ်းစရာတွေ
အတိနဲ့ပါ။ အခုတော့ ရေဆန်ဆိုတဲ့ မန်းရှာလားဖန်းရဲ့ အရိုးပြာကို သူ့ရဲ့ ရဲဘော်ရဲဘက်တွေက သောင်ရင်းမြစ်ရေလျဉ်ထဲမှာ မျောချနေကြပြီ အတီးရေ။
အတီးရဲ့ အရိုးပြာထဲမှာ ကရင်ပြည်သူတွေနဲ့အတူ တိုင်းရင်းသား လူမျိုးပေါင်းစုံ
ကိုချစ်တဲ့ အတီးရဲ့ အချစ်တွေပါတယ်။ မြန်မာပြည်သူလူထုတရပ်လုံး နအဖ
စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ရမယ်ဆိုတဲ့ အတီးရဲ့ ယုံကြည်ချက်တွေပါတယ်။ စစ်အာဏာရှင်စနစ် မုချကျဆုံးရမယ်ဆိုတဲ့
အတီးရဲ့ ယုံကြည်ချက်တွေပါတယ်။
သောင်းရင်းမြစ် ရေလျဉ်ကြောမှာ မန်းရှာလားဖန်းရဲ့ ယုံကြည်ချက်၊
မျှော်လင့်ချက်တွေ စီးမျောနေပြီ အတီးရေ။ အတီးရဲ့ ယုံကြည်ချက်၊
မျှော်လင့်ချက်တွေဟာ သောင်းရင်းမြစ်ထဲကနေ သံလွင်မြစ်မကြီးထဲကို စီးမျောသွားလိမ့်မယ်။ သံလွင့်မြစ်မကြီးရဲ့ မြစ်လက်တက်၊ မြစ်ခွဲတွေဆီက
တဆင့် အတီးရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေက ဧရာဝတီမြစ်ကြီးထဲကို စီးဝင်ရောက်ရှိသွားလိမ့်မယ်။ ဧရာဝတီမြစ်ကြီးထဲ ရောက်ရှိသွားတဲ့ အတီးရဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေဟာ ရပ်တန့်မနေဘဲ မြန်မာနိုင်ငံတ၀န်းဆီကို ပျံ့နှံ့ရောက်ရှိသွား မယ်ဆိုတာ ကျမ အခိုင်အမာ ယုံကြည်နေပါတယ်။
ခိုင်မာကျော်ဇော
.....................
ဤဆောင်းပါးအား အဆုံးထိဖတ်သွားပေးတဲ့
(အထူးသဖြင့် ကရင်လူငယ်များ)အတွက်
အထူးကျေးဇူးတင်ပါသည်။
၂၀၀၈ ခုနှစ်က ဆရာမ မခိုင် ရေးခဲ့တဲ့ ဆောင်းပါးကို
ပြန်လည်ဖေါ်ပြခြင်းဖြစ်။

စင်ကပူ Changi လေယာဉ်ကွင်းထဲက မြန်မာသတင်းစာ (ရေးသူမသိပါ)

စင်ကပူ Changi လေယာဉ်ကွင်းထဲက မြန်မာသတင်းစာ
----------------------------------

နိုင်ငံတကာက လေယာဉ်တွေ အမြားအပြား(အများအပြား) ဆင်းတဲ့ Changi လေယာဉ်ကွင်းထဲမှာ လူမျိုးပေါင်း အတော်စုံသလောက်ပါပဲ။ Airlines ကလည်း အစုံရှိသလို သစ်ပင်စိုက်၊ မြက်ရိတ်၊ အမှိုက်သိမ်း၊ ပန်းအလှပြင်၊ လမ်းခင်း/ပြင်၊ အဲကွန်း၊ ဆောက်လုပ်ရေး၊ ဝါယာရိန်း၊ ဆေးသုတ်တို့အပြင် Position အစုံနဲ့ လူမျိုးပေါင်းစုံ အလုပ်လုပ်နေကြတာပါ။ Canteen ၊ Duty Free ၊ Cargo ငှာန ၊ Mail ငှာနနဲ့ Baggage Unit တို့မှာလည်းရှိကြပြီး အားလုံးက ကိုယ့်အတွေ့အကြုံနဲ့ ကိုယ်ပါပဲ။
ဒါပေမယ့် အားလုံးက သူ့ Pass နဲ့သူမို့ ကွင်းထဲကိုတော့ လာလို့မရပါဘူး။ အဲဒီထဲကမှ လူမျိုး ၇/၈ မျိုးလောက်က Apron မှာ Ramp Services လုပ်ကြပါတယ်။ (ကျနော်တို့ကတော့ အတိအကျပြောရရင် လေယာဉ်မှာ Operation လုပ်တာပါ) အများဆုံးကတော့ စလုံး၊ မလေးနဲ့ ပြည်ကြီးတရုတ်တွေဖြစ်ပြီး မြန်မာကတော့ သိပ်မရှိခဲ့ပါဘူး။
Apron ထဲက Staff အားလုံးနီးပါးက မိမိတိုင်းပြည်ကလာတဲ့ လေယာဉ် ပြန်သွားပြီးတဲ့နောက်မှာ လေယာဉ်က ပြစ်ချခဲ့တဲ့ အမှိုက်ထုပ်ထဲက သတင်းစာကို ကောက်ယူဖတ်လေ့ ရှိကြပါတယ်(အလွမ်းဖြေကြတယ်ပေါ့ဗျာ... အားလုံးက ရပ်ဝေးမှာ ရောက်နေတာလေ)။ လေယာဉ်မှာ တာဝန်ကျတဲ့ရဲတောင် တခါတရံမှာ အလွယ်တကူ ကောက်ယူသွားတာမျိုး တွေ့ဖူးပါတယ်။ အားလုံးက ရုံးထဲကို ယူလာပြီး အေးဆေးဖတ်ကြတယ်။ ဒါက Changi Airport ထဲက နိုင်ငံသားအစုံရဲ့ လူနေမှုဘဝ တစ်စိတ်တစ်ပိုင်းပါ။
လေယာဉ်တွေကလည်း နေ့တိုင်း အသွားအပြန် လုပ်နေတာဆိုတော့ နေ့စဉ်သတင်းစာက အမှိုက်ထုပ်ထဲမှာ အမြဲပါပါတယ်။ ပါတာမှ သတင်းစာတွေအတွက် ပလပ်စတစ်အိပ် အကြီးကြီးနဲ့ သီးသန့်ထုပ်ပြီး ပစ်ထားခဲ့ကြတာမျိုးပါ။ အဲဒါကြောင့် လေယာဉ်ပေါ်က ခရီးသည်တွေရဲ့ အနည်းဆုံး ၃၅% က သတင်းစာဖတ်ကြတယ်လို့ အမှိုက်ထုပ်ကိုကြည့်ပြီး ခန့်မှန်းလို့ရပါတယ်။
ပြီးတော့လည်း ရုံးထဲမှာ လူမျိုးပေါင်းစုံတော့ အမှိုက်ထုပ်က ကောက်လာတဲ့ သတင်းစာကလည်း မြန်မာသတင်းစာကလွဲပြီး အစုံရှိပါတယ်။ သူတို့ သတင်းစာတွေ အားလုံးက ဆေးရောင်ပါပြီး မြန်မာသတင်းစာထက် ပိုကြီးတယ်။ ဘယ်သတင်းစာပဲဖြစ်ဖြစ် နားမလည်လည်း စိတ်ဝင်စားတဲ့ သတင်းဓာတ်ပုံ တွေ့ခဲ့ရင် မေးမြန်းကြပုံကလည်း အမြဲမြင်တွေ့နေကျ မြင်ကွင်းတစ်ခုပါ။ အဲလိုမေးခဲ့ရင်လည်း စိတ်ရှည်ရှည်နဲ့ ရှင်းပြကြလေ့ ရှိပါတယ်။ ဒါဟာလည်း အချိန်တန်ရင် အိမ်ပြန်ကြမယ့် သူတွေဖြစ်လို့ အားလုံးက ခင်မင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံကြတာပါ။ အဲဒါကြောင့်... သတင်းကလည်း အစုံကြားရသလို လူမျိုးတိုင်းက သတင်းစာကို စိတ်ဝင်တစား ဖတ်ကြတယ်ဆိုတာ အမြဲမြင်တွေ့နိုင်ပါတယ်။
ရုံးထဲမှာ နီပေါလူမျိုး သန့်ရှင်းရေးသမား ညီကိုနှစ်ယောက်နဲ့ စလုံးအဖွားအိုကြီး တစ်ယောက်ရှိတယ်။( အလှည့်ကျ တာဝန်နဲ့ပေါ့) အဖွားကြီးက အလုပ်မလုပ်နိုင်ပေမယ့် ကြာဇံထုပ်ရောင်းပြီး အပိုဝင်ငွေရှာတယ်။ သူ့အလှည့်မှာ စားပွဲပေါ်က သတင်းစာတွေ ရှင်းပေးရုံကလွဲပြီး ဘာမှမလုပ်ဘဲ ကြာဇံထုပ်ရောင်းတယ်။ အဲဒါလည်း အလုပ်တစ်ခုမှာ တည်မြဲနေခြင်းက သူ့နိုင်ငံသား အခွင့်အရေးပဲလေ။ သူတို့ Favour ပေးထားတယ်။ အသက်ကြီးလို့ အလုပ်မလုပ်နိုင်တာတောင် သူ့နိုင်ငံသားက အလုပ်လုပ်ခွင့်ကို ရစေတယ်။( လုပ်နိုင်တဲ့သူနဲ့ ရောထည့်ပေးထားတယ် ) ဒီအကြောင်းက လူ့အခွင့်အရေး၊ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို သူများတိုင်းပြည်မှာ ဘယ်လိုဆိုတာကို သိစေချင်လို့ ထည့်ပြောရတာပါ။
အဲလိုနဲ့ သန့်ရှင်းရေးသမားက နေ့စဉ် ရုံးထဲက သတင်းစာတွေကို လိုက်သိမ်းရင်း မြန်မာသတင်းစာကို မတွေ့ဘူးသေးကြောင်း မြင်ဖူးချင်ကြောင်း ပြောလာခဲ့တယ်။ အဲဒါလည်း သူကရိုးရိုးပြောတာပါ။ ဒါပေမယ့် သူက လူတွေ့တိုင်း ဒါပဲမေးနေခဲ့တာ။ (သူက မြန်မာတွေထက် လုပ်သက်လည်း ပိုများပါတယ်) အဲလိုနဲ့ သူက အစပြုခဲ့တဲ့ သာမာန်မေးခွန်းတစ်ခုကို အားလုံးက သတိထားမိသွားပြီး Apron တစ်ခုလုံးမှာ အတော်လေး ကျယ်ပြန့်လာခဲ့ပါတယ်။ ကျနော်တော့ အဲလောက်တောင် ဖြစ်လာလိမ့်မယ်လို့ လုံးဝထင်မထားမိခဲ့ပါဘူး။
သူတို့အမြင်မှာ မြန်မာတွေက ယဉ်ကျေးပြီး ကြီးသူကို ရိုသေတတ်ကြတယ်။ ဘာမဆို အလွယ်တကူ သင်ယူတတ်မြောက်လွယ်ရုံမက အလုပ်ကျိုးစားပြီး စာရိတ္တကောင်းမွန်ကြတယ်လို့ လက်ခံထားကြပါတယ်။ သူတို့ အဲလို နားလည်ထားတဲ့သူတွေက သတင်းစာမဖတ်ခြင်းကို အတော်လေး စိတ်ဝင်စားနေကြပုံပါ။
အဲဒီက အစပြုပြီး... ကျနော်တို့ကို အခွင့်သင့်တိုင်း ရိုးစင်းပြီး ဖြေရန်ခက်ခဲတဲ့ မေးခွန်းမျိုးတွေ မေးတတ်ကြပါတော့တယ်။ ကျနော်တို့ကို စိတ်ဝင်စားသောကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒါဘာလည်းဆိုရင် " မင်းတို့ သတင်းစာ မဖတ်ဘူးလား?။ ငါတို့နဲ့ အလုပ်တူတူ လုပ်လာခဲ့တာ ကြာခဲ့ပြီ။ ဒါပေမယ့် မြန်မာတွေ သတင်းစာဖတ်တာ မမြင်ဖူးသေးဘူး။ ဘာလို့ သတင်းစာ မဖတ်ကြတာလဲ? " ဆိုပြီး မေးခွန်းထုတ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျနော့ရဲ့ လုပ်သက်က လေးနှစ်ရှိနေခဲ့ပါပြီ။
ပြီးတော့ မြန်မာလေယာဉ်က အမှိုက်ထုပ်ထဲမှာ သတင်းစာ ပါလာတာ မတွေ့ဘူးသေးလို့ မြန်မာပြည်မှာ သတင်းစာ ရှိလားလို့တောင် မေးလာပါတယ်။ စင်ကပူကို လာတဲ့မြန်မာတွေက အတော်လေး များပေမယ့် သတင်းစာတစ်စောင်တောင် ခုချိန်ထိ သူတို့မမြင်ဘူးသေးတာ( အမှိုက်ထုပ်ထဲမှာ ) ခရီးသည်တွေကလည်း သတင်းစာ မဖတ်လို့ပေါ့တဲ့။ ပြီးတော့လည်း သတင်းစာ တစ်စောင်ကို အလုပ်ရှုပ်ခံပြီး သယ်သွားမည် မဟုတ်ကြောင်းနဲ့ သူတို့သာဖတ်ရင် အမှိုက်ထုတ်ထဲမှာ တွေ့မည်ဖြစ်ကြောင်း ခိုင်ခိုင်မာမာနဲ့ကို စိတ်ဝင်တစား မေးခွန်းထုတ်နေတော့တာပါ။
အဲဒီအချိန်က ကျနော်တို့အားလုံး ဝင်ငွေလည်းကောင်းပြီး အလုပ်လုပ်ရတာ အဆင်ပြေနေခဲ့ပေမယ့် မြန်မာသတင်းစာ တစ်စောင်ကြောင့် အတော်လေး အာရုံနောက်ခဲ့ရပါတယ်။ မြန်မာလေယာဉ်မှာ တာဝန်ကျတိုင်း အမေးခံနေရလို့ပါ။ ဒီလိုနဲ့ ဘာမှမဟုတ်ဘူးလို့ ထင်ခဲ့တဲ့ အဲဒီမေးခွန်းက Changi Airport ထဲမှာ အတော်လေး ရေပန်းစားလာခဲ့ပါတယ်။ ဘာမှမဟုတ်ဘဲနဲ့ မေးခွန်းက အသက်ဝင်လာတယ်ပေါ့ဗျာ။
သူငယ်ချင်း တစ်ယောက်ဆို အမေးမခံနိုင်တော့လို့ ထင်ပါတယ်။ လေယာဉ်အတွင်းပိုင်း နံရံမှာစာရေးပြီး " ဟိတ်ကောင်တွေ သတင်းစာတစ်စောင် ထည့်ပေးလိုက်ပါဟ" လို့ရေးပြီး ရန်ကုန်လေဆိပ်က ဘယ်သူပဲတွေ့တွေ့လို့ ရည်ရွယ်ပြီး စာရေးပေးရတဲ့ အနေအထားမျိုးတောင် ရှိခဲ့ပါတယ်။ ဒါပေမယ့် သတင်းစာကတော့ ရောက်မလာခဲ့ပါဘူး။ သူတို့မတွေ့တာလည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့... မြန်မာလေယာဉ်ကလည်း သူ့ရဲ့လေကြောင်းလိုင်း အောင်မြင်လာခဲ့လို့ တစ်နေ့တစ်ခေါက်ကနေ နှစ်ခေါက်ပြေးဆွဲတဲ့အထိ ဖြစ်လာခဲ့ပေမယ့် စွန့်ပစ်တဲ့ သတင်းစာက တစ်စောင်တောင် ပါမလာခဲ့ပါဘူး။
အဲဒီအချိန်ကစပြီး ကျနော်တို့တွေဟာ မြန်မာလေယာဉ်မှာ တာဝန်မကျခဲ့လည်း လေယာဉ်က ပြစ်ချခဲ့တဲ့ အမှိုက်ထုပ်နားမှာ ပေါ်ပေါ်ထင်ထင် မဟုတ်ဘဲ ဟိုလိုလို... ဒီလိုလို ပုံစံအမျိုးမျိုး ဖန်တီးပြီး သတင်းစာ ပါလိမ့်မလားဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ တဝဲလည်လည် ဖြစ်ခဲ့ရပါတော့တယ်။ ဒါတင်မကသေးဘဲ ထွက်ခွါလေယာဉ်မှာ Aerobridge(လေယာဉ်ပေါ်တက်တဲ့ ချဉ်းကပ်တံတားရှင်) ပေါ်က စောင့်ပြီး ညီကိုမောင်နှမအချို့အား စလုံးကို ပြန်လာရင် သတင်းစာတစ်စောင် ယူလာခဲ့ပေးဖို့နဲ့ ယူလာခဲ့ရင်လည်း Aerobridge ပေါ်က ရဲကိုပေးခဲ့ဖို့ အဆင်ပြေသလို မှာခဲ့ဖူးကြပါတယ်။ (ဒီပို့စ်ကို တွေ့သူတွေကတော့ ဒီအဖြစ်ကို သတိရသွားပါလိမ့်မယ်) ဒါပေမယ့် သတင်းစာက လုံးဝကို ပါမလာခဲ့တာပါ။ သူတို့တွေလည်း သာမာန်လို့ပဲ အောက်မေ့မိလို့ ဖြစ်ကောင်းဖြစ်မှာပါ။ ပြီးတော့ ကျနော်တို့တွေကလည်း အလည်ပြန်ဖို့ ခွင့်ရက်က အဆင်မပြေသေးတဲ့ အချိန်မျိုး ဖြစ်နေခဲ့တယ်။
စလုံးရောက် ညီကိုမောင်နှမ များကတော့ ကျနော်တို့ရဲ့ အဖြစ်ကို မသိနိုင်သလို သူတို့နဲ့ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်ကလည်း လုံးဝကွဲပြားနေတာမျိုးပါ။ အဲလိုအဖြစ်မျိုးကလည်း ရီစရာအလွန်ကောင်းတဲ့ ဖြစ်ရပ်တစ်ခုအဖြစ် အမှတ်တရ ဖြစ်နေလျှက်ပါ။
တစ်နေ့ ရုံးထဲမှာ Flight မသွားခင် မြန်မာလေယာဉ်က ပြန်လာတဲ့ မြန်မာတစ်ယောက်က စားပွဲပေါ်ကို "မြန်မာ့အလင်း" သတင်းစာတစ်စောင် ပြစ်ချပြီး ပြောလိုက်ပါတယ်။ " ရော့! မင်းတို့ရှာနေတဲ့ သတင်းစာတဲ့။ ဟို... မြေယိုးတွေကို ပြလိုက်လို့ ပြောပြီး ငါတို့ဒုက္ခကလည်း ကြီးလိုက်တာကွာလို့ ငြီးပြရင်း " အားရပါးရ ရီနေပါတော့တယ်။ သတင်းစာ ကောက်လာတဲ့ သူငယ်ချင်းနဲ့ လေယာဉ်ပေါ်က လွှင့်ပစ်လိုက်တဲ့သူကိုတော့ ကျေးဇူးတင်မဆုံးပေါ့...
သူတို့တွေ မြန်မာသတင်းစာကို မြင်ဖူးသွားပြန်တော့ သူတို့အမြင်တွေကိုပြောရင်း ဝေဖန်ကြပါတယ်။ မြန်မာစာလုံးက စက်ဝိုင်းလေးတွေကို စုပေါင်းပြီး ဖွဲ့စည်းထားတာဖြစ်လို့ အင်မတန်ရှုပ်ထွေးကြောင်းနဲ့ ဖတ်ရခက်လို့ မြန်မာတွေ သတင်းစာမဖတ်တာလားလို့ မေးပါတယ်။ သူတို့အမေးကို စိတ်မဆိုးပါဘူး။ မြန်မာမှာ လူမျိုး၊ ဘာသာ၊ ဂီတနဲ့ ကိုယ်ပိုင်စာရှိကြောင်း ရှင်းပြရတယ်။ အဲဒါဆို... သတင်းစာမှာ ဘာတွေရေးထားလို့ လူတွေက မဖတ်တာလည်းလို့ ထပ်ဆင့်ပြီး မေးလာပါတယ်။ ကာလာမပါတဲ့ အကြောင်းနဲ့ သတင်းစာအရွယ် သေးကြောင်းကိုလည်း ပြောပါတယ်။ ပြီးတော့ မြန်မာပြည် လူဦးရေနဲ့ သတင်းစာရဲ့ စာမျက်နှာက ကွာဟတယ်လို့ သူတို့အမြင်ကို ပြောပါတယ်။ လူဦးရေများပြီး သတင်းစာပါးတယ်လို့ ဆိုလိုနေတာပါ။
သူတို့မေးနေတာက ရိုးသားပြီး လေးနက်တဲ့အတွက် အလွယ်ဆုံး စကားလုံးတွေသုံးပြီး တတ်နိုင်သလောက် ရှင်းပြရပါတယ်။ မြန်မာသတင်းစာရဲ့ သက်တမ်းက နှစ်ပေါင်း ၉၀ ကျော် ၁၀၀ ဝန်းကျင်လောက် ရှိပေမယ့် စစ်အုပ်ချုပ်ရေး ခေတ်တုန်းက အရမ်းတော်တဲ့ သတင်းစာ ဆရာကြီးတွေက ထောင်ကျပြီး ၊ တချို့လည်း ပြည်ပကို တိမ်းရှောင်သွားကြောင်းနဲ့ တချို့လည်း အသက်ကြီးလို့ ကွယ်လွန်ကုန်ကြပြီဖြစ်ကြောင်း သူ့ခေတ်နဲ့သူ အားလုံးက သတိရနေကြောင်း သိထားသလောက် ရှင်းပြရတယ်။
ပြီးတော့... ငါတို့ သတင်းစာက မဖတ်ချင်တဲ့ စာမျက်နှာက များပြီး ၊ ဖတ်တဲ့အခါမှာလည်း နောက်ကျောဘက်ကသာ စပြီးဖတ်ကြကြောင်း ပြောပြတော့ သူတို့ အံ့သြနေကြတယ်။ သတင်းစာကို လူတွေက ဝယ်ကြတယ်ဆိုပေမယ့်... ဖတ်ကြပါတယ်လို့ မဆိုနိုင်ကြောင်းကို လူတွေ ဟာသရုပ်ရှင်ကားကြည့်ပြီး ရီမောတာကို ပျော်ရွှင်နေကြတယ်လို့ မဆိုနိုင်ကြောင်း ဥပမာပေးပြီး ရှင်းပြလိုက်တယ်။ သတင်းစာကို မဖတ်ဘူးဆိုပေမယ့် ပြစ်ပါယ်လို့မရကြောင်းလည်း သေချာရှင်းပြရတယ်။
အဲတော့... ရှေ့ဘက်က ဘာတွေရေးထားလို့ လူတွေက မဖတ်တာလည်း ထပ်မေးနေလို့.... ရှေ့ဘက်က သူတို့( အစိုးရ ) ဟန်းနီးမွန်း ထွက်တဲ့အကြောင်း၊ (စစ်ဗိုလ်ချုပ်တွေ အလှူလုပ်တာကိုသာ ဖော်ပြနေကြောင်း) ၊ Propaganda (ဝါဒဖြန့်ချီမှု) ကိုပဲ ဦးစားပေးထုတ်ဝေခဲ့ပြီး အဓိပါယ်မရှိကြောင်း ၊ နိုင်ငံတကာက အစိုးရတိုင်းဟာ သူတို့ရဲ့ ဝါဒတွေကို Convince( သိမ်းသွင်းစည်းရုံး ) လုပ်ပေမယ့် မြန်မာအစိုးရကတော့ အားလုံးနဲ့ ကွဲပြားပြီး ပြည်သူကို လုံးဝဂရုမစိုက်ကြောင်း ၊ သတင်းစာထဲမှာ တစ်တိုင်းပြည်လုံး မီးတွေလင်းပြီး အပြင်မှာတော့ မဲမှောင်နေကြောင်း၊ ပြီးတော့... သတင်းစာထဲမှာ အရာရာတိုင်း Okay တယ်လို့ ရေးထားပြီး အပြင်မှာနဲ့ လုံးဝကွဲပြားကြောင်း၊ စာမျက်နှာ ၃၈ မျက်နှာပါရှိပြီး ကြော်ငြာကဏ္ဍများကြောင်း ၊ နိုင်ငံတကာသတင်း ဖော်ပြရာမှာလည်း ဘာမှ ဗဟုသုတ မရကြောင်းနဲ့ မင်းတို့လိုပဲ နိုင်ငံတကာကလည်း လေးစားပါတယ်လို့ ပြောတဲ့ "ဒေါ်အောင်ဆန်းစုကြည်" အကြောင်းကိုလည်း တစ်သက်လုံး မဖော်ပြဘဲ စော်ကားတဲ့ ကာတွန်းတွေနဲ့ အရေးအသားတွေကို အမြဲဖော်ပြတတ်ကြောင်း ရှင်းပြရတယ်။ (သတင်းစာ မဖတ်တဲ့အကြောင်းမေးတာကို အဲလိုပဲ ပြောပြခဲ့တယ်)
ပြီးတော့... သတင်းစာက အဲလိုဖော်ပြပေမယ့်လည်း အစိုးရကို ဝေဖန်ထောက်ပြမိရင် ထောင်ဒဏ်နှစ်ရှည်သလို သေဒဏ်လည်း ကျနိုင်ကြောင်း၊ တရုတ်အစိုးရနဲ့ တချို့နေရာတွေမှာတူကြောင်း ရှင်းပြလိုက်တော့ မြန်မာတွေ သတင်းစာ ဖတ်တာနဲတဲ့အကြောင်း သူတို့ သဘောပေါက်သွားကြတယ်။
ခုလို... ငါပြောနေတာတွေကလည်း မြန်မာနိုင်ငံသား အားလုံးကို ကိုယ်စားမပြုဘဲ ငါ့အမြင်ကို ပြောနေတာပါလို့ ပြောပြလိုက်ရတော့ တစ်ယောက်က ထပ်မေးတယ်။ ခုအစိုးရကရော( ဦးသိန်းစိန်) ဘယ်လိုလဲတဲ့။ (ဦးသိန်းစိန် စင်ကပူကို လာပြီးသွားပါပြီ)သူ့လက်ထက်မှာထုတ်တဲ့ သတင်းစာကရော Okay ပြီလားတဲ့?။
အဲဒါတော့... ငါလည်း ဒီမှာရောက်နေလို့(စလုံး) သေချာမသိပါဘူး။ ဒါပေမယ့် အမှိုက်ထုပ်ထဲမှာ သတင်း စာမပါတာခြင်းကတော့ တူနေပြီဆိုရင်....... အဲလိုပဲ ပြောရသေးတယ် သူတို့ နားလည်သွားပြီတဲ့လေ။ ပြီး... လေယာဉ်သွားရအောင်လို့ ပြောပြီး စကားဖြတ်လိုက်ပေမယ့် Parking Bay မှာတော့ မြန်မာသတင်းစာနဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက်ကောင်းတွေဖြစ်တဲ့ ကျနော်တို့ အကြောင်းကို သူတို့အချင်းချင်း ပြောနေကြလေရဲ့။
တကယ်တမ်းဆို သတင်းစာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ များစွာရှိခဲ့ပေမယ့် မြန်မာသတင်းစာက မြန်မာနိုင်ငံသားတွေကို ခုချိန်ထိတိုင်အောင် ဘာမှကောင်းကျိုး မပေးခဲ့ခြင်းကလည်း သူတို့ရဲ့ အတင့်ရဲလွန်းလှတဲ့ စေတနာပါပဲ။ မထင်မှတ်ဘဲ နိုင်ငံတကာသတင်းစာတွေ စုပုံနေတဲ့ နေရာမျိုးမှာ မြန်မာသတင်းစာ တစ်မျိုးတည်းက ထူးခြားပြီး Colour မပါဘဲ အဖြူအမဲနဲ့သာ တည်ရှိနေခြင်းကလည်း လူအများကို အံ့သြစေခဲ့ပါတော့တယ်။ ဒါဟာလည်း လေယာဉ်ကွင်း တစ်နေရာလေးဆိုပေမယ့် လူအရမ်းများပြီး နိုင်ငံသားအစုံ သတင်းစာအစုံ ရှိတဲ့အတွက်ကြောင့် နယ်ပါယ်ကကျယ်ပြန့်ပါတယ်။
အဲဒီအချိန်က သူတို့ကို လှည့်စားပြီး ပြောခဲ့ရင်လည်း ကိုယ်က "ငပေါ" ဖြစ်မှာသေချာတယ်။ မြန်မာလေယာဉ်က အမှိုက်ထုပ်ထဲမှာ သတင်းစာမပါတော့ သူတို့အနေနဲ့ thinking ဖြစ်နေပါတယ်။ ခုတော့... ကျန်တာတွေခဏ ဘေးဖယ်ထားပြီး သတင်းစာချင်း ယှဉ်မယ်ဆိုတောင် မယှဉ်နိုင်ခဲ့လေတော့... အားငယ်စွာနဲ့ ပြုံးပြခဲ့ရတော့တာပေါ့။ အဲဒါက ကျနော့အတွက် တစ်သက်လုံး မမေ့နိုင်တော့တဲ့ စင်ကပူလေယာဉ်ကွင်းထဲက သူတို့စိတ်ဝင်စားတဲ့ မြန်မာသတင်းစာ အကြောင်းပေါ့။
( မှတ်ချက်# တခြားမြန်မာ သူငယ်ချင်းတွေကတော့ သူတို့ဘယ်လို ရှင်းပြလည်း ကျနော်မသိသလို ဒီအကြောင်းကို ရေးသားဖော်ပြခြင်းကိုလည်း မတွေ့ဘူးပါ ) ဖတ်ပေးသူများကို ကျေးဇူးတင်ပါသည်။

Tuesday, 9 February 2016

စင်္ကာပူလေယာဉ်ကွင်းက VIP လေယာဉ်များထဲမှ VIPနှစ်စီး

စင်္ကာပူလေယာဉ်ကွင်းက VIP လေယာဉ်များထဲမှ VIPနှစ်စီး
===============
ဦးသိန်းစိန်နဲ့အမေစုတို့ရဲ့ စင်္ကာပူခရီးစဉ်မှာ ကိုယ်တိုင် ကြုံခဲ့ရတဲ့ ကွာခြားပုံ အဖြစ်လေးပါ။Singapore Changi Airport မှာ Ramp Service အဖြစ်နဲ့ ( ၆ ) နှစ်လောက် လုပ်ခဲ့တာဆိုတော့... ကျနော်မလုပ်ဘူးတဲ့ လေယာဉ်က SQ ကလွဲရင် မရှိသလောက်ပဲလို့ ပြောလို့ရတယ်။ တစ်ရက်ကို လေယာဉ်တွေက ရာထောင်ချီပြီး ဆင်းတာလေ။ Air Craft Parking Bay ပေါင်းကလည်း ( ၁၂၀ ) ကျော် ရှိတာဆိုတော့...မှန်းကြည့်ပေါ့ဗျာ။ (၂၄) နာရီလုံး အလုပ်လုပ်ပြီး အကောင်းဆုံးဆုအဖြစ် နှစ်ကြိမ်ရထားဖူးတဲ့ လေယာဉ်ကွင်းပေါ့။ Safety ကိုပေးတာလား၊ ဘာကိုပေးတာလားတော့ တိတိကျကျမသိပါဘူး။
ပြီးတော့... လေယာဉ် အရောင်းပြပွဲကိုလည်း နှစ်စဉ် ပြုလုပ်လေ့ရှိတဲ့ လေယာဉ်ကွင်းပါ။ကျနော်ပြောချင်တဲ့ နိုင်ငံတကာကလာတဲ့ လေယာဉ်တွေထဲမှာ အကုန်လုံးက စိတ်ဝင်စားစရာ လေယာဉ်တွေချည်းပဲ။ ခရီးသည် သီးသန့်တင်တဲ့လေယာဉ်၊ ကုန်တွေချည်းပဲ သီးသန့်တင်တဲ့လေယာဉ်နဲ့ VIP ဆိုတဲ့ လေယာဉ်မျိုးတွေပေါ့။ကျနော်ပြောချင်တာ VIP လေယာဉ်တွေထဲက လုပ်ခွင့်မရခဲ့တဲ့ လေယာဉ်နှစ်စီး အကြောင်းနဲ့ သမ္မတ ဦးသိန်းစိန်စီးတဲ့ VIP လေယာဉ် အကြောင်းပါ။ ဒီနေရာမှာ နဲနဲလောက် ရှင်းပြချင်တယ်။VIP အဖြစ်နဲ့ လာတဲ့လေယာဉ်ဆိုတာ ဘယ်လိုလူမျိုးတွေ စီးတာလဲဆိုတာကိုအရင် ပြောပြချင်တယ်။
VIP လေယာဉ်ဆိုတာ..... နိုင်ငံတကာက သမ္မတတွေ၊ သံအမတ်တွေ၊ ဝန်ကြီးချုပ်တွေ၊ အိမ်ရှေ့မင်းသားတွေနဲ့ အရာရှိတွေချည်းပဲလို့ထင်ရင် မပြည့်စုံသေးပါဘူး။ တခြားသော တိုင်းပြည်အသီးသီးက သူဌေးကြီးတွေလည်း နည်းမျိုးစုံနဲ့လာကြပါတယ်။ သူတို့ရဲ့ပိုင်ဆိုင်မှု ငွေကြေးတွေနဲ့ ရွှေတွေကို "စ" လုံးဘဏ်မှာ လုံခြုံမှု အပြည့်အဝ ရှိတဲ့အတွက် လာအပ်ကြတာပါ။ ( ကျနော်တို့ တိုင်းပြည်လည်း အခြေကျပြီးရင် ဖြစ်လာဖို့
မျှော်လင့်မိပါတယ် )တချို့သော ပိုက်ဆံရှိသူတွေကလည်း VIP ခရီးစဉ်အဖြစ်နဲ့ကျန်းမာရေးအတွက်ဆေးလာကုသလို၊ တချို့သောသူတွေ ကျတော့လည်း... CASINO (လောင်းကစားလုပ်ဖို့အတွက်) ကို လာကြတာပါ။ ဒါတင်မကသေးပါဘူး။ ကမ္ဘာကျော် အားကစားသမားတွေနဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေပါVIP လေယာဉ်နဲ့ လာကြတာပါ။ super star တွေချည်းပါပဲ။ဒါပေမယ့်... VIP လေယာဉ်ဆိုပြီး အလွယ်ခေါ်နေပေမယ့်... တိုင်းပြည်ခေါင်းဆောင်တွေရဲ့ VIP ခရီးစဉ်နဲ့တော့ ကွဲပြားတာပေါ့ဗျာ...
အဲ့ဒီမှာ ထူးခြားတာက လူတွေထဲကလူတွေထဲမှာ မပါတဲ့သူတွေလို့ပြောရမလို ဖြစ်နေပြီ။ ဘာလို့လဲဆိုတော့သူတို့ရဲ့ ဂုဏ်အရှိန်အဝါ၊ အောင်မြင်ကျော်ဇောမှုနဲ့ သူတို့ရဲ့ ရာထူးအဆင့်အတန်းတွေက တော်တန်ရုံ ဘယ်လိုနည်းနဲ့မှအနားကပ်လို့ မရနိုင်တဲ့သူတွေလေ။ သူတို့ရဲ့ ဘုန်းတန်ခိုး ကြီးမားပုံကို ပြောပြတာပါ။ဒါနဲ့ စကားမစပ်... ကျနော်တို့ မြန်မာပြည်မှာလည်း "တစ်နေ့တခြား သူ့ဘုန်းကံ မြင့်မားလာကြောင်း" သူ့ကိုယ်သူ ကြွားလုံးထုတ်တဲ့ ဆင်းစီးလိုက်၊ ထီးဖြူဆောင်းပြလိုက်နဲ့ မြောက်ကြွကြွ ဖြစ်နေတဲ့ လူကြီးနဲ့တော့... မိုးနဲ့မြေလောက်ကွာခြားပါတယ်။ ကျနော်ပြောတာ မယုံရင် အဲ့လူကြီးကို ပြည်ပလွှတ်ကြည့်လိုက်ရင်... သိသွားပါလိမ့်မယ်။ (မနာလိုစိတ်နဲ့ ပြောတာမဟုတ်ပါဘူး။ တစ်ခါမှ မကြုံဘူး၊ မကြားဘူးတဲ့ ဘုန်းကံ ကြီးမားသူတွေအကြောင်း ပြောပြတာပါ) သူပြောခဲ့တဲ့ ကျက်သရေမရှိယုံမက တရားဥပဒေကပါ လျစ်လျူရှုခဲ့တဲ့ စကားတစ်ခွန်း မှတ်မိနေပါသေးတယ်။ "သာသနာကို ခု တုံး မ လုပ် ရ ဘူး ဆို လည်း လုပ် သင့် ရင် လုပ် ရ မှာ ပဲ" လို့ ပြောရဲတဲ့ ကြံ့ဖွတ်က ကိုယ်စားလှယ် တစ်ယောက်လည်း ဖြစ်ပါတယ်။ထားလိုက်ပါတော.....Changi Airport မှာ လုပ်နေတဲ့ ကျနော်တို့ မြန်မာတွေရဲ့ စာရိတ္တပိုင်းဆိုင်ရာ ရိုးသားမှုနဲ့ လုပ်ငန်း ကျွမ်းကျင်မှုကလည်း အံ့သြရလောက်အောင် မှတ်ချက်ပေးခံရတာလေ။ ကျနော်တို့မတောင်းဘဲ ပေးခဲ့တဲ့ လေယာဉ်ကွင်း လုံခြုံရေးရဲတွေပေးတဲ့မှတ်ချက်ပေါ့။
Changi လေယာဉ်ကွင်းမှာ မြန်မာလူမျိုးကလွဲရင်... "စ"လုံး၊ မလေး၊ အင်ဒို၊ နီပေါ၊ တရုတ်၊ ဗီယက်နမ် အိန္ဒိယ အစုံပဲ မခိုးဘူးတဲ့ လူမျိုးမရှိဘူး။မခိုးတာ မြန်မာလူမျိုးပဲရှိတယ်။
ဒါဟာလည်း တနည်းအားဖြင့် သူများတိုင်းပြည်မှာ ရောက်နေပေမယ့် ကိုယ့်"အမျိုးဂုဏ်၊ ဇာတိဂုဏ်"ကို စောင့်တာပဲလေ။ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေလို"အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး" ဆိုပြီး ဘုရားစာရွတ်သလိုရွတ်နေခဲ့တာမျိုး မဟုတ်ပါဘူး။ဒီတော့.... VIP ခရီးစဉ်နဲ့ ဘယ်လိုပုဂ္ဂိုလ်ပဲလာလာ... သမ္မတဖြစ်စေ... သံအမတ်ပဲဖြစ်စေ... အိမ်ရှေ့မင်းသားပဲ ဖြစ်စေ... ကျနော်တို့ မြန်မာတွေထဲကပဲ အထူးတာဝန်အဖြစ်နဲ့ တာဝန်ကျခဲ့ပါတယ်။( မြန်မာတွေချည်းပဲ လုပ်ရတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး) ဒီလို အရေးပါ အရာရောက်တဲ့ ပုဂ္ဂိုလ်တွေ စီးတဲ့လေယာဉ်က အမှားမခံနိုင်တဲ့ အတွက်ကြောင့် အလုပ်လုပ်တာ သေချာပြီး အင်္ဂလိပ်လိုအပြောလည်း အဆင်ပြေတဲ့ မြန်မာလူမျိုးတွေကို ထည့်တာပါလို့ senior တွေက ပြောခဲ့တာပါ။အဲဒါကြောင့် ကျနော်တို့အလုပ်နဲ့ ပါတ်သက် ဆက်နွယ်မှုရှိလို့ ထိပ်သီးပုဂ္ဂိုလ်တွေနားကို အနီးနားထိ ကပ်ခွင့်ရခဲ့တာပါ။ ကျနော်တို့က မိုးပျံအောင်လည်း မတော်သလို... အရာရောက်ခဲ့တဲ့ သူတွေလည်း မဟုတ်တဲ့အကြောင်း ရိုးသားစွာ ပြောရပါတယ်။ ကိုယ့်တိုင်းပြည်မှာ အလုပ်အကိုင် အခွင့်ရေး ရှားပါးလို့ ပြည်ပမှာ လာအလုပ်လုပ်ရပါတယ်။ကျနော်တစ်ခု စဉ်းစားမိဖူးပါတယ်။ Changi Airport မှာ နိုင်ငံခြားသားအဖြစ်နဲ့ အလုပ်လုပ်နေတဲ့ ကျနော်တို့ မြန်မာတွေက နိုင်ငံတကာက လာဖူးတဲ့ သမ္မတတို့၊ သံအမတ်တို့ အစရှိသဖြင့် VIP လေယာဉ်တွေမှာ အနားကပ်ရုံတင်မကဘဲ လိုအပ်ရင် လိုအပ်သလို သူတို့နားနေခန်းထိ အစစ်ဆေးမခံရဘဲ ယုံကြည်စွာ ဝင်ထွက်ခွင့် ရခဲ့ဖူးပါတယ်။ ( မည်သူမဆို ဖိနပ်ချွတ် တက်ရပါတယ်။ ကျနော်တို့ safety shoe တွေက ညစ်ပတ်ဟန်ရှိလို့ တူပါတယ်။ )တစ်ခုထူးခြားတာကဘယ်တိုင်းပြည်က လာသလဲလို့ အမေးခံရတဲ့အခါ.... မြန်မာလို့ ပြန်ဖြေပြီးရင်... မြန်မာကို သိထားတဲ့ သူအချို့က တဆက်တည်း "အောင် ဆန်း စု ကြည်" လို့ အသံဝဲဝဲလေး အားရဝမ်းသာ နှုတ်ဆက်ခံရလို့ ဝမ်းသာအားရ ကျေနပ်ခဲ့ရပါတယ်။( လာသမျှ သူတွေထဲမှာ မြန်မာနိုင်ငံကို မသိတဲ့သူတွေလည်းမကြာခဏ တွေ့ရလေ့ ရှိခဲ့ပါတယ် )။
ုပြီးတော့... သူတို့ရဲ့ အဆင့်အတန်းကို မြင်တွေ့ရတာပါပဲ။ ကျေးဇူးတင်စကားကို ယဉ်ကျေးပျူငှာစွာ ပြောတတ်ကြပါတယ်။ဒါက တခြားတိုင်းပြည်က VIP ဆိုတဲ့ သူတွေရဲ့ ဆက်ဆံတဲ့ အနေအထားကို ပြောပြတာပါ။ အထူးခြားဆုံးကတော့ လူတိုင်းအပေါ်မှာတပြေးညီဆက်ဆံတဲ့အမူအကျင့်က သူတို့အားလုံး သွားတူနေတာပါပဲ။SG ကို သမ္မတ ဦးသိန်းစိန် နှစ်ခါလာတာ ကြုံဖူးပါတယ်။ ကျနော်နဲ့က ဘယ်လိုရေစက်လည်းတော့ မသိဘူး။ နှစ်ခါလုံး သူစီးလာတဲ့ လေယာဉ်မှာ တာဝန်ချထားခြင်းခံရပါတယ်။ ဒီနေရာမှာ တစ်ခုလောက် ထည့်ပြောချင်တယ်။ VIP လာရင် ဘယ်ပုဂ္ဂိုလ်လာမယ်ဆိုတာ ကြိုပြောလေ့ မရှိခဲ့ပါဘူး။ လုံခြုံရေးအရ ဖြစ်ဟန်တူပါတယ်။Parking Bay ရောက်မှ သိရလေ့ရှိခဲ့တာပါ။အဲဒါကြောင့်... သမ္မတဦးသိန်းစိန် လာမယ်ဆိုတာလည်း မသိခဲ့ရဘူး။ ဒါပေမယ့်... သူလာရင် ထူးခြားလေ့ ရှိပါတယ်။ အဲဒါ... ဘာလဲဆိုရင် တာဝန်ကျ လုံခြုံရေးရဲက ရေကုန်ရေခမ်း လူမြင်မကောင်းအောင် တစ်ကိုယ်လုံးကိုရှာဖွေခံရတော့တာပါပဲ။ ဒီနေရာမှာ သမ္မတလုံခြုံရေး ဒီလောက်တော့ ရှိမှာပေါ့လို့ ပြောခဲ့ရင်လည်း "စ"လုံးကကျနော်တို့ senior တွ ပြောသလို ပြောလိုက်ရမှာပဲ။ ဒါက Singapore တဲ့။ တခြားနိုင်ငံက သမ္မတက no problem တဲ့။ မင်းတို့ သမ္မတက problem တဲ့။ မင်းတို့ သမ္မတက မင်းတို့ကို မယုံဘူးတဲ့လေ။ ပြီးတော့ ဆက်ပြောလိုက်သေးတယ်။
မင်းတို့သမ္မတက စီးပွါးရေးလုပ်တဲ့ ခေတ်သစ် "မာကိုပိုလို" လားတဲ့။ သူလာရင် လက်ဆောင်တွေက အများကြီး ပါလာနေကျတဲ့လေ။ Flight တစ်စီးလုံး no space ဆိုပဲ။ တခြားနိုင်ငံက သမ္မတတွေလာရင် ဘာမှမပါဘူးတဲ့လေ။ "စ"လုံးက လူတွေပေးတဲ့ သမ္မတ ဦးသိန်းစိန်အတွက် ဂုဏ်ပုဒ်ပေါ့နော်။ သနားပါတယ်... ဦးလေးသိန်းစိန်အတွက် ( ဆရာဦးလွဏ်းဆွေ လေသံကို ခဏငှားသုံးသည်။ )အာ့လည်း သမ္မတ ဦးသိန်းစိန် မသိတာပဲ ကောင်းပါတယ်။ သိရင်လည်း ထုံးစံအတိုင်း မျက်နှာပြောင်တိုက်မှာ ကျိန်းသေပဲ။ ဘယ်သူ ဘာပြောပြော သူနားမလည်ဘူးလေ။ထုံးစံအတိုင်း ခေါင်းလေး ငြိမ့်ပြီး သူရီပြနေကျလေ။သူများပြောတဲ့ သူ့အကြောင်း သူပြန်မကြားဘူးဆိုတော့... နေရထိုင်ရ သက်သာသွားမှာပေါ့။ ပြောတဲ့သူကလည်း လွယ်လွယ်ကူကူပြော.... မကြားတဲ့သူကလည်းမကြားလို့ သက်သာသွားခဲ့ပေမယ့်... အားလုံးကို ကြားသိလိုက်ရတဲ့ကျနော်တို့ကတော့အထူးစိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းရတယ်လေ။"မင်းတို့ သမ္မတ မင်းတို့ကို မယုံဘူးတဲ့...."။ လုပ်ဖော်ကိုင်ဘက်ချင်း တီးတိုးပြောတာဆိုပေမယ့်... အရှက်ကွဲပြီး ဖီးလ်ငုပ်တာပေါ့ဗျာ...။ ဒါပေမယ့်... နေသားကျနေတဲ့ ကျနော်တို့ ဘာမှပြန်မပြောဖြစ်ခဲ့ပါဘူး။ ပြောမိရင်လည်း သူတို့ကတော့ ပြင်မှာမဟုတ်ဘူး။ ကိုယ်ကတော့ ထောင်ထဲရောက်မှာကျိန်းသေသလောက်ပဲ။ အကြည်ညိုပျက်စေမှုဆိုပြီး ခေါင်းစဉ်တက် ခံရမယ်လေ။လူအများက သမ္မတ ခရီးစဉ်ကို ခရီးစဉ် အဖြစ်နဲ့သာ သိထားခဲ့ကြပေမယ့်... သူပါတ်သက်ခဲ့တဲ့ပတ်ဝန်းကျင်ရဲ့ အသံတွေနဲ့ သဘောထားတွေကို လူတွေက မသိလိုက်တာတွေ အများကြီး ရှိခဲ့ကြတယ်ဟလား။ အာ့ကြောင့် ဒီအကြောင်းလေးကို ရေးမိတာပါ။
အစကတော့... ငါစင်္ကာပူလူမျိုးကွလို့ ပြောပြီး မာန်တက်နေတဲ့သူတွေ complain ထိမှာကြောက်ပြီးပြာယာခက်နေတာကိုမြင်ရတော့ စိတ်ထဲမှာကြိတ်ပြီး ဝမ်းသာနေခဲ့ပေမယ့်... သမ္မတချင်း တန်းကိုကြည့်ပြန်တော့ ငါတို့ သမ္မတက သူများမလေးစားတဲ့အပြင် အပြောခံ၊ ကဲ့ရဲ့ခံ သမ္မတအဖြစ်နဲ့ ဝဋ်ကြွေးပဲ ပါလေရောသလားလို့တွေးပြီး မြန်မာသမ္မတ တစ်ယောက်ရဲ့ အဖြစ်ကို သနားမိတော့တယ်။
ပြီးတော့..... ကျနော်တို့ မလုပ်လိုက်ရတဲ့ VIP လေယာဉ်နှစ်စီး ဆိုတာကလည်း အိုဘားမား လာတုန်းက တစ်ခါနဲ့ အမေစုလာတုန်းက တစ်ခါပေါ့။ အိုဘားမားကို စိတ်မဝင်စားပေမယ့် အမေစုလာတုန်းက အဲ့လေယာဉ်ကို လုပ်ချင်လွန်းလို့ တာဝန်ရယူချင်လို့ သွားတောင်းတာတောင် မရခဲ့ဘူး။ ရုံးထဲက senior တွေကိုယ်တိုင်ထွက်ကြိုချင်ကြတယ်လေ။သူတို့တွေလည်း အမေစုလာတဲ့ VIP ခရီးစဉ်မှာ လုပ်ချင်လွန်းလို့ ပြာယာခက်ပြီး စိတ်လှုပ်ရှားနေတဲ့ သူတို့အဖြစ်။ ကျနော်တို့ကလည်းလုပ်ချင်လွန်းလို့ သူ့ထက်ငါ ဦးရလေအောင် စိတ်လှုပ်ရှားနေရတာလည်း ကျနော်တို့အဖြစ်။ ပြီးတော့... VIP ခရီးစဉ်ဆိုတာ လုံးဝအမှားမခံဘူး။ complain ထိရင် service လုပ်တဲ့ သူတွေပါမကဘဲ အဲ့တာဝန်ကိုချပေးတဲ့ Senior ကအစ ဖြေရှင်းပြီး တာဝန်ယူပေးရတာ။ အများသောအားဖြင့် အလုပ်ပြုတ်တာမျိုးလေ။ အဲဒါကြောင့် တာဝန်ကြီးတယ်ပေါ့ဗျာ.....။ တချို့လေယာဉ်တွေမှာဆို VIP က ပြသနာ မရှာပေမယ့် Pilot က ပြသနာရှာတာမျိုးခံရတယ်လေ။ ဒါက Ramp Service လုပ်တဲ့ Changi လေယာဉ်ကွင်းထဲက ဘယ်သူမှ မသိတဲ့ ကျနော်တို့တွေရဲ့ အဖြစ်ပါ။ဘယ်နိုင်ငံက လာတဲ့လေယာဉ် ဖြစ်ပါစေ... ကျနော်တို့နဲ့ လွှဲထားပြီး... ကျနော်တို့ လူထုခေါင်းဆောင်လာမှ ကျနော်တို့ လုပ်ခွင့်မရတာ ဘာကြောင့်ဘာလဲလို့ Senior တွေကို မကျေမနပ်နဲ့ မေးကြည့်တော့..... သူတို့ အပြောကို သဘောကျမိတယ်။
မင်းတို့ ခေါင်းဆောင်က မင်းတို့ပြန်ရင်မင်းတို့တိုင်းပြည်မှာ အချိန်မရွေး တွေ့လို့ရတဲ့အကြောင်း၊ သူတို့က အခု အမေစုလာတုန်းပဲ မြင်တွေ့ခွင့်ရှိကြောင်းနဲ့နိုဗယ်ဆုရှင်ဖြစ်ကြောင်း.... သူ့ရဲ့အဖေဟာလည်းလွပ်လပ်ရေးယူပေးခဲ့တဲ့(ဗိုလ်ချုပ်အောင်ဆန်း) ဆိုတဲ့ လွပ်လပ်ရေး ဖခင်ကြီးဖြစ်ကြောင်း၊ နိုင်ငံတကာက ပေးတဲ့ဆုတွေအများကြီး ရထားတဲ့သူတစ်ယောက်ဖြစ်ကြောင်းနဲ့ လေးစားရလွန်းလို့ သူတို့လည်း တွေ့ပါရစေဆိုပြီး အားရပါးရပြောတာလေးကို ကြားရတာ ဂုဏ်ရှိလိုက်တာ။
ဒါတင်မကသေးဘဲ သူတို့ရဲ့ "ပါရစေ"ဆိုတဲ့ အသုံးအနှုန်းလေးကို ပိုပြီးကျေနပ်မိတာပါ။ဖြစ်များဖြစ်နိုင်ရင်.... သူတို့ပြောတဲ့ သူတို့ရဲ့ ရင်ခုန်သံ အမေစုအကြောင်းနဲ့ သမ္မတ ဦးသိန်းစိန်အကြောင်း ဘယ်လောက်ကွာခြားလည်းဆိုတာ ကြားစေချင်လိုက်တာ။ ကျနော်တို့ မလုပ်ရတဲ့ လေယာဉ်နှစ်စီးကလည်း အဲ့နှစ်စီး။ အရာရှိတွေကိုယ်တိုင် ထွက်ကြိုတဲ့ လေယာဉ်နှစ်စီးကလည်း အဲ့နှစ်စီးပဲ ရှိခဲ့တယ်။ အဲဒါ Changi Airport မှာလာတဲ့ အထူးခြားဆုံးနဲ့အရေးပါဆုံး အရေးပေးခံရဆုံး လူနှစ်ယောက်ရဲ့ အကြောင်းနဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ တင့်တယ်ပုံချင်းကွာခြားချက်ကို နိုင်ငံခြားသားတွေရဲ့ မတူကွဲပြားသော အမြင်ကို ကိုယ်တွေ့ ကြုံခဲ့သမျှ ပြန်လည် မျှဝေခြင်းပါ။
Credit > Naung Naung Thu

ကိုကိုကြီး....ရဲ့  ....လက်

မိုင်းဆတ်အကျဉ်းထောင်ထဲမှာ ရေးခဲ့တဲ့ " လက် " ဝတ္ထုတို လေး နဲ့ ညီလေးရဲ့ ရွှေရတုမွေးနေ့ အမှတ်တရ ဂုဏ်ပြုလိုက်ပါတယ် ။
လက်
“ကိုကိုကြီး အဘ ဦးအောင်ထွန်း ဧည့်တွေ့ပြင်ထားမယ်””
““ဟေ့ကောင်၊ အဲဒါ ငါ့ညီကွ။ မင်းကတော့ လုပ်ထည့် လိုက်ပြန်ပြီ””
ဧရာဝတီ အနောက်ဘက်ကမ်းက " မြင်းခေါင်းတံဆိပ်နဲ့ မြို့ကလေး "မှာ ၊ မြို့ကလည်း ကျွန်တော့်ကိုမသိ ၊ ကျွန်တော်က လည်း မြို့ကိုမသိနဲ့ ဆယ်မိုးဆယ်နွေတောင်စွန်းခဲ့တဲ့ ကာလ တစ်ခု။ ဒီဝန်ထမ်းလေးတွေပဲ အပြန်အလှန် အဖော်ပြုခဲ့ရ တော့ ပြောမနာ ဆိုမနာ။ ခုလည်း ကျွန်တော့်ကို လာတွေ့ နေကျ ညီလေးနဲ့ပါ ခင်နေတော့ နာမည်ကို ရင်းနှီးနေတာ ပေါ့။ စာရွက်ကိုင်ပြီး ဖတ်လိုက်တော့ တွေ့လိုသူနဲ့အဘ အမည် မှားဖတ်လိုက်တာ ။
““ဆောရီး ၊ ဆောရီး အစ်ကိုရေ ။ မှားတဲ့အခါလည်း မှားပေမပေါ့ ဟဲ ဟဲ ဟဲ ဟဲ””
ဟုတ်တော့လည်း ဟုတ်သလိုလို ။ ဟုတ်တော့လည်း ဟုတ်သလိုလို ။ ကိုယ့် ကို ကိုယ်တော့ “အစ်ကိုအကြီးအဘအရာ” ဆိုတဲ့ မာန်က ဘယ်တော့မှမချ ။ တွေ့လိုက်လို့ စိတ်တိုင်းမကျ ရင် ဆူချင် ငေါက်ချင်သေးတာ ။ တကယ်က ဖေဖေရော မေမေပါ မရှိတော့တဲ့အချိန်ကစလို့ အစ်ကိုအကြီးအနေနဲ့ အဘအရာကနေ အုပ်ထိန်းစောင့်ရှောက်ခဲ့ရတာ ၊ ထောက်ပံ့ ကူညီခဲ့ရတာ ၊ ဘာဆိုဘာမှမရှိ ။ တစ်ခုမှမရှိ နတ်္ထိ ။ ညီလေးက သာ တစ်လျှောက်လုံး။
ကျွန်တော် တစ်ဦးတည်းသောသားသာ ဖြစ်ခဲ့လျှင် ......။

$$$$$$$$$$$$$$$$
““ဟင့်အင်း ၊ ဟင့်အင်း ဖြစ်နိုင်ရင် နောက် တစ်ယောက်လောက်တော့လိုချင်သေးတယ် ။
ဒီအတိုင်းဆို သားကြီးတစ်ယောက်တည်းအဖော်မရှိဘဲနေမှာ””
ဖေဖေရော ၊ မေမေ့ မောင်နှမတွေပါ ဆရာဝန်တွေနဲ့ တိုင်ပင်ကြ ၊ဆွေးနွေးကြပေါ့ ။ မေမေကနှလုံးသွေးကြောကျဉ်းတဲ့ရောဂါ ။ မောမောနေတာ ။ ခွဲစိတ်ကုသဖို့ စဉ်းစားနေ ကြတဲ့ကြားထဲ ကလေးယူဖို့ဆိုတာက စွန့်စွန့် စားစားကိစ္စ ။ ဓာတ်မှန်ရိုက် ၊ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ အထပ်ထပ်
လုပ်ပြီးမှ မေမေ့ဆန္ဒကို တထိတ်ထိတ်နဲ့ လိုက်လျော ခဲ့ကြရတာ ။ စကားနည်းတဲ့ ညီလေး တစ် ယောက်ကတော့ ကျွန်တော်တို့မိသားစုထဲ ၀င်ခွင့်ရဖို့ မနီးမဝေးကနေ တိတ်တိတ်ဆိတ်ဆိတ် ဗီဇာစောင့်နေလေသလားမသိ ။
လမ်းလျှောက်နိုင်နေပြီ ဆိုပေမဲ့ ကျွန် တော်က မေမေ့ကို ဆိုးနေကြ ၊ ချွဲနေကြ ။
လမ်းဆင်းလျှောက်ပါလား ကွယ် ။ ဗိုက်ထဲက ညီလေးကို သနားပါတယ် နော် ။ မေမေလည်း အကြာ
ကြီး ဘယ်ချီနိုင်မလဲ ။ အောက်ဆင်းလျှောက်နော် သားက လိမ္မာပါတယ်””
ယောက်ျားလေး ၊ မိန်းကလေး မသိ သေးပေမဲ့ မေမေ့စိတ်ကသားယောက်ျား လေးပဲ စွဲနေတယ်ထင်ပါရဲ့။ ကျွန်တော်က လည်း မေမေ့ဗိုက်ကို နားနဲ့ကပ်ပြီး မမြင်ရ သေးတဲ့ ညီလေးအသံကို နားထောင်ကြည့် သေးတယ် ။
““မေမေ ညီလေးက အိပ်နေလား မသိဘူးနော်။ ဘာမှမကြားရဘူး””
မေမေက ကျွန်တော့်ခေါင်းကို အသာ ပွတ်သပ်နေရင်း ---
““အေး ...အေး ၊ ညီလေးနိုးတဲ့အခါ ကျ သားကိုပြောမယ် ။ အခုတော့ ညီလေး အိပ်ပါစေ သားရယ် နော်””
$$$$$$$$$$$$$$$$$
အိပ်နေလိုက်တာ ၊ ဖလ်အုပ်ဆောင်း တစ်ခုထဲမှာ နှာခေါင်းမှာရော၊ လက်တွေမှာ ပါ ပိုက်တွေတန်းလန်းနဲ့ ကလေးနီတာရဲ လေး ။““အဲဒါ သားညီလေး””တဲ့ ။ လေးနှစ် သားအရွယ်က မှတ်ဉာဏ်ထဲမှာဝိုးတ၀ါး ။ မေမေက အိပ်ရာထက်ကနေ သူ့သားငယ် ကို တမေးတည်းမေးနေလို့ ခဏယူလာပြီး ပြတာ ။ ပြီးတော့ ဖလ်အုပ်ဆောင်းလေးထဲ ပြန်ထည့် ။ နှလုံးရောဂါသည် ပုပုသေးသေး ။ မေမေ့ရဲ့ မိခင်
မေတ္တာ ၊ မေမေ့ရဲ့သတ်္တိ ၊ အဲဒါ ညီလေးရဲ့ ဇာတိအစပေါ့ ။
တကယ်တော့ ညီလေးက လာခြင်း ကောင်းသော ညီလေးပါ။ညီလေးက အလုံသား ။ ဖေဖေက ရုံးနဲ့နီးအောင် အလုံမြောင်းကြီးလမ်းမှာ အိမ်ငှားနေတာ ။ ကိုယ်ဝန်အရင့် အမာကြီးနဲ့ မေမေက ဟိုနား ဒီနား လမ်း လျှောက်ရင်း ထမနဲကျွေးနေတဲ့ အိမ်တစ် အိမ်နားရောက်တော့ ““စားချင်လိုက်တာလေ ၊ အိမ်အ၀နားထိ ၀င်သွားလိုက်မိတာ ကိုယ့် ဘာသာကိုယ်တောင် သတိမထားလိုက်မိ ဘူး ။ ရှက်လိုက်တာ ဟဲ.. ဟဲ .. ထည့်ပါ ဟဲ့ ၊ ဗိုက်ကြီးသည်ကို ကျွေးပါ ။ စား ...စား ၀အောင်စား ဆိုပြီး အတင်းခေါ်ကျွေးလို့ တော်တော့်ကို စားပစ်လိုက်တယ်””တဲ့ ။ မေမေ ပြန်ပြောပြတာ ။ “သက်သတ်လွတ် ထမနဲမှ ချင်ခြင်းတပ်ခဲ့တဲ့ ညီလေး” ။ အဲဒီရက်ပိုင်းပဲ ဗိုက်နာတယ်ဆိုတော့ အိမ်ရှင်ထောင်ထားတဲ့ သုံးဘီးကားက ရေကန်အသင့် ၊ ကြာအသင့် ။ ညကြီးမင်းကြီး ချက်ချင်းလိုက်ပို့ ဆေးရုံတင် ။ တစ်ညပဲဗိုက်နာရတယ် ။တန်းပြီးမွေးတာပဲ ။ မေမေ ဘာမှသိပ်မပင်ပန်းလိုက်ဘူး ။ ပင်ပန်းတာက ညီလေး ။မအေရဲ့ ၀မ်းကြာတိုက်ထဲကနေ ဖလ်အုပ်ဆောင်းထဲမှာဆိုတော့ ပဋိသနေ်္ဓ နှစ်ထပ်ကွမ်း ။ ဆေးရုံသွား တိုင်းမေမေ့ဆီ အရင်ဝင်တွေ့၊ ပြီးရင် ညီလေး ကိုသွားကြည့် ကြ ။ တစ်ခါတလေ ဖလ်အုပ်ဆောင်းထဲက နေ ညီလေးက လက်ကလေး တလှုပ်လှုပ်နဲ့ ။
$$$$$$$$$$$$$$$$$$

လေဆိပ်ကြိုပို့ ကားပေါ် တက်ခါနီး လက်ကလေး လှုပ်ယမ်းပြီးနှုတ်ဆက်နေတဲ့ ညီလေးကို လေဆိပ်ခန်းမဆောင်အပေါ်ထပ်ကနေ မိသားစုနဲ့အတူ နှုတ်ဆက်နေရင်း ၀မ်းနည်းသလိုလို ဖြစ်လာမိတယ် ။ ညီလေး စီးရမယ့်လေယာဉ်က ကွင်းလယ်မှာ ။ လေ ယာဉ်ပေါ် တက်ခါနီး လှေကားထိပ်ကနေ တစ်ခါရပ်ပြီး နှုတ်ဆက်နေသေးတယ် ။ မျက် တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း လေယာဉ်ကွင်းကို ပတ်အရှိန်ယူနေတာကို လိုက် ကြည့်နေဆဲ ။ ရှေ့ဘီး မြောက်ခနဲ မြေကအကြွ မှာ လှိုက်တက်လာတဲ့ ခံစားမှုကို မထိန်းနိုင်တော့ ။ ပီဘိ ကလေးတစ်ယောက်လို ရှိုက် ရှိုက်ပြီး ငိုလိုက်မိတာ ဘေးဘီကိုတောင်
မကြည့်တော့ဘူး။
တကယ်က အိမ်မှာညီလေးက ကလေးပဲ ။ စွာ စွာ စွာ စွာ အသံတစာစာက ကျွန်တော် ။ ညီလေးက ရှိလို့ရှိမှန်းတောင် မသိရဘူး ။အသံကို မထွက်ဘူး ။ သူလုပ်ချင် ရာ တစ်ခုခုကို လုပ်နေတာ ။ လမ်းသွားရင် လည်း လမ်းဘေးကအပင်လေးတွေ ၊ အရွက် တွေ ခူးပြီးနမ်းကြည့် ၊ ပြီးရင် အဲဒါဘာပင် ၊ ဘာရောဂါအတွက် ကောင်းတယ်ဆိုတာမျိုး ၊ အကောင်ဘလောင်လေးတွေကို ထိုင်ပြီး ကြည့်ရင်လည်း ကြည့်နေတတ်တာ ။ သူ့ ၀ါသနာက တစ်မျိုး ။ ဘဘကဆို ““ဟိုကောင်ပျောက်နေပြန်ပြီ။ ဘာမဟုတ်တာ လုပ်နေ ပြန်ပြီလဲ ၊ သွားကြည့်စမ်း”” လို့ ကျွန်တော့်ကို ခိုင်းတတ်တယ် ။ ဘယ်သူ့မှတော့ အနှောင့် အယှက်မပေးဘူး ။ ထင်မိထင်ရာ လုပ်နေ တတ်တာ ။ တစ်ခါတော့ အသံမကြား ဘာ မကြား ညီလေးပျောက်နေပြန်ရော ၊ လိုက်ရှာ တော့ လားလား တချွတ်ချွတ်အသံလေး ကြားတော့မှ တွေ့ပြီ ကိုယ်တော်
ချော ။
မီးဖိုချောင် ခေါင်မိုးကနေ တွဲလောင်း ကပ်ရိုက်ထားတဲ့ ကျပ်ခိုးစင် ။ ထိုင်လို့မှမရ တာ ။ အိုးခွက်အပိုပစ်္စည်းတွေ တင်ထားတဲ့ နေရာ ။အဲဒါ သူ့တစ်ကိုယ်စာ တွန်းရွှေ့ပြီး ခွေခွေလေး ။ ကြံဖန်ပြီးတက်နေတယ် ။ ကြံဖန်ပြီးတက်နေတယ် ၊ ထန်းလျက်တစ်ဖက် ၊ ဘဘ ပုလင်းထဲက နှိုက်သွားတာ ။ တစ်ခါလည်း ဆားတစ်ဆုပ်နဲ့ ခြံထောင့်က မန်ကျည်းပင် ပေါ်မှာ ။ မာလကာပင်ခွကြားထိုင်ပြီး တခွမ်း ခွမ်း ကိုက်စားနေတာတွေက ရှိသေးရဲ့။
ဒီထက်ငယ်တဲ့အရွယ်တုန်းက အကြောင်း ဆို အဘွားက ပြန်ပြောပြဖူးတယ် ။ ညီလေးက ရမ်း
တမ်းရမ်းတမ်း လမ်းစလျှောက်တဲ့ အရွယ် ကျွန်တော်က ကျောင်းနေခါစ စာ ကြည့်ဖို့လုပ်ပေးထားတဲ့ စားပွဲစောင်းလေး ရှိတယ် ။ တင်ပလ်္လင်ခွေထိုင်ပြီး အဲဒီစားပွဲပေါ် စာအုပ်တင်ဖတ်ရတာ ။ “အ အာ အိ အီ အု အူ အေ အဲ အော့ အော် အံအား” ညီလေး က ပျင်းမှာပေါ့ ။ ကစားဖို့ အဖော်မှမရှိတာ ။ အဲဒီတော့ကျွန်တော့်ကို လိုက်ဆွဲ ၊ စာအုပ် လှမ်းဆွဲနဲ့ စာကြည့်လို့မရတော့ဘူး ။အဲဒါနဲ့ ကျွန်တော်ရော စားပွဲစောင်းလေးပါ စာရေး စားပွဲအမြင့်ပေါ်ကိုတင်ထားရတယ် ။ အဲဒါ သူ့အားလေးနဲ့ တွေ့ကရာတွေ ကောက်ပြီးကျွန်တော့်ကို လှမ်းလှမ်းပစ်တော့တာဆိုပဲ ။
တစ်အိမ်လုံးမှာအငယ်ဆုံးဆိုပြီး ကလေးလိုထားကြ ၊ ချစ်ကြတဲ့ညီလေးအကြောင်း တွေက ခေါင်းထဲမှာ အစီအရီ ။
ပြီးတော့ ဟိုးငယ်ငယ်လေးကတည်းက ညီအစ်ကိုနှစ်ယောက်တစ်အိပ်ရာတည်း ။ အိပ်ရာဝင်ခါနီးဆိုခွလိုက် ၊ ညှစ်လိုက် ၊ ဖြစ်လိုက်နဲ့ ဆော့နေခဲ့ကြတာ ။ အမိမြေပေါ်မှာ တောင် ရပ်ဝေးမသွားဖူးတဲ့ညီလေး ။ ပင် လယ်ရပ်ခြား ခွဲရပြီဆိုတော့ ရင်ထဲမှာ တင်း ကျပ်ဆို့နင့်လာတာ အမှန် ။
ပင် လယ်ရပ်ခြား ခွဲရပြီဆိုတော့ ရင်ထဲမှာ တင်း ကျပ်ဆို့နင့်လာတာ အမှန် ။ “အစ်ကိုကြီးအဘအရာ” မဟုတ်လား ။ ညီလေးက ပညာရေးကလည်း တိုးလိုးတန်းလန်း ၊ တတိယနှစ်ပဲ ရှိသေးတာ ။ ကျွန်တော်က လျှပ်စစ်အင်ဂျင်နီယာ ဒီပလိုမာအောင်ပြီးလို့ တက္ကသိုလ်ဆက်တက်တာ ။ တကယ်ဆို အလုပ်ဝင်သင့်နေပြီပဲ ။ ဒါပေမဲ့ မိသားစုမှာ ကျွန်တော်က ဉာဏ်ကောင်းတယ် ။ စာတော် တယ်ဆိုပြီး အရမ်းမျှော်လင့်ထားတာ ဆို တော့ ကျွန်တော့်ကို မထွက်စေချင် ။ တက် နေတဲ့မေဂျာကလည်း တက္ကသိုလ်မှာ ပထမ ဆုံး စဖွင့်တဲ့အသုတ် ၊ ၀င်ခွင့်အမှတ်ကလည်း မြင့် ၊ အလားအလာလည်း အများကြီးရှိတယ်ပေါ့ ။ညီလေးကရိုးရိုးမေဂျာ ။ ပြန်လာမှတက် လည်းရတာပဲ ။ ဒီအခွင့်အရေးက မိသားစု အတွက်လည်း တကယ့်ကို မက်စရာ ။ အဲဒါ နဲ့ ညီလေးတစ်ယောက် သူ့ပညာရေးကို တစ်ခန်းရပ်ပြီး ရေခြားမြေခြား စီးပွားရှာ သွားရမှာ ။ ဖေဖေတို့ ကုမ္ပဏီရဲ့ အစီအစဉ်နဲ့ လွှတ်လိုက်တဲ့ သက်တူရွယ်တူ လူငယ်တွေ က အသိုင်းအ၀ိုင်းကြီးကြီးက သားသမီးတွေ ။ညီလေးကတော့စကားသာနည်းတာ မိသားစုဘ၀ကို နားလည်
ပြီးသား ။
အဲဒီအချိန် ဒီမှာခေတ်အစားဆုံး 'တိုယိုတာအက်စ်အီး ' ကားတစ်စီးကို ဂျပန်ရောက်ပြီးရှစ်လအကြာမှာ ၀ယ်ပို့လိုက်တော့ ၀ိုင်းပြီးချီးကျူး လိုက်ကြတာ ။ မိသားစုကတော့ ညီလေး အတွက် စိုးရိမ်သွားတယ် ။ သုံးသင့်တာလည်းသုံး ၊ အာဟာရဖြစ်အောင်လည်း စားဖို့ လှမ်း မှာရ ၊ ပြောရ ။ သိပ်မကြာဘူး မသွားခင်က အစာအိမ်ပေါက်လို့ ဗိုက်ခွဲထားရတာက ပြန် နာလာလို့ ဟိုမှာ အစာအိမ်ထဲပိုက်ထည့်ပြီး အတွင်း
ချုပ်ရိုးတွေပါ ပြန်စစ်ရ၊ ကြည့်ရ တယ်ဆိုတော့ အားလုံး ထိတ်ထိတ်ပျာပျာ ။ တော်ပါသေးရဲ့ နည်းနည်းနာပြီး ပုံမှန်ဆက်လုပ်လို့ရတယ်ဆိုလို့ ။
ညီလေးက အဲဒီလို မိသားစုအတွက် အနစ်နာခံနေတဲ့အချိန်မှာ မိသားစုကသိပ် အားထား
မျှော်လင့်ထားတဲ့ ကျွန်တော်ကတော့ “သန်းလေးဆယ်အတွက် ထွန်ယက်ရမယ်” ဆိုပြီး ထွက်သွားလိုက်တာ ။
$$$$$$$$$$$$$$$$$

ရုံးခန်းစားပွဲမှာထိုင်နေတဲ့ ညီလေးကို တွေ့လိုက်တော့ အံ့အားသင့်သွားတယ် ။ တာဝန်ရှိသူက
ခပ်ပြုံးပြုံးနဲ့ပေါ့ ။
““ကဲ.. ...ဒီနေ့တော့ ခင်ဗျားလည်း မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ပြန်ဆုံပြီပေါ့ဗျာ ။ အခက်အခဲရှိတဲ့အခါ၊ အကူအညီလိုတဲ့အခါ လည်း ပြောပါ။ ကျွန်တော် တက်နိုင်တာ ကူညီဖို့အသင့်ပါပဲ”” လို့ ပြော
ပြောဆိုဆို လက်ဆွဲနှုတ်ဆက်အပြီး အပြင်ရောက်တော့ ကျွန်တော် မအောင့်နိုင်ဘူး ။
““ညီလေးက ဘယ်လိုကဘယ်လို””
““မသိပါဘူး ကိုကိုရာ ၊ မိသားစုတစ်ယောက် လိုက်ခဲ့ပါဆိုပြီး မြို့နယ်ကတစ်ဆင့် လာခေါ်တော့ အိမ်မှာ ဖေဖေရော မေမေ ပါမရှိဘူး ။ ညီလေးပဲရှိတော့ လိုက်ခဲ့မယ်ဆို ပြီး ကမန်းကတန်း လိုက်လာတာ””
ကျွန်တော် ဟက်ခနဲ ရယ်လိုက်ရင်း ---
““သြော် လက်စသတ်တော့ ညီလေးက အုပ်ထိန်းသူကိုး”” လို့ပြောပြီး ညီအစ်ကိုနှစ် ယောက်
ပြိုင်တူရယ်လိုက်မိကြတယ် ။
ကျွန်တော် အိမ်မကပ်တော့တဲ့အချိန် ညီလေးလည်း ဒီကအသံဗလံတွေကြားတော့ ဟိုမှာဆက်
နေရင် ရမယ့်အခွင့်အလမ်းတွေအားလုံးစွန့်လွှတ်ပြီး ပြန်လာတာ ။
ညီလေးရှာဖွေလာခဲ့သမျှထဲက ကျွန် တော်က တစ်ခေါက်တစ်ခေါက် သွားသွား တောင်းလည်း
ဘယ်တော့မှ မညည်းရှာဘူး ။ အဲဒီလိုနဲ့ လာမတောင်းတော့ဘဲ ပျောက် သွားလိုက်တာ အခု ပြန်ဆုံ
တော့ညီအစ်ကို နှစ်ယောက် ၀မ်းသာအားရပါပဲ ။
နောက်တစ်ခေါက် “ခဏ”ကတော့ မှတ်မှတ်ရရပါ ။ ဖေဖေလည်းမရှိရှာတော့ ။ အဲဒီ “ခဏ”ပထမတစ်နှစ်အတွင်းမှာပဲ မေမေ လည်းဆုံး ။ အဲဒီ “ခဏ”တစ်လျှောက်လုံး လည်း ညီလေးက မပျက်မကွက်ဘဲ ၊ ကျွန် တော့်ကို ဘယ်နေရာပို့ပို့ မချို့တဲ့စေရ ။ ဆယ့်လေးနှစ်ကာလကြီးများတောင် ။ ကျွန်တော့်အရင်တစ်ယောက် ဧည့်တွေ့သွားနေတုန်း အခန်းထဲဝင်လှဲရင်း အတိတ်ရဲ့အရိပ် တွေဆီ လွင့်မျောနေတုန်း ။
““အစ်ကို ထွက်မယ် ၊ ကိုအောင်ရောက် နေပြီ””
အခန်းဝကနေ လာခေါ်နေတဲ့ ခုနက ၀န်ထမ်းလေးကို ပြုံးပြလိုက်ပြီး ထွက်လိုက် လာခဲ့တယ် ။
““မင်းမှားတော့ မမှားဘူးကွ””
““ဘာလဲ အစ်ကိုရ ၊ အရင်းမရှိ အဖျား မရှိ””
““မင်း ခုနကပြောသွားတဲ့ဟာ ကိုကိုကြီး အဘ ဦးအောင်ထွန်းဆိုတာလေ ဟုတ်တယ် ကွ ၊ “အစ်ကိုကြီး အဘအရာ” မဟုတ်တော့ဘူး ၊ “ညီအငယ် အဘအရာ” ဖြစ်သွားပြီလို့ တွေးပြီး သဘောကျနေတာဟေ့””
စကားတပြောပြော လျှောက်လာလိုက်တာ ဧည့်တွေ့ခန်းကိုလှမ်းမြင်ရတော့ ညီလေး က လက်ကလေး လှုပ်ယမ်းပြီး လှမ်းနှုတ်ဆက်နေတယ်။
ဖလ်အုပ်ဆောင်းထဲက လက်ကလေး။ ။
လေယာဉ် လှေကားထိပ်က လက်ကလေး။ ။
သံဆန်ခါအကွက်ကို ကိုင်ထားတဲ့ လက်ကလေး။ ။ ။
စာကြွင်း ။ ။
ခုတစ်ခေါက်ကတော့ “ခဏ” မဟုတ်မှန်း သိပါတယ် ။ ကာလက “ခဏ” မဟုတ် သလို ၊ လာရတဲ့ခရီးကလည်း “ခဏခရီး” မဟုတ် ။ “မဲဇာ”ကနေ ကာလရွေ့လျောပြီး အမည်ပြောင်းသွားတယ်လို့ ထင်ရတဲ့နေရာ ။ လေးအုပ်မြောက်ပြက္ခဒိန်ကို လှမ်းအကြည့် ။ ညီလေးရဲ့ “အဖြည့်ခံ” ဘ၀လေး ဘယ်
လောက်ထိ ရှည်ကြာဦးမည်မသိ ။
ကိုကိုကြီး
( မိုင်းဆတ်အကျဉ်းထောင် )
ကိုးကားစကားလုံး
၁။မြင်းခေါင်းတံဆိပ်နဲ့မြို့ကလေး-
ညီပုလေးဝတ္ထုတိုမှ
၂။သန်းလေးဆယ်အတွက်ထွန်ယက်-
မောင်ချောနွယ်အတု ကဗျာမှ

သမ္ဗုဒ္ဓေ ဂါထာတော်ကြီး အကြောင်း

ဝန်ခံချက် ***
==========
သမ္ဗုဒ္ဓေ ဂါထာတော်ကြီး အကြောင်းမရေးခင်
တစ်ခု ဝန်ခံပါရစေ ...။
အောက်ပါ သမ္ဗုဒ္ဓေ ဂါထာတော်ကြီး၏ အနက် အဓိပ္ပါယ် ရွတ်ဖတ်ရသော အကျိုးကျေးဇူးများကို Blog တစ်ခုထဲမှ ကူးယူဖေါ်ပြခြင်းမဟုတ်ပဲ စာဖတ်သူများပြည့်စုံစွာသိရှိစေလိုသော ဆန္ဒများဖြင့် ဟို Blog မှထုတ်နှုတ် ဒီ Blog မှထုတ်နှုတ်စုပေါင်းပြီး စာဖတ်သူများ ဖတ်ရှုအဆင်ပြေအောင် ပြင်ဆင်ရေးသား ဖေါ်ပြထားခြင်းဖြစ်ကြောင်း ဝန်ခံအပ်ပါသည် ...။
သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး၏ ထူးခြားချက်မှာ အနှိုင်းမဲ့မြတ်ဗုဒ္ဓ တစ်ဆူတည်းကို ပူဇော်ထားခြင်းမဟုတ် ..။
ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ
ကုန်သော ပွင့်လေကုန်ပြီးသည့် မြတ်ဗုဒ္ဓအပေါင်းကို ပူဇော်ထားသော ဂါထာ (ဝါ) ဘုရားရှိခိုးကြီး ဖြစ်သည်။
အန္တရာယ်ကင်း သမ္ဗုဒ္ဓေ ဂါထာတော်ကြီး***
===============================
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟဿကေ၊
ပဉ္စဿတ သဟဿာနိ၊
နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
အနန္တာ နိဗ္ဗုတာ ဇိနာ၊
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။
အနက်အဓိပ္ပာယ် ဂါထာ အနက်***
==========================
အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ = အရေအတွက် ပမာဏ
သဟဿကေ ငါးသိန်း တစ်သောင်း
ပဉ္စဿတ သဟဿာနိ နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ
( ၅၁၂၀၂၈ ) အတိုင်းအရှည်
ရှိကုန်သော၊
သမ္ဗုဒ္ဓေ စ = အဆူဆူ ပွင့်တော်မူပြီးသော
ဘုရားရှင်တို့အား၊
အဟံ = ဘုရားတပည့်တော်သည်၊
သိရသာ = ဦးခေါင်းအင်္ဂါ မြတ်ရတနာဖြင့်
နမာမိ = ရိုသေမြတ်နိုး လက်စုံမိုး၍
ရှိခိုးပါ၏ အရှင်ဘုရား၊
ဂင်္ဂါ = ဂင်္ဂါမြစ်ထဲ၌ ရှိကုန်သော
ဝါဠုကာ = သဲပွင့်တို့သည်၊
အပ္ပကာ = နည်းသေး၏။
နိဗ္ဗုတာ = ပရိနိဗ္ဗာန် စံတော်မူပြီး၍
ငြိမ်းအေးတော်မူပြီးကုန်သော၊
ဇိနာ = ငါးမာန်အောင်မြင်
ဘုရားရှင်တို့သည်၊
အနန္တာ = ဤ၍ ဤမျှ ဂဏန်းချ၍
ရေတွက်ခြင်းငှါ မစွမ်းနိုင်ပါပေ၊
အဟံ = ဘုရားတပည့်တော်သည်
တေသံ = ပရိနိဗ္ဗာန်စံတော်မူပြီးကုန်သော
ဘုရားရှင်တို့၏ ၊
ဓမ္မဉ္စ = နှုတ်မြွက် ဟောဖော်
တရားတော်ကို၎င်း၊
သံဃဉ္စ = တပည့်သား
သံဃာတော်မြတ်
ကိုလည်းကောင်း
အာဒရေန = ရိုသေလေးမြတ်သောအားဖြင့်၊
နမာမိ = ရှစ်ခိုးပူဇော်ပါ၏ ။
နမက္ကာရာ နုဘာဝေန = ဤသို့ ရှိခိုးပူဇော်
ဖူးမြော်မာန်လျော့
ကန်တော့ရသောကုသိုလ်ကံ
စေတနာတို့ကြောင့်၊
သဗ္ဗေ = ခပ်သိမ်းကုန်သော၊
ဥပဒ္ဒဝေ = ဘေးရန် ဥပါဒ် မှန်သမျှတို့ကို၊
ဟိတွာ = ပယ်ဖြတ်၍၊
အနေက အန္တရာယာပိ = တစ်ပါးမက များစွာကုန်သော
အခြားသော အန္တရာယ် အားလုံး
တို့သည်လည်း၊
အသေသတော = အကြွင်းအကျန်မရှိ
သောအားဖြင့်၊
(အကျိုးမပေးနိုင်သောအားဖြင့် )
ဝိနဿန္တု = ပျောက်ပျက်ပါစေ
ကုန်သတည်း ...။
မြန်မာပြန် ***
==========
အရေအတွက် ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ( ၅၁၂၀၂၈ ) ကုန်သော
ပွင့်တော်မူပြီးသော ဘုရားရှင်တို့အား ဘုရားတပည့်တော်ရဲ့ ဦးခေါင်း ရတနာဖြင့် ရှိခိုးပါ၏ အရှင်ဘုရား၊
ဂင်္ဂါမြစ်ထဲမှာရှိနေတဲ့ သဲတွေက နည်းပါးနေပါသေးတယ်၊
ပရိနိဗ္ဗာန် စံတော်မူပြီးတဲ့ ဘုရားရှင်တွေကတော့
ဤ၍ ဤမျှ ဂဏန်းချ၍ ရေတွက်ခြင်းငှါ မစွမ်းနိုင်ပါ ..
ဘုရားတပည့်တော်သည် ထိုဘုရားရှင်တွေရဲ့ တရားတော် အရိယာသံဃာ သမ္မုတိ သံဃာတော်တွေ
အားလည်း ရိုသေလေးမြတ်စွာ ရှိခိုးပါ၏ ။
ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော ကုသိုလ်ကံ စေတနာတို့ကြောင့်၊ ဘေးရန် ဥပါဒ် အလုံးစုံကို ပယ်ဖြတ်ပြီး သကာလ အခြားသော
အန္တရာယ် အားလုံးတို့သည်လည်း၊
အကြွင်းအကျန် မရှိသော အားဖြင့်
ပျောက်ပျက်လွင့်ပြယ် ပါစေကုန်သတည်း ...။
* * * * * * * * *
အန္တရာယ်ကင်း သမ္ဗုဒ္ဓေ ဂါထာတော်ကြီး **** ရွတ်ဖတ်သောကြောင့် အကျိုးကျေးဇူးများသော သာဓကများ ...
==================================
ဦးပြုံးချိုနှင့် သမ္ဗုဒ္ဓေဂါထာတော်ကြီး
************************
ကျွန်တော်တို့ငယ်စဉ်တုန်းက အမိ,အဖများက သမ္ဗုဒ္ဓေဂါထာတော်ကြီးကို နှုတ်တိုက်ချပေးခဲ့သည်၊ ကျွန်တော်တို့ မိသားတစု ဂျပန်ခေတ်ကြီးဝယ် နံနက်အိပ်ရာမှ ထလျှင်ထချင်း မျက်နှာသစ်ပြီး သမ္ဗုဒ္ဓေဂါထာတော်ကြီးကို ၉-ခေါက်တိတိရွတ်ဆိုပြီး ဘုရားရှိခိုးရသည်။
အလားတူပင် ညအိပ်ရာမဝင်မီ၌လည်း သမ္ဗုဒ္ဓေဂါထာတော်ကြီးကို ၉-ခေါက်တိတိ ဘုရားရှိခိုးပြီးမှ အိပ်ရာဝင်ကြရသည်။
ဤသမ္ဗုဒ္ဓေဘုရားရှိခိုးကြီးကြောင့်ပင် အိမ်ခေါင်မိုးပေါ်မှ စက်သေနတ် တဒက်ဒက်ပစ်ခတ်နေသော်လည်း ကျွန်တော်တို့မိသားစုကို ကျည်တပွင့်မျှ မထိမမှန်ခဲ့။ ကျွန်တော်တို့အိမ်မှာ မြစ်ကမ်းနားနှင့်နီးသဖြင့် နေ့စဉ် ကျွဲညီနောင်ခေါ် မဟာမိတ်လေယာဉ်များက မြစ်တွင်းရှိ လှေ၊ သမ္ဗန်များကို တရစပ်ပစ်ခတ်နေခြင်းဖြစ်သည်။ တချို့အိမ်များမှာ လေယာဉ်ပေါ်မှပစ်သည့် စက်သေနတ်ကျည်ဆန်ကြောင့် မီးဟုန်းဟုန်းထလောင်သွားသည်။
သေလိုက်ကြသည်မှာလည်း အတုံးအရုံး။
ယုတ်စွအဆုံး ကျွန်တော်တို့မိသားတစု ဝဲခြောက်ပင် မပေါက်ကြပါ။ ဂျပန်ခေတ်တွင် ဝမ်းရောဂါအစ ဝဲခြောက်အဆုံး လူတိုင်း အိမ်တိုင်းတွင် ဖြစ်ခဲ့ကြသည်။ ဤသို့သောရောဂါဝေဒနာဆိုးများမှလည်း ကျွန်တော်တို့ လွတ်ကင်းကြသည်။
=======================================
ရှုမဝ ဦးကျော်နှင့် သမ္ဗုဒ္ဓေဂါထာတော်ကြီး
*****************************
ဂျပန်ခေတ်တခေတ်လုံးတွင် ရှုမဝဦးကျော်နှင့် မိသားစုသည် ရန်ကုန်မြို့ စမ်းချောင်းရပ်တွင် နေထိုင်ကြသည်။ ဂျပန်ခေတ်တခေတ်လုံးဝယ် ရန်ကုန်မြို့ကြီးပေါ်သို့ မဟာမိတ်တို့၏ လေယာဉ်များ နေ့စဉ် တဝုန်းဝုန်း၊ တဒိန်းဒိန် ဗုံးမိုးများ ရွာချလျက်ရှိသည်။
ဂျပန်ခေတ်၌ နေ့မြင်ညပျောက် ခေတ်ဆိုး,ခေတ်ပျက်ကြီး ဖြစ်သည်။ ယနေ့တွေ့နေရသော မိသားစုသည် မနက်ဖြန်တွင် တွေ့ချင်မှတွေ့ရမည်။ မိမိတို့နေအိမ်ပေါ်သို့ ဗုံးကျ၍ မိသားတစ်စုလုံး ပျောက်ကွယ်သွားကြသည်။
ရန်ကုန်မြို့တွင် နေထိုင်ကြသော မိသားစုများမှာ နေ့သေမလား၊ ညသေမလား မသိရသဖြင့် ကျီးလန့်စာစားဘဝဖြင့် နေနေရသည်။ ဤအထဲတွင် ဦးကျော်တို့မိသားစုလည်း အပါအဝင်ဖြစ်သည်။
ဦးကျော်သည် မိမိရင်သွေးများကို အရေးကြုံလျှင် အန္တရာယ်ဆိုးများမှ ကာကွယ်နိုင်သော သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးကို နှုတ်တိုက်ရအောင် သင်ကြားပေးထားသည်။ ပြီးတော့ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဘုရားစင်ရှေ့တွင် ဝတ်တက်ရှိခိုးပူဇော်ကြသည်။ ပြီးတော့လည်း ရန်သူဗုံးကြဲလေယာဉ်ပျံများလာကြောင်း အချက်ပေးဥသြသံကြီးကို ကြားလိုက်လျှင် ဗုံးခိုကျင်းထဲပြေးဝင် ကြပြီး သမ္ဗုဒ္ဓေဂါထာကို တဖွဖွရွတ်ဆိုကြသည်။
ထို့ကြောင့်ပင် ရှုမဝဦးကျော်နှင့် မိသားတစ်စုလုံး အန္တရာယ်ဆိုးအမျိုးမျိုးမှ လွတ်ကင်းခဲ့ကြသည်။ ဦးကျော်တို့နေသော စမ်းချောင်းရပ်ရှိ ဗုံးခိုကျင်းများ အိမ်များပေါ်သို့ မီးလောင်ဗုံးများကျ၍ သေကြ,
ကြေကြသည်မှာ မြင်မကောင်းပါ။
တစ်နေ့ ဦးကျော်တို့မိသားစု ပုန်းအောင်းနေသော ဗုံးခိုကျင်းများအနီးသို့ ဗုံးများအကျခံရသဖြင့် ဗုံးဒဏ်ကြောင့် ကျင်းပိပြီး အသေဆိုးနှင့် သေကြရသည်ကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့သည်ဟု ဆိုသည်။
ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် ရှုမဝဦးကျော်နှင့် မိသားစုတို့ ဗိုလ်ရာညွန့်လမ်း(စကော့ဈေး-ဝါ-ဗိုလ်ချုပ်အောင်ဆန်းဈေးအနီး)သို့ ပြောင်းရွှေ့လာခဲ့ကြသည်။ ထို့နောက် မြန်မာစာပေလောက၌ ဆန်းသစ်ပေါ်ထွန်းခဲ့သော ရှုမဝမဂ္ဂဇင်းကြီးကို ထုတ်ဝေခဲ့ရာ အောင်မြင်ကျော်ကြားခဲ့သည်။
တစ်ဖန် ဦးကျော်သည် အပယ်ရတနာ၊ လာလုလုငေး၊ ချစ်တဲ့သူရဲ့ရင်ခွင် စသော ရုပ်ရှင်ကားများကို ရိုက်ကူးခဲ့ရာ အောင်မြင်ကျော်ကြားခဲ့သည်။
ဤသို့ ရှုမဝဦးကျော်၏ အောင်မြင်ကျော်ကြားမှုများသည် နေ့စဉ်ဝတ်မပျက် သမ္ဗုဒ္ဓေဂါထာတော်ကြီးကို ရွတ်ဖတ်ပူဇော်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဦးကျော်၏သားကြီး စာရေးဆရာ၊ ပန်းချီဆရာ၊ ဒါရိုက်တာ မောင်ဆွေတင်(ဦးဆွေတင်)က ပြန်လည်ပြောပြခဲ့ပါသည်။
=======================================
ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီးနှင့် သမ္ဗုဒ္ဓေဂါထာတော်ကြီး
****************************
မင်းတုန်းမင်းတရားကြီးသည် နံနက်အိပ်ရာမှ ထတော်မူပြီးလျှင် မျက်လဲသန့်စင်တော်မူသည်။ ပြီးလျှင် နန်းဦးဘုရားဆောင်တော်၌ ရွှေဗန်းကြီးဝယ် ပန်းပေါက်ပေါက်အပြည့်ထည့်ကာ လှူဒါန်းပူဇော်လေသည်။
ပြီးလျှင် သမ္ဗုဒ္ဓေဂါထာတော်ကြီးနှင့်တကွ အနက်များကို ရွတ်ဆိုပူဇော်လေသည်-ဟု မန္တလေးမြို့တည်နန်းတည် စာတမ်းတွင် စည်သူမောင်မောင်ကျော်က မှတ်တမ်းတင်ထားခဲ့ပါသည်။
မင်းတုန်းမင်းတရားကြီးကိုယ်တိုင် နေ့စဉ်ဝတ်ထားကာ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးကို ရွတ်ဆိုပူဇော်ခဲ့သည်။ ထို့ကြောင့်ပင် မြင်ကွန်း၊ မြင်းခုံတိုင်တို့က လုပ်ကြံရာ၌ အသက်ဘေးမှ သီသီလေးလွတ်မြောက်သွားခဲ့ပါသည်။ ဤသည်မှာ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးကြောင့်ဟု ဆိုချင်ပါသည်။
=======================================
သမ္ဗုဒ္ဓေ ဂါထာတော်ကြီး သမိုင်း(သို့) ဖြစ်ပေါ်လာပုံ
********************************
သမ္ဗုဒ္ဓေဂါထာတော်သည် မြတ်ဗုဒ္ဓဟောကြားခဲ့သော ဂါထာမဟုတ်ပါ။
သမ္ဗုဒ္ဓေဂါထာတော်မြတ်သည် ပိဋကတ်သုံးပုံတွင် ပါဝင်သော ဂါထာလည်း မဟုတ်ပါ။
သမ္ဗုဒ္ဓေဂါထာကို မည်သူက စတင်ဖွဲ့နွဲ့ သီကုံးခဲ့သည်ကိုလည်း မသိရပါ။
သို့သော် မြတ်ဗုဒ္ဓ၏ သာသနာအလင်းရောင် မြန်မာနိုင်ငံဝယ် စတင်ဖြန့်ကျက်သည့် သထုံခေတ်မှ စတင်ပေါ်ပေါက်လာသည်ဟုသာ ရဟန်းပညာရှိ၊ လူပညာရှိများက ခန့်မှန်းခဲ့ကြသည်။
ထိုသထုံခေတ် သာသနာတော် လင်းရောင်ခြည် စတင်ထွန်းလင်းသည့်ခေတ်မှသည် မြန်မာနိုင်ငံတဝန်းသို့ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး ပျံ့နှံ့ခဲ့ပါသည်။
ဤသို့ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး ပျံ့နှံ့သွားခြင်းမှာ သမ္ဗုဒ္ဓေဂါထာတော်မြတ်သည် ရိုးရိုးကုသိုလ်ရအောင် ဘုရားရှိခိုးအဖြစ်သာမက ယခုမျက်မှောက်ဘဝ၌ တွေ့ကြုံရင်ဆိုင်ရမည့် ဘေးဆိုးအမျိုးမျိုး၊ အန္တရာယ်ဆိုး အဖုံဖုံတို့မှ လက်တွေ့ မျက်တွေ့ ပွဲတွေ့ အန္တရာယ်ကင်းကြသည်ကို တွေ့ကြုံခံစားကြရသဖြင့် နာမည်ကြီးပြီး ပူဇော်ကန်တော့ကြခြင်း၊ ရွတ်ဖတ်သရဇ္ဈာယ်ကြခြင်း ဖြစ်သည်။
သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးသည် ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားသည့် သရဏဂုံမြတ်သုံးပါးကို အမြဲမပြတ် နှလုံးသွင်းခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကဲ့သို့ပင် အကျိုးကျေးဇူးများကို ရရှိနိုင်သည်။
အဘယ့်ကြောင့်ဆိုသော် သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးသည် မြတ်ဘုရားကို ပို၍အားထားကြည်ညို ကိုးကွယ်ဆည်းကပ်ခြင်းနှင့် မြတ်တရားနှင့် မြတ်သံဃာအပေါင်းကိုလည်း ယုံကြည်အားထားကာ ကြည်ညိုကိုးကွယ်ဆည်းကပ်သော ဂါထာတော်ကြီးအဖြစ် တွေ့ရှိရပါသည်။
ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာတော်ကြီးကို ရွတ်ဖတ်ပူဇော်ခြင်းသည် သရဏဂုံသုံးပါးကို ရွတ်ဖတ်ပူဇော်ခြင်းကဲ့သို့ အသွင်သဏ္ဍာန်ခြင်း တူညီနေပါသည် ...။
Credit > http://www.mawluu.com/ နှင့်
http://auwel.blogspot.com/ များမှ ထုတ်နှုတ် ကူးယူ ပြင်ဆင်ဖေါ်ပြခြင်းဖြစ်ပါသည် ...။
မူရင်း စာရေးဆရာ (Bloger) များအား Credit ပေးပါသည် ..။
ဓါတ်ပုံ - ပဲခူးမြို့ ရွှေမော်ဓေါ စေတီတော်မြတ်ကြီး ပုံတော်ကို internet ပေါ်တင်ထားပေးသော ကိုကျော်သူ အားလည်း Credit ပေးပါသည် ..။
( ဥဿာသား )

(စုပြည့်စုံ )သင်တန်းမတက်ဘဲ အွန်လိုင်းကနေ တတ်မြောက်နိုင်တဲ့ အဆင့်မြင့်ကျွမ်းကျင်မှုများ .

သင်တန်းမတက်ဘဲ အွန်လိုင်းကနေ တတ်မြောက်နိုင်တဲ့ အဆင့်မြင့်ကျွမ်းကျင်မှုများ .
======
ဘ၀မှာ တခါတလေ `အဲဒါလေး ငါတတ်ရင် ကောင်းမှာပဲ´လို့ စိတ်ကူးမိတဲ့ အခါတွေ ရှိပါတယ်။ သင်တန်းတက်ဖို့ အချိန်မရှိ၊ အဆက်အသွယ် မရှိတဲ့သူတွေအတွက် အွန်လိုင်းပေါ်မှာ သင်နိုင်တဲ့ ပညာတွေ အများကြီးရှိပါတယ်။ အဲသည်အထဲက ၁၀ မျိုးကို ဖော်ပြလိုက်ပါတယ်။
၁. ပစ္စည်းတွေ ပျက်ရင် ပြင်တာ
အိမ်ပြင်တာ၊ ကားပြင်တာ၊ ရေပိုက်ပြင်တာ၊ ပစ္စည်းအတိုအထွာ ပြင်တာ..ဘာမဆို youtube ပေါ်မှာ ရှာကြည့်နိုင်ပါတယ်။ လက်တော့ပ်ကြိုးလိုမျိုး အသေးစားပြင်ဆင်မှုတွေကို ကိုယ့်ဘာသာလုပ်နိုင်အောင် ဒီဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
http://lifehacker.com/…/top-10-repair-projects-you-should-n…
၂. ကွန်ပျူတာပန်းချီဆွဲတာ၊ photoshop သုံးတာ
ကွန်ပျူတာထဲက အခြေခံ tool တွေကို အရင် သုံးကြည့်ပါ။ ဘာက ဘာအတွက်သုံးတယ်ဆိုတဲ့ လမ်းညွှန်လေးတွေ ပရိုဂရမ်တိုင်းမှာ ထည့်ပြီးသားပါ။ Tool တွေကို ရင်းနှီးပြီဆို ပုံပေါ်လာအောင် ဆွဲတဲ့နည်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
http://lifehacker.com/…/digital-painting-101-the-complete-g…
ဒီဆိုက်အပြင် www.photoshopstar.com ဟာလည်း လေ့ကျင့်ခန်းတွေကို အခြေခံကစ သင်ပေးတဲ့ ဆိုက်ကောင်းတစ်ခုပါ။
၃. ကိုယ်ခံပညာသင်တာ
လူတိုင်းကို ယုံကြည်လို့မရတဲ့ ခေတ်ကြီးမှာ ကျားမ မရွေး ကိုယ်ခံပညာတတ်ထားသင့်ပါတယ်။ ငြိမ်ခံနေတာထက် တန်ပြန်တိုက်ခိုက်တတ်သူကို မသမာသူတွေ ပိုဖြုံကြတာလည်း အသေအချာပါပဲ။ လေ့လာချင်ရင် http://lifehacker.com/…/basic-self-defense-moves-anyone-can… မှာ ကြည့်ပါ။ ကိုယ့်ကိုယ်ကို ကာကွယ်နည်း၊ ရန်သူရဲ့ ဟာကွက်ကို ရှာဖွေတိုက်ခိုက်နည်းတွေ တွေ့ရမှာပါ။
၎.ဒီဇိုင်းပိုင်းကို သင်ယူတာ
ဝက်ဘ်ဒီဇိုင်း၊ အိမ်အတွင်းပိုင်းဒီဇိုင်း စတာတွေကို အွန်လိုင်းကနေ လေ့လာသင်ယူနိုင်ပါတယ်။ ဒီဇိုင်းပိုင်းကို နားလည်ထားတဲ့လူဟာ သူများထက်တော့ ခြေတစ်လှမ်းသာနေမှာပါပဲ။ ပရော်ဖက်ရှင်နယ်အဆင့် မရောက်ရင်တောင် ကိုယ့်စိတ်ကူးလေးနဲ့ဖန်တီးထားတဲ့ ဒီဇိုင်းက စိတ်ကျေနပ်မှု ပေးနိုင်မှာပါ။ အိမ်အတွင်းပိုင်းအတွက် http://lifehacker.com/…/how-can-i-turn-my-boring-home-into-…ှာ လေ့လာနိုင်ပါတယ်။
၅. ကောလိပ်တုန်းက မသင်လိုက်ရတဲ့ ဘာသာရပ်တွေကို လေ့လာတာ
သိပ္ပံ၊ စီးပွားရေး၊ သင်္ချာ၊ ဥပဒေ ဘယ်ဘာသာရပ်ဖြစ်ဖြစ် ကောလိပ်တုန်းက မသင်လိုက်ရတာတွေကို ပြန်လေ့လာချင်တယ်ဆိုပါစို့။ အခမဲ့တက္ကသီလာကျောင်းတော်ကြီးဖြစ်တဲ့ အင်တာနက်ကြီး ရှိပါတယ်။ အွန်လိုင်းဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ကိုယ်အားထုတ်ရင် အားထုတ်သလောက် ပညာရနိုင်တဲ့ ဆိုက်တွေ အများကြီးရှိပါတယ်။ အွန်လိုင်း အားသာချက်တွေဖြစ်တဲ့ ပိုက်ဆံမကုန်တာ၊ ကိုယ်ကြိုက်တဲ့အချိန် ကြိုက်သလောက် လေ့လာနိုင်တာတွေကိုတော့ ထည့်ပြောဖို့ မလိုတော့ပါဘူးနော်။ ကျွန်မကိုယ်တိုင် တက်ဖူးပြီး တိုက်တွန်းချင်တဲ့ ဆိုက်တစ်ခုက www.alison.com ပါ။http://lifehacker.com/tag/lifehacker-u မှာလည်း ကြည့်နိုင်ပါတယ်။
၆. အီလက်ထရောနစ်ပစ္စည်းတွေကို တည်ဆောက်တာ၊ ဟက်တာ
နည်းပညာက ကျွန်မတို့ဘဝရဲ့ အစိတ်အပိုင်းဖြစ်လာပြီး သူ့ကို စိတ်ကြိုက် ပြင်ဆင်လို့ရရင် ပိုပျော်ဖို့ ကောင်းမှာပါ။ အီလက်ထရောနစ်ပစ္စည်းတစ်ခုကို ဟက်ဖို့ဆို ပစ္စည်းတွေအကြောင်း ထဲထဲဝင်ဝင်သိဖို့ လိုပါတယ်။ ကွန်ပျူတာဆင်တာကို စလေ့လာကြရင် မကောင်းဘူးလား။
http://lifehacker.com/…/how-to-build-a-computer-from-scratc… မှာ တစ်စစီဖြစ်နေတဲ့ ပစ္စည်းတွေကနေ ကွန်ပျူတာဖြစ်အောင် တပ်ဆင်နည်းကို လေ့လာနိုင်မှာပါ။ တခြားအီလက်ထရောနစ်တွေကို http://lifehacker.com/…/how-to-start-making-your--electroni… ကြည့်ပြီး တပ်ဆင်နိုင်ပါတယ်။ http://lifehacker.com/tag/arduino မှာလည်း ရှိပါတယ်။
၇. တူရိယာတီးခတ်တတ်အောင် သင်တာ
တူရိယာ အသစ်တစ်မျိုးကို တီးခတ်ချင်ရင် အွန်လိုင်းမှာ သင်နိုင်တဲ့ နေရာအများကြီးပါပဲ။ ဂစ်တာတီးသင်မလား
http://www.justinguitar.com မှာ ဂစ်တာသင်ခန်းစာ ၈၀၀ ကျော်ရှိပါတယ်။ http://lifehacker.com/39…/learn-to-play-an-instrument-online မှာလည်း ကြည့်နိုင်ပါတယ်။ စန္ဒယားတီးသင်ဖို့ https://m.youtube.com/watch?v=vphWgqbF-AM မှာရှိတယ်။ ဒရမ်တီးဖို့ https://m.youtube.com/watch?v=k_gsp5KwM-k မှာ ကြည့်နိုင်တယ်။ ဒါတင်မက ပလွေမှုတ်တာအတွက် https://m.youtube.com/watch?v=SAvA5E1Ttek ၊ တယောအတွက်
https://m.youtube.com/watch?v=GbuJ3qnmBmQ ရှိတယ်။ Youtube နဲ့ Videojug မှာလည်း တူရိယာပေါင်းစုံတီးခတ်နည်းတွေကို ကြည့်ရှုလေ့လာနိုင်ပါတယ်။

၈. စားဖိုမှူးတစ်ယောက်လို ချက်တာ
ဟင်းချက်နည်းတွေ၊ ချက်ပြတဲ့အစီအစဉ်တွေ ဘယ်လောက်များများ လူတိုင်းက ပရော်ဖက်ရှင်နယ် စားဖိုမှူးဖြစ်မလာကြပါဘူး။ စားဖိုမှူးလုပ်တော့မယ်ဆို သိသင့်သိထိုက်တဲ့ အချက်တွေကို http://lifehacker.com/…/top-10-things-every-budding-foodie-… ကြည့်နိုင်ပါတယ်။ မြန်မာဟင်း၊ တရုတ်ဟင်း စတဲ့ ဟင်းအမျိုးမျိုးအတွက် www.wutyeefoodhouse၊ ဖေ့စ်ဘုတ်ပေါ်မှာ
https://m.facebook.com/KaeKaeFoodPalace?_rdr တို့ဟာ ထင်ရှားပြီး အနောက်တိုင်းဟင်းတွေအတွက် http://lifehacker.com/…/10%252B-dishes-and-drinks-everyone-… မှာ ကြည့်နိုင်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာလည်း မြန်မာဟင်းချက်နည်းတွေ အများအပြားရှာတွေ့နိုင်ပါတယ်။
၉. ဘာသာစကားအသစ်ကို လေ့လာတာ
လူတွေကို ဘာကို လေ့လာချင်သလဲလို့ မေးတဲ့အခါ အင်္ဂင်္လိပ်စကားအပါအဝင် ဘာသာစကားတစ်ခုကို လေ့လာဖို့ လူတော်တော်များများက စိတ်အဝင်စားဆုံးဖြစ်နေပါတယ်။ တချို့က သင်တန်းသာ တက်တယ်၊ သင်တန်းပြီးတော့ ဘာမှ မကျန်ခဲ့ဘူးဆိုပြီး ပြောတတ်ပါတယ်။ ဘယ်စကါးကို လေ့လာတာဖြစ်ဖြစ် ဘာသာစကားလေ့လာရာမှာ နည်းစနစ်တော့ ရှိရပါမယ်။ အဲသည်နည်းစနစ်ကို http://lifehacker.com/…/i-learned-to-speak-four-languages-i… မှာ ကြည့်နိုင်ပါတယ်။ ဒါဆို သင်တန်းပဲ တက်တက်၊ အပြင်ကပဲ လေ့လာလေ့လာ ထိရောက်ပါပြီ။ တစ်ခုရှိတာက ဘာသာစကားဆိုတာ ပြောနေမှ ထွက်တာဖြစ်လို့ အမြဲသုံးနေဖို့တော့ လိုပါတယ်။
၁၀. ဝက်ဘ်ဆိုက်ဆွဲတာ၊ အက်ပ်ရေးတာ၊ ပရိုဂရမ်ရေးတာ
ကုတ်ဒ်ရေးတတ်အောင် သင်ယူတာဟာ ဝက်ဘ်ဆိုက်ဆွဲဖို့၊ အက်ပ်ရေးဖို့ရဲ့ အခြေခံဖြစ်ပါတယ်။ Beginner တွေအတွက် learn ___ the hard way ဆိုတဲ့ စကားစုကိုသုံးပြီး ရှာဖွေတာ အကောင်းဆုံးပါပဲ။ ကွက်လပ်မှာ ကိုယ်လေ့လာချင်တဲ့ code ကို ထည့်ပေါ့။ ဥပမာ python ကို လေ့လာချင်ရင် learn python the hard way လို့ရှာနိုင်ပါတယ်။
တကယ်လို့ အပြန်အလှန်တုံ့ပြန်နိုင်တဲ့ ဆိုက်ကိုမှ ကြိုက်ရင် www.codecademy.com မှာ အခမဲ့ လေ့လာနိုင်ပါတယ်။ Coding ကို ဒီအတိုင်း လေ့လာရင် ပျင်းစရာကောင်းတာမို့ ပရောဂျက်တစ်ခုလုပ်ပြီး လေ့လာဖို့လည်း အကြံပြုပါရစေ။
ဒါကတော့ သင်တန်းမတက်ဘဲ အွန်လိုင်းကနေ တတ်မြောက်နိုင်တဲ့ အဆင့်မြင့်ကျွမ်းကျင်မှု ၁၀ မျိုးပါပဲ။ အွန်လိုင်းဆိုတာ ဂိမ်းဆော့ဖို့၊ ဖေ့စ်ဘုတ်သုံးဖို့၊ ချက်ဖို့ပဲ အသုံးဝင်တာမဟုတ်ကြောင်း တဖြည်းဖြည်း မြင့်တက်လာတဲ့ ကိုယ့်အရည်အသွေးတွေက သက်သေပြပါလိမ့်မယ်။
                                                                                                        စုပြည့်စုံ

သြစီ ပာာ နတ်ဘုံ နတ်နန်း တော့ မပာုတ်......သို့သော်.....


                              သြစီ ပာာ နတ်ဘုံ နတ်နန်း တော့ မပာုတ်......သို့သော်.....

ခုတလော ကျနော် နေထိုင်ရာ အရပ် ဆီကို လာချင်သူတွေ အလုပ်လာလုပ်ချင်သူတွေ လှမ်းမေးကြတာ
ကို မကြာခဏ ကြားနေ ပြောပြနေရပါတယ်....။
ဘယ်လို လာရမလဲ ဆိုတာ ကိုပေါ့.....။ အမှန်အတိုင်းဝန်ခံ ရရင် ကျနော် မသိပါဘူး....။ တကယ်ကို မသိ
တာပါ....။ သို့ သော် ယုံကြည်ကိုးစားမှု့  တခု အရ မေးကြစမ်းကြတယ် ဆိုတော့ ကြာဖူးနားဝလေးတွေ နဲ့ 
တော့ ပြန်ပြောပြချင်ပါတယ်.....။
အလုပ်အကိုင် လျှောက်လွှာ နဲ့  အလုပ်တခု လာလုပ်ဖို့  ဆိုတာ လဲ ကျနော် သေချာ ရေရာစွာ မသိပါ...
သေချာ ရေရာစွာ သိသည်ကတော့ Australia တီဗွီ သတင်းတွေ မှာ မကြာခဏ တွေ ရတာကတော့
အစု လိုက်အပြုံ လိုက် အလုပ်ပြုတ်ကြတာတော့ တွေ့ ရပါတယ်....။အလုပ်အကိုင် အခွင့် အလမ်းတွေ ကို
အစိုးရ က ဖန်တီးပေးတယ် ဆိုပေမဲ့ အလုပ်လက်မဲ့တွေ ရှိနေတာလဲ အမှန်ပါပဲ....ဒီတော့ နိုင်ငံ ရပ်ခြားက
အလုပ်သမား ခေါ်မလား ကိုယ်နိုင်ငံထဲက အလုပ်လက်မဲ့တွေကို လေ့ကျင့်သင်ကြားပေးပြီး အလုပ်ခန့် 
မလား....။
ရှိတော့ ရှိနိုင်ပါတယ် ...ဘာသာရပ် တခု အေါ့်မှာ တဖက်ကမ်းခပ် ကျွမ်းကျင်တတ်မြောက်ထားတဲ့ ပညာ
ရှင် ဆိုရင်တော့ နိုင်ငံပြင်ပ က အလုပ်လျှောက်လွှာ ကို လက်ခံ စဉ်းစားကောင်းစဉ်းစားပါလိမ်မယ်....။
နောက်...တခု ကျောင်းလာတက် မလား သက်ဆိုင်ရာ သံရုံးကနေ တဆင့် စုံစမ်းနိုင်ပါတယ်....။
အမြဲတမ်းနေထိုင်ခွင့် လို ချင်ပါသလား....သိတာ တခုကတော့ ပိုက်ဆံ အထုတ်လိုက်ပိုက်ပြီး သြစီ မှာ
အိမ်ဝယ်လိုက်ပါ....(ကြားဖူးတာပြောတာပါ...) သြစီမှာ အိမ်တလုံးကို သြစီဒေါ်လာ (၅၀၀၀၀၀ ကနေ
၁၀၀၀၀၀ ကျော် )ထိရှိပါတယ်။အိမ်ဝယ်ရင် နေထိုင်ခွင့် ရတယ်ကြားဖူးတယ်...။တိတိကျကျ သိချင်ရင်
သံရုံးတွင်စုံစမ်းပါ....။
တချို့  ကျောင်းလာတက်ကြတယ်...(မြန်မာလူမျိုးတွေ ပါမပါ မသိပါ)..။ကျောင်းတက်ပြီးလို့  သြစီမြေ
ကနေ မပြန်ချင်တော့ နိုင်ငံသား ဖြစ်ပြီးသူ ယောကျာင်္ မိန်းမ ကို တရာဝင် လက်ထပ် လိုက်ကြသလို
ငွေပေးပြီး အယောင်ဆောင် လက်ထပ်တာလဲ ရှိကြပါသတဲ့....။အဲသည်လို လက်ထပ်ဖို့ အတွက် ဒေါ်
လာ ငါးသောင်း လောက်ကုန်သတဲ့....။အဲဒါတောင်မှ သြစီမြေပေါ် ရောက်နေပြီးသား လူကို ဆိုလိုတာပါ..
အခြားနိုင်ငံက လူကိုလက်ထပ်ပြီး ခေါ်ပေးရမယ် ဆိုရင် ခုနှစ်သောင်းလောက် ပေးရတယ် ....ကြားဖူးတယ်
ဒါတောင် အကို လိုခင်နေသူတယောက်ပြောပြတာက လူလွတ် တယောက် အတွက်ပေးရတဲ့ ငွေ ပါတဲ့
အိမ်ထောင်ရှိတယ် ..သားသမီးတွေရှိတယ် ဆိုရင် ဒီထက်မက ပေးရလေ့ ရှိသတဲ့....။ သြစီ မှာ နိုင်ငံသား
ဖြစ်ပြီးသား လူပျိုကြီး အပျိုကြီးတွေ ကလည်း အတည်လက်ထပ်ပေါင်းသင်းတာတွေ ရှိသလို အကြောင်းမ
တိုက်ဆိုင် တော့လို့  သြစီရောက်ပြီးကာမှ အိမ်ထောင်ပျက်သွားသူ တချိုလည်း ဘ၀သစ်ထူထောင်ဖို့  အိမ်
ထောင်ပြု ကြတာတွေလဲ ရှိပါတယ်...။ အသက်အရွယ် ရုပ်အဆင်း ညီချင်မှညီမယ် ...လိုက်ဖက်ချင်မှ လိုက်ဖက်မယ် ...အတည်တကျဖြစ်ပြီး ပျော်ရွှင်ချမ်းမြေ့ တဲ့ အိမ်ထောင် တခု ဖြစ်သွား ကြတာတွေ လဲ ရှိ
ပါတယ်....(အစ ကတည်းက ရိုးသားမှု့ မပါပဲ အပေးအယူ တခုခုကြောင့် လက်ထပ်ပေါင်းသင်းပြီး အချိန်
အတော် ရလာတဲ့ အခါ မှာပျက်စီးသွားတဲ့ အိမ်ထောင်ရေးတွေ လဲရှိပါတယ်...။) ငွေပေးပြီး လက်ထပ်ခေါ်
ယူတယ် ဆိုပေမဲ့ ငွေပေးပြီးတိုင်း နိုင်ငံသားတန်းမရ သလို လူဝင်မှု့  ကြီးကြပ်ရေး ကယုံကြည်မှု့ ရှိအောင်
မြန်မာပြည်ပြန်ပြီး လက်ထပ်တာ မပြန်ခင်မှာ စာတိုက်က တဆင့် အပြန်အလှန် ပေးပိုတဲ့ စာတွေ က အစ
တင်ပြရတယ်လို့  ဆိုပါတယ်....။လက်ထပ်ခွင့်ရပြီး ကိုယ်ဇနီး...လင်သား ခေါ်ခွင့် ရလို့ ရောက်ပြီ ဆိုရင်
တောင်မှ အမြဲတမ်းနေထိုင်ခွင့်(PR) မရပါဘူး...၊ယာယီနေထိုင်ခွင့် (TR) အနေနဲ့ ပဲ ဗီဇာ ရပါသတဲ့....။
ဒီကြားထဲ ကိုယ်ရဲ့  အတုအယောင် လက်ထပ်ခြင်း က အကြောင်းတခုခု ကြောင့် ပေါက်ကြားသွားပြီး (လ.၀.က) ကသိသွားပြီ ဆိုရင်တော့ အောင်ဖျာလိပ်ပြီး ပြန်ပေတော့ ပဲတဲ့.....။ အဲဒီအပြင် သြစီ နိုင်ငံသား
ဖြစ်ပြီးသူ တဦးတယောက်ပာာ (OVERSEA) လို့ ခေါ်တဲ့ နိုင်ငံရပ်ခြားကနေ ခေါ်ယူ လက်ထပ်ထိမ်းမြားခြင်း
ဆိုတာက (၂)ကြိမ်ပဲ လုပ်ခွင့်ရှိပါသတဲ့.....။သြစီ နိုင်ငံထဲ ရှိနေပြီးသူ (သို့) နိုင်ငံသားဖြစ်ပြီးသူ ဆိုရင်တော့
တယောက်နဲ့ ကွဲပြီး နောက်ထပ် ဘယ်နှစ်ယောက်ယူယူ ရပါသတဲ့ ဗျာ.....။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
ကျနော်တို့ လို သားသမီးတွေသိုက်သိုက်ဝန်းဝန်းနဲ့ အေးချမ်းတဲ့မိသားစုလေးတခုမှာ အခုလိုပဲ အိုဗာဆီး
ကလာချင်သူတယောက်ရဲ့ မက်လုံးတွေ ထဲမြောပါသွားပြီး အိမ်ထောင်ပျက်သွားတာလဲရှိခဲ့ ပါတယ်...။
ရုပ်ရည် ငွေကြေး ပိုင်ဆိုင်မှု့ တွေနဲ့ ပေးတဲ့ မက်လုံးက အဓိက ပေါ့.အခြား အိမ်ထောင်ပျက်စရာအကြောင်း
တွေလည်းရှိမှာပါ...(သူတပါးကိုယ်ရေးကိုယ်တာမို့  အကျယ်တ၀င့် မပြောတော့ပါ)ခုတော့ နှစ်ဦး နှစ်ဖက်
စလုံး အိုးသစ်အိမ်သစ် တည်ထောင်ဖို့ ကြိုးစားနေကြပါပြီ...။ ကံ....ကံရဲ့ အကျိုး အတိတ်ဘ၀...နောင်ဘ၀   ဆိုတာကိုယုံကြည်သူဆိုရင်တော့ဖြင့် သူတပါးအသိုက်အမြုံ ကိုဖြိုဖျက်ပြီး မိမိတ ဘ၀ကောင်းစား ရေး အတွက် အသုံး ချမည် မထင်ပါ....။ အဲသည် နည်းလမ်းနဲ့  သြစီလာမယ် ဆိုရင်ဖြင့် ယခု ဘ၀မှာ တော့
သြစီ ဆိုတဲ့ နတ်ဘုံ ကို ရကောင်းရပါလိမ့်မယ်....နောင်ဘ၀ မှာတော့ ငရဲ ဘုံ ကိုရမှာတော့ သေချာပါတယ်။
အခြား နည်းလမ်းတခု နဲ့  သြစီမှာနေထိုင်ခွင့် ရအောင် လုပ်ကြတာ မျိုးလဲ ရှိပါသေးတယ်....၊ ဒါပေမဲ့ ၇သည် မရသည်တော့ သေ ချာ မသိပါ....ဆိုကြပါဆို့  ကိုမိသားစု ထဲမှာ သားလူပျို သမီး လူပျို ရှိတယ် ...
တဖက်က မိသားစု ထဲမှာလဲ ထို အတူ ရှိတယ် ဆိုရင် အပြန်အလှန် လက်ထပ် သလို လက်ထပ်ပြီးခေါ်ကြ
တယ်ဆိုတာ မျိုးလဲ ကြားဖူးပါတယ်....။ နောက် တမျိုးက တကယ်ကို အတည် စပ်ပာပ်ကြတာပါ....။ သြစီ
မှာ ရှိနေပြီးသူက မြန်မာပြည်ပြန်တယ် လေ့လာတယ် တည်းခေါက်ကြည့်တယ်...စိတ်သဘောထားချင်းညီ
ညွတ်ပြီး တဘ၀ စာ လက်တွဲ သွားကြတယ်....ဒါမျိုးတွေလဲ ရှိပါတယ်....။
နောက် တခု....ကျနော်ကို မေးကြတဲ့ အထဲမှာ ပါလို့  သတိတရ နဲ့ ပြောပြပါဦးမယ်....။
အလည်အပါတ်ဗီဇာ (visit ) နဲ့ ရောဝင်လာလို့  မရဘူးလားတဲ့......။ပာုတ်ကဲ့ ရနိုင်ပါတယ်....။
သို့ သော် ဗီဇာပေးသူ(စပွန်ဆာရှင်) က ဗီဇာ စလျှောက် ကတည်းက အပေါင်ငွေ သြစီဒေါ်လာ (၂၀၀၀၀)
(ဒါပိာုးလွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က မိတ်ဆွေ တယောက် အဖေနဲ့ အမေ ကို အလည်ခေါ်စဉ်က ပေး
ထားရတဲ့ ငွေပါ...အခုတော့ ဘယ်လောက်တင်ရတယ် မသိပါ...)အဲဒီအပြင် မြန်မာနိုင်ငံက အလည်လာမဲ့
သူရဲ့ ပိုင်ဆိုင်မှု့  အထောက်အထားတွေလဲ တင်ပြရပါသတဲ့....။တကယ်လို့ များ အလည်လာသူပာာ သြစီ
မြေ ကို ခြေချပြီး အချို့ အာရှနိုင်ငံများမှလို ပြန်မထွက်တော့ ဘူးဆိုရင် အပေါင်ပေးထားတဲ့ စပွန်ဆာရှင်
က ငွေကြေးဆုံးရှုံးသလို နောက်ဆက်တွဲ ပြသနာတွေ လဲ များစွာ ရှိပါတယ်....။အခန်မသင့်ရင် စပွန်ဆာ
ရှင်ကိုတိုင် လာရာ အရပ် ကိုပြန်သွားရနိုင်ပါသတဲ့...။ အခန့် သင့် လို့  မနှစ်က ကြားခဲ့ တာလေးဖြည့်ဆွက်
ပြောပါဦးမယ် ၊သြစီ လာရေးအလုပ်လုပ်ရေးနဲ့  မဆိုင်ပေမဲ့ သြစီ ဥပဒေ အကြောင်းပါ...။ယုံကြည်စိတ်ချ
ရသူတယောက်ပြန်ပြောပြတာလေးပါ...။သူနေတဲ့ Fairfield လို့ ခေါ်တဲ့ ရပ်ကွက် လေးမှာ နေတဲ့ မြန်မာနိုင်
ငံသား တဦးပာာ လွန်ခဲ့တဲ့ နှစ်က မော်တော်ယာဉ်သတ်မှတ်ချက် ဥပဒေတွေကို ချိုးဖောက်မိတာမို့ ယာဉ်
မောင်းခွင့် (၆)လ ပိတ်ခံထားရပါသတဲ့ ..။အဲဒါကို သိသိနဲ့  ညဖက် တ ညမှာ ကားခိုးမောင်းပါသတဲ့ ကား
ပေါ်မှာ သူရဲ့ (၁၂) မပြည့်သေးတဲ့ ကလေးငယ်ရယ်သူရဲ့  Father In law အပါအ၀င် လူပို (၄)ယောက်ပါ
လာပြီး ယာဉ်တိုက်မှု့ ဖြစ်ပါတယ်...၊ကားပေါ်က စုစုပေါင်း (၅)ယောက်မှာ ကလေးငယ် နဲ့ သူယောက်ထီး
ပာာ ပွဲချင်းပြီး သေသွားပါတယ်....။အဲဒီနောက်ဆက်တွဲ ရလာဒ်က ကျန်သူတမိသားစုလုံး လေယာဉ်စာ
ရိတ်ထုတ်ပေးပြီး ပြန်ခိုင်းလိုက်တာပါပဲ....မပြန်ခင်မှာ ထောင်ကျသွားပါသေးတယ်....။ထောင်က လွတ်
ရက်စေလို့  လွတ်တဲ့နေမှာပဲ လေယာဉ်ပေါ် တင်ပေးလိုက်တာလို့  ဆိုပါတယ်....။သူပာာ သြစီ နိုင်ငံသားဖြစ်ပြီးသူပါ...။  အဲဒါ သြစီ ဥပဒေ...။
ဒီတော့ ကိုယ်မိသားစု ၀င်မပာုတ်တဲ့ ရင်းနှီးသူ မိတ်ဆွေ သူငယ်ချင်းတွေ ကို သြစီ လာခွင့်ရအောင်...
အလုပ်လုပ်ခွင့် ရအောင်....နေထိုင်ခွင့် ရအောင် ကူညီပေးဖို့  ဆိုတာ တော်ရုံ မလွယ်တဲ့ အရာပါ....။
နိုင်ငံ ရဲ့  ထိန်းချုပ်မှု စနစ် က ကွန်ပျူတာပေါ်မှာ Sir Name (မိသားစု အမည်) တလုံးရိုက်ထည့် လိုက်တာ
နဲ့  သူရဲ့ အချက်အလက်တွေ ကို ရယူနိုင်ပါတယ်...၊ဒီတော့ ဒီပြည်နယ် မှာ လုပ်ချင်ရာလုပ်ပြီး ပိာုဖက်
ပြည်နယ်ပြေး လို့ လဲ မလွတ်ပါဘူး....။အစစ်အမှန် လက်ထပ်ပေါင်းသင်းကြတယ်....အစစ်အမှန်မိသားစု
တွေ ပေါင်းစည်ခွင့် ဆိုတာ ရှိပါတယ်..သားသမီး နှစ်ယောက်သုံးယောက်က သြစီနိုင်ငံသားဖြစ်နေကြပြီး
မိဖ နဲ့  ညီမ ဖြစ်စေ အကို ဖြစ်စေ မြန်မာပြည်မှာ ရှိနေတယ် ဆိုရင်တော့ မိသားစုပေါင်းစည်းခွင့် လျှောက်
ထားပြီး ခေါ် လို့ ရပါတယ်....။ဒါတောင် ရောက်နှင့်နေပြီးသူ က သြစီ ဗီဇာ လျှောက်စဉ်မှာ တခါတည်း
ဖြည်ဆွက်ထားမှပါ....။
ကျနော် ဆိုရင် ပိာုလွန်ခဲ့တဲ့ (၁၀)နှစ်ကျော် သြစီသံရုံး က ကျနော်ကို နိုင်ငံရေးခိုလှုံခွင့် ပေးတဲ့ အချိန်မှာ
မြန်မာပြည်တွင်း ကျန်ရစ်ခဲ့သည် မိသားစုဝင်များစာရင်း ထဲကိုဖြည့်သွင်းထားသူသာလျှင် ရပါတယ်....။
သို့ပေမဲ့ ဘာကြောင့် ခေါ်ချင်တယ် ဆိုတဲ့ အကြောင်းပြချက် တွေ ခိုင်လုံအောင်ပေးရတယ် လို့  ဆိုပါတယ်
(ဥပမာ ...မိဘတွေ မရှိတော့ တာကြောင့် တယောက်ထဲ လူလွတ်ဖြစ်နေတာကြောင့် ...နောက်ပြီး ကိုယ်က
အကြီးဆုံးမို့  တာဝန်ရှိလို့  ဆိုတာမျိုး....ဒါတောင် ၁၈ နှစ်အထက် မပာုတ်မှလွယ်တာပါ...)။
နောက်တခု ....ပိာု အရင် အချိန်...မြန်မာနိုင်ငံကြီးပာာ နိုင်ငံရေးမတည်ငြိမ် တဲ့ အချိန် မျိုးမှာတော့ စစ်ကြောင့် ၊ နိုင်ငံရေးကြောင့် ခိုလှုံခွင့် လျောက်ထားနိုင်ပေမဲ့ အခုအ ချိန်မှာတော့ အဲဒီခိုလှုံခွင် ဆိုတာနဲ့ 
တော့ သြစီရောက်လာသူဆိုတာ မကြားဖူးတောပါဘူး.....။
အခု လောလောလတ်လတ် ဆိုပေမဲ့ လွန်ခဲ့တဲ့ နှစ်က ရင်းနှီးခွင့် ရခဲ့တဲ့ မိသားစု တစုတော့ ရှိပါတယ်...။
သူတို့ ပာာ နိုင်ငံရေးကြောင့် စစ်ကြောင့် ခိုလှုံခွင့် ရတာတော့ မပာုတ်ပါဘူး ရောက်လာတာကတော့ (၃)
နှစ်ကျော်ပါပြီ တဲ့ သူတို့  ဒီနိုင်ငံကို ရောက်ပေမဲ့ ထိမ်းသိန်းရေးစခန်းထဲမှာ နေခဲ့ ရတဲ့ ကာလက ကြာပြီး
မနေ့ တနေ့ ကမှ သြစီ မြိုပေါ်မှာ လူအသိုင်အ၀န်းမှာ လွတ်လတ်စွာ နေခွင့် ရကြတာပါ...။ဒါတောင် (PR)
တွေ(TR)တွေ နဲ့  နေခွင့် ရတာ မပာုတ်ပါဘူး...ဘာမှန်းမသိတဲ့ စာရွက် တရွက်နဲ့ အပါတ်စဉ်သတင်းပို့  ၊
အပြည့်အ၀ မပာုတ်တဲ့ ထောက်ပံ့ကြေးလေးနဲ့ ပဲ နေခွင့် ရသေးတာပါ...။အဓိက ကတော့ သူတို့ မိသားစု
ဝင်ထဲမှာ ပါတဲ့ သားသမီး (၃)ယောက်ပညာရေးအတွက် မူဘောင်တခု သတ်မှတ်ပြီးနေထိုင်ခွင့် ရထားသူ
တွေပေါ့....။သူတို့  ဒီနိုင်ငံ ရောက်ဖို့  မလေးရှားငွေ တယောက်ကို (၃၀၀၀၀) နှုံး နဲ့  ပေးလာခဲ့ရတယ် ဆို
ပါတယ်....။သူတို့ တတွေက တော့ မြန်မာနိုင်ငံ ရခိုင်ပြည်ဖက်ကတဆင့် မလေးရှား....မလေးရှားက တဆင့် လှေ နဲ့ ကူးလာသူတွေပေါ့.....သူတို့ ရဲ့ ခရီးစဉ် အကြောင်းကို ရင်နှီးလာတဲ့ အခါ မေးကြည်မိပါ
တယ်....။တကယ်ကို အသက် ကိုရင်ခဲ့ ကြတာပါပဲ.....။
ပြီးခဲ့တဲ့ နှစ်က စလို့  လှေနဲ့  ရေလမ်းက ၀င်ရောက်လာပြီးခိုလှုံ ခွင့်တောင်းသူတွေ ကို တင်းကြပ်စွာ ကိုင်
တွယ် ဖြေရှင်း ချိန်ကစလို့  သြစီ ၀င်ဖို့  ဆိုတာ တကယ်မလွယ်တော့ပါဘူး.....။
သို့သော်.....သို့သော်.....
သြစီကိုဝင်ဖို့  ကိုယ်မှာရှိတဲ့ အရာတွေ ကို လမ်းခင်းကြပါတယ်......။ တရားသော နည်းလမ်း.....မတရားသောနည်းလမ်း..... ၊ဒါတွေ ကတော့ မိမိရဲ့ ရွေချယ်မှု့ အပိုင်းသာ ဖြစ်ပါတယ်...။

သြစီမှာ တန်ဖိုး ကြီးတဲ့ ပညာရေးစနစ် ရှိပါတယ်......။
သြစီမှာ တန်ဖိုးကြီးတဲ့ ကျန်းမာရေး စောင့်ရှောက်မှု့ စနစ်ရှိပါတယ်.....။
သြစီမှာ တန်ဖိုးကြီးတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေရှိပါတယ်....။
သြစီမှာ တန်ဖိုးကြီးတဲ့ လူမှု့  အသိုင်းအ၀န်းကြီးရှိပါတယ်.......။

သို့သော်.......သို့ သော်.......


                                                                           ခိုင်ကိုဦး(ဆစ်ဒနီ)
                                                                   ၁၀ . ၂ . ၂၀၁၆ (မနက် ၂း ၁၆)