
ထောင်ကျဖူးခြင်းသည် နိုင်ငံရေးအရည် အချင်းမပာုတ်....ဆိုတဲ့ ဦးဝင်းထိန်ရဲ စကားကို အခုတလော
လူတချို ဝေဖန်နေသံတွေ ကြားနေမြင်နေရ ပါတယ်....။ဒါနဲ့ ပါတ်သက်ပြီး ဝေဖန်သူတွေကို လိုက်ကြည့်
တော့ အထင်ကရ ခေါင်းဆောင်ပိုင်းတွေ မတွေ့ ရပါဘူး...။
အဲသည်မှာ ကျနော် ဘာကိုမြင်သလဲ ဆိုတော့ ဦးဝင်ထိန် ပြောတာ ယေဘူရ သဘောဆန်သလို သူတို့ 
ပါတီ N.L.D ထဲ က လူတွေကို ရည်ညွှန်း တာတွေရပါတယ်....ဒါကို လိုရာ လေးဖြတ်ပြီး ဝေဖန်နေကြတာ
တွေရတော့ အတော် အံသြမိတယ်....။ကျနော် ဦးဝင်းထိန်စကား ကို ထောက်ခံတာ မပာုတ်ပေမဲ့ ကျနော် နဲ့ သဘောထား ချင်းတိုက်ဆိုင်နေပါတယ်....။
မှန်ပါတယ် ...ယေဘူရ သဘော အရ ပြောရင် ထောင်ကျတာ အရည်အချင်းတရပ် မပာုတ်ပါဘူး.....။
ပုဒ်မ (၅/ည ) တပ်တိုင်း နိုင်ငံရေးသမား ဖြစ်ရောလား....၊နိုင်ငံရေးသမားဖြစ်တော့ရော (၅/ည) အတပ်ခံ
ရပါသလား....။ဦးခင်ညွန် လက်ထက် ထင်ပါရဲ့ မန်းရွှေမြိုတော်က နေပြည်တော် ပိာုတယ် ထောင်ထားပြီး
ပြည်တန်ဆားခေါင်း လုပ်တဲ့ သူ အင်စိန်ထောင် (၁)တိုက်မှာ နိုင်ငံရေးသမားတွေ နဲ့  အတူထားပြီး သူပုဒ်
မ ကလည်း (၅/ည) ပါပဲ.....ဒီလိုပဲ မြစ်ကြီးနားထောင်မှာ နိုင်ငံရေးသမား အများစု ရှိနေချိန်မှာ မိုးကောင်း
က မွတ်စလင် ဗလီ တခုက ဂေါပက နေရာ လုကြရင်း ထောင်ထဲ ဆွဲထည့်ခံရတဲ့ (ဦးမြင်ဆွေ ၊ ဦးခင်မောင်ဝင်း) အပေါင်းအပါ ၆ ယောက် ပာာလည်း နိုင်ငံရေးပုဒ်မ (၅/ည) ပါပဲ.....။ ၁၉၉၆ ကျောင်းသား
သပိတ်မှာ ပါတဲ့ တချိုသော သူတွေပာာ နိုင်ငံရေး ကို စိုးစိ မျှ မသိနားမလည် သူတွေ ပါပါတယ်....။အရန်
မီးသတ် တပ်ဖွဲဝင် ၊ အရပ်သား.၊ လက်သမား .တွေပါသလို တပ်မတော် စစ်ရုံးချုပ်ထဲ လက်သမားလုပ်ရာ
ကနေ အချင်းချင်း နိုင်ငံရေးအကြောင်း ပြောမိရာကနေ (၅/ည) တပ်ခံ ရသူတွေ ပါလာပါတယ်.....။
ဒါပေမဲ့  တချိုသော အရပ်သားတွေပာာ (၅/ည) တပ်ပြီး ထောင်ကျပြီးကာမှ တကယ်ကို နိုင်ငံရေး သမား
ဖြစ်သွား တာရှိပေမဲ့ တချိုသော နိုင်ငံရေးသမား (၅/ည)တွေကျပြန်တော့ ထောင်ထဲက ဆင်းရဲ ကြပ်တည်း
မှု့  ဒဏ် မခံနိုင်တာကြောင့် ထောင်အာဏာပိုင်နဲ့ ပေါင်းပြီး ဖောက်ပြန်ရေးသမား တွေ ဖြစ်သွားကြပါသေး
တယ်.....။(နောင် အချိန်ရရင် ထောင်ထဲက ဖောက်ပြန်ရေးသမားတွေ အကြောင်းရေးပါဦးမယ်) ၁၉၉၅/၉၆ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ ပောာပြောပွဲ ကိုလာတဲ့ ပြည်သူလူထုတွေ က
ကျန်းမာပါစေ....ချမ်းသာပါစေ လို့ ဆုတောင်းပေးကြတော့ စစ်ထောက်လှမ်းရေးက ဖမ်းပြီးထောင်ချ လိုက်တယ် သူတို့ လဲ နိုင်ငံရေးပုဒ်မ (၅/ည) ပါပဲ....ဒီလိုပဲ နိုင်ငံရေးကို တစိုက်မတ်မတ် လုပ်လာသူ/ ပါဝင်
လာသူတွေ မပာုတ်ပါပဲ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လို့ ခင်လို့ လေးစားလို့  တရားပွဲ လာနားထောင်သူ
တွေလဲ ထောင်ကျတော့ နိုင်ငံရေးပုဒ်မ (၅/ည) ပါပဲ....။ရေတိုက်မိ လို့  (၅/ည)တပ်ခံရသူတောင်ရှိရဲ့ .....။
ဘယ်သူတွေ ပာာ ထောင်ထဲမှာ ဘယ်လိုဖြတ်သန်းခဲ့ကြတယ် ဆိုတဲ့ သမိုင်းကို ထောင်ထဲဖြတ်သန်းခဲ့ဖူးသူ
အချင်းချင်းသိကြပါတယ်.....။ အကျဉ်းထောင်တွေ ထဲကို I .C .R.C လို အဖွဲတွေ ၀င်ခွင်မရခင်ကာလ...
တနည်းပြောရရင် စစ်ထောက်လှမ်းရေး (ဗိုလ်ခင်ညွန်)တို့  ကြီးဆိုး နေစဉ်ကာလ ကိုနိုင်ငံရေး အကျဉ်းသား
များရဲ့ ခေတ်ဆိုးကာလ လို ကျနော်သတ်မှတ်ချင်ပါတယ်....။ I .C .R .C လို နိုင်ငံတကာ အဖွဲတွေ ၀င်ခွင့်
ရပြီးနောက်ပိုင်းကာလ ပာာ (၅/ည) လို့ ခေါ်တဲ့ နိုင်ငံရေးသမားတွေ ခေါင်းဖော်ရဲ တဲ့ ကာလ ပါ....။
အဲသည်မတိုင်ခင် ရှေပိုင်းကာလတွေ က တော့ အကျဉ်းထောင် ရပိုင်ခွင့်ထဲက အုန်းဆီလေး ပုံစံ ပဲ လေး
ရဖို့ က အစ တိုက်ပွဲတွေ ၀င်ပြီး (ထောင်စကားနဲ့ ပြောရရင်) ကျောရင်း ရတဲ့ ကာလပါ....။ အဲသည်ကာလ
မှာဘယ်ကောင်ဘယ်လို ဆိုတာ အ ချင်းချင်းသိကြသလို အပြန်အလှန်လေးစားပြီး (ထောင်စကားနဲ့ သုံး
ရရင်) အထာ ထားကြပါတယ်....။ ထောင်ကျဖူးတာကို .. နိုင်ငံရေး အရည်အချင်း တစ်ခုလို အခြားလူတွေကြားထဲ ကိုယ့်ကိုကိုယ် အမွှန်းတင် ပြောနေတယ်ဆိုရင်တော့ အဲဒီလူပာာ နိုင်ငံရေးမှာ ကျပ်မပြည့်ဘဲ ရူးနေ တာဖြစ်ကောင်းဖြစ်ပါလိမ်မယ်....
ထောင်မကျ ဖူးဘူးဆိုရင်ပဲ ထောင်မကျတဲ့သူကို နိုင်ငံရေးပဲ တန်းမဝင်သလိုလို နဲ့  ငါနိုင်ငံရေးနဲ့  ထောင်ကျခဲ့တာကွလို့  မာန်တက်ပြနေသူတွေ ရှိနေလို့ ဦးဝင်းထိန် ပြောတယ်မှတ်ပါတယ်
...ပြည်တဲ့ အိုးက ဘောင် မခတ်ပါဘူး.....။ နိုင်ငံရေး မုန်တိုင်းထန်တဲ့ကာလ မှာမှတ်ကျောက်က လဲ အတင် မခံခဲ့ရ ....
ထောင်ထဲ ရောက်ပြန်တော့လည်း မှတ်ကျောက်တင်စရာ ရာသီဥတု ကင်းစင် လိုမုန်တိုင်း က မရှိ ......
ဒီတော့ ဘာနဲ့ သွားတူ နေသလဲ ဆိုတော့ ဇော်ဂျီသွေးထားတဲ့ ဆေးကျောက်ပျဉ် ကို လျှာနဲ့ လျှက်မိသူ
လိုပါပဲ ဇော်ဂျီ လို ကောင်းကင်လဲ မပျံ နိုင် .....မြေပြင်မှာ လဲ လျှောက်လိုက မရ ...ဇော်ကန့် လန့် 
ဖြစ်နေတော့တာ နဲ့ တူပါရဲ့ ဗျာ......ထောင်ကျတာခြင်းတူပါတယ်...ခေတ်ကာလ နဲ့ ထောင်တွင်းဆက်ဆံ
မှု့ ပုံစံ ကပြောင်းသွား ပါတယ်....အရင်ခေတ်က လို အမှောင်တိုက်တို့ စစ်ခွေးတိုက်တို့ ဆိုတာတွေ မရှိ
တော့ဘူးထင်ပါတယ်....။ပြီးတော့ ခြင်ထောင် ထောင်ခွင့်တို့  တီဗွီ ကြည့်ခွင့် ဆိုတာ ပာိုဖက်ခေတ် အခါက
အိပ်မက်တောင် မမက်ဖူးတဲ့ အရာပါ....နောင်တော် ကြီးတွေ ခေတ်က စားဖတ်ချင်လွန်းလို့  ဆေးပေါ့လိပ်
ဖင်စီခံမှာ ပါတဲ့ သတင်းစာ ဖြတ်ပိုင်းလေးတွေကို စုပြီးဆက်စပ်ပြီး ဖတ်ခဲ့ရတဲ့ခေတ် မျိုးမပာုတ်တာတော့
သေချာတယ်....။
ထောင်ထဲနေပြီး ထောင်က ကြွေးတာလေးစား ...အိမ်က ပိုတဲ့ထောင်ဝင်စာလေး စားပြီး တည်ခိုခန်းမှာ
အနာယူသလို ယူတာမျိုးကို ထောင်ကျတယ်ခေါ်လေမလား....။ထောင်ထဲမှာ သူအချိန်နဲ့ သူ လေ့လာသင်
ယူ ပြီး ပြင်ပနိုင်ငံရေးနဲ့ လဲ အဆက်မပြတ်အောင် ကြိုးစားအာထုတ် ရုပ်ပိုင်းစိတ်ပိုင်း အားလုံး ဖွံ့ ဖြိုး တိုး
တက်အောင် လုပ်ကြရသလို ကိုယ်ပါတ်ဝန်းကျင်ကို လဲ ပြုပြင်ပြောင်လဲ နိုင်ကာမှ နိုင်ငံရေးသမား တန်ဖိုး
ရှိတဲ့ ထောင်ထွက် တစ်ယောက်ဖြစ်မှာပါ....။အင်စိန်ထောင်မှာ အဘ ဦးဝင်တင် ကစပြီး နိုင်ငံရေးအကျဉ်း
သမားအတော်များများ ထောင်ထဲမှာ ထောင်ထပ်ကျတာ ကြားဖူးကြမယ်ထင်ပါတယ်.....။လူအခွင့်ရေး
ချိုးဖောက်မှု့ မှတ်တမ်း တစ်စောင် အတွက်ပါ....သူတို့ တွေ ပာာ စာရွက် တစ်ရွက်( ဘောလ်ပင် မပာုတ်
တဲ့) မှင်ချောင်း တစ်ချောင်း ရဖို့ ခက်ခဲတဲ့ ကာလ မှာ ကြီးစွာသော ရင်နှီးမှူ့ တွေ ပေးပြီး အောင်မြင်အောင်
ဖန်တီနိုင်ခဲ့ ကြသလို နောက်မှု့ ထပ်ဖြစ်လို့  စစ်ကြောရေးလုပ်တော့လဲ ရဲဝံ့စွာ ရင်ဆိုင်ရဲ ခဲ့ကြတယ်...။ဒါပေ
မဲ့ အဲဒီတုန်းက ပါဝင်ခဲ့သူတွေ ပာာ အခု အချိန်မှာ ဘယ်သူမှ လက်မထောင် မော်ကြွားတာ မတွေရပါဘူး
။အဲဒါ အဓိက အဆံ မချောင် လို့ ပါပဲ.....။
အခု နောက်တက်လာတဲ့ မျိုးဆက်သစ် လူငယ်တွေမှာ လူတော်
တွေ များစွာ ပါလာတာတွေရပါတယ် အဲဒီလူတော်တွေ ကို နေရာကလည်း မပေးချင် ကိုယ်ကိုတိုင်ပဲ မင်းသားကြီး လုပ် ချင်လို့ တော့ မရပါဘူး.....။ ကျနော်တို့  မြန်မာ နိုင်ငံရေးမှာ ထောင်ကျသွားတဲ့ ခေါင်း
ဆောင်ကောင်းတွေ များစွာ ရှိသလို ထောင်မကျဖူးတဲ့နောက်လိုက်ကောင်းလဲ များစွာ ရှိပါတယ်.....။
ဒါကို ထောင်မကျဖူးလို့  ဆိုပြီး နှိမ်ချထားလို့ မရပါဘူး.......။
ဘာသာတရား အဆုံးအမ အရ ပြောရရင်လည်း ကိုယ်ပြုတဲ့ (ကံ) ဆိုတဲ့ အလုပ်ပာာ ဖြူစင်ရင် အကျိုးပေး
ကောင်းမှာပါပဲ....။ငါတို့ ကတော့ ထောင်တန်းကျပြီး ဘယ်လို အနစ်နာခံခဲ့တယ် ...ဘယ်လိုပေးဆပ်ခဲ့
တယ် ဆိုတာကို ဂုဏ်ယူ ပြီး အကြွေးတောင်းဖို့  မစဉ်းစားစေချင်ပါဘူး.....။ စေတနာမှန်ရင် အကျိုးပေး
ကောင်းပါလိမ့်မယ်....။ နောက်တခု .....ဆရာအောင်သင်းပြောခဲ့ဖူးတာလေး အမှတ်ရလို့ ပြောပါရစေဦး....
သစ်သားထဲ ကို သံ ရိုက်ထည်တော့ သံ ဘာလို့  ၀င်သွားသလဲ..? သံ က အမာ အရည်အချင်းရှိလို့  အရည်အချင်းမရှိတဲ့ အပြောထည်ဖြစ်တဲ့ သစ် က နေရာဖယ်ပေးရတာ ပါ.....တဲ့ ကိုယ်ကိုတိုင် အရည်အ
ချင်းရှိရင် ထောင်ကျတာ အရည် အချင်း မပာုတ်ဘူး....လို့ ပြောတဲ့စကားမှာ နာစရာ မရှိပါဘူး......။
ထောင်ကျခဲ့ကြတယ်....ခေတ်ဆိုးမှာပဲ ကျကျ....ခေတ်ကောင်းမှပဲ ကျကျ ...ထောင်မကျဖူးသူ ကို နှိမ်ချ
စရာ မလို သလို အကြမ်းမဖက်တဲ နည်းနဲ့ ပဲ တိုက်တိုက် ....လက်နှက်ကိုင်ပြီးတော့ပဲ တိုက်တိုက် ....စစ်
အာဏာရှင်ကို တိုက်ကြတာပါပဲ.....ကိုယ်Way နဲ့ ကိုယ်သွား....ကိုယ်လမ်းကိုယ်လျှောက် ...အဓိက က
ပန်းတိုင်ရောက်ဖို့ ပါပဲ.......။
မှတ်ချက်...။ လွတ်လပ်စွာ သဘောထားကွဲလွဲ နိုင်ပါသည်..။
လွတ်လပ်စွာ ဝေဖန်နိုင်ပါသည်......။
ခိုင်ကိုဦး (ဆစ်ဒနီ)
၁၀.၁၂.၂၀၁၅
No comments:
Post a Comment