Sunday, 13 December 2015
              စစ်အာဏာရှင်လက်ထက် က ငရဲ ကျသော ကျနော်ဘ၀ နေရက်များ .....
၁၉၉၆ . ဒီဇင်ဘာလ . ၆ ရက် (ည ၁၂း ၄၅ )
ကျနော် နှစ်ချိုက်စွာအိပ်မောကျနေချိန်.ကျနော်တယောက်ထဲမပာုတ်ပါဘူး ၀န်ကျင်တခုလုံး အိပ်မော
ကျနေချိန်မှာ ကျနော်အိမ်ကို (ကိုမွန်းအောင်သီချင်းထဲက ) ဧည့်ဆိုးတွေ တခါးခေါက်လာကြတယ် ...။
စုစုပေါင်း (၇)ယောက် ...လမ်းမှူးးပါအပါပေါ့...။ထုံစံ အတိုင်း ခဏလောက်လိုက်ခဲ့ပါဦးတဲ့.....။အိပ်ယာက
ထ မျက်နှာသစ် ...သွားတိုက် အိမ်သာတွေဘာတွေတက်ပြီးကာမှ ဘာဖမ်းတဲ့ အဖွဲ ခေါင်ဆောင်ကိုမေး
လိုက်တယ် ..။ဖမ်းဝရမ်း ပါလား လို့  ...။ ခေါင်းဆောင်လုပ်သူက မှုံ ကုပ်ကုပ် မျက်နှာနဲ မကျေမနပ်ဖြစ်
ကာ ၀ရမ်းမပါကြောင်း မေးစရာ ရှိလိုပါတဲ့ လေ...။ ဒါနဲ့ မေးစရာရှိရင်မေးပေါ့ ဆိုတော့ ဒီမှာ မေးလိုမဖြစ်
ကြောင်း ခဏလောက် လိုက်ခဲ့စေလိုကြောင်း ပြေပါတယ် ။ ကျနော်က၀ရမ်းမပါရင်ကျနော် အိမ်ထဲက နေ
တဖ၀ါး မှမခွာနိုင်ကြောင်း ဒီလိုပြောပြီးခေါ်သွားကြလို အိမ်ပြန်မရောက်သူတွေ မနည်းတော့ပြီဖြစ်ကြောင်း
ပြောတော့ သူတပည့်တယောက်ကို တိုးတိုးတိတ်တိတ် စခန်းကိုပြန်ပြီး ၀ရမ်းယူစေပါတယ် ....။
အဲသည်အချိန်က နိုင်ငံရေး လှိုင်းတပိုးစတင်ကြမ်းလာချိန် လို ပြောရမလားပဲ...အဖမ်းအဆီးတွေ နှစ်ရှည်
ထောင်ချတာတွေ အရမ်းခေတ်စားနေတဲ့ အချိန်ပေါ့....။ကြားဖူးနာဝ အရရော သဘာရှိ ထောင်ထွက်
ပောာင်းကြီးတွေ စကားအရ ပါ ၀ရမ်းတောင်းကြည်ရတာပါ...။ ဒါမှ ကိုယ်ကိုဖမ်းတဲ့ သူရဲ့  အချက်အလက် 
တွေ ကိုသိနိုင်ပြီး ကျန်ရစ်တဲ့ မိသားစုက လုပ်နိုင်တဲ့ အရာတွေ ကို လိုက်လုပ်နိုင်မှာလေ...။ 
ဝရမ်းပြန်ယူရတဲ့ အတွက် အချိန်ကြန့် ကြာ သွားတဲ့ အတွက် အတော်ကို မကျေမနပ်ဖြစ်နေကြပုံပါပဲ...။
ယူလာတဲ့ ၀ရမ်းကို ထုတ်ပြတော့ ကျနော် ညီမ လက်ထဲလှမ်းပေးပြီး ၀ရမ်းပါ အကြောင်းအရာတွေ ဖမ်းသူအမည် ...ရာထူး စတာတွေ ကူးထားစေလိုက်ပါတယ် ...။ ပြီးကာ မှ လှေကား အရင်းမှာ ထိုင်နေတဲ့ အမေ နဲ့  အဖေကို ရှိခိုးဦးချရင်း နှတ်ဆက်ခဲ့တယ်....။မျက်ရည်မကျပေမဲ့ ရစ်ဝဲနေတဲ့ အမေ
က...သား အေးအေးဆေးဆေး သာ လိုက်သွားချေ.... မင်းဖိုးအေ ဗိုလ်မြသွေးတုန်က လဲ ဒီလိုပဲ လာခေါ်
ကြတာပဲ....မင်းရောက်တဲ့ အရပ် အမေ ရောက်အောင်ထောင်ဝင်စာ လာတွေမယ် ....တဲ့လေ....။
အ၀တ်အစား အပို ၂စုံရယ် လွယ်အိတ်တလုံးရယ် ပိုက်ဆံ ၅၀၀ကျော်ရယ် အသုံလိုမယ် ထင်တဲ  ဆေးဝါး တချိုရယ်က ကျနော်အတွက် ကြိုတင်ပြင်ဆင်ထားပြီးသားမို့  အထူးတလည် အချိန်ယူစရာမလိုပဲ သူတိုခေါ်
ရာနောက် လိုက်ပါလာခဲ့ တယ် ...။ လမ်းထိပ် ရာအိမ်မှူး အိမ်ရှေမှာ အသင်ရပ်ထားတဲ့ ကားပေါ် ရောက်
ကာမှ နောက်လှည်ကြည်လိုက်တော့ အရပ်ဝတ်နဲ့  လူ(၃၀) လောက်ပါလာတာ သတိထားမိတယ် ....
ကျနော်အိမ်နဲ့ အနီးဝင်ကျင်မှာ ပိတ်ဆို့ စောင့်နေသူတွေထင်ရဲ့  ....
ကားပေါ်ကို လူ ၄ ယောက်သာ ပါလာပြီး လာခေါ်တဲ့ ကားက ပါပလေကာ အ၀ါရောင်ပါ...။ ကားပေါ်တက်လို့  ကားမောင်းထွက်ပြီဆိုတာနဲ့  တယောက်က ခုံပေါ်ကနေ တွန်းချ အောက်မှာထိုင်ခိုင်းပြီးလက်နောက်ပြန် လက်ထိပ်ခတ်ပါတယ် ......တယောက်က ပုတ်အက် နံစော် နေတဲ့  ခေါင်းဆွပ်ကို ဆွတ်ချ လိုက်တာမို့  ဘေးပါတ်ဝန်းကျင်ကို ဘာမှ မမြင်ရတော့ပါဘူး....။ 
အဲဒီ အမှောင် ထုပာာ .....နှစ်ဆယ်တစ်ရက် စာ ငရဲကျ ခြင်းရဲ့ အစ ဆိုတာကိုတော့ကျနော် ကြိုမစဉ်းစား
မိခဲ့တာ အမှန်ပါပဲ...။   
                                                        (၂)
ဒီလို နဲ့   ကျနော် ကိုခေါ်ဆောင်လားတဲ့ ကား မောင်းတဲ့ အချိန် ဘယ်ကွေ့  ညာကွေ့  ကို လိုက်မှတ်ပြီး 
ဘယ်ကိုခေါ်သွားတယ် ဆိုတာ စဉ်းစားပေမဲ့ ဘယ်လိုမှမှန်းမရနိုင်အောင်ပါပဲ....။ကားက ဘယ်ကွေလိုက်
ညာကွေ့ လိုက် အချိန်အတော်ကြာအောင် တည့်တည့်  မောင်းလိုက်နဲ့  ပေါ့....။ ကျနော်မှန်းထားတာက 
အင်းစိန် ဆယ်မိုင် ကုန်းမှာ ရှိတဲ့ ထောက် (၆)....ဒါမှမပာုတ် သမိုင်း က အောင်သပြေ စစ်ကြောရေးစခန်း
(အောင်သပြေ စစ်ကြောရေးစခန်း ဆိုတာ မူးယစ် တွေ ဘိန်းတွေ ဖျက်ဆီးပြတဲ့ ရဲ တပ်ရင်းတခုပါ)..။
လိုထင်မှတ်တာပါ ..။ ဒီနေရာတွေကို အင်းစိန်သားဖြစ်တဲ့ ကျနော် အတွက် ဘယ်လမ်းက မောင်းရင် ရ
တယ် ဆိုတာ အတတ်သိထားပေမဲ့ သူတို့  မောင်းနှင်လာပုံက ဘယ်လိုမှမှန်းလို့ မရအောင်ပါပဲ....။
လမ်းကနေ စထွက်လာပြီး မီနစ် ၃၀ လောက် အကြာ ကားစီး လိုက်ရတော့ ရေကြည်အိုင် စစ်ကြောရေး
စခန်း များခေါ်လာတာများလား လို့ တောင်မှ တွေးရင်း ကြက်သီးထမိလိုက်ပါသေးတယ် ...။ ရေကြည်အိုင်
ဆိုတာ နာမည်ကြီး စစ်ကြောရေးစခန်း တခုလေ...။ ရေကြည်အိုင်က အထု အထောင်း အနှိပ်အစက် အင်
မတန်ကြမ်းတယ် လို့ နာမည်ကြီးပြီး အဲသည့်စစ်ကြောရေးစခန်းမှာတင် အသက်ပျောက်သွားသူတွေ ဒဏ်ရာ အနာတရ နဲ့  တဘ၀ လုံး ရှင်းလျှက်သေ သွားသူတွေ ကအများသား မပာုတ်လား.....။
ကားရပ်သွားပြီး အချိန် အတော်ကြာသည် အထိ ကျနော် ကို ဘယ်သူမှ လာမခေါ်ပါဘူး....ဘေးနှစ်ဖက်ခုံ
ပေါ် မှာ စောင်ကြပ်လာတဲ့ သကောင်သား လေးကောင် ဆင်းသွားပြီး အတော်ကြာတဲ့အထိပေါ့....။
ဆယ်ငါးမိနစ် လောက်နေမှ တယောက်ရောက်လာပြီး ကားပေါ်ကကျနော် အင်္ကျီ လည်ကုတ်ကို ဆွဲပြီး 
ဆင်းတော့ လို့ ဆိုလာတယ် ....ကိုင်တွယ်ပုံ အင်မတန်သိမ်မွေ့ ပါတယ် ....။ဘာမှမမြင်ရအောင် ခေါင်း
ဆွပ် ကြီးစွပ်ခံ ထားရတဲ့ ကျနော် ...ကားပေါ်ကနေ ဒလိမ့်ခေါက်ကွေးပါပဲ....။ အစ ကတည်းက (၇၀) 
ကီလိုကျော် ပေါင်နဲ့ ဆို ၁၅၀ နီးပါးရှိတဲ့ ကျနော် လက်ထိပ်က လဲနောက်ပြန်ခေတ်ထားခံရသေး ........
ကားပေါ် ကနေ ပြုတ်ကျပုံကို တွေးလိုသာမြင်ကြည့်ပေတော့ဗျာ....။အိမ်က မိသားစုတွေ ရှေမှာ ပြုံးချို ရည်
မွန်စွာ ခဏခေါ်သွားပါရစေ ဗျာ လို့ ပြောခဲ့သူတွေရဲ့  ပဏာမ မိတ်ဆက်ပွဲ လေး ပေါ့......။
ရှေမှာ ရှိမှန်းမရှိမှန်းမသိပေမဲ့ ခေါ်လာသူရဲ့  အမိန့် အတိုင်း တန်းရှိတယ် ငုံ...ငုံ....ဆိုလဲ ငုံလိုက်ရတာပါပဲ
ရေမြောင်းရှိတယ် ကျော်....ကျော်...ဆိုတော့လဲ ကျော် လိုက်ရတာပေါဗျာ ။တကယ်တန်း ကိုယ်ရှေ့ မှာ 
ဘာမှမရှိပဲ တမင်ဖန်းတီး ပြီး သူတို့ အတွက် ပာာသ တခု အဖြစ် အဝေးက ထိုင်ကြည်ပြီး ပာား...တတ် 
ကြောင်းလဲ ကြားဖူးနားဝ ရှိပါတယ် ။ သိုသော် သူတို့ လက်ခုတ်ထဲ ရောက်သွားပြီကို....အရေးကြီးတာက 
သမျှ အစ တွေနဲ့  ကိုယ်ဖြေတာ တမျိုး ...ကိုယ်အမှု့ တွဲ ဖြေတာ တမျိုးနဲ့  လုံခြာလည်လိုက်ပြီး စစ်ကြောရေး ရက် ပိုကြာသွားသလို ပိုပြီး နှိပ်စက်ခံရတတ်ကြောင်း နောင်တော်ကြီးတွေ ရဲ့  အမှာ စကား
ကလဲ အဲဒီခေတ် နိုင်ငံရေးသမား တိုင်း အတွက် ဆောင်ရန်အချက် တချက်ပေါ့....။
ဒီလိုနဲ့  ဆယ်ငါးပေ ပါတ်လည် အခန်းတခန်းထဲ ရောက်သွားချိန်မှာ တော့ စစ်ခွေး တကောင်က ကျနော် 
တံခေါက်ခွက်နေရာကိုဆောင်ကန် ချလိုက်တာမို့ ဒူးထောက်ရက် ကျသွားပါတယ်..။ကျနော်ဝိတ်နဲ့ အရှိန်
နဲ့ ဆိုလေတော့ နာလိုက်သည်ဖြစ်ခြင်း.....။ အဲသည့် နောက်ကနေ ကန်လိုက်တဲ့ အချိန် နဲ့  တပြိုင်နက် 
ပုတ်အဲ့ နံစော် နေတဲ့ ခေါင်းစွပ် ကြီးကိုလဲ ဆွဲချွတ် ခံလိုက်ရပါတယ်....။ အခန်းထဲမှာတော့ အလင်းရောင်
ကောင်းပါတယ် ....။ကျနော်ရှေ့ တည်တည့် မှာတော့ ရုံးသုံးစာရေးစားပွဲ နဲ့  ကုလာထိုင်ပေါ် ခန်ခန်ကြီး 
ထိုင်နေတဲ့ ခက်ထန်ထန် လူတယောက်က ကတော့ စစ်ကြောရေးကာလ တခု လုံးအတွက် ကျနော် အမှု့ 
စစ် ဖြစ်လာမဲ့သူပေါ့.....။( နောက်မှသိရတာက ထိုသူက ဗပိာုထောက်လှမ်းရေး ...ဗ.ထ.လ က 
ဗိုလ်ကြီးသက်ရှည် လို့ အမည် ရပါသတဲ့)...။နာမည်ရင်း ပာုတ်ချင်မှလဲ ပာုတ်မှာပေါ့...ကိုယ်ကို ၀န်ထမ်း 
ကဒ်ထုတ်ပြ ပြီးမိတ်ဆက်တာမှ မပာုတ်တာ..........။
                                                  (၃)
စားပွဲပေါ် က ကိုယ်တော်က တုတ်တုတ် မှမလှုပ်သေးခင် သခင်အားရ ကျွှန်ပါး ၀ လို အမည်ပေးရမဲ့ သူတွေ က ၀ိုင်းလာပြီး ကျနော် ကိုဆွဲထူ ခြေနှစ်ချောင်း ကားထားပြီး  တကိုယ်လုံး ကိုရှာဖွေပါတယ် ။
ပါလာသမျှတွေကို မှတ်တမ်းတင် ....ပြီးတော့ မှန်...မမှန် ကျနော်ကိုဖတ်ပြ ..နောက်တော့ လက်မှတ်ထိုး
ခိုင်းပါတယ် ...။ အဲဒီနောက် အမှု့ စစ် အရာရှိက ဘာမှမမေး ...ဘာမှမပြော ပဲ အပြင်ထထွက်သွားလေ
တော့ ...အခန်းထဲ ကျန်ခဲသူ (၅)ယောက် က အကြောင်းမရှိ အကြောင်းရှာ ပြီး ထိုးကြိတ်ကန်ကျောက် ရိုက်နှက်ပါတော့တယ် ....။ ဆဲ လိုက်ကြတာလဲစုံနေအောင်မိုးမွှန်အောင်ပါပဲ....။ဆဲနည်း ဆွယ်စုံကျမ်း 
ပြုစုရင်တောင်မှ ရလောက်တယ် ....။ အကြောင်းမဲ့ လက်ထိပ်ကို နောက်ပြန်ခတ် ကြမ်းခင်မှာ ထိုင်ခိုင်း
ပြီး ဘေကြတာ တကယ် အာဂတွေပါပဲ....ရှမ်းတိုက်ပုံ အစိမ်းရောင် ၀တ်ထားတဲ့ တယောက် ဆိုရင် သူမျက်နှာ သူလက်ညှိုး ညွှန်ပြပြီး မကျေနပ်ရင် သေချာ ကြည်ထား အချိန်မရွေး နေရာမရွေး ပြန်တွေ လို့  
ရတယ် ပော့ကောင် ဆိုပြီး စိန်တောင်ခေါ်သွားလိုက်သေးတယ် ....။ အားလုံးက တခုခု မူးနေကြပုံ ရပါတယ် ...။စိတ်ရှိလက်ရှိ တနာရီ နီးပါး ညှင်းပန်းနှိပ်စက်ပြီး ကျေနပ်သွားကြတော့မှ အခန်းတခါး ကိုဆောင်ပိတ်သွားကြပြီး တယောက်တည်းကျန်ရစ်ခဲ့ပါတယ် ....မီးလဲ အမှောင်ချသွားကြပါတယ် ....။
အပြင်က ခြေသံတွေ အော်ပာစ်သံတွေ တစွန်းတစ ကြားနေရပြီး သိပ်မကြာခင်မှာထုထောင်းရိုက်နှက်ထား
တဲ့ ဒဏ်တွေကြောင့် ကြမ်းပြင်ပေါ်မှာပဲ လဲကျ အိပ်ပျော်သွားပါတယ် ....။
ဘယ်လောက်အချိန် ကြာကြာထိ အိပ်ပျော်သွားတယ် မသိ...ဖျတ်က နဲ လင်းလာတဲ့မီး အလင်းရောင်
ကြောင့် လန့် နိုးလာခိုက်မှာ ကျနော် နဲ့ မတိမ်းမယိမ်း အရွယ် ရှိတဲ့ ကောင်လေး တယောက်နဲ့  အမ်၁၆
ကိုင် ရဲတပ်သားငယ်တယောက် ကိုတွေလိုက်ရပါတယ် ...။ကောင်လေးရဲ့ လက်ထဲမှာ ကြက်ဥကြော် တ
လုံးနဲ့  ထမင်းပန်ကန်..ပြီးတော့ စစ်သုံးမတ်ခွက် နဲ့ လဘက်ရည် ကျဲကျဲ....။စကား တခွန်းမှ မပြောပါပဲ ကျနော် ရှေ့  ကိုပန်ကန်..ခွက်တွေ ချ .... လက်ထိတ်ဖြုတ်ပေး ပြီး လက်ပာန်ခြေပာန် နဲ့  စားခိုင်းပါတယ် ...။လက်ထိပ်ဖြုတ်ပေးတယ် ဆိုတာကလဲ ညာလက် တဖက်တည်းရယ်ပါ ...ဘယ်လက်မှာတော့ လက်ထိပ်တန်းလန်း နဲ့ ပေါ့.....။
ကျနော်ကို ဖမ်းခေါ်လာတာ ည ကဆိုတော့ ဒါ မနက်စာပေါ့....။စားသောက်ပြီးသွားတော့ လက်ထိပ်ပြန်ခတ် တယ် ....။ဒီတခါတော့ နောက်ပြန်မပာုတ် တော့တဲ့ အတွက် နေရထိုင်ရတာ သက်တောင့်သက်သာ ရှိပါတယ်...။ ကြွေးတဲ့ ဆန် က အကောင်း မပာုတ်ပေမဲ့စားလို့  ရရုံ တော့ရှိပါတယ်...။သူတို နှစ်ယောက် ပြန်ထွက်သွားတော့ မီးအမှောင်ကျသွားပြီး သော့ခတ်သံ ကြား လိုက် ရတော့မှ ကျနော် ကိုထားတာ အမှောင်ခန်း ဆိုတာ သတိပြုလိုက်မိတယ် .....။
ဒီအတိုင်း ပါပဲ ...မနက်...နေလည် ....ည လာပို့ တဲ့စားစရာလေးတွေစားလိုက် အမှောင်ခန်းထဲ လမ်းလျှောက်လိုက် ...ဘာမှမမေးသေးပေမဲ့ မေးလာနိုင်တာတွေ အတွက် စဉ်းစားပြင်ဆင်နေ မိပါတယ်...။ တချက်....တချက် ကြားရတဲ့ စူးစူးဝါးဝါး အော်သံတွေ အော်ပာစ်ပိာန်ပောာက်သံ တွေ က
ပိန်ပိတ်နေတဲ့ အမှောင်ခန်းထဲမှာ အင်မတန် ခြောက်ခြားစရာ ကောင်းလှပါတယ်....။
မှတ်မှတ်ရရ ပါပဲ ရောက်စ တည နဲ့ နှစ်ရက် တိတိ အစားအစာ လာပို့ သူက လွဲ လို့  ဘယ်သူမှမတွေ့ 
ရသေးပါဘူး...အခန်းဝမှာ လက်နှက်ကိုင် ရဲတယောက်က တော့ ပုံမှန်ရှိပုံ ရပါတယ် ...ကျနာ် အပေါ့ အလေး သွားချင်လို့ အော်ခေါ်ရင် လာဖွင်ပေး ခေါင်းဆွတ် စွပ်  ခတ်ထားတဲ့ လက်ထိပ်ကနေ အိမ်သာ ကိုဆွဲခေါ်သွား တော့ အနီးဝန်ကျင်မှာ ကျနော်လို အဖမ်းခံထားရသူတွေ ရှိနေဦးမှာ အသေအချာပဲပေါ့...။
အမှု့ မစစ်သေးတာ ...ဘာမှ မမေးမြန်းသေးတာ ကတော့ လူဖမ်းပွဲကြီး မပြီးသေးတာ ဖြစ်နိုင်သလို အမှု့ 
တည်ဆောက်လို့  မပြီးသေးတာလဲ ဖြစ်နိုင်တာပါပဲ....။ဒီကြားထဲ ၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု့  
အရှိန်ကြီးထွားလာပြီး အပြင်မှာ ရှစ်လေးလုံး ကာလ ကလို ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်ပြီလား....၊အဲလို့ 
ဖြစ်ခဲ့ရင်တော့ အုပ်ချုပ်ရေး ပျက်ပျားပြီး ပြန်လွတ်နိုင်ကောင်းရဲ့ လိုတောင်မှ တွေးလိုက်မိသေးရဲ့ ...
                                             (၄)
 ကျနော်အထင်မှားပါတယ် ..။ စစ်ကြောရေးစခန်းကိုရောက်ပြီး တည နဲ့  နှစ်ရက် ပြည်ပြီးနောက်တနေ့  
လည်ကနေ (ရုပ်ရှင်ထဲက လူကြမ်းတွေ လို့ ) လက်ပိုပြီး ရှူတည်တည် ကြည်သူက ကြည်...နံပါတ်တုတ်
ကိုင်ပြီး ခေါက်တုံ ခေါက်ပြန် လမ်းလျှောက်သူက လျှောက်လို....။ ကျနော်ကတော့ လက်ထိပ် နောက်ပြန်
ပုံ တွေပါပဲ....။
စရောက်တဲ့ ညကစလို့ ကျနော်စိတ်ကူးထဲ ရေးဆွဲထားတဲ့ ဇာတ်ညွှန်းအတိုင်း ပိပိရိရိ ပုံပြောပြခဲ့ပါတယ်..။
ဘေးက ၀င်ခြောက်လိုက်လှမ်လိုက် ပိာန်းလိုက်ပောာက်လိုက် လုပ်တဲ့ကြားထဲကနေ သူတို့ ယုံအောင် ပြော
နိုင်ခဲ့ပါတယ် ...။
သူတို့ ကလည်း တကြိမ်ထဲ စစ်မေးပြီး ပြီးသွားတာတော့ မပာုတ်ပါဘူး....။ (၂)ရက် (၂)ည တိတိ..
ကိုယ်ပြောထားသမျှကို ခေါင်းက စပြီးပြန်မေးလိုက် ...အမြှီးက လှန်မေးလိုက်နဲ့  ကွဲလွဲချက်ကို ရှာ ပြီး
အစတွေ ဆွဲထုတ်တော့တာပါပဲ....ကိုရေးထာတဲ့ ဇာတ် ကိုယ်မနိုင်ရင် ကိုယ်ကြိုးနဲ့ ကိုယ် ပြန်တုတ်မိမှာလဲ
စိုးရတာမို့  သူတိုလစ်တဲ့ အချိန် အားနေချိန်မှာ ပြောခဲ့သမျှတွေ ပြန်စဉ်းစား ပြန်စီထားရတာပေါ့လေ....။
ရောက်တဲ့ ည ကစလို့  လက်ထိပ် ဖြုတ်ပေးတယ် ဆိုတာ လုံးဝ မရှိခဲ့ ပါဘူး...ထမင်းစားရင် ညာလက်နဲ့ 
ထိုင်ခုံ တွဲခတ် ထားသလို့  အိမ်သာ သွားရင်လဲ အိမ်သာ အ၀ ရောက်ကာမှ ညာလက် တဖက်ဖြုတ်ပေးပြီး
ဘယ်လက်မှာ လက်ထိပ်တန်းလန်း နဲ့  အိမ်သာဝင်ရတာပါ...။ ထွက်ပြေးဖို ဆိုတာဝေးရော ...ကိုယ်ကို
တိုင် ဘယ်ရောက်နေမှန်းကို မသိရပါဘူး...ထမင်းလာပို့  အိမ်သာ လိုက်ပိုတဲ့ ရဲသားလေးတွေက လည်း
ဆွံအ နားမကြားတွေများ အလုပ်ပေးထားသလား လို့ တောင်မှ ထင်မှတ်မှားမိအောင် ဘာပြောပြော..
ဘာမှပြန်မပြောသလို မသိသလို မကြားသလို လုပ်နေတာကြောင့် ကိုယ် ဘယ်ရောက်နေသလဲ ဆိုတာကို
မမေးဖြစ်တော့ ပါ.....။
ဒီလိုနဲ့  ၉၆ ဒီဇင်ဘာ အကြောင်းပာာ ပြောစရာမရှိအောင် ပာာကွက် မရှိအောင်ဖြေ နိုင်ခဲ့လေတော့ကျနော်
အိမ်ပြန်ပို့ တော့မယ် အထင်နဲ့  သူတို့ လာအခေါ်စောင်နေခဲ့ပါတယ် ....။
ဒီနေရာမှာလဲ ကျနော် အထင် မှားပြန်ပါတယ် ....။
စားပွဲပေါ် လက်တဖက်တင် လက်ပေါ်ခေါင်းချပြီး ညာလက်တဖက်က ထိုင်ခုံနဲ့ လက်ထိပ်တွဲခတ်ထားပေမဲ့ 
ကဲ ကိုယ်ဆရာ ရေ...အရင် တခုက ပြီးသွားပြီ...နောက်ခေါင်းစဉ် တခုနဲ့ စစ်မေးဖို့  အမိန်ရောက်လာလို့ 
အရင်တခေါက်က လို့ အမှန်အတိုင်ဖြေပါဗျာ...အမှာတွေဖြေမယ် ...အလိမ်အညာတွေ ဖြေလို့  ပေါ်ရင် 
ကိုယ်ဆရာလဲ နာမယ် ...ကျု ပ်လဲ အလုပ်ပိုရှုတ်မယ် ....တဲ့ ..
နောက်ထပ်စစ်မေးဖို့ ပါလာတဲ့ ခေါင်းစဉ်က 
ကျနော်...ဒေါ်အောင်ဆန်းစုကြည်နှ့င့်ပါတ်သက်ဆက်နွယ်မှု့ များ .....တဲ့.....
                                           (၅)
သူတို့ ပေးတဲ့ ခေါင်းစဉ်ကို ကျနော် အစ မှာတော့ ပါတ်သက်မှု့ တွေကို အမှန်အတိုင်းဖြေဖြစ်ခဲ့တယ်.....။
အဘ ဦးတင်ဦးနဲ့  ကျနော် အဖိုးရင်း ဗိုလ်မြသွေးပာာ ဂျပန်ခေတ်စစ်သင်တန်းကျောင်း (တတိယပါတ် ဗိုလ်သင်တန်းဆင်း)မှာ အတူ သင်တန်း တက်စဉ် ကတည်းက ရင်နှီးခဲ့တာကြောင့် ယုံကြည်မှု့ နဲ့  အန်တီ 
အိမ်ထဲ..ခြံဝင်းထဲ နေခွင့် ရခဲ့တာဖြစ်ကြောင်း ကနေ စလို့ ပေါ့.....။ တချို နေရာတွေမှာတော့ လျှော့ပေါ့
စွာ ဖြေခဲ့ပါတယ်....။အထူးသဖြင့် အန်တီ အိမ်ထဲမှာ ထည်ထည်ဝင်ဝင် မပာုတ်ပဲ သာမာန် နေထိုင်မှု့ သ
ဘောမျိုးရောက်အောင် ဖြေရတာပါ...။ဘာကြောင့် ဆိုရင် အန်တီ အိမ်ထဲက အတွင်းရေးတွေ ကျနော်
သိထားတာတွေ ကနေ အစ တွေထွက်လာမှာ စိုးရိမ် တဲ့ အတွက်ပါ...။ အဲဒီ စစ်ကြောရေးအရာရှိ ထံက
နေ စာရွက်လွတ် ဘောပင် တစ်ချောင်းတောင်းပြီး အန်တီ အိမ်နဲ့  ခြံတွင်းဖွဲ့ စည်းပုံ တည်နေရာတွေ ကို
ပုံဆွဲ ပြပြီး သတ်မှတ်နယ်မြေတွေ ကို စည်းခြားပြ လိုက်ပါတယ်....။အဲသည့်စည်းခြားထားတဲ့ ဧရိယာ အတွင်း ကျနော်ဝင်ခွင့် မရ တဲ့ အတွက် အိမ်ထဲက အကြောင်းတွေ ဘာမှ မသိဘူးလို့  ကြို ကာထား
လိုက်ပါတယ်...(မှတ်ချက် ..အိမ်နောက်ဖေးပေါက်က ၀င်ထွက် သွားလာခွင့် ကို တော့ ထိန်ချန်ထား
လိုက်ပါတယ်) ။ အိမ်ထဲ နေသူတွေ အမည်စာရင်း အိမ်နောက် ကားဂိုဒေါင် မှာ နေသူတွေ အမည်စာ
ရင်းတော့ ခွဲပြီး အတိအကျပေးလိုက်တော့ အမှု့ စစ်လဲ ယုံကြည်သွားပုံ ရပါတယ်....။ကျနော် ကတော့ 
အစ ကတည်းက အိမ်နောက်ဖက် ကားဂိုဒေါင်(ဆားဗစ်တန်းလျှား ) မှာ ပဲ ညအိပ်တာမို့  ကြိုတင်ကာ
ကွယ်ပြီးသား လဲဖြစ်သွားပါတယ်...။(မှတ်ချက် ...အိမ်ထဲကဧည့်ခန်းမှာ အိပ်ရင် အန်တီက မနက် ၇
နာရီ ထိုတာနဲ့ အပေါ်ထပ်က ဆင်းလာတတ်တာကြောင့် ခေါင်းအုံးဖက် စောင်ပိုက်ပြီး အိပ်ယာပြောင်းပြေး
ရတာကြောင့် အိမ်ထဲမှာ မအိပ်တာပါ)
လူဦးရေ အမည်စာရင်းက ကျနော် မပြောလဲ စစ်ထောက်လှမ်းရေးတွေ ထံမှာ အတိအကျရှိနေပြီးသားမ
ပာုတ်လား..။ဒီတော့ အမှန်တွေ ကြားညှပ်ထားက မှ ထိန်ချန်စရာတွေ ကို သူတို့ ယုံကြည်ကြမှာလေ....။
ဒီတော့ အိမ်ထဲ မှာ နေထိုင်ရသူမပာုတ်တော့ အိမ်ထဲက ဘယ်သူဘာလုပ်သလဲ ..ဘာတာဝန်တွေယူကြ
သလဲ ဆိုတာ ကျနော်ဆီက ထွက်လာစရာ အကြောင်းမရှိသလို ကျနော်အတွက် မေးခွန်းနည်းလေ သက်သာလေ ပါပဲ...အဓိက ကတော့ ကျနော်ပေးတဲ့ စစ်ချက်ကြောင့် အိမ်ထဲ မှာရှိသူ(တနည်းပြောရရင်
) အကြောင်းမဲ့ အန်တီ အနားက အင်အားတွေ မလျှော့စေချင်တာပါပဲ...။
အေးအေးဆေးဆေး ဖြေ လို့  ရချိန်မှာ စိတ်သက်သာ ရသလို လူလည်းသက်သာ ပါတယ်...။ဒါပေမဲ့ တခါ တရံ မှာတော့ ကိုယ်ကိုတိုင်ဒေါသ တွေ ထွက်ရသလို သူအော်ကိုယ်အော် ပြန်အော်တော့လည်း အထု
အထောင်းခံ၇ပါတယ်...။ အဆိုးဆုံးက အန်တီ ရဲ့ ကိုယ်ကျင့်တရားနဲ့ ပါတ်သက်ပြီး စော်ကားတဲ့ မေးခွန်း
တွေ ထွက်ချက်တွေ အတင်းအကျပ်ထွက်ဆို ခိုင်းတာပါပဲ....။သူတို့ လိုချင်တာ မရတဲ့ အခါ နောက်က
နေ နားအုံ နှစ်ဖက်ကို လက်နှစ်ဖက်နဲ့  ဗုံ တီးသလို စုံရိုက်တာပါပဲ....တချက်ရိုက်လိုက်ရင် အနည်းဆုံး 
(၁၀) မိနစ်လောက် ဘာသံမှ မကြားရအောင် နားထဲ အူပြီးကျန်ခဲ့ပါတယ်...။အဲသည်လို နားအူပြီးမကြား
ရတဲ့ အချိန်မှာ သူတို့ က မေးချင်တာထပ်မေး ကိုယ်က ဘာမှ မကြားတော့ ပြန်မဖြေ...ပြန်မဖြေတော့
 ပြန်မပြောရကောင်းလား ဆို ပြီး ကန်လိုက်ကြောက်လိုက် ထိုးလိုက် ကြိတ်လိုက် ပါပဲ....
မျက်နှာ ကျောကုန်း..ခါး..နံရိုး..ခြေထောက်တစ်ကိုယ်လုံးအနှံ သူတို့ ထုထောင်းမှု့ ကိုခံရပါတယ်...။ 
မေးခွန်းတခု နဲ့ တခု မရိုးအောင်ပြောင်းလဲ မေးသလို မေ့သလောက်ရှိမှ လျှပ်တစ်ပျက် ပြန်မေး ပြီးတော့ လဲ ပာာကွက် ထွက်လာအောင် လုပ်တတ်ပါတယ်...။ သူတို့  လို ချင်တာတွေထဲမှာ အန်တီအိမ်ထဲ နေတဲ့ 
သူတွေ ကို အမှု့ ဆင်ပြီး ဖမ်းလို့ ရအောင် ၊ကျနော်နဲ့  အမှု့ တွဲ လို့ ရအောင် မရမက ကြိုးစားကြပါတယ်.။
ကြို ကာ ကြိုပိတ်...ကြိုငြင်း ထားတဲ့ ကျနော်အတွက် စစ်ကြောရေး နှစ်ပါတ်လောက်မှာ နည်းမျိုးစုံအောင်
ခံခဲ့ ရတာပါပဲ....။ဂျပန်ခေတ်က ကင်ပေတိုင်တွေ တောင် သူတို့ လောက် နှိပ်စက်တတ်မယ် မထင်ပါဘူး
။တုတ်နဲ့ ရိုက် လက်သီးနဲ့ ထိုး ခြေနဲ့ ကန်တာ ကတော့ သိပ်မထူးလောက်တဲ့ နှိပ်စက်မှု့ တွေ ဆိုပေမဲ့ လက်ထိတ်ခေတ်ပြီး လုပ်ချင်သလို လုပ်ခံရတာ က ယောကျင်္ားချင်းစိတ်ဓါတ်ရေး ရာအရ နှိပ်စက်မှု့  တ
ခုပါ...။ရေစက် ချတယ်..။ ဆိုင်ကယ်စီးခိုင်း တယ်...ကားမောင်း ရတယ်...နောက်ဆုံး လေယာဉ်ပျံပါ 
မောင်းခိုင်းပါသေးတယ်....။
ဒီနေရာမှာ အလျှင်းသင့်လို့  အဲသည်နှိပ်စက်နည်းတွေ အကြောင်း ရှင်ဲးပပါရစေ.....
ဆိုင်ကယ်စီးခိုင်းတယ်ဆိုတာ ...ဘာမှ အခု အခံ မပါပါပဲ ဆိုင်ကယ်ပေါ် ကားယားခွထိုင်သလို ထိုင်ပြီး
လက်နှစ်ဖက်က ဆိုင်ကယ် ပာန်ဒယ် ကိုကိုင်သလို ကိုင်ထားပြီး ပါးစပ်က ဆိုင်ကယ်သံလို တ၀ူးဝူးအော်
နေရတာပါ ...။ကားမောင်းတယ်ဆိုတာလဲ ထိုနည်းအတူပါပဲ ...လူတယောက် ဘာမှ မပါပဲ လက်နှစ်ဖက်
လေထဲ မြှောက်ထားကြည်ပါ ..။ဘယ်လောက်ကြာကြာ လုပ်နိုင်ပါ့မလဲ ...။မိနစ်ပေါင်းများစွာ ကို ပုံပျက်
ပန်းပျက် ကိုယိုကားယား နေခိုင်တာ တကယ် ကို ဆိုးတဲ့ နှိပ်စက်နည်းပါ....။
ကျနော်ကို ဆိုင်ကယ် ၊ ကား မောင်းခိုင်း စီးခိုင်တယ် ကျနော် လုပ်ပါတယ်...ဒါပေမဲ့ သူတို့ ပြောသလို 
ရပ်ဆိုမှ ရပ်တာ မပာုတ်ပဲ မောင်းချင်တဲ့  အချိန်မောင်းတယ် ..ရပ်ချင်တဲ့ အချိန်ရပ်တယ်...။
ဆိုင်ကယ်မောင်း ကားမောင်းရာကနေ ညောင်း လာတော့ ရပ်လိုက်တယ်....။ကျနော်ဆီက တ၀ူးဝူး
အော်သံရပ်သွားပြီး ခြေစုံ ရပ်လိုက်တိုင်း မအေ..နှမ တိုင်းဆဲပြီး ဘာကြောင့်ရပ်သလဲ ပေါ့ ...ကျနော်က 
နည်းမျိုးစုံ ဆင်ခြေ ပေးပါတယ် ....သမိုင်း လမ်းဆုံ မှာ မီးပွိုင်မိနေတယ်...ဆိုတာ တမျိုး....လှည်းတန်း
မှာ လမ်းကြောင်းဖြတ်နေလို့  ဆိုတာ တဖုံ....သံဈေး သိမ်ကြီးဈေးရှေ့ ရောက်နေတာ လမ်းပိတ်နေလို့ 
ရှေ့ ဆက်တိုးမရဘူး ဆိုတာက တစ်သွယ် နဲ့ နေသာအောင်နေတော့ ကလိန်ကကျစ်ညာဏ် တွေအကုန်
ထွက်တယ် ဆိုပြီး ၀ိုင်းတွယ်ကြ ပါတယ်....။ ဘယ်လို့ မှ လှည့်လို့ မရတာကတော့ လေယာဉ်မောင်းတာ
ပါပဲ ကိုယ်နေပာန်ထားလဲ ခက်သလို မီးပွိုင်မိတယ် ပြောလို့ လဲ မရပါဘူး...။လေယာဉ်ပျံ က ခြေထောက်
တစ်ချောင်းထောက်ပြီး တစ်ချေင်းက ကင်းမြှီးကောက် ထောင်သလို ထောင်ထားရပါတယ်....လက်နှစ်
ဖက် က လေယာဉ်တောင်ပံ လို ဘေးကိုဖြန့် ထားရတာပါ....ပါးစပ်က လဲ တဝေါဝေါ အေယ်ရသေး......
ကျနော် အတွက် (၅)မိနစ်ပြည်အောင် မမောင်းနိုင်ပါဘူး...ဒူးတွေ တဆတ်ဆတ် တုန်ပြီး ပစ်လဲ သွား
တော့တာပေါ့ ဗျာ....၊ဒီတော့ စစ်ဖိနပ်ဝတ်ထားတဲ့ ခြေထောက်တွေ  ကျနော်အပေါ် မိုးရွားသလို ကျ
လာပါတော့တယ်....။ 
စစ်ကြောရေး နှိပ်စက်ခံရတဲ့ အထဲ ကျနော် အတွက် အဆိုးဆုံးက ..အထက်မှာပြောခဲ့ သလို အန်တီရဲ့ 
ကိုယ်ကျင့်တရားကို အတော်စော်ကားတဲ့ ထွက်ချက် ကို ထွက်ဆို စေချင်တာပါပဲ...တကယ်ကို မပာုတ်
တဲ့ဖြစ်ရပ်ကို  လုပ်ဇာတ် တခုဖန်တီးပြီး ပာုတ်ပါတယ် လို့ ဝန်ခံ စေချင်တဲ့ စစ်ချက်ပါ...။ အဲသည်နေရာ
မျိုးကျတော့ ကျနော် အသက်သာ အသေခံမယ် ...ဘူးကွယ်ခေါင်းခါ တော့ သူတို့ စိတ်ကြိုက် နှိပ်စက်
ကြတာပေါ့ဗျာ...။အဲဒါရေစက်ချခံ ရတာပါ.....။
ရေစက်ချတယ် ဆိုတာက ကျနော်ကို လက်ထိပ် နောက်ပြန်ခေတ်လျှက် ပလက်အိပ်ခိုင်းထားပြီး မျက်
နှာပေါ် ယောကျင်္ားကိုင် လက်ကိုင်ပ၀ါ တထည် ကိုရေဆွတ်ပြီး အုပ်ပါတယ်...၊ပြီးမှ ရေဖလားတခွက်ထဲ
က ရေကို လက်နဲ့ ယူပြီး တောက် ချတာပါ....။အစ ရေ သိပ်မစိုခင်မှာ အသက်ရှု လို့ ရပေမဲ့  လက်ကိုင်
ပ၀ါမှာ ရေဆွတ်စို မှု့  များလာတာနဲ့  အမျှ အသက်ရှုရ ခက်ခဲ လာပါတယ်.....လက်ကိုင်ပ၀ါက ရေ ၀ိတ် ကြောင့် အောက်စီဂျင် မရ အသက်ရှု ရခက်ခဲ လာပြီး ကျနော် မျက်လုံးတွေ ပြာလာပါတယ်....။
အဲသည့်အ ချိန်မှာ ဖျတ်ကနဲသတိရပြီး နှာခေါင်းက အသက်ရှုတာ မပာုတ်ပဲ ပါစပ်က နေ လေကို ဖြေး
ဖြေးချင်းရှုသွင်းရပါတယ်....လက်ကိုင်ပ၀ါ မှာ စိုနေတဲ့ ရေတွေ နဲ့  အတူ အောက်စီဂျင် ကို ရကာမှ 
အသက်ရှု လို့ ရလာပါတယ်....။ အဲဒီရေ ပာာ သန်သည် မသန်သည် ...မျက်နှာပေါ်အုပ်ထားတဲ့ လက်
ကိုင်ပ၀ါပာာ ဘယ်ချောင်ကနိုက်လာသည် ဆိုတာတွေတော့ အဲသည်အချိန်က စဉ်းစားချိန်မရခဲ့ ပါဘူး...
(ဆက်ရန်. ကျန်ပါသေးသည်....ယခင် ရေးပြီးသား လေးပိုင်းနှင့် ဆက်ရေးထားခြင်းဖြစ်ပါကြောင်း)
                                                                     ခိုင်ကိုဦး.(ဆစ်ဒနီ)
                                                                     ၁၄ . ၁၂ . ၂၀၁၅
No comments:
Post a Comment