Tuesday, 1 December 2015
အင်းစိန်မှသည် ဂျိန်းဖော နရသိမ် ဆီသို့ .....(၄)
အင်းစိန်မှသည် ဂျိန်းဖော နရသိမ် ဆီသို့ .....(၄)
၁၉၉၇ ၊ ဧပြီလ ၊ ၇ ရက်...
မြစ်ကြိးနားသွား ရထားကြီးကတော့ ချက်မှန်မှန် ခုန်မောင်လို့ နေသည်...။
ကျနော် အိပ်ယာက နိုးတော့ အတော်ပင် အလင်းရောင်ကောင်းနေပြီ....ပာသာင်္တ မှ ကျောင်းဆရာ
ကိုလှထွန်းအောင် ကတော့ ရွှေဘို ဘူတာမှ လှည်းပတောင်း များနှင့် တက်လာသော အ မျိုးသမီးတဦးနှင့်
စကားလက်ဆုံကျနေသည်...။ နောက်မှသိရသည်မှာ ထို အမျိုးသမီးသည် ရွှေဘို အ.ထ.က မှ ကျောင်း
ဆရာမ တစ်ဦးဖြစ်ကြောင်း..ကျေင်းပိတ်ရက်များတွင် လစာ မလုံလောက်မှု့  ကို ဖြေရှင်းရန် အတက်
ကုန်ကူးရခြင်းဖြစ်ကြောင်း သိရသည်..။
ရထားတွဲ အတွင်း စကားစမြည်ပြောရင်း ဆွေးနွေးရင်း ...ရသမျှ ပြင်ပ ရှု့ ခင်း များကို ခံစားရင်း လိုက်ပါ
လာခဲ့ ကြသည်..။ ကျနော်တို့  (၁၂)ယောက်တွင် အမရပူရ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးဇော်
မြင့်မောင် ၊ သွားဖက် ဆိုင်ရာ ဒေါက်တာ ဦးခင်ဇော်ဝင်း ၊ ပာသာင်္တ မှ ကျောင်းဆရာ ဦးလှထွန်းအောင် ၊
ABSDF ကျောင်းသား ကိုကြည်ဖေကျော်(ဘိုကလေး) ၊ ကိုကျော်ကျော်ထွေး(ခ) ကိုမာကီ ..(ယခု ၈၈
မျိုးဆက် ကျောင်းသားခေါင်ဆောင်) ၊ ကိုအောင်နိုင်ဦး (ကိုမာကီ အမှု တွဲ) ၊ ကိုဖုန်းမြင့် (၉၆ ဒီဇင်ဘာ
အမှု့ တွဲ )ကိုထိန်လင်း (NLD လှိုင်သာယာ လူငယ်) ၊ ကိုကျော်စိန် (စမ်းချောင်း ၉၆ ဒီဇင်ဘာ အမှု တွဲ )
ကိုမောင်မောင်ဝမ်း (မြေလတ် ကျောင်းသားခေါင်ဆောင်) ၊ ကိုပိုက်တင် (ပန်ချီသိမ်းပိုက်- ၉၆ ဒီဇင်ဘာ
အမှု့ တွဲ ) နှင့် ကျနော်......။
မနက် ဆယ်နာရီ မထိုးခင်မှာပင် ရွှေဘို မှ ကျောင်းဆရာမလေးနှင့် ကျနော်တို့ အားလုံး အဖွဲ ကျနေပြီ
.....။ ရွှေဘို နယ် မှ ကျောင်းပညာရေးအကြောင်း မြန်မာပြည် ပညာရေးအကြောင်း စတာတွေကို ဆွေးနွေး
ကြ ငြင်းခုန်ကြအကြံပြု ကြနှင်ပင် မနက် ဆယ်တစ်နာရီ ကျော်လို့ လာသည်...။တားမြစ်နေသည့် ကြားမှ
ပင် ဆရာမလေး က ကျနော်တို့ (၁၂)ယောက်ကို ထမင်းဝယ်ကြွေးသည်...။ကြမ်းထော် နေသော ထောင်း
ထမင်း...ပဲရည်ကျဲ ...(၀က်ကြွေးရင်တောင်မစားတဲ့ ) အညံဆုံး ငပိ...စသည်တို့ ကိုစားနေကြ ကျနော် တို့ 
အတွက် ဆရာမလေးဝယ်ကြွေး သော ကချင်ပြည်နယ်ရဲ့ ဧ။် နာမည်ကြီး ခပ်ချိုဆန်း မွှေးမွှေး နဲ့ ထမင်း ပူပူ
၊ ငါးပာင်း ငပိရည်ကြို တို့ စရာ ..အပါအ၀င် ဗူးသီးပာင်းချို နွေးနွေး က ကျနော်တို့ အားလုံးအတွက်
တစ်သက် မမေ့စရာ ......( တကယ်ပါပဲ ....ဆရာမလေး ရဲ့  ထမင်းတနပ်က ကျနော် အတွက် ဒီစာရေးနေ
ချိန်အထိ မမေ့ သလို နောင်လည်း မေ့နိုင်မယ်မထင်တဲ့ ကျေးဇူးပါပဲ)...
မဲဇာ ဘူတာ ကိုရောက်တော့ ကိုယ်အတွေးနဲ့ ကိုယ်ပြုံးမိသေး...။ နဘား ကို ရောက်တော့ အခြားရထားတွဲ
ပေါ်မှ ကုန် တချို နှင် ခရီးသည်တွေ ဆင်းသွားကြသည်...ကသာ ကို ဆက်ကြမည်ထင်သည်......။
မော်လူး...မော်ပာန်..နမ်းမား...ပိာုပင် မြို့ များကို ဖြတ်ကျော် ပြီး ကချင်ပြည်နယ်ထဲ ၀င်ရောက်လာသည
နှင့် အမျှ ရာသီဥတုက တဖြည်းဖြည်း ပြောင်းလဲ လို့ လာ၏...။၈ျိမ်းဖော မြေ၏ အေးမြ မှု့ ကို သိသိသာသာ
ခံစားရသည်..။ဆားမှော် ကိုရောက်အသည်အခါ အနွေးထည် ပင်ထုတ်ဝတ်နေကြရပြီ...။ဧပြီလ နွေခေါင်
ခေါင်နေခင်းကြောင်တောင် မှာပင် အနွေးထည်နှင့် ဆိုတော့ ဂျိမ်းဖော ဆောင်သည့် မတွေးဝံ့စရာ.......။
မိုးကောင်းရောက်တော့ ရထားပေါ်မှ ခရီးသည် အတော် များများ ဆင်သွားကြသည်...။မိုးကောင်းဘူတာ
က အခြားဘူတာ များထက် ပိုပြီးစည်ကားနေသည်၊ Hulux 4 wheel Drive များ ပေါ်မှ မှော်ထဲကို....
မှော်ထဲကို...နှင့် ခရီးသည်ခေါ်သံ ကြားရ၏...ဆရာမလေး ကိုမေးကြည့်တော့ မိုးကောင်း....တာမိုင်း မှ
တဆင့် ဖားကန့် ကျောက်စိမ်းဒေသ သို့ သွားကြကြောင်းသိရသည်...။နမ်းမတီ မှ တဆင့်လည်း သွားလို့
ရနိုင်ကြောင်းပြောပြသေး၏...။
၁၉၉၆ . ဧပြီလ . ၇ ရက်နေ့ 
ည (၈း၀၀ ကျော်)
ကျနော် တို့  စီးနင်းလိုက်ပါလာသော ရထားကြီးက မြစ်ကြီးနားဘူတာ သို ချဉ်းနင်းဝင်ရောက်လာသည်
ဘူတာသို့ မ၀င်ရောက်မှ ရထားအရှိန်မသေသေးခင်မှာပင် ဆရာမလေးက အားလုံးကို နှုတ်ဆက် ဆုတောင်းပေးပြီး လှည်ပတောင်း ထုပ်များ ကို တထုပ်ပြီးတထုပ်တွန်းချရင်း သူမပါ ခုန်ဆင်းသွားလေ၏
မိန်းမသားတစ်ယောက်ဖြစ်ပေမဲ့  ဘ၀ ပေးသင်ခန်းစာ များအရ ရထားမရပ်မှီမှာတင် ကျွမ်းကျင်သေ
သပ်စွာ ခုန်ဆင်းသွားသော ဆရာမလေးကိုကြည့်ရင်း သက်ပြင်းရှိုက်မိသည်....ဘုရား...တရာ..သံဃာ....
မိဘ...ပြီးတော့ ဆရာ....တဲ့ အာစရိယ ဂိုဏ်ဝင် ဆရာတစ်ယောက်၏ ၀မ်းစာရေး လှုတ်ရှားရုန်းကန်မှု တစ်ခု ကိုတွေ ရသည်မို ကြီးစွာ စိတ်မကောင်းဖြစ်ရသည်......။
မြစ်ကြီးနားဘူတာတွင် ရထားကြီးက ခရီးဆုံပြီ ဖြစ်ပေမဲ့ ကျနော် တို့ အတွက် ကတော့ ခရီး မဆုံးသေး...
ခရီးသည် အတော်ရှင်းသွားကာမှ ဆင်းခွင့်ရကြသည်၊ရထားတွဲ နံဘေး ပုံစံ ထိုင်ခိုင်းပြီး လူစစ်ဆေးခံ ရပြီး
ကာမှ ကားပြာကြီးကို စီးနင်းလိုက်ပါလျှက် မြစ်ကြီးနား အကျဉ်းထောင်ဆီသို့  ခရီးဆက်ခဲ့ကြရသည်.....
မြစ်ကြီးနား ဘူတာတွင်မှာ မီးရောင် လင်းထိန်လို့ နေပြီး ဘူတာမှ ဝေးကွာလာသည်နှင့်အမျှတကယ် ကို
တောနက်ထဲ ရောက်လာသလိုပင်ပိန်ဒပိန့်အောင် မှောင်လို့နေ၏....။ပြည်နယ် မြိုတော် ဖြစ်ပေမဲ့ လျှပ်စစ်မီး မရှိ......။
အချုပ်ကားပေါ်မှ ဆင်းပြီး ဂျိန်းဖော နရသိမ် အတွင်းသို့  ခြေလှမ်း ချလိုက်၏.....။ကျနော် ဘ၀ တစ်
ဆစ်ချိုး ......။၃၄၃၇၉ စတုရန်းမိုင် ကျယ်ဝန်းသည့် ကချင်ပြည်နယ်၏မြိုတော် မြစ်ကြီးနား တွင် ကျနော်
တို့  အတွက် နေစရာ နေရာက မည်မျှ ကျယ်ဝန်းပါသနည်း.....လူဦးရေ ၁၂၄၈၀၀၀ တွင် ကျနော်တို့  ၁၂
ယောက် ထပ်တိုး လာသော်လည်း....တသီးတခြားစီ နှစ်ပေါင်းဘယ်လောက်ကြာအောင် နေရဦးမည်
နည်း..... ။
ဒီဒေသ ဒီအရပ် ကလေးမှာ နှစ်ပါင်း ...ရက်ပေါင်း များစွာ ကျင်လည်ရပေဦးမည်........
မိုးရာသီ အချိန်အခါ မပာုတ်ပါပဲ ကြိုးကြာငှက် တစ်အုပ် မြောက်ဖက်ဆီ ဦးတည်လို့  အသိုက်ပြောင်းလာ
ခဲ့ကြခြင်းပင်....ဖြစ်ပေသည်......
(ပြီးပါပြီ...)
ခိုင်ကိုဦး(ဆစ်ဒနီ)
၁. ၁၂ .၂၀၁၅
ဒီဆောင်းပါး....၊(ဒီဆောင်းပါးလေး လို့ ပဲ ပြောပါရစေ...)ဒီစာစုလေး ကို ကျနော်မြစ်ကြီးနား
ထောင်ထဲ မှာ ရှိစဉ်က တကြိမ်ရေးသားခဲ့ပြီးပါပြီ...။ ထောင်တွင်း စာဆောင်တခု အဖြစ် စုပေါင်းဖန်တီး ကြပြီး အန်တီ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ ခဲ့ဖူးပါတယ် ။ ထောင်က လွတ်ပြီး ၂၀၀၄ ခုနှစ်မှာ ထပ်မံ ရေးသားခဲ့ပြီး မူလ လက်ရာအတိုင်း တသွေမသိမ်း ဖြစ်မှာ မပာုတ်ပေမဲ့ အနီးစပ်ဆုံးမှတ်မိသမျှ
ပြန်ရေးခဲ့တာပါ....။ အဲဒီစာစု လေးကို ပြန်လည်တွေ့ ရှိတာကြောင့် ၂၀၀၄ ခုနှစ်က ရေးထားတဲ့ အတိုင်း
မပြင်ဆင် မဖြည့်ဆွက်ပဲ ကျနော့်ရဲ့  မှတ်စု များမှာ ပြန်လည် အသက်သွင်းလိုက်ပါ.တယ်...။ လွန်ခဲ့တဲ့ ၁၀
နှစ်ကျော်က လက်ရာ ဖြစ်တဲ့ အတွက် အားနည်းချက်တွေ ရှိနေမှာ အမှန်ပါပဲ....။နားလည်ခွင်လွှတ်ခြင်းများ
နဲ့  ခံစားနိုင်ကြပါစေ....။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment