Friday, 4 December 2015
စိတ်ထဲရှိတာလေးပြောပါရစေ.
သိချင်တိုင်းလဲ တတ်ချင်တိုင်းလဲ ကောင်းတာမပာုတ်.....
ဒီစာစုလေးရေးဖို့ အစပြုတာလေး အရင်ပြောပါရစေ.....
တနေ့ က Facebook ဆိုတဲ့ လူမှူကွန်ယက်ကြီး ကို အချိန်အားလပ်လို့  ခဏဖွင့်ကြည့်ခိုက် အလင်း
သခင် ဆိုတဲ့ Page ထဲ ကို အလည်ရောက်သွားပါတယ်....။ သူကိုသူ မယ်သခင် လို နာမ်စားသုံးပြီး
သရုပ်ဆောင်သွားတဲ့ Movie လေး တခု ကြည့်မိရာက နေ ယောကျင်္ားလျှာ များအကြောင်း တွေးမိ
ရာကနေ ဒီစာစုလေး ရေးဖို့ စိတ်ကူးရသွားတယ် ဆိုကြပါစို့ .....................။
ကျနော် (၁၉၉၆ /၉၇ ) အင်းစိန်ထောင် တိုက်ဝန်းထဲက (ရင်ကွဲတိုက် လို့ ခေါ်သလို ကြိုးတိုက် လို့  လည်းခေါ်တဲ့) တိုက်(၂) မှာ နေရစဉ်ကပေါ့......
ကြိုးတိုက်ပာာ အခန်းပေါင်း(၆၀ )ရှိပါတယ်...၊ မျက်နှာချင်းဆိုင် အခန်းတွေပါ ၊ တဖက်ကို အခန်း
(၃၀) နဲ့ စုစုပေါင်း(၆၀) ပေါ့...။တိုက်ရဲ ၀င်ဝင်ချင်း ထိပ်ဆုံးအခန်း (၂၀) မှာ သေဒဏ်ကျခံထားရ
တဲ့ ကြိုးမိန် ကျထားသူတွေ ထားပြီး ကျန်တဲ့ အခန်း(၄၀)မှာ က နိုင်ငံရေးသမားတွေ (၁၇ / ၁)
(၁၇/၂၀ ) စတဲ့ တောတွင်းလက်နှက်ကိုင်ဆောင်မှု့  နဲ့ ထောင်ကျနေတဲ့ K.N.U , တွေ ABSDF
ကျောင်းသားတွေ ...ပြီးတော့ ခိုးဆိုးခါး...(သူခိုး ၊ လူဆိုး ၊ ခါးပိုက်နှိုက်) တွေလည်းထားပါတယ်...။
အိပ်ဆောင်တွေမှာ ပြသာနာဖြစ်ပြီး ဒဏ်ပေးခံရ သူတွေကို အခန်းအလုံပိတ် အမှောင် ချပြီးထား
တဲ့ အမှောင်ခန်းတွေ ရှိတာကြောင့် ပြစ်ဒဏ်တိုက် လို့ လဲ ခေါ်ပါသေးတယ်...။အဲသည်လို မ ...တစ်
ထောင်သားတွေ စုဝေးနေတဲ့ အရပ်မှာ မှ ယောကျာင်္းလျှာ(အခြောက်) တွေ လဲ ရှိနေပါတယ်.....။
ဖြစ်ချင်တော့ ကျနော် (၂) တိုက်ထဲ ကို ရောက်ရောက်ချင်း နေရတဲ့ အခန်းက အဲသည့် အခြောက်
များနဲ့ မျက်နှာချင်းဆိုင် အခန်း ပါ( အခန်းနံပါတ် ၂၃ လား၂၄ လားတော့ မမှတ်မိတော့) ....။
နေစဉ်နဲ့ အမျှ မနက်လင်းတာနဲ့  ကိုယ့်အခန်းဖော် လေးယောက် ကလွဲရင် ပထမဆုံးမြင်ရတာ က
ဒီအခြောက်တွေပါ....နောက်ဆုံး မိုးချုပ် ထောင်ပိတ်လို့  အိပ်တဲ့ အထိ ဆိုပါတော့....။နေစဉ် မြင်တွေ
နေရပါ များလာပြီး ကြာတော့လည်း ခင်မင်သွားကြတယ်ပေါ့ ဗျာ.....။
သူတို့ တွေ အားလုံးပာာ အခြောက်တွေ ဆိုပေမဲ့ အများစု ပာာ လူသတ်မှု့  နဲ့ ရောက်လာကြတာ များ
ပါတယ်...ပွင့်ပွင့်လင်းလင်းပြောရရင် လင်လု ရင်း လူသတ်မှု့  ကျူးလွန်ကြတာပါ....။ မာဂရက် ဆို တဲ့
အခြောက် တစ်ယောက်ရယ် ဇော်ဇော် ဆိုတဲ့ အခြောက် တစ်ယောက်ရယ်သာ မနက်လင်း ထောင်ဖွင့်
တာနဲ့ အပြင်ထွက်ခွင့် ရပြီး ကျန်သူများကတော့ အခန်းထဲမှာ ပဲ နေကြရပါတယ်....။ မာဂရက် နဲ့ 
ဇော်ဇော် က ပညာတတ်ဘွဲရလေးတွေ ဖြစ်တာကြောင့် တိုက်ရုံး လို့ ခေါ်တဲ့ အရာရှိရုံးမှာ စာရင်းကိုင်
လုပ်ကြ ရပြီး ထောင်မှူးကြီးစောဇင်မြ နဲ့ လက်ထောက် ထောင်မှုး ရွှေကို ရဲ့  စားရေးသောက်ရေးက အစ
အလုပ်လုပ်ပေးကြရတာကြောင်လဲ အပြင်မှာ နေခွင့်ရကြတာပါ....။ထောင်ထဲမှာ လိင်တူ ဆက်ဆံ မှာ
စိုးရိမ်တဲ့ အတွက် အခြောက်အားလုံးကို အခန်းထဲမှာပဲ ထားတယ် ပြောရင်လဲ မမှားပါဘူး.....။
မနက် ....ည သူတို့ ဘ၀ နဲ့ သူတို့ ပျော်နေကြတာပါပဲ....သီ ချင် ဆိုလိုက် ...ကလိုက် နဲ့ ပေါ့....။
ကျနော် အတွက်တော့ ရှောက်သီးဆေးပြား ၀ယ်မစားရပါပဲ သူတို့ အဆို အက တွေ ကို မြင်နေ တွေနေရ
မြဲပါ....။
တစ်နေ....ညနေစောင်း ထောင်မပိတ်ခင်လေးမှာ နောက်ထပ် အခြောက် တစ်ယောက် အသစ်ရောက်လာ
ပါတယ်....ထောင် အခေါ်ဆို (ကျသစ်လေးပေါ) ။ သူနာမည်က သီရိ တဲ့........ပြည့်တန်ဆာ မှု့ နဲ့ ပါ....။
နာမည် နဲ့ လိုက်ဖက်အောင် ကို လှပါတယ်....။သီရိ ဘယ်လောက်လှ သလဲဆိုရင် ရဲတောင် မျက်စိ
လည် ရတဲ့ အထိပါပဲ....။ (ခင်မင်ပြီးနောက်ပိုင်း သီရိ ပြောပြချက်အရ) သူပာာ အင်းစိန် မှာ နေပါတယ်
ထောင်ထဲ မရောက်ခင် တစ်နေ အင်းစိန် ဘိုကုန်း ဖက် ညနေစောင်း အစာရှာ ထွက်ရင်း အမျိုးသား (၂)
ယောက်နဲ့  ဆုံပါသတဲ့ ...သူတို့ သုံးယောက် ဈေးစကားပြောနေခိုက် နယ်ထိန်း (ပါတ်တရောင်) လှည်
ရင် အဖမ်းခံလိုက်ရတာပါ....၊ အင်းစိန်ရဲ စခန်းရောက်တော့ သူကို ညအိပ်ဖို့ ခေါ်တဲ့ အမျိုးသားနှစ်ယောက်
က တာဝန်မှုး နဲ့  ညှိနှိုင်းရင် အဆင်ပြေစွာ ပြန်လွတ်သွားပါတယ်...။ သီရိကိုတော့ ပြည်တန်ဆာ ပုဒ်မ
ဖွင့်ပြီး အချုပ်ခန်းထဲ ထည့်ထား လိုက်ပါသတဲ့.....။သူ အချုပ်ခန်းထဲ နေရင်း သုံးရက်လောက်နေကာမှ
သူမိဘ များက လူပျောက်လာတိုင် ပါတယ်.....သူတို့ သား ပျောက်သွားတာ နှစ်ရက်...သုံးရက်ရှိပြီ
ဆိုကာ ဓါတ်ပုံ ထုတ်ပြ တော့မှ သီရိ ပာာ မိန်းမ မပာုတ်မှန်း ရဲ က သိသွားတာပါ...။ မိန်းမ မှန်း အခြောက်
မှန်း ကိုရွှေရဲ များတောင်မှ ခွဲ မရတဲ့ ထိအောင် လှပါတယ်.....။
နောက် တစ်နေ့  မနက် မှာတော့ ထောင်ပာာ ပုံမှန်လုပ်နေကျ အတိုင်း မစင် ထုတ်ချိန်ထုတ် ၊ရေချိုးချိန်
ရေချိုး ထောင်ရုံးမှာ အလုပ်သွားလုပ်သူက လုပ်ပေါ့.....။ အခန်းပေါင်း (၆၀ ) က အကျဉ်းသား အားလုံး
ပာာ သူအလှည်နဲ့ သူ သူအ ချိန်နဲ့ သူ ရေ ချိုးထွက်ကြ ရပါတယ်....။များသော အားဖြင့် တစ်ခန်းကို (၄)
ယောက် နေကြရတာမို့  လူပေါင်းနှစ်ရာလေးငါးဆယ် ကို အလှည့် နဲ့ ရေချိုးထွက်ရပြီး ရေ မချိုးခင်
ကိုယ်အခန်းထဲ ကိုယ် ရှိနေစဉ်မှာ ကိုယ်လျှော်မဲ့ အ၀တ်အစားကို ရေ နည်းနည်း နဲ့  ဆပ်ပြာတိုက်ပြီး ဖွတ်ထား ရပါတယ်...ရေချိုး တော့မှ ကိုယ်ခြေထောက်အောက် ထားပြီး နင်းရင်း ရေဆေး လျှော်ရတာ
ပါ....။ တချိုသော တကယ့်  မိုက်ပေ့  ဆိုးပေ့ ဆိုတဲ့ လူဆိုး နှစ်ကြီးသမားတွေကိုတော့ တစ်ယောက်ချင်း
ရေချိုးထုတ်ပါတယ်.....။အဲသည်မှာ ထိတ်ထိတ်ကြဲ လူမိုက် တစ်ယောက်က ရေချိုး ထွက်လာခိုက် သီရိ
အခန်းရှေ့ ကို ရောက်တော့ မျက်နှာသတ်ပ၀ါ နဲ့ သံတိုင် တခါးကို ဖြန်းခနဲ့ ရိုက်ပြီး....(ပဲာ...ကောင်မ
နင်---င်ခံ တာ ဘာအရသာ ရှိလိုလဲ....) ဆိုပြီး မေးပါတယ်....။သီရိက ပူပူနွေးနွေး ပြည်တန်ဆာ မှု့  နဲ့ 
ရောက်လာသူ မပာုတ်လား......။ သီရိ ဘာမှပြန်မပြောပါဘူး.......။
ဒီလို နဲ့  အဲဒီလူဆို ရေချိုးထွက်တိုင်း ...သီရိ အခန်း ရှေ့ ရောက်တိုင်း ....နေတိုင်း လိုလို အဲသည့်စကားကို
မေးလေ့ ရှိပါတယ်....တခါ တရံ မှာ သီရိ က ဘာမှပြန်မပြော သလို တခါတရံ မှာတော (သိချင်ပါနဲ့  ကိုကြီးရယ်.....ကိုကြီးသိရင် စိတ်ဆိုးမှာ ) လို့  ပြောတတ် ပါတယ်........။
တစ်ရက် ....လူမိုက်ကြီးက လဲ ထုံစံ အတိုင်းရေချိုးထွက်လာ ....မေးနေကျ အတိုင်း မေး.....အဲဒီနေက
သီရိ လဲ ဘာကို စိတ်တို နေတယ် မသိ...ဖြေ နေကျ အတိုင်း မပာုတ်ပဲ အငေါ့ ထူးပြီး ပြန်ဖြေပုံက
ရှင်သိပ်သိချင်နေရင် ရှင်ကိုယ်တိုင်---င်ခံကြည့်ပါလား.......ဆိုတော့ ထိတ်ထိတ်ကြဲ လူမိုက် ကြီး ဒေါသ
တွေ ပေါက်ကွဲ ၀ုန်းဒိုင် ကြဲ တော့တာပေါ့.....သူလို့  လူမိုက်ကြီး တစ်ယောက်ကို ---င်ခံခိုင် ရမလားပေါ့
လေ.....။လူမိုက်ကြီး ပေါက်ကွဲတာ ကြည့်ပြီး သီရိ အတော်ကြောက်လန့် သွားပုံ ရပြီး ထပ်ပြောတဲ့ စကား
က (အစ ကတည်း ကပြောသားပဲ....သိ ချင်ပါနဲ့ ဆို.....ခုတော့ ကိုကြီးစိတ်ဆိုးသွားပြီ.....)တဲ့ လက်ညှိုးကလေး တစ်ထောင်ထောင် နဲ့  အခြောက်လေသံ အခြောက် မူပာန်းအတိုင်း ပြောလိုက်တော့
ဘေးက မြင်ရသူ အားလုံး ကျိတ်ရယ်(ရီ) ကြရတော့တာပေါ့.....( လူမိုက် ဆိုတာ ကိုကြောက်တော့ ဘယ်
သူမှ အူလှိုက်သည်းလှိုက် အားပါးတရ ရယ်(ရီ) ရဲ ပါ့မလဲလေ......။
ဒါကြောင့် .အရာရာတိုင်းပာာ သိချင်တာ တတ်ချင်တာ ကောင်းတယ် ဆိုပေမဲ့ မသိသင့် မတတ်သင်သော
အရာတွေ လဲ လောက မှာ ရှိသေးတယ် ဆိုတာ သတိပြုသင့်ပါကြောင်း.......
ကျနော် ဘ၀ အတွေ့ အကြုံ တွေထဲမှ နေ သင်ခန်းစာ ပေးပါရစေ.......။
မှတ်ချက် ...။ ဖြစ်ရပ်မှန်ကို အခြေပြုရတာမို့ ရိုင်းတာရှိရင်
ခွင့်လွှတ်ကြပါကုန်.....
ခိုင်ကိုဦး(ဆစ်ဒနီ)
၅ . ၁၂ . ၂၀၁၅....။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment