တည်းခိုခန်းဖွင့် .. ပြည့်တန်ဆာတွေတွေမွေး စီးပွါးရှာစားသူ ..
မူးယစ်သောက်စား ရမ်းကားတဲ့သူ .. ခိုးတဲ့သူ .. ဆိုးတဲ့သူ .. ခါးပိုက်နှိုက်တွေ .. ကုန်ကုန်ပြောရရင် လမ်းဘေးသေးပေါက်တဲ့သူတွေ .. စသဖြင့် .. စီမံချက်ဆိုပြီး အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၅ ည နဲ့  တစ်ချိန်က ထောင်ချခံခဲ့ကြသူတွေ ရှိဖူးတယ် ..
အဲဒီသူတွေကို ဆိုးသွမ်း ၅ည ဆိုပြီး အချို့ က ခေါ်ကြတယ် ...
နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးထောင်ချလေ့ရှိတဲ့ ပုဒ်မတပ်ပြီး ..
အလကားပါကွာ .. အဲဒီသူတွေနဲ့  တူတူပဲလို့  သိက္ခာကျစေချင်တဲ့ သဘောလည်း
ပါတာပေါ့ ..
နိုင်ငံတော် အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၅ ဆိုတာ .. အာဏာရှိသူတွေက သူတို့ စိတ် ထင်သလို .. ဘယ်သူ့ ကိုမဆို အဲဒီ ပုဒ်မကောက်တပ် ထောင်ချလို့  ရတဲ့ပုဒ်မပဲ ...
လက်နက်ကိုင်ဆန့် ကျင်တော်လှန်တဲ့ အဖွဲ့ တွေ ကို ..
လာမေးလို့  ပြန်စကားပြောခဲ့လို့  ဖြစ်စေ ..
ရေတိုက်မိလို့ ဖြစ်စေ ..
မတရားအသင်းနဲ့  ဆက်သွယ်တယ် ဆိုပြီး ပုဒ်မ ၁၇(၁) နဲ့  ထောင်ချခံရသူတွေလည်း ရှိခဲ့တာပဲ ...
နိုင်ငံရေးလှုပ်ရှားတဲ့သူတွေ အချို့ ကို ..
နိုင်ငံရေးလှုပ်ရှားတဲ့သူတွေကို ထောင်ချလေ့ရှိတဲ့ ပုဒ်မ မတပ်ဘဲ ..
အခြား ရာဇဝတ်မှု ပြစ်မှု ပုဒ်မ .. တစ်ခုခုတပ်ပြီး ထောင်ချခံခဲ့ကြသူတွေလည်း ရှိခဲ့ကြတယ် ...
အဲဒီတော့ သူတို့  တပ်ချင်တဲ့ ပုဒ်မတပ်ပြီး ထောင်ချနေတာကို .. ပုဒ်မကြည့်ပြီး နိုင်ငံရေးအကျဉ်းသားလား .. နိုင်ငံရေး ပုဒ်မလား သွားတွက်နေလို့ လည်း မမှန်နိုင်ဘူး ...
ပြီးတော့ .. ထောင်ထဲမှာ ကိုယ်အနေချောင်ဖို့  .. အခွင့်အရေးရဖို့  .. နိုင်ငံရေးအကျဉ်းသား အချင်းချင်းအပေါ် သစ္စာဖေါက် .. အာဏာပိုင်ဆိုတဲ့သူတွေကို ဒူးထောက်ခဲ့သူတွေလည်း ရှိခဲ့တာပဲ .. ဘယ်သူဟာ ဘယ်လိုရပ်တည် ဖြတ်သန်းခဲ့သလဲဆိုတာ .. ထောင်ထဲဖြတ်သန်းခဲ့ကြသူ အချင်းချင်း သိနေတာပဲ ...
ထားပါတော့ .. ပြေချင်တာက
နိုင်ငံရေး လှုပ်ရှားရင်း ဒါမှမဟုတ်
ဘာနိုင်ငံရေးမှ မလုပ်ဘဲနဲ့  နိုင်ငံရေးပုဒ်မနဲ့  ဖြစ်စေ
ထောင်ကျဖူးတိုင်း .. နိုင်ငံရေး အရည်အချင်း တစ်ခုလို အခြားလူတွေကြားထဲ ကိုယ့်ကိုကိုယ် အမွှန်းတင် ပြောနေရင် နိုင်ငံရေး ကျပ်မပြည့်ဘဲ ရူးနေလို့ ပဲ ဖြစ်မယ် ...
ထောင်မကျဖူးဘူးဆိုရင်ပဲ ထောင်မကျတဲ့သူကို နိုင်ငံရေးပဲ တန်းမဝင်သလိုလို နဲ့  ငါနိုင်ငံရေးနဲ့  ထောင်ကျခဲ့တာကွလို့  မာန်တက်ပြနေသူတွေ ရှိနေလို့  ပြောတယ်မှတ်ပါ .... အဟက်
ထောင်ကျခဲ့တာကိုပဲ .. နိုင်ငံရေး အရည်အချင်း လို့ ကို သတ်မှတ်လို့ မှ မရတာ ..
နိုင်ငံရေး အရည်အချင်း ဆိုတာ .. ထောင်ကျ .. မကျ ဆိုတာနဲ့  ဘာမှ မဆိုင်ဘူး ... တိုင်းတာစရာကို မလိုတာ ...
ဦးဝင်းထိန် က ..
ထောင်ကျတာ နိုင်ငံရေး အရည်အချင်း မဟုတ်ဘူး ။
နိုင်ငံရေး အရည်အချင်းများထဲက တစ်ခုပဲရှိတယ် ။
ထောင်ကျတိုင်းလည်း နိုင်ငံရေး အသုံးတည့်တာ မရှိဘူး ။
ထောင်ကျပြီး နိုင်ငံရေး အသုံးမတည့်ဘဲ ဂေါက်သွားတဲ့သူတွေ တစ်ပုံကြီး ။ လမ်းလွဲသွားတဲ့သူတွေ တစ်ပုံကြီး ။ မာန်တက်သွားတဲ့သူတွေ တစ်ပုံကြီး ။
လို့  ပြောခဲ့တာကို ... မမှန်တာတွေ ပြောနေသလိုလို ..
ဦးဝင်းထိန် ကပဲ နိုင်ငံရေးလှုပ်ရှားမှု နဲ့  ထောင်ကျ မဖြတ်သန်းဖူး သလိုလို ...
နိုင်ငံရေး အကျဉ်းသားတွေကို စော်ကားပြောတယ်လို့  မြင်နေတယ်ဆိုတော့ .. အနာရှိလို့  စပ်တာပဲ ဖြစ်မှာပေါ့ ...
ကိုယ့်မှာရှိတဲ့ အမြင် အသိဥာဏ်လေး နဲ့  အရာရာ လိုက်တိုင်းတာ မာန်တက်ပြနေတာကိုပဲ ဟုတ်လှပြီလို့  ထင်နေသလား မသိ ...
မှတ်ချက် .. မင်းကရော ဘာကောင်လဲ .. ထောင်ကျဖူးလား လို့  မေးနေလို့  .. ထောင်မကျဖူးဘူးဆိုရင်ပဲ မပြောရတော့ သလိုလို ဖြစ်နေတာမို့  .. ထောင်တော့ကျဖူးကြောင်း ထောင်ထွက်လက်မှတ် ကို ထောက်ခံစာသဘောနဲ့  ကွန်မန်းထဲ ဖေါ်ပြလိုက်တယ် .. tongue emoticon နောက်ပိုင်းပြန်ဖျက်မှာမို့  ပို့ စ်နဲ့  အတူတူ မတင်တာ .. အတုကြီးပါ ဆိုလည်း ကိစ္စမရှိ .. စိတ်ထဲ ထင်သလိုသာ မှတ်ယူကြကုန် .
Thein Htike Aung

No comments:
Post a Comment