Monday, 18 April 2016
နှစ်ထပ်ရှိပြီ မို့  မှတ်မိအောင်ရေးတဲ့စာ......
(သို့ )
တောကြောင် ကို ရောယောင်ကာ မသနားမိစေနဲ့ 
အဲဒီသူပာာ ကျနော် အန်တီဒေါ်အောင်ဆန်းစုကြည် နေအိမ် မှာ နေရင်း လုံခြုံရေးလူငယ် တာဝန်ထမ်းဆောင်စဉ်က မြင်တွေ့ ဖူးခဲ့ သူပါပဲ ...။ (၅၄) လမ်းထိပ် က တော့ရှီးလ် လဘက်ရည်ဆိုင်မှာ
စနေ ၊ တနင်္ဂနွေ ပောာပြောပွဲ ရှိတဲ့ ရက်တွေ ရဲ့ နေတိုင်းလိုလိုမှာ သူနဲ့ တ၀ိုင်းထဲ တက္ကသိုလ်
ကျောင်းသား ကျောင်းသူ တွေဝိုင်းလို့  တစုတစည်း ရှိနေခဲ့ကြတာပါ...။ဒါပေမဲ့ တက္ကသိုလ်စိန်ရတု
သဘင် အခမ်းအနား ကျင်းပပြီး နောက်ပိုင်းမှာ သူအနားဝိုင်းနေခဲ့ ကြတဲ့ သူတွေ ဝေးကွာ လို သူတ
ယောက်ထဲ ထိုင်နေတာ တွေ့ လာရပါတော့တယ်....။
နောက်ပိုင်း...မှာတော့ ပျောက်ချင်းမလှ ပျောက်သွားပြီး အဖမ်းခံ လိုက်ရတယ် လို့ ကြားမိပါတော့တယ် ။
အကြောင်းရင် စုံ ကို နောက်ပိုင်းစုစည်း ကြည့်တော့မှ ထောက်လှမ်းရေး....ဗိုလ်ခင်ညွန့် တပ် ..က သူကို
အသုံးချ မရတော့မှန်း သိသွားတာကြောင့် ဖမ်းပြီး ထောင်ချ လိုက်တာပါ..။ သူ တယောက်ထဲတင်မပာုတ်ပါ
ဘူး..သူ ဖော်ကောင် လုပ် လိုက်လို့  အမှု့ တွဲ တွေပါ ပါသွားလေရဲ့ ....။ ဘာကြောင့် အခုလို ကျောင်းသားတွေ
ကြားထင်ပေါ်နေတဲ့ မြေလတ် ကျောင်းသား ခေါင်းဆောင် ဆိုတဲ့သူ ရဲ့  အနား ၀ိုင်ဝိုင်လည်နေကြသူတွေ
ဖယ်ခွာ သွားကြသလဲ ဆိုတော့ ...ဖြစ်ရပ်က ဒီလိုပါ.....။(၁၉၉၆ ခုနှစ်မှာ)
တက္ကသိုလ်စိန်ရတု အခမ်းအနား ကို ကျောင်းသားကျောင်းသူတွေ ၀ိုင်းဝန် အကောင်အထည် ဖော်ခဲ့ကြပါ
တယ် ။ ပထမ အစ က ကန်ဖျား ဘုန်းကြီးကျောင်းတိုက်မှာ မပာုတ်ပါဘူး....။ပထမ စီစဉ်တဲ့ နေရာ မရ လို့ 
ဘုန်းကြီးကျောင်း မှာ သွားလုပ်ရတာပါ..။အဲဒိအခမ်းအနား ပြီးတဲ့ နောက်မှာ ဗ.က.သ ကြေငြာချက် တစောင်
ထွက်လာပါတယ် ...။အဲဒီကြေငြာချက်မှာ နာယက အဖြစ် ဗိုလ်ချုပ် ခင်ညွန့် နဲ့  ဒေါ်အောင်ဆန်းစုကြည် ကို
တင်ထားတာပါပဲ....။အဲဒီလုပ်ရပ်အပေါ် ကျောင်းသားထု ထဲမှာ အငြင်းပွားစရာတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစု
ကြည် ထံ ရောက်အောင်အထိ ပြသနာ ပာာ ကျယ်ပြန်လာ ပါတယ် ...။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် ဧည့်
ခန်းထဲမှာ ကျောင်းသားခေါင်းဆောင် တချို့ နဲ့ မေးမြန်း စုံစမ်းတော့လဲ လက်သည် မပေါ်ပါဘူး...။အဲဒီထဲမှာ မှ
မထင်မရှားရှိတဲ့ တက်သစ်စ ကျောင်းသားခေါင်းဆောင်ငယ် တဦး က သတိတရ ရှိပြီး မြေလတ်ကျောင်းသား
ခေါင်းဆောင် ဆိုသူ ရဲ့  လက်ရေးနဲ့  မူကြမ်းဆွဲထားတဲ့ သက်သေ အထောက်အထားတွေ ထုတ်ပြ တဲ့ အခါ
ကျမှ အခြားသူတွေလဲ အမှတ်ရပြီး ၀ိုင်းမေးကြတဲ့ အခါ (ရူးချင်ယောင်ဆောင်) မမှတ်မိတော့ကြောင်း ....
အရင်တကြိမ်ထောင်ကျ စဉ်မှာ စစ်ကြောရေးဒဏ်တွေကြောင့် မှတ်ညာဏ် ချို့ ယွင်း နေကြောင်း ...ဒါကြောင့်
သူလုပ်ခဲ့ မိတယ် ...မလုပ်ခဲ့မိဘူး ဆိုတာ အစဖော် မရကြောင်း ...တွင်တွင် ငြင်းတော့လေတယ်....။
ဒီလိုနဲ့  အန်တီဒေါ်အောင်ဆန်းစုကြည် က ဘယ်နေရာ ဘာအလုပ်ပဲ လုပ်လုပ် ကျန်းမာ ဖို့ လိုအပ်ကြောင်း
ကျန်းမာ မှ အလုပ်ကောင်းကောင်း လုပ်နိုင်မှာ ဖြစ်တာမို့  ကျန်မာရေးကောင်းအောင် လတ်တလော နိုင်ငံ
ရေး လောက ကနေ အနားယူသင့်ကြောင်း (စကားလုံး အတိအကျတော့ မမှတ်မိပါ) ပြောလိုက်ပါသတဲ့.....။
ကျနော် အန်တီ နံဘေး...(အိမ်ခြံဝန်းထဲ)နေခဲ့ ရစဉ် ကာလ အတွင်းမှာ အန်တီ ကနိုင်ငံရေးလောကထဲမှာ ဆက်ရှိမနေ သင့်ဘူး ဆိုပြီး မောင်းထုတ်ခံ ရသူ (၂) ယောက်ရှိပါတယ် ၊ မြေလတ်ကျောင်းသား ခေါင်းဆောင်
ဆိုတဲ့သူရယ် အခြားတယောက်ရယ်ပါ....။အခြားတယောက်ကတော့ အခု မရှိတော့ ပါဘူး ။ ကွယ်လွန်သွားတာလေးငါးနှစ်လောက်ရှိပါပြီ.....။
အဲဒီက စပြီး လဖက်ရည်ဆိုင်မှာ စနေ ..တနင်္ဂနွေ တွေမှာ တယောက်ထဲ ငူငူငေါင်ငေါင် ထီးထီးကြီးဖြစ်နေ
တာကို တွေ ရတော့တာပါပဲ....နောက်မကြာခင် တလ လောက်မှာတော့ ..." ရန်ကုန်ကျောင်းသားတွေ ပာာ
နယ်ကျောင်းသားတွေ ကိုခွဲခြားဆက်ဆံတယ် ....ရန်ကုန်မှာ နိုင်ငံရေး လုပ်မှ ရတာ မပာုတ်ဘူး ရေနံချောင်း
မှာ နိုင်ငံရေးပြန်လုပ်လဲ ရတာပဲ....."ဆိုတဲ့စကား နဲ့  ကျောင်းသားထုကြား သွေးခွဲစကားတွေ ပြောဆိုရင်း
သူရဲ့ မြေလတ် ဒေသ ကိုပြန်သွားပါတော့တယ် ။အတိအကျ မပာုတ်တဲ့ သတင်းအရ ...အပြန်ခရီး ရထားပေါ် မှာတင် အဖမ်းခံရတယ် လို့  ကြားလိုက်မိပါတယ်...။ အဲဒီခေတ် ကာလ ကထောက်လှမ်းရေးများ ပာာ သတင်းရဖို့  လူယုံ(သူလူ ကိုယ့်ဖက်သား)တွေ များစွာ မွေးထားတာပါ....။အဲဒီမွေးထားတဲ့ ထောက်လှမ်းရေး
သတင်းပေး ဆိုတာ ကျောင်းသားထဲ မှာရော N.L.D ထဲ မှာပါ များစွာ ရှိပါတယ် ...။သူတို့ မွေးထားတဲ့ သတင်း ပေး ပာာ သူတို့ အတွက် အသုံးမ၀င်တော့ဘူး ဆိုရင် (ခေတ်စကားအရ) ထိုးကြွေး လိုက်ဆွဲစား လိုက် တော့တာပါပဲ....။ဒီနေရာမှာ သူလဲ ဒီလိုပဲ ခံလိုက်ရပါတယ်....။ ဒါလည်း ကျနော်အမြင် ကျနော် အတွေး နဲ့ ပြောတာမပာုတ်ပါဘူး....ထောင်ထဲ အတူ နေခဲကြရစဉ်ကာလာမှာ သူပြောပြတာတွေ နဲ့  ဆက်
စပ်တွေးကြည့်တာပါ.....။(၁၉၉၅ /၉၆ ) ကာလ ရန်ကုန်မှာ နိုင်ငံရေး လာလုပ်နေစဉ်အချိန်က သူငှားနေတာ
စမ်းချောင်း က တိုက်ခန်းတခုမှာပါတဲ့....၊ သူ အမေကြီး က(မောင်နှမ ၄ယောက်ရှိပြီး) ရေနံချောင်းမှာ သူနိုင်ငံ
ရေးလုပ်နေတဲ့ အတွက် မိခင်ကို ပြန်မကြည်နိုင်တဲ့ အတွက် အတော် ချိုတဲ့စွာ နေရပါသတဲ့...၊အခုတော့ သူညီမ ဖြစ်သူ ရဲ့ ခင်ပွန်းက မီးရထားဝန်ထမ်း ဖြစ်တာကြောင့် ရန်ကုန် အင်းစိန် က မီးရထားဝန်ထမ်း လိုင်ခန်းမှာ သူအမေပာာ လိုက်ပြီး ကပ်နေရ ပါသတဲ့.....၊ အဲဒိလို အခြေအနေ ရှိနေတဲ့သူ ပာာ ဘယ်လိုလုပ်
ပြီး စမ်းချောင်လို နေရာမျိုးမှာ တိုက်ခန်းငှားနေပြီး နိုင်ငံရေး လုပ်နိုင်တာပါလဲ..... ? နောက်တခု က သူရန်ကုန်မှာ နေစဉ်ကာလ (နိုင်ငံရေးလုပ်စဉ်ကာလ ) အသုံးစာရိတ်တွေ အတွက် က သူမှာ ပူစရာမလို
ကြောင်း သူမှာ အရက် လိုင်စင်ရှိကြောင်း....၊ အုတ်သဲကျောက် လိုင်စင်လဲ ရှိကြောင်း....။အဲဒီ လိုင်စင်တွေ
ကို တကယ်လုပ်နေသူတွေ ကိုလွဲထားပြီး သူက လစဉ် ပိုက်ဆံ သွားယူရကြောင်း....မကြာခဏ ပြောဖူးတော့
မှတ်မိနေပါတယ်....။ ဒီလို လိုင်စင်တွေ ပါမစ် တွေ ဆိုတာ ဘယ်လို လူမျိုးတွေ မှရတတ်သလဲ ဆိုတာတော့
ရှင်ပြနေစရာ လိုမယ် မထင်တော့ပါဘူး....။
(၂၀၀၃) ခုနှစ်နောက်ပိုင်း သူ ပာာ နိုင်ငံရေးထဲ မှာ ထဲထဲဝင်ဝင် မပါဝင်တော့ပဲ ကျူရှင်ဆရာ ယောင်ယောင်
ကျောင်းသားယောင်ယောင် နဲ့  နိုင်ငံရေးလောက ကနေ စွန့် ခွာ လာခဲ့ ပြီး မေ(၃၀) ဒီပဲယင်း အရေးအခင်း
နောက်ပိုင်း နယ်စပ် ကို တိမ်းရှောင်ကာ တတိယ နိုင်ငံ လို့ ခေါ်တဲ့ အမေရိကန် နိုင်ငံ ကို ခိုလှုံခွင့်တောင်ခံ
သွားတာပါပဲ......။
အဲဒီလူ ရဲ ထောင်တွင်းဖောက်ပြန်မှု့ တွေ အကြောင်းကို ကျနော့် ရေးလက်စ ဆောင်းပါး မှာ ဖတ်ရှု့ လေ့ 
လာနိုင်ပါတယ် ....။ ဆောင်းပါး အမည်က (အလွမ်းပြေ ပာင်းတအိုး နဲ့ ၇င်ဘတ်ထဲ ကဒဏ်ရာ )ပါ.........။
အခုရေးတဲ့ ဒီစာပာာ လူတယောက် အကျိုးစီးပွား ကို ပျက်ဆီးရာ ပျက်ဆီးကြောင်း အနေနဲ့ ရေးတာ မပာုတ်ကြောင်း အာမခံပါတယ် ......။ ကျနော် ရဲ့ စာ မှာ ယုံမှားသံသယ ရှိခဲ့ ကြလျှင် (၈၈ ပွင့်လင်း )က သူနဲ့ ထောင် တစ်ထောင်ထဲ အတူ နေခဲ့ဖူး တဦး ၊ နောက် ....လက်ရှိ ၀န်ကြီးချုပ် တဦး ကို တီးတိုး မေးကြည့်
နိုင်ပါတယ် .....။(ဘယ်သူ ဘယ်ဝါတော့ အမည်တပ်မပြောတော့ပါဘူး) နိုင်ငံခြား မထွက်ခင် အချိန် နောက်ဆုံး (၉၅ ကနေ ၂၀၀၃) အထိ နေခဲ့ ဖူးတာ မြစ်ကြီးနား ထောင်မှာပါ.....။ဒါကြောင့် မြစ်ကြီးနားထောင်မှာ သူနဲ့  အတူ နေခဲ့ ဖူးသူတွေ ကို မေးကြည်ရင် ပြည့်ပြည်စုံစုံ သိရပါလိမ်မယ် ....။
သမိုင်း ကိုသိပြီး အလိမ် မခံ ကြရလေအောင် ရေးခြင်းသာ ဖြစ်ကြောင်းပါ.....။
ပထမ တကြိမ် က ဗွီဇာ ကုန်လို့  နှင်ထုတ်ခံ ရလို ၀ိုင်းသနားကြတယ် ....၊ခုတခါ ဗီဇာ ရပေမဲ့ ၀င်ခွင့် မရ လို့ 
သနားနေကြသူများ အတွက် ....သနားသင့်....မသနားသင့်....စဉ်းစားနိုင်ရုံမျှ ပါ.......။
ခိုင်ကိုဦး(ဆစ်ဒနီ)
(၅ . ၈ . ၂၀၁၆ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment