Tuesday, 12 April 2016
                                 လက်လွတ်သွားတဲ့  အခွင့်အရေး တခု...                                              
ဒီနေ့ ... စိတ်ထဲ  မချင့်မရဲ ဖြစ်ခဲ့ ရတဲ့ အခွင့်အရေးတခု အကြောင်း ပြောချင်ပါသေးတယ်...။
ဆုံးရှုံး လိုက်ရတဲ့ အခွင့်အရေးတခု ဆိုရင်လည်းမမှားပါဘူး...။
အဲဒါကတော့ မင်္ဂလာ ဧည့်ခံပွဲလေး တခု အကြောင်းပါ ။ မင်းကွာ မင်္ဂလာဆောင် တခု အကြောင်းများ
ရေးကြီးခွင်ကျယ် လုပ်လို့ ကွာ ...လိုတော့ မပြောကြပါနဲ့ ဗျာ....။
ကျနော်တို့  နေထိုင်ရာ သြစတေးလျှ နိုင်ငံ ဆစ်ဒနီ မြို မှာ နေရာတိုင်း ရပ်ကွက်တိုင်းမှာ လိုလို တွေရတာ
က Many Culture One Community ဆိုတဲ့ ဆိုင်ဘုတ် တွေပါပဲ ....။မှန်ပါတယ် များစွာသော ယဉ်ကျေး
တဲဖက်က နေ ထိန်းသိမ်းကြတာ အစဉ်အလာ တခုပါပဲ ။ဒီလိုပါပဲ ကျနော်တို့ မြန်မာ လူမျိုးစုတွေပာာလည်း
မိမိရိုးရာ အစဉ်အလာ တွေကို အတတ်နိုင်ဆုံး ထိန်းသိမ်းကြတယ် ဖော်ထုတ်ကြတယ် လက်ဆင့်ကမ်းကြ
တယ် ....။               ဘုန်းတော်ကြီး ကျောင်းတွေ မှာ သီတင်းကျွတ်ပွဲတော်...တန်ဆောင်တိုင်ပွဲတော်.
....၀ါဆိုပွဲ...ကထိန်ပွဲ ....စတဲ့ဘာသာရေးဆိုင်ရာပွဲတော်တွေ ကိုလဲ တက်တက်ကြွကြွ သိုက်သိုက်ဝန်းဝန်း
ဆင်နွှဲကြပါတယ်....။ဒီလိုပါပဲ...ရိုးရာ သင်္ကြန်ပွဲ ကိုလည်းစည်ကားသိုက်မြိုက်စွာ ဆင်နွှဲ ကြလေရှိပြီး .....
နိုင်ငံရေး အခမ်းအနားတွေ(နိုင်ငံရေးနဲ့ ပါတ်သက်တဲ့ အထိမ်းအမှတ် အခမ်းအနားတွေ) ကိုလည်း နှောင်း
ခေတ်လူငယ်များ လက်ထက်မှာ သမိုင်းဆိုတာ မပျောက်ပျက်ရလေအောင် ဖော်ထုတ်ကြ တယ်...။
ဘယ်အရပ် ဘယ်ဒေသ မှာနေနေ ...အလုပ်ခွင်မှာ ဘယ်လိုတွေ ၀တ်ဝတ် ဘိုစားတွေ ဘယ်လိုပင်စား
နေကြရသော်ငြားလည်း ကိုယ့်ယဉ်ကျေးမှု ကိုယ့် ဓလေထုံစံ ကိုယ်အစားအစာ ကို လူကြီးလူငယ် ကလေး
ပါမကျန် ခုံမင်ကြ စွဲမက်ကြပါတယ်....ဘယ်လိုပွဲ တွေ မှာ မဆို မုန်ပာင်းခါး ၊ အသုတ်စုံ ၊မြန်မာ ဆီပြန်
ပာင်းလျှာတွေ မုန်ပဲသွားရေစာ တွေ ပာာ ရောင်းမကုန်လို့  ကျန်တယ် (အရင်မကြေးဘူး)ဆိုတာ မကြားဖူး
သလောက်ပါပဲ....။ ဒီလိုပါပဲ ကျောင်းရက်ရှည်ပိတ်ရက်ဖြစ်တဲ့ ဒီဇင်ဘာလ မှာလည်း ကျောင်းပိတ်ရက်
ရပာန်းဝတ်တာ ...ကိုရင် ၀တ်တာ တွေ နှစ်တိုင်းလို ရှိနေပြီး ဘာသာတရား ကိုးကွယ်မှု့ ကို လက်ဆင့်ကမ်း
ကြပါတယ်...။ မြန်မာ စာသင်ကျောင်းတွေ ပုံမှန်ဆိုသလို ရှိနေသလို သီးခြား နီးစပ်ရာတွေကို အချိန်ပေး ..
နေရာပေးပြီး အခမဲ့ မြန်မာစာ ..မြန်မာစကားကို မပျောက်ပျက်အောင် ဆောင်ရွက်ကြသလိုဘုန်းတော်ကြီး
ကျောင်းတွေမှာ လည်း အပါတ်စဉ် တနင်္ဂနွေ တိုင်း ဘာသာရေးအဆုံးအမ တွေ သင်ကြားပေး တာလည်းရှိ
ပါတယ် ...။
ဒီလိုပါပဲ ....ကျနော်အိမ်မှာ ကျနော်မိသားစုမှာ ကျနော်သားသမီးတွေအပေါ်မှာ လည်း ကျနော်ရော ဇနီးသည်ပါ ကလေးတွေအတွက် ကိုယ်ရိုးရာယဉ်ကျေးမှု့ မပျောက်ပျက်အောင် အတတ်နိုင်ဆုံးထိန်းသိမ်း
သင်ကြားပေးလေရှိပါတယ် ။ ညအိပ်ယာဝင် ချိန်မှာ ဘုရားဝတ်ပြုတတ်အောင် ဘုရားစာ သင်ပေးတာမျိုး
ဂုဏ်တော်တွေသင်ပေးတာမျိုးကို  အခါအားလျှော်စွာ သင်ပြပေးတတ်သလို .၊ရပာန်သံဃာ များနဲ့ တွေရင်
ကန်တော့တတ်အောင် အိမ်မှာ ဖြစ်စေ ဘုန်းတော်ကြီးကျောင်းတွေမှာ ဖြစ်စေ ရပာန်းသံဃာ များကိုပင်
ဖိတ် ပြီး ဆွမ်းဆက်ကပ် တိုင်း တရားနာ တတ်အောင် (နားထောင်တတ်အောင်) လေ့ကျင့်ပေးလေရှိပါ
တယ် ။ အိမ်မှာ မိသားစု အတွင်းမှာ စကားပြောရင် မြန်မာလို ပြောစေ တာကအစ မြန်မာ ရုပ်ရှင် ဗွီဒီယို
တွေ ဖွင့်ပြ ကြည်စေတာ အဆုံးပါပဲ...။(တကယ်ဆို ကျနော်ပာာ မြန်မာဇာတ်ကား တွေ လုံဝကြည်သူမ
ပာုတ်ပါ ...။ထူးမခြားနား ပတ်ပျိုး တပုဒ် လိုမှတ်ယူထားသူပါ) အဓိက က သားသမီးတွေ မြန်မာ စကားကို
လိတ်ပတ်လည် အောင် ပြောတတ်စေချင်တဲ့ အတွက်သာ မြန်မာ ရုပ်ရှင်တွေ ကြည့်မိနေတယ်ပြောရမှာပါ
ပဲ...။ အိမ်မှာနေရင်း သားသမီး လေးယောက် သူတို့ အချင်း ချင်း အင်္ဂလိပ်လို ပြောသံကြားရင် (ကိုယ်က
သတိထားလိုက်မိတိုင်း) မြန်မာ လို ပဲပြော ပော...ဆိုပြီး သတိပေးနေတတ်ကြပါတယ်..။  ဒါကြောင့်လဲ
ကျနော်တို့ မိသားစု နဲ့  ရင်းနှီးသူ တချို ဆိုရင် ပြန်ပြောကြတာတွေ ချီးမွှမ်း ကြတာတွေ မကြာခဏ ကြုံ
ရလေ့ရှိပါတယ်...။ အထူးသဖြင့်ကျနော်ကလေးတွေပာာ  မြန်မာလို ပြောဆိုတတ်လိုပါ...။ သမီး ကြီး ဆိုရင်လည်း မြန်မာ အကကိုစိတ်ဝင်စား မှု့ ရှိအောင် ကစေပါတယ် ...။အခမ်းအနား တွေ သင်္ကြန်ပွဲ တွေ မှာ ပေါ့...။  
ကျနော် အခု ပြောနေတာတွေနဲ့ မင်္ဂလာဧည်ခံပွဲ ဘယ်လိုများသက်ဆိုင်ပါသလဲ လို့ မေးစရာ ရှိလာမှာပါ..
ပြောပါ့မယ် ။ ကျနော် တို့ မိသားစု ထံကို မင်္ဂလာ ဖိတ်စာ ရကတည်းက မဖြစ်မနေ သွားရမယ် လို့ စိတ်ပိုင်း
ဖြတ်ထားပြီးသားပါ...။မင်္ဂလာ ဧည်ခံပွဲ ကြရင် ၀တ်မဲ့ အ၀တ်အစား ၊မင်္ဂလာ လက်ဖွဲ က အစ ကြိုတင်စဉ်း
စား လို့ ပြင်ဆင်ထားပါတယ် ။ဒါပေမဲ့ တရက်တည်း တနေ့ ထဲမှာ ပဲ ကျနော်တို့  ဆစ်ဒနီ မြို့  မြန်မာ နိုင်ငံ
သားတွေရဲ့ သင်္ကြန် ပွဲတော်ရက် နဲ့ ကလည်း လာရောက်တိုက်ဆိုင်နေတာကြောင့် ကြိုတင်ပြင်ဆင်မှူ့ ကိုပို
ပြီးဝီရိယ စိုက်ထုတ်ရပါတယ်..။ဒုတိယမြောက် သမီးက အဲဒီပွဲတော်မှာ သင်္ကြန်မယ် လုပ်ရဦးမယ် ဆိုတာကို....။ ဒီလိုနဲ့  မနက်စောစော အိပ်ယာ ထ ...ရေမိုးချိုး အ၀တ်အစား အပိုတွေ ကျောပိုအိပ်တွေနဲ့ 
ထည့် လို့ ....အိပ်တွေ ဆိုတာ သင်္ကြန်ပွဲမှာ ကလေးတွေ ရေကစား ပြီး ရေစိုရင် လဲလှယ်ပေးဖို့ အ၀တ်ပို
တွေ ရယ် ....သင်္ကြန်ပွဲ ပြီးတာနဲ့  မင်္ဂလာ အခမ်းအနား ကိုဆက်ရမှာဖြစ်တာကြောင့် ၀တ်မဲ့(လဲလှယ်မဲ့)
အ၀တ်အစားတွေ ထည်တဲ့ အိပ်တွေမို့  ကားပေါ်မှာ ကျောပိုအိတ် သုံးလုံး က နေရာယူထားပါတယ်။
မင်္ဂလာ ဆောင်မဲ့ ညီငယ်ညီမငယ်တွေ အတွက် လက်ဖွဲ စာအိပ်ရယ် ဖိတ်စာ ရယ်ကတော့ ကားဒက်ရှ်
ဘုတ် ထဲမှာပါ...(ခုစာရေးတဲ့ အချိန်ထိ ပြန်မထုတ်ရသေးပါဘူး...။
ဒီလိုနဲ့  သင်္ကြန်ပွဲကို ချီတက် ....သမီးကြီးက သင်္ကြမယ် အဖြစ် ၀င် က သားနှစ်ယောက်က ရေကစား
ကျနော်က အငယ်ဆုံးသမီးကို ထိန်း.....ဇနီးက ခင်တဲ့ အမ တယောက်နဲ့ အတူ ထိုင်း ကွေတီယို ဆိုင်မှာ
ဈေးကူးရောင်း.....။အားလုံးအေးအေးဆေးဆေးပါပဲ.....။
ညနေလည်းရောက်စေချင်ပါပြီ....သင်္ကြန်ပွဲ လဲ ပြီးစေချင်ပါပြီ.....။မင်္ဂလာပွဲကို မြင်ချင်ပါပြီ....။မြင်ချင်ပြီ
ဆိုတာထက် မြင်စေချင်တာပါ....။ကျနော်တို့ လူကြီးတွေ အတွက် က မြန်မာ လူမျိုးတို့ ရဲ့ မင်္ဂလာ အခမ်း
အနားကြီးတွေ မျိုးစုံကို မြင်တွေ့ ဖူးခဲ့ ပါပြီ....။အင်းယားလိတ်...ကရ၀ိတ်...စတဲ့ မင်္ဂလာ ခမ်းမကြီးတွေမှာ
ဆောင်တဲ့ မင်္ဂလာဆောင်...ဘုန်းတော်ကြီးကျောင်းတွေ မှာ ဆောင်တဲ့ မင်္ဂလာဆောင် .....အရပ်ထဲက ခမ်းမ တွေမှာ ဆောင်တဲ့ မင်္ဂလာဆောင်....ကိုယ်နေအိမ်ရှေ့ မှာ တဲကြီးထိုးပြီးဆောင်တဲ့ မင်္ဂလာ အဆုံး
ကြုံဖူးတွေ့ ဖူး...တက်ရောက်ချီးမြှင့်ဖူး ...ပြီးသားပါ....။ ခုမြင်စေချင်တာက ကျနော်သားသမီးတွေ အတွက်
ကတော့ အဓိက ဆိုပေမဲ့ ကိုယ်ကိုတိုင်လည်း မြင်တွေ့ ချင်တာပါပဲ....Australia ရောက်ပြီး (၁၀)နှစ်ကျော်
မှာ ပထမ ဆုံးအကြိမ် ပြန်မြင်တွေခွင့်ရမဲ့ မြန်မာ ရိုးရာအတိုင်း မြန်မာဆန်ဆန် ဆောင်မဲ့ မင်္ဂလာဆောင်လေ
........။ခင်တဲ့အကို တယောက်က ဘိသိတ်သွန်း မယ် သြဘာစာဖတ်မယ် ...သတို့ သား  သတို့ သမီး ရယ်
က တောင်ရှည်ပုဆိုးနဲ့ ခေါင်းပေါင်းနဲ့  ထိုင်မသိမ်း နဲ့ တလှမ်ချင်းလှမ်းဝင်လာမယ် မင်္ဂလာ စည်တော်ယွန်း
လို့ ပေါ့.....။အဲဒီမြင်ကွင်းကို ပြပြီး ဒါအဖေတို့ အမေတို့ မြန်မာလူမျိုးတွေရဲ့  ယဉ်ကျေးမှု့  ဓလေ့ထုံးတမ်း
အစဉ်အလာအတိုင်း ဆောင်တဲ့ မင်္ဂလာဆောင်...ကွ ....ဘယ်လောက်ကျက်သရေ ရှိလိုက်သလဲ ကြည့်စမ်း....လို့ ...ပြောရင်း ရိုးရာ ဓလေ့ ကို သူတို့ လေးတွေ သိနားလည် နိုင်လောက်တဲ့ အနေအထားနဲ့ 
ရှင်းပြချင် ပြောပြချင်နေမိတာ.....။
 နောက်ထပ် စိတ်စော စေတဲ့ အကြောင်းနှစ်ချက်မှာ ပထမ က မင်္ဂလာသတို့ သား ၊ သတို့ သမီး တို့ ရဲ့ မိခင်ဖခင် တွေ က  ကျနော်နဲ့ အတူ (တနည်း)ဘ၀ တူ မပာုတ်ပေမဲ့ တလှေတည်းစီး တခရီးတည်း သွာခဲ့ ကြတဲ့ တော်လှန်ရေး ရဲဘော် နောင်တော် အမတော် တွေမို့ ပါပဲ.....
တောထဲ ရောက်သွားတဲ့ ကျောင်းသား နဲ့ မြိုပေါ်ကျန်ခဲ့တဲ့ကျောင်းသား ....ဒါလေးပဲကွာတာပါ....မြန်မာ
ပြည် ဒီမိုကရေစီရေးအတွက် ကိုယ်ယုံကြည်ရာ လမ်းအတိုင်း တိုက်ပွဲဝင်ခဲ့ ကြတယ် ဆိုတဲ့ အသိနဲတင်
သွေးတွေ ကနီး ပြီးသား.......။ ဒါကြောင့် ကိုယ် တူ...တူမ ရဲ့ မင်္ဂလာပွဲ လို ဆိုရင်လဲ မမှားနိုင်....။
နောက်ထပ် စိတ်စော စေတဲ့ အကြောင်းတခု က ပြီးခဲ့တဲ့ လပိုင်းလောက်ကတင် ကျင်းပ ခဲ့တဲ့ မင်္ဂလာ
သတို့ သားရဲ့ မိခင် နှစ်(၅၀)မွေးနေ့ ပွဲ ကို ဖိတ်ကြားခံထားရပါလျှက် ကျနော့်ကျန်းမာရေးကြောင့် ပျက်
ကွက်ထားခဲ့ လေတော့ ဒီတခါတော့ မဖြစ်ဖြစ်အောင်သွားမယ်လေ....ဆိုတဲ့စိတ်.....။
အဲဒီစိတ်ကူးတွေ နဲ့ ရှိနေ ပြီး သားနှစ်ယောက်ကို ဆောလွန်ရင်း တစုံတရာ ထိခိုက်မှာ စိုးရိမ်လို့ ဘေးဘီဝဲ
ယာ လှမ်းကြည့်ရင်း....၊သမီးကြီးကတော့ သင်္ကြန်အက အဖွဲ နဲ့ အတူရှိနေတာမို့  စိတ်မပူရတာကြောင့်
ကလေးတို့ အမေ ဈေးရောင်းနေတဲ့ ယာယီရွက်ဖျဉ်တဲ့နောက်ခုံတန်းမှာ သမီးငယ်ကို ချီပိုးထားရင်း ထိုင်
နေခိုက်မှာ ပဲ ကျနော် စိတ်ကူးတွေ ကို ဖျက်ဆီးလိုက်တဲ့ လေကြမ်းတချက် တိုက်ခတ် ခံလိုက်ရပါတယ်..။
ဝုန်း..ကနဲ လွင့်တက်သွားတဲ့ ဈေးဆိုင်တန်း ရွက်ဖျဉ်တဲ သုံးလုံးရယ် ၀ရုန်သုန်းကား ဖြစ်သွားတဲ့ အဲဒီ ဆိုင်
သုံးဆိုင်က ဈေးရောင်းနေသူတွေရယ်....။ သေသေချာချာမြင်လိုက်ရတာက ဇနီးသည် မျက်နှာကို ရွက်ဖျဉ်တဲ ရဲ့ သံချောင်း တစ်ချောင်း ဖြတ်ရိုက်မိသွားပုံ ...သူရှေက မသီတာလှ ခေါင်းကို ရိုက်မိပြီးမှောက်
လျှက် လဲကျသွားပုံ ....ပြီးတော့ ဆူညံသွားတဲ့ အော်သံတချို့ .......။အဲဒီအော်သံထဲမှာ အထင်ရှားဆုံးက
ကိုမင်းဦးရဲ့ ဇနီး မပုတို ရဲ့ အသံပါပဲ....(ထိုက်စု ထိသွားတယ်....ထိုက်စု ထိသွားတယ်)တဲ့ ...။သူလဲ အကြော်စုံကြော်နေတဲ့ ဆီအိုးနဘေးက မနည်းရုန်းထွက်လာရပုံပါပဲ......။
နောက်တော့ ...ပွဲခင်းတာဝန်ရှိသူတွေ နဲ့ အတူ ဆရာဝန် လေးယောက်လောက် ရောက်လာပြီး ဇနီးသည်
ဒဏ်ရာ ကိုဆေးထည့် ရေခဲကပ်...ဆေးတိုက်......။သူလဲ နာရီဝက်သာသာလောက် ထိုင်ခုံက နေ မထနိုင်
ရှာဘူးရယ်....။ အတော်မူးသွားပုံရတယ်...။
(အခု ဒီစာ ရေးနေချိန်မှာ ကျနော် အတွေများ ဇနီးသည်သိရင် ဗိုက်ခေါက်ပြတ်အောင်လိမ်ဆွဲ မလားမသိ
ဘူးရယ်....တွေးမိတာက ...အဲဒီနေက နားထင်ကို သံတန်းမရီုက်မိပဲ ပါးစပ်ကို ရိုက်မိသွားရင်ကောင်းမှာ....
လို့ လေ....။ တအိမ်ထဲအတူနေ မျက်နှာချင်းဆိုင်လိုက်တိုင်း ...အယောင်ကျသွားပြီးလား ....ကို ....ရေ ...
ကြည်ပါဦး.....နဲနဲလောက်ဂရုစိုက်ပေးပါဦး... နဲ့ ခဏခဏ မေးလွန်း...ပြောလွန်း လို့ လေ....။  
ဖြစ်ပြီးတာ နှစ်ရက်ရှိပြီ ..မေးတုန်း....ဂရုစိုက် ခံချင်တုန်း....ပြုစု  ယုယ  ပေးစေချင်တုန်း)
ဒီလိုနဲ့  အိမ်အပြန်လမ်း ပာာ စိတ်ကူးတွေ အတွေးတွေနဲ့  မနက် အိမ်က အထွက်လောက် မတက်ကြွတော့
တာ အမှန်.....။အိမ် အနား အလှမ်းမကမ်းမှာ ရှိတဲ့ သတို့သားသတို့ သမီးတွေ ဖီးလိမ်းပြင်ဆင်ရာ  ကိုသန်း
ထွဠ်ဆွေ မအိထွေး တို့ အိမ်ရှေ့ ကနေ ဖြတ်တော့ မင်္ဂလာ သတို့သား သတို့သမီး စီးမဲ့ ကားကြီးက ရှိနေသေးတယ်....။ဒဏ်ရာ ရလာတဲ့ ဇနီးကို မသိမသာ လှည့်ကြည်တော့ ရေခဲအိပ်လေးကပ်လို့ မှိန်းလျှက်
သူကို အိမ်မှာ တယောက်ထဲ ထားခဲ့ လို့ ကလဲ မဖြစ်....၊ကလေး လေးယောက်နဲ့  ကျနော် တယောက်ထဲ
ချီတက်လို့ ကလည်း မနိုင်....၊ဒီလိုနဲ့  ပဲ...ရတောင့်ရခဲ မြန်မာယဉ်ကျေးမှု့  ထုံးတမ်းအစဉ်အလာ နဲ့ အညီ
ကျင်းပတဲ့ မင်္ဂလာဧည်ခံပွဲကို လက်လွှတ်ဆုံးရှုံး ခံလိုက်ရပါတော့တယ်....။
ကားထဲမှာ ကျန်ရှိနေသေးတဲ့ မင်္ဂလာလက်ဖွဲ့ လေးရယ်...နှစ်ဖက်သော မိဘ များကို တောင်ပန်စကား
ပြောဖို့ ရယ်က ကျနော်တို့ အတွက် နောက်ဆက်တွဲ ကျန်ရှိခဲ့တဲ့ တာဝန်ပေါ့.....။
ခုတော့ .....မိတ်ဆွေ တွေတင်ထားတဲ့ မင်္ဂလာအခမ်းအနား ကျင်ပ ပုံ ဓါတ်ပုံတွေ ကို Facebook ပေါ်မှာ
ရှာဖွေကြည့်ရှု့ ရင်း တယောက်ထဲ Window Shopping မပာုတ်ပဲ Window Wedding ကြည်နေပြီး......
အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ကြပါစေ လို့  ဆုတောင်းပေးနေမိတယ်....။
မထင်မှတ်ထားတဲ့ သဘာဝဘေး တခုကြောင့် တရင်းတနှီး ဖိတ်လာတဲ့ မိဘတွေကိုလဲ မျက်နှာပူမိသလို
သြစီမှာမွေး ...သြစီမှာ ကြီးတဲ့ အိမ်က ကလေးတွေ အတွက် ကိုယ်ရိုးရာ ထုံတမ်းအစဉ်အလာ ယဉ်ကျေး
မှု့  တခုကို မြင်တွေသိရှိ နားလည်ခွင့် လည်း ဆုံးရှုံးလိုက်ရပါတော့တယ်.....။
                                                                   ခိုင်ကိုဦး (ဆစ်ဒနီ)
                                                          ၁၂ . ၄ . ၂၀၁၆ (ည ၁၂း၀၀ ) 
No comments:
Post a Comment