Tuesday, 12 April 2016

အလွမ်းပြေ ပာင်းတအိုး နှင့် ရင်ဘတ်ထဲ က ဒဏ်ရာ.............

                      အလွမ်းပြေ ပာင်းတအိုး နှင့် ရင်ဘတ်ထဲ က ဒဏ်ရာ.............

ဒီကနေ စိတ်ကူးလေး၇တာနဲ့  အိမ်ရှင်မ ကိုခွင့်တောင်းပြီး မီးဖိုချောင်မှာ ပာင်းတအိုး ချက်ဖြစ်တယ်....
ဆန်းပြားတဲ့ အကောင်းစားပာင်းမပာုတ်ပေမဲ့ ဘ၀ ရဲ့ နေရက်တော်တော်များများမှာ နေရာယူခဲ့တဲ့ ပာင်း
တမယ်ပေါ့.....။ 
ကျနော် အပါအ၀င် အများစု ပာာ အလွန်ဝေးကွာတဲ့ နေရာမှာ မိသားစုတွေ ထားခဲ့ကြပြီး ဂျိန်းဖောမြေ
မှာ အသိုက်တည်ခဲ့ကြပါတယ်...။ စားဝတ်နေရေး အလွန်ဆင်းရဲ ကြတာမို့  ကိုယ်ဆီကိုရောက်လာတဲ့ 
ထောင်ဝင်စာ လေးကို ချိုးခြံချွေတာ စားကြရတယ်ပေါ့....။ နောက်တခါ မိသာစု က ထောင်ဝင်စာ မပို့ 
မချင်း အစားအသောက် မပြတ်ရလေအောင် စီမံကြရတယ်....။အဲသည်မှာ နေရက် အတော်များများရဲ
နေ့ လည် ညစာတွေ ထဲ နေရာဝင်ယူလာခဲ့ တာက အမဲသွေးခဲ နဲ့ အားလူး.....။အမဲသွေး (၀က်သွေး)
တွေကို ထောင်ဝန်ထမ်းတွေက အထုတ်ကလေးတွေ ထုတ်လို့  တထုတ်ကို (၅)ကျပ်နဲ့  ရောင်းလေ့ရှိ
ပါတယ်...ထောင်ထဲမှာ ပိုက်ဆံ မကိုင်ရဆိုတဲ့ ဥပဒေရှိပေမဲ့ ဒီလိုပဲ နားလည်မှု့ လေးတွေလုပ်ပြီး နေတဓူ
ဝ အရာမှန်သမျှဖြေရှင်းကြရတာပါပဲ....။ထောင်ဝန်ထမ်း သယ်လာပေးတဲ့ သွေးခဲတွေကို ကြက်သွန်ဖြူ
ကြက်သွန်နီ ဂျင်း လေးရောပြီး ဆီသတ် အနံလေးမွှေးလာတော့ သွေးခဲ နဲ့ အာလူးလေးရောပြီး စားစရာ ပာင်းလေး တခွက် ဖြစ်ရတယ်ပေါ့.....။ထောင်ဝင်စာ ထုတ်ထဲက ငါးခြောက်ကြော်လေးရယ် တောင်ယာ
ထဲက ခရမ်းသီး ရယ်ကလည်းပာင်းတခွက်....ဘာလချောင်ကြော် နဲ့ ထောင်ကပေးတဲ့ ပဲရည်ကျဲ ထဲရော
နှောတော့လည်း ပာင်းတခွက်ဖြစ်သွားတာပါပဲ....။
ဒီလိုပဲ ချိုးခြံချွေတာပြီး ကိုယ်လုပ်ချင်ရာလေးတွေ ကိုလဲ မဆုတ်မနစ် လုပ်ခဲ့ ကြပါတယ်....။ထောင်ဝင်စာ
မှာ ပါလာတဲ့ ကော်ဖီမစ် တွေ ခေါက်ဆွဲခြောက်တွေ ကိုအာဏာပိုင်မသိအောင်ရောင်း ချပြီး ရတဲ့ ငွေ နဲ့ 
စာစောင်တွေ သတင်းစာတွေ ၀ယ်ဖတ်....သိလာတဲ့ သတင်းအချက်အလက် အကြောင်းအရာအပေါ် 
သုံးသပ်ဆွေးနွေး သင်ယူ...ကြရတယ်...။ဒီထက် တဆင့်တက်တော့ လျှောက်လွှာ စာရွက်လေးတွေ 
ဘောပင်တွေ ခိုးဝယ် ခိုးသွင်း... ပြီးတော့ ကဗျာတွေ စာတွေ ရေးကြ....စာစောင်တွေ မှတ်တမ်းတွေ 
ထုတ်ကြပေါ့.....။
ပြည်နယ် ထောင် ဖြစ်တာကြောင့် စစ်ထောက်လှမ်းရေး လက်မဲကြီး က ပိုင်ပိုင်နိုင်နိုင် မအုပ်မိလေတော့
အခွင့်သာရင်သာသလို လက်သွေးကြရတယ်....။စိတ်ပိုင်း ရုပ်ပိုင်း ညွတ်ကျိုးသွားအောင် စီမံကြပေမဲ့
ကိုယ်ကိုကိုယ် အညွန်တလူလူ ဖြစ်အောင် အမြဲ အားထုတ်ခဲ့ ကြပါတယ်.....။
အဲသည်ထဲမှာမှ ပေ(၃၀)ကျော်မြင်တဲ့ ထောင်အုပ်ရိုး ကြီးကိုကျော်လို့  တရုပ်လုပ် ရေဒီယိုလေး တလုံး
ရအောင်ယူဆောင်ခဲ့ ကြတယ်....။အဓိက ဇာတ်ဆောင်တွေ က ကျနော်...ကြည်ဖေကျော် (ယခု- အမေရိ
ကန်တွင်နေထိုင်သူ)နဲ့လေးဇော်....။ ရောဂါ စထလာတာက ကျနော်....။ကျနော်နဲ့ တခန်းတည်းနေ ကို
ကြည်ဖေကျော် (ကျော်ကြီး) ပာာ အင်းစိန်ထောင်မှာ ဦးဝင်းတင် ဦးဇော်မြင်မောင်...စသူတို့ နဲ့ ထောင်ထဲ
မှာ  လူအခွင့်ရေးကြေငြာချက်တွေ စာစောင်တွေ ရေဒီယို သတင်းဖြန့်ဝေခြင်းတွေ လုပ်ရင်းထောင်ထဲမှာ 
ထောင်ထပ်ကျခဲ့ သူပါ....။သူထံက နေ အင်းစိန်ထောင် မိန်းတံခါးကြီးကိုကျော်လို သူတို့ လုပ်ချင်ရာ...
သူတို့ လိုချင်ရာတွေ ကို အခက်အခဲတွေ ကျော်ဖြတ်ပြီး ဘယ်လို ဆောင်ယူခဲ့ ကြတယ် ဘယ်လို သယ်ထုတ်ခဲ့ကြတယ် ဆိုတာတွေက ကျနော်အတွက် နှစ်သက် အားကျစရာတွေ ပေါ့.....။ 
သူတို့ တတွေ စွမ်းဆောင်ခဲ့ ကြသလို ကျနော် ကိုယ်တိုင်လဲ စွမ်းဆောင်ချင်လာတယ်....။တနည်းပြော
ရရင် မြစ်ကြီးနား ထောင်မှာ မှတ်တိုင်တခု စိုက်ထူချင်ခဲ့ တာပါ.....။
ဒီလို နဲ့  တိုက်(၂) အခန်း(၁) မှာ ကိုကျော်ကြီးနဲ့ ကျနော် အတူနေခိုက် ကျနော်အိမ်ထောင်ဝင်စာ ရောက်
လာပါတယ်....။လာတွေ့ တဲ့ အမေပြန်သွားပြီး နောက်တရက်မှာပဲ ကျနော်ရဲ့  ရေဒီယို စစ်ဆင်ရေး စတော့
တာပေါ့....။အိမ်က စားဖို့ ထည့်ပေးလိုက်တဲ့ စားစရာတွေ ထဲက ရောင်းလို့ ရတာ အကုန်ရောင်း ငွေစု.....
တဖက်ကလဲ ကူညီပေးမဲ့ ၀န်ထမ်းကိုစည်းရုံး.....။ ဒီလိုနဲ့  ရေဒီယို တလုံးဝယ်ဖို့  လက်ထဲမှာ ၃၀၀၀ ကျော်
လောက်ရလာပါတယ်....။ဝယ်ပေးမဲ့ ဝန်ထမ်းကိုညှိကြည်တော့ ရေဒီယို ရဲ့ တန်ဖိုးနဲ့  အညီ သွင်းခပေးမယ်
ဆိုရင် လုပ်ပေးမယ်...သွင်းပေးမယ်တဲ့....။ဒီတော့ ကိုယ်တယောက်တည်း မစွမ်းနိုင်တော့တာကြောင့်
လေးဇော် ကို အကူအညီ တောင်းရပါတော့တယ်...။လေးဖော်ကလည်း ရေဒီယိုသွင်းဖို့ ဆိုရင်လိုတဲ့ငွေ သူ
စိုက်ထုတ်ပေးပါတယ်....။တချိန်တည်းမှာပဲ ကိုကျော်ကြီးက ရေဒီယို ရောက်လာရင် သိမ်းဖို့ (၀ှက်ထားဖို့ )
နေရာ စီစဉ် ပါတော့တယ်....။အဲဒီနေရာက တခန်းတည်းနေတဲ့ ကျနော်တို့ နှစ်ယောက်သာ သိတဲ့ နေရာပါ
ဘယ်သူမှ မသိနိုင်တဲ့ နေရာမှာ အုတ်နံရံကိုဖောက် ..ပြီးတော့ အုတ်ခဲပိုင်း လက်တ၀ါးစာကို ပါးပါးလေးဖြစ်
အောင်သွေးရပါတယ် အဖုံးလုပ်ဖို့ ပါ....။ပြီးတော့ ထောင်မှာ ကအမြဲ ထုံးသုပ်နေကျမို့  အဲဒီထုံးတွေ ခိုးရပါ
သေးတယ်....အံဝှက်ကို သုံးပြီးတာနဲ့ ထုံးပြန်သုပ်ထားနိုင်အောင်ပါ...။ဒါမှ အမှတ်တမဲ့ ကြည့်ရင် အုတ်နံရံ
ထဲမှာ တွင်းရှိနေပြီး ရေဒီယို သိမ်းထားတာကို  မသိနိုင်အောင်ပါ....။ ကြမ်းပြင်ဒေါင် တနေရာ မှာလဲ အရံ
တွင်း တတွင်းလုပ်ထားပါသေးတယ်...။လိုအပ်ရင် အာရုံလွှဲ နိုင်အောင်ပေါ့....။
ကိုယ့်ဖက်က ထောင်စေ့ အောင်စီစဉ်ထားပြီး ပေမဲ့ မှာထားတဲ့  ရေဒီယိုက ရောက်မလာသေး....။ယူလာ
ပေးမဲ့ ၀န်ထမ်း က ဗူးဝ မှာ လုံခြုံရေးတင်းကြပ်နေတယ် ဆိုတာက တမျိုး မေ့လာတယ် ဆိုတာက တမျိုး
နဲ့  အကြောင်းအမျိုးမျိုးတွေ သုံးလေးကြိမ်ပြလာတော့ အမှန်တကယ် စိတ်ပူ မိတာပါ....ရေဒီယို ရော..
သွင်းခ ပါ (၅၀၀၀) ပေးလိုက်ရတာပါ...။ တကယ်လို့ များ အဲဒီဝန်ထမ်းက သွင်းမပေးပဲ ငွေ ကို ယူလိုက်
မယ် ဆိုရင် ကျနော်တို့ ဖက်မှာ ဘယ်သူကိုမှ တိုင်လို့  မရတဲ့ အရာ မပာုတ်လား.....။
ဒါပေမဲ့ နယ်ထောင်တွေ က ၀န်ထမ်းတွေပာာ မြိုပြထောင်တွေက ၀န်ထမ်းတွေ ထက်တော့ အများကြီး
ရိုးသားပါတယ်....။ကတိခံထားတဲ့ အတိုင်းရောက်အောင်သွင်းယူလာပေးပါတယ်....။ 
ဒီတော့ ....ကျနော်တို့ သီးခြား အရပ်ကလေးက နိုင်ငံတကာနဲ့  အဆက်အသွယ် ရသွားပါတော့တယ်...။
မနေ့ က ဘယ်အရပ် ဘယ်ဒေသ မှာ ဘာဖြစ်တယ် ...ဘယ်သူက ဘာပြောတယ်...ဆိုတာတွေ ပာာ 
Up To Date ဖြစ်နေတော့တာပါပဲ....။ ညဖက် ထောင်ပိတ်ပြီ ဆိုတာနဲ့  စပြီးလာတဲ့ VOA ကစပြီး နောက်
ဆုံး DVB အစီအစဉ်အထိ ကို ကိုကျော်ကြီး က နားထောင် လိုက်မှတ်....ကျနော်က ကင်းစောင့်....၊
ကျနော်က နားထောင် တော့ ကိုကျော်ကြီးက ကင်းစောင်....၊ ညတိုင်း ၁၂ နာရီ ထိုးပြီးမှ ရေဒီယိုကို
နေသားတကျ သိမ်းပြီးမှ အိပ်ကြတယ်....။(မှတ်မှတ်ရရ ပြန်ပြောရရင် ကျ နောိတို့  ရေဒီယို စနားထောင်ပြီး တပါတ်မတိုင်ခင်မှာပဲ WTC စင်တာကြီးကို အကြမ်းဖက်သမားတွေ အတိုင်ခံရတာပါ)  ကိုယ် လို ဘ၀ တူတွေ အားလုံး ကိုယ်ရတဲ့ သတင်းမှန်သမျှ
မချွန်းမချန် ပဲ မနက်တိုင်း အညစ်အကြေး အိုးတွေ သန့် စင်ပြီးချိန် ..မျက်နှာသစ်ပြီးချိန် တိုင်းမှာ ပြန်
လည်ဖောက်သည် ချ...ပြောပြ ပေးပါတယ်...။ တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ လှောင်ပိတ်ထားပေမဲ့
ကျနော်တို့ နိုင်ငံတကာနဲ့  မျက်ခြေမပြတ်တော့ ပါဘူး...။အဲဒီ အပြင်မှာ ကျနော်တို့ အတွက် ပိုပြီးတန်
ဖိုးရှိစေတာက သတင်းတွေ ကို သုံးသပ်ကြ ...ဝေဖန်ကြ နဲ့  မြန်မာအရေး ၊နိုင်ငံတကာ အရေး တွေမှာ ရော ကျန်းမာရေး ဗပာုသုတ...ပညာရေးဗပာုသုတ ..ထောင်ပေါင်းစုံ ဘက်ပေါင်းစုံ ကတိုးတက်လာစေခဲ့တာ
တော့အမှန်ပါပဲ....။ သတင်း နဲ့ နည်းပညာ ပာာ လူတယောက်ရဲ့  အတွေးအခေါ် ၊အယူအဆ ၊အသိညာဏ်
တွေ တိုးတက်လာစေခဲ့ပါတယ်...။
အဲဒီမှာ ကျနော်တို့ အတွက် ထပ်လုပ်ရတဲ့ အခက်အခဲ က ဓါတ်ခဲ ....ပါ...။
နောက်ပိုင်း ..အဲသည်အခက်အခဲကို ကျော်ဖြတ်နိုင်ဖို့ အတွက် ၀န်းထမ်းတယောက်ကို အကူအညီတောင်း
ပြီး တရုပ်လုပ် ဂိမ်းစက် ကလေး တခု ၀ယ်လိုက်ရတာပါပဲ ။ တာဝန်ကျချိန်မှာ အချိန်တွေ ပိုနေတဲ့ ၀န်ထမ်း တွေ အတွက် ကျနော်တို့ ဝယ်လိုက်တဲ့ လက်တ၀ါး စာ ဂိမ်းစက်ကလေးက သူတို့ လဲ အလုပ်ဖြစ်
ကိုယ် လိုချင်တဲ့ ဓါတ်ခဲ လဲ ရ.....။ တာဝန်ချိန် ၀င်လာတာနဲ့ ဂိမ်းစက်တောင်း ရင် ဓါတ်ခဲ မရှိတော့ကြောင်း
ပြောပြီး  ဓါတ်ခဲမပါတဲ့ ဂိမ်းစက်ကို ထုတ်ပြ ...ညဖက် ဂျူတီ ၀င်လာရင် ၀ယ်ခဲ့ပေးဖို့ ပြော ...ကစားချင်တဲ့
ဝန်ထမ်းက ဓါတ်ခဲ ၀ယ်လာ ။ ကိုယ်ကတော့ ဓါတ်ခဲ ၀ယ်ဖို့ တော့ ပိုက်ဆံ တော့ ထုတ်ပေးလိုက်ရတာပေါ့။
တနေ့ ကို တာဝန်ချိန် (၃)ချိန်..၀န်ထမ်းသုံးယောက်  ၊(၁၅)ရက် တခါ ၀န်ထမ်းချိန်း ဆိုတော့ တာဝန်ကျ
လို့  ထွက်ကာနီး ၁၂ ရက်လောက်နေမှ ဂိမ်းစက် ကို ထုတ်ကစား ပြတော့ စက်လဲ သက်သာ ၊ကိုယ့်အ
တွက်လဲ လိုချင်တာရ.....။
ဒီလို နဲ့  ...ကျနော်တို့  ထောင်တွင်း မီဒီယာ လုပ်ငန်းလေး အတော် လည်ပါတ်လာချိန်မှာ တထောင့် က
တ စခန်း ထ လာတာက (သူကိုယ်သူ) မြေလတ်ကျောင်းသားခေါင်းဆောင် လို့ ခံယူထား တဲ့ သူတယောက် ပါပဲ....။ ဒလ က (၅/ည ) နဲ့ ထောင်ကျလာသူ တယောက် ..တကယ့် လူမိုက် တော့ မပာုတ်ပါဘူး....အပေါစား လမ်းဘေး လူမိုက်လိုလို တယောက် ကို တပည့်မွေး ...ပညာတော့ တတ်ပါ
တယ် ...တကယ်ပညာတတ် မပာုတ်သူ တယောက် ကို ဆရာမွေး လုပ်ပြီး နောက်ကွယ်က ကြိုးကိုင် ပြီး
မီဒီယာ လုပ်ငန်းကို အပိုင်းသိမ်းဖို့ ကြံစည် လာတာပါ....။သူမွေးထားတဲ့ ဆရာ က ထောင်ဝင်စာ မှန် ပြီး
အူစို သူတယောက်ပါ...သူကို ရှေတန်းက တင် မြှောက်ပင့် ပေးပါတယ်...။သူမြှောက်ပင့် ပေးလိုက်ပုံ က 
ရေဒီယို မ၀ယ်ခင်မှာ သူကို အသိမပေး ......သူထံက အကြံညာဏ်မယူ.....သူရဲ့  အထောက့်အပံ့ ကို မယူ
တာ ကစပြီး ရန်လုပ်တော့ တာပါပဲ....။(အဲဒီဆရာ က ပညာတတ်ပါ...သို့ သော် ထောင်ထဲမှာ အတူနေသူ ၊ဘ၀တူ အကျဉ်းသား အားလုံးနဲ့ ရန်ဖြစ်ဖူးတယ် စိတ်ကောက်ဖူးတယ်၊ စကား များဖူးတယ်...။ နောက်ဆုံး အချုပ်ထဲရောက်မှ ဗမာစကားပြောတတ်လာတဲ့ ပူတာအို နယ်က ဦးဒီစီးရယ် ဆိုတဲ့ ကချင်ကြီးပါ အပါအ၀င်ပါပဲ.........။         
 ဒလ က အပေါစားလူမိုက် ကလည်း တပည့်မွေးလို့  မွေးမှန်းမသိ
(သူက ငရုပ်သီ ...မြေပေါ်မှာ စားလဲ စပ်တယ်....ရေထဲ မှာစားလဲ စပ်တယ် ဆိုတဲ့ စကားကိုသုံးပြီး ဘယ်သူ
ကို စိန်ခေါ်လို့ ခေါ်မှန်းမသိ လူမိုက် လုပ်ပြတဲ့ အခါ ကျနော်နဲ့  ရွှေပြည်သာ က လူငယ် ကိုထိန်လင်း က 
စားကြည့်ချင်လို့ ထွက်ခဲ့စမ်းပါ ....လို့  အခန်ထဲ ကနေ ခေါ်ထုတ်တော့ တောင်ပြော မြောက်ပြော နဲ့  အဖျားရှုးသွားလေရော.....။ ဆရာ မွေးခံ ရသူ တယောက်ကြပြန်တော့ ....အခြေအတင် စကားပြော 
ရချိန်မှာ ကျနော် က(အဓိက ပိုင်ရှင်ဆိုတော့) ကျနော်တို့  သတင်းငတ် တဲ့ ပြသနာကို အကောင်းဆုံး
ဖြေရှင်းပေးတာကို ...ကျနော်တို့ စိုက်ပျိုးပေးပြီး ရလာတဲ့ အသီအပွင့် ကိုမျှဝေပေးတာကို လက်ခံ မလား
ဒါမှမပာုတ် အဲဒီအပင် ကို ခုတ်လှဲ လိုက်ရမလား ...ကြိုက်တာရွေးပါ ဆရာ ....လိုဆိုကာ ရေဒီယို လေးနဲ့ 
အတူ စိစိညက်ညက်ကြေ အောင် ထုချေ လို့  ရလောက်တဲ့ ကျောက်စလစ် ခဲ တတုံး ယှဉ်လျှက် ချပေး
လိုက်တော့မှသာ အေချမ်းသွားပါတော့တယ်....။ အဲဒီဆရာ ကျနော်ကို ပြန်မေးတဲ့ စကား ခုထိ မှတ်မိနေဆဲပါပဲ....မောင်ရင်က တကယ် ဖျက်ဆီးရဲ လို့ လားတဲ့....။ ဆရာ အဖြေပေါ်မူတည်ပါတယ် ...။ကျနော် နဲ့  ကိုကျော်ကြီး နှစ်ယောက် ကန်ဇွန်းကြီးရွက် ကို နှစ်လလောက် ညမနက် ချက်စား ခဲ့ ပေ 
မဲ့  ဖျက်ဆီ လိုက်မိလို့ လဲ ကျနော် နောင်တရမှာ မပာုတ်ဘူး ဆရာ ....လို့ ...........။
အခက်အခဲ များစွာနဲ့ ရင်းနှီး ပြီး ရလာတဲ့ ရေဒီယို ကို လုပ်ချင်တိုင်လုပ်ဖို့ အကြောင်းပြချက် က     BBC 24 HOURS နားထောင်ပြီး အင်္ဂလိပ် စာ ...စကား   တိုးတက်အောင်လုပ်ချင် လို့ ပါတဲ့.....။   ကျနော်တို့ စဉ်းစားတာ တခုပဲ တရက် (၂၄)နာရီ စောင်ကြပ်နေတဲ့
ထောင်ဝန်ထမ်းတွေ မသိအောင် ....ထောင်က သိမ်းသွားတာ (ကံမကောင်းရင်) နောက်မှု့  ထပ်မဖြစ်
အောင် ဘယ်သူတာဝန်ယူနိုင် သလဲ ဆိုတာပါပဲ.....။ 
အေးချမ်းသွားတယ် ဆိုပေမဲ့  အဲဒါပာာလဲ အခိုက်အတန်ပါ့ပဲ.....။အဲဒီမြေလတ် ကျောင်းသားခေါင်ဆောင်
ဆိုသူပာာ ရုပ်နဲ့ မလိုက်အောင် ကောက်ကျစ်စဉ်လဲ လွန်းတယ်....။
အလှင်းသင့် လို့  တော်လှန်ရေးမှာ ကြုံတတ်ရတဲ့ ဖောက်ပြန်ရေး သမားတယောက်ရဲ့ သမိုင်းကို ပြောပြ
ချင်ပါသေးတယ်....(လူတယောက် မကောင်းကြောင်း အပုတ်ချတာ မပာုတ်ပါဘူး...သမိုင်း တခုကို နောင်
လာနောက်သာတွေ သိဖို့ နဲ့  ရှောင်ကျဉ်နိုင်ဖို့ သာ ရည်ရွယ်ပါတယ်)



(ဆက်ရန်ကျန်ပါသေးသည် ၊စောင့်မျှော်ဖတ်ရှု့ ပေးကြပါရန်..)


                                                                           ခိုင်ကိုဦး(ဆစ်ဒနီ)
                                                                        ၁၂ . ၄ . ၂၀၁၆ (အင်္ဂါ နေ့ )

No comments:

Post a Comment