မြန်မာ့နိုင်ငံရေးမှာ..မင်းတရားကြိးရဲ့ အာဏာလက်တံ .။
ဧပြီလ ၂၃
ရက်နေ
့မှာ..မြိုင်ကြိးငူဘုန်းကြီးဥိးသုဇနက....ခရိယန်ဘုရားကျောင်းဝင်းထဲမှာ
စေတီဆောက်ခိုင်းတာဟာ..သာမန်ကြည့်လျင်..ဘုန်းကြီးအိပ်မက်ပေါ့ ။
အဲဒါကိုယုံတဲ့လူတွေကိုတော့..ကျနော်အပြစ်မပြောလိုပါ ။ သိရန်
လွယ်သည့်ကိစ္စမှ မဟုတ်တာပါ ။ ေ
သသေခြာခြာသုံးသပ်ကြည့်လျင်တော့...မင်းတရားကြိးက ခိုင်းလိုက်တဲ့ ယတြာ
ပါဘဲ ။
ဥိးသုဇန ဟာ..မင်းတရားကြိးခိုင်းတာလုပ်နေရတဲ့
ဘုန်းကြိးပါဆိုတာ ..ပေါ်လွင်သွားပါတယ် ။ အကျိုးရလဒ် တခုခုရှိနေရလို
့လား ။ ကြောက်နေရလို့ လား ။ ပိုသိချင်ကြလျင်..ထိုဘုန်းကြိးရဲ
့အမျိုး..မိဘတွေ မည်မျှ ချမ်းသာနေကြတယ်ဆိုတာ..လေ့လာကြပါ .။
အဲဒီလို..သူ့ မိသားစု..အမျိုးတွေ
ဘာဖြစ်နေတယ်ဆိုတာကို..စုံစမ်းကြည့်ကြပါ ။ သူ့ မိသားစုတွေက
နယ်မှာ..အာဏာပိုင်တွေမည်မျှ ကြောက်ရတယ်သိရန် စုံစမ်းကြပါ ။
ဗိုလ်ချုပ်အောင်ဆန်း..လုပ်ကြံ ခံရတော့..လူတွေကဗိုလ်နေဝင်း..လက်ချက်လို့ 
ပြောချင်ကြလို့ ..Who kill Aung San စာအုပ်နင့် သို့ လောသို့ လော ။
သို့ လော ဘဲတတ်နို်င်တယ်.. ကောက်ချက်က မချနိုင်ဘူး ။
လူတွေက
..ဦးစောရဲ့ ဆွေးမျိုးတွေ ။ သားသမိးတွေ
ဘယ်လောက်ချမ်းသာနေတယ်..ဘယ်လိုချမ်းသာနေတယ်တော့..မလေ့လာကြဘူး ။ ဦးစော
မိသားစုတွေဟာ..ဗိုလ်နေဝင်းနေတဲ့..AD လမ်းမှာ အိမ်နီးချင်းတွေ ။
ဦးစောမြေးတွေက..လမ်းထဲမှာ ၊ ရ-မို်င်ဝန်းကျင်မှာ ..ထောင်သလားမမေးနဲ့  ။
...အ.ထ.က.( ၂ ) ကမာရွတ်မှာကျောင်းတက်တယ် ။
အာဇာနည်နေ
့ရက်ပိုင်းနီးတဲ့( ဝန်းကျင် ) ဆိုလျင် ကျောင်းမတက်ရဲကြဖူး ။
ဝိုင်းဆဲ့တာခံရလို့  ။ တခါကဆိုလျင်..မျက်နာကို..တံတွေးနင့်
အထွေးခရဖူးတယ် ။ နိုင်ငံရေးမှာ..ယုတ်မာခဲ့မှုကို..မြေးတွေအထိ..ခံနေရတာ ။
ဗိုလ်ချုပ်ရဲ့  သား သမိး မြေးတွေကိုတော့...တိုင်းပြည်က ချစ်လို့ မဝ ။
သူတို့ က မ.ဆ.လ. ဗိုလ်နေဝင်းခေတ်မှာ..ဘာလုပ်ငန်းမှ မလုပ်ဖူး ။
ဒါပေမည့် သူတို့ အဒေါ် ( ဘေဘီစော အဒေါ် )ရဲ့ ယောက်ျား..အင်းယားလမ်းက
ခြံအကျယ်ကြိးနဲ့ 
သူဌေးကြီး..ဦးကျော်သောင်းကတော့..ကန်ထရိုက်တွေအများကြီးမှ
အများကြိးရပါတယ် ။ လျို့ ဝှက်ချက်
တခုခုမရှိဘဲ..ဒီဆွေးမျိုးဆက်ကို...ဦးနေဝင်းကန်ထရိုက်ပေးမည် မဟုတ် ။
သကြားစက်တွေအားလုံး.၊.အအေးခန်းကန်ထရိုက်တွေအားလုံး.၊
ဦးကျော်သောင်းပါဘဲ ။. မ.ဆ.လ ခေတ်က Denmark နို်င်ငံက. Denida
projects.တွေက ဦးကျော်သောင်းတဦးထဲ ကိုယ်စားလှယ်ယူထားတာပါ ။
.တခါထဲ ကျိကျိတက်ချမ်းသားသွားတော့တာပါ ။ သားမီးတွေကို
အမွှေခွဲတော့..တလုံးစိန်ပွင့်တွေကို..နိ့ ဆီဗူးနဲ့  ချင့်ပြီးခွဲရတာပါဘဲ ။
ဥရောပမှာ..အိမ်တွေအများကြိးပိုင်ထားပါတယ် ။ ၉၃ ခုနစ်က သူ တို
့အိမ်အနုအကြမ်းစီးခံရတာ..သိန်း ၃၀၀ လောက်ပါသွားတာကို..မတို်င်ဘူးနော် ။
သူတို့ ရှိတာတွေ ပေါ်သွားမှာ စိုးလို့  ။ အဲဒီအချိန်က..ကားတစိးမှ..၃
သိန်းကနေ ၅ ..သိန်းရှိချိန်ပါ ။
အဲဒီလို...လေးရှာကြည့်ကြပါဦး ။ လော့လာကြပါ ။ သုံးသပ်ချက်..ကောက်ချက်ဆွဲကြပါ ။
ဆက်ကြရအောင်..မြိုင်ကြိးငူက..ဘာလို့ ..ဒီနေ့ မှာ နေ့ ချင်းအပြီးတည်ခိုင်းရတာပါလဲ ။
ဧပြီလ ၂၃ ရက်နေ့ ဟာ..မင်းတရားကြိးက စောမောင် ဆီကနေ အာဏာသိမ်းသည့်နေ့  ။
အဲဒီနေ့ ကို..ပအို
့လူမျိုး..စာမဖတ်တတ်သည့်အကြားအမြင်ရဘွားတော်က..ကံဇာတာအမြင့်ဆုံးနေ
့အဖြစ်ရွေးပေးထားတာပါ ။
ဒါတင်ဘဲလား..၂၀၀၈
နာဂစ်ဥပဒေကို..လူထုဆန္ဒကောက်ယူတော့လဲ..ရတဲ့ % က.. ( ၉၂.၄ % )
ဆိုတာဟာ..၉၂ - ခုနစ် ၄ လပိုင်းကို..ကိန်းဂဏန်းယူထားတဲ့
မင်းတရားကြိးစိတ်ထဲ ..စွဲနေတဲ့..အောင်နမိတ် ဂဏန်း ။ အောင်နမိတ် ဂဏန်း ပါ ။
အာဏာအောင်မြင်စွာသိမ်းနိုင်ခဲ့တဲ့ နေ့ ကို..စိတ်ထဲစွဲနေတာပါ ။
၂၀၀၃ ခုနစ်က ထိုနေ့ မှာဘဲ..ဒေါ်စုနဲ့ အဖွဲ့ ကို..ရခိုင်မှာ အသေတီးဖို
့ ရှိပုံရပါတယ် ။ မအောင်မြင်ခဲ့လို
့..ဒီပဲယင်းမှာ..ဆက်ကိုင်လိုက်ရတာပါ ။
တကယ်က..၉၂ အာဏာလွှဲယူဖို
့ကိစ္စက..ဗိုလ်နေဝင်းက..မီးစိမ်းပြလိုက်ပြီးပါပြီ ။
ဗ်ိုလ်စောမောင်ကလဲ..တော်တော်လေး..ဘိုးတော်ရူး..ရူးသွားပြီ ။
တော်တော်လေးရူးနေပြီ ။
ရုံးမှာ..စစ်ဗိုလ်အားလုံး..မဟုတ်တော့ဘူးဆိုတာ သိနေကြပြီ ။
ဗိုလ်နေဝင်းဆီတင်ပြတော့..မင်းတို
့..တပ်မှုးအစည်းအဝေးခေါ်လိုက်ပြီး..လုပ်ထုံးလုပ်နည်းနဲ့အညီ...ဦးစီးချုပ်ပသစ်ရွေးကြပေါ့
။ .green light ပေးလိုက်တယ် ။
အဲဒါကို..မင်းတရားကြိးက..တပ်မှုးအစည်းအဝေးကို..ပုံမှန်လုပ်နေကြမဟုတ်တဲ့ပုံစံနဲ
့ ခေါ်လိုက်ပါတယ် ။ ထိုနေ့ မှာ အရေးပေါ်အစည်းအဝေးကောက်ခေါ်လိုက်ပါတယ် ။
ပုံမှန်က..တပ်မှုးတွေကိုတလ ကြိုရက်ချိန်းပေးတာပါ ။ အရေးပေါ်ရှိလျင်တောင် ၂
ရက်တော့ပေးပါတယ် ။
ထို.မနက်က
..အစောကြိးကောက်ခေါ်လိုက်ပုံက..ရှယ်မှ....စူပါရှယ် ။
.ဥပမာ..ဗိုလ်ထွန်းကြည်..နင့် တိုင်းမှုတွေထံကို..မနက်
မိုးမလင်းခင်မှာ..စစ်တိုက်လေယဉ်တွေနင့် စာတွေလွှတ်လိုက်တယ် ။
ပြီး..စစ်ရုံးချုပ်ကနေ..အရေးကြိးစ်ာကို..ဘယ်နစ်နာရီ..လေယဉ်ကွင်းမှာ..တို်င်းမှုးကိုယ်တိုင်
..အရေးကြိးစာကိုလာရောက် ယူရန် ။ စာက ၂ -ဆောင် ။ ပထမ စာတဆောင်ပေးပြီး.။
ဖတ်စေတယ် ။..ပြီးနောက်ထပ်ညွှန်ကြားမိန့် ရမှ...ဒုတိယစာကိုထပ်ပေးပါတယ်
။..ဒုတိယစာကတော့....ယခုလေယဉ်နင့် တပါထည်းလိုက်ခဲ့  ။
နေ့ ၁၁-
နာရီ မှာ ရန်ကုန်စစ်ရုံးချုပ်မှာ..တိုင်းမှုးတွေ စုံလင်နေပြီ ။
..မင်းတရားကြိးက မနက်ကထည်းက..ဗိုလ်ခင်ညွှန့်  ကို... ခေါ်ဆွေးနွေးထားနေတယ်
။ တကယ်က ထိန်းထားတာ ။ ပြီး..ရုံးခန်းထဲ သွားကြစို
့...ဆိုပြီး..ရုံးခန်းဖက် သွားတယ် ။
ခင်ညွှန့် 
ရုံးခန်းတံခါးဖွင့်လိုက်တော့...အခန်းထဲမှာ..တိုင်းမှုးတွေ အစုံအလင်
ရောက်နေတာတွေ့ တော့..အံ့အားသင့်သွားတယ် ။ မျက်စေ့မျက်နာ ပျက်သွားတယ် ။
ပြီး..အစည်းအဝေးကို..အကျဉ်းရုံး
ဖတ်ပြပြီး..တိုင်းမှုးတွေအားလုံးက..ဗိုလ်စောကိုဖြုတ်..မင်းတရားကြိးကို..အာဏာ..ယာယီလွှဲအပ်ကြောင်း
လက်မှတ်ထိုးကြတော့...ခင်ညွှန့် ..ကြောင်နေတယ် ။ အဲဒီမှာ..ခင်ညွှန်
့ကို..မင်းတရားကြိးက...မေးနင့် ငေါ့ ..ပြလိုက်ပါတယ် ။
သဘောကတော့..မင်းသဘောတူမလား..မတူဖူးလားပါဘဲ ။ ငါ့ဘာမှတ်လဲ..ပြလိုက်တာပါဘဲ ။ ခင်ညွှန့် အဲဒီကထဲက ကျိုးသွားပါတော့တယ် ။
တကယ်ကတော့..တို်င်းမှုးတွေကို..သူတို့ ဘော်ဒီဂါတ်တွေပါမလာအောင်ခေါ်ပြီး..သေနတ်မပြဘဲ..သေနတ်နဲ့  တေ့ သဘောတူခိုင်းလိုက်တာပါဘဲ ။
အဲဒီနေ့ က..ဗိုလ်စောက..နေမကောင်းတော့.. အိမ်မှာဆရာဝန်ကြိးနဲ့ 
အားဆေးသွင်းပေးနေချိန်ပါ ။့ အဲဒီနေ
့မှာ..ဗိုလ်စောအိမ်က..အစောင့်တွေကိုတဦးစီ..လူစားထိုး..လဲလိုက်ပါတယ် ။
..ပထမ ဗိုလ်မှုးကို..စစ်ရုံးကခေါ်လိုက်တယ် ။ ပြီး..သူ့ က..သူ
့လက်ထောက်တွေကို..ဖုံးဆက်ခေါ်လိုက်ချိန်..တခြားဗိုလ်မှုးက..ဝင်နေရာယူ..
စောမောင်ရဲ့  လူယုံတပ်စု ..တစုလုံးကို..အစားထိုးလဲထားလိုက်ပါပြီ ။
နေ့ လည်မှာ..ဒေါ်စောရီက..အိမ်ရှေ
့ထွက်လာတော့..ဗိုလ်မှုးပြောင်းနေတာ...သာမန်အထင်နဲ့  အပြင်သွားဖို
့လုပ်တော့..ဗိုလ်မှုးက..အမကြိး..ခနနေပါဦး..။ ဟိုက
ဘာကိစ္စလဲ..ဆိုတော့..အထက်ကိုခွင့်ပြုချက်ယူရပါမယ် ဖြစ်သွားပြီ ။
အဲဒီမှာ..ဒေါ်စောရီက..ဒီကောင်ဘာလဲညာလဲလုပ်တော့တာပါဘဲ ။
အဲဒီကျမှ..ဗိုလ်မှုးက စာထုတ်ပြလိုက်ပါတယ် ။ ဗိုလ်စော နေမကောင်းလို
့..ခေတ္တအနားပေးထားတာပါပေါ့ ။ အာဏာကို..ဗိုလ်ရွှေက
ခေတ္တလွှဲယူထားလိုက်ပြီဆိုတဲ့စာ ။ ဒေါ်စောရီ..ဒေါသအိုးပေါက်ကွဲကုန်ပါတယ် ။
စစ်ရုံးသွားချဲမယ်ပေါ့ ။
အခြေအနေကို..လုံးဝ..ထိန်းနို်င်ပြီဆိုတော့မှ..မင်းတရားကြိးက..ဒေါ်စာရီတယောက်ထဲကိုဘဲ..စစ်ရုံးလာခွင့်ပေးပါတယ်
။ ဒါတောင် သမီးကပါလိုက်သွားသေးတယ် ။
စစ်ရုံးမှာ..မင်းတရားကြိးကို..သွားရန်တွေ့ ပါတယ် ။
ဒေါ်စောရီက..ကက်ကက်လန်..ရန်ထောင်ပါတော့တယ် ။ ၈၈ -
အာဏာသိမ်းတုံးက..ကျမယောက်ျားက..ခေါင်းခံခဲ့ရပြီး..ယခု..စားလို့  ဝါးလို
့ကောင်းချိန်ကျမှ..ရှင်က ဖြတ်အုပ်တယ်ဘာညာပေါ့ ။
အဲဒီမှာ..မင်းတရားကြိးက..၈၈-
အာဏာသိမ်းတုံးက..လက်မှတ်ထိုးတော့..ဗိုလ်စောက မထိုးလို့ ..ကျနော်က
ထိုးပြီး..ခင်ဗျားမသိမ်းရဲလျင်
ခင်ဗျားထိုင်နေ..ကျနော်လုပ်မယ်..လက်မှတ်တော့ထိုးပေးပါ..အတင်းပြောယူရတာပါ
ပြောလိုက်ပါတယ် ။
အခုခင်ဗျားပြောနေတဲ့..ဝါး - ရမည့်အချိန်
..စား-ရမည့်အချိန် သုံးသွားတာတော့..နောင်မသုံးပါနဲ့ ပြောလိုက်ပါတယ် ။
ကျနော်တို့ ..ဝါးဖို့ ..စားဖို့  လုပ်နေသူတွေမဟုတ်ပါဘူး ။
ကျနော်ဘယ်လိုနေတယ်ဆိုတာ.ခင်ဗျားလဲ ကောင်းကောင်းသိပါတယ် ။
တပ်မတော်ကလဲ..အားလုံးသိပါတယ် ။
(ဆိုလိုတာက..ထိုအချိန်က..သူတို့ မိသားစု..ဘာမှ မရှိသေးပါ ။ တကယ်လဲ မရှိကြသေးပါဘူး )
အခုလဲ..ဗိုလ်နေဝင်းကိုတင်ပြပြီး..လုပ်တာပါ ။
ဦးစောမောင်နေကောင်းလျင်..ပြန်အပ်မှာပါပေါ့ ။ အဲဒီမှာ
ဒေါ်စောရီက..ဗိုလ်နေဝင်းဆီ ကျမသွားမေးမယ်ဆိုတော့..ဟိုက သွားပေါ့ ။
လွှတ်လိုက်တယ် ။
အထွက်မှာ..ဗိုလ်ခင်ညွှန့် ကို လက်ညိုးငေါက်ငေါက်ထိုး..ရန်ထောင်ပါသေးတယ် ။
ဒေါ်စောရီ တန်းသွားတာပေါ့ ။ ဟိုကလဲ..သတင်းတက်ထားတော့..အိမ်တော်ဝန်..ဗိုလ်မှုးကြိးဆက်ထွန်း က အသင့်ဖွင့်ပေးထားပါတယ် ။
ဦးနေဝင်းဆီရောက်တော့လဲ..စားချိန် ၊ ဝါးချိန်ကျမှ
စကားကိုဆက်သုံးပါသေးတယ် ။ ဗိုလ်နေဝင်းကလဲ..စစ်ရုံးက
သတင်းအပြည့်အစုံရထားတော့..ဒေါ်စောရီကို..နားချလိုက်ပါတယ် ။
ကျုပ်လဲ..နားချိန်တန်..နားပါတယ် ။ လူ
့ဘဝမှာ..တမလွန်အတွက်..ဘဝနာလေးက..အသက်ကြိးလာချိန် ပိုအရေးကြိးတယ်ပေါ့ ။
တပ်မတော်အနေနင့်.. စားတာ..ဝါးတာဆက်မသုံးဖို့  ..ဆုံးမနားချလိုက်ပါတယ် ။
ဒေါ်စောရီပြန်ထွက်သွားတော့..ဗိုလ်နေဝင်းက..ရုတ်တရက်..ဗ.မ.က.ဆက်ထွန်းကို....ဆက်ထွန်းရေ..ငါတော့မှားသွားပြီကွာ..လို
့စကားစလိုက်ပါတယ် ။
..ဆက်ထွန်းက..အာဏာသိမ်းခိုင်းလိုက်တာ..မှားသွားလေတာလားလို..ကြောင်စီစီဖြစ်သွားတယ်
။
အတော်လေးနေမှ..ဗိုလ်နေဝင်းက..တဟားဟားရယ်မောပြီး..မင်းကြောင်သွားတယ်မဟုတ်လား
ဆိုပြီး..ဆက်ဟားနေပါသေတယ် ။
ငါမှားသွားတယ်ဆိုတာ..ဗိုလ်စောမောင် အာဏာရူးထနေပြီထင်နေတာကိုပြောတာကွ ၊ ..လက်စသပ်တော့..စောရီက အာဏာရူးနေတာကိုးတဲ့  ။
တကယ်တော့..ဗိုလ်နေဝင်းက..အာဏာလွှဲယူခိုင်းဖို့  မီးစိမ်းပြပြီးပြီ ။
အာဏာလွှဲယူချိန်..အထစ်အငေါ့ ဖြစ်နို်င်တာလေးတွေရှိနိုင်တယ် ။ ..န.ဝ.တ
.အဖွဲ့ ထဲမှာ..ဗိုလ်စိန်အောင် ၊ ဗိုလ်ချစ်ဆွေ..တို့ က
..မင်းတရားကြိးထက်..စီနီယာကြိးသူတွေဖြစ်နေတော့...မတော်..သူ
့ကိုခေါက်လိုက်မှာကိုတွေးပုူတာပါ ။
.သူက
အလစ်အငိုက်ကိုယူ..အားလုံးကို..သေနတ်မပြဘဲ..တေ့ထဲ့လိုက်တာပါ ။ အဲဒီနေ
့ကို...ဟိုစာမဖတ်တတ်တဲ့ ပအို့ ဘွားတော်က ရွေးပေးထားတာပါ ။ဗိုလ်ရွှေ
၁၉၈၃ မှာ..ရာထူးတွေခုန်ပြန်တိုးလာတာလေးကြည့်ရအောင် ။
.၁၉၈၃..ခုနစ်.မေလ - ၁၇ -ရက်နေ့ မှာ..ထောက်လှမ်းရေးမျက်မှန်တင်ဦး
ကိုဖြုတ်အပြီး..တပ်မှုးတွေ အပြောင်းအလဲလုပ်ပါတယ် ။ အဲဒီမှာ .ဗိုလ်ရွှေက
အနောက်တောင်တိုင်း ( ဧရာဝတီတိုင်း ) တိုင်းမှုးဖြစ်လာပါတယ် ။
အဲဒီကထည်းက..ပအို့ မကြိးက..မကြာခင်..ဒု-ဦးစီးချုပ်ဖြစ်မယ် ဟောလိုက်တယ် ။
ပြီး..၅ -နစ်အကြာမှာ..ဘုရင်ဖြစ်မည် ဟောပါတယ် ။
တနစ်လောက်နေတော့..သူ့ ကို..ဗိုလ်မှုးချုပ်ရာထူးတိုးပေးပြီး..တလ
နစ်လနေတော့..ဒု-ဦးစီးချုပ်ခန့် လိုက်ပါတယ် ။ သူ့အထက်မှာ..စီနီယာတွေကို
ကျော်ပြီး..သူ့ ကို ဒု-ချုပ်ပေးလိုက်တာပါ ။ အကြောင်းကရှိလို့ ..။
ဗိုလ်ချုပ်ကျော်ထင်..အသက် ၆၀-ပြည်တော့....ဒု-ဦးစီးချုပ်စောမောင်က.၅၈
နစ်ရှိနေပြီ ။ .ဦးစီးချုပ်လုပ်ရန်..အချိန် က ၂ -နစ်ပင်မရှိတော့.။ .သူ
့နောက်ခန့် မည့်စစ်ဦးစီးချုပ်ကို..အသက်ငယ်သူခန့် ပါက..ဦးစီးချုပ် အချိန်
၅ -နစ်အထက် ခန်
့ထားနိုင်ရန်ရည်ရွယ်ပြီး..စီနီယာတွေကိုကျော်ပြီး..အသက်ငယ်သူကိုရွေးခဲ့တာပါ
။
မင်းတရားကြိးဟာ..မ.ဆ.လခေတ် နောင်းပိုင်းမှာ...ဗိုလ်မှုးချုပ်ကနေ
ဒု-စစ်ဦးစီးချုပ်ဖြစ်သူပါ ။ ပြီး..ဗိုလ်ချုပ်.၊ တဖန်
.ဒု-ဗိုလ်ချုပ်ကြိး..၊ ဗိုလ်ချုပ်ကြိး
အဆင့်တွေကို..တနစ်စီဘဲခြားတိုးပေးခံရသူပါ ။ သူရာထူးအတိုးခံရတာက..
တကယ့်ခုန်ပြန်ကျော်လွှား..ပါဘဲ ။
သူကို
့ဗိုလ်နေဝင်းက..လူရိုး..လူအ -ကြိးထင်ရသည်က..ဒေါ်ကြိုင်ကို..လက်ထပ်တာရယ်
..။ သူကလဲ..တပ်မတော်မှာအခါကြိးနေ
့ကြိးတွေမှာ..ညစာစားပွဲလုပ်လျင်....ဘီယာကို..ရေခဲထဲ့သောက်ရတာတို့  ၊
.ဆော်ဒါရောသောက်တာတို့ လုပ်ပြတယ် ။ တကယ့်လူရိုးကြိးအထင်ခံရအောင်
လုပ်ပြပါတယ် ။
ဦးနေဝင်းလည်တယ်ဆိုတာ..မင်းတရားကြိးက..ကြိတ်ရယ်နေမှာပေါ့ ။
ကိုယ့်ကိုကို လည်လှပြီထင်နေတဲ့
နေဝင်း..ကျားကြိးကပါးစပ်ဟပေးထားတာ...ဒီကောင်ကြီးကတော့..မကိုက်မည့်အကောင်ထင်ပြီး...ခေါင်းလျိုကြည့်မိလျက်
ဖြစ်သွားတာပါဘဲ ။
၉၂ - အာဏာလဲသိမ်းပြီးရော...AD လမ်း ( မေခ ) နင့်
Duburn (မေလိခ )
လမ်းတွေမှာ..ညတိုင်.ဦးနေဝင်းလုံခြုံရေးအတွက်..စစ်သား..၆
-စီးစာ..ညတိုင်းကင်းပုံးဝပ်ပေးတာနဲ့ ..သာယာဝတီလမ်း နင့်
အင်ယားလိပ်မှာရှိတဲ့..စစ်လေယဉ်ပြစ်အမြောက်
တွေကို..ရုတ်သိမ်းလိုက်ပြီး..ကြောက်လျင်..စစ်တပ်ထဲလာနေပေါ့..အသံထုတ်လိုက်တယ်
။
ဗိုလ်စောလက်ထက်မှာ..ခင်ညွှန့် က ညနေ နင့်
မနက်တိုင်း....လုံခြုံရေး..နို်င်ငံရေးအစီရင်ခံစာတွေကို..ဗိုလ်နေဝင်းရဲ
့..အိမ်တော်ဝန်..ဗိုလ်မှုးကြိးဆက်ထွန်းဆီ ပို့ ရတယ် ။
အဲဒီတုံးက.ဆက်ထွန်းက....ပြည်လမ်းကိုမေးတင်နေတဲ့..အေဒီလမ်းထိပ်က
အိမ်မှာနေပါတယ် ။ ထိုအိမ်ကို.နောက်ပိုင်း..ဦးတင်ဦးမိသားစုကို
ပေးလိုက်ပါတယ် ။
ဗိုလ်မှုးကြိးဆက်ထွန်းနဲ့  ဗိုလ်ချုပ်ခင်ညွှန်
့တို့ ဆုံလျင်..ဗိုလ်ခင်ညွှန့် က
အရင်အလေးပြုရတာကို..စဉ်းစားကြည့်ကြပေါ့ဗျာ ။ အာဏာသဘော ဘယ်သူက
အာဏာကိုင်ထားသလဲဆိုတာ ။ ။
ဗိုလ်ရွှေတက်လာအပြီး..
ဆက်ထွန်းကို.အဲဒီအိမ်ကနေ...ဖယ်ခို်င်းပါတယ် ။ အာဏာသိမ်းပြီး..မေလ - ၉
-ရက်နေ့ မှာ..ဦးနေဝင်းက..သတင်းစာတွေကနေ..အစိုးရရုံးတွေမှာ ရှိနေသည့်
ကျနော့်ဓါတ်ပုံတွေကို..ဖြုတ်ပေးပါဆိုတဲ့
ကြေငြာချက်ထုတ်ရတာ..အဲဒါတွေကြောင့်ပါ ။
အဲဒီနောက်..ဗိုလ်ထွန်းကြည်
၊ မောင်သင့် ၊ ကျော်ဘ နင့် တဦးက
မန်းမှာ..ဆုံပြီး..နန်းတော်တွင်းလှည့်ကြည့်တယ်ဆိုပြီး..မာန်ထောင်ပြတာတော့..ဘယ်လိုရယ်
ကျနော်မသိပါ ။ အဲဒီမှာ..ဗိုလ်နေဝင်းက..ဝင်ညှီပေးပါသေးတယ် ။ သူ
့လူယုံခင်ညွှန့် ဆက်ရှိရေးအတွက်ပါ ။
ထွန်းကြည်တို့ က ခင်ညွှန်
့ကို..မကြည်တာတော့..အလွန်သေခြာ ။ သူတို
့ရုံးမှာ..အလုပ်တခုကို..ဗိုလ်ချင်ညွှန့် နဲ့ လဲပြောထားပါတယ်
ပြောမိလျင်...ဟာဟုတ်လား..သူက ကျနော့်ထက်စွမ်းတယ် ။ သူ နဲ
့ဆက်လုပ်ပါဆိုပြီး..ထ.ထွက်သွားတော့တာကိုတော့..ရင်းနှီးသူတိုင်းက
သတိထားရပါတယ် ။
တဇောင်းစေး နဲ့ မျက်ချေး..ထက်ဆိုးတယ် ။
ကဲ-
ချုပ်ရလျင်တော့..ဘုရားကို..ဧပြီ..၂၃ ရက် တနေ့ ထဲ
အပြီးတည်ဆောက်ရတာကတော့...ဒေါ်အောင်ဆန်းစုကြည် ရဲ့ အာဏာကို..ယတြာခြေတာပါဘဲ
။ ယတြာကောင်း..မင်းလောင်းပျောက်..
တိုင်းပြည်ကောင်းစားမည့်
နမိတ်တွေ အထင်အရှားရှိနေတာကိုပင်..တိုင်းပြည်ကောင်းတာမမြင်နိုင်..အဲဒီ
မင်းကောင်း ပျောက်အောင် ယတြာချေနေတာကိုက..တိုင်းပြည်အပေါ်ရှိနေတဲ့..သူတို
့ရဲ့  စေတနာ ဘယ်လောက် ယုတ်ညံ့နေပါတယ်ဆိုတာကို..ထုတ်လှစ်ပြနေတာပါဘဲ ။
တခါ..ဥိးသုဇနအနေနင့်..ကရင်တိုင်းရင်းသားတွေရဲ
့..ဘိုး..ဘေးတွေဟာ..ဒီနယ်..ဒီဒေသတွေကို..ပိုင်ဆိုင်သူများပါ
ဆိုတာကို..အလေးထားရန် လိုပါတယ် ။
Ancestral Custodians တွေပါ ။ ဒါကတော့ ငြင်းမရတဲ့အချက်ပါ ။ ဦးသုဇန က..၈၈ နောက်ပိုင်းမှ ရောက်လာသူပါ ။
အထက်က..၉၂ အာဏာသိမ်းတာကို..၉၄ နစ်စမှာ..ကျနော်ဘန်ကောက်ပို
့..သတင်းစာတိုက်က....အားကစားဌာနမှုးမိတ်ဆွေဆီ ပို့ ပေးလိုက်ပါတယ် ။
၂-ပတ်နေတော့..ဘန်ကောက်ပို့ သတင်းစာမှာ..အလယ်စာမျက်နာ ၊ စာ မျက်နာ ၂
-ခုစလုံး..အပြည့်..ဇါတ်လမ်းစုံပါလာပါတော့တယ် ။
ဒီလောက်ရှည်တဲ့  ဇါတ်လမ်းကို..ဘယ်လို ပို့ တယ်ဆိုတာ..နောက် တခါရေးပြပါမယ် ။
ကဲ..ဘာသာရေးအဓိဂရုန်းတွေလှုံ့ ဆော်နေတာ..ဘယ်သူက
ညွှန်ကြားနေတယ်ဆိုတာကို....လက်သယ်...ဘယ်သူဆိုတာကိုတော့....ကိုယ့်ဟာကိုယ်သာ..သုံးသပ်ကြပါတော့
။
လှိုင်မြင့် ။
No comments:
Post a Comment