Saturday, 21 December 2013

မိဘတွေအနေနဲ့ မသိလိုက်လို့ ကိုယ့်သားသမီးကိုယ် စနစ်တကျ ဖျက်ဆီးပစ်လိုက်မိတယ် ( ကြိုက်လွန်းလို ပြန်ရှယ် လိုက်တာပါ )

ကျွန်တော် အသက် ၂၀ လောက်မှာ အိမ်ပေါ်ကဆင်းတော့ ရရာအလုပ်ရှာရင်း ဟောတယ်တစ်ခုမှာ Bell Boy ဝင်လုပ်ရတယ်။ ဒါကို အမေက သိတော့ ကျွန်တော်နေတဲ့ နေရာကို မြန်မာကားတွေထဲက သူဌေးမကြီးစတိုင်လ်နဲ့ ပိုက်စံအိပ်ကြီးကိုင်ပြီး ကားပေါ်ကဆင်းလာတယ်။ နောက် စိတ်လျှော့ပြီး အိမ်ပြန်လာဖို့ ခေါ်တယ်။ မလိုက်မှန်းသိတော့ သုံးဖို့ဆွဲဖို့ဆိုပြီး ပိုက်စံ အထပ်လိုက်လာပေးတယ်။ ပြီးတော့ ပင်ပင်ပန်းပန်း ဘာအလုပ်မှ မလုပ်ပါနဲ့ သားရယ်တယ်။ မင်းအဖေရော၊ အမေရော ငုတ်တုတ်ရှိနေရဲ့သားနဲ့ အမေ့သား အဲလို အောက်ကျနောက်ကျ အလုပ်တွေ လုပ်နေရတာ အမေ မကြည့်ရက်လို့ ဆိုပြီး မျက်ရည်စမ်းစမ်းနဲ့ ပြောရှာပါတယ်။ အဲဒီမှာ ကျွန်တော် အမေပြောပြောနေတဲ့ စကားတခွန်းကို သွားသတိရတယ်။ "မင်းက ငါ့ဗိုက်ထဲကို မှားပြီးရောက်လာတာ" တဲ့။ အမေကဒေါသထွက်လို့ ဒီစကားကို ပြောပေမဲ့ ကျွန်တော်က ဝမ်းနည်းတာတို့ စိတ်မကောင်းဖြစ်တာတို့ မရှိပါဘူး။ သူပြောနေတာ အမှန်ကြီးပဲကိုး။ မိဘတွေက သူတို့ သားသမီးကို ဖြစ်စေချင်တဲ့ ပုံစံရှိသလို သားသမီးတွေမှာလည်း သူတို့ မိဘကို သူတို့ ဖြစ်စေချင်တဲ့ ပုံစံဆိုတာရှိတယ်။ ဘယ်သူ့ဘယ်သူကမှ ရွေးချယ်ပိုင်ခွင့်မရှိပဲနဲ့ ဖြစ်နေကြတာ။ ကျွန်တော်ကလည်း အခုလို ကိုယ့်သားအလုပ်လုပ်တာကို ကြည့်ပြီး မျက်ရည်စမ်းစမ်းနဲ့ မလုပ်ပါနဲ့လို့ တားတဲ့ အမေမျိုးကို လိုချင်တာမဟုတ်ဘူး။ အခုလိုမျိုး ကိုယ့်သားက ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်တာဝန်ယူရဲပြီး ကိုယ့်ဘဝကိုရ်ကျောင်းဖို့ သမာအာဇီဝ အလုပ်ကို လုပ်တာ အားပေးတဲ့ အမေမျိုးပဲလိုချင် ခဲ့တာ။ အမေ့ကို ဒေါသလည်းထွက်နေတော့ တော်တော်ပြောပလိုက်တယ်။ အမေဟာ ဘွဲ့ရတစ်ယောက်ဖြစ်ပြီး အတွေးအခေါ်မရှိဘူးလို့။ အမေက မိဘမေတ္တာဆိုတာ တစ်ခုတည်းကြည့်ပြီး သမာအာဇီဝလုပ်စားပြီး ဘဝကို ထူထောင်မဲ့ သားတယောက်ရဲ့ ဘဝကို အားပေးရမဲ့အစား လာဖျက်ဆီးနေတယ်ဆိုတာ မသိဘူးလို့။ နောက်ဆုံးတော့ အမေလည်း စိတ်မကောင်း၊ ကျွန်တော်လည်း စိတ်မကောင်းနဲ့ ကျွန်တော်တို့ သားအမိက ထုံးစံအတိုင်း ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ကြတာပါပဲ။ ကျွန်တော်လည် အဲအလုပ်ကလေးကနေ ဌာနတွေ ဘာတွေပြောင်း၊ အလုပ်တွေ ဘာတွေပြောင်းနဲ့ ဘွဲ့တစ်ခုရခဲ့တယ်။ အမေကလည်း ကြုံရင်ကြုံသလို ဝင်လာပြီး ကျွန်တော်အိမ်မှာ မရှိတဲ့ အတွက် မိဘတွေ ဘယ်လို စိတ်ဆင်းရဲရတယ်၊ လွမ်းဆွေးရတယ်ဆိုတာတွေ လာပြောတတ်တယ်။ (အိမ်မှာရှိတုန်းကလည်း စိတ်ဆင်းရဲရတယ်လို့လည်း အမေက ခဏခဏပြောတတ်တယ်။)

ယူကေကို ရောက်ပြီးတော့ ဒီနိုင်ငံက မိဘတွေကို ကြည့်ပြီး အမေပြောတဲ့ "မင်းက ငါ့ဗိုက်ထဲကို မှားပြီးရောက်လာတာ"ဆိုတဲ့ စကားကို ပိုပြီး သဘောကျလာတယ်။ ဒီနိုင်ငံက မိဘတွေကို သတိထားကြည့်မိတာက အများစုက သူတို့ သားသမီးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင်၊ အရာရာကို ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်တတ်အောင် သင်ပေးကြတယ်။ ဒီမှာဆို ၁ နှစ်၊ ၂ နှစ် ကလေးတွေကို စားစရာပန်းကန်ရှေ့မှာ ကော်ဇွန်း (ကလေးဇွန်း) တစ်ချောင်းနဲ့ ဆော့နေ၊ ဒါမှမဟုတ် စားနေတာတွေ တွေ့ရလေ့ရှိတယ်။ ညစ်ပတ်ပေရေနေလည်း မိဘက ခဏနေ ရှင်းပေးလိုက်တာပဲ။ သိပ်မကြာခင်မှာ ဒီကလေးက ကိုယ့်ဘာသာ ကိုယ်စားတတ်သွားတယ်။ ကျွန်တော်တို့ဆီမှာလို ၅ နှစ် ၆ နှစ်လောက်အထိ မိဘ ဒါမှမဟုတ် တစ်ယောက်ယောက်က ခွံ့ကျွေးတာတွေ တွေ့ရခဲတယ်။ နဲနဲ အရွယ်ရောက်လာပြီဆို ကိုယ့်ဘာသာကိုယ် ခူးခပ်စားရတယ်။ ကိုယ့်ပန်းကန် ကိုယ်ဆေးရတယ်။ ကျွန်တော်တို့တွေဆို ငယ်ငယ်ထဲက အိမ်မှာ ကူဖော်လောင်ဖက်တွေနဲ့ နေခဲ့ရတော့ ကိုယ့်ပန်းကန် ကိုယ်ဆေးတာတောင် မိဘအိမ်ကဆင်းမှ စဆေးဖြစ်တယ်။ အဲဒီတော့ အခုထိ ပန်းကန်ဆေးရမှာ ပျင်းတုန်း။ မိဘက ကိုယ့်ပန်းကန် ကိုယ်ဆေးအောင် သင်ပေးတယ်။ ကျွန်တော်တို့ကလည်း အပျင်းကြီးတယ်။ ဘေးမှာ လုပ်ပေးမဲ့ သူတွေကလည်း အဆင်သင့်။ (အဒေါ်တွေ၊ အမဝမ်းကွဲတွေဆို ကြီးတဲ့အထိ ကိုယ်တွေစားပြီးပြီ ဆိုတာနဲ့ ပန်းကန်ကို ယူဆေးလိုက်ပြီ။) မိဘကလည်း ဒီလိုမျိုးကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးဖို့ဆိုတာ၊ တခြား ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွါးရေးတွေလောက် အရေးမကြီးဘူးလို့ ထင်ထားတာလည်း ပါရင် ပါမှာပေါ့။ ဘာပဲပြောပြော ဒီဘက်က ကလေးအတော်များများက ကိုယ့်စားပြီးတဲ့ ပန်းကန်ကို ကိုယ်ဆေးရမဲ့ဆိုတာကို နားလည်ပြီး ကြီးပြင်းခဲ့ကြတယ်။ ကျွန်တော်တို့ကတော့ စားပြီးနားမလည်တွေ အဖြစ်နဲ့ ကြီးပျင်းဖို့ဘက်ကို အလေးသာခဲ့ကြတယ်။

နောက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် လုပ်ပေးတာပဲ။ မိဘက တတ်နိုင်ရင် တတ်နိုင်သလို၊ ကိုယ့်သားသမီးကို ငယ်ငယ်ထဲက ကုတင် ဒါမှမဟုတ် အခန်းခွဲအိပ်စေတယ်။ ၆ လ၊ ၁ နှစ်အရွယ်လေးတွေကိုဆို ကလေးငိုသံကြားရအောင် အခန်းထဲမှာ ဝေါ်ကီတော်ကီလို စက်ကလေး တစ်လုံးထားပေးထားပြီး ကလေး ငိုသံကြားမှ မိဘက ဘာဖြစ်လဲ ဝင်ကြည့်တယ်။ ကလေးတွေက ငယ်ငယ်ထဲက အခုလို တစ်ယောက်ထဲနေရတော့ အလကားနေ အလကား ကြောက်စိတ်မဝင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု confidence ပိုရှိလာတယ်လို့ ထင်တယ်။ ကျွန်တော်တို့ မြန်မာကလေးတွေလို သရဲတွေ၊ ဘာတွေ ကြောက်တာပြုတာ အရမ်းနည်းသွားတယ်။ ကျွန်တော်တို့က ညီအကို ၃ ယောက်ဆိုတော့ သိတတ်စအရွယ်ထဲက အဖေ၊ အမေနဲ့ မအိပ်ခဲ့ရတာ တော်တော်ကံကောင်းတယ်။ မိဘကလည်း အစဉ်ပြေတော့ ကိုယ့်အခန်းနဲ့ကိုယ် နေလာခဲ့ရတယ်။ အဲဒီတော့ သရဲ ကြောတ်တာတို့ဘာတို့က လူပျိုပေါက်အရွယ်လောက်မှာ ပျောက်သွားတယ်။ ပြီးတော့ ဒီမှာ ကလေးတွေ မေးတာတွေကို လူကြီးအများစုက စိတ်ရှည်ရှည်နဲ့ ဖြေပေးလေ့ရှိကြတယ်။ လွယ်လွယ်နဲ့ ပြီးရောဆိုပြီး လုပ်ဇာတ်တွေ သိပ်မပြောကြတော့ဘူး။ ကလေးတွေ မသိသင့်သေးတဲ့ ကိစ္စဆိုရင်တောင် ဒီအရွယ်မှာ မသိသင့်သေးတဲ့ အကြောင်းရှင်းပြတယ်။ ကလေးတွေကို ငယ်ငယ်ထဲက သိသင့်၊ သိထိုက်တာကို စိတ်ရှည်လက်ရှည် ရှင်းပြတော့ ကလေးတွေမှာ အသိဉာဏ်တိုးတယ်။ ပညာရေး၊ ဘာသာရေးကလွဲပြီး ကျန်တာတွေ ကလေးသူငယ်တွေ စိတ်မဝင်စားသင့်ဘူးလို့ မလုပ်ကြဘူး။ ကျွန်တော်တို့ ငယ်ငယ်ကဆို သိချင်တာတွေမေးမိလို့ လူကြီးတွေက မဖြေနိုင်ရင်၊ ဒါမှမဟုတ် မဖြေချင်ရင် "ကလေး၊ ကလေးလို မနေဘူး"တို့ ဘာတို့ အပြောခံရတယ်။ ဒီမှာလည်း ဒီလိုပြောတဲ့ သူတွေရှိတော့ ရှိနေသေးပါတယ်။ ဒါပေမဲ့ နည်းသွားပြီ။ ကလေးတွေက သိသင့်တာတွေ သိရပြီး၊ သူတို့ကို လူတွေက နှိမ်မထားတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာကြတယ်။ အဲဒီအတွက် ဆိုးကြိုးတချို့လည်း ရှိပါတယ်။ over confidence ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်ပြီး တလွဲတွေကို ဘယ်သူ့မှ ဂရုမဆိုက်ပဲ လုပ်ပြစ်တာတွေ။ အမှန်တော့ ဒီလို့ ဘဝင်တွေက လူ့အဖွဲ့အစည်းတိုင်းမှာ ပုံစံမျိုးစုံနဲ့ ရှိနေတတ်ပါတယ်။

အရေးအကြီးဆုံးလို့ ကျွန်တော်ထင်တာကတော့ အရာရာကို ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်တတ်အောင် သင်ပေးတာပဲ။ မုန့်ဆိုင်တွေမှာ၊ စတိုးဆိုင်တွေမှာ ကလေးနဲ့ ဝယ်နေတဲ့ မိဘတွေဆို ကိုယ့်ကလေး ဘာစားချင်လဲ၊ ဘာဝယ်ချင်လည်းကို စိတ်ရှည်လက်ရှည်နဲ့ မေးတယ်။ ကလေးလိုချင်တာက သူတို့အတွက် ဒုက္ခမဖြစ်စေဘူးဆိုရင် ကိုယ်ကောင်းမယ်ထင်တာထက် သူတို့လိုချင်တာကို ပိုပြီး ဦးစားပေးတယ်။ ဥပမာ ကလေးကို ရေခဲမုန့်ဝယ်ကျွေးတယ်ဆိုပါစို့။ ကလေးက vanilla စားမလား၊ chocolate စားမလားကို သူ့ဘာသာ သူရွေးစေတယ်။ အဝတ်အစားဝယ်ရင် သူတို့ဘယ်အရောင်ကြိုက်လည်းက အစ မိဘက မေးပြီးမှ ဝယ်တယ်။ ၂ နှစ် ၃ နှစ် အရွယ် စကားစပြောတတ်တဲ့ ကလေးကိုက အစ စိတ်ရှည်လက်ရှည်နဲ့ မေးတယ်။ ကလေးတွေကို ကိုယ့်အတွက်ကိုယ် ဆုံးဖြတ်ချက်ချနိုင်အောင် ငယ်ငယ်ထဲက လေ့ကျင့်ပေးနေတာလို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့ ဆီမှာလို မိဘက လက်နဲ့ရေးတာကို ခြေနဲ့ဖျက်တယ်တို့ ဘာတို့ မပြောဘူး။ တတ်နိုင်သမျှ သားသမီးကို သူ့ဘဝကို သူတို့ကိုယ်တိုင် ရွေးချယ်နိုင်အောင်၊ တည်ဆောက်နိုင်အောင်၊ တာဝန်ယူနိုင်အောင် လေ့ကျင့်ပေးတယ်။ ဒါကြောင့် ဒီက လူငယ်အများစုက ၁၆၊ ၁၇ လောက်ဆိုရင်ပဲ အချိန်ပိုင်းအလုပ်တွေဝင်လုပ်ကြပြီ။ တက္ကသိုလ်၊ ကော်လိပ် တတ်တဲ့ကျောင်းသားတွေဆိုလည်း အပိုငွေသုံးရအောင် အချိန်ပိုင်း အလုပ်တွေ လုပ်လာကြတယ်။ အစိုးရကလည်း လူငယ် အလုပ်လက်မဲ့တွေ များလာတာနဲ့ သေသေချာချာ အစီအမံတွေနဲ့ လျှော့ကျအောင် ဆောင်ရွက်တယ်။ မိဘကို အားကိုးချင်စိတ် နဲအောင် လေ့ကျင့်ပေးကြတယ်။ ကိုယ်ဖြစ်စေချင်တဲ့ ဘဝထက် သူတို့ကိုယ်တိုင်ရွေးချယ်ပြီး တည်ဆောက်တဲ့ ဘဝမျိုးဖြစ်အောင် ပံ့ပိုးပေးတယ်။ ကျွန်တော်တို့ဆီမှာ အဲဒါတွေ အားနည်းခဲ့လို့ သားသမီးတွေက မိဘအိမ်မှာ အသက်ကြီးတဲ့ အထိ နေကြတာတွေ များမယ်။ မိဘကို မခွဲနိုင်လို့ နေတဲ့ သူတွေလည်း ရှိပါတယ်။ လူဆိုတာက ကိုယ့်ကို တချိန်လုံး အလကားပေးကမ်းထားပြီး အကုန်လိုက်လုပ်ပေးနေရင် ဖျက်ဆီးသလိုဖြစ်နေတယ်ဆိုတာ မိဘတွေအနေနဲ့ သတိမပြုမိတာလားတော့ မသိဘူး။ ဒီမှာ ဒီလို အမှားမျိုးကို အစိုးရကလုပ်တယ်။ အလုပ်မရှိတဲ့ လူတွေကို အစိုးရက တင်ကျွေးထားတော့ လူတွေက အလုပ်မလုပ်ပဲ အစိုးရဆီကပဲ တောင်းစားနေကြတယ်။ အခုတော့ ဒီအစိုးရလည်း တကယ်အလုပ်မလုပ်နိုင်တဲ့သူတွေနဲ့ မဖြစ်မနေလိုအပ်တဲ့လူတွေကိုပဲ ထောက်ပံ့ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေရတယ်။

ကျွန်တော့အမြင်မှာတော့ တတ်နိုင်တဲ့ မြန်မာမိဘ အများစုက ကိုယ့်သားသမီးကို အရမ်းချစ်ရင် သားသမီးတွေ ဘဝကို လိုလေသေးမရှိအောင် ဖန်တည်းပေးချင်ကြတယ်။ သားသမီးတွေရဲ့ ဘဝထဲမှာလည်း ဘယ်အရွယ်ရောက်ရောက် ထဲထဲဝင်ဝင် ဝင်ပါချင်ကြတယ်။ ဒါကိုလည်း အချစ်လို့ ခံယူချင်ကြတယ်လို့ မြင်မိတယ်။ ဒါတွေရဲ့ ဆိုးကြိုးဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းချင်းတို့၊ ကိုယ့်ဘာသာကိုယ် မစဉ်းစားမဆင်ချင်မဆုံးဖြတ်နိုင်ခြင်းတို့၊ ကိုယ့်အားကိုယ်မကိုးတတ်တော့ပဲ အမြဲတမ်း အကူအညီကိုမြှော်ခြင်းတို့ တွေကို မတွေးမိတတ်တာလားတော့ မသိဘူး။ သားသမီး အပေါ်မှာ ဖြစ်စေချင်တဲ့ စိတ်တွေအရမ်းများနေတယ်။ ဒါတွေက မိဘမေတ္တာမဟုတ်ပဲ ကိုယ့်ဆန္ဒကို ရှေ့တမ်းတင်တာတွေ များနေတယ်ဆိုတာ သတိမမူမိကြဘူး။ ဒါတွေကို ပြောတဲ့လူတွေကိုလည်း ကံကြီးထိုက်မယ်၊ မြေမျိုမယ်၊ ငရဲကြီးမယ် ဆိုတာတွေနဲ့ ချောက်လှန့်ထားကြတယ်လို့ မြင်မိတယ်။ သားသမီးတွေ အရွယ်ရောက်လာရင် ဝင်မပါသင့်တဲ့ ကိစ္စတွေမှာလည်း စိတ်ထဲမှာလည်း ကလေးလိုပဲ မြင်နေတုန်းဆိုပြီး ဝင်ပါနေကြသေးတယ်။ ကိုယ်ဝင်ပါလိုက်တိုင်း၊ ကိုယ့်သားသမီးတိုင်း ကိုယ်ပိုင်အရည်အချင်းနည်းအောင် တခါလုပ်လိုက်တယ်ဆိုတာကို မတွေးမိကြဘူးလို့ ထင်တယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ရပ်တည်ရဲတဲ့ ယုံကြည်မှုအပြည့်နဲ့ကြီးပျင်းခဲ့ရတဲ့ ကလေးနဲ့ အရာရာ မိဘဆုံးဖြတ်ချက်၊ မိဘ အုပ်ထိမ်းမှုအောက်မှာ မိဘကိုပဲ အားကိုးတတ်တဲ့ ကလေးတွေ လူကြီးဖြစ်လာရင် ဘယ်လိုလူမျိုးက ရေရှည်မှာ ပိုကောင်းမလဲဆိုတာတော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြပါ။ ကျွန်တော်ကတော့ မိဘတွေအနေနဲ့ မသိလိုက်လို့ ကိုယ့်သားသမီးကိုယ် စနစ်တကျ ဖျက်ဆီးပစ်လိုက်မိတယ်လို့ မဖြစ်စေချင်တာပါပဲ။

ကျနော် အမိ မြေ အတွက် ဘာလုပ်ပေးနိုင်သလဲ.........

ကျနော် အမိ မြေ အတွက် ဘာလုပ်ပေးနိုင်သလဲ.........

တလောက ကျနော် တို့  သြစီကို လူထုခေါင်းဆောင် အန်တီ ဒေါ်အောင်ဆန်းစုကြည် ရောက်လာခဲ့တယ် ။ အန်တီ ရောက်မလာခင် ကျနော်တို့ ဆီမှာရှိတဲ့ မြန်မာ အဖွဲ့ အစည်း တခုက ကြီးမှုးပြီး ကျန်မာရေးနဲ့  ပညာရေး ရံပုံငွေ ရှာဖွေပွဲ တခု လုပ်ပြိး ရံပုံငွေ ရှာခဲ့ ကြတယ် ။ ကျနော်လည်း တတ်နိုင်တဲ့ဖက်က၀န်းရံပြီး (၂၀၁၄ အန်တီဓါတ်ပုံ နဲ့ ထုတ်ဝေတဲ့ NLD calendar တွေကို ရောင်းချပြီး ) သြစီဒေါ်လာ ၁၀၀၀ ကို ဒေါက်တာ ဦးကျော်မြင် လက်ထဲ ပေးအပ်လှုဒါန်းနိုင်ခဲတယ် ။ ကျနော်ဆရာ ဦးကျော်မြင် ပာာ မစားပဲစွန့် သူတွေထဲ တယောက်အပါမို့ ယုံကြည်စိတ်ချတဲ့အတွက် ရံပုံငွေဘယ်လောက်ရတယ် ...၊ဘယ်ကိုလှုတယ် ဆိုတာ ဘယ်သူထံကိုမှ မမေးသလို သိလဲ မသိချင်ခဲ့ပါဘူး ။ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ဖိုက အရေးကြီးတယ် မပာုတ်လား....။
အခု .....ကျနော် တခုခု ကိုလုပ်ချင်နေပြန်ပါပြီ ..။ ကျနော်တို့ နိုင်ငံတကာ ရောက်နေသူတွေ အနေနဲ့ က လုပ်ပေးနိုင်တာ နှစ်ခု ပဲ ရှိတယ်လို့  ကျနော် နားလည်းထားတယ် ။ တခုက အမိမြေက နိုင်ငံသူ နိုင်ငံသားတွေကို ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးဖို့  ၊နောက်တခုက အမိမြေမှာ ဖြစ်နေပျက်နေသမျှတွေကို နိုင်ငံတကာ ကသိအောင် လှုံ့ ဆော် ပေးဖို ၊ ဒီနှစ်ခု က ကျနော်တို့ လို နိုင်ငံတကာရောက် မြန်မာ တွေ စွမ်းဆောင်နိုင်ဆုံး အလုပ်တွေ လို ကျနော် မှတ်ယူထားပါတယ် ။
အခု ...... ကျနော် အမိမြေ အတွက် ထောက်ပံ့မှု့  အသေးစားလေးတခု လုပ်ချင်နေပြန်ပါတယ် ။
ဘယ်သူကိုထောက်ပံမလဲ ဘယ်လို ထောက်ပံ့မလဲ ဆိုတာကို ဆက်စဉ်းစားမိတော့....။ အတွေးတွေ တသီတတန်းကြီးနဲ့ အိပ်ရခက်နေပါပြီ.....။ ကျနော် လက်ရှိ အခြေအနေ ......ကျနော် ရာသီဥတု အဆိုးရွားဆုံး ဒေသမြစ်ကြီးနားထောင်ထဲမှာ ၆နှစ်နေခဲ့ရတဲ့ဒဏ် ....၊စစ်ထောက်လှမ်းရေးတွေရဲ စစ်ကြောရေးမှာ ခံခဲ့ရတဲ့ နှိပ်စက်မှု ဒဏ်တွေကြောင် ကျန်းမာေ၇း မကောင်းတော့တာကြောင့် သြစီ အစိုးရက ကျနော် ကို ဆေးပင်စင်ပေးထားတာ ၅နှစ်နီးပါရှိနေပါပြီ ။ သြစီ အစိုးရရဲ လူသားချင်းစာနာမှု့ 
ကြောင် ဆစ်ဒနီ ဆိုတဲ့ မြို့ ကြီးမှာ အလုပ်မလုပ်ရပဲ လူတန်းစေ့နေနိုင်စားနိုင့်  ပေမဲ့ ငွေပိုငွေလျှံ တော့ မရှိဘူးပေါ့...။ဒီတော့ ကျနော် အမိမြေကို ပံ့ပိုး နိုင်ဖို့ အတွက် ငွေပိုငွေလျှံလေးရအောင်တော့ တခုခု လုပ် ဦးမှ ......
တခုခု လုပ်ဦးမှ ....လိုတွေပေမဲ့ နိုင်ငံရေးသမားစကားပြောရရင် ထင်သာ မြင်သာအောင်လဲ လုပ်မှဖြစ်မှာ ......၊ မြန်မာ နိုင်ငံရေးမှာ မစားပဲစွန့် သူတွေ ရှိပေမဲ့ နိုင်ငံရေးကိုအမှီပြုပြီးမစွန်ပဲစားနေသူတွေကလဲ ရှိသေးတာကြောင့် ကိုယ်လုပ်တဲ့ အလုပ်က အပြောလွတ်ဦးမှ.....။ ကျနော် ကတော့ရှင်းတယ် ပွင်ပွင်လင်းလင်းပြောရရင် ဘီးဂိတ်ရဲ့ ပိုင်ဆိုင်မှု့ လောက် ပိုင်ဆိုင် ရမယ်ဆိုရင်တောင်မှ ကျနော် သမိုင်း ကျနော် ကိုယ်ကျင်တရား ရောင်းစားဖို့ စဉ်းစားဦးမယ် ၊ တကယ်တွေကြည့်ရင် နိုင်ငံရေး လုပ်စားလို ရလာတဲ့ငွေကြေး တွေပာာ ကျနော်တို့ ရဲဘော်တွေ ပြည်သူတွေရဲ သွေးတွေ ချွေးတွေ....အသက်တွေပါပဲ .....။ကဲ....ဒါလည်းထားဦး ......
တခုခု လုပ် လို့  ငွေလေး ရလာပါပြိတဲ့ ဘယ်သူကိုလှု မလဲ ဘာအတွက်လှုမလဲ .....။ဘက်ပေါင်းစုံက ချွတ်ချုံကျ နေတဲ့ အမိမြေမှာ လှုမယ် ပံ့ပိုးမယ် ထောက်ပံ့မယ် ဆိုရင် ကျနော် ရှာလို ရတဲ့ငွေက မြင်မိုရ်တောင်ကို ဆီးစေ့နဲ့ ပေါက် သလိုများဖြစ်နေမလားပဲ...။ ဘာပဲဖြစ်ဖြစ် ကျနော် နှမ်းတစေ တော့ဖြစ်ချင်ပါသေးတယ် ။ပာုတ်ပြီ ....ဘယ်သူတွေကိုထောက်ပံ့မလဲ......တွေမိ ပြန်တော့ ကျနော် ကိုယ်တိုင်က ထောင်ထွက် တယောက်ဖြစ်နေလိုလားတော့မသိ ...။ ထောင်ထွက်တွေကိုပဲ ထောက်ပံ့ချင်တယ် ။ ထောင်ထွက် တယောက်ရဲ့  အခက် အခဲ ဆိုတာ ကို ထောင်ထွက် တွေပဲ အသိဆုံးပါ ။ အလုပ်လုပ်ဖို့ အခက်အခဲ .....၊ပညာသင်ဖို့ အခက်အခဲ .....၊ မိသားစုရှိသူများဆို မိသားစုရပ်တည်ဖို အခက်အခဲ .....၊ နောက်ဆုံးမိသားစု အတွက် ပြန်လှည်ကြည်စရာ မလိုဘူးပဲထားဦး နိုင်ငံရေးဆက်လုပ်ဖို့ အခက်အခဲ....။သည်အခက်အခဲတွေကိုဘယ်သူတွေ အသိဆုံးလဲ မေးရင် ကျနော် တို့ ကိုယ်တိုင်ထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး...။ ကျနော် ကိုယ်တိုင် ၈၈၈၈ ကကျောင်းသားနောက် နိုင်ငံရေးသမား နောက်ထောင်ထွက် .....ထောင်ထဲက ထွက်လာတော့ (ကျနော် မိသားစု အတွက် ကျနော် မထောက်ပံ့ရင်လည်းဘာမှ မဖြစ်ပါဘူးဆိုတဲ့အတိုင် မိဘများက အသင်အတင် ပြည်စုံပါတယ် ) ကျနော် အသက် ၃၀ ....ကျနော် မိဘကို ကျနော် လုပ်အားခ တပြားမှ မပေးဖူးသူ .....မိဖကျွေးတာစား မိဖပေးတာယူ ထောင်ကျတော့လဲမိဖ ကပဲ ထောင်ဝင်စာ လိုက်ပိုခဲ့ရ ....ထောင်ကထွက်တော့ နိုင်ငံရေးဆက်လုပ်ဖို မိဖ ဆီက ငွေကို ဘယ်လို ပုံစံနဲ့ လက်ဝါးဖြန်ရမလဲ......။ တခါများဆို ခရီးစရိတ်တောင်းရမှာ ၀န်လေးနေတာကြောင့် နေထိုင်ရာ အင်းစိန် ကနေ အန်တီခြံရှေ ပောာပြောပွဲကို လမ်းလျှောက်ဖူးပါရဲ့  ....။ တခြားသူတွေရဲ့ အခက်အခဲတွေနဲ့ ယှဉ်လိုက်ရင် ကျနော် ကြုံခဲတာက ပါမွှားလေးရယ် ပါ ။
ပာုတ်ပြီ ..... ထောင်ထွက်တွေကို ထောက်ပံ့မယ် ဆိုတော့ လူတဦးချင်းစီလား အဖွဲ့ အစည်းကိုလား ၊လက်ရှိအနေအထား အရ အဖွဲ့ အစည်း ကိုထောက်ပံ့မယ် ဆိုရင် ထောင်ထွက်တွေနဲ့ ပါတ်သက်တာ သုံးဖွဲ ရှိတယ် ၊ တဖွဲ့  က ကျနော် ပြည်ပ ထွက်ပြေးပြီးမှ ဖွဲတာ ဆိုတော့ သူတို့ အကြောင်းလဲကျနော်မသိ သူတိုလုပ်နေတာလဲ မတီးခေါက်မိ ......၊ ပိာု အ၇င် နှစ် အတော် ကြာကတည်းက ရှိနေတဲ့ အဖွဲ့ ကတော့ ကျနော် အယုံ အကြည်မရှိ .....နိုင်ငံရေးအကျဉ်းသားများကိုထောက်ပံတယ်သာဆိုတယ် ကျနော် လည်းထောင်(၇)နှစ် ကျခဲ့သူပဲလေ...။ ဘာ အထောက်အပံ့မှ မရခဲ့ (ရချင်လွန်းလို ပြောတာမပာုတ်ပါ )နယ်စပ်ရောက်မှ (မကောင်းတတ်လိုပေးတာ ထင်ရဲ့  ) သြစီ ငွေ ၅၀ ပမာဏ ရှိတဲ့ငွေလေး ရခဲ့ဖူးတာ ။ ထောင်ထဲတုန်းကတော့ မိသားစုက ပို့ ပေးတဲ့ ငါးပိကြော် ကို ဝေပုံကျ ဝေစားခဲ့ပေမဲ့ နိုင်ငံတကာက ပေးတဲ့ ဆီဦးထောပါတ်တွေကျတော့ ဝေမစားနိုင်တော့တာ ရဲဘော်ရဲဘက်နဲ့ နိုင်ငံရေး(တနည်းပြော ရရင် တော်လှန်ရေး ) အပေါ်သီလစောင့်တယ် ဆိုမလားဗျာ ......။ ဒါကြောင့် ရှေးလူကြီးများဆိုရိုးရှိခဲလေတာလား ..လူပာာ ဆင်းရဲတဲ့ဒဏ်ကိုခံနိုင်တယ် ချမ်းသာတဲ့ဒဏ်ကိုမခံနိုင်ဘူးဆိုတာလေ....။
ထားတော့.....
နောက်ဆုံးကျန်တဲ့အဖွဲ ကတော့ အသက်အ၇ွယ် အရ ..သီလ သမာဓိ အရ ....ဂုဏ် အရှိန်အ၀ါ အရ
ကျနော် ယုံကြည်စိတ်ချသူ ။ကျနော်ရှာလို ရရင် ရသမျှ ငွေကို သူထံက တဆင့် ဘ၀တူ ထောင်ထွက်တွေ ကို ပေးပို့ ပံ့ပိုးချင်တယ် ၊ ကျနော် ပိုတဲ့ငွေကြေးပာာ နည်းချင်းနည်းမယ် ....များချင်များမယ် ၊ တယောက် ပဲဖြစ်ဖြစ် ငါးယောက်ပဲဖြစ်ဖြစ် ဆယ်ယောက်ပဲဖြစ်ဖြစ် ကနော် နိုင်သလောက်တော့ လုပ်ရမှာပဲ ......။
ကျနော် ကျနော် ချစ်တဲ့ အမိမြေ အတွက် နှမ်းတစေ့တော့ ဖြစ်ချင်သေးတာကို .......။
တခုခုတော့ လုပ်ဖြစ်ဦးမှာပါ ........။

                                                                          ခိုင်ကိုဦး(ဆစ်ဒနီ)
 

Wednesday, 18 December 2013

ထွန်းအိန္ဒြာဗိုက ပြောပြီ...... အမေစုလောက် သမ္မတ ဖြစ်သင့်တာ မရှိဘူးလို့ ကျမခံစားရတယ်”


“မိတ်ကပ်လိမ်းပြီး အုပ်ထားရုံနဲ့ ပုပ်ပွနေတာတွေက ရှင်းလင်းသွားမှာ မဟုတ်ဘူး” ( ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် ) ထွန်းအိန္ဒြာဗိုဟု ဆိုလိုက်လျှင် ဇာတ်ကောင်စရ...ိုက်တိုင်း၌ တမူထူးခြားစွာ ပီပီပြင်ပြင် သရုပ်ဆောင်သူ၊ အကယ်ဒမီ မင်းသမီး၊ တကိုယ်တော် ရှိုးများတွင် အသံနှင့် တင်ဆက်မှုအားကောင်းသော အမျိုးသမီး အဆိုကျော် တဦးအဖြစ် အားလုံးသိပြီး ဖြစ်သည်။ သူ့ကို လွန်ခဲ့သည့် အနှစ် ၂၀ နီးပါးက မင်းသားကြီး ကျော်ဟိန်းနှင့် ရိုက်ကူးထားသည့် “အဆိပ်ပြင်းသည်” ဗီဒီယို ဇာတ်လမ်း၌ ထူးခြားသော သရုပ်မှုများဖြင့် ပရိသတ်များက စတင် သတိပြုခဲ့မိကြသည်။ မင်းသား လွင်မိုး ထုတ်လုပ်ပြီး ပါဝင် သရုပ်ဆောင် ထားသည့် စာရေးဆရာမ ဂျူး၏ “ပင်လယ်နှင့်တူသော မိန်းမများ” ဝတ္ထုကို ပြန်လည်ရိုက်ကူးထားသော “တခါက ဧရာဝတီ ညများ” ဆိုသည့် ရုပ်ရှင်ကားကြီး တွင်တော့ ဝါဒတခုအတွက် အချစ်နှင့် အသက်ကို စွန့်လွှတ်ရန် ဝန်မလေးသူ၊ ခေါင်းမာသော အမျိုးသမီး တဦးအဖြစ် ဇာတ်ကောင်စရိုက် ပီပြင်စွာ သရုပ်ဆောင်ခဲ့သည်။ သီချင်းနှင့် ပတ်သက်၍လည်း သူ၏ “1999” ဆိုသော စီးရီးက အမျိုးသမီး အဆိုတော်လောကအတွက် တကိုယ်တော် “ပေါက်” ခွေအဖြစ် ထင်ရှားခဲ့သည်။ “ကိုယ်တို့ဝေးနေ … မိုင်ပေါင်းကဋေ” ဆိုသည့် သူ၏ ဆွေးဆွေးမြေ့မြေ့ သီဆိုသံကိုလည်း သူ့ပရိသတ်များက ဘယ်အချိန်ကြားလိုက် ကြားလိုက် နားစွင့်မိနေဦးမည် ဖြစ်၏။ ယခုလက်ရှိ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့ဝင် တဦးအဖြစ် ပါဝင်လှုပ်ရှားနေပြီး နိုင်ငံရေးကို စိတ်ဝင်စားသူ လူသိထင်ရှား အမျိုးသမီးတဦးလည်း ဖြစ်နေရာ ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် သူ၏ ဇာတိ မိုးကုတ်မြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ် အဖြစ် ပါဝင် အရွေးချယ်ခံရန် ကမ်းလှမ်းခြင်း ခံရသူလည်း ဖြစ်ကြောင်း သိရသည်။ သူက ပါတီနိုင်ငံရေးကို စိတ်ဝင်စားသော်လည်း၊ လတ်တလော အခြေအနေအရ ပါတီတခုကို ပြင်ပမှ ကူညီအားဖြည့်ရန်သာ အားသန်သည်ဟု ဆိုလာသည်။ “ကျမတို့ မိုးကုတ်မြို့နယ်က ကမ်းလှမ်းတာ ရှိပါတယ်။ ကျမ စဉ်းစားတာက ပါတီထဲမှာ ၀င်ပြီးလုပ်တာထက် အပြင်မှာ နိုင်သလောက်ကူတာက ပိုပြီး ကူညီနိုင်မယ် ထင်တယ်။ ကျမပါတီထဲ ရောက်သွားရင် ပါတီအတွက် လိုအပ်တဲ့ အရည် အချင်းတွေ ပြန်ဖြည့်ဆည်းရမယ့် အချိန်တွေရှိမယ်။ အချိန်တွေအများကြီး ပေးရမှာရှိမယ်။ကျမ မိသားစုကိုလည်း ပစ်မထားနိုင်သေးဘူး။ ဒါကြောင့် အပြင်ကနေ ကူနိုင်သလောက် ကူနေတာက ကျမအတွက် ပိုပြီးလွတ်လပ်တယ်” ဟု ထွန်းအိန္ဒြာဗိုက ပြောသည်။ သူက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားအားကျသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ မိသားစု အရေးကို လျစ်လျှူရှုကာ အနစ်နာခံ၍ ပါတီနိုင်ငံရေး လုပ်ရန် မစဉ်းစားနိုင်သေးသူ ဖြစ်သည်။ လောလောဆယ် အနေအထားအရ သူ့ကိုယ်သူ ပါတီ နိုင်ငံရေး လုပ်ရန် အရည်အချင်း ပြည့်ဝသူ တဦးဟုလည်း ယုံကြည်မှု မရှိသေးကြောင်း သိရသည်။ “ကျမက သွားလည်း သွားသေးတယ်၊ မပြတ်လည်း မပြတ်ဘူးဆိုတဲ့ ကိစ္စတွေ လုပ်မိမယ့် အတူတူ ကျမ တကယ် တစိုက်မတ်မတ် လုပ်နိုင်တာကိုတော့ အရင်လုပ်နေတယ်။ နောက်ပိုင်းတော့ ဘယ်လိုဖြစ်လာမလဲ မသိဘူး။ ဒါကတော့ လောလောဆယ် အနေအထားပေါ့။ အခြေအနေဆိုတာ အများကြီး ပြောင်းလဲနေတာတွေ ရှိပါတယ်” ဟု သူက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သူက အကြွင်းမဲ့ ယုံကြည်လေးစားသူ ဖြစ်သည်။ သူက ဒေါ်အောင်ဆန်းစုကြည်ကို “အမေစု” ဟု ခေါ်ဝေါ်သူလည်း ဖြစ်သည်။ ထို့ကြောင့် သူ ပါတီနိုင်ငံရေးလုပ်ပါက ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအတွက်သာ လုပ်မည်ဟု ပြောသည်။ “အမေစုက တိုင်းပြည်အတွက် တကယ်လုပ်နေတာ ဖြစ်တဲ့အတွက် ကျမတို့ အမေ့ကို ကူခြင်းအားဖြင့် တိုင်းပြည်ကို အလုပ်အကျွေး ပြုခြင်းနဲ့ အတူတူပဲလို့ ယုံကြည်ပါတယ်” ဟု ထွန်းအိန္ဒြာဗိုက ဆိုသည်။ ယခင်ပွင့်လင်းလွတ်လပ်ခွင့် မရသေးသည့် စစ်အုပ်ချုပ်ရေးခေတ်၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ မလွတ်မြောက် သေးချိန် ကာလတွင် နအဖ အစိုးရ၏ ဖိအားကြောင့် ဖြစ်စေ၊ တစုံတရာသော အကျိုးရလဒ်ကြောင့် ဖြစ်စေ အစိုးရ ပေါ်လစီဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ကြရသူများ၊ ပေါ်လစီသီချင်းများ သီဆိုသူများ ရှိကြသော်လည်း ထိုသူ များထဲမှပင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာချိန်၌ ၎င်း၏ နေအိမ်သို့ သွားရောက် တွေ့ဆုံသည့် အနုပညာရှင်များစွာ ရှိသည်။ ထိုသို့သော အနုပညာရှင်များကို “သာကူးများ” ဟုဆိုကာ ဝေဖန်သူများလည်း ရှိကြသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် အနုပညာရှင်များနှင့် တွေ့ဆုံရန် ၎င်း၏ နေအိမ်သို့ ဖိတ်ခေါ်ချိန်တွင် သွားရောက်တွေ့ဆုံသူများထဲ၌ ထွန်းအိန္ဒြာဗိုလည်း တဦးအပါအဝင် ဖြစ်သည်။ ထိုသို့ ပရိသတ် ဝေဖန်မှုများနှင့် ပတ်သက်၍ ဧရာဝတီကမေးမြန်းရာ ထွန်းအိန္ဒြာဗိုက“လူကတော့ အမျိုးမျိုး မြင်နိုင်တာပေါ့၊ နောက်တခုက အမေစုကို တွေ့ခွင့်ရပြီဆိုတဲ့ အချိန်မှာတောင် မလိုက်ရဲတဲ့ သူတွေ ရှိသေးတုန်းပဲ။ ဒီနေ့အထိလည်း အမေစုနဲ့ မတွေ့ဖူးတဲ့ သူတွေ ရှိသေးတုန်းပဲ။ ဒါက အရင်ခေတ်ရဲ့ လွှမ်းမိုးခဲ့တဲ့ အကြောက်တရားတွေ၊ ကိုယ်ကိုယ်တိုင်ရဲ့ အားနည်းချက်ကြောင့် သွားမတွေ့ရဲတဲ့ ကိစ္စတွေ အမျိုးမျိုးရှိတာပေါ့။ နောက်တခုက အမေစုသာ အခုပြန်အဖမ်းခံရရင် တချို့က ထွက်ပြေးချင်လည်း ပြေးမှာပဲလေ။ ဒါက သဘာဝတရားအနေနဲ့ ကျမတို့ လက်ခံရမှာပဲ။ ကျမပြောတာက နိုင်ငံရေးကို တကယ် စိတ်ဝင်တစားနဲ့ လုပ်တာပဲဖြစ်ဖြစ်၊ ပေါ်ပြူလာဖြစ်ချင်လို့ လုပ်တာပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့မဆို လုပ်လာတဲ့ သူတွေကို ကျမကြိုဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ရင်းလုပ်ရင်းနဲ့မှ စိတ်ပါသွားတာလည်း ဖြစ်နိုင်တယ်။ အရင်တုန်းကတော့ ကိုယ်ပေါ်ပြူလာဖြစ်ချင်လို့ လုပ်ပေမယ့် နားလည်းမလည်ဘူး၊ ဘာမှလည်း မသိဘူး။ တကယ်လုပ်နေရင်းနဲ့မှ တကယ် နားလည်လာတော့ သူ့စိတ်ဓာတ်တွေ အများကြီး ပြောင်းလဲ သွားနိုင်တယ်။ လုံးဝမလုပ်တာထက် စာရင် သာတယ်လို့ပဲ ကျမပြောချင်တယ်” ဟု ပြန်ဖြေသည်။ အသက် ၄၉ နှစ်ရှိပြီဖြစ်သည့် ထွန်းအိန္ဒြာဗိုသည် မင်းသားဈေးကွက်သာ ရှိသော မြန်မာပြည်ရုပ်ရှင်လော၌ သူ့အတွက် ဇာတ်ရုပ် ရွေးချယ်ရန် ခက်ခဲလာပြီ ဖြစ်သောကြောင့် ရုပ်ရှင်ရိုက်ကူးရေး အပိုင်းကို ခေတ္တ ရပ်နားထားကာ ဘာသာစကား သင်တန်းတက်ခြင်း၊ တခြား ပညာရပ် အမျိုးမျိုးကို လေ့လာခြင်း၊ စာဖတ်ခြင်း၊ မိသားစု ကိစ္စများ ဆောင်ရွက်ခြင်း စသည် ဖြင့်သာ သူ့အချိန်များကို ကုန်ဆုံး စေသည်။ ပညာရပ်များကို လေ့လာသင်ယူခြင်းက မိသားစုအတွက်ကော၊ တိုင်းပြည်အတွက်ပါ အကျိုးရှိသည်ဟု သူက ယူဆသည်။ ယခုလက်ရှိ မြန်မာနိုင်ငံရေးအပေါ် သူ့အမြင်ကတော့ ယခင်ထက် အနည်းငယ် လွတ်လပ်ပွင့်လင်းလာသည်မှ လွဲ၍ ကြီးကြီးမားမား ပြောင်းလဲလာသည်ကို မတွေ့သေးဟု ဆိုသည်။ “ကျမတို့က ခေတ်တခေတ် ပြောင်းပြီးတော့ ဒီမိုကရေစီကို သွားမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အားလုံးက ရှိနေတာပေါ့နော်။ဒါပေမယ့် အဲဒီမှာလည်း ကွဲလွဲနေတာတော့ အများကြီးပဲ။ အဆင်မပြေသေးတာ တွေလည်း အများကြီးရှိတာပေါ့။ နည်းနည်း ပါးပါးလေး ပြောခွင့်ဆိုခွင့် ရလာတာရယ်၊ လွတ်လပ်တာလေးက လွဲရင် တခြားကြီးကြီးမားမား ပြောင်းလဲတာတော့ ဘာမှ မတွေ့ရသေးပါဘူး” ဟု သူက ပြောသည်။ သူ့အနေဖြင့် ကဏ္ဍပေါင်းစုံကို ခြုံငုံ မသုံးသပ်နိုင်သေးသော်လည်း လက်ရှိ အစိုးရသစ်အနေဖြင့် နိုင်ငံသူ နိုင်ငံသား အားလုံး၏ စားဝတ်နေရေးကို မည်သို့ ဖြေရှင်းပေးမလဲ ဆိုသည်ကို စိတ်ဝင်စားနေသူ ဖြစ်သည်။ သူက ကျင်းပခဲ့သည့် လွှတ်တော်များ ကိုလည်း အကျိုးသက်ရောက်မှု နည်းကြောင်း၊ အချိန်မကြာကြာအောင် ဆွဲနေသကဲ့သို့ ဖြစ်ကြောင်း ဝေဖန်သည်။ “ဥပမာ – မြို့နယ်တခုက မီးမရတဲ့ ကိစ္စကို တယောက်က ထဆွေးနွေးတယ်။ အဲဒါပြီးတော့ နောက်တယောက်က တခြား မြို့နယ်တခုက မီးမရတာကို ပြောတယ်။ မီးမရတဲ့ ခေါင်းစဉ်တခုထဲမှာပဲ အဲဒါကို ဆွေးနွေးလိုက်ရင် အချိန်လည်း သက်သာမယ်။ ပိုလည်း အကျိုးရှိနိုင်မယ်။အချိန် မကြာကြာအောင် ဆွဲနေသလိုပဲ။ တကယ် လွှတ်တော်တက်နေရတဲ့ ကိုယ်စားလှယ်တွေတော့ ဘယ်လိုနေသလဲ မသိဘူး။ အိမ်မှာဇိမ်နဲ့ ကြည့်ရတဲ့ ကျမတို့တောင် တော်တော်ပျင်းတယ်” ဟု ထွန်းအိန္ဒြာဗိုက ဆိုသည်။ လွှတ်တော်ထဲတွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေသည့် အချက်ကိုလည်း သူက လက်မခံနိုင်ဟု ဆက်ပြောသည်။ ရုပ်ရှင်၊ ဗီဒီယို ကားများထဲ၌ သရုပ်ဆောင်ရာတွင် အများသောအားဖြင့် ထက်မြက်သော မိန်းမ တဦးအဖြစ် တွေ့ရတတ်သော ထွန်းအိန္ဒြာဗိုကို ယခုအချိန်၌ သူနေထိုင်ရာ FMI အိမ်ရာဝင်းအတွင်းရှိ နေအိမ်တွင် တည်ငြိမ် ရင့်ကျက်ပြီး ပညာရည် ပြည့်ဝသော လူလတ်ပိုင်း အမျိုးသမီးတဦးအဖြစ် တွေ့ရသည်။ သူက အိမ်ထောင်တခုတွင် အမျိုးသမီးနှင့် အမျိုးသား တန်းတူ တာဝန်ယူမှုရှိခြင်းကို လက်တွေ့ကျင့်သုံးသူဟု သိရသည်။ “ကျမကတော့ လူဆိုရင် လူသားတယောက် အနေနဲ့ပဲ လက်ခံချင်တယ်။ အဲဒီလူရဲ့ အရည်အချင်းပေါ်မှာပဲ ဆုံးဖြတ် ချင်ပါတယ်။ ယောက်ျားမို့လို့ ဘာဖြစ်ရမယ်၊ မိန်းမမို့လို့ ဘာဖြစ်ရမယ် ဆိုတာမျိုးတော့ ကျမသိပ်မကြိုက်ဘူး။ ကျမတို့ အိမ်ထောင်ရေးမှာလည်း ယောက်ျားနဲ့ မိန်းမဆိုပြီး လက်မခံဘူး။ ဒီအိမ်ထောင်တခုမှာ အရေးကြီးတဲ့ ကိစ္စကို ဘယ်သူဘယ်လို တာဝန်ယူပြီး ခွဲခြမ်းလုပ်ကိုင်နေလဲ ဆိုတဲ့အပေါ်မှာပဲ အိမ်ထောင်ရေးကို ပြေလည်အောင် တည်ဆောက်တယ်။ ကျမတို့ အိမ်ထောင်မှာ ယောက်ျား မိန်းမ မရှိသလိုဘဲ၊ တိုင်းပြည်မှာလည်း မရှိစေချင်ဘူး။ အရည်အချင်းနဲ့ပဲ သွားစေချင်တယ်” ဟု သူက ပြောသည်။ ဇာတ်ကောင်စရိုက် ပီပီပြင်ပြင်၊ ဇာတ်ရုပ်ခိုင်ခိုင်မာမာ ရှိသော ဇာတ်လမ်းများတွင် မင်းသမီးတလက် အဖြစ် သရုပ်ဆောင် ခဲ့သော သူ့အတွက် ယခုအချိန်တွင် မင်းသားငယ်များဖြင့် အပျိုကြီး၊ အစ်မကြီး၊ အမေ၊ အဒေါ် စသော နေရာများတွင်သာ သရုပ်ဆောင်နေရခြင်းနှင့် ဇာတ်ရုပ်များထပ်လာခြင်း အပေါ် သူက စိတ်ပျက်လာသောကြောင့် သရုပ်ဆောင်သည့် အလုပ်များကို လျှော့ချလိုက်ခြင်း ဖြစ်သည်။ ယခင် စစ်အစိုးရ လက်ထက် ရုပ်ရှင် ဆင်ဆာခေတ်က ဆင်းရဲစုတ်ပြတ်နေသည့် အခန်းများ ပါဝင်သော ရုပ်ရှင်ကားများ မရိုက်ရန် တားမြစ်မှု အပေါ်လည်း ထွန်းအိန္ဒြာဗိုက ဝေဖန်သည်။ သူက မင်းသားကျော်ဟိန်း၊ ကျော်ရဲအောင်၊ မင်းသမီး စိုးမြတ်သူဇာတို့နှင့် တွဲဖက်၍ စာရေးဆရာမ ခင်ခင်ထူး၏ ဝတ္ထုကို ရိုက်ကူးထားသော “ကြိုးတန်း” အမည်ရှိ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် ခဲ့သူ ဖြစ်သည်။ ဧရာဝတီမြစ်ထဲမှ နှစ်စဉ် ပေါ်ထွန်းတတ်သည့် ရေပေါ်ကျွန်းကလေး တကျွန်းပေါ်တွင် ဆင်းရဲစုတ်ပြတ်နေသည့် လင်မယား နှစ်စုံတွဲ၏ ခေတ္တ ပိုင်ဆိုင်ခွင့်ရရာ နေရာကို ကြိုးတန်းကာ သတ်မှတ်၍ ထိုနေရာ ကလေးအတွက် တဦးနှင့်တဦး ရန်ဖြစ်၊ စကားများ၊ မခေါ်မပြောနိုင် ဖြစ်ကြပုံကို သရုပ်ဖော်ထားသည့် ဇာတ်ကားဖြစ်သည်။ ကြိုးတန်းဇာတ်ကားတွင် ထွန်းအိန္ဒြာဗိုက ဆင်းရဲပြီး စရိုက်ကြမ်းသူ မိန်းမ တဦးအဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကား ဖြန့်ချိပြီးနောက်တွင် စစ်အစိုးရ လက်အောက်ရှိ ရုပ်ရှင်ဆင်ဆာက ဆင်းရဲလွန်းသည်ကို ဖော်ပြသော ဇာတ်ကားများ မရိုက်ရန် တားမြစ်ခဲ့သည်။ “ကျမတို့ခေတ်တုန်းက ဆင်းရဲခန်းတွေ မရိုက်ရဘူးလို့ ပြောခဲ့တယ်။ တကယ်တမ်းကျတော့ တကယ်ရှိတာကို ခွင့်မပြုခြင်းအားဖြင့် အရှိကိုအရှိအတိုင်း ရင်မဆိုင်ရဲဘူးလို့ ပေါ်နေတာပေါ့။ အဲဒါကြီးက ရှက်စရာလည်း ကောင်းတယ်၊ သဘာဝလည်း မကျဘူးလေ။ ပြီးတော့ နည်းလမ်းဖြေရှင်းစရာလည်း မရှိဘူး။ အပေါ်ကနေ မိတ်ကပ်လိမ်းပြီး အုပ်ထားရုံနဲ့ ပုပ်ပွနေတာတွေက ရှင်းသွားမှာ မဟုတ်ဘူး” ထွန်းအိန္ဒြာဗိုက ပြောသည်။ တိုင်းပြည် ဆင်းရဲနေသည့် အရှိအရှိအတိုင်း မြင်ကွင်းများကြောင့် ပြည်သူလူထု စိတ်မချမ်းမသာ ဖြစ်ရသည်ထက်၊ အစိုးရအနေဖြင့် အရှုံးခံလုပ်ဆောင် ပေးနေရကြောင်း မကြာခဏ ပြောနေခြင်းက ပိုမို စိတ်ဆင်းရဲရသည်ဟု သူက ဆက်ပြောသည်။ “ကျမတို့တိုင်းပြည်မှာ ဘယ်ကဏ္ဍတွေကို အစိုးရက အရှုံးခံပြီး လုပ်နေရပါတယ်လို့သာ ပြောတာ၊ အဲဒီလို အရှုံးခံပြီး လုပ်နေတာကို ကျမတို့က မယုံကြည်တာမဟုတ်ဘူး၊ ယုံကြည်ပါတယ်။ သိပ်မြတ်တဲ့ ဟာတွေကျတော့ ဘာသံမှ မကြားရဘူး။ တိုင်းသူပြည်သားတွေ စိတ်ဆင်းရဲမှာစိုးလို့ ကြိုမပြောဘူးဆိုရင် စိတ်ချမ်းသာစရာ ကောင်းတဲ့၊ သိပ်မြတ်တဲ့ ကဏ္ဍတွေ ချပြလေ။ ဘယ်လောက် ပျော်စရာကောင်းမလဲ။ ကျမဖြစ်စေချင်တာက ကျမတို့ တိုင်းပြည်မှာ ကဏ္ဍတွေ အများကြီးရှိတယ်။ သစ်တော ကဏ္ဍ၊ သယံဇာတတွေ၊ အများကြီးမြတ်တဲ့ ကဏ္ဍတွေက တကယ်ရှုံးတဲ့ နေရာကို နည်းနည်း မျှဝေပေးရမယ်လေ။ ဆိုလိုချင်တာက ဋ္ဌာနဆိုင်ရာတွေက အရှုံးခံချင်ခံရမယ်၊ အစိုးရက အရှုံးမခံရဘူး။ အစိုးရ မရှုံးခြင်းအားဖြင့် ပြည်သူ မရှုံးတာနဲ့ အတူတူပဲ။ အစိုးရနဲ့ ပြည်သူက တသားတည်း ကျနေတယ်။ သူက ရှုံးတာချည်းပဲ ကြားနေရတော့ စိတ်ဆင်းရဲရတာ၊ အဲဒါကမှ စိတ်ဆင်းရဲရတာ။ မြတ်တာတွေပြောပြပါ၊ အရမ်းစိတ်ချမ်းသာချင်လို့ ကြားချင်ပါတယ်လို့ ပြောရမလို ဖြစ်နေတယ်။ ကျမ ပြောတာက ဘာဖြစ်လို့ တကယ်ရှိတာကို ရင်မဆိုင်ရဲရတာလဲ” ဟု သူက ဆိုသည်။ လက်ရှိသူက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးတွင် ဒါရိုက်တာ အိအိခိုင်နှင့်အတူ ဘဏ္ဍာရေးကဏ္ဍတွင် ပါဝင် တာဝန်ယူပေးနေသည်။ ထိုဇာတ်ကား၏ ဇာတ်ညွှန်းမှာ လုံးဝ ပြီးစီးပြီ ဖြစ်သောကြောင့် ၂၀၁၄ တွင် စတင် ရိုက်ကူးမည်ဖြစ်ပြီး ယခုအချိန်၌ အစစ ပြင်ဆင်ခြင်း၊ လိုအပ်သည့် ပစ္စည်းများ စုဆောင်းခြင်းတို့ ပြီးသလောက် ဖြစ်နေပြီဟု ပြောပြသည်။ နိုင်ငံခြားမှ ဒါရိုက်တာကို ငှားရမ်းရိုက်ကူးမည် ဖြစ်သောကြောင့် မြန်မာပြည်နှင့် သက်ဆိုင်သော၊ မြန်မာမှုနှင့် သက်ဆိုင်သော အချက်အလက်များ မှားယွင်းပျက်စီးပါက ပါဝင်စွက်ဖက်ခွင့်ရရေးကို ပြောဆို ထားသည်ဟု သူက ရှင်းပြသည်။ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ပါဝင်မည့်သူကို စစ်သင်တန်း တက်ခိုင်းထားကြောင်း၊ ဒေါ်ခင်ကြည်နေရာမှ သရုပ်ဆောင်မည့် သူကို သူနာပြုသင်တန်း တက်ခိုင်းမည် ဖြစ်ကြောင်းလည်း ထွန်းအိန္ဒြာဗိုထံမှ သိရသည်။ နိုင်ငံရေးတွင် စိတ်ပါဝင်စားလာပြီဖြစ်သော ထွန်းအိန္ဒြာဗို အနေဖြင့် ၂၀၀၈ နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ပြီးချိန် ပြည်သူလူထု၏ ဆန္ဒမပါဘဲ အတင်းအကျပ် အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို “ပြင်ရမည်” ဆိုသည်ဘက်တွင် ရှိကြောင်း ပြောသည်။ “ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ကိုပြင်ရမယ့် အချက်တွေ အများကြီးရှိတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက နာဂစ်ဖြစ်တဲ့အချိန် ပြည်သူတွေ ဒုက္ခရောက်နေတုန်း ဇွတ်အတင်းကို အတည်ပြုထားတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ စေတနာဆိုတာ မှားတယ်လို့ ကျမခံစားရတယ်” ဟု ထွန်းအိန္ဒြဗိုက ဆိုသည်။ သူက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်သူ တဦးဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်လျှင် အလုံးစုံ ပြီးပြည့်စုံသွားမည်ဟု မပြောနိုင်သော်လည်း ယခုထက် ပိုကောင်းလာမည်ဟု ယုံကြည် သူလည်း ဖြစ်သည်။ “အမေစုဟာ ပညာတွေလည်း အများကြီးတတ်တဲ့အပြင် နိုင်ငံတကာအတွေ့အကြုံ နိုင်ငံတကာ ပညာအသိအမြင်၊အကြားအမြင် ဗဟုသုတရော၊ တကယ်ရဲစွမ်းသတ္တိရော၊ တကယ် စွန့်လွှတ် အနစ်နာခံမှုတွေရော အရည်အချင်းတွေက ပြောလို့ မကုန်အောင် ပြောစရာစကား၊ တင်စားစရာ စကားလုံး မရှိလောက်အောင်ကို အများကြီး ပြည့်စုံတဲ့အတွက် အမေစုလို လူမျိုး သမ္မတမဖြစ်ရင် ဘယ်လိုလူမျိုးကို တင်ချင်ကြသေးတာလဲ လို့ပဲ ကျမမေးရမယ်။ အမေစုလောက် သမ္မတ ဖြစ်သင့်တာ မရှိဘူးလို့ ကျမခံစားရတယ်” ဟု သူက ပြောသည်။ ။
 
အေးချမ်းမြေ့


၈၈ များခင်ဗျာ ...

၈၈ များခင်ဗျာ ... ခင်ဗျားတို့ ဟာ ရာဇဝင်တွေနဲ့ သူရဲကောင်းဖြစ်ခဲ့ကြတဲ့သူတွေပါ ။ ကျွန်တော်တို့  တစ်တွေ ခင်ဗျားတို့ ဆီကနေတဆင့် ခွန်အားတွေ ၊ သတ္တိတွေ ၊ အားမာန်တွေ ၊ မျှော်လင့်ခြင်းတွေ ရခဲ့ကြ ယူခဲ့ကြရဖူးပါတယ် ။ ခင်ဗျားတို့ ရဲ့  အနစ်နာခံမှုတွေ ၊ စွန့် လွှတ်စွန့် စားခဲ့ရမှုတွေကို မြောင်းထဲလွှင့်မပစ်လိုက်ဖို့  ၊ ရာဇဝင်မရိုင်းစေဖို့  မျှော်လင့်ကြည့်ချင်ပါသေးတယ်ဗျာ ။ ခင်ဗျားတို့ လျှောက်နေတဲ့ လမ်းလေးကိုလည်းပဲ သိချင်ပါတယ် ။ သူရဲကောင်းဆိုတာ ကိုယ့်နေရာကိုယ် ဖန်တီးလို့ ရလာတာမဟုတ်ပါဘူး ။ ပြည်သူကတင်မြှောက်မှ သူရဲကောင်းဖြစ်တာပါ ဆိုတာလေးတော့ မမေ့ပါနဲ့ ပေါ့ဗျာ ။

(Credit to Pyay Chit Thu)
ကိုကိုကြီး ဟာ ၈၈ ကိုကိုယ်စားပြုသလား... အခု ကိုကိုကြီးက ပြောတယ် ။ အခြေခံဥပဒေပြင်ဖို့ ထက် ယုံကြည်မှုတည်ဆောက်ရေးက ပိုအရေးကြီးတယ်တဲ့ ။ ယုံကြည်မှုတွေကို ဘယ်သူနဲ့ ဘယ်...လို အချိန်ဘယ်လောက်လောက် တည်ဆောက်ယူရမှာပါလိမ့် ။ ယုံကြည်မှု တည်ဆောက်ချင်တယ်ဆိုရင် အရင်ဆုံးရှိရမှာက ၊ အရင်ဆုံးယူလာခဲ့ရမှာက အခြေံရိုးသားမှုပါ ကိုကိုကြီးခင်ဗျာ ။ ဒီလူတွေလောက်မယုံစရာကောင်းတာ ၊ ဒီလူတွေလောက် လောကမှာ ကလိန်ကကျစ်နိုင်တာ ၊ ဒီလူတွေလောက် ဗလောင်းဗလဲ တိုင်းပြည်ကိုအကြိမ်ကြိမ် ညာခဲ့တာတွေကို ကျွန်တော်တို့ ထက် ကိုကိုကြီးတို့ လိုလူတွေက ပိုသိ ပိုခံစား ပိုကြုံတွေ့ ခဲ့ကြပြီးဖြစ်မှာပါ ။ အခု ဘာလို့ ဒီအသံထွံက်ပြီး ဒီစကားမျိုးကို ဒီလိုအချိန်မှာ ပြောထွက်လာပါသလဲ ။ ၈၈တွေနဲ့ ပတ်သက်တဲ့ သံသယ အသံတွေအများကြီးထွက်လာခဲ့ဖူးပေမယ့် မဖြစ်ပါစေနဲ့  မမှန်ပါစေနဲ့ လို့ ပဲ ကျွန်ေတာ်တို့ ပြည်သူတွေ ဆုတောင်းမျှော်လင့်ခဲ့ကြပါတယ် ။ အခုအချိန်က ၂၀၀၈ ပြည်ဖို့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေ အရှိန်အဟုန်မြှင့်လာစဉ် ၊ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေ အရှိန်အဟုတ်မြင့်လာချိန်ပါ ။ ဒီအချိန်မှာ ဒါကိုပြင်ဖို့ ထက် ယုံကြည်မှုကိုတည်ဆောက်ချင်နေသေးတဲ့ ကိုကိုကြီးစကားကို ဘယ်လို နားလည်ပေးရပါ့မလဲ ။ အဝယ်ခံလိုက်ရပြီလား လို့  ကျွန်တော်တို့ မမေးရက်ပါဘူး ။ ပြီးတော့ ကိုကိုကြီးစကားဟာ ၈၈ တစ်ဖွဲ့ လုံးကို ကိုယ်စားပြုပါသလား ။ ကိုကိုကြီးဆိုတဲ့ လူတစ်ယောက်ရဲ့  ထင်မြင်ယူဆမှုသက်သက်ပါပဲလား မကွဲပြားပါ ။ ကျွန်တော်ပြောခဲ့ဖူးပါတယ် ။ ၈၈ မျိုးဆက်ဆိုပြီး အတွဲလိုက် သီအိုရီကြီးဟာ အများကြီး ရှုပ်ထွေးမှုတွေ တွေဝေမှုတွေကို ဖြစ်ပေါ်ပါစေလိမ့်မယ်ဆိုတာကို ။ အခုလည်း ကျွနတော်တို့ ဟာ အရှင်းဆုံးပြောရရင် အဝယ်ခံလိုက်ရပြီပဲထားပါတော့ ဒီအထဲမှာ ကိုကိုကြီးတစ်ယောက်ပဲလား ။ တစ်ဖွဲ့ လုံးလား ။ မင်းကိုနိုင်ရော ပါသွားပြီလား ။ ကျွန်တော်တို့ ယုံကြည်အားကိုးပြီး မျှော်လင့်လို့ ရမယ့်သူ ရှိနေသေးပါသလား သိချင်ပါတယ် ။ သိဖို့ လည်းလိုအပ်နေပါတယ် ။ ၂၀၀၈ အခြေခံ ဥပဒေပြင်ဖို့  ခင်ဗျားတို့ နှုတ်က ဘာတစ်ခုမှ မလှုပ်ဘူး ။ ဘယ်ကိစ္စမှာမှ ကြေငြာချက် သောက်တလွဲ ထုတ်တာက လွဲလို့  ခင်ဗျားတို့ မလှုပ်ဘူး ။ ခင်ဗျားတို့ မလှုပ်နိုင်အောင် အဝယ်ခံထားရတယ်ဆိုရင်လည်း ပြည်သူဆီက ခေါင်းဆောင်မှု အခန်းကဏ္ဍဆီကနေ တရားဝင်နှုတ်ထွက်ပါ ။ ဆိုးရော့စ် ရဲ့  ရန်ပုံငွေတွေနဲ့  ၈၈ ပတ်သက်မှု ၊ သမ္မတရဲ့ လယ်တောအိမ် ညှိနှိုင်းချက်တွေ ကျွန်တော်တို့  ရှင်းရှင်းလင်းလင်း သိချင်နေကြပါပြီ ။ ၈၈ တွေ အဝယ်ခံထားရတယ်ဆိုတဲ့ သတင်းစကားတွေ ကောလဟာလတွေဟာ ခင်ဗျားတို့ ရဲ့  ပေးဆပ်မှုကို သေးသိမ်စေနေကြလို့  တခုခု လုပ်ကြဖို့ လိုနေပါပြီ ။ ဟုတ်ရင်လည်း ဟုတ်တဲ့အလျောက် ၊ မဟုတ်ရင်လည်း မဟုတ်တဲ့အလျောက် ၊ တိတိကျကျ သိဖို့ လိုအပ်နေပါပြီ ။ ဘာလို့ လည်းဆိုတော့ ခင်ဗျားတို့ ပြောခဲ့တယ် ။ လက်ပတောင်းတောင်ကိစ္စမှာ ခေါင်းရှောင်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မပါခိုင်းတာ ပါ ၊ လက်ရှောင်နေခိုင်းတာပါ ဆိုတဲ့ သတင်းစကားတွေ ထွက်ခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်က လက်မတွဲတာပါဆိုတဲ့ ကောလဟာလတွေကိုလည်း မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ကျွန်တော်တို့  ညည်းငွေ့ နေကြပါပြီ ။ ခင်ဗျားတို့ ဟာ သူများလက်ကမ်းပေးမှ ထနိုင်တဲ့ ၃ နှစ်သား ကလေးတွေ မဟုတ်တော့ပါဘူး ။ ၈၈ များခင်ဗျာ ... ခင်ဗျားတို့ ဟာ ရာဇဝင်တွေနဲ့ သူရဲကောင်းဖြစ်ခဲ့ကြတဲ့သူတွေပါ ။ ကျွန်တော်တို့  တစ်တွေ ခင်ဗျားတို့ ဆီကနေတဆင့် ခွန်အားတွေ ၊ သတ္တိတွေ ၊ အားမာန်တွေ ၊ မျှော်လင့်ခြင်းတွေ ရခဲ့ကြ ယူခဲ့ကြရဖူးပါတယ် ။ ခင်ဗျားတို့ ရဲ့  အနစ်နာခံမှုတွေ ၊ စွန့် လွှတ်စွန့် စားခဲ့ရမှုတွေကို မြောင်းထဲလွှင့်မပစ်လိုက်ဖို့  ၊ ရာဇဝင်မရိုင်းစေဖို့  မျှော်လင့်ကြည့်ချင်ပါသေးတယ်ဗျာ ။ ခင်ဗျားတို့ လျှောက်နေတဲ့ လမ်းလေးကိုလည်းပဲ သိချင်ပါတယ် ။ သူရဲကောင်းဆိုတာ ကိုယ့်နေရာကိုယ် ဖန်တီးလို့ ရလာတာမဟုတ်ပါဘူး ။ ပြည်သူကတင်မြှောက်မှ သူရဲကောင်းဖြစ်တာပါ ဆိုတာလေးတော့ မမေ့ပါနဲ့ ပေါ့ဗျာ ။
     

စစ်ထောက်လှန်းရေးကြောင့် အန်ကယ်လ်ကိုခဏခဏစိတ်တိုရတဲ့ကျွန်မ *

စစ်ထောက်လှန်းရေးကြောင့် အန်ကယ်လ်ကိုခဏခဏစိတ်တိုရတဲ့ကျွန်မ *
###########################################
၁၉၉၅ ဒီဇင်ဘာ လကုန်ခါနီးမှာအန်ကယ်လ်နဲ့ ကင်း(မ)တို့ မြန်မာပြည်သွားဖို့ ဗီဇာ ရပါတယ်။ အလက်ဇန္ဒားက အမေရိက ကနေသွားမှာပါ ။အန်ကယ်လ်မိုက်ကယ်လ်တို့မိသားစုလေးစုစုစည်းစည်းနေရမဲ့အချိန်ပေါ့။အဲဒါကတော့အန်ကယ်လ်ရဲ့နောက်ဆုံးမြန်မာပြည်ကိုခြေချခြင်းပါပဲ။

မသွားခင် အန်ကယ်လ်က မေမေစုရဲ့အ၀တ်အစားတွေကို နေထုတ်လှန်းပါတယ်။ ပိုးထည်လေးတွေက နှစ်ရှည်လများမို့ ခေါက်ရိုးလေးတွေတော်တော်ပဲကြိုးနေပါတယ်။...
အဲဒီမေမေစုပစ္စည်းတွေထဲက သေးသေးမွှားမွှားလေးတွေကို ကျွန်မက တကယ်ပဲသဘောကျပါတယ်။ အဲဒီထဲမှာ ကျွန်မလိုချင်နေတာက ဂျပန်ကခေါက်ယပ်တောင်လေးပဲ။ဒါပေမဲ့အန်ကယ်လ်ကတကယ်ပဲအမြတ်တနိုးတန်ဖိုးထားနေတာကြည့်ပြီးဘာမှမပြောရက်ခဲ့ပါဘူး။

အန်ကယ်လ်က ကျွန်မကို မေမေစုရဲ့ အပ်ချုပ်စက်လေးကိုထုတ်ပေးပါတယ်။ ကျွန်မကလဲ ချက်ခြင်းပဲ အစသွားဝယ်ပြီး မေမေစုမိသားစုအတွက် အင်္ကျီတွေချုပ်ပါတော့တယ်။ ကင်း(မ)ကတော့ အင်္ကျီရရခြင်း ၀တ်ပြီးသူ့သူငယ်ချင်းတွေအိမ်ကိုလှည့်ပြီးကြွားပါတော့တယ်။ တကယ်တန်းမြန်မာပြည်သွားတော့ အဲဒီအင်္ကျီလေးပါမသွားခဲ့ပါဘူး။

အလက်ဇန္ဒားကိုတော့တခါမှမမြင်ဘူးပါဘူး။ ဒါပေမဲ့အန်ကယ်လ်က ကျွန်မတို့ရဲ့ သီလရှင်ကျောင်းကိုအလက်ဇန္ဒားကို အလည်လွှတ်လိုက်ပါတယ်။ တကယ်တော့လာရှိုးလေယာဉ်ကွင်းမှာထဲက ပါတ်(စ)ပို့ ဗီဇာ အကုန်ပြကြရတာပဲလေ။အဲဒီတုန်းကသူတို့သေသေချာချာမလုပ်ကြပါဘူး။ဇန္တွဝါရီ ၌ရက်နေ့မှာ ကျွန်မတို့ကျောင်းက လွတ်လပ်ရေးနေ့နဲ့အတူALEX ကိုနှုတ်ဆက်ပွဲလေးလုပ်ပေးကြပါတယ်။နေ့လည်ဘက် ALEX က
ဈေးဘက်လျှောက်လည်တော့ သူများတွေက မေမေစုသားမှန်း
သိပြီးဝိုင်းအုံနှုတ်ဆက်တာကို ထောက်လှမ်းရေးတွေက ကျွန်မတို့ဆရာတော်ဆီ ဖုန်းဆက်ပြီးခင်ဗျားတို့ဘုန်းကြီးလာခေါ် လူရှုပ်တယ်တဲ့။ ALEX တို့ပြန်တဲ့နေ့ကားထွက်မှ မေမေစုသားဆိုတာကိုသူတို့သိကြပါတော့တယ်။ ကားထွက်မှကျောင်းမှာဟိုစစ်ဒီစစ်လုပ်တော့တာပါပဲ ။

မြန်မာပြည်ကပြန်လာပြီးအန်ကယ်လ်က အဲဒီအကြောင်းတွေကိုပြောပြီး ရယ်ပါတယ်။ နောက်ပိုင်းနင်တို့မြန်မာပြည်ကထောက်လှန်းရေးတွေကလေလို့ပြောရင် ကျွန်မက စိတ်တိုတော့တာပဲ ။ ကျွန်မမကြိုက်မှန်းသိလေ အန်ကယ်လ်က အမြဲစလေပါပဲ ။ ကျွန်မဘက်ကစစ်ကူကတော့ ကင်း(မ)ပဲပေါ့ ။ ဒါပေမဲ့သူကူတဲ့အကူက " ဒက်ဒီရယ် အက်(စ)တာမကြိုက်တာမစပါနဲ့ ။သူ့လူတွေမကောင်းတာသူသိပါတယ် ။ ဒါပေမဲ့ သူတို့တွေက နိုင်ငံနဲ့လူမျိုးအတော်ချစ်တာဒယ်ဒီသိသားနဲ့"တဲ့ ။ကင်း(မ)ပြောသွားတဲ့စကားကိုအန်ကယ်လ်ကရယ်

နေပေမဲ့ ကျွန်မကတော့ကင်း(မ)ကို မျက်စောင်းပဲထိုးလိုက်နိုင်ပါတယ်။
 

 


Tuesday, 17 December 2013

အန်ကယ်လ်မိုက်ကယ်လ်ပြောလို့သိခဲ့ရသောမေမေစုအကြောင်းများ ( ၁ )*
************************************************...

အန်ကယ်လ်ကမေစုကို စာကြည့်တိုက်တခုရဲ့ရှေ့မှာ စတင်မြင်တွေ့ခဲ့ပါတယ်။
နိုင်ငံခြားသူတွေ စကပ်ဘောင်းဘီဝတ်တွေကြားမှာ မြန်မာဝတ်စုံကို တလေးတစားဝတ်တဲ့မေမေစုက အားလုံးရဲ့ရှေ့မှာ ထူးဆန်းနေမှာပါပဲ။
ဗိုလ်ချုပ်ရဲ့သမီးမှန်းသိလို့မဟုတ်ပဲ ထူးခြားတဲ့အလှတခုကိုမေစုက
ပိုင်ဆိုင်ထားပါတယ်တဲ့။

အဲဒီနေ့ကစပြီးအန်ကယ်လ်ကနည်းအမျိုးမျိုးနဲ့မေစုကိုချည်းကပ်ပါတယ်။
၂ နှစ်လောက်နေတော့မေစုက မြန်မာဓလေ့ထုံးထမ်းစဉ်လာတွေကိုပြောပြပါတယ်။
အိမ်ထောင်ဦးစီးဖြစ်မဲ့သူတွေဟာ ရှေ့ကနေမားမားမတ်မတ်ရပ်တည်နိုင်ရမယ်။
အဲဒီအချိန်ကစပြီးအန်ကယ်လ်မိုက်ကယ်လ်က ဘူတန်မှာဆရာအဖြစ်နဲ့
ရပ်တည်ဖို့ကြိုးစားပါတော့တယ်။

ဘူတန်ရောက်တော့လဲ မေစုကို လာလည်ဖို့ဖိတ်ပါတယ်။
မေစုက မြန်မာအမျိုးသမီးတွေက လက်မထပ်ရသေးပဲနဲ့ယောင်္ကျားတယောက်
နောက်ကိုသွားလည်တယ်ဆိုတာ မြန်မာလူမျိုးတွေမှာ ထုံးစံမရှိဘူးလို့ပြောခဲ့ပါတယ်။
တကယ်တန်းလက်ထပ်ဖို့ရည်ရွယ်တော့လဲ တစ်နေ့နေ့မှာမြန်မာပြည်အတွက် အလုပ်ပြန်လုပ်ရရင်ခွင့်ပြုမလား ခွင့်ပြုမယ်ဆိုမှ အန်ကယ်လ်ကိုလက်ထပ်ပါတယ်။

လက်ထပ်တော့လဲ အင်္ဂလိပ်တို့ထုံးစံမဟုတ်ပဲ စုလျှားရစ်ပတ်ခြင်းလို့ခေါ်တဲ့ မြန်မာဓလေ့ထုံးစ့နဲ့ခရုသင်းမှုတ်ပြီးလက်ထပ်ခဲ့ပါတယ် ။ မင်္ဂလာဝတ်စုံကိုလဲ မြန်မာဆန်ဆန်ပိုးထည်နဲ့ မေစု ကိုယ်တိုင်ချုပ်ပြီးဝတ်ခဲ့ပါတယ်။

နိုင်ငံခြားသားတွေဟာကလေးတွေကိုမွေးပြီးရင် အတူမအိပ်ကြပါဘူး။ မေစု ကတော့ သားနှစ်ယောက်လုံးကို နို့ချိုတိုက်ကြွေးပြီးမြန်မာပီသ ပြခဲ့ပါတယ်။ ကင်း(မ) ညဘက်မအိပ်လို့ နေ့လည်ဘက်မှာဖယောင်းတိုင်ထွန်းပြီး ကလေးကို ခြေရင်းဘက်ခေါင်းပြုသိပ်တဲ့ ရှေးထုံးကိုမပယ်ပဲ မေစုက ကျင့်ကြံခဲ့ပါတယ်

မေစုက ကလေးတွေကိုကလေးထိန်းနဲ့မထားပဲ သူမ ကိုယ်တိုင်တာဝန်ယူခဲ့ပါတယ်။
အန်ကယ်လ်ရဲ့ပြောစကားထဲမှာ တစ်ခုကတော့အထင်အရှားမြန်မာပြည်မှာပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့အချက်ပါပဲ ။
မြန်မာပြည်ကိုလက်ထပ်ပြီးကာစ ပြန်လည်မယ်လုပ်တော့ မေမေစုက မစ်ကီ (အန်ကယ်လ်ကိုမေစုခေါ်သောအမည် ) မြန်မာပြည်မှာ ကိုယ့်ထက်အသက်ကြီးတဲ့လူတွေရှေ့ရောက်ရင် ခေါင်းငုံ့သွားရတယ်နော်တဲ့။
မြန်မာယဉ်ကျေးမှု့နဲ့ ဓလေ့ကိုတန်ဖိုးထားတတ်သော သူတပါးအားတန်ဖိုး ရှိအောင်ပြောပြသော မေမေစုအကြောင်းများ ( အန်ကယ်လ်ပြောပြလို့သိခဲ့ရသော
မေမေစု အကြောင်းများ ) ကို နောက်ရက်တွင်ဆက်လက်တင်ပေးပါမည်။

                                                                            လေးစားစွာဖြင့်
                                                                            ESTHER OHNMAR.



 


Monday, 9 December 2013


ကြိုက်သည်ဖြစ်စေ ....မကြိုက်သည်ဖြစ်စေ (၁)

ကျနော့် ဒေါက်တာ့ (ဦး )ကျော်မြင့်

လူသဘော သဘာ ၀ အရ မကောင်းတာကိုပဲပြောတတ်ကြ တယ် ဆိုပေမဲ့ ကောင်းတာလည်း ချီမှါမ်းတတ်ရမယ် မပာုတ်လား.....။ အခု ရက်ပိုင်းအတွင်း ပြောချင်နေတာ လေးတခုတော့ ရှိနေတယ် ။ ကျနော် ဆစ်ဒနီ မှာ နေလာခဲတဲ့ (၈)နှစ် အတွင်း သိကျွမ်းခင်မင် ခဲ့ဖူးသူတယောက် အကြောင်းပါ ..။...
အခု ကျနော် ချီမမ်းချင်တယ် ။ တော်ကြာ မျက်နှာလို မျက်နှာရ ဖားတယ် လိုလဲ ဆိုကြဦးမယ် ။ ဒါပေမဲ့ ကျနော် ကတော့ ကိုယ်မှန်တယ်ထင်ရာကို ပြောလို့ အပြစ်ဖိုကြရင်လည်း ဂရုစိုက်မဲသူတော့ မပာုတ်ဘူးရယ် ။
ကျနော် နေထိုင်ရာ အရပ် ပာာ ကိုယ် ကြိုးစာရင် ကြိုးစားသလို အသီးအပွင် ကို အပြည် အ၀ ခံစားပိုင်ခွင့် ရှိတဲ့ အရပ်ပါ .....။ အချိန်နဲ့ အမျှ ... အလုပ်ပေါ် မူတည်ပြီး ၀င်ငွေ ကောင်းလှတဲ့ နိုင်ငံပေါ့....။သာမာန် အလုပ်သမားတယောက် ၀င်ငွေပာာ (၇)ရက် တပါတ်ကို ၆၀၀ ကျော် ၇၀၀ လောက်ဝင်ငွေရှိပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် ဒီနိုင်ငံ ရောက်လာပြီး မိမိ အကျိုးစီးပွား အတွက်နဲ့ ဘ၀ကို ရင်းနှီးမြှတ်နှံသူတွေ ရှိကြသလို .... တချိုလည်း ကိုယ်ကျိုး နဲ့ အများ အကျိုး မျှတ စွာ ရပ်တည်နေသူတွေလဲ ဒုနဲ့ ဒေး ပါပဲ ....။ တချို ကြ ပြန်တော့လည်း အများအကျိုးဆိုတာကို ဦးစားပေးသူတွေရှိကြပါတယ် ။ အခု ကျနော် ပြောချင်သူ ကတော့ ဘယ်ထဲပါမယ် ဆိုတာ မိတ်ဆွေတိုပဲ ဆုံးဖြတ်ကြပါ ....။
ကျနော် သူကိုခင်မင်ရင်းနှီးခွင့်  ရခဲတာ လွန်ခဲ့တဲ့ (၄) နှစ်ကျော် (၅)နှစ်လောက်က စခဲတယ် ပဲ ဆိုရမှာပေါ့ ။ ကျနော်နေထိုင်ရာ အိမ်နဲ့  မနီးမဝေးမှာ သူဆေးခန်းရှိပါတယ် ။ ဒါကြောင့် ဆေးသွားကုဖြစ်တယ် ဆိုပါတော့...။ကျနော် ရောက်သွားတိုင်းသူဆေးခန်းပာာ လူနာ အပြည်နဲပါပဲ ။ကြိုတင် ပြီးBook မလုပ်ထားဘူးဆိုရင် တစ်နာရီခွဲ နှစ်နာ ရီ လောက် ကိုယ်အလှည်ကျဖို့ စောင့် ရတတ်ပါတယ် ။မြန်မာ လူမျိုးများဆေး လာကု ကြသလို့  လူမျိုးကြားအများစုလဲ တွေရတတ်ပါတယ် ။ တွေ့ တိုင်း ကြည်လင် ရွှင်ပြသော အသွင်နဲ့ သူကိုတွေရ ပါတယ် ။ မကြည်လင်တဲ့မျက်နှာ ...စိတ်ရှတ်ထွေးပြီး အလေးအနက် မရှိတဲ့ မျက်နှာ မျိး တခါမှ မတွေဖူးခဲပါ ။ လူနာကို စိတ်ချမ်းသာအောင် ပြောပြတတ်သလို့  ရောဂါ အခြေ အနေကိုလည်း ပြည်စုံအောင် ရှင်းပြတတ်တာကြောင့်ထင်ပါရဲ့  သူဆေးခန်း လူပြည်နေတတ်တာ ။ ဒီနိုင်ငံမှာ ဆေးခန်းထိုင်တဲ့ ဆရာဝန်းတိုင်းပာာ ၀င်ငွေ အတော် ကောင်းပါတယ် ။ သူကတော့ သူဆေးခန်းနဲ့ သူဝင်ငွေ ကောင်းဖိုတင်ရပ်တည်နေတဲ့ ဆရာဝန်မပာုတ်တာတော့ သေချာတယ် ။ သူဆေးခန်ထဲမှာ မြန်မာ ဒီမို ကရေစီ အရေးနဲပါတ်သက်တဲ့ စာရွက် စာတမ်းတွေ လက်ကမ်းစာစောင်တွေ ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေ ပန်းချီကားတွေ ၊ တွေ ရတာပာာ အခု မြန်မာနိုင်ငံ ခေတ်ကောင်းလာမှရယ် မပာုတ်ပါ ပိာုလွန်ခဲတဲ့ နှစ်တွေ ကတည်းက ရှိနေတာပါ ။ ဒါတွေကို လူမြင်ကောင်းရုံ တင်ထားဆွဲထားတာမပာုတ် ...။ သူကိုယ်တိုင်လဲ မြန်မာ ဒီမိုကရေစီ အရေးအတွက် ဆိုရင် အမြဲတက်ကြွစွာ ပါဝင်လှုတ်ရှား တတ်သူပါ ။ ငွေအားလူအား ဘယ်တော့မှ နှောင်နှေးတတ်သူမပာုတ် ....။ဘာသာရေး ၊လူမှု့ ရေး နိုင်ငံရေး ဘယ်အရေးမှာမဆို တက်ကြွသူတယောက်ပါပဲ ။ ဘုန်းတော်ကြီးကျောင်းများရဲ့  အလှု ဆိုလည်း သူပါတာပဲ ..။ မြန်မာနိုင်ငံ အတွက် လူမှု့ အထောက်အကူ ပြု အလှဲ ဆိုလဲ သူရှေတန်းကပါပဲ ။ နိုင်ငံရေး အခမ်းအနားတွေ လှတ်ရှားမှု့ တွေဆိုလဲတက်ကြွသူပာာ သူပါပဲ ။ဘယ်နေ ဘယ်မှာ ဘယ်လို နိုင်ငံရေးအခမ်းအနားတွေ ရှိနေရှိနေ ....သူဆေးခန်းကိုပိတ်ပြီး ပြုံရွှင်စွာ သူရောက်လာတတ်ပါတယ် ။ မြန်မာ နိုင်ငံရေးနဲ့ မြန်မာ လူမျိုးစုတွေ အတွက်ဆို သူအတွက် အဆင်သင့်ဖြစ်နေပုံရပါတယ် ...။သူဇနီးကလည်း သူလုပ်သမှ ကျေနပ်ထောက်ခံနေသူတဦးပဲထင်ပါရဲ့  ။သေချာတာက သူဇနီပာာ တမူးရလို တပဲလှု ဆိုတဲ့ရှမ်းအမျိုးသမီးလေ ...။ တလောက ကျင်းပ သွားခဲ့တဲ့ ABSDF နှစ်ပါတ်လည် ပွဲ မှာ မိတ်ဆွေတယောက် ချီးမွှမ်းသွားတာလေး ပြန်ပြောပါဦးမယ် ၊(ကျနော်သာ ထီပေါက်ခဲ့ ရင် .....ဆရာ အတွက် ခန်းမ ကြီးတခုဝယ်ပေးပြီး ဆရာလုပ်ချင်တဲ့ နိုင်ငံရေးအခမ်းအနားတွေလုပ်ခွင့် ကောင်းကောင်းရအောင် လှု လိုက်ချင်ပါတယ် )တဲလေ .....။ကျနော် ဆက်ချီးမွှမ်းနေရင် လွန်ကာကြရောမယ် ။ မလိုသူတွေကတော့ နှာခေါင်းရှုံကောင်းရှုံ ပါလိမ်မယ် ။ ကျနော် အမြင်ကတော့ ကျနော်တို့  နေထိုင်ရာ Sydney အတွက် ....ကျနော်တို့ မြန်မာနိုင်ငံအတွက် သူလို လူတွေများစွာ လိုအပ်လှပါတယ် ........။ ဘယ်သူဆိုတာ ဓါတ်ပုံကြည်ရင် သိပါလိမ်မယ် ......။ ဘယ်ပွဲ ဘယ် အခမ်းအနားမဆို မြန်မာတိုက်ပုံ နဲ့ ဘောင်ဘီ တွဲဝတ်တတ်တဲ့ ကျနော် ဆရာပေါ့................


ခိုင်ကိုဦး (ဆစ်ဒနီ)
၉ . ၁၂. ၂၀၁၃
အမေ (သို )ဒေါ်အောင်ဆန်းစုကြည်

အမေ .........
အရွယ်အိုနေပြီ........
ခံယူချက်ကတော့မအိုသေး .......။...

အမေ.......
ပါးရည်တွေတွန်နေပြီ .........
ယုံကြည်ချက်ကတော့ နောက်မတွန့် သေး.....။

အမေ...........
အလံဖြူတော့ မပြသေး ..........။

၂၇ .၁၂. ၂၀၁၃ ဆစ်ဒနီ လေယာဉ်ကွင်း လက်ဆွဲ နှုတ်ဆက်စဉ် ခဏ ခံစားမိခြင်း ။
ခိုင်ကိုဦး (ဆစ်ဒနီ)
See More




Facebook ပေါ်မှ ရှယ်လိုက်ပါသည်


 
 
လို တဲ့ စကား ကို ဆွဲ သုံးလို့ရ အောင် တရားဝင်၂ မျိုးပြောထားတာ ယုံလွယ် သူ အမှားပဲ မှတ် ! :::::::::::::::::::::::::::::::::::::::::::::: အ ခု လဲ လူ မ ပြောင...်း သ ရွှေ့ အကျင့် မ ပြောင်းဘူး! အ ပေါ် ဝတ် စုံ လေး ပြောင်းပြီး ဟို ဟာ လေး ဒီဟာ လေး လောက် လုပ် ပေး တာ / လိုက် ရော တာ က က လေး မုန့်ကြွေးတဲ့ သ ဘော ပါ။ သူတို့ အထိ မခံ နိုင် တာ တွေ ရှိ တာ သတိထားပြီး ကြည့် ကြည့်ပါ။ အချိန် မ ရွှေး သူတို့ လုပ် ချင် တိုင်းလုပ် လို့ ရ တဲ့ အ နေ အထား မှာ ပဲ ရှိ နေ အုံးမယ်ဆို ရင် ပြည် သူ တွေ အတွက် သူတို့ ပေး မဲ့ အခွင့် အ ရေး တွေ ဟာ ခွေးရှူးကောင်းစား တစ်မွှန်းတက် အခွင့် ရေး မျိုး ဖြစ် နေမယ်ဆိုတာ မ မေ့ ပါ နဲ့ !! အ ဖြစ် မခံဖို့ စဉ်းစားသင့် သတိ ပြု့သင့် ပါတယ်။ က လေး တွေ လို လက် ရှိ ဆန္ဒလောက် ပဲ ကြည့်တတ် တဲ့ ပြည်သူ ဆို ရင် တော့ အနာဂတ် ဘဝ တွေ နဲ့/နိုင် ငံ ရပ် တည် မူ့တွက် ပညာရေး/ စီပွှားရေး / နည်းပညာ ပြည် သူ ကို ကာ ကွယ် ပေးမဲံ့ ဥပဒေ တွေ အစစ ရာ ရာ အများကြီး ဆုံးရှူုံးနေ အုံးမယ် ! ကိုယ့် ဘဝ/ကိုယ့်ရွှေးချယ် မူ့ တွေ ပိုင် ဆိုင် နိုင် ဖို့ ! တောင်းဆို မူ့ တွေက လဲ နည်းလမ်းကျကျ ဦးစား ပေးသင့်တာ တွေ ဖြစ် ကြပါ စေ! တိုင်းပြည် ဆူပူမူ့ နဲ့ ရင်း ရ မဲ့ ပြသနာတွေ ကြားက တောင်းဆို မူ့ တွေ တိုင်းမှာ တစ်နှပ်စား တောင်းဆို မူ့ မျိုး ထက် ရေရှည် ကိုယ့်လက် ထဲမှာ ရှိ နိုင် မဲ့ ဥပ ဒေ ပိုင်း / ပညာ ရေး နဲ့ တခြား အလားတူ တွေ ကို ဦးစားပေး သင့် ပါတယ်။ စေ တနာ အမှန် နဲ့ ''''''''''''''''''''''''''''''''''''''''''' ကိုယ့်တိုင်းပြည် /့ကိုယ့် လူ မျိုး ကို ချစ် နိုင် /ပေးစပ် နိုင် မဲ့ ခေါင်းဆောင်/ ကာ ကွယ် နိုင် မဲ့ ဥပ ဒေ အ ရင် ရ ဖို့ နဲ့ အတူ !! အဆင့်မြင့် လွှတ်လပ်တဲ့ အုပ် ချူပ်ရေးတွေ/ ဒီမို က ရေ စီ စတာ တွေကို လိုက်မီ နိုင် မဲ့ အ တွေး အ ခေါ်/ ပညာရေး တွေ မ ရ ရှိ သ ရွေ့ ဘယ် စနစ် နဲ့ အုပ်ချူပ် အုပ်ချူပ် ဒီတိုင်းပြည် ဘယ် တော့မှ မ အေးချမ်းနိုင် ဘူး မတိုးတက် နိုင် ဘူး ဆို တာ သတိ ရှိ ကြ ပါ စေ !!
     

Saturday, 7 December 2013

ကိုင်း.....ဘယ်နှယ်ရှိစ .....

စစ်အစိုးရ၏ ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာမှု.များအား ဖော်ပြမည်'s photo.




အနက်ရောင် တီရှပ်ဝတ်ထားတဲ့ လူအုပ်စုတစ်စုက မိချောင်းကန် ဆန္ဒပြသူတွေကို ဝင်ရောက်စီးနင်း

အနက်ရောင် တီရှပ်ဝတ်ထားတဲ့ လူအုပ်စုတစ်စုက မိချောင်းကန် ဆန္ဒပြသူတွေကို ဝင်ရောက်စီးနင်း
**********************************************************

သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မြေနေရာအငြင်းပွားမှုမှာ ဆန္ဒပြသူတွေနဲ့ လူအုပ်စု ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာ ဆန္ဒပြသူ ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်၊ ဒဏ်ရာရရှိသူများကို ဆေးရုံးသို့ ခေါ်ဆောင်သွားပါတယ်၊
အနက်ရောင် တီရှပ်ဝတ်ထားတဲ့ လူအုပ်စုတစ်စုက ဝင်ရောက်စီးနင်းရာမှာ သပိတ်စခန်းဖွင့်ထားတဲ့ ဘုရားဝင်းအနီးက ဆန္ဒပြသူတွေနဲ့ ရုန်းရင်းဆန...်ခတ်ဖြစ်ခဲ့တာပါ။

photo: RFA/ Win Naing,
 




ဒါလား ပြုပြင်ပြောင်းလဲနေပါတယ် ဆိုတဲ နိုင်ငံ .......

 
အာဏာ ရှင် စရိုက်အမှန်တွေ ပေါ်လာပြန်ပြီ......ဒါလား ပြုပြင်ပြောင်းလဲနေပါတယ် ဆိုတဲ နိုင်ငံ .......
 
 
မိချောင်းကန် ဘိုးဘွားပိုင်မြေ ပြန်ရရေးအတွက် ဆန္ဒပြလူထုကို ဒီကနေ့ ဝင်ရောက်ရမ်းကားသွားတဲ့ ကာကွယ်ရေးဦးစီးချုပ် ကြည်း လက်အောက်ခံ အနက်ရောင် ဂိုဏ်းသားတဦး 

Friday, 6 December 2013

ဖားတပိုင်းငါးတပိုင်း ဒီမိုကရေစီ စနစ် မျိုး မလိုချင်တဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ကျနော် သိတဲ့ ကျနော် ယုံကြည်တဲ့ ကျနော် ခေါင်ဆောင် အန်တီ ဒေါ်အောင်ဆန်းစုကြည် နဲ့  နီးနီးကပ်ကပ် နေခွင့်ရတဲ့ လုံခြုံရေးလူငယ် ဘ၀ တုန်းကပေါ့ ......။ တခါ (ဘာကြောင်ရယ် မမှတ်မိ ) စကားစပ်မိရင်း ကျနော် ကပြောမိတယ် ..၊ ပေါင်မုန် ကို ငပိကြော် နဲ့ တွဲ စား...လဲ ကောင်းတာပါပဲ ဆိုတော့ အန်တီက သားရယ် ပေါင်မုန်ပာာ ထောပတ် တို့  စတော်ဘယ်ရီ ယိုတိုနဲ့ ပဲ လိုက်ဖက်ပါတယ် ၊ ငပိကြော်ဆိုတာလဲ ထမင်းနဲ ပဲလိုက်ဖက်ပါတယ် တဲ့ ....... ကျနော် ရုတ်တရက် အမှတ်ပြန်ရမိပါတယ် ......။ အန်တီ က သူချစ်တဲ့ ပြည်သူလူထု ကြီးကို ဖားတပိုင်းငါးတပိုင်း ဒီမိုကရေစီ စနစ် မျိုး ပေးချင်မှာ မပာုတ်တာတော့ အသေအချာပါပဲ ......
    
                                                                                 ခိုင်ကိုဦး (ဆစ်ဒနီ)
                                                                                 ၇ .၁၂ . ၂၀၁၃ ။

 
အပေါ်ယံဟန်ဆောင်ဒီမိုကရေစီမျိုး ကျမတို့ အလိုမရှိဘူး။ ကျမတို့လိုချင်တာ နေ့တဓူဝ အခြေခံကျတဲ့ ရာသက်ပန်
ဒီမိုကရေစီ....

ဒေါ်အောင်ဆန်းစုကြည် (6-12-2013)

"We don't want democracy as window dressing;...
we want democracy as daily life"

Aung San Suu Ky
Women's Forum Myanmar 2013

 
 



ထေရ၀ါဒ အစစ်အမှန် ပြန်ပွား တည်နိုင်ပါစေ

ကျေးဇူြး့ကီးလှပါတယ် .ထေရ၀ါဒ အစစ်အမှန် က လောဘ ၊ဒေါသ ၊ မောပာ ကင်းစင်ပြီး သူတပါး အကျိုးကို မယုတ်စေပါဘူး ၊ ၀ါရင့် သဘာရင့် ဆရာတော် ကြီးများ က ကိုယ်ခြံစည်းရိုး ကိုယ်လုံအောင်ကာဖို့ ပဲ ပောာပြော သင်ကြားပါတယ် ။ဘယ်ဘာသာကို မုန်းရမယ် ၊ ဘယ်ဘာသာ ကိုတိုက်...ခိုက် ခြေမှုံးရမယ် လို ပြောသံမကြားမိပါဘူး ။ တချိုသော ဆရာတော် ကြီးများက ဆို လူသားဘ၀ရဲ့ ကိုယ်းကွယ်ဆည်းကပါ စရာ အစစ်အမှန်ကို မသိနားမလည် တဲ့ အတွက် အင်မတန်သနားဖွယ် ကောင်းသူတွေလို့ မှတ်ယူပြီး လမ်းမှန်ကို မြင်နိုင်သိနိုင်အောင် ကူညီဖေးမ ပေးရမယ် လိုတောင်မှ မှာကြားခဲ့ကြတာကို နာယူဖူးပါတယ် ။
                            ထေရ၀ါဒ အစစ်အမှန် ပြန်ပွား တည်နိုင်ပါစေ ........
                                                                                   ခိုင်ကိုဦး (ဆစ်ဒနီ)
                                                                                   ၇ . ၁၂ . ၂၀၁၃ ။
" အကြောင်းကို ရှာကြည့်တတ်ရမယ် "


စေတနာက လောဘနဲ့တွဲရင် ငါရဖို့ချည်းဖြစ်လာတတ်တယ်။
နောက် အဲဒီစေတနာကပဲ ဒေါသနဲ့တွဲလိုက်ရင် သတ်ဖြတ်ဖို့ဖြစ်တတ်တယ်။
မောဟနဲ့တွဲ လိုက်ပြန်တော့ ပညာမဲ့တာတွေဖြစ်လာတယ်။...

မကောင်းတာတွေဘာကြောင့်ဖြစ်လာလဲမေးရင် စေတနာနဲ့
မကောင်းနဲ့ အကြောင်းသုံးပါးတွဲမိလို့…ဒါပဲ…။

လောဘနည်းအောင်ကျင့်ရင် သူများ အတွက်ဆောင်ရွက်တတ်လာတယ်။
ဒေါသနည်းအောင်ကျင့်သုံးရင် ငြိမ်းချမ်းရေးဖြစ်တယ်။
မောဟနည်းအောင်ကျင့်ရင်တော့ ပညာတတ်တွေဖြစ်လာကြမယ်။

ကောင်းတာတွေဘာကြောင့်ဖြစ်ဆိုရင် စေတနာနဲ့
ကောင်းတဲ့..အကြောင်းသုံးပါးပေါင်းမိလို့.. ဒါပဲ…..။

(သီတဂူဆရာတော်ကြီး)