Tuesday, 17 December 2013

အန်ကယ်လ်မိုက်ကယ်လ်ပြောလို့သိခဲ့ရသောမေမေစုအကြောင်းများ ( ၁ )*
************************************************...

အန်ကယ်လ်ကမေစုကို စာကြည့်တိုက်တခုရဲ့ရှေ့မှာ စတင်မြင်တွေ့ခဲ့ပါတယ်။
နိုင်ငံခြားသူတွေ စကပ်ဘောင်းဘီဝတ်တွေကြားမှာ မြန်မာဝတ်စုံကို တလေးတစားဝတ်တဲ့မေမေစုက အားလုံးရဲ့ရှေ့မှာ ထူးဆန်းနေမှာပါပဲ။
ဗိုလ်ချုပ်ရဲ့သမီးမှန်းသိလို့မဟုတ်ပဲ ထူးခြားတဲ့အလှတခုကိုမေစုက
ပိုင်ဆိုင်ထားပါတယ်တဲ့။

အဲဒီနေ့ကစပြီးအန်ကယ်လ်ကနည်းအမျိုးမျိုးနဲ့မေစုကိုချည်းကပ်ပါတယ်။
၂ နှစ်လောက်နေတော့မေစုက မြန်မာဓလေ့ထုံးထမ်းစဉ်လာတွေကိုပြောပြပါတယ်။
အိမ်ထောင်ဦးစီးဖြစ်မဲ့သူတွေဟာ ရှေ့ကနေမားမားမတ်မတ်ရပ်တည်နိုင်ရမယ်။
အဲဒီအချိန်ကစပြီးအန်ကယ်လ်မိုက်ကယ်လ်က ဘူတန်မှာဆရာအဖြစ်နဲ့
ရပ်တည်ဖို့ကြိုးစားပါတော့တယ်။

ဘူတန်ရောက်တော့လဲ မေစုကို လာလည်ဖို့ဖိတ်ပါတယ်။
မေစုက မြန်မာအမျိုးသမီးတွေက လက်မထပ်ရသေးပဲနဲ့ယောင်္ကျားတယောက်
နောက်ကိုသွားလည်တယ်ဆိုတာ မြန်မာလူမျိုးတွေမှာ ထုံးစံမရှိဘူးလို့ပြောခဲ့ပါတယ်။
တကယ်တန်းလက်ထပ်ဖို့ရည်ရွယ်တော့လဲ တစ်နေ့နေ့မှာမြန်မာပြည်အတွက် အလုပ်ပြန်လုပ်ရရင်ခွင့်ပြုမလား ခွင့်ပြုမယ်ဆိုမှ အန်ကယ်လ်ကိုလက်ထပ်ပါတယ်။

လက်ထပ်တော့လဲ အင်္ဂလိပ်တို့ထုံးစံမဟုတ်ပဲ စုလျှားရစ်ပတ်ခြင်းလို့ခေါ်တဲ့ မြန်မာဓလေ့ထုံးစ့နဲ့ခရုသင်းမှုတ်ပြီးလက်ထပ်ခဲ့ပါတယ် ။ မင်္ဂလာဝတ်စုံကိုလဲ မြန်မာဆန်ဆန်ပိုးထည်နဲ့ မေစု ကိုယ်တိုင်ချုပ်ပြီးဝတ်ခဲ့ပါတယ်။

နိုင်ငံခြားသားတွေဟာကလေးတွေကိုမွေးပြီးရင် အတူမအိပ်ကြပါဘူး။ မေစု ကတော့ သားနှစ်ယောက်လုံးကို နို့ချိုတိုက်ကြွေးပြီးမြန်မာပီသ ပြခဲ့ပါတယ်။ ကင်း(မ) ညဘက်မအိပ်လို့ နေ့လည်ဘက်မှာဖယောင်းတိုင်ထွန်းပြီး ကလေးကို ခြေရင်းဘက်ခေါင်းပြုသိပ်တဲ့ ရှေးထုံးကိုမပယ်ပဲ မေစုက ကျင့်ကြံခဲ့ပါတယ်

မေစုက ကလေးတွေကိုကလေးထိန်းနဲ့မထားပဲ သူမ ကိုယ်တိုင်တာဝန်ယူခဲ့ပါတယ်။
အန်ကယ်လ်ရဲ့ပြောစကားထဲမှာ တစ်ခုကတော့အထင်အရှားမြန်မာပြည်မှာပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့အချက်ပါပဲ ။
မြန်မာပြည်ကိုလက်ထပ်ပြီးကာစ ပြန်လည်မယ်လုပ်တော့ မေမေစုက မစ်ကီ (အန်ကယ်လ်ကိုမေစုခေါ်သောအမည် ) မြန်မာပြည်မှာ ကိုယ့်ထက်အသက်ကြီးတဲ့လူတွေရှေ့ရောက်ရင် ခေါင်းငုံ့သွားရတယ်နော်တဲ့။
မြန်မာယဉ်ကျေးမှု့နဲ့ ဓလေ့ကိုတန်ဖိုးထားတတ်သော သူတပါးအားတန်ဖိုး ရှိအောင်ပြောပြသော မေမေစုအကြောင်းများ ( အန်ကယ်လ်ပြောပြလို့သိခဲ့ရသော
မေမေစု အကြောင်းများ ) ကို နောက်ရက်တွင်ဆက်လက်တင်ပေးပါမည်။

                                                                            လေးစားစွာဖြင့်
                                                                            ESTHER OHNMAR.



 


No comments:

Post a Comment