ထိုင်းနိုင်ငံရေး အရှုပ်အထွေး လူတန်းစားအလွှာစုံမှ ကိုယ်စားလှယ်များအား ဖိတ်ကြား၍ ပြုပြင်ပြောင်းလဲရေးဖိုရမ် ကျင်းပအဖြေရှာမည်ဟု ဝန်ကြီးချုပ် ယင်းလပ်ပြော ... ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ဖြစ်ပွားနေသော နိုင်ငံရေးအရှုပ်အထွေး များ ပြေပျောက်ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင် ရန် "Reform Forum" တစ်ရပ် ကျင်း ပမည်ဖြစ်ပြီး လူတန်းစားအလွှာစုံမှ ကိုယ်စားလှယ်များအား ဖိတ်ကြားသွား မည်ဟု ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင် နာဝပ်ထရာက ပြောသည်။ ဝန်ကြီးချုပ်ကအင်္ဂါနေ့ ညနေတွင် ထုတ်လွှင့်သောရုပ်သံမိန့်ခွန်း တွင် နိုင်ငံ ရေးအခြေအနေ တင်းမာမှုများလျော့ကျ လာခြင်းကြောင့် အထူးဝမ်းမြောက်မိပြီး လူတန်းစားအလွှာစုံမှ ကိုယ်စားလှယ် များအား လုံး ပြုပြင်ပြောင်းလဲရေးဖိုရမ်သို့ တက်ရောက်၍ နိုင်ငံရေးပြုပြင်ပြောင်း လဲမှုကို မည်သို့လုပ်ဆောင်သင့်ကြောင်း ဆွေးနွေးအကြံပေးကြရန် ဖိတ်ခေါ်ထား သည်။ ထို့ပြင် ဒီဇင်ဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ထိုင်းဘုရင်မင်းမြတ်၏ မွေးနေ့မတိုင်မီ ထိုင်းပြည်သူများအား တစုတဝေး တည်း ပူးပေါင်းစေလိုကြောင်း ပြောခဲ့သည်။ဝန်ကြီးချုပ် ယင်းလပ်သည် တပ်မတော်အကြီးအကဲ Drayuth Chan ocha နှင့်လည်း အင်္ဂါနေ့တွင်တွေ့ ဆုံ ခဲ့ပြီး ဘန်ကောက်မြို့ ဆန္ဒပြမှုအခြေအနေ ကိုဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံပြီးနောက် တပ်မတော်အကြီးအကဲက တိုင်းပြည်ကို ပုံမှန်အခြေအနေ ပြန်ရောက်ရေးအတွက် အားလုံးက ပူးပေါင်းဆောင်ရွက် ရန်နှင့် ဆန္ဒပြသမားများအား အစိုးရဌာနများမှ ထွက်ခွာကြရန် တိုက်တွန်းခဲ့သည်။ ''ဆန္ဒပြသမားတွေဟာ ရုံးတစ်ရုံး ထဲကို ဆုံးရှုံးမှုမရှိ ခုခံမှုနဲ့ မကြုံတွေ့ ရဘဲ ဝင်ရောက်နိုင်ခဲ့ကြတယ်။ ဒါဟာ အစိုးရ အရာရှိတွေကပြည်သူတွေ ရဲ့ဆန္ဒနဲ့ စိတ်ချ လုံခြုံမှုကိုအလေးထားတယ်ဆိုတာ ပြသ တာပဲ၊ ဆိုတော့ကာ ဆန္ဒပြသူတွေအနေနဲ့ မကြာခင်မှာအဲ့ဒီဌာနတွေကို စွန့်ခွာသွားဖို့ တိုက်တွန်း ပါတယ်''ဟု၎င်းကပြောသည်။ ဆန္ဒပြသမားများက ဘန်ကောက် မြို့ရှိ အသံလွှင့်ရုံတစ်ရုံ အပါအဝင် ဝန်ကြီးဌာန အဆောက်အအုံ အားလုံး လိုလိုကို ဝင်ရောက်နေရာ ယူထား ကြပြီး ဘန်ကောက်မြို့တွင် မိမိတို့အောင်ပွဲရ နေပြီဟု ထုတ်ဖေါ်ပြော ဆိုလာခဲ့သည်။ သို့ရာတွင် ဆန္ဒပြသမားများ၏ တောင်းဆိုချက်ဖြစ်သော ဝန်ကြီးချုပ် ယင်းလပ်အစိုးရ နုတ်ထွက်ရေးကို မလိုက်လျောသဖြင့် ဆန္ဒပြပွဲများ ဆက် လက် ဖြစ်ပွားနေလိမ့်မည်ဟု ထိုင်းနိုင်ငံ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လူထုနှင့် ကျောင်းသားကွန်ရက်(NSPTR) က ထုတ်ပြန်ကြေညာထား သည်။ဆန္ဒပြသမား များကယနေ့(အင်္ဂါနေ့တွင်) ဘန်ကောက် ရဲတပ်ဖွဲ့ရုံးချုပ် (MPB) သို့ ရောက်ရှိလာ ရာတွင် ရဲတပ်ဖွဲ့က အရံအတားအဆီး များကို ဖယ်ရှားပြီး ကြိုဆိုခဲ့ကြသည်။ ''ဒီရုံးက ပြည်သူတွေနဲ့ သက်ဆိုင် တယ်။ဒီရုံးကိုသူတို့ရဲ့အခွန်တွေ နဲ့ ဆောက် ထားတာ''ဟု ဘန်ကောက်ရဲတပ်ဖွဲ့အကြီး အကဲKamaonwit က ပြောသည်။ သို့ရာတွင်ဘန်ကောက်မြို့ အခြား နေရာများတွင်မူ ဆန္ဒပြသမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တို့ကြား ထိပ်တိုက် တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ပြီး ယနေ့ အချိန် အထိ (၃) ဦး သေဆုံးပြီး (၂၂၁) ဦး ထိ ခိုက်ဒဏ်ရာရခဲ့သည် ဟု ပြည်သူ့ကျန်း မာရေး စောင့်ရှောက်မှု ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာ ထားသည်။ ထိုင်းဘုရင်မင်းမြတ်၏ သမီးတော် မဟာချက္ကရီ သီရိဒုံက ဆန္ဒပြမှုအ တွင်း ထိခိုက်ဒဏ်ရာရသူများအား ဆေးဝါးနှင့် အထောက်အကူ များထောက် ပံ့ရန် စီစဉ် နေပြီး ဆေးဝါးကုသစရိတ် မတတ်နိုင်သူ များအတွက် ကုန်ကျ စရိတ် ကျခံပေးရန် စီစဉ်ထားသည်ဟု သိရသည်။
No comments:
Post a Comment