Friday, 6 December 2013

ထေရ၀ါဒ အစစ်အမှန် ပြန်ပွား တည်နိုင်ပါစေ

ကျေးဇူြး့ကီးလှပါတယ် .ထေရ၀ါဒ အစစ်အမှန် က လောဘ ၊ဒေါသ ၊ မောပာ ကင်းစင်ပြီး သူတပါး အကျိုးကို မယုတ်စေပါဘူး ၊ ၀ါရင့် သဘာရင့် ဆရာတော် ကြီးများ က ကိုယ်ခြံစည်းရိုး ကိုယ်လုံအောင်ကာဖို့ ပဲ ပောာပြော သင်ကြားပါတယ် ။ဘယ်ဘာသာကို မုန်းရမယ် ၊ ဘယ်ဘာသာ ကိုတိုက်...ခိုက် ခြေမှုံးရမယ် လို ပြောသံမကြားမိပါဘူး ။ တချိုသော ဆရာတော် ကြီးများက ဆို လူသားဘ၀ရဲ့ ကိုယ်းကွယ်ဆည်းကပါ စရာ အစစ်အမှန်ကို မသိနားမလည် တဲ့ အတွက် အင်မတန်သနားဖွယ် ကောင်းသူတွေလို့ မှတ်ယူပြီး လမ်းမှန်ကို မြင်နိုင်သိနိုင်အောင် ကူညီဖေးမ ပေးရမယ် လိုတောင်မှ မှာကြားခဲ့ကြတာကို နာယူဖူးပါတယ် ။
                            ထေရ၀ါဒ အစစ်အမှန် ပြန်ပွား တည်နိုင်ပါစေ ........
                                                                                   ခိုင်ကိုဦး (ဆစ်ဒနီ)
                                                                                   ၇ . ၁၂ . ၂၀၁၃ ။
" အကြောင်းကို ရှာကြည့်တတ်ရမယ် "


စေတနာက လောဘနဲ့တွဲရင် ငါရဖို့ချည်းဖြစ်လာတတ်တယ်။
နောက် အဲဒီစေတနာကပဲ ဒေါသနဲ့တွဲလိုက်ရင် သတ်ဖြတ်ဖို့ဖြစ်တတ်တယ်။
မောဟနဲ့တွဲ လိုက်ပြန်တော့ ပညာမဲ့တာတွေဖြစ်လာတယ်။...

မကောင်းတာတွေဘာကြောင့်ဖြစ်လာလဲမေးရင် စေတနာနဲ့
မကောင်းနဲ့ အကြောင်းသုံးပါးတွဲမိလို့…ဒါပဲ…။

လောဘနည်းအောင်ကျင့်ရင် သူများ အတွက်ဆောင်ရွက်တတ်လာတယ်။
ဒေါသနည်းအောင်ကျင့်သုံးရင် ငြိမ်းချမ်းရေးဖြစ်တယ်။
မောဟနည်းအောင်ကျင့်ရင်တော့ ပညာတတ်တွေဖြစ်လာကြမယ်။

ကောင်းတာတွေဘာကြောင့်ဖြစ်ဆိုရင် စေတနာနဲ့
ကောင်းတဲ့..အကြောင်းသုံးပါးပေါင်းမိလို့.. ဒါပဲ…..။

(သီတဂူဆရာတော်ကြီး)

 
 

No comments:

Post a Comment