မိန့်ခွန်း ဒုတိယပိုင်း)
ဒါကြောင့်မို့လို့ လွတ်လပ်စွာဝေဖန်ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့်၊ သုံးသပ်ပိုင်ခွင့်ဆိုတာဟာ အစိုးရများဟာလည်း ဒီအခွင့်အရေး၊ ပြည်သူ့ရဲ့အခွင့်အရေးကို မှန်မှန်ကန်ကန်မြင်တတ်လို့ရှိရင် သူတို့အတွက် အများကြီးအကျိုးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရများကို မမှားအောင်ထိန်းထားတဲ့အခွင့်အရေးဖြစ်တယ်။ ပြည်သူကလည်း ကိုယ့်ရဲ့လိုအပ်ချက်တွေရအောင်လို့၊ ကိုယ့်ရဲ့မှန်ကန်တဲ့လိုအပ်ချက်တွေဖြစ်မြောက်နိုင်အောင်လို့။
နောက်တစ်နည်းကတော့ ရိုးရိုးသားသားပြောရမယ်ဆိုရင် ရွေးကောက်ပွဲနည်းနဲ့ထိန်းထားရမယ်။ အစိုးရတစ်ခုဟာ ရွေးကောက်ပွဲတစ်ခုမှာ ပေးခဲ့တဲ့ကတိတွေကို မတည်လို့ရှိရင့့်  အဲဒီတုန်းကပြောတာတစ်မျို့း့  အာဏာရသွားတော့ တစ်မျိုး။ သို့မဟုတ် အာဏာရပြီးတော့မှ ဘယ်လောက်အရည်အချင်းရှိလဲ၊ မရှိလဲဆိုတာပေါ်လာတာကိုး။
ဒီတော့ အာဏာရပြီးတော့မှ အရည်အချင်းမပြည့်စုံဘူးဆိုရင် နောင်ရွေးကောက်ပွဲမှာ ပြည်သူလူထုဟာ မဲပေးတဲ့စနစ်နဲ့ဖြုတ်ချပိုင်ခွင့်ရှိတယ်။ အဲဒါက အကြမ်းမဖက်တဲ့နည်းနဲ့ နိုင်ငံရေးအပြောင်းအလဲကို ရယူတာပဲ။ ဒါကြောင့်မို့လို့ ကျမက ဒီမိုကရေစီစနစ်ကို သဘောကျတာ။ အကြမ်းမဖက်တဲ့နည်းနဲ့ ကျမတို့နိုင်ငံမှာလိုအပ်တဲ့ အပြောင်းအလဲတွေကိုလုပ်နိုင်တယ်။
နည်းတစ်ခုပေါ့နော့့်  ယေဘုယျအားဖြင့်။ ဒါပေမယ့် ဒီမိုကရေစီမှာ သုံးလည်းသုံးရမယ်၊ သုံးနိုင်မယ့်အခြေအနေလည်း ရှိတဲ့ ဒီမိုကရေစီရဲ့ညင်သာတဲ့လက်နက်တစ်ခုက ဘာလဲဆိုတော့ အင်မတန်မှအရေးကြီးတဲ့ဆွေးနွေးခြင်းပဲ။ တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊ မတူတဲ့အမြင်တွေကို ညှိခြင်း။ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူဘူးဆိုရင် အမြင်မတူဘူးဆိုရင် အခုက ကျမတို့ဒီမိုကရေစီအခွင့်အရေးတချို့ရလာတယ်။ တချို့သုံးပုံက တစ်မျိုးပဲ။
တစ်ယောက်နဲ့တစ်ယောက် အမြင်မတူဘူးဆိုရင် ထအော်ကြတယ်။ ဒါမှမဟုတ် မဆွေးနွေးချင်ဘူး၊ မပြောချင်ဘူး။ အတူတူ ဒီဟာကိုမဖြေရှင်းချင်ဘူး။ တစ်ယောက်နဲ့တစ်ယောက် အပြစ်ပြောဖို့၊ အပြစ်ဆိုဖို့၊ ဟိုလူ့ကိုအပြစ်ဖို့ဖို့၊ ဒီလူ့ကိုအပြစ်ဖို့ဖို့ ဒီဟာတွေနဲ့အားသန်ကြတဲ့အသိုင်းအ၀ိုင်းတွေလည်း ရှိပါတယ်။
အဲဒီလို ကျမတို့မဖြစ်သင့်ပါဘူး။ မတူညီတဲ့သဘောတရားတွေရှိရင် ထိုင်ပြီးတော့ဆွေးနွေးမယ်။ ကျမတို့ အရင်အနှစ်နှစ်ဆယ်၊ သုံးဆယ်က အဖွဲ့ချုပ်ကို ခဏခဏ စစ်အစိုးရက ဝေဖန်လေ့ရှိတယ်။ ကျမတို့က ထိပ်တိုက်ရင်ဆိုင်တဲ့လမ်းစဉ်ကိုသွားနေတယ်ပေါ့။ ထိပ်တိုက်ရင်ဆိုင်တယ်တဲ့။ ကျမတို့က ဘာထိပ်တိုက်ရင်ဆိုင်သလဲ။
ကျမတို့ကပြောတယ်။ ကိုယ်နဲ့သဘောထားချင်းမတူတဲ့လူတွေကို ကြက်ကလေး၊ ငှက်ကလေးဖမ်းသလို ဖမ့်း့ ဖမ်းပြီး ထောင်ထဲထည့်နေတဲ့လူတွေက ကျမတို့ကို ထိပ်တိုက်ရင်ဆိုင်နေတယ်လို့ပြောရအောင် ဘာကိုပြောနေတာလဲ။ ကျမတို့ ထိပ်တိုင်ရင်ဆိုင်တယ်ဆိုတာ စကားဝိုင်း၊ စားပွဲဝိုင်း ဟိုဘက်ဒီဘက်မှာ ထိပ်တိုက်ရင်ဆိုင်တယ်။ ကျမတို့ စားပွဲဝိုင်း ဟိုဘက်ဒီဘက်မှာထိုင်ပြီးတော့ မတူတဲ့သဘောထားတွေကို ညှိမယ်။ အဲဒီပုံစံနဲ့ ကျမတို့က မျက်နှာချင်းဆိုင်တာ။ ထိပ်တိုက်ရင်ဆိုင်တာ မဟုတ်ဘူး။
ထိပ်တိုက်ရင်ဆိုင်တယ်ဆိုတာ ကိုယ်နဲ့သဘောထားမတူတဲ့လူတွေကို နှိပ်ကွပ်တာ၊ ဖမ်းဆီးတာ၊ တစ်ခါတလေ ဖမ်းဆီးတာထက်ဆိုပြီးတော့ နှိပ်စက်တာ၊ သတ်ဖြတ်တာအထိတောင် ဖြစ်သွားနိုင်တယ်။ အဲဒါကြောင့် ကျမတို့ဟာ ဆွေးနွေးတိုင်ပင်ပြီးတော့ ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့အခြေအနေတစ်ခုရောက်လာဖို့ ကျမတို့အားလုံးကြိုးစားရမယ်။
နောက်ဆုံးအနေနဲ့ မေးခွန်းတွေမဖြေခင်မှာ အခုလောလောဆယ် ကျမတို့နိုင်ငံမှာ အဓိကနိုင်ငံရေးကိစ္စလေးတစ်ခုဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက် ကျမပြောပါရစေ။
မပြောလို့လည်း မဖြစ်တဲ့ကိစ္စမို့လို့ပါ။ တချို့က ဘာဖြစ်လို့ ဒီအချိန်မှာ ဒီလောက်အရေးကြီးနေသလဲလို့ပြောကြပါတယ်။ ကျမတို့က ဒီဖွဲ့စည်းပုံအခြေခံဥပဒေ အရေးပြောတာကြာပါပြီ။ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်မပြုခင်ကတည်းက ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆိုရင် ကျမတို့နိုင်ငံဟာ ဘယ်တော့မှပြည့်ဝတဲ့ဒီမိုကရေစီလူ့အသိုင်းအ၀ိုင်းဖြစ်နိုင်မှာ မဟုတ်ဘူး။
ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့ပုံစံကလည်း လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ကျမတို့အနေနဲ့ လက်မခံဘူ့း့  ကန့်ကွက်တယ်ဆိုတာ ကျမတို့အဖွဲ့ချုပ်က တစိုက်မတ်မတ်ပြောခဲ့ပါတယ်။
တစ်ခါမှ ဒီလမ်းစဉ်ကနေ သွေဖီခဲ့တာမရှိခဲ့ပါဘူး။ ဒါကြောင့် (၂၀၁၀) ရွေးကောက်ပွဲမှာလည်း ကျမတို့ဝင်ပြီးတော့ မပါခဲ့ဘူး။ (၂၀၁၂) ကျတော့ အပေးအယူလုပ်ပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲမှာပါလာတယ်။ ဒါပေမယ့် အဲဒီတုန်းက ကျမတို့ရဲ့ရွေးကောက်ပွဲဝင်တဲ့မူကြီးသုံးရပ်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကို တစ်ခါတည်းထည့်ထားတယ်။
အခုအချိန်ကျတော့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေသုံးသပ်ရေးဆိုတာ ဖွဲ့ပြီးတော့ ဒီကော်မတီရဲ့အစီရင်ခံစာ ဇန်န၀ါရီလ မကုန်ခင်မှာ တင်ရမှာဖြစ်လို့ အခုအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ အားလုံးကြိုးစားဖို့ အင်မတန်မှလိုအပ်နေတာဖြစ်ပါတယ်။ ဒီဟာဟာ လုပ်သင့်လုပ်ထိုက်တဲ့အချိန်။ အလုပ်တစ်ခုဟာ လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာ လုပ်မှသာလျှင် ထိရောက်အောင်မြင်နိုင်မှာပါ။
မီးရထားစီးသလိုပေါ့နော်။ (၇) နာရီထွက်မယ့်မီးရထားကို (၉) နာရီမှာသွားစောင့်ရင် အလကားပဲ။ အဲဒီတော့ အေးအေးဆေးဆေးလုပ်နေလို့ မဖြစ်ဘူး။ ဒီမီးရထားလိုက်သွားချင်ရင် (၇) နာရီအရောက်သွားရမယ်။ ဒီမီးရထား (၇) နာရီမမီရင် နောက်မီးရထား ဘယ်တော့ထွက်မယ်မှန်းမသိဘူး။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပြုပြင်ပြောင်းလဲရေးဟာ ကျမတို့ဟာ တစိုက်မတ်မတ်ဆက်ပြီးလုပ်ရမယ်။
အခုအချိန်ဟာ လုပ်ဖို့ရာအကောင်းဆုံး အခွင့်အရေးရှိတဲ့အချိန်မို့လို့ ဒီဟာကို မီးမောင်းထိုးပြီးတော့ ကျမတို့လုပ်နေတာဖြစ်ပါတယ်။ အဲဒါကိုလည်း ကျမတို့ပြည်သူပြည်သားများအားလုံး နားလည်စေချင်ပါတယ်။ ကျမ မိန့်ခွန်းကိုတော့ ပြောစရာရှိတာ ဒီမှာရပ်ပါ့မယ်။ ကျေးဇူးတင်ပါတယ်။ ။ AA
No comments:
Post a Comment