Saturday, 28 November 2015

                      
                        အင်းစိန်မှသည် ဂျိန်းဖော နရသိမ် ဆီသို့ .......(၃)

၁၉၉၇ . ဧပြီလ .၆ 
ညနေ ...၄း ၀၀ တွင် မန်း ရွှေမြိုတော် အိုးဘိုးထောင်မှ စတင်ထွက်ခွာ ခဲ့ကြ လေသည်...။  
မန်း ..မြို အိုးဘို ထောင်မှ ထွက်ခွာ လာစဉ် အချုပ်ကားပြာကြီး ပေါ် ရောက်ကာမှ သိခွင်ရ
ခဲ့သူများထဲတွင် အမရပူရ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးဇော်မြင်မောင် တစ်ယောက်
အပါအ၀င်ဖြစ်လေသည်...ဒေါက်တာ ဆိုလို့ ဖြူဖြူ ခန့် ခန့် ချောချော တောင့်တောင့်ကြီးလို မထင်လိုက်ကြ
ပါနဲ့  ....လုံးဝ ဆန့် ကျင်ဖက်ပါပဲ အသားက မဲမဲ...ပုပု...ဂင်တိုတို....ရုပ်ကဆိုးဆိုးပါ....သိုပေမဲ့ နောင်ပိုင်း
မြစ်ကြီးနားထောင် ရောက်ပြီးမှ ဆရာဇော်..(မန်းစကား နဲ့ ပြောရရင်) လေးဇော်  ပာာ ဥပဓိ ရုပ်နဲ့ ဆန့် 
ကျင်စွာပဲ  လေးစားစရာ...အတုယူစရာ တကယ်ကိုကောင်းတဲ့ နိုင်ငံရေးသမားကြီးပါပဲ.....။ နောက်တစ်
ယောက်ကတော့ သွားဖက်ဆိုင်ရာ ဆရာဝန် ဦးခင်ဇော်ဝင်းပါ....သူကတော့ ဖြူဖြူ  မြင့်မြင့် ပေါ့....။ 
ဆီချို အထူးကု ဆရာဝန်ကြီးဖြစ်တဲ့ ဦးဇော်မြင့်မောင် (လေးဇော် )ရဲ့  ပုံစံက ဆရာဝန်တယောက်ပါလို့ 
ဘုရားပေး ကြမ်းပေးပြီး ကျိန်ပြောရင်တောင်မှ ယုံချင်စရာမရှိပါချေ ...
ထောင်ကပေးတဲ့ ဖျင်ကြမ်းအဖြူ ပုံစံအင်္ကျီကို လက်မောင်းရင်းကနေ ဖွာလန် ကြဲအောင် ဖြတ်ထားတယ်။ ဝါကျင့်ကျင့်ဖြစ်နေတဲ့ ပုံစံပုဆိုးကိုလည်း ဒူးခေါင်းဖုံးရုံ တိုတိုလေးဝတ်ထားတယ်။ ပြီးတော့ သူ့အရပ်နီးပါး လောက်ရှိတဲ့ ထောင်ထွင်းလက်ဖြစ်ကျောပိုးဆာလာအိတ်ကြီးကို နောက်ကျောမှာပိုးပြီး
သိုင်းကြိုးကို နဖူးမှာချိတ်လို့။ လက်တစ်ဖက်မှာလည်း အထုပ်တစ်ထုပ်က ဆွဲထားသေး.....
ကျန်တဲ့လက်တစ်ဖက်က ခြေကျင်းကိုကိုင် လို  မြင်ရတာ ကို့ယို့ကားယားဆိုတော့ ဘယ်လိုလုပ် ဆရာဝန်လို့ ထင်ပါမလဲ.....။ 

အခုပ်ကားပေါ် ရောက်မှ ထပ်သိခွင့်ရလိုက်သည်က မနက်ဖက် ခရီးဆက်ထွက်ရန်သင့်မသင့် (fit for travel ) စစ်ဆေးတဲ့ထောင်ဆရာဝန်(ဗိုလ်မှူး အဆင်ရှိ )ကြီး ဒေါက်တာအောင်သန်း ဆိုသူက 
 လေးဇော် (ဒေါက်တာဇော်မြင်မောင် ) ရဲ အဖေ ဒေါက်တာဦး ချစ်မောင် ရဲ့  တပည်အရင်းပါ...  
ဒေါက်တာအောင်သန်း က လေးဇော် နဲ့ စကားစပ်ရင်း သူမိသားစု အကြောင်း သူအဖေ အကြောင်း ပြောမိ
ရာကနေ လေးဇော် မိသားစုကို မန်းကနေ မြစ်ကြီးနားပြောင်းရဦးမှာဖြစ်ကြောင်း ပြောပေးမယ်လို ဆိုသွားပါ
တယ်.....ပထမတော့ မယုံတစ်ဝက် ယုံတစ်ဝက်ပေါ့....အဲသည့် အချိန်က န.၀.တ ပာာ နဂါးတစ်ကောင်
လို မျက်ဆောင်းကောင်းနေတဲ့ အချိန်မပာုတ်လား....တကယ်ပဲ မိသားစုကို အကြောင်းကြားပါ့မလားပေါ့
လေ.......။
ဘူတာကြီးနားကို အချုပ်ကားပြာကြီးရောက်တော့ ယမန်နေ့ ညနေက တွေခဲတဲ့ ဈေးသည်လေးတ ချိုက မှတ်မိနေကြပြီး သတင်းမေးရောက်လာကြပါတယ်..။ ထိုအခိုက်မှာပဲ ကျနော်တို့  ကားပြာကြီးအနားကို
စူပါကပ် ဆိုက်ကယ် တစီး ၀ရုန်းသုန်ကား ထိုးရပ်လာပါတယ်....အဲသည့် အချိန်မှာ ကျနော်တို့ အထဲက 
ကိုကြည်ဖေကျော်(ယခု အမေရိကန်တွင်နေထိုင်သူ)ဆရာဇော်....ဆရာဇော်.....ပိာုမှာ မယု လိုက်လာ
တယ် လို့ အော်ပြောသံကြားရတော့ အဲသည်ဆိုင်ကယ်ကို လှမ်းကြည်မိပါတယ်....။အဲဒါ လေးဇော် ရဲ့ 
ဇနီး....ဒေါက်တာယုယုမေ ပါ..။ အန်တီယု ပာာ.လေးဇော် နဲ့ ဆန်ကျင်ဖက် ဖြူ ဖြူသွယ်သွယ် မြင့်မြင့် ....
လေးဇော် နှင့် အတူ ကျနော်တို့  အန်တီယု နဲ့ မိတ်ဆက်စကားပြောနေ ကြစဉ်မှာပင် အချုပ်ကားပေါ်မှ 
ဆင်းခွင်ရကြပြီး အချုပ် ရထားတွဲပေါ်သို့ ပြောင်းရွှေကြသည်....။သံခြေကျင်းသံ တချွင်ချွင် အိတ်တွေ 
အ၀တ်ထုတ်တွေ တကားကား...၀ါကျင်ကျင်ထောင်အ၀တ်အစား တွေနဲ့ ကျနော်တို့ ကို မလှမ်းမကမ်း
သစ်တစ်ပင်အောက်မှာ ရပ်ကြည်နေတဲ့ အန်တီယု စိတ်ထဲတွင် အမည်မသိသော ဝေဒနာ ခံစား နေရမည်
က မလွဲ ပေ....။
ကျနော်တို့ (၁၂)ယောက် အချုပ်တွဲ ပေါ်အရောက်တွင် လေးဇော် ရဲ ညီ ...ညီမ များရှေ့ ဆင့်နောက့်ဆင့်
ရောက်လာကြသည်...။ နှုတ်ဆက်စကားဆိုကြရင်း ...အားပေးစကားပြောကြ နေကြစဉ်မှာပင် ဘူတာ ကြီးတ၀ိုက်မှ ပြည်သူလူထု ရဲ့ အာရုံစူးစိုက်မှု့ ကို ပိုခံကြရလေသည်...အဘယ်ကြောင့်ဆိုသော် ...လေးဇော် ညီ..ညီမ များ သည် လူသိများသော ဆရာဝန်များဖြစ်ကြပြီး နှင့် အမရပုရ တွင် ယက်ကန်းရုံ ပိုင်ရှင်
များ ဖြစ်တဲ့  အတွက် လူရည်သန့်  များဖြစ်ကာ  တရင်းတနှီး ပြောဆို ဆက်ဆံနေသောကြောင်ပင်.....။
လေးဇော် မိသားစု များ မှ ယူဆောင်လာသော စားစရာ သောက်စရာများ အပြင် ယမန်နေကဲ့သို့ ပင် 
ခေါင်းရွက်ဗျတ်ထိုး ဈေးသည်လေး များ ...ခရီးသွား ပြည်သူလူထုများ ရဲ့ စေတနာ များက ရထားတွဲ
ထောင့်တစ်နေရာတွင်တောင်ပုံရာပုံပင်....
မန်းမြို မှ ဂျိန်းဖော မြေကိုထွက်ခွာမည့် ဒုတိယ စာပို အမြန်ရထားကြီးက ဘူတာမှနေ တရွေ့ ရွေ ထွက်ခွာ 
လာခဲ့ လေပြီ......လက်ပြ နှုတ်ဆက် ရင်းကျန်ခဲ့သော ကျနော်တို့  ကို ချစ်သူခင်သူ များကတစစ အမြင်မှာ ဝေးကွာ သွားခဲ့ လေပြီ...ဖြစ်သည်...။ရထားစထွက်ပြီး ခဏ အကြာတွင် မှာမှ လုံခြုံရေး လိုက်
လာသော ရဲ အရာရှိက လေးဇော်ကို လာရောက်နှတ်ဆက်သည်...။ထို ရဲ အရာရှိသည် လေးဇော်ကို 
ကောင်းစွာသိကြောင်း အမရပူရ တွင် လေးဇော်ရှိစဉ်က လေးဇော် တို့ ယက်ကန်းရုံ ၀င်းထဲတွင်ဖွင့်လှစ်
သင်ကြားပေးသော လေးဇော် ရဲ့ အခမဲ့ ကျူ ရှင်တွင် ပညာသင်ခဲ့ ဖူးကြောင်း...ဆရာ ကို ဒီလို အခြေအနေ
နဲ့ တွေရတာ အလွန်ပင်စိတ်မကောင်းကြောင်း လမ်းခရီးတွင် တတ်နိုင်သမျှ ကူညီမည်ဖြစ်ကြောင်း.........
ပြောလေသည်....။ 
ရထားကြီးက အရှိန်ရ ပြီး စစ်ကိုင်းတံတား အနီး ရောက်လာစဉ်မှာ လုံခြုံ ရေးလိုက်လာသည် ရဲတပ်သား
လေး တဦးက လေးဇော် ကို ဆရာဇနီး နောက်မှာ ဆိုက်ကယ်နဲ့  လိုက်လာကြောင်းအော်ပြောသံကြားရ
သည်...။ ရထားက စစ်ကိုင်းတံတားကြီးကို ဖြတ်ကျော်လို့ နေပြီ...ကျနော်တို့ အားလုံး ရထားပြတင်ကနေ 
လှမ်းကြည်နေခိုက် အန်တီယုယုမေ ဆိုင်ကယ်ကို မြင်တွေ လိုက်ရသည်...အန်တီယုယုမေ ရဲ အကိုဖြစ်သူ
က ဆိုင်ကယ်ကိုမောင်းလျှက်...နောက်မှထိုင်လိုက်လာသော အန်တီယု က ရွာတောင် မှာ ကလေးတွေ 
လာစောင့်နေကြတယ်ပာုအော်ပြီးပြောသွားလေသည်.....။ ဆိုင်ကယ်ကတော့ ရထားထက်ပိုသော အရှိန် နှင်မောင်းနှင်လို့ သွားသည်...။
ရထားသည် ရွာတောင်ဘူတာကို ဖြေးညှင်းစွာ ဆိုက်ရောက်လာသည်...။ရွာတောင်ဘူတာတွင် လူအများ
ပြည့်ကြပ်နေသည်...။ခရီးသွားပြည်သူများတော့ မပာုတ်...  လေးဇော် ကို လာရောက်နှတ်ဆက်ကြသော 
လေးဇော် အမျိုးများနှင့် အမရပူရ N.L.D အဖွဲဝင်များပင်ဖြစ်သည်....။ ရထားမရပ်ခင်မှာပင် လေးဇော် 
ရဲ့ သားအလတ် ဖြစ်သူ  ရွှေဖြိုးပာန် က  ရထားနှင့်အတူ ယှဉ်တွဲ ပြေးလိုက်ရင်း....(အဖေကြီး....အဖေကြီး
ကိုယ်လုပ်ချင်တာ လုပ်နိုင်ဖို့  ကျန်းမာရေး အရေးကြီးတယ်နော်) ပာုအော်ပြောလေသည်....။
(ယခု သည်စာကို ပြန်ရေးနေ ချိန်တွင် ထို ဆယ်နှစ် အရွယ်ကောင်လေးက ကျနော်နေထိုင်ရာ ဆစ်ဒနီ
မြို့ ဆေးရုံ ကြီး တခုတွင် နှလုံးနှင့် ရင်ခေါင်ခွဲစိတ် ဆရာဝန်ကြီးဖြစ်လို့ နေပေပြီ...)
လူအင်အား (၇၀) ၀န်ကျင်ရှိမည်ပာုထင်မိသည်...ထိုသူတို့ က ကျနော်တို ထောင်ေဲပာင်းလာသော (၁၂)
ယောက်အတွက် ခေါက်ဆွဲကြော်...ထမင်းထုတ်...မုန့် ...ဆေးလိပ်...ကွမ်း သောက်ရေသန့် အချိုရည် ဗူး များပေးကြသည်...။ လေးဇော် ရဲ့ ယောက်ဖ အငယ်ဆုံးဆိုသူ ရဲ့ လက်ထဲတွင် ခုနှစ်နှစ်..ရှစ်နှစ် အရွယ် 
လေးဇော် သမီးအငယ်ဆုံးလေးကို ချီပိုးလို့ ထားသည်..။ တစ်နျစ်ငါးလ အရွယ်  ..အဖေ..အမေ ကိုသဲသဲကွဲ
ကွဲ မသိခင်ကာလ ကတည်းက ခွဲခဲရသော အဖေကို မမှတ်မိလေတာ အဆန်းတော့ မပာုတ်....အဖေကို
နှတ်ဆက်လိုက်ဦးလေ ပာု ဥိးလေးဖြစ်သူက ပြောသည်တိုင် မတုန်မလှုတ် ထွေထွေငေးငေးဖြင့် ကြည်နေ
သော သမီးငယ် မျက်လုံးထဲတွင် အနည်းငယ် သူစိမ်းဆန်နေသလို ခံစားရသည်....။ လေးဇော် မျက်နှာတွင်လည်း တစုံတရာခံစားနေရပုံပေါ်လွင်လို့ နေသည်...။ 
သမီးအတွက် တာဝန်မကြေတာ ကိုခွင့်လွှတ်ပါလိုပဲ တောင်းပန်နေမလား.....၊ လူတွေ အတွက် အဖေရဲ့ 
စွန့် လွှတ်စွန့် စားမှု့ တွေ အတွက် ဂုဏ်ယူပါ သမီးရယ်လိုပဲ ပြောနေလေးမလား......။တခုခု ခံစားနေရတာ
တော့သေချာသည်...။
ရွာတောင် ...အမရပူရ မှ N.L.D အဖွဲ့ ဝင်များနှင့် ကျနော်တို့ တတွေ နှုတ်ဆက်ကြ...မိတ်ဆက်ကြ...
အားပေးစကား ပြောကြ...နှင့် ဆူညံလို့ နေသည်....။အချုပ်ခန်းသ့ဇကာမှနေပြီးလက်ဆွဲ နုတ်ဆက်ကြ
သည်....။လက်များက နွေးထွေးလို့ နေသည်....အေးစက်မနေ....။ ထောင်ဝင်စာတွေ လျှင် တွေ့ ခွင့် မရ
နိုင်သည့် မိသားစု ၀င်များ မပာုတ်လေတော့ တွေ့ တုန်းဆုံခိုက် ပြောကြပါစေ...အားပေးကြပါစေ ဆိုသော
သဘောနှင်ထင်သည်....အန်တီယု က ခပ်လှမ်းလှမ်းမှ ပင်ရပ်ကြည်နေသည်......။
ရထားကြီး က  ရွာတောင်ဘူတာ နှင့် လေးဇော် မိသားစု ...ကျနော်တို့ ရဲဘော် မိတ်ဆွေ များကို ချန်ထားရန်  ဥသြသံ အချက်ပေးလို့ နေပေပြီ......။
ရထားဘီများစတင်လှိမ်ချိန်မှာ မှ အန်တီယု ပြတင်းပေါက်နားရောက်လာပြီး နှတ်ဆက်ဖို့  ယု ကျန်သေး
တယ်လေ ...ပာု ဆိုကာ လေးဇော် လက်ကို ဆွဲကိုင်လို့ ထားသည်......။အင်းစိန်ထောင် ထောင်ဝင်စာ အခန်းတွင် ကာရံစီးခြားထာသော သံဇကာ နှစ်ထပ်သည် အကျဉ်သားနှင့် ထောင်ဝင်စာတွေသူ လက်ညှိုးချင်းသာ ထိတွေ့ နိုင်သည့် တစ်ယောက်နှင့် တစ်ယောက် လက်ချင်းဆွဲကိုဖို့ ဆိုတာ ဘယ်နည်း
နှင်မှမဖြစ်နိုင်....ထိုကြောင့် လဲပါမည်ထင်...အန်တီယု နှင့်  လေးဇော် လက်နှစ်ဖက်က ခိုင်မြဲစွာဆုတ်ကိုင်
ထားကြသည်....ရထားပြတင်းပေါက် နှင့် အချုပ်ခန်းသံဇကာ က သုံးပေ လောက်ကွာခြားသည်..။ ထိုနှစ်ခု အကွာအဝေးကြား ဆုတ်ကိုင်ထားသော လက်နှစ်ဖက်တွင် အင်အားတခု ပါနေတာသေချာသည်...။
အိမ်ထောင်သက် နှစ်နှစ်ဆယ်ကျော် ကာလ အတွင်း တည်ဆောက်ထားခဲသော ချစ်ခင်ကြင်နာခြင်း.....
ယုံကြည်နားလည်ချင်း....စတာတွေသည် လေးဇော် ထောင်ထဲရောက်ပြီး ခုနှစ်နှစ်ကျော် ရှစ်နှစ် ကြာသည့်
တိုင် မလျှော့ပါး.သေးကြောင်း ပြယုတ်တစ်ခုလေလား.....ရထားကြီး အရှိန်ရလာသည်တိုင် လက်နှစ်ဖက် ခိုင်မြဲ နေဆဲ....ရထားနှင်ယှဉ်လျှက် အန်တီယု က ပြေးလိုက်လာနေဆဲ......
ရထားအရှိန်ရနေပြီး ဆရာဇော် လက်လွှတ်တော့......အန်တီယု လက်ကိုလွှတ်တော့...လေ...
ဆိုသော စကားသံများအော်သံများ ကြား ကာမှ  ခိုင်မြဲ နေသော လက်နှစ်ဖက် ပြေလျှောသွားကြလေ
သည်.....လေးဇော်..လက်တဖက်ကတော့ သံဇကာ ကြားမှာ ကျန်ရစ်လို့ နေသည်.....။
လေးဇော် အပါအ၀င် ....ကျနော်တို့ အားလုံး အပ်ကျသံ ကိုပင် ကြားရလောက်အောင် ငြိမ်သက်သွားကြ
သည်.....။
အရသာ ရှိသော စားကောင်းသောက်ဖွယ် များအားလုံး သည် ကျနော်တို့ အတွက် ခံစားချက်များ ကိုယ်စီ အတွေး များကြောင့်  ခါးသက်လို့ နေသည်......။
အရွယ်မရောက်သေးသော ကလေးငယ်မှားရဲ့ ဘ၀တွေ....အေးချမ်းသာယာသော မိသားစု ဘ၀တွေ....
အနာဂါတ်ရဲ့  ကြယ်ပွင်တွေ.....အားလုံးပာာ ကျနော်တို့ စီးလာတဲ့ ရထား ကြီးလို သာယာငြိမ့် ငြောင်းမှု့ 
အလျှင်းမရှိပါလား.....နော်......။

                                                                         ခိုင်ကိုဦး.....
                                                                     (၂၈ . ၁၁ . ၂၀၁၅)

No comments:

Post a Comment