အမေ....
မွေးရုံသက်သက်ဘဲလား အမေ
မတူကြတဲ့လောက လူ့သဘာဝ
ဆင်းရဲနွမ်းပါး ဘဝမခြားသ၍
အမေ့ကိုတွေ့ချင်သေးတယ်အမေ။
အဖေနဲ့မှားခဲ့တဲ့အမေ
ကျွန်တော့်ကို သန္ဓေတည်မှ
အမေနောင်တရတော့တယ်ပေါ့။
အမေချစ်တဲ့အမေ့လူကြီး(အဖေ)ဟာ
ဘယ်သူဘယ်ဝှါဆိုတာ
ကျွန်တော် မသိလိုတော့ပါဘူး။
မေတ္တာတရားတွေနဲ့လွှမ်းခြုံထားတဲ့
ပရဟိတ ကျောင်းလေးထဲမှာ
ဘဝတူသူငယ်ချင်းများနဲ့
သားနေတတ်နေပါပြီ အမေ။
သားကိုထားခဲ့ပြီး ပြန်လှည့်သွားတဲ့
အမေ့ရဲ့ကျောပြင်ကို
မျက်ရည်စတွေကြားက
အမေဆိုတာ မသိတသိ
ကြည့်မိခဲ့ဘူးတယ် အမေ။
အမှတ်သညာသေးတဲ့ ဥမမယ်သား
ဘဝခါးမှန်းလည်း မသိ
ချိုမှန်းလည်း မသိခဲ့။
မေတ္တာတရားတွေသာ ရှိပြီး
နို့ချိုရည် မရှိတဲ့ သူတချို့က
ရင်ဝယ်ပိုက်ပြီး အမေ့နေရာယူ
အမေပစ်ခဲ့တဲ့သား ရေနဲငါးကို
ဂရုဏာလက်တွေနဲ့ကြိုဆိုထွေးပွေ့
ရင်ခွင်နွေးနွေးမှာ....
ငြိမ်းအေးစေခဲ့ပါတယ်...အမေ။
နို့သီးခေါင်းအတုနဲ့ နို့ချိုရည်
အမေ့ကိုယ်စား အားဖြစ်
မမြင်ဘူးတဲ့ မျက်နှာ
မတွေ့ဘူးတဲ့ လက်နဲ့
ထွေးပွေ့ထားတဲ့ သူတွေကို
အမေမြင်လှည့် စေချင်တယ်။
မှားတာ အဖေလား?
မှားတာ အမေလား? မမေးတော့ပါ
ဘဝမခြားသေးတဲ့ ကျွန်တော်
လူဘောင် လူလောကမှာ
မိဘမဲ့ အခေါ်ခံ
မိပစ်ဖပစ် နွံမနစ်တာကိုဘဲ
ကျေနပ်လှပါပြီ အမေ။
မမြင်ဘူးတဲ့ မွေးသမိခင်
မမြင်ဘူးတဲ့ မွေးသဖခင်
ဝဋ်ကြွေးရှိခဲ့ရင်..,
သားကျေအောင်ဆပ်မှာပါ...
တပါးသူရဲ့ ရင်ခွင်
တပါးသူရဲ့ မေတ္တာလက်တွေနဲ့
ထွေးပွေထားတဲ့ အမေ့သားကို
တစ်ခါတစ်ခေါက် ကလေးတော့
လာကြည့်လှည့်ကြပါဦးဗျာ....။
ကိုစိုးမိုး ( ၂/၁၀/၂၀၁၃ )
Wednesday, 9 October 2013
Tuesday, 8 October 2013
သားငယ် ၄နှစ်ပြည့် ဆွမ်းကပ်လှူ (ခိုင်ကိုဦး)
သားငယ် ၄နှစ်ပြည့် ဆွမ်းကပ် ပါတယ် ၊ လှူဒါန်းရသော ကုသိုလ် ကောင်းမှု့ အတွက် ရရှိတဲ့ကြည်နူးမှု့ ကို ဝေမျှလိုက်ပါတယ် ။
ခိုင်ကိုဦး
ခိုင်ကိုဦး
NLD အမှတ်တရ အပိုင်း-၁ (ခိုင်ကိုဦး)
ရန်ကင်းမြိုနယ် အကသ
ကျောင်းသားဘ၀ကနေ NLD တည်ထောင်ပြီးတော့ ကျနော် NLD အဖွဲ့ ဝင်ဖြစ်လာတယ် ၊
အခု အန်တီခြံ တခြံ ကျော် နဲ တိုင်းစစ်သံမှုးအိမ် ဘေးက ခြံအမှတ် (၄၄)မှာပေါ့ 
၊ အန်တြီံခံ ဘေးကပ်လျှက်က အမက ကျောင်း အဲသည့် ၀င်းထဲမှာပဲ Every Ready လို
့နာမည်ပေးထားတဲ့လဘက်ရည်ဆိုင် ပြီးတော့ (၄၄) NLD ဗပိာု ရုံချုပ်ပေါ့ ၊
ဗပာန်းအုတ်လမ်းရုံး က ရန်ကုန်တိုင်း တိုင်းရုံးပါ ၊ အဘ ဦးအောင်ရွှေ
ဦးတင်ဦး ၊ ဦးအောင်ကြီး တိုရဲ့  မျိုးချစ်ရဲဘော် ပောာင်များ ရယ် အဘ
ဦးဝင်တင် ဦးသော်က ဒေါ်မြင်မြင်ခင် စတဲ့ တတ်သိပညာရှင် တွေရယ် လူငယ် ရယ်
သုံးချောင်းထောက်ပြီး NLD စတင်ခဲ့ကြတာပေါ့ ၊
ဒီနေရာမှာ အလျှင်သင်လို့  သမိင်းတခု ဖေါ်ထုပ်ပါဦးမယ် ၊ (အတင်းပြောတာမပာုတ်ပါ ) ပါတီ ဖွဲ ဖို့ ဦးအောင်ကြီးကို သွားဖိတ်စဉ်ကပေါ့ ဦးအောင်ကြီး က လိုလိုလားလားပါပဲ " အေး လုပ်ပေါ့ကွ လုပ်ရမှာပေါ့ .... ဥကဌ လုပ်မယ် " တဲ့ ။
ပါတီ ဖွဲစ ဆိုတော့ ပါတီဝင် လက်ခံရတာ အလုပ်အများဆုံး အလုပ်ပေါ့  ၊ကဒ် စက်ရှင်က လူငယ်တွေ နေမအားညမအား အလုပ်လုပ်ကြရတယ် ၊ စတိုကိုင်တာက ဦးအုန်းသန်း ၊ ကိုမြင်သန်း ပြီးတော့ ရွှေကြည်စည် ဒေါ်ဆန်းဆန်းအောင်ရဲ့သားက စာကူစက်မှာ သူလဲနေမအားညမအား ပါပဲ ၊ ပါတီဝင်လျှောက်လွှာတွေ ကြေညာချက်တွေ လှည်ထုပ်ရတာ လေ ....။
နောက်တော့ ကိုမြင်သန်းက ရံပုံငွေ လဘက်ရည်ဆိုင်မှာ တာဝန်ခံ ဖြစ်လာပါတယ် ၊ ရုံးအပေါ်ထပ် ညာဖက်အခန်းကတော့ နေဆိုရုံးခန်းညဆို အန်တီ လုံခြုံရေးလူငယ် သုံရောင်ချယ် ကျောင်းသားများ အိပ်စရာနေရာပေါ့ ၊ ဘယ်ဖက်ကတော့အုပ်ချုပ်ရေး သတင်းနဲပြန်ကြာရေး ရဲ့ ရုံးနေရာပေါ ၊ ညာဖက်နောက်ခန်းမှာတော့ ဦးအောင်ကြီး ဦးတင်ဦး အန်တီ တို့  ရဲ့ ရုံးခန်းပါ ၊ CECအစည်းအဝေးလဲ လုပ်လေ့ ရှိပါတယ် ၊

NLD အမှတ်တရ အပိုင်း-၂ (ခိုင်ကိုဦး)
ကျနော်က တော့
အရမ်းပင်ပန်းတဲ့ နေရာမှာ တာဝန်ယူထားပါတယ် ၊ တယ်လီဖုန်းအော်ပရေတာပါ ၊
လာသမျှဖုန်းကို ဖြေပေးရပါတယ် ၊ ဖုန်းပြောချင်တဲ့သူကို ရှာပေးရပါတယ် ၊
အပေါ်ထပ်အောက်ထပ်မှာ ဖုန်းတလုံထဲမို့  နားရချိန်နည်းပါတယ် ၊
ဖုန်းမှတ်တမ်းလည်းရေး ရပါသေးတယ် ၊ ရုံးချိန်ကုန်သွားရင်တော့ အနားရပ်တယ် ၊
သိုပေမဲ့ ညနေ ရုံးမှာ လူရှင်းသွားချိန်မှာ ခဏ တဖြုတ် အပြင်ထွက်
လဘက်ရည်သောက် ည ကျတော့ စတိုမှာဖြစ်ဖြစ်
စာကူစက်မှာဖြစ်ဖြစ် သွားကူရပါတယ် ၊ ထုတ်ပြန်ချက်တွေ ကြေညာချက်တွေ
အချိန်မှီ ထွက်နိုင်အောင်အတွက်ပါ
၊ တခါတရံ ညတွေမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ စိုင်းထီးဆိုင် ရဲ့  အတီးအဆိုကို နားထောင်ရသလို့  ဆရာမင်းသိင်္ခ ရဲ့  ဗေဒင်လင်္ကဏာ လည်း တွက်ခိုင်းရပါသေးတယ် ၊ သူတိုနဲ့ ကတော့ ခဏတာတာလေး ဆုံခဲ့ရတာပါ ၊ ကိုထီးရောဆရာခ ပါ ၄၄ ရုံးကနေ အိမ်ပြန်သွားပြီး စစ်ထောက်လှမ်းရေး အဖမ်းကို ခံလိုက်ကြပါတယ် ၊ (သူတို အမှန်တရာကို ရှာဖွေခဲကြတာ ပြစ်မှုံလုပ်ခဲတာမပာုတ်လေတော့ ကြာကြာ ပုန်းအောင်းမနေချင်ဘူးပေါ့ )
အဲသည်အချိန်က ကာဒ်ဆက်ရှင်ကလူငယ်တွေ ရုံး အဖွဲဝင်တွေနဲ့ အနယ်နယ် အရပ်ရပ်ကအဖွဲ့ ဝင်တွေ အကြောင်အမျိုးမျိုးကြောင် ၄၄ရုံးကို ရောက်လာ လို့  နေလည်စာ စားချိန်မှာ ဆိုရင် ရွေကြည်စည် ဒေါ်စန်းစန်းအောင် နဲ့  မနှင်းစည်ညို က တာဝန်ယူပြီးနေလည်စာ ကြွေးပါတယ် ၊ ဒီတိုင်းအလွတ်ကြီး လာချင်သူလာ စားချင်သူစားဆိုပြီးကြွေးတာတော့ မပာုတ်ပါဘူး
၊ ထမင်းစား လက်မှတ် ကဒ်ကို အုပ်ချုပ်ရေးမှုး ဦးဝင်းခက်က စီစစ်ပြီးမှ
ထုတ်ပေးတာပါ ၊ တနေကို လူ ၉၀ /၁၀၀ လောက်တော့ ကြွေးရပါတယ် ။
ခိုင်ကိုဦး
၊ တခါတရံ ညတွေမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ စိုင်းထီးဆိုင် ရဲ့  အတီးအဆိုကို နားထောင်ရသလို့  ဆရာမင်းသိင်္ခ ရဲ့  ဗေဒင်လင်္ကဏာ လည်း တွက်ခိုင်းရပါသေးတယ် ၊ သူတိုနဲ့ ကတော့ ခဏတာတာလေး ဆုံခဲ့ရတာပါ ၊ ကိုထီးရောဆရာခ ပါ ၄၄ ရုံးကနေ အိမ်ပြန်သွားပြီး စစ်ထောက်လှမ်းရေး အဖမ်းကို ခံလိုက်ကြပါတယ် ၊ (သူတို အမှန်တရာကို ရှာဖွေခဲကြတာ ပြစ်မှုံလုပ်ခဲတာမပာုတ်လေတော့ ကြာကြာ ပုန်းအောင်းမနေချင်ဘူးပေါ့ )
အဲသည်အချိန်က ကာဒ်ဆက်ရှင်ကလူငယ်တွေ ရုံး အဖွဲဝင်တွေနဲ့ အနယ်နယ် အရပ်ရပ်ကအဖွဲ့ ဝင်တွေ အကြောင်အမျိုးမျိုးကြောင် ၄၄ရုံးကို ရောက်လာ လို့  နေလည်စာ စားချိန်မှာ ဆိုရင် ရွေကြည်စည် ဒေါ်စန်းစန်းအောင် နဲ့  မနှင်းစည်ညို က တာဝန်ယူပြီးနေလည်စာ ကြွေးပါတယ် ၊ ဒီတိုင်းအလွတ်ကြီး လာချင်သူလာ စားချင်သူစားဆိုပြီးကြွေးတာတော့
ခိုင်ကိုဦး
NLD အမှတ်တရ အပိုင်း-၃ (ခိုင်ကိုဦး)
ကျနော် ၄၄ ရုံးချုပ်မှာ
စပြီးတာဝန်ထမ်းဆောင်စဉ် တပါတ် လောက် ကတော့ ညစာ ငတ်ခဲ့ ရပါသေးတယ် ၊
ဒေါ်ဆန်းဆန်းအောင် တိုက နေလည် ၂း၀၀ နာရီလောက်အထိပဲ အိုးကြီးအိုးငယ်နဲ
ထမင်းကြွေးတာပါ ညစာ မပါပါဘူး ၊ ကျနော်လည်းဘယ်သူပြောရမှန်းမသိ အသက်ကလဲငယ်
ရှက်ကလဲရှက်တတ်တော့ ကိုယ် ညစာ ငတ်တာကို ဘယ်သူကိုမှ ပြော မပြခဲ့ပါဘူး ၊
အဲသည်အချိန်က ကျနော်ထင်တယ် လေ ၄၄ ရုံးချုပ်မှာ အသက်အငယ်ဆုံးအဖွဲ့ ဝင်ပာာ
ကျနော်ပဲဖြစ်လိမ်မယ်လို ၊ ၇၃ မှာမွေးတာ ဆိုတော့ကျနော်အသက်က ၁၅ နှစ် သားပဲရှိသေးတာ ၊ နောက်တော့ သုံးရောင်ချယ် က အကို
ကြီးတွေက ဘယ်လိုသိသွားတယ်မသိ ကျနော်ကို ညစာ အန်တီခြံထဲမှာ သူတို့ နဲ့ အတူ လာစားဖို့ ခေါ်ပါတယ်
ကိုဘောကြီးတို့  အခု အမတ်မင်း မရှီး တို့  ကောင်းမှုကြောင့် အန်တီခြံ ၅၄ ကို စတင်ဝင်ထွက်ဖူးတာပါ ၊ ညစာကို သူတိုနဲ့ အတူ စောစော သွားစားပြီး ည၈း၀၀ မထိုးခင် ၄၄ ရုံးကိုပြန်ရပါတယ် အဲသည်အချိန်က ၁၄၄ ထုတ်ထားတာကို ။ နောက်ပိုင်းကျတော့ ကိုမြင်သန်းစီစဉ်ပေးမှု့ ကြောင့် ညပိုင်းပါနေရသူတွေအတွက် ဒေါ်ဆန်းဆန်းအောင်က ညစာ ပါ အိုးငယ်တွေနဲ့ ခွဲပြီးချန်ထားပေးခဲ့ပါတယ် ၊
သင်္ကြန်မတိုင်ခင်ထင်ပါရဲ့  ၄၄ ခြံဝင်းထဲမှာ ရံပုံငွေ လဘက်ရည်ဆိုင် ဖွင်တော့ ကျနော်ကို အိမ်ပြန်လာဖို့  ခဏ ခဏ လာခေါ်တဲ့ ကျနော် အမေ ပါတီဝင်ဖြစ်လာပြီး သက်သာဆိုင်မှာ ကောင်တာထိုင်ပေးရတဲ့တာဝန် ရလာပါတော့တယ် ၊ ကြုံလို့ ကြွားတာမပာုတ်ပါ ၊ ကျနော် အဖိုးက ဖဆပလ ရဲ့  အတိုက်အခံ ပါတီဖြစ်တဲ့ ပမညတ ခေါင်းဆောင် ဗိုလ်မြသွေး ဆိုတော့ အဖိုးသွေးက ကျနော်တို့ သားအမိကို အပြည့်ပေးသွားတယ် ထင်ပါရဲ့  (၈၈တုန်းက အမေက အိမ်ရှေ ကနေသောခတ်ပြီး သပိတ်မှောက်တဲ့ အိမ်ရှင်မများ အဖွဲ့ ဝင် ၊ ကျနော်က နောက်ဖေး ခြံစည်းရိုးကျော်တက်ပြီး သပိတ်စခန်းသွားတဲ့ အကသ ကျောင်းသား ) ။
၄၄ ရုံးမှာ အမှတ်အရဆုံးကတော့ ၈၉ သင်္ကြန်ပါ ၊ ၈၈ သရုပ်ဖော် တခန်းရပ်ပြဇာတ်တွေနဲ့  သင်္ကြန်သံချပ်တွေက ပြည်သူလူထုကို ဆွဲဆောင်နိုင်ပဲုများ စစ်တပ်က ကျောင်းသားလေးတွေကို သေနပ်နဲ့ ပစ် တုတ်နဲ ရိုက် သရုပ်ပေါ် လွန်းတော့ အောက်က ကြည်နေတဲ့ ပြည်သူလူထု ကြီးက စစ်သားလုပ်တဲ့ အဖွဲ့ ဝင်တွေကို ပြောင်းဖူးရိုးတွေနဲပြစ်လိုက်ကြ တာ
မနည်းတောင်းပန်ယူရတဲ့ အထိပါပဲ ၊ နောက်တော့ သံချပ်ထိုးကောင်းတဲ့
သရုပ်ဖော်ကောင်းတဲတဲ့ မြိုနယ် လူငယ် အများအပြား သင်္ကြန်အပြီးမှာ သိမ်းကြုံး
အဖမ်းခံရတော့တာပါပဲ ၊ တချိုမြိုနယ်တွေဆိုရင် လူငယ် အဖွဲ့ ဝင်တွေအားလုံး
အဖမ်းခံကြရပါတယ် ။
ခိုင်ကိုဦး
ကြီးတွေက ဘယ်လိုသိသွားတယ်မသိ ကျနော်ကို ညစာ အန်တီခြံထဲမှာ သူတို့ နဲ့ အတူ လာစားဖို့ ခေါ်ပါတယ်
ကိုဘောကြီးတို့  အခု အမတ်မင်း မရှီး တို့  ကောင်းမှုကြောင့် အန်တီခြံ ၅၄ ကို စတင်ဝင်ထွက်ဖူးတာပါ ၊ ညစာကို သူတိုနဲ့ အတူ စောစော သွားစားပြီး ည၈း၀၀ မထိုးခင် ၄၄ ရုံးကိုပြန်ရပါတယ် အဲသည်အချိန်က ၁၄၄ ထုတ်ထားတာကို ။ နောက်ပိုင်းကျတော့ ကိုမြင်သန်းစီစဉ်ပေးမှု့ ကြောင့် ညပိုင်းပါနေရသူတွေအတွက် ဒေါ်ဆန်းဆန်းအောင်က ညစာ ပါ အိုးငယ်တွေနဲ့ ခွဲပြီးချန်ထားပေးခဲ့ပါတယ် ၊
သင်္ကြန်မတိုင်ခင်ထင်ပါရဲ့  ၄၄ ခြံဝင်းထဲမှာ ရံပုံငွေ လဘက်ရည်ဆိုင် ဖွင်တော့ ကျနော်ကို အိမ်ပြန်လာဖို့  ခဏ ခဏ လာခေါ်တဲ့ ကျနော် အမေ ပါတီဝင်ဖြစ်လာပြီး သက်သာဆိုင်မှာ ကောင်တာထိုင်ပေးရတဲ့တာဝန် ရလာပါတော့တယ် ၊ ကြုံလို့ ကြွားတာမပာုတ်ပါ ၊ ကျနော် အဖိုးက ဖဆပလ ရဲ့  အတိုက်အခံ ပါတီဖြစ်တဲ့ ပမညတ ခေါင်းဆောင် ဗိုလ်မြသွေး ဆိုတော့ အဖိုးသွေးက ကျနော်တို့ သားအမိကို အပြည့်ပေးသွားတယ် ထင်ပါရဲ့  (၈၈တုန်းက အမေက အိမ်ရှေ ကနေသောခတ်ပြီး သပိတ်မှောက်တဲ့ အိမ်ရှင်မများ အဖွဲ့ ဝင် ၊ ကျနော်က နောက်ဖေး ခြံစည်းရိုးကျော်တက်ပြီး သပိတ်စခန်းသွားတဲ့ အကသ ကျောင်းသား ) ။
၄၄ ရုံးမှာ အမှတ်အရဆုံးကတော့ ၈၉ သင်္ကြန်ပါ ၊ ၈၈ သရုပ်ဖော် တခန်းရပ်ပြဇာတ်တွေနဲ့  သင်္ကြန်သံချပ်တွေက ပြည်သူလူထုကို ဆွဲဆောင်နိုင်ပဲုများ စစ်တပ်က ကျောင်းသားလေးတွေကို သေနပ်နဲ့ ပစ် တုတ်နဲ ရိုက် သရုပ်ပေါ် လွန်းတော့ အောက်က ကြည်နေတဲ့ ပြည်သူလူထု ကြီးက စစ်သားလုပ်တဲ့ အဖွဲ့ ဝင်တွေကို ပြောင်းဖူးရိုးတွေနဲပြစ်လိုက်ကြ
ခိုင်ကိုဦး
NLD အမှတ်တရ အပိုင်း-၄ (ခိုင်ကိုဦး)
အဲသည် သင်္ကြန်မတိုင်ခင်လေးမှာပဲ ကျနော် တာဝန်ယူရတဲ့ ဖုန်းအော်ပရေတာ ဘ၀ကနေ နောက်တနေရာကို ပြောင်းရွှေတာဝန်ထမ်းဆောင်ရပါတယ်
၊ အော်ပရေတာထက် တာဝန်ပိုကြီးတဲ့နေရာပေါ့ ၊ တာဝန်ရလာပုံက ....
တနေ့
...ညနေရုံဆင်းပြီးချိန် ဘယ်သူမှ မရှိတော့ချိန်မှာ ဖုန်းဘေးနား ကုလာထိုင်မှာ
ထိုင်ရင်း ဆေးလိပ် ခိုးသောက် နေတာကို လူမိသွားပါတယ်၊ တကယ်တော့ ၁၅
နှစ်သာသာ ရှိသေးတဲ့ ကျနော်အတွက် ဆေးလိပ်ဆိုတာ ဘယ်လိုမှ မသင်တော်တဲ့အရာပါ
၊ ဒါပေမဲ့ ၁၅ ၊၁၆ အရွယ်ပာာ အတတ်စမ်းချင်ကြတယ် မပာုတ်လား ၊ ကျနော်
ဆေးလိပ်သောက်ကောင်းနေတုန်း တခါးဖွင်ပြီးဝင်လာသူက ဘဘဦးတင်ဦးပါ ၊
တိုးမဲ့တိုး မိမဲ့မိတော့ တကယ်ကျားရှေ့  မှောက်လျှက်လဲတာပါပဲ ၊ ဘဘဦးတင်ဦးက
ကျနော်ကို တချက်ကြည်ပြီး ဘာမှမပြောပဲ သောက် လက်စ ဆေးလိပ် နဲ့ စားပွဲပေါ်က
ဆေးလိပ် တွေကိုပါ ယူပြီးချိုးပစ်ပါတယ် ၊ ပြီးတော့မှ မင်းအသက်က
ဘယ်လောက်ရှိသေးလို့ ဆေးလိပ်သောက်ရတာလဲတဲ့ ၊
ရုတ်တရက် ဘာပြောရမှန်းမသိ
ဖြစ်နေချိန်မှာ ဘဘ က နောက်တခါသောက်တာတွေရင် မလွယ်ဘူးမှတ် တဲ့ ။ အမှန်က
သူဖုန်းဆက်မလို့ တက်လာတာပါ ၊ သူဖုန်းပြော ဖို့  ကောက်ကိုင်တော့ ကျနော်
အလိုက်တသိ အခန်းပြင် ထွက်ပေးလိုက်ပါတယ် ။ နိုင်ငံရေးခေါင်းဆောင်တယောက် ပါတီ
ခေါင်းဆောင်တယောက် ဖုန်းပြော ချိန်မှာ အနားမရှိသင့်ဘူးထင်လို့ ပါ ၊ ဆက်
အဆူခံရမှာလဲ ကြောက်တာပါတာပေါ့ ။
နောက်တနေ့  ညနေ ရုံးဆင်းချိန်ကျတော့ ဘဘရဲ့ တပည်တဦးဖြစ်တဲ့ ဦးလှမြင်(ဗိုလ်ကြီး) က ကျနော်ကို လာခေါ်ပါတယ် ၊ ဘဘဦးတင်ဦးက တွေချင်လို့ တဲ့  ၊စိတ်ထဲဘုရားတပြီး လိုက်သွားရင်း မနေက ဆေးလိပ်ခိုးသောက်မိတဲ့ပြသာနာ အဆက်ပဲ့လို့ တွေးမိပါတယ် ။

ဘဘ ဦးတင်ဦး ရုံးခန်းထဲ ရောက်တော့ အုပ်ချုပ်ရေးမှုး ဦးဝင်းခက်
ကိုပါတွေလိုက်ရတယ် ၊ အုပ်ချုပ်ရေးမှူးကို တိုင်ပြီး ထင်တယ် ပေါ့ ....။ ဘဘက
အရင်ဆုံး စပြောတာက မင်းက ကိုမြ မြေးဆို တဲ့ ၊ကျနော် အဖိုး ဗိုလ်မြသွေးကို
ပြောတာပဲဆိုတာ နာလည်ပြီး ပာုတ်ကဲ့ ပါ ဆိုတော့ ဘဘ က မင်းဖိုးအေ ကိုမြ နဲ့
ငါက ဂျပန်ခေတ် တတိယပါတ် ဗိုလ်သင်းတန်းမှာ အတူတူ တက်ခဲ့ ၊ တာဝန်ကျတော့လည်း
တတပ်ထဲ အတူတူ ဆိုတာ ကနေ စလိုက်တာ နာရီးဝက်နီးပါး ထိုင်နားထောင်ခဲ့ ရပါတယ် ။
ဘဘရဲ့ မျက်နှာမှာ အရောင်ပေါင်းစုံ တွေရပါတယ် ၊ သေဖော်သေဖက်
တိုက်ဖော်တိုက်ဖက် နဲ့ သူရဲ့ ဖြတ်သန်းမှုတွေ ပြေမယ်ဆိုရင် နားထောင်မယ်
ဆိုရင် ကျနော်တို့  အများကြီး ရနိုင်ပါတယ် ။ တကယ်ကို တိုင်းပြည်အတွက်
စွန်လွှတ့်စွန့် စား ခဲတဲ့စစ်သားကောင်းကြီး တွေပါပဲ ....။
(ခိုင်ကိုဦး)
NLD အမှတ်တရ အပိုင်း-၅ (ခိုင်ကိုဦး)
ဒီလို နဲ့  ဘဘပြော သမျှ
နားထောင်နေရင်း က အဆုံးသတ်မှာတော့ ကိုမြ မြေးဆိုတော့ ကိုယ်မြေးပဲပေါ့
....ဒီတော့ မင်းရုံးမှာဆက်နေရင် တယောက်ထဲ လုပ်ချင်တာလုပ်နေဦးမယ် ဒီတော့ ဘဘ
နားမှာနေ ပေါ့ ....တဲ့ ။
ဒါနဲ့  ကျနော်လည်း ဘဘဦးတင်ဦးရဲ့  လုံခြုံရေး လူငယ် ဖြစ်လာပါတယ် ၊ အဲသည့် အချိန်က ဘဘဦးတင်ဦး ဘေးမှာ လုံခြုံရေးလူငယ်ဆိုတာ အတော် နည်းပါတယ် မှတ်မှတ်ရရ ကိုဆန်းအောင် ၊ ကိုဝဏ မောင် ရယ် ပဲ ရှိတာပါ ၊ ဘဘရဲ့ သား ကိုသန်ဇင်ဦး (ယခု NLD -LA Japan ) ပါ ပါ ကာမှ ၄ယောက်ထဲပါ ၊ အများစုက ဘဘရဲ့ ရဲဘော်ပောာင် တပ်ထွက်တွေပါပဲ ။ သူတိုနဲါ အတူရှိနေတော့ ကျနော် ရလိုက်တာ လုံခြုံရေး တယောက် တတ်အပ်တဲ့ပညာတွေပေါ့ ။
စစ်ထွက်တွေဆီက Bodyguard တယောက် သိသင်သိထိုက်တာတွေ ကျနော် ရလိုက်ပါတယ် ၊ (သေနပ်ပစ်နည်းခတ်နည်းတော့မပါပါ)
တခါ တရံမှာ ဘဘ က ၄၄ ရုံးနေရာက နေ သူအိမ်ရှိရာရွှေတောင်ကုန်း အထိ
လမ်းလျှောက်တတ်ပါတယ် ၊အင်လျားမြိုင် ထဲက ကုန်းတက် ကုန်ဆင်းလမ်းတွေကို
မောပန်းနွမ်းနယ်ခြင်း မရှိ စကားတပြောပြောနဲ ရှေဆုံးကနေ လမ်းလျှောက်နိုင်သူက
ဘဘပါပဲ ၊ ကျန်သူများကတော့ ပောာပဲာ ဆိုက်နေတာပေါ့ ၊ အမြဲတမ်းလို လို
ဘဘအိမ်ပြန်ရောက်ပြီ ဆိုရင်ဖြင့် ခဏတဖြတ် နားပြီးတာနဲ ခြင်းခတ်လေ့ရှိပါတယ်
အဲဒါ ညနေတိုင်းပါပဲ ၊ ကျနော်ကတော့ ခြင်းလည်းမခတ်တတ် ၊ ၀ါသနာကလည်းမပါတော့
ယောင်ဝါးဝါးနဲ့ အချောင်ခိုနေတော့တာပေါ့ ။
ခိုင်ကိုဦး
ဒါနဲ့  ကျနော်လည်း ဘဘဦးတင်ဦးရဲ့  လုံခြုံရေး လူငယ် ဖြစ်လာပါတယ် ၊ အဲသည့် အချိန်က ဘဘဦးတင်ဦး ဘေးမှာ လုံခြုံရေးလူငယ်ဆိုတာ အတော် နည်းပါတယ် မှတ်မှတ်ရရ ကိုဆန်းအောင် ၊ ကိုဝဏ မောင် ရယ် ပဲ ရှိတာပါ ၊ ဘဘရဲ့ သား ကိုသန်ဇင်ဦး (ယခု NLD -LA Japan ) ပါ ပါ ကာမှ ၄ယောက်ထဲပါ ၊ အများစုက ဘဘရဲ့ ရဲဘော်ပောာင် တပ်ထွက်တွေပါပဲ ။ သူတိုနဲါ အတူရှိနေတော့ ကျနော် ရလိုက်တာ လုံခြုံရေး တယောက် တတ်အပ်တဲ့ပညာတွေပေါ့ ။
စစ်ထွက်တွေဆီက Bodyguard တယောက် သိသင်သိထိုက်တာတွေ ကျနော် ရလိုက်ပါတယ် ၊ (သေနပ်ပစ်နည်းခတ်နည်းတော့မပါပါ)
ခိုင်ကိုဦး
NLD အမှတ်တရ အပိုင်း-၆ (ခိုင်ကိုဦး)
ကျနော် ဘဘ အိမ်မှာ
နေရချိန်က နည်းလှပါတယ် ၊ အများအားဖြင်တော့ ကျနော် ရုံးမှာပဲ အနေများတာပါ ၊
ဘဘ ရုံးကို ရောက်ပြီးချိန်က စပြီး ဘဘအိမ်ပြန်တဲ့ အချိန်ထိ တော့ အမြဲ
အနားမှာ ရှိနေရပါတယ် ၊ အဲသည်အချိန်က ရုံးခန်းဇွင်ပွဲတွေ
အများဆုံးရှိနေချိန်မို့  မကြာခဏ ဆိုသလို့  ရုံခန်းဇွင် ၊
ဆိုင်းဘုတ်တင်ပွဲတွေကိုတော့ ဘဘ လုံခြုံရေးအတွက် လိုက်ရပါတယ် ၊ ရန်ကုန်ပြင်ပ
သနပ်ပင် ၊ပြည် စတာတွေ လိုက်ပါခဲ့ဖူးပါတယ် ၊
ရီးစရာလေးတခု ၊ရီစရာဆိုပေမဲ့ နောက်ကွယ်မှာ ဘာရှိတယ်တော့ ကျနော် တကယ်မသိခဲပါ ၊ တမင်လား အမှတ်တမဲ့လား တော့ မပြောတတ်ပါဘူး တကြိမ် ဆိုင်ဘုတ်တင် ရုံးဇွင်းပွဲ တခုအတွက် လှော်ကာ ဖက်ကို ကျနော်တို့ ခရီးထွက်ကြပါတယ် ၊ အဲသည်ခရီးစဉ်မှာ အန်တီ ဒေါ်အောင်ဆန်းစုကြည်လဲ ပါဝင်ပါတယ် ၊ အန်တီစီးတဲ့ကား ၊ ဘဘ စီးတဲ့ကားရယ် လုံခြုံရေးလူငယ် (သုံရောင်းချယ် ကျောင်းသား )ကားရယ် ၊ဘဘ ရဲ့ လုံခြုံရေးအဖွဲ့  ကျနော် တို ကားရယ် အပြင် NLD သတင်းမှတ်တမ်း အဇွဲ့ က အမိုးဇွင့် ကားတစင်းရယ်စုစုပေါင်း ကား ၅စီးနဲ့ ပါ ၊
အဘဦးမိုးသူ ရဲ့ သား ကိုပန်းသီး က ဗွီဒီယို ကင်မရာ မန်း ပေါ့ ၊ တလမ်းလုံး ဗွီဒီယို ကင်မရာ ကြီး ထမ်းပြီး မှတ်တမ်းတင် လာခဲ့ ရာက လှော်ကား လုံထိန်းရဲ တပ်ရင်းတခု (တပ်ရင်းအမှတ်တော့ မမှတ်မိတော့ပါ) နား အရောက်မှာ သေနပ်သံ သုံးချက်လောက် ဆက်တိုက် ကြားလိုက်ရပါတယ် ၊ ကျနော်တို့ တတွေလဲ ကားပေါ်က ခုန်ဆင်း ဘဘ နဲ့ အန်တီကားနား ဘေးကနေ တန်းစီရပ်ပြီး ကာကွယ်ဖို့  အသင့် နေလိုက်ကြပါတယ် ၊ အန်တီကား ဘေးမှာတော့ သုံးရောင်ချယ် ကျောင်းသား ကိုဖြိုးဝေ နဲ့  ကိုဖုန်းမြင်ထွန်း (ယခု ဂျပန်တွင်ရှိနေသူ ) တိုက ပိတ်ရပ်ထားကြပါတယ် ၊
အဲသည်အချိန်က သူတိုနှစ်ယောက်က သာမာန်လူ ၄ ယောက်စာလောက် ကို ကြီူးပါတယ် လူဝကြီးတွေ ဆိုပေမဲ သူတို့ အရပ်အမောင်းက မြင်တော့ တော်ရုံတန်ရုံဆို သူတိုကို မြင်တာနဲတင် ရှိန်သွား နိုင်ပါတယ် ၊ သူတို့ နဲ့ ယှဉ်ရင် ကျနော်က လူကောင်ညှက်တယ်လိုတောင်မှ ပြောလို့ ရပါတယ် ။ ဘဘ က ကားတခါးပိတ်ရပ်ထားတဲ့ ကျနော်ကို ဖယ်ခိုင်းပြီး ကားပေါ် ကဆင်းလာပါတယ် ၊ တချိန်တည်း ကျနော်တို့ ရှေကို ရောက်လာတာက အဲသည်ရဲတပ်ရင်းက တပ်ရင်းမှုး ဆိုသူပါပဲ ၊ အဲသည်ရဲမှူးက ဘဘ ကို တွေတွေ့ ချင်း ဗိုလ်ချုပ် ဆိုပြီး အလေးပြုပါတယ် (နောက်မှသိရတာက ဘဘ စစ်တပ်ထဲတုန်းက တပည် ပောာင်းတဦးပါတဲ့) ၊ ပြီးတော့ အဲသည်ရဲမှူးက တောင်းပန်ပါတယ် ၊
လုံခြုံရေးကင်းစောင်နေတဲံ ရဲဘော် လေးဆီက ကျဉ်ထွက်သွားတာပါတဲ့ ၊ဖြစ်ပုံက ကိုပန်းသီးက သူဗွီဒီယို ကင်မရာ ကြီးကို ပိတ်ဖြူကြီးအုပ် ပခုံးပေါ် ထမ်းပြီး ဗွီဒီယို ရိုက်တာကို ရဲ အစောင့်လေးက သူတို ရဲတပ်ရင်းဖက်ကို လက်နှက်ြ့ကီးနဲ့ ပစ်ဖိုချိန်တယ်မှတ်ပြီး ဘန်ကာ ထဲက ခုန်အထွက်မှာ သေနပ်ကျဉ်ထွက်သွား တာပါ တဲ့ ၊ ရဲမှုးပြောစကားပါ ။
ကျနော်ကတော့ အဲသည်ရဲမှူး လိမ်ပြောတာ မပာုတ်ဖူးလိုပဲ ထင်ပါတယ် ၊ ခရီးက ပြန်လာပြီး သိပ်မကြာခင်မှာ ထပ်ကြားရတဲ့နောက်ဆက်တွဲသတင်းကတော့
ဘဘ ကိုအလေးပြု တဲ့ ရဲမှူး ပြုတ်သွားတယ် ဆိုတာပါပဲ ၊ပြစ်ချက်က NLD
ခေါင်းဆောင်လဲဖြစ် ရာထူးလက်ရှိမပာုတ်တော့တဲ့
ကာကွယ်ရေးဦးစီးချုပ်ပောာင်းတဦး ကို အလေးပြုမိ တဲ့ အတွက် တဲ့ လေ ။
ခိုင်ကိုဦး
ရီးစရာလေးတခု ၊ရီစရာဆိုပေမဲ့ နောက်ကွယ်မှာ ဘာရှိတယ်တော့ ကျနော် တကယ်မသိခဲပါ ၊ တမင်လား အမှတ်တမဲ့လား တော့ မပြောတတ်ပါဘူး တကြိမ် ဆိုင်ဘုတ်တင် ရုံးဇွင်းပွဲ တခုအတွက် လှော်ကာ ဖက်ကို ကျနော်တို့ ခရီးထွက်ကြပါတယ် ၊ အဲသည်ခရီးစဉ်မှာ အန်တီ ဒေါ်အောင်ဆန်းစုကြည်လဲ ပါဝင်ပါတယ် ၊ အန်တီစီးတဲ့ကား ၊ ဘဘ စီးတဲ့ကားရယ် လုံခြုံရေးလူငယ် (သုံရောင်းချယ် ကျောင်းသား )ကားရယ် ၊ဘဘ ရဲ့ လုံခြုံရေးအဖွဲ့  ကျနော် တို ကားရယ် အပြင် NLD သတင်းမှတ်တမ်း အဇွဲ့ က အမိုးဇွင့် ကားတစင်းရယ်စုစုပေါင်း ကား ၅စီးနဲ့ ပါ ၊
အဘဦးမိုးသူ ရဲ့ သား ကိုပန်းသီး က ဗွီဒီယို ကင်မရာ မန်း ပေါ့ ၊ တလမ်းလုံး ဗွီဒီယို ကင်မရာ ကြီး ထမ်းပြီး မှတ်တမ်းတင် လာခဲ့ ရာက လှော်ကား လုံထိန်းရဲ တပ်ရင်းတခု (တပ်ရင်းအမှတ်တော့ မမှတ်မိတော့ပါ) နား အရောက်မှာ သေနပ်သံ သုံးချက်လောက် ဆက်တိုက် ကြားလိုက်ရပါတယ် ၊ ကျနော်တို့ တတွေလဲ ကားပေါ်က ခုန်ဆင်း ဘဘ နဲ့ အန်တီကားနား ဘေးကနေ တန်းစီရပ်ပြီး ကာကွယ်ဖို့  အသင့် နေလိုက်ကြပါတယ် ၊ အန်တီကား ဘေးမှာတော့ သုံးရောင်ချယ် ကျောင်းသား ကိုဖြိုးဝေ နဲ့  ကိုဖုန်းမြင်ထွန်း (ယခု ဂျပန်တွင်ရှိနေသူ ) တိုက ပိတ်ရပ်ထားကြပါတယ် ၊
အဲသည်အချိန်က သူတိုနှစ်ယောက်က သာမာန်လူ ၄ ယောက်စာလောက် ကို ကြီူးပါတယ် လူဝကြီးတွေ ဆိုပေမဲ သူတို့ အရပ်အမောင်းက မြင်တော့ တော်ရုံတန်ရုံဆို သူတိုကို မြင်တာနဲတင် ရှိန်သွား နိုင်ပါတယ် ၊ သူတို့ နဲ့ ယှဉ်ရင် ကျနော်က လူကောင်ညှက်တယ်လိုတောင်မှ ပြောလို့ ရပါတယ် ။ ဘဘ က ကားတခါးပိတ်ရပ်ထားတဲ့ ကျနော်ကို ဖယ်ခိုင်းပြီး ကားပေါ် ကဆင်းလာပါတယ် ၊ တချိန်တည်း ကျနော်တို့ ရှေကို ရောက်လာတာက အဲသည်ရဲတပ်ရင်းက တပ်ရင်းမှုး ဆိုသူပါပဲ ၊ အဲသည်ရဲမှူးက ဘဘ ကို တွေတွေ့ ချင်း ဗိုလ်ချုပ် ဆိုပြီး အလေးပြုပါတယ် (နောက်မှသိရတာက ဘဘ စစ်တပ်ထဲတုန်းက တပည် ပောာင်းတဦးပါတဲ့) ၊ ပြီးတော့ အဲသည်ရဲမှူးက တောင်းပန်ပါတယ် ၊
လုံခြုံရေးကင်းစောင်နေတဲံ ရဲဘော် လေးဆီက ကျဉ်ထွက်သွားတာပါတဲ့ ၊ဖြစ်ပုံက ကိုပန်းသီးက သူဗွီဒီယို ကင်မရာ ကြီးကို ပိတ်ဖြူကြီးအုပ် ပခုံးပေါ် ထမ်းပြီး ဗွီဒီယို ရိုက်တာကို ရဲ အစောင့်လေးက သူတို ရဲတပ်ရင်းဖက်ကို လက်နှက်ြ့ကီးနဲ့ ပစ်ဖိုချိန်တယ်မှတ်ပြီး ဘန်ကာ ထဲက ခုန်အထွက်မှာ သေနပ်ကျဉ်ထွက်သွား တာပါ တဲ့ ၊ ရဲမှုးပြောစကားပါ ။
ကျနော်ကတော့ အဲသည်ရဲမှူး လိမ်ပြောတာ မပာုတ်ဖူးလိုပဲ ထင်ပါတယ် ၊ ခရီးက ပြန်လာပြီး သိပ်မကြာခင်မှာ ထပ်ကြားရတဲ့နောက်ဆက်တွဲသတင်းကတေ
ခိုင်ကိုဦး
NLD အမှတ်တရ အပိုင်း-၇ (ခိုင်ကိုဦး)
ဘဘ
တို့  ရခိုင် ကိုစည်းရုံးရေးဆင်းနေစဉ်ကာလ မှာပဲ အန်တီ မေမေ
ဒေါ်ခင်ကြည်ကွယ်လွန်ပါတယ် ၊ ဒါနဲ့  ဘဘ တို့ တတွေ ရရာ လေယာဉ် နဲ့  ဈာပန အမှီ
ရန်ကုန်ကုန်ပြန်လာကြရပါတယ် ၊ မေမေကြီး ဈာပန မှာတော့ ကျနော်တို့ တတွေ
အထူးအလုပ်များကြ ရတာပေါ့ ၊ အန်တီ ဘဘ တို့ ရဲ့ လုံခြုံရေး အပြင် အန်တီ
အမျိုးသား နဲ့ သားတွေ ကိုပါ စောင်ရှောက်ပေးရပါတယ် ၊ ၅၄ ခြံထဲမှာ
လူအ၀င်အထွက် အရှုတ်ဆုံးအချိန်လေ ။
မေမေကြီးဈာပနနေ ကတော့ အပင်ပန်းဆုံးပေါ့ ၊ ကျနော်တို့  လုံခြုံရေးလူငယ်တွေ ပာာ အန်တီနဲ့  ဘဘ ရဲ့ ကားဘေးတဖက်တချက် ကနေ ပြေးလိုက်ရတာပါ ၊ ကျနော်တို့  BodyGuard အလုပ်ဆိုတာ ရုပ်ရှင်တွေ ထဲကလို မလှပ မပြည်စုံပါဘူး ၊ တုတ်နဲ့ ရိုက်မလား ခေါင်းထိုးပေး ၊ခဲနဲ့ ပြစ်မလားရင်ဘတ်ထိုးခံ ပြီး ကိုယ်လူကြီးကို ရှေကနေ ကာကွယ်ပေးရတာပါ ၊ ဂိုက်နဲ့ ဆိုက်နဲ့ နေလိုမရပါဘူး ၊
သည်ကြားထဲ ဘယ်လို ဆွမ်းကြွေးပဲဖြစ်ဖြစ် ကိုယ်လူကြီးတွေ မစားသောက်ခင်မှာ ကြိုစား ပြီးတော့ အဲသည် အစားအသောက်ဝိုင်းနားက မခွာတမ်းစောင့်ကြည်ရပါသေးတယ် ။ အဲသည်အချိန်က အစားအသောက်ထဲ တခုခု ထည်ပြီး ကျနော်တို့ ခေါင်းဆောင်တွေကို မလုပ်ကြံပါဘူးလို ဘယ်သူမှ မပြောနိုင်ပါဘူး ၊ ဒီတော့ အရင်ကြိုစား တခုခုဆို အရင်သေပေါ့ ၊ ခေတ်ကပြောင်းလာတော့ ဗိုလ်ချုပ်အောင်ဆန်း တို့  တုန်းကလို အစလိုက်အပြုံလို့် ပစ်သတ်မှာ မပာုတ်ဘူးလို ယုံကြည်ထားပြီး စစ်အာဏာရှင်ပာာ ကောက်ကျစ်ယုတ်မာတဲ့နည်းပဲ သုံးမယ်လို ကျနော် ထင်ထားတာပါ ၊ဒါကြောင့် ကျနော်တို့ တတွေပာာ ကိုယ်အသိစိတ်ကိုယ် ခေါင်းဆောင်ကို ကာကွယ်ကြရပါတယ် ။
မေမေကြီး ဈာပန ပြီးတော့ ဘဘ ရခိုင်ပြည်နယ်ကို စည်းရုံးရေး ပြန်သွားပါတယ် ၊ ဒီတခေါက်မှာတော့ ရခိုင်ကို ကျနော် လိုက်ခွင်ရပါတယ် ၊ ဘဘ ကိုယ်တိုင်က ကျနော်ကို ခေါ်သွားရမယ်ဆို လိုပါ ၊ ကျနော်တို့  အနောက်ရိုးမ ဘတ်စ်ကားကြီးနဲ့  တောင်ကုတ်လမ်းအတိုင်း သွားကြ တာပါ ၊ ရန်ကုန် ကနေထွက် ပြည်မှာ တည အိပ် မနက်စောစော မှာ ပြည်ဆင်တဲက နေ ဇက်နဲ့ ကူးပြီး တောင်ကုတ်လမ်းကနေ စစ်တွေ ငပလီကို ည မမှောင်ခင်ရောက်ပါတယ် ၊ ကျနော်က အငယ်ဆုံး သူဆိုတော့ အဲသည်ခရီး ထွက်မှ ကိုယ်တွေနားလည်လိုက်တာက ဆီဖြူသီး ဇကောထဲထည်လှိမ်တယ် ဆိုတဲ့စကားပါပဲ ၊ တောင်ကုတ်လမ်း ကြမ်းကြမ်း က လူကြီးတွေအတွက် တော်တော် အခက်တွေ့ စေတာပါပဲ ။

NLD အမှတ်တရ အပိုင်း-၈ (ခိုင်ကိုဦး)
ရခိုင်ပြည်နယ်
သံတွဲစစ်တွေက စပြီး ရခိုင်ပြည်နယ် အနှံ မော်တော်ဘုတ် တစီးနဲ ပတ်ကြရတာပါ ၊
မင်းပြာလဲ ရောက်တယ် ၊ ဘူးသီးတောင် မောင်းတော့ နောက်ဆုံးကမ်းတောင်းကြီး
ကျေးရွာက အစ ရခိုင် တခွင် နှံ့ သွားကြတာပါပဲ ၊ မှတ်မှတ်၇ရဆိုရင်တော့
လူရွှင်တော် ပိန်ပိန် ရေပြောင်းမြေပြောင်းမှာ ၀မ်းလျှော လိုက်တာများ
မော်တော်ဘုတ် အိမ်သာ ထဲကနေ လေဘက်ထောက်ထွက် ရတဲ့အထိ ပါပဲ ။ မော်တော်ဘုတ်
အိမ်သာကလည်း မော်တော် နောက်ဆုံးအစွန်လေးမှာ
အခန်းဖွဲ ထားတာပါ ၊ အောက်က ချောင်းရေ ဖွေးဖွေး က အတိုင်းသား မဆင်စွန်
လိုက်ရင် မဆင်တုန်းက ချောင်းရေထဲ မြောပါသွားတာပါပဲ ၊
တယောက်ယောက်များအိမ်သာသွားနေပြီ
ဆိုရင် သုံးရေ ကို မခပ်ရဲ ပါဘူး ၊ သုံးရေ လည်း ချောင်ထဲကနေပဲ ကြိုးတပ်
ရေပုံးနဲ့ ဆွဲ ခပ်ရတာလေ ။ တရက် မြိုတမြိုကနေ နောက်တနေရာ အကူး ချောင်းထဲမှာ
မော်တော် စက်ပျက် သွားတာရယ် ၊ စက်ပြန်ကောင်းတော့ ချထားတဲ့ကျောက်စူး ရေအောက်
ကြမ်းပြင်က ကျောက် တုန်းကြားထဲ ညပ်နေတာကြောင့် တနေကုန် ရေထဲမှာ နေကြရပါတယ်
၊
မော်တော် ဆလင်းကြီးက တော်တော် သဘောကောင်းဖော်ရွေ ပါတယ် ၊ ကျနော်တိုကို ဘာမှ စိတ်မပူကြဖို့  ခဏခဏ လာပြော ပါတယ် ၊ပြီးတော့ သူစက်အကြောင်းသူသိပုံရပါတယ် ၊ မော်တော် အကူလေးတယောက်ကို ထမင်းပာင်းစီစဉ်ခိုင်းပါတယ် ၊ အသြည်နေ နေ့ လည်စာက တော့ မော်တော်ပေါ့် ပါလာတဲ့  ငါးခြောက်ပာင်း ရယ် ရခိုင် ခရုပ်သီးထောင်းရယ်နဲ ကျနော်တို့ တတွေ လွေးလိုက်ကြရပါတော့တယ် ၊ ရခိုင်ပြည်နယ်မှာ ရခိုင်းသားစစ်က ထောင်းကျွေးတဲ ရခိုင် ငရုပ်သီးထောင်က ကောင်းမှ ကောင်းပါပဲ ။
နောက် တခုမှတ်၇တာ က ကိုပန်းသီး ပေါ့ ပင်လယ်ဝ တခု အဖြတ်မှာ မော်တော်ဦး ကနေ ဖြာထွက်လာတဲ့ ရေလှိုင်း ဖွေးဖွေး တွေကို သဘောကျပြီး သူခါးမှာ ပုဆိုးတကွင်းကိုချည် တယောက်က လှမ်းဆွဲ ထားပြီး (ရန်ကုန်က ဘတ်စ်ကား တွယ်စီး သလိုမျိုး ) မော်တော် ဘောင်ကနေ တွဲ လောင်ဆွဲ ပြီး ဗီဒီယို မှတ်တမ်း အတင် ကောင်းလိုက်တာ လှိုင်းမူးပြီး အန်လိုက်တာများ ဘဘ ဇနီး အန်တီဒေါက်တာ ပါ မျက်လုံးပြူးရပါတယ် ။ ကိုပန်းသီးပုဆိုးတကွင်းစွတ်လို့ ဆိုတာနဲ တခု သတိရလိုက်ပါသေးတယ် ၊ မင်းပြားလား ကမ်းတောင်း ကြီးလားတောါမမှတ်မိတော့ပါဘူး မြိုတမြို ညဖက်မှာ မြိုခံ အိမ် တအိမ်မှာ တည်းတော့ အိမ်ရှင်က ကျနော်ကိုမေးတယ် ပုဆိုး ပါလား တဲ့  ကျနော် က ရန်ကုန်သားလူလယ်ပဲ ကိုယ်ဝတ်နေကျပဲပာာ ပါတယ်ပေါ့  ၊
ကျနော်တို့ ရောက်သွားတာ ဆောင်းတွင်းကြီးလေ ချမ်းတာမှတုန်နေတာပဲ ၊ ညလည်းကျရော အသီးသီး ခေါင်းအုံးတွေ စောင်တွေ နဲ့  ကျနော်ကျတော့ ဘာစောင်မှ မရပဲ ဖြစ်နေတာကြောင့် သွားမေးတော့ (ချမ်းလွန်းလာတော့လဲ မရှက်နိုင် မေးရတော့တာပေါ) အိမ်ရှင်က ပြောပါတယ် ညနေက ပုဆိုးပါလား မေးတော့ ပါတယ် ဆို လို့  မပေးတော့တာပါတဲ့ ။ သူအရပ်နဲ့ သူဇာတ်ဆိုတာ ဒါပဲထင်ပါရဲ့  ၊ စောင်ကို ပုဆိုးတဲ့ ပုဆိုးကိုလုံချည်တဲ့ မေးများမမေးမိရင်တော့ သူတို့ အပြော လုံချည်ခြုံ ပြီးကွေးရမဲ့ ကိန်းပေါ့  ခုတော့မေးမိတော့ ပုဆိုးခြုံပြီးကွေးခွင်ရသွားတာေ ပါ့ ၊
ခိုင်ကိုဦး
တယောက်ယောက်များအိမ်သာသွားနေပြီ
မော်တော် ဆလင်းကြီးက တော်တော် သဘောကောင်းဖော်ရွေ ပါတယ် ၊ ကျနော်တိုကို ဘာမှ စိတ်မပူကြဖို့  ခဏခဏ လာပြော ပါတယ် ၊ပြီးတော့ သူစက်အကြောင်းသူသိပုံရပါတယ် ၊ မော်တော် အကူလေးတယောက်ကို ထမင်းပာင်းစီစဉ်ခိုင်းပါတယ် ၊ အသြည်နေ နေ့ လည်စာက တော့ မော်တော်ပေါ့် ပါလာတဲ့  ငါးခြောက်ပာင်း ရယ် ရခိုင် ခရုပ်သီးထောင်းရယ်နဲ ကျနော်တို့ တတွေ လွေးလိုက်ကြရပါတော့တယ် ၊ ရခိုင်ပြည်နယ်မှာ ရခိုင်းသားစစ်က ထောင်းကျွေးတဲ ရခိုင် ငရုပ်သီးထောင်က ကောင်းမှ ကောင်းပါပဲ ။
နောက် တခုမှတ်၇တာ က ကိုပန်းသီး ပေါ့ ပင်လယ်ဝ တခု အဖြတ်မှာ မော်တော်ဦး ကနေ ဖြာထွက်လာတဲ့ ရေလှိုင်း ဖွေးဖွေး တွေကို သဘောကျပြီး သူခါးမှာ ပုဆိုးတကွင်းကိုချည် တယောက်က လှမ်းဆွဲ ထားပြီး (ရန်ကုန်က ဘတ်စ်ကား တွယ်စီး သလိုမျိုး ) မော်တော် ဘောင်ကနေ တွဲ လောင်ဆွဲ ပြီး ဗီဒီယို မှတ်တမ်း အတင် ကောင်းလိုက်တာ လှိုင်းမူးပြီး အန်လိုက်တာများ ဘဘ ဇနီး အန်တီဒေါက်တာ ပါ မျက်လုံးပြူးရပါတယ် ။ ကိုပန်းသီးပုဆိုးတကွင်းစွတ်လို့ ဆိုတာနဲ တခု သတိရလိုက်ပါသေးတယ် ၊ မင်းပြားလား ကမ်းတောင်း ကြီးလားတောါမမှတ်မိတော့ပါဘူး မြိုတမြို ညဖက်မှာ မြိုခံ အိမ် တအိမ်မှာ တည်းတော့ အိမ်ရှင်က ကျနော်ကိုမေးတယ် ပုဆိုး ပါလား တဲ့  ကျနော် က ရန်ကုန်သားလူလယ်ပဲ ကိုယ်ဝတ်နေကျပဲပာာ ပါတယ်ပေါ့  ၊
ကျနော်တို့ ရောက်သွားတာ ဆောင်းတွင်းကြီးလေ ချမ်းတာမှတုန်နေတာပဲ ၊ ညလည်းကျရော အသီးသီး ခေါင်းအုံးတွေ စောင်တွေ နဲ့  ကျနော်ကျတော့ ဘာစောင်မှ မရပဲ ဖြစ်နေတာကြောင့် သွားမေးတော့ (ချမ်းလွန်းလာတော့လဲ မရှက်နိုင် မေးရတော့တာပေါ) အိမ်ရှင်က ပြောပါတယ် ညနေက ပုဆိုးပါလား မေးတော့ ပါတယ် ဆို လို့  မပေးတော့တာပါတဲ့ ။ သူအရပ်နဲ့ သူဇာတ်ဆိုတာ ဒါပဲထင်ပါရဲ့  ၊ စောင်ကို ပုဆိုးတဲ့ ပုဆိုးကိုလုံချည်တဲ့ မေးများမမေးမိရင်တော့ သူတို့ အပြော လုံချည်ခြုံ ပြီးကွေးရမဲ့ ကိန်းပေါ့  ခုတော့မေးမိတော့ ပုဆိုးခြုံပြီးကွေးခွင်ရသွားတာေ
ခိုင်ကိုဦး
NLD အမှတ်တရ အပိုင်း-၉ (ခိုင်ကိုဦး)
ခရီးစဉ်
တလျှောက်လုံး ညဖက် အလှည်ကျ ကင်းစောင့်တဲ့ အထဲ ကျနော်ပါပေမဲ့
တနာရီပြည်အောင် ငုတ်တုတ်ထိုင်ပြီး ကျနော် ကင်းမစောင်ခဲ့ရပါဘူး ၊ တနေကုန် ဘဘ
နောက်ကနေ တလျှောက်လုံး ဘဘ လွယ်အိပ်အနီကြီးထမ်းလို့ တကောက်ကောက် လိုက်ရတာ ည
ကျတော့ ဘယ်ခံနိုင်ပါမလဲ ၊ တချိုးတည်းအိပ်တာပဲ ဘဘ လုံခြုံရေး လုပ်တဲ့ ဘဘရဲ့ 
ရဲဘော် ပောာင်ကြီးတွေကလဲ ကျနော်ကို ကလေးလိုမြင်ပြီးခွင်လွတ်ကြ
တာလဲပါတာပေါ့ ကျနော်ကင်းချိန်အိပ်နေလို့ ဘယ်သူကမှ
အပြစ်မပြောကြပါဘူး ၊ ဘဘ ရဲ့  လွယ်အိပ်အနီ ကြီး ကလဲ အလေးသားကလား ၊
ဘဘရဲ့ အရေးကြီးစာရွက်စာတမ်းတွေ အသုံးအဆောင်တွေ ပိုက်ဆံတွေ ပရုပ်ဆီဘူးက အစ ပါတယ် ၊ဘဘက ယုံယုံကြည်ကြည် အပ်ထားတော့ အထူးဂရုစိုက်ရတာပွေါ ၊ ကျနော် အ၀တ်အစား ထည်တဲ့ ကျောပိုးအိတ်ရယ် ဘဘ လွယ်အိပ်ရယ် နဲ့ တမြိုဝင် တမြိုထွက် ခရီးထွက် ခဲ့ ရတာလည်း ၂၅ နှစ်ကြာသည်တိုင်း ကျနော် ဘ၀ရဲ့ အမှတ်ရစရာ တစိတ်တပိုင်းပေါ့ ၊ သွားရင်လာရင်း တိုက်ဆိုင်မှု့ တွေ ရှိတိုင်း ဘဘ က ကျနော် ဘိုးအေ ဗိုလ်မြသွေးအကြောင်းလဲ ပြော ပြတတ်ပါသေးတယ် ၊
ရခိုင် မြစ်ချောင်းတွေဘေးက ဒနိပင် တွေတွေတော့ မင်းဖိုးအေ ကိုမြ ပေါ့ကွာ တည တိုစစ်ဗိုလ် သုံးလေးယောက်နဲ့  ထန်းရေ ၀င်သောက်ကျတော့ ငါကတော့ မင်းလို လူငယ်ပေါက်စ ဆိုတော့ မသောက်တတ်ပေမဲ့ ဘေးကနေတော့ ပါသွားတာပေါ့ ထန်တဲ ထဲမှာ ဂျပန် ငပု တွေ ထရေ မူးပြီးသောင်းကျန်နေတာကို သည်မခံနိုင်တော့ ကိုမြက ခင်ဗျားတို အပြင်ထွက်နေ ၀င်မလာနဲ့ ဆိုပြီးမောင်းထုတ်တယ်ကွ တို လည်းအပြင်ရောက်ရော မီးတိုင်ခွက် ကို လွင်ပစ်ပြီး မဲမဲ မြင်သမျှ ငပုတွေကို ဒါးနဲခုတ်တော့တာပော့ ၊ ကိုမြ က အဲသည်လို့ စိတ်ကြီးတယ် တဲ့ ၊ ဘဘ ပြောပြတဲ့ ကျနော်အဖိုးအကြောင်းတစိတ်တပိုင်းပါ
၊
တခါတရံမှာ ဘဘ ပာာ ရှေပောာင်းနှောင်ဖြစ်တွေ ပြောပြရင်း လွမ်းရိတ် လွှမ်းသွားတာ ကိုလည်းတွေဖူးပါတယ် ၊စစ်သားကြီးလဲ နှလုံးသားနဲ ပဲ မပာုတ်လား ၊ ကျနော်သိသလောက် ဂျပန်ခေတ်စစ်တကသိုလ် တတိယပါတ် ဗိုလ်သင်တန်းမှာ ဘဘ ဦးတင်ဦးက အငယ်ဆုံး ဗိုလ် တဲ့ ၊ သင်တန်းဆင်းပြီးတော့ ဗိုလ်လောင်းတွေကို ကျနော် ဖိုးအေ ဗိုလ်မြသွေး အမေက ညစာ ဖိတ်ကြွေးတော့ အဲသည်ကလေးက ဘယ်က ပါလာတာလဲ ၊လိုတောင်မှအမေးခံခဲ့ရပါတယ်တဲ့ ၊ ခေတ်တိုင်း ခေတ်တိုင်းမှာ လူငယ်တိုင်းလူငယ်တိုင်းပာာ တိုင်ပြည်အတွက် ရှေတန်းကနေ အသက်ပေးဖို့ ဝန်မလေးကြတာ အထင်အရှားပါပဲ ။ မျိုးဆက်သစ်လူငယ်တွေကို ပြစ်ပယ်ထားလို့ မရဘူးဆိုတာ ကို ကျနော်တို့ လူကြီးတွေကောင်းကောင်းသိကြရမှာ ပါ
၊။
(ကျနော်က အခု အသက် ၄၀ ဆိုတော့ လူကြီးမပာုတ်သေးတဲ့ လူလယ်ပေါ့) လူငယ်တွေကို အသိအမှတ်ပြု နေရာပေး ဖို့ မမေသင့်သလို ငါတိုက လူကြီး မင်းတိုထက် အသက်အ၇ွယ် အတွေအကြုံ ပိုသာတယ်ကွ ဆိုပြီးတော့လဲ နေရာ ဖယ်ပေးဖိုလဲ ၀န်မလေးသင်ပါဘူး ၊ ကျနော်တို့ ရဲမျိုးဆက်သစ်လူငယ်တွေကို ကျနော်တို့ က ပခုံးထမ်းတင်ပါမှ အနာဂါတ်မြန်မာနိုင်ငံတော်ကြီးက လှပ လာမှာပါ ။
ခိုင်ကိုဦး
ဘဘရဲ့ အရေးကြီးစာရွက်စာတမ်းတွေ အသုံးအဆောင်တွေ ပိုက်ဆံတွေ ပရုပ်ဆီဘူးက အစ ပါတယ် ၊ဘဘက ယုံယုံကြည်ကြည် အပ်ထားတော့ အထူးဂရုစိုက်ရတာပွေါ ၊ ကျနော် အ၀တ်အစား ထည်တဲ့ ကျောပိုးအိတ်ရယ် ဘဘ လွယ်အိပ်ရယ် နဲ့ တမြိုဝင် တမြိုထွက် ခရီးထွက် ခဲ့ ရတာလည်း ၂၅ နှစ်ကြာသည်တိုင်း ကျနော် ဘ၀ရဲ့ အမှတ်ရစရာ တစိတ်တပိုင်းပေါ့ ၊ သွားရင်လာရင်း တိုက်ဆိုင်မှု့ တွေ ရှိတိုင်း ဘဘ က ကျနော် ဘိုးအေ ဗိုလ်မြသွေးအကြောင်းလဲ ပြော ပြတတ်ပါသေးတယ် ၊
ရခိုင် မြစ်ချောင်းတွေဘေးက ဒနိပင် တွေတွေတော့ မင်းဖိုးအေ ကိုမြ ပေါ့ကွာ တည တိုစစ်ဗိုလ် သုံးလေးယောက်နဲ့  ထန်းရေ ၀င်သောက်ကျတော့ ငါကတော့ မင်းလို လူငယ်ပေါက်စ ဆိုတော့ မသောက်တတ်ပေမဲ့ ဘေးကနေတော့ ပါသွားတာပေါ့ ထန်တဲ ထဲမှာ ဂျပန် ငပု တွေ ထရေ မူးပြီးသောင်းကျန်နေတာကို သည်မခံနိုင်တော့ ကိုမြက ခင်ဗျားတို အပြင်ထွက်နေ ၀င်မလာနဲ့ ဆိုပြီးမောင်းထုတ်တယ်ကွ တို လည်းအပြင်ရောက်ရော မီးတိုင်ခွက် ကို လွင်ပစ်ပြီး မဲမဲ မြင်သမျှ ငပုတွေကို ဒါးနဲခုတ်တော့တာပော့ ၊ ကိုမြ က အဲသည်လို့ စိတ်ကြီးတယ် တဲ့ ၊ ဘဘ ပြောပြတဲ့ ကျနော်အဖိုးအကြောင်းတစိတ်တပိုင်
တခါတရံမှာ ဘဘ ပာာ ရှေပောာင်းနှောင်ဖြစ်တွေ ပြောပြရင်း လွမ်းရိတ် လွှမ်းသွားတာ ကိုလည်းတွေဖူးပါတယ် ၊စစ်သားကြီးလဲ နှလုံးသားနဲ ပဲ မပာုတ်လား ၊ ကျနော်သိသလောက် ဂျပန်ခေတ်စစ်တကသိုလ် တတိယပါတ် ဗိုလ်သင်တန်းမှာ ဘဘ ဦးတင်ဦးက အငယ်ဆုံး ဗိုလ် တဲ့ ၊ သင်တန်းဆင်းပြီးတော့ ဗိုလ်လောင်းတွေကို ကျနော် ဖိုးအေ ဗိုလ်မြသွေး အမေက ညစာ ဖိတ်ကြွေးတော့ အဲသည်ကလေးက ဘယ်က ပါလာတာလဲ ၊လိုတောင်မှအမေးခံခဲ့ရပါတယ်တဲ့ ၊ ခေတ်တိုင်း ခေတ်တိုင်းမှာ လူငယ်တိုင်းလူငယ်တိုင်းပာာ တိုင်ပြည်အတွက် ရှေတန်းကနေ အသက်ပေးဖို့ ဝန်မလေးကြတာ အထင်အရှားပါပဲ ။ မျိုးဆက်သစ်လူငယ်တွေကို ပြစ်ပယ်ထားလို့ မရဘူးဆိုတာ ကို ကျနော်တို့ လူကြီးတွေကောင်းကောင်းသိကြရမှာ
(ကျနော်က အခု အသက် ၄၀ ဆိုတော့ လူကြီးမပာုတ်သေးတဲ့ လူလယ်ပေါ့) လူငယ်တွေကို အသိအမှတ်ပြု နေရာပေး ဖို့ မမေသင့်သလို ငါတိုက လူကြီး မင်းတိုထက် အသက်အ၇ွယ် အတွေအကြုံ ပိုသာတယ်ကွ ဆိုပြီးတော့လဲ နေရာ ဖယ်ပေးဖိုလဲ ၀န်မလေးသင်ပါဘူး ၊ ကျနော်တို့ ရဲမျိုးဆက်သစ်လူငယ်တွေကို ကျနော်တို့ က ပခုံးထမ်းတင်ပါမှ အနာဂါတ်မြန်မာနိုင်ငံတော်ကြီးက လှပ လာမှာပါ ။
ခိုင်ကိုဦး
ကျနော် ကို မကျွေးရင်နေပါ ၊ မဖိတ်ရင်နေပါ (ခိုင်ကိုဦး)
ရေနဲငါး
*********
အမေ....
မွေးရုံသက်သက်ဘဲလား အမေ
မတူကြတဲ့လောက လူ့သဘာဝ
ဆင်းရဲနွမ်းပါး ဘဝမခြားသ၍
အမေ့ကိုတွေ့ချင်သေးတယ်အမေ။
အဖေနဲ့မှားခဲ့တဲ့အမေ
ကျွန်တော့်ကို သန္ဓေတည်မှ
အမေနောင်တရတော့တယ်ပေါ့။
အမေချစ်တဲ့အမေ့လူကြီး(အဖေ)ဟာ
ဘယ်သူဘယ်ဝှါဆိုတာ
ကျွန်တော် မသိလိုတော့ပါဘူး။
မေတ္တာတရားတွေနဲ့လွှမ်းခြုံထားတဲ့
ပရဟိတ ကျောင်းလေးထဲမှာ
ဘဝတူသူငယ်ချင်းများနဲ့
သားနေတတ်နေပါပြီ အမေ။
သားကိုထားခဲ့ပြီး ပြန်လှည့်သွားတဲ့
အမေ့ရဲ့ကျောပြင်ကို
မျက်ရည်စတွေကြားက
အမေဆိုတာ မသိတသိ
ကြည့်မိခဲ့ဘူးတယ် အမေ။
အမှတ်သညာသေးတဲ့ ဥမမယ်သား
ဘဝခါးမှန်းလည်း မသိ
ချိုမှန်းလည်း မသိခဲ့။
မေတ္တာတရားတွေသာ ရှိပြီး
နို့ချိုရည် မရှိတဲ့ သူတချို့က
ရင်ဝယ်ပိုက်ပြီး အမေ့နေရာယူ
အမေပစ်ခဲ့တဲ့သား ရေနဲငါးကို
ဂရုဏာလက်တွေနဲ့ကြိုဆိုထွေးပွေ့
ရင်ခွင်နွေးနွေးမှာ....
ငြိမ်းအေးစေခဲ့ပါတယ်...အမေ။
နို့သီးခေါင်းအတုနဲ့ နို့ချိုရည်
အမေ့ကိုယ်စား အားဖြစ်
မမြင်ဘူးတဲ့ မျက်နှာ
မတွေ့ဘူးတဲ့ လက်နဲ့
ထွေးပွေ့ထားတဲ့ သူတွေကို
အမေမြင်လှည့် စေချင်တယ်။
မှားတာ အဖေလား?
မှားတာ အမေလား? မမေးတော့ပါ
ဘဝမခြားသေးတဲ့ ကျွန်တော်
လူဘောင် လူလောကမှာ
မိဘမဲ့ အခေါ်ခံ
မိပစ်ဖပစ် နွံမနစ်တာကိုဘဲ
ကျေနပ်လှပါပြီ အမေ။
မမြင်ဘူးတဲ့ မွေးသမိခင်
မမြင်ဘူးတဲ့ မွေးသဖခင်
ဝဋ်ကြွေးရှိခဲ့ရင်..,
သားကျေအောင်ဆပ်မှာပါ...
တပါးသူရဲ့ ရင်ခွင်
တပါးသူရဲ့ မေတ္တာလက်တွေနဲ့
ထွေးပွေထားတဲ့ အမေ့သားကို
တစ်ခါတစ်ခေါက် ကလေးတော့
လာကြည့်လှည့်ကြပါဦးဗျာ....။
ကိုစိုးမိုး ( ၂/၁၀/၂၀၁၃ )
( ရတနာ အလင်းရောင် )
မိဘမဲ့ ပရဟိတကျောင်း
၅၈လမ်း/စက်မှု(၂ )လမ်းတောင်ဘက်
ပြည်ကြီးတခွန်၊မန္တလေးမြို့။
၀၉/၉၁၀၃၃၂၁၉
၀၉/၂၀၀၀၃၈၃
၀၉/၂၄၆၀၉၆၀။ သို့
ဆက်သွယ်လှူတန်းနိုင်ပါသည်။
နေ့ဆွမ်း။---။၁၂၀၀၀၀/ကျပ်။
ညနေစာ။---။၇၀၀၀၀/ကျပ်။
နို့တိုက်အရွယ်----(၄)ယောက်။
မူကြိုအရွယ်-----(၃၂)ယောက်။
စုစုပေါင်း--------(၂၈၃)ယောက်။.
အဆင့်ဆင့် share ပေးကြပါဗျာ။
*********
အမေ....
မွေးရုံသက်သက်ဘဲလား အမေ
မတူကြတဲ့လောက လူ့သဘာဝ
ဆင်းရဲနွမ်းပါး ဘဝမခြားသ၍
အမေ့ကိုတွေ့ချင်သေးတယ်အမေ။
အဖေနဲ့မှားခဲ့တဲ့အမေ
ကျွန်တော့်ကို သန္ဓေတည်မှ
အမေနောင်တရတော့တယ်ပေါ့။
အမေချစ်တဲ့အမေ့လူကြီး(အဖေ)ဟာ
ဘယ်သူဘယ်ဝှါဆိုတာ
ကျွန်တော် မသိလိုတော့ပါဘူး။
မေတ္တာတရားတွေနဲ့လွှမ်းခြုံထားတဲ့
ပရဟိတ ကျောင်းလေးထဲမှာ
ဘဝတူသူငယ်ချင်းများနဲ့
သားနေတတ်နေပါပြီ အမေ။
သားကိုထားခဲ့ပြီး ပြန်လှည့်သွားတဲ့
အမေ့ရဲ့ကျောပြင်ကို
မျက်ရည်စတွေကြားက
အမေဆိုတာ မသိတသိ
ကြည့်မိခဲ့ဘူးတယ် အမေ။
အမှတ်သညာသေးတဲ့ ဥမမယ်သား
ဘဝခါးမှန်းလည်း မသိ
ချိုမှန်းလည်း မသိခဲ့။
မေတ္တာတရားတွေသာ ရှိပြီး
နို့ချိုရည် မရှိတဲ့ သူတချို့က
ရင်ဝယ်ပိုက်ပြီး အမေ့နေရာယူ
အမေပစ်ခဲ့တဲ့သား ရေနဲငါးကို
ဂရုဏာလက်တွေနဲ့ကြိုဆိုထွေးပွေ့
ရင်ခွင်နွေးနွေးမှာ....
ငြိမ်းအေးစေခဲ့ပါတယ်...အမေ။
နို့သီးခေါင်းအတုနဲ့ နို့ချိုရည်
အမေ့ကိုယ်စား အားဖြစ်
မမြင်ဘူးတဲ့ မျက်နှာ
မတွေ့ဘူးတဲ့ လက်နဲ့
ထွေးပွေ့ထားတဲ့ သူတွေကို
အမေမြင်လှည့် စေချင်တယ်။
မှားတာ အဖေလား?
မှားတာ အမေလား? မမေးတော့ပါ
ဘဝမခြားသေးတဲ့ ကျွန်တော်
လူဘောင် လူလောကမှာ
မိဘမဲ့ အခေါ်ခံ
မိပစ်ဖပစ် နွံမနစ်တာကိုဘဲ
ကျေနပ်လှပါပြီ အမေ။
မမြင်ဘူးတဲ့ မွေးသမိခင်
မမြင်ဘူးတဲ့ မွေးသဖခင်
ဝဋ်ကြွေးရှိခဲ့ရင်..,
သားကျေအောင်ဆပ်မှာပါ...
တပါးသူရဲ့ ရင်ခွင်
တပါးသူရဲ့ မေတ္တာလက်တွေနဲ့
ထွေးပွေထားတဲ့ အမေ့သားကို
တစ်ခါတစ်ခေါက် ကလေးတော့
လာကြည့်လှည့်ကြပါဦးဗျာ....။
ကိုစိုးမိုး ( ၂/၁၀/၂၀၁၃ )
( ရတနာ အလင်းရောင် )
မိဘမဲ့ ပရဟိတကျောင်း
၅၈လမ်း/စက်မှု(၂ )လမ်းတောင်ဘက်
ပြည်ကြီးတခွန်၊မန္တလေးမြို့။
၀၉/၉၁၀၃၃၂၁၉
၀၉/၂၀၀၀၃၈၃
၀၉/၂၄၆၀၉၆၀။ သို့
ဆက်သွယ်လှူတန်းနိုင်ပါသည်။
နေ့ဆွမ်း။---။၁၂၀၀၀၀/ကျပ်။
ညနေစာ။---။၇၀၀၀၀/ကျပ်။
နို့တိုက်အရွယ်----(၄)ယောက်။
မူကြိုအရွယ်-----(၃၂)ယောက်။
စုစုပေါင်း--------(၂၈၃)ယောက်။.
အဆင့်ဆင့် share ပေးကြပါဗျာ။
အဲသည်လို သွားရတဲ့အခါတိုင်း သတိထားမိတာက ဖိတ်တဲ့မိသားစု (မွေးနေရှင် ) က လာတဲ့ သူတွေအတွက် ပြည်စုံအောင် ဒေါင့်စေအောင် စီစဉ်ပေးပါတယ် ၊ စားစရာ သောက်စရာ အပူအအေး လိုလေသေးမရှိအောင် ပါပဲ ၊ လူကြီးတွေအတွက် ထမင်းပာင်း စီစဉ်ပေးရင် ကလေးတွေအတွက် bbq နဲ့  အအေးစုံ နဲ့  ရေခဲမုန်နဲ့  ၊ သဘောင်္သီးလေး(ထိုင်းလို )ထောင်းရင် ကြက်သားကြော်လေးနဲ့  တွဲဖက်ပြီး ပြည်စုံအောင်စီစဉ်ပေး ကြပါတယ် ၊ ကျနော် တက်ဖူးတဲ့ မွေးနေ ၊အိမ်တက် ၊ ကင်ပွန်းတပ် ၊ မင်္ဂလာဆောင် အားလုံးအားလုံး မှာ ပြုလုပ်သူတွေစေတနာ တကယ်ကို ကောင်းပါတယ် ၊ ကော် ဖီ သောက်တတ်သူအတွက် ကော်ဖီ ၊ အအေးကြီုက်သူအတွက် အအေး ၊ လိုလေသေးမရှိစေ ပါဘူး ၊
သည်နေရာမှာ ကျနော် မြင်လာတာ ပြော ပါတယ် ဘီယာ ယဉ်ကျေးမှု့ ပါ ၊ ကျနော် မကြိုက်လို့ မသောက်လို့  မပာုတ်ပါ ၊ ကြိုက်တာပေါ့ ကျနော်လည်းပုထုဇဉ်ပဲ ကာမတဏှာ နွှံ ထဲက လူသားပဲ ။
သိုသော် အိမ်တက် ၊ မွေးနေ ၊ မင်္ဂလာ ဆွမ်း မနက်ပိုင်းကြွေး ငါးပါးသီလ ယူ ၊ သီလပေးတဲ့ဘုန်ကြီးပြန်
ကြွ မနေည ထဲက စိမ်ထားတဲ့ ဘီယာ ပုလင်းလေးက လှမှလှ အေးမှအေး ကောင်းမှကောင်းပေါ့ ၊ ဘာပဲလုပ်လုပ် ဘီယာ လေး လောက်ကတော့ ပါမှ ပြည့်စုံသလိုပါပဲ ။ ညဖက်လုပ်တဲ့ ညစာစားပွဲ မှာ ပါလာတာ ကတော့ ထားပါတော့ ခုပာာက ဘုန်းကြီးပြန်ကြွ သွားကတည်းက သောက်လိုက်ကြတဲ့ ဘီယာ ညနေစောင်းတော့ ကောင်စီက ပေးထားတဲ့ လူကြီးရင်စို့ လောက်ရှိတဲ့ အမှိုက်ထည်တဲ့ ပုန်းအ၀ါကြီးတလုံး ပြည်ရော ပဲ ......။ ၂၄ လုံးပါတဲ့ ဘီယာ တဖာကို သြစီ ဒေါ်လာ ၄၀ ကနေ ၆၀ လောက်အထိ ပေးရပါတယ် ၊ အနည်းလေး ၃ဖာ ၄ဖာ လောက်တော့ ၀ယ် ရတာပါပဲ့  ကိုယ်ဖိတ်တဲ့ကိုယ်မိတ်ဆွေ များရင်များသလို ပေါ့ ။
သည်နိုင်ငံမှာ အစားအသောက် မရှာပါဘူး ၊ မိသားစုတစု(လူဦးရေ ၅ ယောက်) မြန်မာလို နေ မြန်မာလို စား ရင် တနေ့  စာ ၃၀ လောက်ပဲကုန်တာပါ ချိုးခြံ ချွေတာတတ်ရင် သည်ထက် အကုန်အကျ နည်းပါတယ် ၊ (ကျနော်လို ) အလုပ်လက်မဲ တွေက အစ နေရေးစားရေးမပူရပါဘူး ၊ လူတန်းစေ နေနိုင်စားနိုင် ကြပါတယ် ။
ဆွေမျိုးမိသင်္ဂပာတွေကို ကြွေးချင် မွေးချင် စောင့်ရှောက်ချင်တာ ကျနော်တို့ လူမျိုး ၊ ကျနော်တို့ ဘာသာအတွက် မင်္ဂလာ ပါ ၊ ချစ်စရာကောင်းတဲ့ အလေ အထ လေးပါ ၊
အနောက် နိုင်ငံ အနောက်လူမျိုးတွေရဲ့  အလေ့မှာ ဘယ်လိုပွဲ ပဲဖိတ်ဖိတ် များသော အားဖြင် (့Bring your plate )ဆိုပြီး ကိုယ်စားစရာ ကိုယ်ယူလာ ခိုင်းပေမဲ့ ကျနော်တို့ လူမျိုးကတော့ အဲသည်လို့ မပာုတ်ပါဘူး ။
သို့ သော် ကျနော် ပြောခဲ့သလိုပါပဲ ၊ ဘီယာ ယဉ်ကျေးမှု့ လေးကို လျှော့ ပြီး လိုအပ်တဲ့ နေရာတွေမှာ ဖြည်စွက်လိုက်ရင် ပိုပြီး သင်တော်မယ်ထင်ပါရဲ့  ၊
ဘီယာ ၃ဖာ ကို ဒေါ်လာ ၁၅၀လောက် ကုန်မဲ့ အစား မစားနိုင်သူ တွေလိုနေတဲ့ အိုးတွေ ဖြည်ရင် ပိုပြီးတန်ဖိုးရှိမယ် ထင်ပါရဲ့  ၊ အခု ကျနော်တင်တဲ့ Status မှာ တွေရတဲ့ပုံ ထဲက ကလေးတွေကို ကြွေးလိုက်မယ် ဆိုရင် ဘီယာ ဖိုး ၁၅၀ ပာာ သူတို့ အတွက် တရက်စာ ထမင်း ဖိုးလေး ဖြစ်သွားမှာ ၊ ဘယ်အရာ အကျိုးရှိသလဲ ရိုးရိုးလေးတွေးကြည်မိပါတယ် ၊ ဘုရားမကြိုက်တဲ့ သေရည်သေရက်နဲ့  ကလေးတွေရဲ့ တနေ့ စာ .............
( စာကြွင်း - ကျနော် က သြစီမှာ အလုပ်လက်မဲ့ ကျန်းမာရေးမကောင်းလို့ ဆေးပင်ဆင်ရထားသူ ဆိုတာ ခင်တဲ့ သူတိုင်းသိကြပါတယ် ၊ ကလေးသုံးယောက်နဲ့ အစိုးရ (တနည်း - အခွန်ထမ်း လုပ်သားတွေပေးထားတဲ့ အခွန်ငွေ ) ထောက်ပံ့ငွေနဲ့  အပိုအလို မရှိ ရပ်တည်နေရတာကြောင့် စိတ်ရှိတိုင်းမလုပ်နိုင်တဲ့ သူမို့  လုပ်နိုင်သူတွေ လုပ်ကြပါစေလို့  အကြံပေး တိုက်တွန်းခြင်းမျှသာ ဖြစ်ပါသည် ၊ )
မိတ်ဆွေတို့ ရဲ့  အလှူ အတွက် လှိုက်လှိုက်လှဲလှဲ ကြီးကို ကောင်းချီးပေးချင်လို့ ။
ခိုင်ကိုဦး
Subscribe to:
Posts (Atom)