အဲသည် သင်္ကြန်မတိုင်ခင်လေးမှာပဲ ကျနော် တာဝန်ယူရတဲ့ ဖုန်းအော်ပရေတာ ဘ၀ကနေ နောက်တနေရာကို ပြောင်းရွှေတာဝန်ထမ်းဆောင်ရပါတယ်
၊ အော်ပရေတာထက် တာဝန်ပိုကြီးတဲ့နေရာပေါ့ ၊ တာဝန်ရလာပုံက ....
တနေ့
...ညနေရုံဆင်းပြီးချိန် ဘယ်သူမှ မရှိတော့ချိန်မှာ ဖုန်းဘေးနား ကုလာထိုင်မှာ
ထိုင်ရင်း ဆေးလိပ် ခိုးသောက် နေတာကို လူမိသွားပါတယ်၊ တကယ်တော့ ၁၅
နှစ်သာသာ ရှိသေးတဲ့ ကျနော်အတွက် ဆေးလိပ်ဆိုတာ ဘယ်လိုမှ မသင်တော်တဲ့အရာပါ
၊ ဒါပေမဲ့ ၁၅ ၊၁၆ အရွယ်ပာာ အတတ်စမ်းချင်ကြတယ် မပာုတ်လား ၊ ကျနော်
ဆေးလိပ်သောက်ကောင်းနေတုန်း တခါးဖွင်ပြီးဝင်လာသူက ဘဘဦးတင်ဦးပါ ၊
တိုးမဲ့တိုး မိမဲ့မိတော့ တကယ်ကျားရှေ့  မှောက်လျှက်လဲတာပါပဲ ၊ ဘဘဦးတင်ဦးက
ကျနော်ကို တချက်ကြည်ပြီး ဘာမှမပြောပဲ သောက် လက်စ ဆေးလိပ် နဲ့ စားပွဲပေါ်က
ဆေးလိပ် တွေကိုပါ ယူပြီးချိုးပစ်ပါတယ် ၊ ပြီးတော့မှ မင်းအသက်က
ဘယ်လောက်ရှိသေးလို့ ဆေးလိပ်သောက်ရတာလဲတဲ့ ၊
ရုတ်တရက် ဘာပြောရမှန်းမသိ
ဖြစ်နေချိန်မှာ ဘဘ က နောက်တခါသောက်တာတွေရင် မလွယ်ဘူးမှတ် တဲ့ ။ အမှန်က
သူဖုန်းဆက်မလို့ တက်လာတာပါ ၊ သူဖုန်းပြော ဖို့  ကောက်ကိုင်တော့ ကျနော်
အလိုက်တသိ အခန်းပြင် ထွက်ပေးလိုက်ပါတယ် ။ နိုင်ငံရေးခေါင်းဆောင်တယောက် ပါတီ
ခေါင်းဆောင်တယောက် ဖုန်းပြော ချိန်မှာ အနားမရှိသင့်ဘူးထင်လို့ ပါ ၊ ဆက်
အဆူခံရမှာလဲ ကြောက်တာပါတာပေါ့ ။
နောက်တနေ့  ညနေ ရုံးဆင်းချိန်ကျတော့ ဘဘရဲ့ တပည်တဦးဖြစ်တဲ့ ဦးလှမြင်(ဗိုလ်ကြီး) က ကျနော်ကို လာခေါ်ပါတယ် ၊ ဘဘဦးတင်ဦးက တွေချင်လို့ တဲ့  ၊စိတ်ထဲဘုရားတပြီး လိုက်သွားရင်း မနေက ဆေးလိပ်ခိုးသောက်မိတဲ့ပြသာနာ အဆက်ပဲ့လို့ တွေးမိပါတယ် ။
နောက်တနေ့  ညနေ ရုံးဆင်းချိန်ကျတော့ ဘဘရဲ့ တပည်တဦးဖြစ်တဲ့ ဦးလှမြင်(ဗိုလ်ကြီး) က ကျနော်ကို လာခေါ်ပါတယ် ၊ ဘဘဦးတင်ဦးက တွေချင်လို့ တဲ့  ၊စိတ်ထဲဘုရားတပြီး လိုက်သွားရင်း မနေက ဆေးလိပ်ခိုးသောက်မိတဲ့ပြသာနာ အဆက်ပဲ့လို့ တွေးမိပါတယ် ။
ဘဘ ဦးတင်ဦး ရုံးခန်းထဲ ရောက်တော့ အုပ်ချုပ်ရေးမှုး ဦးဝင်းခက်
ကိုပါတွေလိုက်ရတယ် ၊ အုပ်ချုပ်ရေးမှူးကို တိုင်ပြီး ထင်တယ် ပေါ့ ....။ ဘဘက
အရင်ဆုံး စပြောတာက မင်းက ကိုမြ မြေးဆို တဲ့ ၊ကျနော် အဖိုး ဗိုလ်မြသွေးကို
ပြောတာပဲဆိုတာ နာလည်ပြီး ပာုတ်ကဲ့ ပါ ဆိုတော့ ဘဘ က မင်းဖိုးအေ ကိုမြ နဲ့
ငါက ဂျပန်ခေတ် တတိယပါတ် ဗိုလ်သင်းတန်းမှာ အတူတူ တက်ခဲ့ ၊ တာဝန်ကျတော့လည်း
တတပ်ထဲ အတူတူ ဆိုတာ ကနေ စလိုက်တာ နာရီးဝက်နီးပါး ထိုင်နားထောင်ခဲ့ ရပါတယ် ။
ဘဘရဲ့ မျက်နှာမှာ အရောင်ပေါင်းစုံ တွေရပါတယ် ၊ သေဖော်သေဖက်
တိုက်ဖော်တိုက်ဖက် နဲ့ သူရဲ့ ဖြတ်သန်းမှုတွေ ပြေမယ်ဆိုရင် နားထောင်မယ်
ဆိုရင် ကျနော်တို့  အများကြီး ရနိုင်ပါတယ် ။ တကယ်ကို တိုင်းပြည်အတွက်
စွန်လွှတ့်စွန့် စား ခဲတဲ့စစ်သားကောင်းကြီး တွေပါပဲ ....။
(ခိုင်ကိုဦး)
No comments:
Post a Comment