Tuesday, 8 October 2013

NLD အမှတ်တရ အပိုင်း-၆ (ခိုင်ကိုဦး)

ကျနော် ဘဘ အိမ်မှာ နေရချိန်က နည်းလှပါတယ် ၊ အများအားဖြင်တော့ ကျနော် ရုံးမှာပဲ အနေများတာပါ ၊ ဘဘ ရုံးကို ရောက်ပြီးချိန်က စပြီး ဘဘအိမ်ပြန်တဲ့ အချိန်ထိ တော့ အမြဲ အနားမှာ ရှိနေရပါတယ် ၊ အဲသည်အချိန်က ရုံးခန်းဇွင်ပွဲတွေ အများဆုံးရှိနေချိန်မို့  မကြာခဏ ဆိုသလို့  ရုံခန်းဇွင် ၊ ဆိုင်းဘုတ်တင်ပွဲတွေကိုတော့ ဘဘ လုံခြုံရေးအတွက် လိုက်ရပါတယ် ၊ ရန်ကုန်ပြင်ပ သနပ်ပင် ၊ပြည် စတာတွေ လိုက်ပါခဲ့ဖူးပါတယ် ၊ 

ီးစရာလေးတခု ၊ရီစရာဆိုပေမဲ့ နောက်ကွယ်မှာ ဘာရှိတယ်တော့ ကျနော် တကယ်မသိခဲပါ ၊ တမင်လား အမှတ်တမဲ့လား တော့ မပြောတတ်ပါဘူး တကြိမ် ဆိုင်ဘုတ်တင် ရုံးဇွင်းပွဲ တခုအတွက် လှော်ကာ ဖက်ကို ကျနော်တို့ ခရီးထွက်ကြပါတယ် ၊ အဲသည်ခရီးစဉ်မှာ အန်တီ ဒေါ်အောင်ဆန်းစုကြည်လဲ ပါဝင်ပါတယ် ၊ အန်တီစီးတဲ့ကား ၊ ဘဘ စီးတဲ့ကားရယ် လုံခြုံရေးလူငယ် (သုံရောင်းချယ် ကျောင်းသား )ကားရယ် ၊ဘဘ ရဲ့ လုံခြုံရေးအဖွဲ့  ကျနော် တို ကားရယ် အပြင် NLD သတင်းမှတ်တမ်း အဇွဲ့ က အမိုးဇွင့် ကားတစင်းရယ်စုစုပေါင်း ကား ၅စီးနဲ့ ပါ ၊

 အဘဦးမိုးသူ ရဲ့ သား ကိုပန်းသီး က ဗွီဒီယို ကင်မရာ မန်း ပေါ့ ၊ တလမ်းလုံး ဗွီဒီယို ကင်မရာ ကြီး ထမ်းပြီး မှတ်တမ်းတင် လာခဲ့ ရာက လှော်ကား လုံထိန်းရဲ တပ်ရင်းတခု (တပ်ရင်းအမှတ်တော့ မမှတ်မိတော့ပါ) နား အရောက်မှာ သေနပ်သံ သုံးချက်လောက် ဆက်တိုက် ကြားလိုက်ရပါတယ် ၊ ကျနော်တို့ တတွေလဲ ကားပေါ်က ခုန်ဆင်း ဘဘ နဲ့ အန်တီကားနား ဘေးကနေ တန်းစီရပ်ပြီး ကာကွယ်ဖို့  အသင့် နေလိုက်ကြပါတယ် ၊ အန်တီကား ဘေးမှာတော့ သုံးရောင်ချယ် ကျောင်းသား ကိုဖြိုးဝေ နဲ့  ကိုဖုန်းမြင်ထွန်း (ယခု ဂျပန်တွင်ရှိနေသူ ) တိုက ပိတ်ရပ်ထားကြပါတယ် ၊

 အဲသည်အချိန်က သူတိုနှစ်ယောက်က သာမာန်လူ ၄ ယောက်စာလောက် ကို ကြီူးပါတယ် လူဝကြီးတွေ ဆိုပေမဲ သူတို့ အရပ်အမောင်းက မြင်တော့ တော်ရုံတန်ရုံဆို သူတိုကို မြင်တာနဲတင် ရှိန်သွား နိုင်ပါတယ် ၊ သူတို့ နဲ့ ယှဉ်ရင် ကျနော်က လူကောင်ညှက်တယ်လိုတောင်မှ ပြောလို့ ရပါတယ် ။ ဘဘ က ကားတခါးပိတ်ရပ်ထားတဲ့ ကျနော်ကို ဖယ်ခိုင်းပြီး ကားပေါ် ကဆင်းလာပါတယ် ၊ တချိန်တည်း ကျနော်တို့ ရှေကို ရောက်လာတာက အဲသည်ရဲတပ်ရင်းက တပ်ရင်းမှုး ဆိုသူပါပဲ ၊ အဲသည်ရဲမှူးက ဘဘ ကို တွေတွေ့ ချင်း ဗိုလ်ချုပ် ဆိုပြီး အလေးပြုပါတယ် (နောက်မှသိရတာက ဘဘ စစ်တပ်ထဲတုန်းက တပည် ပောာင်းတဦးပါတဲ့) ၊ ပြီးတော့ အဲသည်ရဲမှူးက တောင်းပန်ပါတယ် ၊

 လုံခြုံရေးကင်းစောင်နေတဲံ ရဲဘော် လေးဆီက ကျဉ်ထွက်သွားတာပါတဲ့ ၊ဖြစ်ပုံက ကိုပန်းသီးက သူဗွီဒီယို ကင်မရာ ကြီးကို ပိတ်ဖြူကြီးအုပ် ပခုံးပေါ် ထမ်းပြီး ဗွီဒီယို ရိုက်တာကို ရဲ အစောင့်လေးက သူတို ရဲတပ်ရင်းဖက်ကို လက်နှက်ြ့ကီးနဲ့ ပစ်ဖိုချိန်တယ်မှတ်ပြီး ဘန်ကာ ထဲက ခုန်အထွက်မှာ သေနပ်ကျဉ်ထွက်သွား တာပါ တဲ့ ၊ ရဲမှုးပြောစကားပါ ။ 

 ကျနော်ကတော့ အဲသည်ရဲမှူး လိမ်ပြောတာ မပာုတ်ဖူးလိုပဲ ထင်ပါတယ် ၊ ခရီးက ပြန်လာပြီး သိပ်မကြာခင်မှာ ထပ်ကြားရတဲ့နောက်ဆက်တွဲသတင်းကတော့ ဘဘ ကိုအလေးပြု တဲ့ ရဲမှူး ပြုတ်သွားတယ် ဆိုတာပါပဲ ၊ပြစ်ချက်က NLD ခေါင်းဆောင်လဲဖြစ် ရာထူးလက်ရှိမပာုတ်တော့တဲ့ ကာကွယ်ရေးဦးစီးချုပ်ပောာင်းတဦး ကို အလေးပြုမိ တဲ့ အတွက် တဲ့ လေ ။

ခိုင်ကိုဦး

No comments:

Post a Comment