ဘဘရဲ့ အရေးကြီးစာရွက်စာတမ်းတွေ အသုံးအဆောင်တွေ ပိုက်ဆံတွေ ပရုပ်ဆီဘူးက အစ ပါတယ် ၊ဘဘက ယုံယုံကြည်ကြည် အပ်ထားတော့ အထူးဂရုစိုက်ရတာပွေါ ၊ ကျနော် အ၀တ်အစား ထည်တဲ့ ကျောပိုးအိတ်ရယ် ဘဘ လွယ်အိပ်ရယ် နဲ့ တမြိုဝင် တမြိုထွက် ခရီးထွက် ခဲ့ ရတာလည်း ၂၅ နှစ်ကြာသည်တိုင်း ကျနော် ဘ၀ရဲ့ အမှတ်ရစရာ တစိတ်တပိုင်းပေါ့ ၊ သွားရင်လာရင်း တိုက်ဆိုင်မှု့ တွေ ရှိတိုင်း ဘဘ က ကျနော် ဘိုးအေ ဗိုလ်မြသွေးအကြောင်းလဲ ပြော ပြတတ်ပါသေးတယ် ၊
ရခိုင် မြစ်ချောင်းတွေဘေးက ဒနိပင် တွေတွေတော့ မင်းဖိုးအေ ကိုမြ ပေါ့ကွာ တည တိုစစ်ဗိုလ် သုံးလေးယောက်နဲ့  ထန်းရေ ၀င်သောက်ကျတော့ ငါကတော့ မင်းလို လူငယ်ပေါက်စ ဆိုတော့ မသောက်တတ်ပေမဲ့ ဘေးကနေတော့ ပါသွားတာပေါ့ ထန်တဲ ထဲမှာ ဂျပန် ငပု တွေ ထရေ မူးပြီးသောင်းကျန်နေတာကို သည်မခံနိုင်တော့ ကိုမြက ခင်ဗျားတို အပြင်ထွက်နေ ၀င်မလာနဲ့ ဆိုပြီးမောင်းထုတ်တယ်ကွ တို လည်းအပြင်ရောက်ရော မီးတိုင်ခွက် ကို လွင်ပစ်ပြီး မဲမဲ မြင်သမျှ ငပုတွေကို ဒါးနဲခုတ်တော့တာပော့ ၊ ကိုမြ က အဲသည်လို့ စိတ်ကြီးတယ် တဲ့ ၊ ဘဘ ပြောပြတဲ့ ကျနော်အဖိုးအကြောင်းတစိတ်တပိုင်
တခါတရံမှာ ဘဘ ပာာ ရှေပောာင်းနှောင်ဖြစ်တွေ ပြောပြရင်း လွမ်းရိတ် လွှမ်းသွားတာ ကိုလည်းတွေဖူးပါတယ် ၊စစ်သားကြီးလဲ နှလုံးသားနဲ ပဲ မပာုတ်လား ၊ ကျနော်သိသလောက် ဂျပန်ခေတ်စစ်တကသိုလ် တတိယပါတ် ဗိုလ်သင်တန်းမှာ ဘဘ ဦးတင်ဦးက အငယ်ဆုံး ဗိုလ် တဲ့ ၊ သင်တန်းဆင်းပြီးတော့ ဗိုလ်လောင်းတွေကို ကျနော် ဖိုးအေ ဗိုလ်မြသွေး အမေက ညစာ ဖိတ်ကြွေးတော့ အဲသည်ကလေးက ဘယ်က ပါလာတာလဲ ၊လိုတောင်မှအမေးခံခဲ့ရပါတယ်တဲ့ ၊ ခေတ်တိုင်း ခေတ်တိုင်းမှာ လူငယ်တိုင်းလူငယ်တိုင်းပာာ တိုင်ပြည်အတွက် ရှေတန်းကနေ အသက်ပေးဖို့ ဝန်မလေးကြတာ အထင်အရှားပါပဲ ။ မျိုးဆက်သစ်လူငယ်တွေကို ပြစ်ပယ်ထားလို့ မရဘူးဆိုတာ ကို ကျနော်တို့ လူကြီးတွေကောင်းကောင်းသိကြရမှာ
(ကျနော်က အခု အသက် ၄၀ ဆိုတော့ လူကြီးမပာုတ်သေးတဲ့ လူလယ်ပေါ့) လူငယ်တွေကို အသိအမှတ်ပြု နေရာပေး ဖို့ မမေသင့်သလို ငါတိုက လူကြီး မင်းတိုထက် အသက်အ၇ွယ် အတွေအကြုံ ပိုသာတယ်ကွ ဆိုပြီးတော့လဲ နေရာ ဖယ်ပေးဖိုလဲ ၀န်မလေးသင်ပါဘူး ၊ ကျနော်တို့ ရဲမျိုးဆက်သစ်လူငယ်တွေကို ကျနော်တို့ က ပခုံးထမ်းတင်ပါမှ အနာဂါတ်မြန်မာနိုင်ငံတော်ကြီးက လှပ လာမှာပါ ။
ခိုင်ကိုဦး
No comments:
Post a Comment