Tuesday, 8 October 2013

NLD အမှတ်တရ အပိုင်း-၇ (ခိုင်ကိုဦး)

ဘဘ တို့  ရခိုင် ကိုစည်းရုံးရေးဆင်းနေစဉ်ကာလ မှာပဲ အန်တီ မေမေ ဒေါ်ခင်ကြည်ကွယ်လွန်ပါတယ် ၊ ဒါနဲ့  ဘဘ တို့ တတွေ ရရာ လေယာဉ် နဲ့  ဈာပန အမှီ ရန်ကုန်ကုန်ပြန်လာကြရပါတယ် ၊ မေမေကြီး ဈာပန မှာတော့ ကျနော်တို့ တတွေ အထူးအလုပ်များကြ ရတာပေါ့ ၊ အန်တီ ဘဘ တို့ ရဲ့ လုံခြုံရေး အပြင် အန်တီ အမျိုးသား နဲ့ သားတွေ ကိုပါ စောင်ရှောက်ပေးရပါတယ် ၊ ၅၄ ခြံထဲမှာ လူအ၀င်အထွက် အရှုတ်ဆုံးအချိန်လေ ။

 မေမေကြီးဈာပနနေ ကတော့ အပင်ပန်းဆုံးပေါ့ ၊ ကျနော်တို့  လုံခြုံရေးလူငယ်တွေ ပာာ အန်တီနဲ့  ဘဘ ရဲ့ ကားဘေးတဖက်တချက် ကနေ ပြေးလိုက်ရတာပါ ၊ ကျနော်တို့  BodyGuard အလုပ်ဆိုတာ ရုပ်ရှင်တွေ ထဲကလို မလှပ မပြည်စုံပါဘူး ၊ တုတ်နဲ့ ရိုက်မလား ခေါင်းထိုးပေး ၊ခဲနဲ့ ပြစ်မလားရင်ဘတ်ထိုးခံ ပြီး ကိုယ်လူကြီးကို ရှေကနေ ကာကွယ်ပေးရတာပါ ၊ ဂိုက်နဲ့ ဆိုက်နဲ့ နေလိုမရပါဘူး ၊ 

သည်ကြားထဲ ဘယ်လို ဆွမ်းကြွေးပဲဖြစ်ဖြစ် ကိုယ်လူကြီးတွေ မစားသောက်ခင်မှာ ကြိုစား ပြီးတော့ အဲသည် အစားအသောက်ဝိုင်းနားက မခွာတမ်းစောင့်ကြည်ရပါသေးတယ် ။ အဲသည်အချိန်က အစားအသောက်ထဲ တခုခု ထည်ပြီး ကျနော်တို့ ခေါင်းဆောင်တွေကို မလုပ်ကြံပါဘူးလို ဘယ်သူမှ မပြောနိုင်ပါဘူး ၊ ဒီတော့ အရင်ကြိုစား တခုခုဆို အရင်သေပေါ့ ၊ ခေတ်ကပြောင်းလာတော့ ဗိုလ်ချုပ်အောင်ဆန်း တို့  တုန်းကလို အစလိုက်အပြုံလို့် ပစ်သတ်မှာ မပာုတ်ဘူးလို ယုံကြည်ထားပြီး စစ်အာဏာရှင်ပာာ ကောက်ကျစ်ယုတ်မာတဲ့နည်းပဲ သုံးမယ်လို ကျနော် ထင်ထားတာပါ ၊ဒါကြောင့် ကျနော်တို့ တတွေပာာ ကိုယ်အသိစိတ်ကိုယ် ခေါင်းဆောင်ကို ကာကွယ်ကြရပါတယ် ။ 


မေမေကြီး ဈာပန ပြီးတော့ ဘဘ ရခိုင်ပြည်နယ်ကို စည်းရုံးရေး ပြန်သွားပါတယ် ၊ ဒီတခေါက်မှာတော့ ရခိုင်ကို ကျနော် လိုက်ခွင်ရပါတယ် ၊ ဘဘ ကိုယ်တိုင်က ကျနော်ကို ခေါ်သွားရမယ်ဆို လိုပါ ၊ ကျနော်တို့  အနောက်ရိုးမ ဘတ်စ်ကားကြီးနဲ့  တောင်ကုတ်လမ်းအတိုင်း သွားကြ တာပါ ၊ ရန်ကုန် ကနေထွက် ပြည်မှာ တည အိပ် မနက်စောစော မှာ ပြည်ဆင်တဲက နေ ဇက်နဲ့ ကူးပြီး တောင်ကုတ်လမ်းကနေ စစ်တွေ ငပလီကို ည မမှောင်ခင်ရောက်ပါတယ် ၊ ကျနော်က အငယ်ဆုံး သူဆိုတော့ အဲသည်ခရီး ထွက်မှ ကိုယ်တွေနားလည်လိုက်တာက ဆီဖြူသီး ဇကောထဲထည်လှိမ်တယ် ဆိုတဲ့စကားပါပဲ ၊ တောင်ကုတ်လမ်း ကြမ်းကြမ်း က လူကြီးတွေအတွက် တော်တော် အခက်တွေ့ စေတာပါပဲ ။


ခိုင်ကိုဦး

No comments:

Post a Comment