တယောက်ယောက်များအိမ်သာသွားနေပြီ
မော်တော် ဆလင်းကြီးက တော်တော် သဘောကောင်းဖော်ရွေ ပါတယ် ၊ ကျနော်တိုကို ဘာမှ စိတ်မပူကြဖို့  ခဏခဏ လာပြော ပါတယ် ၊ပြီးတော့ သူစက်အကြောင်းသူသိပုံရပါတယ် ၊ မော်တော် အကူလေးတယောက်ကို ထမင်းပာင်းစီစဉ်ခိုင်းပါတယ် ၊ အသြည်နေ နေ့ လည်စာက တော့ မော်တော်ပေါ့် ပါလာတဲ့  ငါးခြောက်ပာင်း ရယ် ရခိုင် ခရုပ်သီးထောင်းရယ်နဲ ကျနော်တို့ တတွေ လွေးလိုက်ကြရပါတော့တယ် ၊ ရခိုင်ပြည်နယ်မှာ ရခိုင်းသားစစ်က ထောင်းကျွေးတဲ ရခိုင် ငရုပ်သီးထောင်က ကောင်းမှ ကောင်းပါပဲ ။
နောက် တခုမှတ်၇တာ က ကိုပန်းသီး ပေါ့ ပင်လယ်ဝ တခု အဖြတ်မှာ မော်တော်ဦး ကနေ ဖြာထွက်လာတဲ့ ရေလှိုင်း ဖွေးဖွေး တွေကို သဘောကျပြီး သူခါးမှာ ပုဆိုးတကွင်းကိုချည် တယောက်က လှမ်းဆွဲ ထားပြီး (ရန်ကုန်က ဘတ်စ်ကား တွယ်စီး သလိုမျိုး ) မော်တော် ဘောင်ကနေ တွဲ လောင်ဆွဲ ပြီး ဗီဒီယို မှတ်တမ်း အတင် ကောင်းလိုက်တာ လှိုင်းမူးပြီး အန်လိုက်တာများ ဘဘ ဇနီး အန်တီဒေါက်တာ ပါ မျက်လုံးပြူးရပါတယ် ။ ကိုပန်းသီးပုဆိုးတကွင်းစွတ်လို့ ဆိုတာနဲ တခု သတိရလိုက်ပါသေးတယ် ၊ မင်းပြားလား ကမ်းတောင်း ကြီးလားတောါမမှတ်မိတော့ပါဘူး မြိုတမြို ညဖက်မှာ မြိုခံ အိမ် တအိမ်မှာ တည်းတော့ အိမ်ရှင်က ကျနော်ကိုမေးတယ် ပုဆိုး ပါလား တဲ့  ကျနော် က ရန်ကုန်သားလူလယ်ပဲ ကိုယ်ဝတ်နေကျပဲပာာ ပါတယ်ပေါ့  ၊
ကျနော်တို့ ရောက်သွားတာ ဆောင်းတွင်းကြီးလေ ချမ်းတာမှတုန်နေတာပဲ ၊ ညလည်းကျရော အသီးသီး ခေါင်းအုံးတွေ စောင်တွေ နဲ့  ကျနော်ကျတော့ ဘာစောင်မှ မရပဲ ဖြစ်နေတာကြောင့် သွားမေးတော့ (ချမ်းလွန်းလာတော့လဲ မရှက်နိုင် မေးရတော့တာပေါ) အိမ်ရှင်က ပြောပါတယ် ညနေက ပုဆိုးပါလား မေးတော့ ပါတယ် ဆို လို့  မပေးတော့တာပါတဲ့ ။ သူအရပ်နဲ့ သူဇာတ်ဆိုတာ ဒါပဲထင်ပါရဲ့  ၊ စောင်ကို ပုဆိုးတဲ့ ပုဆိုးကိုလုံချည်တဲ့ မေးများမမေးမိရင်တော့ သူတို့ အပြော လုံချည်ခြုံ ပြီးကွေးရမဲ့ ကိန်းပေါ့  ခုတော့မေးမိတော့ ပုဆိုးခြုံပြီးကွေးခွင်ရသွားတာေ
ခိုင်ကိုဦး
No comments:
Post a Comment