Tuesday, 8 October 2013

NLD အမှတ်တရ အပိုင်း-၃ (ခိုင်ကိုဦး)

ကျနော် ၄၄ ရုံးချုပ်မှာ စပြီးတာဝန်ထမ်းဆောင်စဉ် တပါတ် လောက် ကတော့ ညစာ ငတ်ခဲ့ ရပါသေးတယ် ၊ ဒေါ်ဆန်းဆန်းအောင် တိုက နေလည် ၂း၀၀ နာရီလောက်အထိပဲ အိုးကြီးအိုးငယ်နဲ ထမင်းကြွေးတာပါ ညစာ မပါပါဘူး ၊ ကျနော်လည်းဘယ်သူပြောရမှန်းမသိ အသက်ကလဲငယ် ရှက်ကလဲရှက်တတ်တော့ ကိုယ် ညစာ ငတ်တာကို ဘယ်သူကိုမှ ပြော မပြခဲ့ပါဘူး ၊ အဲသည်အချိန်က ကျနော်ထင်တယ် လေ ၄၄ ရုံးချုပ်မှာ အသက်အငယ်ဆုံးအဖွဲ့ ဝင်ပာာ ကျနော်ပဲဖြစ်လိမ်မယ်လို ၊ ၇၃ မှာမွေးတာ ဆိုတော့ကျနော်အသက်က ၁၅ နှစ် သားပဲရှိသေးတာ ၊ နောက်တော့ သုံးရောင်ချယ် က အကို
ကြီးတွေက ဘယ်လိုသိသွားတယ်မသိ ကျနော်ကို ညစာ အန်တီခြံထဲမှာ သူတို့ နဲ့ အတူ လာစားဖို့ ခေါ်ပါတယ်


 ကိုဘောကြီးတို့  အခု အမတ်မင်း မရှီး တို့  ကောင်းမှုကြောင့် အန်တီခြံ ၅၄ ကို စတင်ဝင်ထွက်ဖူးတာပါ ၊ ညစာကို သူတိုနဲ့ အတူ စောစော သွားစားပြီး ည၈း၀၀ မထိုးခင် ၄၄ ရုံးကိုပြန်ရပါတယ် အဲသည်အချိန်က ၁၄၄ ထုတ်ထားတာကို ။ နောက်ပိုင်းကျတော့ ကိုမြင်သန်းစီစဉ်ပေးမှု့ ကြောင့် ညပိုင်းပါနေရသူတွေအတွက် ဒေါ်ဆန်းဆန်းအောင်က ညစာ ပါ အိုးငယ်တွေနဲ့ ခွဲပြီးချန်ထားပေးခဲ့ပါတယ် ၊ 

 သင်္ကြန်မတိုင်ခင်ထင်ပါရဲ့  ၄၄ ခြံဝင်းထဲမှာ ရံပုံငွေ လဘက်ရည်ဆိုင် ဖွင်တော့ ကျနော်ကို အိမ်ပြန်လာဖို့  ခဏ ခဏ လာခေါ်တဲ့ ကျနော် အမေ ပါတီဝင်ဖြစ်လာပြီး သက်သာဆိုင်မှာ ကောင်တာထိုင်ပေးရတဲ့တာဝန် ရလာပါတော့တယ် ၊ ကြုံလို့ ကြွားတာမပာုတ်ပါ ၊ ကျနော် အဖိုးက ဖဆပလ ရဲ့  အတိုက်အခံ ပါတီဖြစ်တဲ့ ပမညတ ခေါင်းဆောင် ဗိုလ်မြသွေး ဆိုတော့ အဖိုးသွေးက ကျနော်တို့ သားအမိကို အပြည့်ပေးသွားတယ် ထင်ပါရဲ့  (၈၈တုန်းက အမေက အိမ်ရှေ ကနေသောခတ်ပြီး သပိတ်မှောက်တဲ့ အိမ်ရှင်မများ အဖွဲ့ ဝင် ၊ ကျနော်က နောက်ဖေး ခြံစည်းရိုးကျော်တက်ပြီး သပိတ်စခန်းသွားတဲ့ အကသ ကျောင်းသား ) ။ 

၄၄ ရုံးမှာ အမှတ်အရဆုံးကတော့ ၈၉ သင်္ကြန်ပါ ၊ ၈၈ သရုပ်ဖော် တခန်းရပ်ပြဇာတ်တွေနဲ့  သင်္ကြန်သံချပ်တွေက ပြည်သူလူထုကို ဆွဲဆောင်နိုင်ပဲုများ စစ်တပ်က ကျောင်းသားလေးတွေကို သေနပ်နဲ့ ပစ် တုတ်နဲ ရိုက် သရုပ်ပေါ် လွန်းတော့ အောက်က ကြည်နေတဲ့ ပြည်သူလူထု ကြီးက စစ်သားလုပ်တဲ့ အဖွဲ့ ဝင်တွေကို ပြောင်းဖူးရိုးတွေနဲပြစ်လိုက်ကြတာ မနည်းတောင်းပန်ယူရတဲ့ အထိပါပဲ ၊ နောက်တော့ သံချပ်ထိုးကောင်းတဲ့ သရုပ်ဖော်ကောင်းတဲတဲ့ မြိုနယ် လူငယ် အများအပြား သင်္ကြန်အပြီးမှာ သိမ်းကြုံး အဖမ်းခံရတော့တာပါပဲ ၊ တချိုမြိုနယ်တွေဆိုရင် လူငယ် အဖွဲ့ ဝင်တွေအားလုံး အဖမ်းခံကြရပါတယ် ။


ခိုင်ကိုဦး

No comments:

Post a Comment