NLD အမှတ်တရ အပိုင်း-၅ (ခိုင်ကိုဦး)
ဒီလို နဲ့  ဘဘပြော သမျှ
နားထောင်နေရင်း က အဆုံးသတ်မှာတော့ ကိုမြ မြေးဆိုတော့ ကိုယ်မြေးပဲပေါ့
....ဒီတော့ မင်းရုံးမှာဆက်နေရင် တယောက်ထဲ လုပ်ချင်တာလုပ်နေဦးမယ် ဒီတော့ ဘဘ
နားမှာနေ ပေါ့ ....တဲ့ ။
ဒါနဲ့  ကျနော်လည်း ဘဘဦးတင်ဦးရဲ့  လုံခြုံရေး
လူငယ် ဖြစ်လာပါတယ် ၊ အဲသည့် အချိန်က ဘဘဦးတင်ဦး ဘေးမှာ
လုံခြုံရေးလူငယ်ဆိုတာ အတော် နည်းပါတယ် မှတ်မှတ်ရရ ကိုဆန်းအောင် ၊ ကိုဝဏ
မောင် ရယ် ပဲ ရှိတာပါ ၊ ဘဘရဲ့ သား
ကိုသန်ဇင်ဦး (ယခု NLD -LA Japan ) ပါ ပါ ကာမှ ၄ယောက်ထဲပါ ၊ အများစုက ဘဘရဲ
့ရဲဘော်ပောာင် တပ်ထွက်တွေပါပဲ ။ သူတိုနဲါ အတူရှိနေတော့ ကျနော် ရလိုက်တာ
လုံခြုံရေး တယောက် တတ်အပ်တဲ့ပညာတွေပေါ့ ။
စစ်ထွက်တွေဆီက Bodyguard တယောက်
သိသင်သိထိုက်တာတွေ ကျနော် ရလိုက်ပါတယ် ၊ (သေနပ်ပစ်နည်းခတ်နည်းတော့မပါပါ)
တခါ တရံမှာ ဘဘ က ၄၄ ရုံးနေရာက နေ သူအိမ်ရှိရာရွှေတောင်ကုန်း အထိ
လမ်းလျှောက်တတ်ပါတယ် ၊အင်လျားမြိုင် ထဲက ကုန်းတက် ကုန်ဆင်းလမ်းတွေကို
မောပန်းနွမ်းနယ်ခြင်း မရှိ စကားတပြောပြောနဲ ရှေဆုံးကနေ လမ်းလျှောက်နိုင်သူက
ဘဘပါပဲ ၊ ကျန်သူများကတော့ ပောာပဲာ ဆိုက်နေတာပေါ့ ၊ အမြဲတမ်းလို လို
ဘဘအိမ်ပြန်ရောက်ပြီ ဆိုရင်ဖြင့် ခဏတဖြတ် နားပြီးတာနဲ ခြင်းခတ်လေ့ရှိပါတယ်
အဲဒါ ညနေတိုင်းပါပဲ ၊ ကျနော်ကတော့ ခြင်းလည်းမခတ်တတ် ၊ ၀ါသနာကလည်းမပါတော့
ယောင်ဝါးဝါးနဲ့ အချောင်ခိုနေတော့တာပေါ့ ။
ခိုင်ကိုဦး
No comments:
Post a Comment